Nutrition Tips by Dr Aye

  • Home
  • Nutrition Tips by Dr Aye

Nutrition Tips by Dr Aye Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nutrition Tips by Dr Aye, Nutritionist, .

ဆယ်ကျော်သက်အရွယ်ရောက်လာတာနှင့်အမျှသူသူကိုယ်ကိုယ် လှချင်လာတယ်၊ ကြည့်ကောင်းချင်လာကြပါတယ်။အသားအရည်လေးကြည်ချင်တယ်၊ အရပ်ရှည်ခ...
14/07/2025

ဆယ်ကျော်သက်အရွယ်ရောက်လာတာနှင့်အမျှသူသူကိုယ်ကိုယ် လှချင်လာတယ်၊ ကြည့်ကောင်းချင်လာကြပါတယ်။
အသားအရည်လေးကြည်ချင်တယ်၊ အရပ်ရှည်ချင်တယ်၊ ကိုယ်အလေးချိန်ကျချင်တယ် ဆိုတဲ့အတွေးလေးတွေတွေးမိလာပါတယ်။ ကျန်းမာရေးနှင့်လျော်ညီတဲ့ စားသောက်မှုပုံစံတွေလေးစိတ်ဝင်စားလာကြပါတယ်။

ဒီတစ်ခေါက်တော့ အရပ်ရှည်ဖို့ဘာတွေစားလို့ရလဲ ဆိုတာစိတ်ဝင်စားတဲ့ ဆယ်ကျော်သက်တွေအတွက် ဘာတွေစားလို့ရလဲဆိုတာမျှဝေပေးလိုက်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အရပ်ရှည်နှုန်း၊ ကြီးထွားနှုန်း အမြင့်ဆုံးဖြစ်ပါတယ်။ မိန်းကလေးတွေမှာ ၁၂နှစ် မှ ၁၄နှစ်ကြား အသိသာဆုံးဖြစ်ပါတယ်။

အရပ်ရှည်ခြင်း၊ပုခြင်းက အစားအသောက်နှင့်သာမက မျိုးရိုးဗီဇနှင့်လည်းသက်ဆိုင်ပါတယ်။ ကိုယ့်ရဲ့မျိုးရိုးဗီဇအရ ကိုယ့်ရဲ့အရပ်ကပုနိုင်တယ်ဆိုပေမယ့် ကိုယ်ကအစားအသောက်ကို ကျန်းမာရေးနှင့်ညီညွတ်စွာစားမယ်၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေလုပ်မယ်ဆို အရပ်ရှည်ဖို့အခွင့်အရေးများစွာရှိပါတယ်။

အရပ်ရှည်စေရန် အသားဓာတ်၊ ကယ်ဆီယမ်၊ ဗီတာမင်ဒီကြွယ်ဝသောအစားအသောက်များ စားသောက်ရန်လိုပါတယ်။ တစ်နေ့တာ ကယ်ဆီယမ်လိုအပ်ချက်မှာ ၁၀၀၀ မှ၁၂၀၀ မီလီဂရမ်ကြားရှိပါတယ်။ နို့တခွက်မှာ ကယ်ဆီယမ်၂၄၀ မီလီဂရမ် ရရှိပါတယ်။

ဒါကြောင့် နို့၊ဒိန်ချဥ်၊ အသား၊ ငါး၊ပဲအမျိုးမျိုး၊ ကြက်ဥ၊ အစေ့အဆန် တို့ကိုကိုယ့်ရဲ့ကိုယ်အလေးချိန်နှင့်အညီ စားပေးဖို့လိုပါတယ်။

နို့မကြိုက်ဘူး၊ နို့နှင့်မတည့်တဲ့လူတွေမှာ ဒိန်ချဥ်၊ ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရင့်ရောင်ရှိတဲ့အသီးအရွက်၊ အရိုးပါစားလို့ရတဲ့ငါးလေးတွေစားလို့ရပါတယ်။

ဗီတာမင်ဒီကိုနေရောင်ခြည်ကရရှိသလို နို့နှင့်နို့ထွက်ပစ္စည်း၊ ဆယ်လမွန်၊ တူနာ၊ ကြက်ဥအနှစ်တို့က ရရှိနိုင်ပါတယ်။

အသားဓာတ်ကိုလုံလောက်အောင်မစားတဲ့သူတွေမှာလည်းကြီးထွားနှုန်းနှေးကွေးတာ တွေ့ရပါတယ်။
အသားစားနည်းတဲ့လူတွေမှာ အသားကိုလည်းစားချင်လာအောင်ပုံစံအမျိုးမျိုးပြောင်းလဲချက်ပြုတ်လို့ရသလို ပဲအမျိုးမျိုး၊ တို့ဖူး၊ပဲပြား၊ ကြက်ဥတို့ပါဖြည့်စွက်စားလို့ရပါတယ်။

ဒီလိုစားသောက်မှုပုံစံအပြင် အိပ်စက်ချိန်လုံလောက်စွာရှိဖို့လည်း လိုပါတယ်။ အိပ်စက်နေစဥ် ကြီးထွားစေတဲ့ဟိုမုန်း ထွက်ရှိတာမို့ဖြစ်ပါတယ်။

ဒါ့အပြင်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေဖြစ်တဲ့ ရေကူးခြင်း၊ ဘတ်စကတ်ဘောကစားခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ယောဂကစားခြင်းတို့က အရပ်ရှည်ဖို့အထောက်အကူပြုတာဖြစ်ပါတယ်။

"Nourish well, live well, eat well"
Dr Aye


#အာဟာရ

စိတ်ညစ်လို့၊ စိတ်ထဲနေလို့မကောင်းလို့ အစားတွေများကြီးပိုစားနေမိပြီလား😪ကိုယ်အလေးချိန်လျော့နေပေမယ့် စိတ်အခန့်မသင့်တာ တစ်ခုခ...
08/07/2025

စိတ်ညစ်လို့၊ စိတ်ထဲနေလို့မကောင်းလို့ အစားတွေများကြီးပိုစားနေမိပြီလား😪
ကိုယ်အလေးချိန်လျော့နေပေမယ့် စိတ်အခန့်မသင့်တာ တစ်ခုခုကြောင့် အစားတွေထစားနေမိပြီလား😔
စိတ်ဖိစီးမှုတွေဖျောက်ဖို့ အချိုများတဲ့၊ကယ်လိုရီများတဲ့၊ အဆီများတဲ့ အသင့်စားအစားအစာတွေရွေးချယ်နေမိပြီလား😰

အဲလိုဆိုရင်တော့ သင်က စိတ်ခံစားမှုကြောင့်အစာစားခြင်းသံသရာ ထဲရောက်ရှိသွားပါပြီ။
အဲ့သံသရာကွင်းဆက်မှာ ဘယ်လိုမျိုးအခြေအနေတွေပါလဲဆိုရင်တော့-
1.စိတ်တို၊စိတ်ညစ်၊စိတ်ပင်ပန်း၊အထီးကျန်တယ်လို့ခံစားရခြင်း
2.အဲ့ခံစားချက်ကြောင့် အစားစားခြင်းစိတ်ပေါ်လာပြီးစားမိ
3.ခဏတော့ စိတ်ထဲနေလို့ကောင်း
4.ကြာလာတော့စိတ်ထဲမှာ"ငါအစာတွေအများကြီးစားမိသွားပြီ" ဆိုပြီး ကိုယ်ကိုကိုယ်အပြစ်တင်မိ၊ အပြစ်ရှိသလိုခံစားမိ
5.စိတ်ထဲပြန်ပြီးနေလို့မကောင်းတော့ စိတ်ဖိစီးပြီးအစာတွေထပ်စားမိ

စိတ်ဖိစီးမှု၊ အထီးကျန်ခြင်း၊ လုပ်ငန်းခွင်ပြဿနာ၊ အချစ်ရေးမပြေလည်မှု၊ ကျန်းမာရေးအခြေအနေအမျိုးမျိုးကြောင့် မလိုအပ်ဘဲအစာအများကြီးစားမိခြင်း(binge eating disorder) ကိုဖြစ်စေပါတယ်။

စိတ်ဖိစီးချိန်မှာ ဘာလို့ကယ်လိုရီများတဲ့အစားအသောက်ကိုရွေးချယ်မိလဲ
-အချိုများ၊ အဆီများ၊ ကယ်လိုရီများတဲ့ အစားအသောက်တွေကစားလို့လည်းကောင်းသလို စားလိုက်ရင် ခန္ဓာကိုယ်က dopamine ထုတ်လုပ်ပေးတာမို့ ခဏတာစိတ်ဖိစီးနေတာကို မျက်ကွယ်ပြုနိုင်တာမို့ဖြစ်ပါတယ်။ အဲ့ကနေ ကြာလာတော့ အလေ့အကျင့်တစ်ခုအနေနဲ့ စိတ်ဖိစီးရင် အလိုလိုအစာစားမိတာမျိုးဖြစ်လာပါတယ်။

စိတ်ခံစားမှုကြောင့်အစာစားမိခြင်းနှင့် ဗိုက်ဆာလို့အစာစားမိခြင်းကိုကွဲပြားဖို့လိုပါတယ်။
🌺စိတ်ခံစားမှုကြောင့်အစာစားမိခြင်းမှာ-
- ရုတ်တရပ်အစာစားချင်စိတ်ဖြစ်လာခြင်း
-စားချင်လာရင် ချက်ချင်းစားရမှ စိတ်ကျေနပ်ခြင်း
-ဗိုက်ပြည့်သွားလည်းဆက်စားမိခြင်း
-အချိုများ၊အဆီများတဲ့အစားအစာတွေ၊ အသင့်စားအစားအစာတွေ စားမိခြင်း
-စားပြီးရင် ကိုယ်ကိုကိုယ်အပြစ်တင်စိတ်၊ အစာစားချင်စိတ်အပေါ်ထိန်းချူပ်နိုင်စွမ်းမရှိလို့ဒေါသထွက်စိတ်တွေဖြစ်ပေါ်မိခြင်း

🌺ဗိုက်ဆာခြင်းကြောင်းအစာစားမိခြင်းမှာ-
-အစာစားခြင်းစိတ်ဖြေးဖြေးခြင်းပေါ်လာခြင်း
-အစာစားဖို့ အလျင်မလိုခြင်း
-ဗိုက်ပြည့်သလောက်ပဲစားခြင်း
-ကဆီဓာတ်၊အသားဓာတ်၊အဆီဓာတ်ကို မျှတအောင်စားဖြစ်ခြင်း
-စားပြီးကိုယ်ဟာကိုယ်အပြစ်တင်စိတ်မဖြစ်ခြင်း

အချို့သောလူတွေမှာ ကိုယ်ဟာကိုယ် စိတ်ဖိစီးမှုကြောင့်အစာစားခြင်းကိုရပ်တန့်ချင်ပေမယ့် မရပ်တန့်နိုင်တဲ့အခိုက်အတန့်တွေရှိပါတယ်။

စိတ်ခံစားမှုကြောင့်အစာစားမိခြင်းကို ဘယ်လိုရပ်တန့်ကြမလဲ🤔
-အရင်ဆုံးကိုယ်ဟာကိုယ်အဲ့လိုစားမိလို့ အပြစ်တင်မိနေတာရှိရင် အပြစ်မတင်ပါနဲ့။ စိတ်ဖိစီးမှုဆိုတာလူတိုင်းမှာရှိနိုင်ပါတယ်။
-ဘယ်အချိန်မှာ ဘယ်လိုခံစားရရင်အစာပိုစားမိလဲဆိုတာကို ဒိုင်ယာရီရေးမှတ်တဲ့အကျင့်လေးလုပ်လို့ရပါတယ်။
🌿စိတ်ဖိစီးမှုကြောင့်စားတယ်ဆို စိတ်ဖိစီးတယ်လို့ခံစားရတာနဲ့ တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ လမ်းလျှောက်ခြင်းများလုပ်နိုင်ပါတယ်။
🌿အထီးကျန်တယ်ခံစားရရင် သူငယ်ချင်း သို့မိသားစုဝင်တစ်ယောက်ယောက်ကိုဖုန်းဆက်တာမျိုး၊ message ပို့တာမျိုး၊ video call ခေါ်တာမျိုးလုပ်လို့ရပါတယ်။
🌿ဝမ်းနည်းတယ်ခံစားရရင် သင့်ကိုပျော်ရွှင်စေတဲ့အရာတွေကိုရေးချခြင်း၊ ဟာသကားကြည့်ခြင်းတို့လုပ်လို့ရပါတယ်။
🌿ပျင်းလို့ဆိုရင်တော့ အလုပ်တခုခုထလုပ်တာမျိုး၊ ရုပ်ရှင်ကြည့်ခြင်း၊ စာဖတ်ခြင်းတို့လုပ်လို့ရပါတယ်။
🌿စိုးရိမ်သောကကြောင့်ဆိုရင်တော့ တစ်ယောက်ယောက်ကိုရင်ဖွင့်ခြင်း၊ ကိုယ့်အိမ်မွေးတိရစ္ဆာန်များနှင့်အချိန်ဖြုန်းခြင်းမျိုးလုပ်လို့ရပါတယ်။

-ဒါ့အပြင် အသင့်စားအစားအစာတွေကိုအိမ်မှာအဆင်သင့်ဝယ်ထားခြင်းမျိုးရှောင်ပါ။
-တကယ်ဗိုက်ဆာလားဒါမှမဟုတ်မဆာဘဲနှင့်စားချင်နေတာလားဆန်းစစ်ပါ။
-ဝိတ်လျော့ရင်လဲ အရမ်းကြီးကယ်လိုရီကိုလျော့စားတာမျိုးမလုပ်ပါနှင့်။ ကျန်းမာရေးနှင့်ညီညွတ်စွာကိုယ်အလေးချိန်လျော့ပါ။
-အဆာပြေစားရင်လည်းကျန်းမာရေးနှင့်ညီွတ်တာရွေးချယ်စားပါ။

"Nourish well, live well, eat well"
Dr Aye

#အာဟာရ

ဝိတ်ချနေပြီး မနက်စာကို နန်းကြီးသုပ်စားဖြစ်နေတဲ့ လူနာတွေအတွက် .....နန်းကြီးသုပ်က ပုံမှန်ဆိုင်သုပ်ဆို ကယ်လိုရီက ၇၀၀ခန့်ဝန်...
06/07/2025

ဝိတ်ချနေပြီး မနက်စာကို နန်းကြီးသုပ်စားဖြစ်နေတဲ့ လူနာတွေအတွက် .....

နန်းကြီးသုပ်က ပုံမှန်ဆိုင်သုပ်ဆို ကယ်လိုရီက ၇၀၀ခန့်ဝန်းကျင်ရှိပါတယ်။

ကိုယ်က ဝိတ်လျော့နေတယ် ဒါပေမယ့် နန်းကြီးသုပ်လည်းစားချင်တယ်ဆို အိမ်မှာ ဆီလျော့၊ အနှစ်လျော့ပြီး သုပ်စားလို့ရပါတယ်။

Dr Aye

" ရာသီလည်းမလာဘူး...ဒါပေမယ့် စစ်ကြည့်တော့လည်းကိုယ်ဝန်မဟုတ်နေဘူး...အိမ်ထောင်ကျတာလည်း ၄နှစ်လောက်ရှိပြီ   ဆရာမ"  Ultrasound ...
23/06/2025

" ရာသီလည်းမလာဘူး...ဒါပေမယ့် စစ်ကြည့်တော့လည်းကိုယ်ဝန်မဟုတ်နေဘူး...အိမ်ထောင်ကျတာလည်း ၄နှစ်လောက်ရှိပြီ ဆရာမ" Ultrasound ရိုက်လိုက်တော့ polycystic o***y ထွက်နေတဲ့ လူနာရဲ့မချိတင်ကဲစကားသံပါ...လူနာက ပေါင် ၂၀၀ လောက်ရှိနေတာမို့ ကိုယ်အလေးချိန်ချဖို့အရင်တိုက်တွန်းရပါတယ်။
🌺ကိုယ်အလေးချိန်လျော့ချလိုက်ခြင်းအားဖြင့် ခန္တာကိုယ်တွင်း ဟိုမုန်းကမောက်ကမဖြစ်ခြင်းသက်သာကာ ရောင်ရမ်းခြင်းကိုကျစေတာမို့ရာသီပုံမမှန်ခြင်းသက်သာလာစေပါတယ်။
☘️ဘာတွေစားရမလဲ
- ဆန်လုံးညို၊ whole grainမှလုပ်တဲ့ ပေါင်မုန့်
-ဟင်းနုနွယ်၊ ကိုက်လန်၊ ဆလပ်ရွက်၊ ပန်းဂေါ်ဖီစိမ်းကဲ့သို့ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ ခရမ်းချဥ်သီး၊ ငရုတ်ပွသီး
-အမျှင်ဓာတ်များသောအသီးအနှံများ
-အိုမီကာ ၃ ကြွယ်ဝသော ငါး၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ ထောပတ်သီး၊ သံလွင်ဆီ
🌷အသားဓာတ်လုံလောက်မှုရှိပါစေ
🌷ရေဓာတ်ပြည့်ဝစေရန် ရေများများသောက်ပါ။
🌷အစားကိုအချိန်မှန်စားပါ။
🌷အသီးဖျော်ရည်သောက်တဲ့အကျင့်အစား အသီးစားတဲ့အကျင့်ကိုမွေးမြူပါ။

☘️ဘာတွေရှောင်ရမလဲ
-အကြော်စုံ၊ ထောပတ်၊မာဂျရင်း
-တာရှည်ခံအောင်လုပ်ထားတဲ့အသားများ
-အနီရောင်အသားများဖြစ်တဲ့အမဲသား၊ဆိတ်သား
-ဘဲအရေခွံ၊ ကြက်အရေခွံ၊(တောင်ပံ၊ခြေထောက် )
-ဝက်အဆီ၊ ဝက်သုံးထပ်သား၊ ဝက်ခေါက်
-ကလီစာ
-အချိုရည်၊ ဆိုဒါ ကော်ဖီ၊လက်ဖက်ရည်၊အရက်၊ အားဖြည့်အချိုရည်
-ကိတ်မုန့်၊ဒိုးနပ်၊ချိစ်ကိတ်၊ ဟန်ဘာဂါ
-မာလာရှမ်းကော၊ မာလာထန်
-အာလူးကြော်၊ အာလူးချောင်းကြော်
-အချိုများသောအစားအစာများ

🌺လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့် သွေးတွင်းအင်ဆူလင်တုံ့ပြန်နိုင်စွမ်းကောင်းလာခြင်း၊ အဆီကျခြင်း၊ သားအိမ်ရဲ့လုပ်ငန်းဆောင်တာများ လည်ပတ်မှုကောင်းမွန်ခြင်းတို့ ဖြစ်စေပါတယ်။
☘️ဘယ်လိုလေ့ကျင့်ခန်းတွေကစားသင့်လဲဆိုရင် လမ်းသွက်သွက်လျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ယောဂဆော့ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

🌺စိတ်ဖိစီးမှုကိုလျော့ချဖို့ကလည်း အရေးကြီးတဲ့အခန်းကပါဝင်ပါတယ်။

🌺အိပ်ချိန်မှန်ပြီးအိပ်ရေးဝဖို့ အိပ်ချိန်လုံလောက်မှုရှိဖို့လည်းလိုပါတယ်။ အိပ်ရေးမဝတဲ့သူတွေမှာ ခန္တာကိုယ်တွင်းရောင်ရမ်းမှုမြင့်တက်စေပါတယ်။
☘️အိပ်ချင်စိတ်ကိုဖြစ်စေတဲ့melatonin ဓာတ်က ဓာတ်တိုးဆန့်ကျင်နိုင်စွမ်းရှိပါတယ်။ အိပ်ချိန်မလုံလောက်တဲ့သူတွေမှာ melatonin အထွက်နည်းတာမို့ ခန္တာကိုယ်ရဲ့ရောဂါကာကွယ်နိုင်စွမ်းကျဆင်းစေခြင်း၊ ကိုယ်အလေးချိန်တက်စေနိုင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

"Nourish well, live well, eat well"
Dr Aye
#အာဟာရ ***ysyndrome #သားဥအိမ်ရေအိတ်

ဟဲလို....ဟင်းချက်တဲ့နေရာမှာ ဆားတွေရော၊ ငံပြာရည်တွေရော၊ ခရုဆီတွေရောသုံးတဲ့ အိမ်ရှင်မတွေရှိလားမသိဘူး😅ရှိတာပေါ့။ အရသာကောင်း...
17/06/2025

ဟဲလို....ဟင်းချက်တဲ့နေရာမှာ ဆားတွေရော၊ ငံပြာရည်တွေရော၊ ခရုဆီတွေရောသုံးတဲ့ အိမ်ရှင်မတွေရှိလားမသိဘူး😅

ရှိတာပေါ့။ အရသာကောင်းအောင် သူနေရာနဲ့သူ ထည့်လေ့ရှိကြပါတယ်။

ဒီနေရာမှာတစ်ခုသတိထားရမှာလေးရှိပါတယ်။စာရေးသူတို့က တနေ့ကိုဆားပမာဏ လက်ဖက်ရည်ဇွန်း ၁ ဇွန်းပဲစားပါလို့ ရေးရတဲ့အကြောင်းအရင်းက လူ ၁ ယောက်မှာ တစ်နေ့ကိုပျမ်းမျှ ဆိုဒီယမ်၂၃၀၀ မီလီဂရမ်ပဲစားသင့်တာမို့ပါ။
သွေးတိုးလူနာတွေမှာတော့ ၁၅၀၀မီလီဂရမ်ပဲစားသင့်ပါတယ်။ မှတ်ရလွယ်အောင် ဆားနဲ့ပဲဦးတည်ပြောကြပေမယ့် တခြားမီးဖိုချောင်သုံးပစ္စည်းတွေရဲ့ ဆိုဒီယမ်ပါဝင်မှုကိုလည်း သိဖို့လိုအပ်ပါတယ်။

ခရုဆီ ထမင်းစားဇွန်း ၁ ဇွန်း= ဆိုဒီယမ် ၈၅၀ မီလီဂရမ်

ပဲငံပြာရည်အကြည် ထမင်းစားဇွန်း၁ဇွန်း = ဆိုဒီယမ် ၅၀၀ နှင့် ၁၅၀၀ မီလီဂရမ်ကြား

ပဲငံပြာရည်အနှောက်(ကြာညို့) ထမင်းစားဇွန်း၁ဇွန်း = ဆိုဒီယမ် ၈၇၀နှင့် ၁၀၄၈မီလီဂရမ်ကြား

ငါးငံပြာရည်ထမင်းစားဇွန်း ၁ ဇွန်း= ဆိုဒီယမ် ၁၂၅၆ မီလီဂရမ်

ကြက်သားမှုန့်ထမင်းစားဇွန်း၁ဇွန်း = ဆိုဒီယမ် ၄၉၀နှင့် ၁၅၅၃ မီလီဂရမ်ကြား

မီဆိုအနှစ်ထမင်းစားဇွန်း၁ဇွန်း = ဆိုဒီယမ်၆၃၄ မီလီဂရမ်

ကင်ချီတရုတ်ပန်းကန်လုံး ၁ လုံး= ဆိုဒီယမ်၇၄၇ မီလီဂရမ် အသီးသီးပါဝင်ပါတယ်။

ကိုယ်နေ့စဥ် ချက်နေတဲ့ ပစ္စည်းတွေမှာ ဆိုဒီယမ်ပါဝင်မှုကို သိသွားပြီဆိုရင် ကိုယ်ဟင်းချက်ရင် တစ်နေ့တာ စားလို့ရတဲ့ ဆိုဒီယမ် ပမာဏ ၂၃၀၀ မီလီဂရမ်ကို ခွဲခြမ်းပြီးဟင်းချက်တဲ့ နေရာမှာသုံးလို့ရပါတယ်။
ဥပမာ- လူ၂ယောက်စာချက်မယ်ဆိုရင် ဆိုဒီယမ် ၄၆၀၀ မီလီဂရမ်.......အဲ့လိုဆိုရင် တစ်နေ့တာလုံး ချက်တဲ့ဟင်းတွေမှာ သုံးလို့ရတာကတော့ ငါးငံပြာရည် ထမင်းစားဇွန်း၂ဇွန်း၊ ဆားလက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ၊ ခရုဆီ ထမင်းစားဇွန်း၁ဇွန်း သုံးလို့ရပါတယ်။ ဒီပမာဏက တစ်နေ့တာလုံး လူ၂ယောက်အတွက် ဟင်း ၃ ဟင်းချက်တယ်ဆို ၃ ဟင်းကိုမျှသုံးပေးရမှာ ဖြစ်ပါတယ်ရှင့်။

"Nourish well, live well, eat well"
Dr Aye

#အာဟာရ

Nutrition Tips for Today #အာဟာရ
15/06/2025

Nutrition Tips for Today

#အာဟာရ

အရိုးပွခြင်းကိုကာကွယ်ဖို့ဘယ်လိုအစားအသောက်တွေစားကြမလဲအရိုးပွရောဂါကို အသက် ၅၀ ကျော် သွေးဆုံးပြီးအမျိုးသမီးတွေမှာ အဖြစ်များ...
13/06/2025

အရိုးပွခြင်းကိုကာကွယ်ဖို့ဘယ်လိုအစားအသောက်တွေစားကြမလဲ

အရိုးပွရောဂါကို အသက် ၅၀ ကျော် သွေးဆုံးပြီးအမျိုးသမီးတွေမှာ အဖြစ်များတာ တွေ့ရပါတယ်။ အမျိုးသမီးတွေသာမက အမျိုးသားတွေမှာလည်း အရိုးပွခြင်း၊ အရိုးပါးခြင်းဖြစ်ပွားနိုင်ပါတယ်။ နောက်ဆက်တွဲအနေနှင့် နည်းနည်းလေးချော်လဲလိုက်တာနဲ့ အရိုးကျိုးတာ၊ အရိုးအက်နိုင်ချေတွေ
မြှင့်မားလာတာဖြစ်ပါတယ်။ Bone DEXA scan နဲ့ အရိုးပွနေလား၊ အရိုးပါးနေလားကို တိုင်းတာနိုင်ပါတယ်။

အသက် ၃၀ နောက်ပိုင်းကစလို့ အရိုးမှာပါဝင်တဲ့ ကယ်ဆီယမ်ဓာတ်တွေဟာ တဖြည်းဖြည်းဆုံးရှုံးလာတာဖြစ်ပါတယ်။ သွေးဆုံးချိန် oestrogen နည်းချိန်မှာ ကယ်ဆီယမ်ဆုံးရှုံးမှုပိုများလာတာဖြစ်ပြီး အရိုးပါးခြင်းကို ဦးတည်လာပါတယ်။ အသက်၃၀မတိုင်ခင် ငယ်ရွယ်စဥ်တည်းက အရိုးအတွက် လိုအပ်တဲ့ ကယ်ဆီယမ်၊ ဗီတာမင်ဒီ၊ အသားဓာတ်ပါဝင်တဲ့အစားအစာတွေကိုလိုအပ်ချက်နှင့် ကိုက်ညီအောင် စားပေးဖို့လိုပါတယ်။ ဒေါက်တာအေးတို့ မြန်မာလူမျိုးတွေဟာ နို့ကိုတစ်နေ့ ၁ ခွက် သို့ ၂ခွက် သောက်တဲ့အလေ့အထမရှိသလောက်နည်းပါတယ်။

အရိုးပွခြင်းကိုကာကွယ်ဖို့တစ်နေ့ကို နို့ ၁ခွက်သောက်ခြင်းအလေ့အကျင့်ကို စတင်မွေးမြူဖို့လိုပါတယ်။ နို့၁ခွက်မှာ ကယ်ဆီယမ် ၂၄၀ မီလီဂရမ်ပါဝင်ပါတယ်။ တစ်နေ့ကိုနို့ ၁ ခွက်သောက်ခြင်းဟာ အရိုးပွခြင်းကြောင့်အရိုးကျိုးမှုကို ၅ရာခိုင်နှုန်း အထက် လျော့ချပေးကြောင်း အနောက်နိုင်ငံမှလူဖြူအမျိုးသမီးတွေနှင့် ကောက်ယူထားတဲ့ သုတေသနအရသိရပါတယ်။

လူတစ်ယောက်မှာပျမ်းမျှအားဖြင့် တစ်နေ့ကိုကယ်ဆီယမ်ဓာတ် ၁၀၀၀ မီလီဂရမ်လိုအပ်ပါတယ်။ တခြားကယ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ ဒိန်ချဥ်၊ချိစ်၊အရိုးပါစားနိုင်သောငါး၊ ဆယ်လမွန်ငါး၊ တို့ဖူး၊ ပဲပြား၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ ပန်းဂေါ်ဖီစိမ်း တို့ဖြစ်ပါတယ်။

ဗီတာမင်ဒီကိုတော့ နေရောင်ခြည်က ၈၀-၉၀ရာခိုင်နှုန်း ရရှိတာဖြစ်ပါတယ်။ ကျန်တဲ့ပမာဏကိုတော့ နို့နှင့်နို့မှရသောပစ္စည်းများ၊ ကြက်ဥအနှစ်၊ ငါး၊ အသီးဖျော်ရည်၊ မှို၊ မာဂျရင်း၊ cereals တို့ကရရှိနိုင်ပါတယ်။

ဒါ့အပြင်ကိုယ့်ရဲ့ကိုယ်အလေးချိန်အလိုက် အသားဓာတ်ပြည့်ဝဖို့လိုပါတယ်။ အသား၊ငါး၊ကြက်ဥ၊ ပဲအမျိုးမျိုး၊တို့ဖူးတို့မှ ခန္တာကိုယ်အတွက်လိုအပ်တဲ့ အသားဓာတ်ကိုရယူနိုင်ပါတယ်။

မက်ဂနီဆီယမ်နှင့် ဗီတာမင်ကေကြွယ်ဝတဲ့ အစိမ်းရောင်အရွက်၊အသီးအနှံ၊ အစေ့အဆန်တို့ကိုလည်းစားပေးဖို့လိုပါတယ်။

အရက်နှင့်ကော်ဖီ သောက်သုံးခြင်းကို လျှောချသင့်ပါတယ်။ အရက်၊ ကော်ဖီသောက်သုံးခြင်းဟာဆိုရင် အရိုးအတွက် ကယ်ဆီယမ် စုပ်ယူခြင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။

တာရှည်ခံအစားအစာ၊ အငန်လွန်ကဲသောအစားအစာ၊ ဆိုဒါ၊ အနီရောင်အသားစားသုံးခြင်းကိုလည်း ရှောင်ရှားသင့်ပါတယ်။ ကယ်ဆီယမ် စုပ်ယူမှုနည်းစေခြင်း၊ ကယ်ဆီယမ်ကိုများများစွန့်ထုတ်စေခြင်းတို့ကို ဖြစ်စေပါတယ်။ အရမ်းစားချင်ရင် တခါတလေမှ စားတာမျိုးလုပ်လို့ရပါတယ်။

အလေးမခြင်း၊ ကြွက်သားသန်မာစေသော
လေ့ကျင့်ခန်းများလည်း လုပ်ရန်လိုပါတယ်။

"Nourish well, live well, eat well"

Dr Aye

#အာဟာရ

Q & A အာဟာရဆိုင်ရာမသိတာလေးတွေရှိရင် ဒွိဟဖြစ်နေတာရှိရင် chat box မှာလာမေးလို့ရပါတယ်ရှင့်။ #အာဟာရ #အမေးအဖြေ
10/06/2025

Q & A

အာဟာရဆိုင်ရာမသိတာလေးတွေရှိရင် ဒွိဟဖြစ်နေတာရှိရင် chat box မှာလာမေးလို့ရပါတယ်ရှင့်။

#အာဟာရ
#အမေးအဖြေ

Nutrition Tips for Today  #အာဟာရ
09/06/2025

Nutrition Tips for Today


#အာဟာရ

ARFID လို့ခေါ်သော စားသောက်ပုံ မူမမှန်ခြင်းအကြောင်း ARFID (Avoidant/restrictive food intake disorder) ဆိုတာ အစာဂျေးများတာ...
24/03/2025

ARFID လို့ခေါ်သော စားသောက်ပုံ မူမမှန်ခြင်းအကြောင်း

ARFID (Avoidant/restrictive food intake disorder) ဆိုတာ အစာဂျေးများတာကို ဆိုလိုချင်တာလားလို့ဆိုရင် မဟုတ်ပါဘူးနော်။

ARFID ကိုအသက်အရွယ်မရွေးတွေ့ရနိုင်ပြီး ကလေးသူငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ အဖြစ်များပါတယ်။ ဆယ်ကျော်သက်တွေမှာ တွေ့ရတယ်ဆိုတော့ Anorexia nervosa လိုမျိုး ဝိတ်ချချင်လို့၊ ဝိတ်တက်မှာစိုးတာမို့ မစားတာလားဆိုတော့လည်း မဟုတ်ပါဘူး။

ARFID ကိုအဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင် အစားအသောက်တမျိုးမျိုး သို့မဟုတ် အစားအသောက်အုပ်စု၁ခုကို လုံးဝမစားတာ၊ စားဖို့လုံးဝငြင်းဆန်ပြီးမစားတာမျိုးဖြစ်ပါတယ်။ သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာသွင်ပြင်ကြောင့်မဟုတ်ပဲ အစားအစာတစ်မျိုးမျိုးကို လုံးဝမစားတာမျိုးဖြစ်ပါတယ်။

ဘာအချက်တွေကARFID ဖြစ်သွားစေတာလဲဆိုရင် အစားအသောက်ရဲ့အရသာ၊ အနံ့၊ အပြင်အဆင်၊ အပျော့အမာနှင့် နဂိုစားစဥ်က သီးခြင်း၊နင်ခြင်း၊ နေမကောင်းဖြစ်သွားခြင်း၊ ယားယံသွားခြင်းတို့ကြောင့် စားဖို့လန့်သွားတာမျိုးလည်းဖြစ်တတ်ပါတယ်။ တခြားတွေ့ရတဲ့ လက္ခဏာတွေကတော့ အစာစားဖို့စိတ်မဝင်စားခြင်း၊ အစားအသောက်အသစ်တစ်ခုကိုမြည်းစမ်းရန် ဝန်လေးခြင်း၊ သူတို့စားနေကျပုံစံမျိုး ပြင်ပေးမှစားခြင်းတို့ကိုလည်း တွေ့ရနိုင်ပါတယ်။

ARFID ရှိတဲ့လူတွေမှာဘာတွေဖြစ်နိုင်လဲဆိုရင် ရွယ်တူကလေးတွေနဲ့ ယှဥ်ရင် ဖွံ့ဖြိုးမှုနှေးခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ပြင်ပအာဟာရအကူအညီတွေယူရခြင်းတွေ ဖြစ်နိုင်ပါတယ်။

ARFID ကတခြားသော ADHD, Autism, OCD, Anxiety တို့နှင့်လည်းဆက်စပ်နေတတ်ပါတယ်။
ထို့အပြင် မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၊ လူနေမှုပုံစံအမျိုးမျိုးနှင့်လည်းဆက်စပ်မှုရှိပါတယ်။
ကိုယ့်ရဲ့အမျိုးထဲမှာ စားသောက်မှုပုံမမှန်တဲ့ရောဂါ (eating disorder) ရှိနေခြင်း၊ မိသားစုဝင်တစ်ယောက်ယောက်ရဲ့ အစာဂျေးများခြင်းကိုနေ့စဥ်မြင်တွေ့ရခြင်း တို့နှင့်ဆက်စပ်မှုရှိတာဖြစ်ပါတယ်။

ARFID ကို အမျိုးအစား၅မျိုးခွဲထားပါတယ်။
1.Avoidant - ARFID မှာအတွေ့အများဆုံးအုပ်စုဖြစ်ပြီး အစားအသောက်တမျိုးမျိုးကို ၄င်း၏ အရောင်၊ အနံ့၊ အရသာကြောင့် လုံးဝမစားတာမျိုးဖြစ်ပါတယ်။

2.Aversive - ဒီအမျိုးအစားကတော့ အစားအသောက်နဲ့ ပက်သတ်ပြီးမကောင်းတဲ့ အတွေ့အကြုံ တစ်ခုခုကြုံခဲ့ရလို့ ဖြစ်ပါတယ်။ စားရင် နဂိုစားတုံးကဖြစ်သလို အန်မှာလား၊နင်မှာလား၊ ယားမှာလား စသည်ဖြင့် နဂိုကြုံခဲ့ရတာကိုကြောက်ပြီးမစားတာမျိုးဖြစ်ပါတယ်။

3.Restrictive သမားတွေမှာတော့ အစားအသောက်ပေါ်စိတ်ဝင်စားမှုနည်းတာ၊ တချို့ဆိုလုံးဝမစားချင်တာမျိုး တွေ့ရတတ်ပါတယ်။ တခါတလေအစာစားဖို့မေ့တာ၊ အစာစားရတာကိုစိတ်အနှောင့်အယှက်ဖြစ်တာမျိုး တွေ့ရတတ်ပါတယ်။

4.ARFID "plus" မှာတော့ သူက အပေါ်ကပြောတဲ့ အမျိုးအစားတစ်ခုခုထဲမှာလည်းပါဝင်ပြီး Anorexia nervosa နဲ့ပါတွဲနေတဲ့ အမျိုးအစားပဲဖြစ်ပါတယ်။ ကိုယ်အလေးချိန်နဲ့ပက်သတ်ပြီးစိုးရိမ်မှုရှိတာတွေပါ တွဲပါနေတတ်ပါတယ်။

5.Adult ARFID အသက်အရွယ်ကြီးတဲ့အချိန်မှာတွေ့ရတဲ့ ARFID အမျိုးအစားဖြစ်ပါတယ်။ ငယ်စဥ်တည်းက ARFID ရှိနေပြီးကြီးတဲ့အထိ အစားအသောက်ကို ငြင်းဆန်မှုတွေရှိနေတာမျိုး ဖြစ်ပါတယ်။

အဲ့လိုမျိုး ARFID ရှိတဲ့ကလေးတွေကို မိဘ၊ ဆရာ၊ဆရာမတွေက နားလည်ပြီး ဝိုင်းဝန်းဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။ အစားအသောက်နဲ့ပက်သတ်တဲ့ စိုးရိမ်မှုရှိရင် တူတူဝိုင်းဝန်းလျော့ချပေးခြင်းမျိုးလုပ်ဆောင်ပေးရပါမယ်။

Dr Aye

"ARFID is one of the least understood eating disorders, but awareness is the first step" ARFID awareness UK



24/03/2025

ချစ်စရာလေး😍😍😍

Address


Alerts

Be the first to know and let us send you an email when Nutrition Tips by Dr Aye posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram