
25/02/2022
ဆီးချိုလောင်းလျာများ ( Pre-diabetes)
———————————————————
(❌❌❌ယခု Page မှာ တင်ပြထားခဲ့ပြီးသော စာများ၊ ပုံများအား ကူးယူဖော်ပြခွင့် မပြုပါခင်ဗျာ။ လွတ်လပ်စွာ ရှဲနိုင်ပါသည်။)
ဖတ်ရန်ကြာချိန် - ၃မိနစ်
ကျနော်တို့က ဆီးချိုရောဂါသမားတွေကိုပဲ သဲကြီးမဲကြီး ကုကြပါတယ်၊ ပညာပေးဆောင်းပါးတွေ ဟောကြပြောကြတယ်။ တကယ့်အရင်းမြစ်ကိုစစ်လိုက်ရင် ဆီးချိုသမားတွေက ဆီးချိုလောင်းလျာဘဝကနေ ကူးပြောင်းလာကြတာပါပဲတဲ့။ ဒီတော့ ကျနော်တို့ ဆရာဝန်တွေတာဝန်က ဆီးချိုလောင်းလျာတွေကို အမိဖမ်းပြီး ဆီးချိုမဖြစ်ရလေအောင် ပညာပေးကြဖို့လည်း လိုပါတယ်။
✍️ဆီးချိုလောင်းလျာဆိုတာဘာလဲ?
ပုံမှန်လူတစ်ယောက်ရဲ့ သွေးတွင်းသကြားဓာတ် ပမာဏထက်လည်းများတယ်၊ သို့သော် ဆီးချိုသမားလိုမျိုးလည်း သကြားဓာတ်များမနေတဲ့ အဆင့်တွေကို Pre-diabetes လို့ သတ်မှတ်ပါတယ်။
Impaired glucose tolerance (IGT) - FPG 7.8 mmol/L
Impaired fasting glucose (IFG) - FPG >6.1mmol/l , 2H-PG 6%, Hypertension, Low HDL, High TG, Family history of DM
ဒီ၄ချက်ထဲက တခုခုနဲ့ ငြိနေရင်တော့ အကျိုးရှိနိုင်တယ်လို့ သတ်မှတ်ပါတယ်။ သို့သော် ဆေးသောက်ပြီး ဆီးချိုကို ကာကွယ်တဲ့သူထက်စာရင် lifestyle modification သမားတွေက ပိုပြီး ရလဒ်ကောင်းနေတာကို တွေ့ရပါတယ်။
အနှစ်ချုပ်အနေနဲ့ ပြောချင်တာကတော့ “Pre-diabetes state is a preliminary phase for Type2 DM and also a unique window for lifestyle modification”.
Dr. Aung Min Thu
22.2.2022
References
——————
https://jamanetwork.com/journals/jama/fullarticle/2783414
https://emedicine.medscape.com/article/117853-treatment