21 Myanmar Oxygen

21 Myanmar Oxygen Oxygen

WE ARE COME BACK .          ငလျင်ဒဏ်ခံရတဲ့ နေရာတွေအတွက်       Food safety‼️‼️‼️ခုချိန်မှာ အစားအသောက်ချက်ပြုတ်တဲ့နေရာမှာအ...
01/04/2025

WE ARE COME BACK .

ငလျင်ဒဏ်ခံရတဲ့ နေရာတွေအတွက်

Food safety‼️‼️‼️

ခုချိန်မှာ အစားအသောက်ချက်ပြုတ်တဲ့နေရာမှာ
အရေးကြီးပါတယ်

Food safety မှာ စားတဲ့အစာ
သုံးတဲ့ အသုံးအဆောင်
အစားအသောက်ကိုင်တွယ်ပုံနဲ့
စွန့်ပစ်ပုံ ၄ ခုရှိပါတယ်

စားတဲ့ အစားကို ချက်တဲ့နေရာဟာ
ဖုန်မှုန့် အညစ်အကြေးနဲ့ဝေးရပါမယ်

အမိုးအကာအောက်မှာ ချက်တာပိုကောင်းပြီး
ပွက်ပွက်ဆူချက်နိုင်ရင်ပိုကောင်းပါတယ်

အသားတွေကို ချက်ပြုတ်တဲ့အခါ
သေချာ ဆေးကျောရပါမယ်

အသားကို ပြင်ပအပူချိန်မှာ ရက်ကြိုမသိမ်းသင့်ပါ
အသားနှင့် အရွက်ရောမသိမ်းသင့်ပါ

ဥ နဲ့ အသီးအရွက်တွေကို လည်း ဆားရေ၁၀ မိနစ်မှ ၃၀ မိနစ်ခန့် စိမ်ပြီး
သေချာဆေးကျောပါ

အစားအစာချက်တဲ့နေရာ
စားသောက်တဲ့နေရာဟာ

Open drain ခေါ် ရေဆိုးမြောင်း
အလေးစွန့်ရာနေရာ
အမှိုက်ပုံနဲ့ မနီးရပါဘူး

ငလျင်လှုပ်ပြီးတဲ့အခါ အပျကိအစီးတွေက လေထဲ လွင့်နေတာမလို့
ယာယီ အမိုးအကာ ဘေးမှာ ချက်ပြုတ်
စားသောက်တာပိုကောင်းပါတယ်

စားသောက်တဲ့နေရာမှာ ကြွက်
ယင် ပိုးဟပ် မလာရပါဘူး
တတ်နိုင်သလောက်ရှင်းလင်းထားရပါမယ်

အစားအစာကိုင်တွယ်သူများ
လက်အိတ်သုံးပေးပါ
လက်သည်းညှပ်ပေးဖို့လိုပါတယ်

အနည်းဆုံးလက်ဆေးပေးပါ
လက်ကို ဆပ်ပြာနှင့်ရေ သို့မဟုတ် အရက်ပြန်ဖြင့်ဆေးကျောပေးပါ

တရက်ချက်ပြီးသမျှ ကျင်းတူး၍ စွန့်ပစ်ပါ
၂ပေကျင်းကို အစာ အစို ပစ်လို့ရပါတယ်
မပြည့်ခင် ၈ လက်မလောက်မှာမြေဖို့ပါ

အစာထဲကို အိမ်သုတ်ဆေးအမှုန်တွေကျရင် ခဲဆိပ်ဖြစ်ပါတယ်
အစာကိုတတ်နိုင်သလောက်ပူပူနွေးနွေးစားပါ

လှန်းထားသောအစာများ ဘာမှ မစားသင့်ပါ
လှန်း၍ စားရသောအရာများ လုံးဝမစားသင့်ပါ။

Credit : Nya Nya

ဒီနေ့မနက် အစောက မြန်မာပြည်က ဖုန်းတခု ဝင်ပါတယ်။            ဖုန်းနံပါတ် အစိမ်းမို့ မနေနိုင်လို့ ကိုင်လိုက်တာ အောက်စီဂျင် လ...
29/12/2023

ဒီနေ့မနက် အစောက မြန်မာပြည်က ဖုန်းတခု ဝင်ပါတယ်။
ဖုန်းနံပါတ် အစိမ်းမို့ မနေနိုင်လို့ ကိုင်လိုက်တာ အောက်စီဂျင် လို လို့ပါတဲ့ ။
အကျိုးအကြောင်းကို သမီးတယောက်နဲ့မေးပြီး နိုင်တာကူညီဖို့ လုပ်ရပါတယ်။
အောက်စီဂျင်တင်မက မြန်မာပြည်မှာ ကိုယ်လုပ်နိုင်တဲ့ထဲက တခုခုများတွေ့ခဲ့ရင် အချိန်ဆွဲရနေမှာ မဟုတ်ပါဘူး။
ကျွန်မတို့အဖွဲ့က လိုတဲ့အချိန်မှာ နိုင်တာကိုလုပ်ဖို့ အသင့်ပါ။
လိုတာတွေကူနိုင်ဖို့ ဒီ page ကို ဖန်တီးထားတာမို့ ခဏခဏ page ကို လာယူနေကြတာလည်း ရပ်ဖို့ မေတ္တာရပ်ခံပါတယ်။

ဘယ်လောက်ပေးပေး မရောင်းဘူးဆိုတာလည်း သိစေချင်ပါတယ်ရှင်။

အားလုံးပဲ ကျန်းမာနေကောင်း အဆင်ပြေကြပါစေရှင်။
19/10/2023

အားလုံးပဲ ကျန်းမာနေကောင်း အဆင်ပြေကြပါစေရှင်။

💠Covid Variant💠💠💠အိုမိုက်ခရွန် (Omicron Variant) အကြောင်း💠💠🔹Omicron တွေ့ရှိရာနိုင်ငံ - တောင်အာဖရိက (Nov 2021)🔹Omicron ၏ ...
05/02/2022

💠Covid Variant💠
💠💠အိုမိုက်ခရွန် (Omicron Variant) အကြောင်း💠💠

🔹Omicron တွေ့ရှိရာနိုင်ငံ - တောင်အာဖရိက (Nov 2021)

🔹Omicron ၏ ပိုးဗီဇတည်ဆောက်ပုံပြောင်းလဲမှု
- 29 နေရာ (Delta - 10 နေရာ)

🔹Omicron အပေါ် ကာကွယ်ဆေးအာနိသင် - Delta ထက် Vaccine ကာကွယ်နိုင်မှု ပိုမိုလျော့နည်း , တတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှသာ Omicron အား ပိုမိုကာကွယ်နိုင်ဟုဆို

🔹ကူးစက်နိုင်မှု - Delta ပိုးထက်အဆများစွာပိုမိုကူးစက်နိုင်

🔹တကြိမ်ဖြစ်ဖူးသူများ - ပြန်လည်ကူးစက်နိုင်ချေပိုမိုမြင့်မား

🔹ဆေးရုံတက်ရနိုင်ချေ
- Delta - ၁၀%
- Omicron - ၁%

🔹ရောဂါလက္ခဏာများ
🔸အေးမြသောအခန်းတွင်ရှိသော်လည်း ချွေး များ ထွက်ခြင်း၊
🔸ချောင်းခြောက်ဆိုးခြင်း၊
🔸လည်ချောင်းနာခြင်း၊
🔸မောပန်းနွမ်းနယ်ခြင်း၊
🔸ခန္ဓာကိုယ်နဲ့ ကြွက်သားများ ကိုက်ခဲခြင်း
🔸ဖျားနာခြင်း ( အဖျားမကြီး)
🔸(အနံ့ အရသာပျောက်ခြင်း မရှိ)
🔸မောခြင်း အသက်ရှုမဝခြင်း - ဖြစ်နှုန်းနည်း

တစ်ဦးနဲ့တစ်ဦးကာကွယ်နိုင်ဖို့
🔸တဦးနဲ့တဦး၆ ပေအကွာတွင်နေခြင်း
🔸Mask တပ်ခြင်း
🔸မလိုအပ်ပဲ အပြင်မသွားခြင်း
🔸လက်ဆေးခြင်း

🔷🔷🔷အိုမိုက်ခရွန် ပိုးကိုကာကွယ်နိုင်ဖို့ အားလုံးတစ်ဦးချင်းစီ ဂရုတစိုက်ကာကွယ်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါသည်🔷🔷🔷

Credit: ပြည့်စုံ အထူးကုဆေးခန်း

OMICRON နဲ့ပတ်သက်ပြီး သတိပေးပါရစေရှင်။     ⚠️ကိုဗစ်ဖြစ်ပြီးသွားလို့     ✅ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးထားလို့      ❌ မပေါ့ဆ...
25/01/2022

OMICRON နဲ့ပတ်သက်ပြီး
သတိပေးပါရစေရှင်။
⚠️ကိုဗစ်ဖြစ်ပြီးသွားလို့
✅ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးထားလို့
❌ မပေါ့ဆကြပါနဲ့။

မိတ်ဆွေထဲက ကိုဗစ်ဖြစ်ပြီး၊ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသားကို ထပ်ကူး ထပ်ဖြစ်ပါတယ်။
၂ ပတ်လောက် နှာရည်အရမ်းယိုပါတယ်။ နှာရည်ယိုတာကြာတော့ သွေးပါ ပါလာပါတယ်။
နားထဲကပါ အရည်တွေ ထွက်လာပါတယ်။
ခေါင်းအရမ်းကိုက်ပါတယ်။ မျက်နှာယောင်ယမ်းတဲ့အထိ ခံရပါတယ်။
DELTA VARIENT လို၊ အဆုတ်ကို တိုက်ရိုက် မထိပေမယ့် အောက်စီဂျင်လိုတဲ့သူ လိုကြပါတယ်။
တတိယအကြိမ်ဆေးထပ်ထိုးဖို့ လိုပါတယ်ရှင်။
မိမ်ိနဲ့တကွ မိသားစုကို ကာကွယ်ဖို့ သတိပေးပါရစေရှင်။

အားလုံးပဲ ကျန်းမာကြပါစေရှင်။

 #21အလှုရှင်တွေရဲ့ဆက်နေတဲ့ကုသိုလ်တွေ😇😇😇             ကျွန်မတို့အဖွဲ့ရဲ့ ဝီရိယကိုနှစ်သက်လို့ လာလှုကြတဲ့အလှုငွေပေါင်း #၁၈၀၄...
26/08/2021

#21အလှုရှင်တွေရဲ့ဆက်နေတဲ့ကုသိုလ်တွေ😇😇😇

ကျွန်မတို့အဖွဲ့ရဲ့ ဝီရိယကိုနှစ်သက်လို့ လာလှုကြတဲ့အလှုငွေပေါင်း
#၁၈၀၄၆၀၀၀ကျပ်ထဲက ၅,၂၀၀,၀၀၀ ကျပ် ကို အောက်စီဂျင်အိုးတွေ ဝယ်ခဲ့ပါတယ်။
မနေ့က ကတည်းက အောက်စီဂျင်အိုးကြီးတွေ တချို့တဝက် သိမ်းပြီးပါပြီ။
မနေ့ညက မိတ်ဆွေတယောက်ရဲ့ အောက်စီဂျင် အလှုကိုတွေ့ပါတယ်။ အိုးတွေလိုလား လို့ မေးလိုက်တော့ လိုနေပါတယ်။
အဲဒါနဲ့ ဒီနေ့ အိုးကြီး အလွတ်အလုံး ၂၀၊ အရည်ဖြည့်ပြီး ၅ အိုးကို သန်လျင်သဘာဝတရားရိပ်သာက ဝေဒနာရှင်တွေ အသက်ရှုဖြောင့်ဖို့ ကူညီခဲ့ပါတယ်။
တကယ့်အလှုရှင်က ကျွန်မ မဟုတ်ပါဘူး။ ပြည်သူတွေပါ။
ပြည်သူတွေအလှုကို ပြည်သူတွေ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ရင်း၊ ရှေ့ဆက် ကြုံရမယ့် သုခ ဒုက္ခတွေကို စိတ်ကောင်း စေတနာကောင်းတွေနဲ့ အတူတူရင်ဆိုင်ပြီး နေပျော်တဲ့ လူ့ပတ်ဝန်းကျင်တခုဖြစ်လာအောင် နိုင်ရာတာဝန်တွေ ထမ်းကြပါစို့ရှင်။😊😊😊
ဒီရည်ညွှန်းစာကတော့ အလှုရှင်စာရင်းပါရှင်။
တောင်းဆိုလို့ ကူညီတာမဟုတ်ပဲ အတန်တန်ငြင်းတဲ့ကြားက လာကူလို့ အင်မတန်ကျေးဇူးတင်ရပါကြောင်း🙏🙏🙏

https://cdn.fbsbx.com/v/t59.2708-21/240396511_335941174983895_3368638347249980733_n.pdf/21MO-2.pdf?_nc_cat=101&ccb=1-5&_nc_sid=0cab14&_nc_ohc=Pp99OQeFwgsAX8FTx_d&_nc_ht=cdn.fbsbx.com&oh=81bed32cb0c1d8ca1e08295eee885a59&oe=61296803&dl=1

21 Myanmar Oxygen ကို အများကူညီဖို့ စကတည်းက ကုန်ကျစရိတ်တွေကို ဘယ်လိုလုပ်မလဲ စဉ်းစားခဲ့ပါတယ်။         ဘယ်သူမဆို ခက်ခဲနေချ...
26/08/2021

21 Myanmar Oxygen ကို အများကူညီဖို့ စကတည်းက ကုန်ကျစရိတ်တွေကို ဘယ်လိုလုပ်မလဲ စဉ်းစားခဲ့ပါတယ်။
ဘယ်သူမဆို ခက်ခဲနေချိန်ဆိုတော့ ကူပါဦး လှုပါဦး ပြောမနေတော့ပဲ ကိုယ့်ရှိတာလေးနဲ့ ရုန်းပြီး မတတ်နိုင်မယ့်အချိန် လွှတ်ချမယ်လို့ ဆုံးဖြတ်ခဲ့တယ်။
ထူးဆန်းတာက လက်ထဲပတ်ဆံနည်းလာ၊ အောက်စီဂျင်လိုအပ်ချက်ကများလို့ ကုန်ကျစရိတ်များ၊ ဆက်လုပ်ဖို့ ကိုယ်ပိုင်တာတခုခု ရောင်းမယ်ကြံတိုင်း အတင်းလာလှုကြတဲ့ အလှုရှင်တွေရောက် ရောက်လာတာပါပဲ။
လှုကြတဲ့အလှုရှင်တွေထဲမှာ ရင်ကို အထိဆုံးအလှုရှင်က ဒီကလေးတွေရဲ့အလှုပါ။
ဘယ်နှစ်ယောက်မှန်း မသိပါဘူး။
ဘယ်သူတွေလည်း မသိပါဘူး။
ဘယ်ကမှန်းလည်း မသိပါဘူး။
စာအိတ်ကလေးနဲ့ အလှုငွေနဲ့ ပုံပြင်လေးတပုဒ် ထားခဲ့တယ်။❤️❤️❤️

" ဟိုးအရင်လတွေက စမ်းချောင်းမှာ အသက်ဘေးကလွတ်အောင် သူတို့ပြေးခဲ့ရပါတယ်၊ တချို့အိမ်တွေတံခါးပိတ်ပြီး
ကြောက်နေတဲ့အချိန် အန်တီတယောက်က သူ့အိမ်တံခါးကို ဖွင့်၊ ရှိသမျှ ကလေးအကုန် လက်ခံခဲ့ပါတယ်" တဲ့။
" အခု ဒီအလှုငွေကို သူတို့ကိုကယ်ခဲ့တဲ့
အန်တီ့အိမ်မှာ ကိုဗစ်ဖြစ်နေလို့ အဲဒီ့အန်တီကျေးဇူးဆပ်ချင်လို့ 21 Myanmar Oxygen ကို မုန့်ဖိုးလေးတွေ စုပြီး လာလှုတာပါ" တဲ့။

ဒီလို စိတ်ဓါတ်အဆင့်အတန်းမြင့်တဲ့ ကလေးတွေနဲ့ ထိုက်တန်တဲ့ နိုင်ငံတခုဖြစ်ဖို့ ကျွန်မတို့ လူကြီးတွေ ပိုကြိုးစားဖို့ တိုက်တွန်းပါရစေ။
ဒီကျေးဇူးတင်စာလေးကိုလည်း ကလေးတွေ ဘေးကင်းကင်းနဲ့ မြင်ကြတွေ့ကြပါစေ🙏🙏🙏

ဒီနေ့ အိုးလက်ခံကူညီတာ၊ ကိုဗစ်တတိယလှိုင်းရဲ့ နောက်ဆုံးနေ့ပါရှင်။          အိုးကြီးများကို စေတနာနဲ့ ငှားရမ်းထားသူများထံ ပြ...
24/08/2021

ဒီနေ့ အိုးလက်ခံကူညီတာ၊ ကိုဗစ်တတိယလှိုင်းရဲ့ နောက်ဆုံးနေ့ပါရှင်။
အိုးကြီးများကို စေတနာနဲ့ ငှားရမ်းထားသူများထံ ပြန်လည်ပို့ပေးသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် အောက်စီဂျင်နဲ့ မအားမလပ်ဖြစ်နေလို့ လုပ်ချင်ပေမယ့် မလုပ်လိုက်ရတဲ့ ကျန်းမာရေး၊ စီးပွားရေးပါမက သိသင့်မယ်ထင်တဲ့ သတင်းအချက်အလက်အမှန်တွေကို Page မှာ ဆက်လက်တင်ပေးသွားမှာပါ။
#အလိမ်ခံရသူတွေတွေ့တိုင်းကိုယ်ချင်းစာသလိုလိမ်စားသူတွေအတွက်နေရာကျဉ်းစေချင်လို့ပါ။

✅✅ ကျွန်မတို့အဖွဲ့ဟာ ကူညီနေစဉ်ကာလအတွင်း ငွေကြေးကိစ္စအရှုတ်အရှင်းမရှိသလို Page မှာတင်တဲ့ သတင်းအချက်အလက်တိုင်းအတွက် မည်သည့်လုပ်ငန်းဆီကမှ ငွေကြေးလက်ဆောင်ရယူလက်ခံမှာ မဟုတ်ပါဘူး။

✳️✳️ မှန်မှန်ကန်ကန်အလုပ်လုပ်နေတဲ့သူတိုင်းရဲ့ အချက်အလက်လေးတွေ အဖွဲ့ကို ပေးပို့ပေးပါရှင်။
ကိုယ်တိုင်ဆက်သွယ် စုံစမ်းပြီး ယုံကြည်စိတ်ချရရင် Page မှာ ဖော်ပြပေးပါ့မယ်။
ရသမျှအချိန်မှာ မှန်ကန်တဲ့စီးပွားရေးတွေလုပ်ကိုင်ပြီး ချမ်းသာကြပါစေရှင်🙏🙏🙏

မိမိမှာ ကိုဗစ်ကူးစက်ခံထားရပြီဟု သံသယရှိပါက ချက်ချင်းစစ်ဆေးဖို့လိုပါတယ် ။ လူစုလူဝေးမှခွဲထွက်၍ သီးသန့်နေထိုင်ကာ ရောဂါအဆက်ဖ...
23/08/2021

မိမိမှာ ကိုဗစ်ကူးစက်ခံထားရပြီဟု သံသယရှိပါက ချက်ချင်းစစ်ဆေးဖို့လိုပါတယ် ။
လူစုလူဝေးမှခွဲထွက်၍ သီးသန့်နေထိုင်ကာ ရောဂါအဆက်ဖြတ်ဖို့အတွက် မိမိတွင် ရောဂါရှိမရှိ သိဖို့ လိုအပ်ပါတယ် ။

𝘾𝙤𝙫𝙞𝙙 19 ရောဂါလက္ခဏာများ စတင်ခံစားလာရတဲ့အခါ 𝘼𝙣𝙩𝙞𝙜𝙚𝙣 𝙏𝙚𝙨𝙩 𝙆𝙞𝙩 များအသုံးပြု၍ စစ်ဆေးနိုင်ပါတယ် 🦠
ရောဂါလက္ခဏာပြသည့် 5ရက်မှ 7ရက် အတွင်းတွင် စစ်ဆေးနိုင်ပါတယ် ။
ရောဂါလက္ခဏာမပြသော်လည်း ကူးစက်နေနိုင်တာကို သတိပြုပါ။

𝙎𝙚𝙡𝙛 𝙏𝙚𝙨𝙩 𝙆𝙞𝙩 များသည် 100% အဖြေမှန်ပေးနိုင်မည်မဟုတ်ပါ။
စစ်တဲ့အခါ 𝙋𝙤𝙨𝙞𝙩𝙞𝙫𝙚 မထွက်သော်လည်း 𝘾𝙤𝙫𝙞𝙙 လူနာနှင့် ထိတွေ့မိထားသူများသည် လက္ခဏာပြသည်ဖြစ်စေ၊မပြသည်ဖြစ်စေ သီးသန့်ခွဲခြား နေထိုင်သင့်ပါတယ်

𝘼𝙣𝙩𝙞𝙗𝙤𝙙𝙮 𝙏𝙚𝙨𝙩 𝙆𝙞𝙩 နှင့်မမှားဖို့လည်း သတိပြုကြပါ ။ 𝘼𝙣𝙩𝙞𝙗𝙤𝙙𝙮 𝙏𝙚𝙨𝙩 𝙆𝙞𝙩 သည် ရောဂါကူးစက်ခံထားရပြီး နှစ်ပတ်ခန့်ကြာမှသာ မိမိတွင် ကိုယ်ခံအားထွက်မထွက် စစ်ဆေးခြင်းဖြစ်ပါတယ်။

𝘼𝙣𝙩𝙞𝙜𝙚𝙣 𝙏𝙚𝙨𝙩 𝙆𝙞𝙩 များတွင် 𝘾 𝙡𝙞𝙣𝙚 , 𝙏 𝙡𝙞𝙣𝙚 နှစ်မျိုးရှိပါတယ် ။
𝘾 သည် 𝘾𝙤𝙣𝙩𝙧𝙤𝙡 ဖြစ်ပြီး
စစ်ဆေးမှုမှန်ကန်၍ ပစ္စည်းအရည်အသွေးကောင်းမွန်လျှင် 𝘾 တွင် 𝙡𝙞𝙣𝙚 ပေါ်ရပါမယ် ။
𝙏 𝙡𝙞𝙣𝙚 ပေါ်လျှင် 𝙋𝙤𝙨𝙞𝙩𝙞𝙫𝙚 ဖြစ်ပါသည်။
တစ်နည်းအားဖြင့် 𝘾 𝙡𝙞𝙣𝙚 နှင့် 𝙏 𝙡𝙞𝙣𝙚 နှစ်ခုစလုံး ပေါ်မှ 𝙋𝙤𝙨𝙞𝙩𝙞𝙫𝙚 ဖြစ်ပါတယ် ။

အရည်သွေးမကောင်းသော 𝙏𝙚𝙨𝙩 𝙆𝙞𝙩 များကြောင့် 𝘾 𝙡𝙞𝙣𝙚 မပေါ်ကာ 𝙄𝙣𝙫𝙖𝙡𝙞𝙙 ပြခြင်း၊
𝙍𝙚𝙨𝙪𝙡𝙩𝙨 မှားယွင်းမှုများကြောင့် ကုသမှုနောက်ကျကာ အသက်အန္တရာယ်ထိခိုက်သည်အထိ ဖြစ်နိုင်ပါတယ် ။

အရည်သွေးကောင်းတဲ့ 𝘼𝙣𝙩𝙞𝙜𝙚𝙣 𝙏𝙚𝙨𝙩 𝙆𝙞𝙩 ရှိလား ?
သိပ်ရှိတာပေါ့ !

𝙆𝙤𝙧𝙚𝙖 နိုင်ငံတွင် ထုတ်လုပ်ပြီး 𝙒𝙃𝙊 အသိအမှတ်ပြုသည့် အပြင် 𝙎𝙞𝙣𝙜𝙖𝙥𝙤𝙧𝙚 နိုင်ငံတွင် ကိုယ်တိုင်စစ်ဆေးရန် အတွက် ပထမဆုံး အသိအမှတ်ပြုခံရသည့် 𝙗𝙧𝙖𝙣𝙙 ဖြစ်သည့် အတွက် ယုံကြည်စိတ်ချစွာသုံးစွဲနိုင်သော 𝙋𝙖𝙣𝙗𝙞𝙤 𝙍𝙖𝙥𝙞𝙙 𝙎𝙚𝙡𝙛 𝙏𝙚𝙨𝙩 𝙆𝙞𝙩 တွေ 𝙂𝙧𝙚𝙚𝙣 𝘾𝙡𝙤𝙫𝙚𝙧 မှာရှိနေပါပြီ ❤️

နှာခေါင်းထဲ 2 𝙘𝙢 လောက်သာထည့်ပြီး စစ်ဆေးနိုင်သဖြင့် ကျန်းမာရေးဝန်ထမ်း
မလိုပဲ အလွယ်တကူ စစ်ဆေးနိုင်ပါတယ် ✨ အသက်အရွယ်မရွေး အသုံးပြုနိုင်ပြီး 𝙃𝙞𝙜𝙝 𝙌𝙪𝙖𝙡𝙞𝙩𝙮 𝙋𝙧𝙤𝙙𝙪𝙘𝙩 ဖြစ်ပါတယ်

𝙎𝙞𝙣𝙜𝙖𝙥𝙤𝙧𝙚 နိုင်ငံမှ တိုက်ရိုက်တင်သွင်းရောင်းချခြင်း ဖြစ်သည့်အတွက်အရည်အသွေးနဲ့ သယ်ပို့မှုအတွက်ကတော့ စိတ်ချထားလိုက်နော် 🙆‍♂️💙

𝙋𝙧𝙞𝙘𝙚_ 𝙎𝙞𝙣𝙜𝙡𝙚 𝙋𝙖𝙘𝙠 20000 𝙈𝙈𝙆
( 10 )ခုပါ (1) 𝙗𝙤𝙭 190000 𝙈𝙈𝙆

𝙋𝙝𝙤𝙣𝙚 📱 09977160671
𝙑𝙞𝙗𝙚𝙧 09977160671
( သို့မဟုတ် )
Green Clover 𝙋𝙖𝙜𝙚 𝙈𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧 သို့ဆက်သွယ်မှာယူနိုင်ပါတယ် 🥰

ကျန်းမာရေးနှင့်ပတ်သက်သော သတင်းအချက်အလက်အမှန်များအား စပွန်ဆာမယူထားပဲ Sharing လုပ်ပေးခြင်းဖြစ်ပါသည်။

23/08/2021

21 ရက် နှင့် 22 ရက်တွင် တောင်ဥက္ကလာပ စုရပ် (စုရပ်၁) မှာ အပ်ထားသောအိုးများ လာရွေးလို့ရပါပြီ 🙆‍♂️💙

Address

70 B 5 F Shwegondai Bahan Yangon
Yangon

Telephone

+959885110893

Website

Alerts

Be the first to know and let us send you an email when 21 Myanmar Oxygen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to 21 Myanmar Oxygen:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram