14/11/2025
“𝐖𝐨𝐫𝐥𝐝 𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐃𝐚𝐲”
🗓ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ရေးနေ့ , ၁၄ နိုဝင်ဘာ ၂၀၂၅
ဆီးချိုသွေးချိုရောဂါဟာ “𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐚𝐜𝐫𝐨𝐬𝐬 𝐥𝐢𝐟𝐞 𝐬𝐭𝐚𝐠𝐞𝐬” ဆိုတဲ့ အတိုင်း ကလေးလူကြီးမရွေးဖြစ်ပွားနိုင်ပါတယ်
📌ဒါကြောင့် ဆီးချိုသွေးချိုရောဂါ (၁)နှင့် (၂) ဖြစ်ပွားနိုင်သော ရှေ့ပြေးလက္ခဏာများ တွေကို ဖော်ပြပေးလိုက်ပါတယ်
❗️ပုံမှန်ထက် ရေမကြာခဏဆာခြင်း
❗️မကြာခဏဆီးသွားခြင်း
❗️အကြောင်းအရင်းမရှိ ကိုယ်အလေးချိန်ကျဆင်းခြင်း
❗️ပင်ပန်းနွမ်းနယ်ခြင်း
❗️အမြင်အာရုံမကြည်လင်ခြင်း/ဝေဝါးခြင်း
❗️အနာကျက်ရန် အချိန်ကြာမြင့်ခြင်း
ဖော်ပြပါ လက္ခဏာများကို သတိပြုမိပါက သက်ဆိုင်ရာဆရာဝန်ကြီးများနှင့် ဆွေးနွေးကုသမှုခံယူသင့်ပါတယ်
🚨ဆီးချိုသွေးချိုရောဂါဟာ ပျောက်ကင်းဖို့ခက်ခဲတဲ့ နာတာရှည်ရောဂါတစ်မျိုးဖြစ်တာမို့ ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့လိုပါတယ်။
နှစ်စဉ် နိုဝင်ဘာလ (၁၄) ရက်နေ့ကို ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ရေးနေ့ ဖြစ်သတ်မှတ်ပြီး ဆီးချိုသွေးချိုရောဂါမဖြစ်ပွားစေဖို့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလုပ်ဆောင်လေ့ရှိကြပါတယ်။
ဒီနေ့မှာ ကျရောက်တဲ့ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ရေးနေ့ ကစလို့ သကြားဓါတ်စားသုံးမှုကို လျော့ချခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ဆီးချိုရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ပြီး ကျန်းမာတဲ့ဘဝတွေပိုင်ဆိုင်နိုင်ကြပါစေကြောင်း 𝐃𝐞𝐧𝐤 𝐏𝐡𝐚𝐫𝐦𝐚 𝐏𝐚𝐠𝐞 မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။