02/05/2024
Hello Everyone...🤗
အဖျားတက်လျှင် ခန္ဓာကိုယ်ကိုက်ခဲစေတယ့် နောက်ကွယ်က အကြောင်းရင်းကဘာများဖြစ်ပါလိမ့်။❓❓❓
➡️ခန္ဓာကိုယ်တွင်းကိုယ်ခံအားကောင်းသူဆိုစေကာမူ ပြင်ပမှ ပိုးမွှားတွေကတော့ကျူးကျော်ဝင်ရောက်မြဲပါပဲ။
📌ထိုပိုးမွှာတွေကိုတိုက်ထုတ်ရန်အတွက် နည်းလမ်းသွယ် နှစ်နည်းဖြင့်အဓိကတိုက်ထုတ်ပါတယ်။
✅ခန္ဓာကိုယ်မှ အပူရှိန်ကိုမြင့်တက်စေခြင်း
✅ကိုယ်ခံအား(immune cells)ဆဲလ်မှ အဆိပ်တောက် chemical(ဟော်မုန်းတစ်မျိုး) ကိုထုတ်လွှတ်ခြင်း ဖြင့် တိုက်စေပါတယ်။
➡️ထို့သို့တိုက်ပွဲဖြစ်နေစဉ်မှာ ကောင်းမွန်တယ့် ဆဲလ်တစ်ချို့ပျက်စီးသွားကာ ခန္ဓာကိုယ်တွင်းရောင်ရမ်းခြင်းဖြစ်စေပြီး နာကျင်ကိုက်ခဲခြင်းကိုစတင်ခံစားလာရပါတော့တယ်။
📌စာလေးနည်းနည်းရှည်သွားပြီဆိုတော့ ဒီနေ့sharing လုပ်ပေးချင်တယ့် စတီးရိုက်မပါဝင်တယ့် အရောင်လျော့ အကိုက်ခဲပျောက်ဆေးအကြောင်းကိုမျှဝေပေးသွားပါမယ်ရှင့်။
(အိုင်ဗျူပရိုဖန်)
📌ခန္ဓာကိုယ်တွင်းမှ နာကျင်ကိုက်ခဲခြင်း နှင့် ရောင်ရမ်းခြင်းကို ဖြစ်စေသော ဟော်မုန်းတစ်မျိုးကိုတာဆီးပေးခြင်းဖြင့် ဝေဒနာကို သက်သာစေပါတယ်။
✅ #အသုံး
🔹အဖျားကျခြင်း
🔹ခေါင်းကိုက်ခြင်း
🔹ကြွက်သားနာကျင်ခြင်း
🔹အဆစ်ရောင်ခြင်း
🔹ရာသီလာခြင်းကြောင့်ကိုက်ခဲခြင်း
🔹အအေးမိခြင်း
🔹သွားကိုက်ခြင်း
🔹ကျောအောင့်ခြင်း။
✅ #အသုံးပြုပုံ
➡️တစ်နေ့ လေးကြိမ် ၄နာရီ-၆နာရီခြားတစ်ကြိမ်။
🛑 #ဆိုကျိုးများ
♦️ဝမ်းချုပ်ခြင်း
♦️ လေချဉ်တက်ခြင်း
♦️ခေါင်းမူးခြင်း
♦️နားအူခြင်း။
🛑🛑ကြာရှည်စွာသုံးစွဲပါက နှလုံးသွေးကြောကျဉ်းခြင်း နှင့် အစာအိမ်လမ်းကြောင်းဆိုင်ရာဆိုးကျိုးကိုဖြစ်စေပါတယ်။
🚫 #အသုံးမပြုသင့်သူများ
ဆေးနှင့် ဓာတ်မတည့်တူများ၊ အခြားစတီးရွိုက်မပါသောအရောင်လျော့ဆေးတစ်မျိုးမျိုးနှင့် ဓာတ်မတည့်သူများ၊ နှလုံးဖောက်ခြင်း နှင့် လေဖြတ်ခြင်းဝေဒနာခံစားရသူများ၊ အစာခြေရည်အနာရှိသူများ၊ အစာအိမ်လမ်းကြောင်းမှ သွေးယိုထွက်ခြင်းဖြစ်ဖူးသူများ။
***ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာညွှန်ကြားချက်ဖြင့်သာသောက်ရန် လိုအပ်ပါတယ်။
🚫 #တွဲဖက်မသောက်သုံးသင့်သောဆေးဝါးများ
➡️သွေးကျဲဆေးများ(Aspirin, Warfarin...)
➡️စတီးရွိုက်ဆေးများ(Dexamethasone, Prednisolone...)
➡️စတီးရွိုက်မဟုတ်သော အရောင်လျော့ဆေးများ(Diclofenac,Aceclofenac...)
➡️စိတ်ငြိမ်ဆေးများ
ဒီလောက်ဆိုရင်တော့ Ibuprofen ဆေးအကြောင်းသိရှိသွားလောက်မယ်ထင်ပါတယ်ရှင့်။🤍🌟
နောက်ထပ်ဆေးဝါးဗဟုသုတဆေးများအကြောင်း သိရှိနိုင်ရန် page လေးကို like and follow လေးလုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။✨🤗
May✨