Aye Thut Kha

Aye Thut Kha အေးသုခ ဆေးခန်းpage အသစ်ဖြစ်ပါတယ် pageအဟေ?

13/01/2024

လိင်တံအရေပြားရှည်နေသူများအတွက် ဖြတ်တောက်ကုသပေးမူကို အေးသုခဆေးခန်းတွင်လုပ်ဆောင်နိုင်ပါပြီ
09942490335

25/02/2023

COVID-19 နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးနှိုးဆော်ခြင်း (၂၁-၂-၂၀၂၃)

🦠 ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ တစ်ကမ္ဘာလုံးတွင် COVID-19 ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်းများမှာ ယခင်လနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ကျဆင်းလျက်ရှိပါသည်။

🦠 လွန်ခဲ့သည့် တစ်လအတွင်း COVID-19 ရောဂါလူနာသစ် တွေ့ရှိမှုအများဆုံးနိုင်ငံများမှာ ဂျပန်၊ တရုတ်၊ အမေရိကန်၊ တောင်ကိုရီးယားနှင့် ဘရာဇီးနိုင်ငံတို့ ဖြစ်ပြီး၊ သေဆုံးမှုအများဆုံးနိုင်ငံများမှာ တရုတ်၊ အမေရိကန်၊ ဂျပန်၊ ဘရာဇီး နှင့် အင်္ဂလန်နိုင်ငံတို့ ဖြစ်ပါသည်။

🦠 အရှေ့တောင်အာရှဒေသနိုင်ငံများအနက် COVID-19 ရောဂါ ကူးစက်ခံရသူ လူနာသစ်တွေ့ရှိမှု နှင့် သေဆုံးမှု အများဆုံးနိုင်ငံများမှာ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါသည်။

🦠 မျိုးရိုးဗီဇအသစ်ဖြစ်သည့် XBB.1.5 မျိုးကွဲသည် တစ်ကမ္ဘာလုံးတွင်လျင်မြန်စွာ စတင်ပျံ့နှံ့နေကြောင်း သတိပေးချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

🦠 ယခုအခါ XBB.1.5 မျိုးကွဲ သည် နိုင်ငံပေါင်း (၆၇) နိုင်ငံထိ ပျံ့နှံ့လျက်ရှိပါသည်။

🦠 COVID-19 ရောဂါအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာကြရန် ဖြစ်ပါသည်။


Credit Ministry of Health (NUG)

01/12/2022

အေးသုခဆေးခန်းမှ အောက်ပါ ဆေးအမျိုးအစားများကို ယခုအခါ တွင် အိမ်တိုင်ရာရောက် ဖြစ်စေ ဆေးခန်းမှာဖြစ်စေ ထိုးနှံပေးလျက် ရှိ ပါတယ် ခင်ဗျ

ထိုးနှံနိုင်သော ဆေးအမျိုးအစားများ မှာ

Pfizer Kid - BioNTech

(ရင်သွေးငယ်များကို

COVID-19 ကပ်ရောဂါဘေးမှကာကွယ်ဖို့အတွက်

အသက် ၅နှစ်မှ ၁၂ နှစ်အောက်အတွင်း

ထိုးနှံလို့ရနိုင်မည်ဖြစ်ပါသည်)

Covishield (India)
Covaxin (India)
Gardasil 4 (သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး)
Sinopharm တို့ ထိုး နှံပေး လျက် ရှိပါတယ်

ဆေးထိုးပီးကြောင်း QR code ပါသော Certificate ရရှိပါမည်

Company များ , အသင်း အဖွဲ့ များ မှ ထိုး နှံ လို သူများ (အထူးဈေးနူန်းရှိပါမည်)လဲ ဆက် သွယ် နိုင် ပါတယ်

ကြိုတင် booking ယူပေးပါ ခင်ဗျ

📝အသေးစိတ်သိရှိရန် နှင့် စာရင်းပေးသွင်း လိုပါက Page Chat box နှင့် ဖုန်းနံပါတ် -

📞09942490335

သို့ တိုက်ရိုက်ဆက်သွယ်ပြီး booking တင်နိူင်ပါတယ်








prevention is better than cure

07/11/2022

#သားအိမ်ခေါင်းကင်ဆာ
Prevention is better than cure
အမျိုးသမီးများတွင်အဖြစ်များသော သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်ဆေးဖြင့်တားလို့ရပါသည်

အစပျိုးခြင်း လက္ခဏာများ

💢 ပုံမှန်မဟုတ်တဲ့ အဖြူ /အကျိအချွဲတွေဆင်းမယ်
သားအိမ်ခေါင်းထဲမှာ ကင်ဆာ အစပျိုးနေပြီဆိုတာနဲ့ သားအိမ်နံရံက ဆဲလ်တွေ ဟာပုံမှန်မဟုတ်တော့ပဲ လုပ်ငန်းစဉ်တွေလည်း အမှားမှား
အယွင်း ယွင်းဖြစ် တတ်ပါတယ်။
ဒါကြောင့် အဖြူဆင်းတာ၊ရာသီသွေးပေါ်ပြီးမှ သွေးထပ်ဆင်းတာ၊ အကျိအချွဲတွေဆင်းတာတွေ
ဖြစ်ပေါ်တတ်ပါတယ်။

💢 နာကျင်ခြင်း/သွေးဆင်းခြင်း

သားအိမ်နံရံကို အမြစ်တွယ်လာတဲ့ ကင်ဆာဆဲလ်တွေကြောင့် သားအိမ် မှာ ခြောက်သွေ့တာ နောက်ဆုံး အက်ကွဲတာတွေဖြစ်ပေါ်လာတတ်ပါတယ်။နေရထိုင်ရတာ သက်သောင့်သက်သာမရှိတာ၊
သွေးဆင်းရက်ပြီးတာတောင်မှ
ထပ်ပြီး သွေးဆင်းတာတွေ ဖြစ်ပေါ် တတ်ပါတယ်။

ပုံမှန်ရာသီကာလမဟုတ်ပဲ ကြားကာလတွေမှာ သွေးဆင်းတာတွေရှိခဲ့မယ်ဆိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာ၀န်ဆီပြကြည့်သင့်ပါတယ်။

💢 သွေးအားနည်းတာ

စားသောက်နေထိုင်မှုပုံစံ ပုံမှန်အတိုင်းဖြစ်နေတဲ့ကြားက ပင်ပမ်းနွမ်းလျပြီး သွေးအားနည်းနေတာမျိုးပါ။၀မ်းဗိုက်ထဲက သွေးယိုစီးမှုတွေကြောင့် သွေးအားနည်းရတာဖြစ်ပြီး ဒါဟာလည်း သားအိမ်ခေါင်းကင်ဆာ လက္ခဏာတွေထဲက တစ်ခု ပါ။

💢 ဆီးသွားရာမှာ ပြဿနာရှိတာ

သားအိမ်ခေါင်းနံရံတွေ ရောင်ကိုင်းလာတာကြောင့် ဆီးအိမ်နဲ့ကျောက်ကပ် မှာပါ ပြသာနာရှိလာပြီး ဆီးသွားရာမှာ ပြဿနာတွေရှိလာစေတာဖြစ်ပါတယ်။ ဆီးအိမ်နာကျင်တာ၊ဆီးလမ်းကြောင်းမှာ ပိုး၀င်တာတွေပါဖြစ်တတ်ပါတယ်။

💢 ခြေထောက်၊တင်ပါးနဲ့နောက်ကျောတွေ နာကျင်

ကင်ဆာကြောင့်သွေးကြောတွေကိုပါ ထိခိုက်မှုတွေရှိလာတာကြောင့် တင်ပါး ဆုံရိုးနဲ့ခြေထောက်တွေဆီ သွေးလျောက်ရာမှာ အခက်အခဲရှိလာနိုင်တာကြောင့် ခြေထောက်၊ခြေကျင်း၀တ်၊တင်ပါးနဲ့နောက်ကျောတွေမှာ နာကျင်မှုတွေ ခံစားရတာဖြစ်ပါတယ်။

💢 ကိုယ်အလေးချိန်ကျဆင်းတာ
ကိုယ်အလေးချိန်ကျဆင်းတာ(သို့)အစားအသောက်ပျက်တာတွေကတော့ ကင် ဆာရောဂါတိုင်းလိုလိုမှာ တွေ့ရတဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာမှာ
ဒီလိုရောဂါလက္ခဏာမျိုးလည်း
ပြတတ်ပါတယ်။
သား အိမ်ခေါင်းကင်ဆာရဲ့ တခြားလက္ခဏာတွေကတော့ ပုံမှန်ထက်ရာသီသွေး ဆင်းတဲ့ရက် ပိုကြာတာ၊ဆင်းတဲ့ပမာဏ ပိုများတာ၊
လိင် ဆက်ဆံပြီးရင် သွေးဆင်းတာ၊
လိင်ဆက်ဆံတဲ့အခါ နာကျင်ခြင်း
တို့ဖြစ်ပါတယ်။


Credit to # Dr. Thwe

15000ks သာကျသင့်ပါမည်🏥 Covid ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး မိုးရာသီ Promotion Covishield Vaccine (India)အသက...
25/08/2022

15000ks သာကျသင့်ပါမည်

🏥 Covid ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး မိုးရာသီ
Promotion

Covishield Vaccine (India)

အသက် ၁၈ နှစ်နှင့် အထက် ထိုးနှံနိုင်ပါသည်

💉first dose,Second dose or booster dose - 15000ks(Special Price!! ပထမဆုံးစာရင်းပေးသူ(၅)ယောက်)

Gardasil(သာအိမ်ခေါင်းကင်ဆာကွယ်ဆေး)
အသက်(၉)နှစ်မှ စတင်ထိုးနှံနိုင်ပါသည်
90000ks Special Price!! (ပထမဆုံးစာရင်းပေးသူ(၅)ယောက်)

Covaxin Vaccine (India)

အသက် ၅ နှစ်နှင့် အထက် ထိုးနှံနိုင်ပါသည်

💉 first dose,Second dose or booster dose - 15000ks(Special Price!! ပထမဆုံးစာရင်းပေးသူ(၅)ယောက်)

နိုင်ငံတကာထွက်မည့်သူများကို
ဦးစား​​ပေး​ဆောင်ရွက်ပေး​နေပါသည်။

နိုင်ငံခြားသားcompanyနှင့်ဝန်ထမ်းများ
စက်ရုံလုပ်သားများ
ဘာသာ​ရေးအသင်းအဖွဲ့များ
NGO/UNအဖွဲ့အစည်း/သံရုံးဝန်ထမ်းနှင့်မိသားစုဝင်များ စသည်တို့ကို လူဦး​ရေ ​ရာ၊ထောင်ချီကို
​ဆောင်ရွက်ပေး​နေပါသည်။

နိုင်ငံခြားသွားလိုသူများအတွက် QR code ပါသော certificate ပေးပါသည်
အိမ်အရောက်ကာကွယ်‌ဆေးထိုးနှံပေးသော ဝန်ဆောင်မှုလည်း ရှိပါသည်။
Cold chain အာမခံချက်အပြည့်ရှိသော ကာကွယ်ဆေးများ သာအသုံးပြုသည့်အတွက် မိဘပြည်သူများအနေဖြင့် စိတ်ချယုံကြည်စွာထိုးနှံနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက cb သို့ 09942490335 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

အေးသုခဆေးခန်း








Address

Yangon
Yangon

Telephone

+959942490335

Website

Alerts

Be the first to know and let us send you an email when Aye Thut Kha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram