NayLa Kabar-နေလကမ္ဘာဆေးဝါးထုတ်လုပ်ရေး

  • Home
  • NayLa Kabar-နေလကမ္ဘာဆေးဝါးထုတ်လုပ်ရေး

NayLa Kabar-နေလကမ္ဘာဆေးဝါးထုတ်လုပ်ရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NayLa Kabar-နေလကမ္ဘာဆေးဝါးထုတ်လုပ်ရေး, Pharmaceutical Company, No.88,91st street,Mingalar Taung Nyunt, .

🦵🏼ခန္ဓာကိုယ်ကွေးညွှတ်လှုပ်ရှားဖို့ အဓိကလှုပ်ဆောင်ပေးတဲ့ ဒူးဆစ်တွေဟာ အသက်အရွယ်ကြောင့်ဖြစ်စေ ထိခိုက်ခြင်းကြောင့်ဖြစ်စေ အနေ...
02/12/2025

🦵🏼ခန္ဓာကိုယ်ကွေးညွှတ်လှုပ်ရှားဖို့ အဓိကလှုပ်ဆောင်ပေးတဲ့ ဒူးဆစ်တွေဟာ အသက်အရွယ်ကြောင့်ဖြစ်စေ ထိခိုက်ခြင်းကြောင့်ဖြစ်စေ အနေအထိုင်မှားယွင်းမှုကြောင့်ဖြစ်စေ ဒဏ်ဖြစ်တတ်ပါတယ်။

🦵🏼ဒဏ်ဖြစ်သွားရင် ဒူးအရွတ်ရောင်ခြင်း၊ ဒူးနာခြင်း၊ ဒူးကိုက်ခြင်း၊ အဆစ်နေရာတောင့်တင်းခြင်း၊ အကွေးအဆန့်အဆင်မပြေခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။

🦵🏼ဒူးအဆစ်တွေ ဒဏ်ဖြစ်နေပြီဆိုရင် ရောင်ရမ်းခြင်းကိုလျော့ချပေးမည့် ဆေးများလိမ်းပေးပါ။ နွေးနွေးထွေးထွေးထားပါ။အပြင်းအထန်နှိပ်နယ်ခြင်းကို ရှောင်ကြဉ်ပါ။
ကိုယ်အလေးချိန်များနေပါက လျော့ချပါ။
အဆစ်တောင့်တင်းခြင်း ပြေလျော့ရန် သွေးပူအကြောလျော့လေ့ကျင့်ခန်းများ ပြုလုပ်ပေးပါ။

🦵🏼နေလကမ္ဘာက ထုတ်လုပ်ထားတဲ့ ဒဏ်ကြေဖျန်းဆေးမှာ ကြွက်သားရောင်ရမ်းခြင်းကို ဖြေလျော့ပေးနိုင်သော လေညှင်းဆီဖြင့် အဓိကဖော်စပ်ထားတာကြောင့် ဒဏ်မှန်သမျှကျေ ရောင်ရမ်းသမျှကိုပြေ စေမှာပါ။

🦵🏼တစ်နေ့လျှင် နှစ်ကြိမ် အသားထဲစိမ့်ဝင်အောင် လိမ်းပေးခြင်းဖြင့် ဒူးနာ ခါးနာ အဆစ်အမြစ် ကြွက်သား နာကျင်ခြင်းများကို သက်သာစေမှာပဲဖြစ်ပါတယ်။ သုံးရလွယ်အောင် ဖျန်းဆေးပုံစံဖြင့် ထုတ်လုပ်ထားပြီး 50ml ပါ တစ်ဗူးကို ၄၈၀၀/- ကျပ်နှင့် ဖြန့်ချိပေးထားပါတယ်နော်

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #သမားကိုင်ဆေး #တိုင်းရင်းဆေး #မြန်မာဆေး #ဒဏ်ကျေဖျန်းဆေး #ဒူးနာ #ခါးနာ #ကိုက်ခဲနာကျင်

💥လေးဖက်နာရောဂါကြောင့် အဆစ်အမြစ်တွေ ကိုက်ခဲခြင်းက အခုလိုရာသီအကူးအပြောင်းမှာ ပိုဆိုးတတ်ပါတယ်။💥လေးဖက်နာရဲ့ လက္ခဏာတွေဖြစ်တဲ့...
24/11/2025

💥လေးဖက်နာရောဂါကြောင့် အဆစ်အမြစ်တွေ ကိုက်ခဲခြင်းက အခုလိုရာသီအကူးအပြောင်းမှာ ပိုဆိုးတတ်ပါတယ်။

💥လေးဖက်နာရဲ့ လက္ခဏာတွေဖြစ်တဲ့ လက်ဆစ်ခြေဆစ်မှစလို့ ဒူးဆစ်တွေအထိ အဆစ်အမြစ်တွေ ရောင်ရမ်းကိုက်ခဲခြင်း၊ တောင့်တင်းခြင်း၊ ထုံကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း ၊ နံနက်ခင်းမှာ အကြောတွေ တောင့်တင်းနေခြင်းတွေကို လျော့ပါးသက်သာစေဖို့အတွက် ကျနော်တို့နေလကမ္ဘာကနေ အစွမ်းထက် လေးဖက်နာသောက်ဆေးကို ထုတ်လုပ်ထားပါတယ်။

💥အဆစ်အမြစ်နဲ့ပတ်သက်လာရင် အလွန်အစွမ်းထက်တဲ့ သဘာဝဆေးမြစ်ဆေးရွက်တွေဖြစ်တဲ့ ဆေးခါးကြီး၊ တောင်မရိုးနဲ့ သမြှားနီ ကနေ ဖော်စပ်ထုတ်လုပ်ထားတာဖြစ်လို့ ဘေးထွက်ဆိုးကျိုး နေ့စဉ်ပုံမှန်မှီဝဲနိုင်ပါတယ်။

📍အမြို့မြို့ဆိုင်တိုင်းမှာရှိတဲ့ ဆေးဆိုင်တွေမှာ ဝယ်ယူနိုင်သလို့ အွန်လိုင်းကနေလည်း အိမ်အရောက်ငွေချေစနစ်ဖြင့် မှာယူနိုင်ပါတယ်။

📍နေလကမ္ဘာ လေးဖက်နာသောက်ဆေးတစ်ဗူးမှာ အလုံး(၉၀)ပါဝင်ပြီး ၄၈၀၀/-ကျပ်ဖြင့် ဖြန့်ချိပေးလျက်ရှိပါတယ်။

#နေလကမ္ဘာ #လေးဖက်နာသောက်ဆေး #တိုင်းရင်းဆေး #သမားကိုင်ဆေး #နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

🔺ဝမ်းချုပ်တတ်သူတွေအတွက် ဝမ်းသွားစေဖို့ဆို ဝမ်းနှုတ်ဆေး၊ ဝမ်းပျော့ဆေး၊ ဝမ်းမှန်ဆေးတွေကို အားကိုးကြရတာပါပဲဒါပေမယ့် ဝမ်းအမြ...
18/11/2025

🔺ဝမ်းချုပ်တတ်သူတွေအတွက် ဝမ်းသွားစေဖို့ဆို ဝမ်းနှုတ်ဆေး၊ ဝမ်းပျော့ဆေး၊ ဝမ်းမှန်ဆေးတွေကို အားကိုးကြရတာပါပဲ

ဒါပေမယ့် ဝမ်းအမြဲချုပ်တတ်သူဆိုရင် ဝမ်းနှုတ်ဆေးတွေကို နေ့စဉ်/ မကြာခဏသောက်သင့်ရဲ့လားဆိုတာ စဉ်းစားရပါမယ်။🤨

🔻ဝမ်းနှုတ်ဆေးကို နေ့စဉ်/မကြာခဏသောက်ရင် ဘာတွေဖြစ်လာနိုင််မလဲ?
ဗိုက်ထဲလေပွခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျောခြင်း၊ ဝမ်းထိန်းမရခြင်း၊ အူကိုညစ်တာဖြစ်တဲ့အတွက် ဗိုက်ရစ်ခြင်း၊ ဗိုက်နာခြင်း၊ လေနှင့်ဝမ်းမကွဲခြင်း၊ ပျို့အန်ခြင်းတွေအထိဖြစ်နိုင်ပါတယ်။ ဝမ်းနှုတ်ဆေး သုံးပါများလာတဲ့အခါ အူတွေရဲ့ ပုံမှန် ညှစ်အားနဲ့ လှုပ်ရှားမှုတွေ လျော့ကျသွားပြီး ဝမ်းနှုတ်ဆေးမသုံးထားရင် ဝမ်းသွားလို့ မရတော့တာမျိုးတွေ ဖြစ်တတ်ပါတယ် ။

🔻ဒီတော့ ဝမ်းနှုတ်ဆေးရဲ့ ဆိုးကျိူးတွေသိပြီဆိုရင် ဝမ်းမှန်ဆေးကရော ဆိုးကျိုးမရှိနိုင်ဘူးလား?
ဟုတ်ကဲ့ … မရှိပါဘူး..
ဝမ်းမှန်ဆေးဆိုတာက တနေ့တာစားခဲ့သမျှကို ကူညီချေဖျက်ပေးပြီး ဝမ်းသွားတဲ့အချိန် အားမစိုက်ပဲ လွယ်ကူစေဖို့ကိုပဲ ထောက်ကူပေးတာပါ။ အူနံရံတွေကိုသုံးပြီး ညစ်ရတာမျိုးမဟုတ်တဲ့အတွက် ဗိုက်ရစ်၊ဗိုက်နာမရှိပါဘူး။ ဝမ်းအပျော့လွန်ပြီး ဝမ်းလျောတာ၊ ဝမ်းထိန်းမရတာမျိုးမရှိတာမို့ လေပွလေထခြင်းလဲ မဖြစ်စေပါဘူး။

ဒါဆို ဝမ်းနှုတ်ဆေး ရွေးမလား?
ဝမ်းမှန်ဆေး ရွေးမလား?
အခုပဲဆုံးဖြတ်လိုက်ပါ

နေလကမ္ဘာ ရှားစောင်းလက်ပတ်ဝမ်းမှန်ဆေး တစ်ဗူးကို ၄၈၀၀ ကျပ်ဖြင့် မှာယူနိုင်ပြီး မြန်မာနိုင်ငံအနှံ့ အိမ်အရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးနေပါတယ်။

“ဝမ်းပြဿနာကြောင့် စိတ်မရှုပ်ဖို့ ရှားစောင်းလက်ပတ်ဝမ်းမှန်ဆေးကို ညတိုင်းမှီဝဲကြည့်ပါ”

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ရှားစောင်းလက်ပတ်ဝမ်းမှန်ဆေး #ဝမ်းချုပ် #ဝမ်းမှန်

သင့်ရဲ့ တစ်နေ့တာ လန်းဖို့ ကြည်ဖို့ ပေါ့ပါးဖို့လိုနေပြီလား..🌼ခေါင်းမကြည်လင်၊ ဇက်လေးလံထိုင်းမှိုင်း၊ မျက်ရိုးကိုက်၊ မျက်ရည...
10/11/2025

သင့်ရဲ့ တစ်နေ့တာ လန်းဖို့ ကြည်ဖို့ ပေါ့ပါးဖို့လိုနေပြီလား..🌼

ခေါင်းမကြည်လင်၊ ဇက်လေးလံထိုင်းမှိုင်း၊ မျက်ရိုးကိုက်၊ မျက်ရည်ပူကျ၊ အမြင်အာရုံစူးစိုက်မရ၊ ခြေလက်ထုံကျင်၊ လှုပ်ရှားမှာအားနည်းခြင်းတွေ ကြုံနေရပြီလား…😇

ဒါဆိုရင် နေလကမ္ဘာကထုတ်လုပ်ထားတဲ့ အာရုံကြောအားတိုးဆေးကို ပုံမှန်မှီဝဲကြည့်ပါ။ အကြောအားတိုးလို့ စိတ်ကြည်လင်လန်းဆန်း ပေါ့ပါးသွက်လက်စေမှာပါ။

နေလကမ္ဘာ အာရုံကြောအားတိုးဆေးကို မြန်မာ့တိုင်းရင်းသမားတော်ကြီးများကိုယ်တိုင် ဓာတ့ပစ္စည်းလုံးဝမပါဝင်ပဲ တိုင်းရင်းပရဆေးစစ်စစ်များနှင့်သာစီမံထုတ်လုပ်ထားတဲ့ သမားကိုင်ဆေးစွမ်းကောင်း တစ်လက်ဖြစ်ပါတယ်

🔺မှာယူလိုပါက အလုံး(၁၈၀)ပါတစ်ဗူးလျှင် ၇၅၀၀/-ကျပ်ဖြင့် Page chatbox မှတဆင့် မြန်မာနိုင်ငံအနှံ့ အိမ်အရောက်ငွေချေစနစ်ရှိပြီး မြို့နယ်အလိုက်နီးစပ်ရာဆေးဆိုင်များကိုလညိး လမ်းညွှန်ပေးနေပါတယ်နော်

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #အာရုံကြောအားတိုးဆေး #ဇက်ကြောတက် #နောက်ကျောထိုး #မျက်ရိုးကိုက် #မျက်စိပူ #မြန်မာဆေး #တိုင်းရင်းဆေး #သမားကိုင်ဆေး

သင့်မှာကျောက်တည်နေပြီလို့ သိရှိပြီးတဲ့အခါ ဘာကြောင့်ဖြစ်တာလဲနှင့် ဘယ်လိုကျောက်အမျိုးအစားဖြစ်နေတာလဲဆိုတာပါ သိရှိထားသင့်ပါတ...
05/11/2025

သင့်မှာကျောက်တည်နေပြီလို့ သိရှိပြီးတဲ့အခါ ဘာကြောင့်ဖြစ်တာလဲနှင့် ဘယ်လိုကျောက်အမျိုးအစားဖြစ်နေတာလဲဆိုတာပါ သိရှိထားသင့်ပါတယ်။

ဆီးကျောက်တွေကို
🔺ကယ်ဆီယမ်ကျောက် (Calcium Stone)
🔺စတူးဗိုက်ကျောက် (Struvite Stone)
🔺ယူရစ်အက်စစ်ကျောက် (Uric acid Stone) နဲ့
🔺စစ်စတင်းကျောက် (Cysteine Stone) ဆိုပြီး အကြမ်းဖျင်းခွဲထားလို့ရပါတယ်။

👉🏼ကယ်ဆီယမ်ကျောက်မှာ ၂မျိုး ပြန်ခွဲလို့ရပါတယ်။ ကယ်ဆီယမ်ဓာတ်ကို အသည်းကနေလည်း ထုတ်ပေးသလို အသီးအရွက်တွေ၊ အစေ့အဆန်တွေ၊ ချောကလက်၊ လက်ဖက်ခြောက် စတာတွေမှာလည်း အများကြီးပါပါတယ်။ နောက်ပြီး ဗီတာမင်ဒီတွေ အလွန်အကျွံသောက်တာ၊ အူလမ်းကြောင်း ဖြတ်ဆက်လုပ်ထားတာတွေကြောင့် ဖြစ်ပြီး ထုံးဓာတ်များတဲ့ရေကိုသောက်နေရင်လည်း Calcium oxalate ကျောက်တည်တတ်ပါတယ်။

နောက်တမျိုးက ရောဂါတစ်ခုခုကြောင့် ကျောက်ကပ်အက်စစ်ကို မထိန်းနိုင်တာ၊ အတက်ကျဆေးတချို့သုံးနေရတာ၊ ခေါင်းတခြမ်းကိုက်ပျောက်ဆေးတွေကြောင့် Calcium phosphate ကျောက်တည်နိုင်ပါတယ်။

👉🏼Struvite stone အမျိုးအစားကတော့ ကျောက်ကပ်မှာ တွေ့ရတာ များပါတယ်။ ကျောက်အရွယ်အစားကြီးပြီး သမင်ဂျိုလို အတက်တွေ ထွက်နေလို့ Struviteလို့ ခေါ်တာပါ။ ဒါကိုတော့ ဆီးလမ်းကြောင်း ပိုးဝင်တတ်သူတွေမှာ တွေ့ရတတ်ပါတယ်။ ဆီးပိုးဝင်စေတဲ့ ဘက်တီးရီးယားက အမိုးနီးယားတွေ ထုတ်တာကြောင့် ကျောက်တည်လာတာပါ။

👉🏼သွေးထဲမှာ ယူရစ်အက်စစ်များရာကနေ ဆီးထဲထိရောက်ပြီး အနည်ကျဖြစ်လာတဲ့ကျောက်ကို Uric acid stone ကျောက်အမျိုးအစားတည်တတ်ပါတယ်။ နာတာရှည် ဝမ်းလျှောတဲ့သူတွေ၊ ဂေါက်ရောဂါရှိသူတွေ၊ ကင်ဆာဆေးသွင်းကုသမှု ခံယူသူတွေ၊ အသားစားများတဲ့သူတွေ၊ ယူရစ်အက်စစ်များတဲ့ အစားအစာ အစားများတဲ့သူတွေမှာ တွေ့ရပါတယ်။

👉🏼Cysteine ကျောက်အမျိုးအစားကတော့ တွေ့ရခဲပါတယ်။ Cystineလို့ ခေါ်တဲ့ အမိုင်နိုအက်စစ်တွေ ဆီးထဲပါလာလို့ ဖြစ်တာပါ။ မျိုးရိုးလိုက်ရောဂါတစ်မျိုး ဖြစ်တဲ့ Cystine ဆီးထဲမှာ ပါတဲ့ ရောဂါ Cystinuria မှာ တွေ့ရတတ်ပါတယ်။

ဒါကတော့ ဆီးကျောက်အမျိုးအစားနဲ့ ဖြစ်စေတဲ့ အကြောင်းရင်းတွေပါ။ ဆီးကျောက်က ဘာအမျိုးအစားပဲ ဖြစ်ဖြစ် တူညီတာတစ်ခုက ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းမှာ ဓာတ်သတ္တုအမှုန်တွေ များလာပြီး အနှစ်ကျလို့ ကျောက်တည်တာပါပဲ။

ဒါကြောင့် ကျောက်ရှိနေပြီဆိုတာနဲ့ ချေဖျက်ပြီး ဆီးနှင့်အတူစွန့်ထုတ်နိုင်ဖို့ နေလကမ္ဘာရဲ့ ဆီးကျောက်ကြေဆေးကို ပုံမှန်သောက်သုံးပါ။ ရေများများသောက်ပြီး ဆီးများများစွန့်နိုင်ရန် လုပ်ဆောင်ပါ။ ကျောက်အမျိုးအစား၊ အရွယ်အစားပေါ်မူတည်ပြီး ကုသရန်ကြာချိန်ကွာခြားတာကြောင့် ပုံမှန်သောက်ပေးပါ။

🔺အလုံး ၁၈၀ ပါ ဆေးတစ်ဗူးလျှင် (၇၅၀၀ကျပ်)နှင့် ဝယ်ယူနိုင်ပါပြီဗျ

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ဆီးကျောက်ကြေဆေး

ယနေ့ကျရောက်သော ဆေးပေါင်းခသည့် တန်ဆောင်မုန်းလပြည့် ❝သာမညဖလ အခါတော်နေ့❞ မှာ နေလကမ္ဘာရဲ့ သုံးစွဲသူများနှင့် မိဘပြည်သူအပေါင်...
03/11/2025

ယနေ့ကျရောက်သော ဆေးပေါင်းခသည့် တန်ဆောင်မုန်းလပြည့် ❝သာမညဖလ အခါတော်နေ့❞ မှာ နေလကမ္ဘာရဲ့ သုံးစွဲသူများနှင့် မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကာ ဘေးဘယာအပေါင်းမှ ဝေးကွာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ…🙏


#မြန်မာတိုင်းရင်းဆေး #ဆေးပေါင်းခသည့်ည #တန်ဆောင်မုန်းလပြည့် #သာမညဖလအခါတော်နေ့

တိုင်းရင်းသမားကိုင်ဆေးစစ်စစ်ဖြစ်လို့ ယုံကြည်စိတ်ချစွာ မှီဝဲနိုင်တဲ့ နေလကမ္ဘာတိုင်းရင်းဆေးဝါးများ🤗နေလကမ္ဘာ အာရုံကြောအားတိ...
31/10/2025

တိုင်းရင်းသမားကိုင်ဆေးစစ်စစ်ဖြစ်လို့ ယုံကြည်စိတ်ချစွာ မှီဝဲနိုင်တဲ့ နေလကမ္ဘာတိုင်းရင်းဆေးဝါးများ🤗

နေလကမ္ဘာ အာရုံကြောအားတိုးဆေး၊ လေးဖက်နာသောက်ဆေး၊ ဆီးကျောက်ကြေဆေး၊ ရှားစောင်းဝမ်းမှန်ဆေး၊ ဒဏ်ကျေဖျန်းဆေး တို့ကို အရည်အသွေး ပြည့်မီတဲ့ တိုင်းရင်းဆေးပင်၊ ပရကုန်ကြမ်းစစ်စစ်တွေနဲ့တိုင်းရင်းသမားတော်ကြီးများကိုယ်တိုင် ဖော်စပ်ထားတာဖြစ်လို့ စိတ်ချယုံကြည်စွာ မှီဝဲနိုင်ပါတယ်ခင်ဗျာ

💥ခေါင်းကိုက်၊ ဇက်လေး၊ အကြောတက်၊ မျက်ရိုးကိုက် ဝေဒနာတွေအတွက် နေလကမ္ဘာ အာရုံကြောအားတိုးဆေး

💥အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲ နာကျင်ခြင်းများအတွက် နေလကမ္ဘာ လေးဖက်နာသောက်ဆေး

💥ကျောက်ကပ်ကျောက်တည်၊ ဆီးလမ်းကြောင်းကျောက်တည်၊ ဆီးပူ ဆီးအောင့်ဝေဒနာများအတွက် နေလကမ္ဘာဆီးကျောက်ကြေဆေး

💥ဗိုက်ရစ်ဗိုက်နာခြင်းမရှိပဲ ဝမ်းပုံမှန်ဖြစ်စေဖို့ ကူညီပေးမယ့် နေလကမ္ဘာ ရှားစောင်းဝမ်းမှန်ဆေး

💥ဒူးနာ ခါးနာ ကြွက်သားနာကျင်ခြင်းများကိုပြေလျော့စေမယ့် နေလကမ္ဘာ ဒဏ်ကျေဖျန်းဆေး

အစရှိသော အစွမ်းထက်တိုင်းရင်းဆေးဝါးများကို မြန်မာနိုင်ငံအနှံ ထုတ်လုပ်ဖြန့်ချိပေးလျက်ရှိပါတယ်ဗျ

လက်လီဖြစ်စေ လက်ကားဖြစ်စေ ဝယ်ယူလိုပါက Page Messenger မှဖြစ်စေ ရုံးဖုန်း 09444675026 ကိုဖြစ်စေ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျ

“သင့်ကျန်းမာရေးကို စောင့်ရှောက်ဖို့ နေလကမ္ဘာဆေးဝါးများက အမြဲအသင့်ရှိနေပါတယ်”

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #အာရုံကြောအားတိုးဆေး #ရှားစောင်းလက်ပတ်ဝမ်းမှန်ဆေး #ဒဏ်ကျေဖျန်းဆေး #လေးဖက်နာသောက်ဆေး #နှလုံးအားဆေး #ဆံပင်သန်ဆေး #ဆီးကျောက်ကြေဆေး

နေလကမ္ဘာရဲ့ရှားစောင်းဝမ်းမှန်ဆေးနဲ့သာဆို ဝမ်းသွားဖို့ အထူးတလည် ကြိုးစားနေစရာ မလိုတော့ဘူးနော် … 😁ဝမ်းချုပ်၊ ဝမ်းခိုင်၊ ဝမ...
28/10/2025

နေလကမ္ဘာရဲ့ရှားစောင်းဝမ်းမှန်ဆေးနဲ့သာဆို ဝမ်းသွားဖို့ အထူးတလည် ကြိုးစားနေစရာ မလိုတော့ဘူးနော် … 😁

ဝမ်းချုပ်၊ ဝမ်းခိုင်၊ ဝမ်းသွားရခက်ခဲတာ
စမြင်းခံတာ၊ ဝမ်းသွားသွေးပါတာ
ခံတွင်းနံ့ပြင်းတာ၊ အပူကန်၊ ဝက်ခြံအဖုအပိန့်ထွက်တာတွေကို သူနဲ့သာဆို အေးဆေးဖြစ်ပြီပေါ့ 👍🏼

နေလကမ္ဘာ ရှားစောင်းလက်ပတ်ဝမ်းမှန်ဆေးမှာဆိုရင် ရှားစောင်းကရသော မုတ်ခါး၊ မက်လင်ချဉ်၊ ပွေးကိုင်းတို့လို သဘာဝပစ္စည်းများနှင့်သာ ဖော်စပ်ထားပြီး နေ့စဉ်ဝမ်းမှန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

နေ့စဉ်ပုံမှန်ညအိပ်ရာမဝင်ခင် သောက်သုံးပေးနိုင်ပြီး ဗိုက်ရစ်ဗိုက်နာခြင်းမရှိပဲ ပေါ့ပါးလန်းဆန်းဖို့ ကူညီပေးနိုင်ပါတယ်နော်

တစ်ဗူးလျှင် ၄၈၀၀ ကျပ်ဖြင့် အိမ်အရောက်မှာယူနိုင်ပါတယ်နော်

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ရှားစောင်းလက်ပတ်ဝမ်းမှန်ဆေး #ဝမ်းချုပ် #ဝမ်းမှန်

💥အာရုံကြောတွေအားနည်းနေပြီဆိုရင် ခြေလက်ထုံကျင်တာ၊  လေးလံထိုင်းမှိုင်းတာ၊ အမြင်မကြည်လင်တာ၊ ခေါင်းကိုက်ပြင်းထန်တာတွေအပြင် အ...
26/10/2025

💥အာရုံကြောတွေအားနည်းနေပြီဆိုရင် ခြေလက်ထုံကျင်တာ၊ လေးလံထိုင်းမှိုင်းတာ၊ အမြင်မကြည်လင်တာ၊ ခေါင်းကိုက်ပြင်းထန်တာတွေအပြင် အခြေအနေဆိုးဝါးပါက ဦးနှောအာရုံကြောထိခိုက်တာ၊ လေဖြတ်လေငန်းတွေအထိဖြစ်နိုင်ပါတယ်။

❌ဒါကြောင့် အာရုံကြောအားနည်းတဲ့ဝေဒနာတွေခံစားနေရပြီဆိုရင် အအေးခံခြင်း၊ အအေးစာများစားသုံးခြင်း၊ အိပ်ရေးပျက်ခံခြင်း၊ တက်စာများစားလွန်းခြင်း၊ ဆေးလိပ် အရက် ကွမ်းစားသုံးခြင်၊ ဖုန်း တီဗီ ကွန်ပြူတာအကြည့်များခြင်းကို အတတ်နိုင်ဆုံးရှောင်ပါ။

အာရုံကြောအားများကို မြှင့်တင်ပေးနိုင်သောဆေးများကို ပုံမှန်သောက်သုံးခြင်းအပြင်
🔺ပိုတက်စီယမ် ကြွယ်ဝသော ငှက်ပျောသီး၊ လိမ္မော်သီး၊ သလဲသီးနှင့် ဆီးသီးများ
🔺ကယ်လ်စီယမ်ဓာတ်မြင့်မားသော နို့၊ အရွက်စိမ်းနှင့် ဥများ
🔺ဗီတာမင် B12 ပါဝင်သော အမဲသား၊ ကြက်၊ ဥနှင့့်ပင်လယ်စာများ
🔺Omega-3 Fatty acid ပေးနိုင်သော ငါးတွေက အာရုံကြောကျန်းမာရေးကို အထောက်အကူပြုနိုင်တာမို့ ဂရုပြုစားသုံးပေးရပါမယ်။

💥ကျွန်တော်တို့နေလကမ္ဘာအာရုံကြောအားတိုးဆေးကို မြန့်မာဂျင်းဆင်းလို့ခေါ်တဲ့ တောင်ကြာဥ၊ နနွင်းခါးတို့နှင့်အတူ အစွမ်းထက်တိုင်းရင်းဆေးပင်များနှင့်သာဖော်စပ်ထုတ်လုပ်ပေးထားပါတယ်။ ဒါကြောင့် အာရုံကြောပြဿနာများအတွက်ဆို နေလကမ္ဘာကိုသာ သတိရလိုက်ပါခင်ဗျ

💥အလုံး(၁၈၀)ပါတစ်ဗူးကို ၇၅၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံအနှံ အိမ်အရောက်ငွေချေစနစ်ဖြင့် မှာယူနိုင်ပါပြီဗျာ

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #အာရုံကြောအားတိုးဆေး

✨🪔  ယနေ့ကျရောက်သော ဒီပါဝလီ (Diwali) နေ့မှာ ကိုယ်စိတ်နှလုံးကျန်းမာရွှင်လန်းကြပြီး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေကြောင်း နေလကမ...
20/10/2025

✨🪔 ယနေ့ကျရောက်သော ဒီပါဝလီ (Diwali) နေ့မှာ ကိုယ်စိတ်နှလုံးကျန်းမာရွှင်လန်းကြပြီး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေကြောင်း နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။

🗿ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်တလျောက်မှာ ကျောက်တည်ရခြင်းက နေ့စဉ်စားသောက်နေတဲ့ထဲမှာ အငန်ဓာတ်၊ သတ္ထုဓာတ်များလွန်းတာ ရေသောက...
19/10/2025

🗿ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်တလျောက်မှာ ကျောက်တည်ရခြင်းက နေ့စဉ်စားသောက်နေတဲ့ထဲမှာ အငန်ဓာတ်၊ သတ္ထုဓာတ်များလွန်းတာ ရေသောက်နည်းလွန်းတာတွေအပြင် တခြားသောအကြောင်းအရင်းများစွာလဲရှိပါတယ်။

🧂မလိုအပ်တဲ့ ဆားဓာတ် သတ္ထုဓာတ်တွေကို ဆီးနှင့်အတူစွန့်ထုတ်ဖို့ မလုပ်နိုင်တော့တဲ့အခါ အနည်ထိုင်ပြီး ကျောက်များအဖြစ်ပြောင်းလဲသွားတာဖြစ်ပါတယ်။

🗿ဒီလို ကျောက်တည်တာကြောင့် ဆီးသွားရခက်တာ နာကျင်တာမျိုး ဖြစ်မယ့်အပြင် ကျောက်တည်တဲ့နေရာဝန်းကျင်မှာ ဆီးတွေအိုင်နေပြီး ဆီးလမ်းကြောင်းပိုးဝင်တာ၊ ပိုးဝင်တာကို မထိန်းနိုင်တဲ့အခါ နောက်ပိုင်း ပိုးဆိပ် ပြန့်တာတွေအထိ ဆိုးဆိုးဝါးဝါးဖြစ်သွားနိုင်ပါတယ်။

💎နေလကမ္ဘာဆီးကျောက်ကြေဆေးမှာ ပါဝင်တဲ့ကျောက်ကွဲရွက်၊ သံမနိုင်ကျော်မနိုင်တို့က ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းမှာဖြစ်နေတဲ့ကျောက်တွေကို ချေဖျက်ပေးပြီး ဆီးနှင့်အတူစွန့်နိုင်အောင် ထောက်ပံ့ပေးပါတယ်။
🔺တစ်နေ့လျှင် (၂)ကြိမ် ၊ တစ်ကြိမ် ဆေး(၅)ပြား ပုံမှန်သောက်ပေးခြင်းဖြင့် ကျောက်တွေကိုရှင်းထုတ်နိုင်ပါပြီ။
တန်ဖိုးအနေဖြင့် ဆေးပြား(၁၈၀)ပါတစ်ဗူးလျှင် ၇၅၀၀ကျပ်ဖြင့် အိမ်အရောက်ငွေချေစနစ်ဖြင့် မှာယူရရှိနိုင်သလို အမြို့မြို့အနယ်နယ်ရှိဆေးဆိုင်များတွင်လည်း ဝယ်ယူရရှိနိုင်ပါပြီ

#ဆီးကျောက်ကြေဆေး #မြန်မာဆေး #တိုင်းရင်းဆေး #သမားကိုင်ဆေး #နေလကမ္ဘာ

ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယ မှာ မိဘပြည်သူအပေါင်း ကျန်းမာသုခနှင့်ပြည့်စုံပါစေကြောင်း နေလကမ္ဘာမိသားစုမှ ဆုတောင်းမေတ္တာပို...
06/10/2025

ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယ မှာ မိဘပြည်သူအပေါင်း ကျန်းမာသုခနှင့်ပြည့်စုံပါစေကြောင်း နေလကမ္ဘာမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
#သီတင်းကျွတ်လပြည့်

Address

No.88,91st Street,Mingalar Taung Nyunt

11221

Opening Hours

Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Saturday 09:00 - 16:00

Telephone

+959444675026

Website

Alerts

Be the first to know and let us send you an email when NayLa Kabar-နေလကမ္ဘာဆေးဝါးထုတ်လုပ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to NayLa Kabar-နေလကမ္ဘာဆေးဝါးထုတ်လုပ်ရေး:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram