Hmwe Pharmacy

  • Home
  • Hmwe Pharmacy

Hmwe Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hmwe Pharmacy, Medical and health, .

ဆေးလေးတွေထပ်ဖြည့်ထားတယ်နော်
15/02/2025

ဆေးလေးတွေ
ထပ်ဖြည့်ထားတယ်နော်

24/11/2024
17/01/2023

ယေဘူယျအားဖြင့်တော့ အနံ့ပြင်းတဲ့ အစားအစာ
တွေက မဗိုက်တို့ကို ပျို့အန်ချင်စိတ်ဖြစ်စေပါတယ်။
မဗိုက်တို့ သတိမထားမိတဲ့ ပျို့အန်ချင်စိတ်ဖြစ်စေမယ့် အကြောင်းအရာတွေရှိနေပါတယ်။ဥပမာ တင်း ကျပ်လွန်းတဲ့အဝတ်အစား ဝတ်ထားချိန်မျိုးပေါ့။ပရီနာဂင်က မဗိုက်တို့သိထားသင့်တဲ့ ပျို့အန်ချင်စိတ်ဖြစ်စေမယ့်အရာ (၃) ခုကို ပုံမှာ မျှဝေထားပါတယ်နော်။ကြည့်လိုက်ရအောင်ပါ။

ဘယ်လို အကြောင်းနဲ့ ပျို့အန်ချင်စိတ်ဖြစ်ဖြစ် ပရီနာဂင်ကို နေ့စဥ်သောက်သုံးပေးခြင်းဖြင့် ပျို့အန်ချင်စိတ်ကို လျော့ပါးစေပါမယ်။ပရိုတင်းနဲ့ ဗီတာမင် B6 ပါဝင်နေတဲ့ ပရီနာဂင်ကို နေ့စဥ်မှန်မှန်သောက်ပြီး ပျို့အန်ခြင်းကနေ ကင်းဝေးလိုက်ကြရအောင်ပါ။အနံ့အရသာကောင်းမွန်တာကြောင့် မဗိုက်တို့နှစ်ခြိုက်မှာ သေချာပါတယ်။

https://t.me/joinchat/kCnHOwtfoMwxZTM9
Prenagen ရဲ့ telegram group ​လေးကို join ပြီး ​မေ​မေတို့ ဗဟုသုတ တိုးမဲ့ အ​ကြောင်းအရာ​တွေကို ​လေ့လာနိုင်သလို ​မေ​မေတို့ သိရှိလိုသည်များကိုလဲ ​မေးမြန်းနိုင်ပါတယ် ... ​မေ​မေတို့ အချင်းချင်းလဲ ဗဟုသုတ​တွေ မျှ​ဝေလို့ ရတယ်​နော် ....😊😊😊
www.prenagen.com



17/01/2023

"ခေတ်ဆိုးခေတ်ပျက်ကာလမှာ စိတ်ကျန်းမာအောင် ဘယ်လိုနေမလဲ”

◾️ဒီကာလမှာ ကျွန်တော်တို့ တော်တော်များများရဲ့ စိတ်ပိုင်းဆိုင်ရာဟာ အဆင်ပြေမနေကြပါဘူး။ အဓိက အကြောင်းရင်းအနေနဲ့ ၂ ချက် တွေ့ရပါတယ်။

ပထမတစ်ခုကတော့ မရေရာ မသေချာမှု (Uncertainty) ပါ။ ဘယ်နေ့ ဘာဖြစ်မယ် မသိဘူး။ ဒီအဖြစ်အပျက်ကြီး ဘယ်တော့ကျရင် ဘယ်လိုရလဒ်နဲ့ ပြီးသွားမယ် မသိဘူး။ တကယ့်ကို မှောင်မိုက်နေတဲ့ တောအုပ်ကြီးထဲကို သန်းခေါင်ယံအချိန်မှာ ဖြတ်သန်းနေရသလိုပဲ။

အလုပ်အကိုင်တွေ မရေရာဘူး။ ဝင်ငွေ မရေရာဘူး။ ကျန်းမာရေး တစ်ခုခု ဖြစ်ရင် ဘယ်ကို သွားပြရမလဲ မရေရာဘူး။ ကွဲကွာနေတဲ့ မိသားစုတွေ ဘယ်တော့ ပြန်ဆုံရမယ် မသိဘူး။ နောက်ဆုံး၊ ကိုယ့်ရဲ့ လုံခြုံရေးကအစ မရေရာဘူး။ တော်လှန်ရေးထဲ ဘာမှ ဝင်မပါထားဘူးဆိုတောင် မထင်ရင် မထင်သလို လက်နက်ပြ အနိုင်ကျင့်ခံရနိုင်တယ်။ လုယက်ခံရနိုင်တယ်။ လမ်းလျှောက်သွားတုန်း တစ်ယောက်ယောက် အနားကပ်လာတောင် လန့်နေရတယ် ဆိုတဲ့ ခံစားချက်မျိုး ဖြစ်နေတယ်။

နောက်တစ်ခုကတော့ နှိုင်းယှဉ်မိခြင်းကြောင့်ပေါ့။ ကိုယ့်ဟာကိုယ် နေနေတာ အကောင်း၊ ဘယ်သူက ဘာဖြစ်နေပြီ၊ ဘယ်လိုအဆင်ပြေနေတယ်လည်း ကြားရော၊ သိမ်ငယ်တာတွေ၊ ဒေါသထွက်တာတွေ ဖြစ်လာတာပေါ့။ မုဒိတာဆိုတာ ကိုယ့်ဘ၀ အတိုင်းအတာတစ်ခုထိ အဆင်ပြေနေမှသာ လွယ်လွယ်မွေးမြူလို့ ရတဲ့အရာကိုး။ အဲဒီမှာမှ ကိုယ်ဖြစ်နေတဲ့ အဆင်မပြေမှုတွေဟာ ကိုယ့်ရဲ့ ညံ့ဖျင်းမှုကြောင့် မဟုတ်ဘဲ တော်လှန်ရေးထဲ ဝင်ပါခြင်းကြောင့်သာ ဖြစ်နေရတဲ့အခါကျတော့ ပိုဆိုးတာပေါ့။

◾️ဒါကြောင့်မို့ ဒီအချိန်မှာ တတ်နိုင်သမျှ စိတ်ကို ကျန်းမာအောင် ထားနိုင်ဖို့အတွက် အချက် ၃ ချက် မျှဝေလိုပါတယ်။

📌 ၁။ ပစ္စုပ္ပန်မှာ တည့်တည့်နေခြင်း (Live in the present.)

ပျံ့လွင့်နေတဲ့စိတ်ဟာ မပျော်ရွှင်မှုကိုသာ ယူဆောင်လာတတ်တယ်။ အတိတ်က ဖြစ်ခဲ့ပြီးတာတွေကို ပြန်တွေးမိရင် ပူလောင်မယ်။ အနာဂတ်က မဖြစ်သေးတာတွေကို ကြိုတွေးနေမိရင် ပူပန်မယ်။ တတ်နိုင်သမျှ ခုဖြစ်ဆဲဖြစ်ခိုက်မှာ စိတ်ကို ထားနိုင်လေလေ၊ စိတ်အေးချမ်းလေပဲ။ အထူးသဖြင့် ခုလို အနာဂတ်က မရေရာနေတဲ့အချိန်မှာ ပိုပြီးတော့တောင် လိုအပ်ပါတယ်။

ဟုတ်တယ်။ အပြောလွယ်သလောက်တော့ အလုပ်ခက်ပါတယ်။ စိတ်ဆိုတာကလည်း သိပ်လျင်မြန်တော့ အချိန်ပြည့် ပစ္စုပ္ပန်မှာပဲ ထားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သို့သော် အတိတ်ရောက်သွားရင် သတိထားလိုက်။ ပြီးရင် လက်ရှိကို ပြန်ဆွဲခေါ်။ အနာဂတ်ဆီ လွင့်သွားပြန်ရင်လည်း သတိလေးကပ်လိုက်။ ခုလက်ရှိဆီ ပြန်ဆွဲခေါ်။ ဒီလိုနဲ့ပဲ တတ်နိုင်သမျှ ကြိုးစားကြရပါလိမ့်မယ်။

သိပ်များ လွယ်နေတယ်ဆိုလည်း လူတိုင်း စိတ်ချမ်းသာနေကြမှာပေါ့။ နည်းသိလျက်နဲ့ လုပ်ရခက်လို့သာ အဆင်မပြေ ဖြစ်နေကြတာ။ ဒါကြောင့်မို့လည်း “သမ္မာဝါယမ” လို့ ခေါ်တဲ့ မှန်သော ကြိုးစားအားထုတ်မှုက လိုအပ်တာပါ။ စိတ်ချမ်းသာချင်ပေမဲ့ ဘာအားထုတ်မှုမှ မရှိရင်လည်း မရနိုင်ပါဘူး။

📌 ၂။ ကိုယ့်မှာ ရှိနေတာတွေကို တန်ဖိုးထားတတ်ခြင်း (Appreciate what you have.)

စိတ်က ပစ္စုပ္ပန်မှာ ထားနိုင်သွားပြီ၊ တည်ငြိမ်သွားပြီဆိုမှ ဒီအချက်ကို လုပ်နိုင်မှာပါ။ ဒါကြောင့်လည်း Meditation & Mindfulness ကို အမြဲပြောဖြစ်နေတာပါ။

ကျွန်တော်တို့တွေဟာ သူများနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်မှာ မရှိသေးတာတွေအတွက် ပူလောင်နေတတ်တယ်။ တကယ်ဆို ကျွန်တော်တို့မှာ Take for granted လုပ်မိနေတာတွေ အများကြီး ရှိပါတယ်။ ရှိနေလျက်နဲ့ တန်ဖိုးမထားမိတာတွေပေါ့။

ခုချိန်မှာ မိသားစုနဲ့ အတူနေရတယ်၊ ကျန်းမာတယ်၊ ဝင်ငွေပမာဏတစ်ခု ရှိတယ်၊ အလုပ်ရှိတယ်၊ ဆေးကုဖို့ ပိုက်ဆံ၊ သွားစရာ ဆေးခန်း ရှိတယ်၊ ကိုယ့်ခေါင်းပေါ်မှာ ဂျက်လေယာဉ်ထဲ ဝဲမနေသေးဘူး၊ အသံတစ်ခုခု ကြားတာနဲ့ ဗုံးခိုကျင်းဆီ မပြေးရသေးဘူး ဆိုရင်ကိုပဲ အတော်လေး အဆင်ပြေနေတဲ့အထဲမှာ ပါနေပြီ။

တစ်နေ့တစ်နေ့ အလကား ရှူနေရတဲ့ လေရဲ့ တန်ဖိုးကို အလုံပိတ်အခန်းထဲ ရောက်မှ၊ ကျန်းမာရေး မကောင်းလို့ အသက်ရှူစက် တပ်ထားရပြီ ဆိုတော့မှ သိသလိုမျိုးပဲ၊ ကိုယ့်ရဲ့ ကံကောင်းမှုတွေကိုလည်း မေ့လျော့နေတတ်ကြတယ်။ မရှိသေးတာတွေအတွက်ပဲ ပူပန်နေမိကြတယ်။

လူတွေနဲ့ ပတ်သက်လို့လည်း ဒီလိုပါပဲ။ ငါ့ကို ဘယ်လိုလုပ်သွားတာ ဆိုပြီးပဲ နာကျင်နေကြတာ များတယ်။ တကယ်တော့ အတူရှိနေချိန်မှာ သူ ကိုယ့်အပေါ် ကောင်းခဲ့တာတွေကိုသာ သတိရနိုင်ရင် မုန်းတီးနေရတာလည်း သက်သာတာပေါ့။

ဒါကြောင့် ကိုယ့်ဘဝနဲ့ ပတ်သက်လို့ ကျေနပ်နှစ်သက်တတ်တဲ့ စိတ်ဟာလည်း သိပ်အရေးကြီးပါတယ်။

📌 ၃။ လက်သင့်ခံနိုင်ခြင်း (Accept the unexpected.)

စိတ်ပညာရှင် Elisabeth Kubler-Ross ရဲ့ The Five Stages of Grief Model ဆိုတာ ရှိပါတယ်။ မကြာခင် သေရပါတော့မယ် ဆိုတဲ့ လူနာတွေမှာ တွေ့ရတတ်တဲ့ စိတ်ခံစားချက်တွေကို အခြေခံပြီး ပြောပြထားတာ။ တခြားအခြေအနေတွေမှာလည်း မှန်သင့်သလောက် မှန်တယ် ပြောရမယ်။

အဲဒီ ၅ ဆင့်က ဘာတွေလဲဆိုတော့

• ၁) ငြင်းဆန်တာ (Denial)
• ၂) ဒေါသထွက်တာ (Anger)
• ၃) ဈေးဆစ်တာ၊ ညှိနှိုင်းတာ (Bargaining)
• ၄) စိတ်ဓါတ်ကျတာ (Depression)
• ၅) လက်သင့်ခံတာ (Acceptance)

ဥပမာ အာဏာသိမ်းတယ်ပဲ ဆိုပါတော့။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်မှာ သတင်းတွေ ကြည့်ပြီး ကျွန်တော်တို့တွေ ဘယ်လိုမှ မယုံနိုင် ဖြစ်နေခဲ့ကြတယ်။ ပြီးတော့ ဒေါသထွက်တယ်။ မိုက်ရိုင်းလိုက်တာ ဘာညာပေါ့။ နောက်တော့ ဒါ အာဏာသိမ်းတာ မဟုတ်ဘူး၊ အာဏာထိန်းတာပါ၊ သိပ်လည်း မကြာလောက်ပါဘူး၊ နိုင်ငံတကာက ဝင်လာရင်၊ ဝန်ထမ်းတွေ CDM လုပ်ကြရင်၊ ငါတို့ ဆန္ဒပြလိုက်ရင်တော့ ပြန်ဆင်းသွားလောက်တယ် စသဖြင့် မျှော်လင့်ကြတယ်။ ဘယ်လကုန်ရင်တော့ ဘယ်လိုဖြစ်ပြီပေါ့လေ။ အဲဒါတွေလည်း ဖြစ်မလာဘူး ဆိုတဲ့အခါ စိတ်ဓါတ်ကျတယ်။ နောက်ဆုံးကျမှ လွယ်လွယ်နဲ့တော့ မရဘူးဆိုတာ လက်ခံနိုင်သွားပြီး လုပ်စရာရှိတာတွေ ဆက်လုပ်နိုင်သွားကြတာ ဖြစ်တယ်။

ဒါ မြင်သာအောင် ဥပမာပေးလိုက်တာ။ အိမ်ထောင်ကွဲတာ၊ ချစ်ရခင်ရသူတစ်ယောက် ဆုံးပါးသွားတာ၊ ငွေလိမ်ခံရတာ၊ စီးပွားပျက်သွားတာ၊ ကြီးကြီးမားမား ရောဂါတစ်ခု ကိုယ့်မှာရှိနေပြီ ဆိုတာမျိုး သိလိုက်ရတာ စသဖြင့် စသဖြင့် စိတ်ထိခိုက်စရာ အဖြစ်အပျက် (Traumatic Event) တိုင်းမှာ ဒီ ၅ ဆင့်ကို ဖြတ်ကြရတယ်။

◾️၅ ဆင့်လုံးတော့ ဖြစ်ချင်မှ ဖြစ်မယ်။ ၅ ဆင့်မြောက်ကိုလည်း လူတိုင်း ရောက်ချင်မှ ရောက်တယ်။ ကြားတစ်ဆင့်ဆင့်မှာ ကြာနေ၊ ရပ်နေတာတွေလည်း ရှိတယ်။

သို့သော် သေချာတာက ဒီအခြေအနေ’အသစ်’ကို လက်ခံနိုင်ပြီ ဆိုတော့မှသာ ရှေ့ဆက်နိုင်မှာပဲ ဖြစ်တယ်။ လက်သင့်မခံသရွေ့ ဘာမှ ဆက်လုပ်လို့ မရဘူး။

အပြင်သွားလို့ ကားပျက်တယ်ပဲ ဆိုပါတော့။ ကားကို ဆဲလိုက်၊ မောင်းတဲ့သူကို ဆဲလိုက်နဲ့ ဒေါသတွေထွက်ပြီး တစ်ယောက်ယောက်ကို အပြစ်တင်လိုက်ရမှ ကျေနပ်တယ်။ အဲဒီ Anger ကို အချိန်မီ မထိန်းနိုင်ရင် သွားစရာရှိတာ ဆက်မသွားဘဲ အရွဲ့တိုက်ပြီး ပြန်လှည့်လာလိုက်တာတို့၊ စကားတွေလွန်ပြီး ဆက်ဆံရေးတွေ အဆင်မပြေ ဖြစ်ကုန်တာတို့ လုပ်မိသေးတယ်။

စဉ်းစားကြည့်။ ဆဲနေလို့၊ ပျက်နေတဲ့ကားက ပြန်ကောင်းသွားမလား။ ဒေါသထွက်နေလို့ရော၊ ပိတ်နေတဲ့ ကားလမ်းက ချောင်သွားမလား။ ဘာမှ ထူးမသွားဘူး။

ဆိုတော့ အခြေအနေကို လက်ခံလိုက်။ အိုခေ ကားတော့ ပျက်သွားပြီ၊ လမ်းတော့ ပိတ်နေပြီ၊ ဘာဆက်လုပ်မလဲ။ ဒီတော့မှ လုပ်စရာရှိတာကို ခေါင်းအေးအေး၊ စိတ်ကြည်ကြည်လင်လင်နဲ့ လုပ်နိုင်သွားလိမ့်မယ်။

◾️ဒါကို Psychological Flexibility လို့လည်း ခေါ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပျော့ပြောင်းသန်မာမှုပေါ့။

ပျော့ပြောင်းတယ်။ မာကျောမနေဘူး။ ငါက စိတ်မာတယ်ဆိုတာမျိုးက သူ ဘယ်လိုမှ မခံနိုင်တဲ့ အတိုင်းအတာတစ်ခု ရောက်လာတဲ့အခါ လုံးဝကျိုးကြေသွားရော။ ဒါကြောင့် အခြေအနေကို လက်သင့်ခံနိုင်တဲ့ ပျော့ပြောင်းမှုမျိုး လိုအပ်တယ်။

သန်မာတယ် ဆိုတာကျ အရှုံးမပေးတာ၊ လက်မလျှော့တာ။ ကားပျက်လည်း ပျက်၊ ငါ မရောက်ရောက်အောင် ဆက်သွားမယ်။ အာဏာသိမ်းကာလ ကျောင်းမတက်ရလည်း နေပါစေ၊ ငါ လေ့လာစရာရှိတာ ဆက်လေ့လာနေမယ်။ ကင်ဆာဖြစ်နေပြီလား။ ဘယ်အဆင့်လဲ၊ ဘယ်လိုကုလို့ ရမလဲ၊ ဘယ်လိုနေထိုင်ရမလဲ၊ အကောင်းဆုံးဖြစ်အောင် ဆက်ရှင်သန်မယ်။ ဒါမျိုးကို သန်မာတယ်လို့ ခေါ်တယ်။

ပြောရရင် Accept & Move on ပဲ။ ပျော့ပျောင်းမှ လက်ခံနိုင်မယ်။ သန်မာမှ ရှေ့ဆက်နိုင်ပါလိမ့်မယ်။ အစစအရာရာသာ ကိုယ်မျှော်လင့်သလို အမြဲဖြစ်နေခဲ့ရင် ဒါတွေ ဘယ်လိုအပ်မလဲ။ ဘဝမှာ မမျှော်လင့်ဘဲ ဖြစ်လာတာတွေ အများကြီး ရှိပါတယ်။ အဲဒီအခါ Psychological Flexibility ရှိဖို့က အရေးကြီးလာတယ်။

◾️ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အရေးကြီးသလို၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့ကလည်း လိုအပ်ပါတယ်။ ခြေထောက်ကျိုးနေရင် ဆေးမကုဘဲ ဘယ်သူမှ ရုံးမသွား၊ ကျောင်းမတက်ပါဘူး။ သို့သော် ခြေထောက်ကျိုးတာနဲ့ နာကျင်မှုချင်း တူတဲ့၊ သူ့ထက်တောင် ပိုချင်ပိုနိုင်သေးတဲ့ စိတ်နာဖျားမှုတွေနဲ့တော့ ကျွန်တော်တို့ဟာ ဘာဆိုဘာ Action မှ မယူဘဲ အလုပ်သွားနေကြတယ်၊ ရုံးတက်နေကြပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကိုလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ ဂရုစိုက်ပါ။ လိုအပ်တဲ့ အားထုတ်မှုတွေလည်း လုပ်ပေးပါ။

စိတ်ကို တတ်နိုင်သမျှ ပစ္စုပ္ပန်မှာထား။ ကိုယ့်မှာ ရှိနေတာတွေကို ကျေနပ်နှစ်သက်တတ်တဲ့ စိတ်ကို မွေးမြူ။ ဘာတွေပဲ ဖြစ်လာဖြစ်လာ၊ လက်ခံပြီး ရှေ့ဆက်။ ဒါမှသာ ခုလိုခေတ်ဆိုးခေတ်ပျက်ကာလကြီးကို အကောင်းဆုံး ကျော်ဖြတ်နိုင်ကြမှာ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၅.၁.၂၀၂၃

Photo credit - Pixabay

04/11/2022

အသက်ကြီးလာလို့ အရိုးပါးလာရင် ဘာတွေ လုပ်ပေးသင့်လဲ??

အသက် ၄၀ ကျော်တာနဲ့ အရိုးတွေ ရဲ့ အား၊ လုပ်ဆောင်နိုင်စွမ်းတွေ တဖြည်းဖြည်းကျလာပါတယ်။ ကြာလာတာနှင့်အမျှ အရိုးပါးလာပြီး အရိုး ကျိုးတဲ့ အခြေအနေ တွေ အထိ ဖြစ်လာပါတယ်။

အရိုးအတွက် အရေးကြီးတဲ့ အာဟာရဓါတ်များ က ထုံးဓါတ် (ကယ်ဆီယမ်)၊ ဗီတာမင် ဒီ၊ ကော်လဂျင် တို့ ဖြစ်ပါတယ်

ဒါဆို ဘာတွေ စားပေးသင့်လဲ
1. ထမင်း- မြန်မာလူမျိုးအတွက် ထမင်းကတော့ အာဟာရ ပြည့်အောင် ပါကိုပါရပါမယ်။ အများကြီး မစားဘဲ တော်သင့်ရုံ စားပေးဖို့ကတော့ အရေးကြီးပါတယ်။ စားတာများပြီး ကိုယ်အလေးချိန် တက်လာပါက အရိုး ပေါ် သက်ရောက်မှု့တွေ ရှိလာနိုင်ပါသေးတယ်။
2. အစိမ်းရင့်ရောင် အရွက်များ
3. အာဟာရထပ်ဖြည့်ထားသော စီရီယမ်၊ အုပ်ဂျုံ၊
4. ပင်လယ်ငါးများ - ဆယ်လမွန်၊ တူနာ၊ ငါးမြင်း၊ ငါးတန်၊ ငါးကွမ်းရှပ်
5. အရိုးပါ ဝါးစားလို့ရတဲ့ ငါးသေးသေးလေးများ
6. အစေ့အဆန်များ
7. ပဲအမျိုးမျိုး
8. အရေခွံ မပါသော အသားများ
9. ပဲပုပ်စေ့
10. တိုဟူး
11. ကြက်ဥ၊ ဘဲဥ၊ ငုံးဥ
12. နို့နှင့်နို့ထွက် ပစ္စည်းများ စတာတွေ စားပေးသင့်ပါတယ်။

​အစားအသောက်အပြင် လေ့ကျင့်ခန်းကလဲ အရမ်းအရေးကြီးပါတယ်။

လှုပ်ရှား လေ့ကျင့်ခန်းမရှိသူတွေမှာ အရိုးပျက်စီးနှုန်း၊ အရိုးပါးနှုန်း က လေ့ကျင့်ခန်း လုပ်သူတွေ ထက် ပိုပြီးများတာ ကို တွေ့ရပါတယ်။ ဒါဆို ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်သင့်လဲ?

1. အလေးတုံး နှင့် ကစားပါ - မိမိ နိုင်တဲ့ ဝန်ကိုသာ ကစားဖို့အရေးကြီးပါတယ်။ လေ့ကျင့်ခန်းပေါင်းများစွာထဲ ကမှ သူကတော့ အရိုး ကျန်းမာရေးအတွက် အထောက်အကူ ပိုဖြစ်စေပါတယ်။

အလေးတုံးဖြင့် မဆော့နိုင်သေးရင်လဲ အောက်ပါလေ့ကျင့်ခန်းတွေ လုပ်ပေးပါ။
1. ထိုင်ထ လုပ်ပါ စတာတွေ ကတော
2. လမ်းလျှောက်ပါ - အလွယ်ဆုံးနှင့် အဖြစ်နိုင်ဆုံးပါ။ ခပ်သွက်သွက် တော့ လျှောက်သင့်ပါတယ်။
3. ရေကူးပါ
4. ပြေးပါ
5. ကခုန်ပါ
6. ကြိုးခုန်ပါ
7. တန်းနစ် ကစားပါ
ဒါတွေ ကတော့ အရိုးကျန်းမာရေးအပေါ် အရမ်း ကြီးသက်ရောက်မှု့မရှိပေမယ့် ကိုယ်အလေးချိန် ထိန်းဖို့အတွက်ရော၊ နှလုံး ကျန်းမာရေးအတွက်ပါကောင်းတဲ့ လေ့ကျင့်ခန်းမျိုးတွေ ဖြစ်ပါတယ်။

ဒါကြောင့် အသက် ၄၀ ကျော်လာရင် အစားအသောက် ရော လေ့ကျင့်ခန်းပါ တွဲ လုပ်ပေးခြင်း အရိုးကျန်းမာရေးကို ထိန်းသိမ်းပေးကြပါလို့အကြံပြုလိုက်ပါတယ် ခင်ဗျာ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Address


Website

Alerts

Be the first to know and let us send you an email when Hmwe Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share