Aphrodite for Women's Health

  • Home
  • Aphrodite for Women's Health

Aphrodite for Women's Health Dedicated healthcare for the women of Myanmar.
ကျန်းမာပြီး ပိုမို?

အမျိုးသမီးကျန်းမာရေးနဲ့ တိုက်ရိုက်ဆိုင်တာမဟုတ်ပေမယ့်လည်း ကျန်းမာရေးနဲ့ဆိုင်တဲ့ကိစ္စဖြစ်နေတော့ ရေးလိုက်ရပါတယ်.....အောက်ကပ...
16/05/2024

အမျိုးသမီးကျန်းမာရေးနဲ့ တိုက်ရိုက်ဆိုင်တာမဟုတ်ပေမယ့်လည်း ကျန်းမာရေးနဲ့ဆိုင်တဲ့ကိစ္စဖြစ်နေတော့ ရေးလိုက်ရပါတယ်.....

အောက်ကပုံမှာပါတဲ့ဆေးအမျိုးအစားဟာ ဂေါက်ရောဂါကိုကုသတဲ့နေရာမှာ အသုံးပြုနိုင်တယ်လို့ ဆရာဝန်များ ညွှန်ကြားထားခြင်း လုံးဝမရှိပါ။

ကြော်ငြာခရတယ်ဆိုရင် ဘယ်လိုအန္တရာယ်ရှိနိုင်မှန်းမသိပဲ ပိုက်ဆံရရင်ပြီးရောဆိုတဲ့စိတ်နဲ့ ကြော်ငြာပေးတဲ့ ကျင့်ဝတ်မသိ ကျင့်ဝတ်မရှိတဲ့ celebrity တွေကလည်း အစုလိုက်အပြုံလိုက်ကို ရှိပါတယ်.....

ကြော်ငြာတိုင်း ကောင်းတယ်မထင်ပါနဲ့......

ကျန်းမာရေးကိစ္စနဲ့ဆိုင်တဲ့ အစားအစာ ဆေးဝါးတွေကို သောက်သုံးမှီဝဲမယ်ဆိုရင် ဆရာဝန်တွေကို အရင်တိုင်ပင်ကြည့်သင့်ပါတယ်.....

မတိုင်ပင်မိလို့ မှားသွားရင် ထိခိုက်နိုင်တာက ကိုယ့်ကျန်းမာရေး ကိုယ့်အသက်ပါ.....

နောက်တစ်ခု မှတ်စရာလေးပြောချင်တာက ဒီရောဂါသမားဆို ဒီဆေးသောက်ရတယ်ဆိုပြီး တရားသေမှတ်လို့မရပါဘူး...ရောဂါတစ်ခုချင်းစီမှာ ပေးလို့ရတဲ့ ဆေးအမျိုးအစား များစွာရှိပါတယ်....အသက်အရွယ်၊ ရောဂါအဆင့်၊ တခြားရောဂါရှိမရှိ၊ဆေးအပေါ် တုံ့ပြန်မှုကောင်း မကောင်း...အစရှိတဲ့အချက်တွေအပေါ်မူတည်ပြီး ဘယ်ဆေးပေးမလဲ၊ ဘယ်လောက်ပမာဏပေးမလဲ ချင့်ချိန်ရပါတယ်။

****"ငါလည်း ဒီရောဂါဖြစ်တာ ဒီဆေးနဲ့သက်သာတယ်....နင်လည်းသောက်ကြည့်ပါလား" ဆိုပြီး "ဆေးညွှန်းခြင်း" လုံးဝမလုပ်သင့်ကြောင်းကိုလည်း သတိပေးအပ်ပါတယ်။

ကိုယ်တဲ့အဆင်ပြေတဲ့ဆေးဟာ သူ့အတွက် အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ အခန့်မသင့်ရင် ဘေးဖြစ်သွားနိုင်ပါတယ်။ စေတနာက ဝေဒနာ ဖြစ်သွားနိုင်ပါတယ်။

အတုအယောင် အလိမ်အညာများမှ လွတ်ကင်းနိုင်ကြပါစေ...

Dr. K

Address


Website

Alerts

Be the first to know and let us send you an email when Aphrodite for Women's Health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aphrodite for Women's Health:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram