Yoeshinkyanmar-ရိုးရှင်းကျန်းမာ

  • Home
  • Myanmar
  • Yangon
  • Yoeshinkyanmar-ရိုးရှင်းကျန်းမာ

Yoeshinkyanmar-ရိုးရှင်းကျန်းမာ သူနာပြုအကူနှင့်ဆေးဝါးအကူသင်တန်း

25/12/2025
""🎁⚠️🎁၂၀၂၆၊ ဇန်နဝါရီလ မှာ ဖွင့်လှစ်မယ့် ရိုးရှင်းကျန်းမာ သူနာပြုအကူနဲ့ဆေးဝါးကျွမ်းကျင်သင်တန်းအတွက် အထူး Promotion🎁⚠️🎁""*...
25/12/2025

""🎁⚠️🎁၂၀၂၆၊ ဇန်နဝါရီလ မှာ ဖွင့်လှစ်မယ့် ရိုးရှင်းကျန်းမာ သူနာပြုအကူနဲ့ဆေးဝါးကျွမ်းကျင်သင်တန်းအတွက် အထူး Promotion🎁⚠️🎁""
*************************************************

🚨၂၀၂၆၊ ဇန်နဝါရီလမှာ စတင်ဖွင့်လှစ်မယ့် သင်တန်းအပတ်စဉ်(၃)အတွက် သင်တန်းသားများစတင်လက်ခံနေပြီဖြစ်လို့ ဒီနေ့ Christmas နေ့ ၂၅.၁၂.၂၀၂၅ မှစပြီး ၃၁ ရက်နေ့အထိ သင်တန်းလာရောက်အပ်နှံမယ်ဆိုရင်ဖြင့် ....👇

💵💵အထူးသက်သာခွင့်အနေနဲ့ စာတွေ့လက်တွေ့ ၃ လ လုံးစာအတွက် ၂ သိန်း ၅ သောင်း (250,000) ကျပ်တည်းသာ ကျသင့်မှာမလို့ အခုပဲသင်တန်းအပ်နှံလိုက်တော့နော်။

ရိုးရှင်းကျန်းမာရဲ့ အဓိက အားသာချက်တွေကတော့

🧑‍⚕️🧑‍🏫ဆရာဝန် ၊ လက်တွေ့လုပ်ငန်းသူနာပြုအကူ တို့မှ ကိုယ်တိုင်ကြီးကြပ်သင်ကြားပေးခြင်း။

📄🩹စာတွေ့ရော လက်တွေ့ကိုပါ ၃ လ လုံး သင်ကြားခွင့်ရခြင်း။

🧑‍💻🧑‍💻အလုပ်အကိုင်ရရှိနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း။

📋📋ကိုယ်ပိုင်အချိန်ဇယားနှင့်သင်ကြားနိုင်ခြင်းတို့ကြောင့် အလုပ်တဖက်နှင့် သင်တန်းတက်ရောက်လိုသူများအတွက် အဆင်ပြေခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ရိုးရှင်းကျန်းမာရဲ့ ၈၀% ရာခိုင်နှုန်းသော သင်တန်းဆင်းတွေက ရန်ကုန်မြို့ရှိ အထင်ကရဆေးရုံကြီးတွေမှာ လက်တွေ့လုပ်ငန်းလုပ်နေကြပြီဖြစ်လို့ သူနာပြုအကူ အသက်မွေးဝမ်းကြောင်း လမ်းကို လျှောက်လှမ်းချင်တယ်ဆိုရင်ဖြင့် အခုပဲ ရိုးရှင်းကျန်းမာကို ဆက်သွယ်လိုက်တော့နော်။
၀၉-၄၄၈၅၄၁၉၁၈၊ ၀၉-၇၈၅၉၈၇၂၂၄


စာမေးပွဲတွေပြီးလို့ သင်တန်းတက်ရောက်ချင်သူများအတွက် အထူးအစီအစဉ်🚨🚨🥇🥇အထက်တန်း အလယ်တန်းစာမေးပွဲတွေ ဖြေဆိုပြီးလို့ ပညာရပ်အသစ်...
23/03/2025

စာမေးပွဲတွေပြီးလို့ သင်တန်းတက်ရောက်ချင်သူများအတွက် အထူးအစီအစဉ်🚨🚨

🥇🥇

အထက်တန်း အလယ်တန်းစာမေးပွဲတွေ ဖြေဆိုပြီးလို့ ပညာရပ်အသစ်တွေ သင်ယူချင်သူတွေ၊ Assistant Health Care Professional/Nurse Aide Professional ကို ပြောင်းလဲလုပ်ကိုင်လိုသူတွေအတွက် ရိုးရှင်းကျန်းမာ သူနာပြုအကူနဲ့ဆေးဝါးအကူသင်တန်း 👩‍⚕️ကနေ အထူးအစီအစဉ်လေးပြုလုပ်ထားပါတယ်။

ဧပြီလအတွက် စနေ နဲ့ တနင်္ဂနွေ တန်းခွဲကို တက်ရောက်လိုသူများအတွက် သင်တန်း+ဆေးရုံလက်တွေ့အားလုံးပေါင်းကိုမှ Discount 💰၃၆၀,၀၀၀ ကျပ်ထိ သင်တန်းကြေးကို လျှော့ချပေးသွားမှာပဲဖြစ်ပါတယ်။

ပထမဆုံးအပ်နှံသူ ၅ဦးကို ၃ သောင်းကျပ်သက်သာခွင့် ထပ်မံပေးအပ်သွားမှာဖြစ်လို့

💰၃၃၀,၀၀၀ ကျပ်ထဲနဲ့ သူနာပြုအကူ၊ဆေးဝါးအကူ လက်တွေ့၊ စာတွေ့ သင်ယူခွင့်ရမှာမလို့ ဒီအခွင့်အရေးကို လက်လွတ်မခံပဲ အရယူဖို့ တိုက်တွန်းလိုက်ပါတယ်ဗျို့။

ဒါ့အပြင် Online အတန်းကိုပါ စတင်ဖွင့်လှစ်လိုက်ပြီမို့ သင်တန်းကိုလာရောက်ဖို့အခက်အခဲရှိသူတွေအတွက် အိမ်ကနေ Zoom Video lessons များနဲ့သင်ကြားခွင့်ရမှာ‌ဖြစ်လို့ အွန်လိုင်းတက်ချင်သူတွေအခုပဲစာရင်းပေးလိုက်တော့နော်။

ဧပြီလ စနေ၊တနင်္ဂနွေတန်းခွဲ 📎

🕛 မနက် ၉:၀၀ နာရီ မှ ၁၁:၀၀နာရီ

🕐 နေ့လည် ၁:၀၀ နာရီ မှ ၃:၀၀ နာရီ

🧾သင်တန်းစတင်မည့်ရက် ၃၀.၃.၂၀၂၅

ဧပြီလ အွန်လိုင်းအတန်း စနေ၊တနင်္ဂနွေ၊တနင်္လာ 📎

🕛 ည ၇ နာရီမှ ၉ နာရီ 🌆

🧾သင်တန်းစတင်မည့်ရက် ၃၀.၃.၂၀၂၅

👩‍🏫🧑‍🏫သင်တန်းဘက်က လိုအပ်သော သင်ထောက်ကူများကို ပေးအပ်မှာဖြစ်လို့ သင်ထောက်ကူအတွက် ကုန်ကျစရိတ်ထပ်မံကျခံစရာမလိုပါဘူးနော်။

အသေးစိတ်သိရှိလိုပါက 09448541918 ကိုအခုပဲဆက်သွယ်လိုက်တော့နော်။



#ရိုးရှင်းကျန်းမာ

18/03/2025

Ryle's Tube Knowledge ‼️📖📖
အပိုင်း(၂)

၂။နှာခေါင်းပိုက် အစာအိမ်ထဲရောက်မရောက်၊ နေရာတကျရှိမရှိ ဘယ်လိုသိနိုင်သလဲ။
🌟🌟🪙• Gold Standard ကတော့ X-ray ဓာတ်မှန်ရိုက်ကြည့်ခြင်းပါပဲ။
• (ပုံလေးမှာပြထားတဲ့ နှာခေါင်းပိုက်ထိပ်က သတ္တုဘောလုံးလေးတွေက နှာခေါင်းပိုက်ရဲ့ ဝင်ရောက်ရာလမ်းကြောင်းမှာ တည့်မတ်စွာ ဝင်ရောက်ရာမှာကူညီပေးသလို ဓာတ်မှန်ရိုက်ရာမှာလည်း တည်နေရာကို ပြပေးနိုင်ပါတယ်။ နှာခေါင်းပိုက်တလျှောက် သို့မဟုတ် တစိတ်တပိုင်းမှာ X ray Opaque line များ ပါဝင်တဲ့အတွက် ဓာတ်မှန်ရိုက်ရာမှာ ပုံရိပ်ကို ထင်ရှားစွာမြင်နိုင်မှာပဲဖြစ်ပါတယ်)
ဒုတိယအနေနဲ့ pH testing လို့ခေါ်တဲ့ နည်းလမ်းနဲ့လည်း စမ်းသပ်နိုင်သလို နောက်ထပ်နည်းလမ်းတစ်ခုကတော့ Auscultation of air insufflation လို့ခေါ်တဲ့ ပိုက်ထဲလေထိုးသွင်းပြီး အစာအိမ်နေရာ နားကျပ်ထောက် စမ်းသပ်ခြင်းပဲဖြစ်ပါတယ်။

၃။ နှာခေါင်းပိုက်ဘယ်လိုပြုစုစောင့်ရှောက်မလဲ။👨‍⚕️👩‍⚕️

 အစာလမ်းကြောင်းနဲ့ အဆုတ်လမ်းကြောင်းကပ်လျက်ရှိတာမို့ နှာခေါင်းပိုက် အစာအိမ်ထဲမှာသေချာစွာ ရှိနေဖို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူများနဲ့ အတူ လူနာရှင်များက ဂရုပြုရမှာဖြစ်ပါတယ်။ နေရာတကျမရှိပဲ အစာထည့်မိပါက အစာ သီးပြီး အဆုတ်ထဲသို့ရောက်ရှိကာ အဆုတ်ရောင်ရောဂါများ ရရှိနိုင်ပါတယ်။

 နှာခေါင်းပိုက် ထည့်သွင်းစဉ်က နှာခေါင်းပေါက်ရဲ့ အပြင်ဘက်မှာရှိတဲ့ အတိုင်းအတာ အမှတ်အသား cm ကိုသေချာစွာ မှတ်သားထားရမှာဖြစ်ပြီး သတ်မှတ်အမှတ်အသားထက် ရှည်ထွက်လာခြင်း၊ နေရာမမှန်ခြင်းများရှိပါက ပြန်လည်စစ်ဆေးရမှာဖြစ်ပါတယ်။ ဆေးရုံတက်လူနာများအတွက် တာဝန်ကျ ဆရာဝန်နဲ့ သူနာပြုများက အမြဲ စစ်ဆေး ပေးကြပါတယ်။

 နှာခေါင်းပိုက်ကို အစာထည့်ပြီးတိုင်း ဆေးကြောပေးဖို့ကလည့်း အရေးကြီးပါတယ်။ ဆေးတွေ အစာတွေ အမြဲထည့်နေရတဲ့အတွက် ပိုက်မသန့်ရှင်းရင် ပိုးမွှားတွေဝင်ရောက်နိုင်လို့ပဲ ဖြစ်ပါတယ်။ နှာခေါင်းပိုက်ကို အနည်းဆုံး တစ်လတစ်ကြိမ်ခန့် လဲပေးသင့်ပါတယ်။ သတ်မှတ်ချိန်မတိုင်မီ နှာခေါင်းပိုက် ခဏခဏ ပြန်ထည့်ရခြင်းက နှာခေါင်းအတွင်းနံရံနဲ့ အစာပြွန်နံရံများကို ဒဏ်ရာရစေနိုင်တဲ့အတွက် နှာခေါင်းပိုက် မပြုတ်ထွက်စေဖို့ လူနာနှင့် လူနာရှင်များက အထူးဂရုပြုရမှာပဲဖြစ်ပါတယ်။

ဒီလောက်ဆိုရင် နှာခေါင်းအစာပိုက်နဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေ ဖတ်ရလို့ စာဖတ်သူအားလုံး ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ရိုးရှင်းကျန်းမာ Nurse Aide and Pharmacist Aide Training center မှာ ဒီလိုမျိုး သိသင့်သိထိုက်တဲ့အကြောင်းအရာတွေကို စနစ်တကျ သင်ကြားပေးသွားမှာမလို့ စိတ်ပါဝင်စားသူများ တက်ရောက်သင်ကြားနိုင်ပါတယ်လို့ ပြောကြားရင်း ဒီစာလေးကို အဆုံးသတ်လိုက်ပါတယ်။





#ရိုးရှင်းကျန်းမာ

Ryle's Tube Knowledge ‼️📖📖အပိုင်း(၁)ရိုးရှင်းကျန်းမာကနေ မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်ပါတယ်။ဒီတစ်ပတ်မှာတော့ အစာထည့်နှာ...
11/03/2025

Ryle's Tube Knowledge ‼️📖📖
အပိုင်း(၁)

ရိုးရှင်းကျန်းမာကနေ မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်ပါတယ်။
ဒီတစ်ပတ်မှာတော့ အစာထည့်နှာခေါင်းပိုက်လို့ အများသိကြတဲ့ ဆေးကုသရေးအထောက်အကူပစ္စည်းတစ်ခုဖြစ်တဲ့ Ryle's tube(Nasogastric tube) အကြောင်းကိုဗဟုသုတအဖြစ်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ဗျ။

အများသိချင်မယ့်၊သိသင့်တဲ့မေးခွန်းလေးတွေကို ပြန်လည်ရှင်းပြထားပါတယ်။
ဆက်ကြည့်ရအောင် 👇👇

၁။ နှာခေါင်းအစာပိုက်(နှာခေါင်းပိုက်)ကို ဘယ်သူတွေလိုအပ်သလဲ?

# #ပါးစပ်ကနေ ပုံမှန်အတိုင်းမစားနိုင်တဲ့သူတွေ

- ရောဂါကြောင့် အစာမျိုချရခက်သူ၊ မမျိုချနိုင်သူ‌တွေ ၊သတိကျ၍ ပါးစပ်မှတဆင့် အစားမစားနိုင်သူတွေ နဲ့ ပုံမှန်ပမာဏထက်အာဟာရဓာတ် ပိုမိုဖြည့်တင်းရန်လိုအပ်နေသူတွေ( ဉပမာ - မီးလောင်ဒဏ်ရာရထားသူ၊ ထိခိုက်ဒဏ်ရာရထားသူ)

# #ရောဂါကုသရာတွင် အသုံးပြုဖို့လိုအပ်သူတွေ

-အူလမ်းကြောင်းပိတ်ဆို့‌ရောဂါဖြစ်နေသူများ (Intestinal Obstruction) အတွက် နှာခေါင်းပိုက်ကို ယာယီထည့်သွင်းထားဖို့လိုအပ်သူတွေ

-ဝမ်းဗိုက်ခွဲစိတ်ပြီးစ အူလမ်းကြောင်းလှုပ်ရှားမှု ငြိမ်သက်နိုင်ခြေရှိသူများတွင် ကုသရေးအထောက်အကူအဖြစ် နှာခေါင်းပိုက်ထည့်သွင်းထားရန် လိုအပ်နိုင်သူတွေ။

-အစာဟောင်းများ ဖယ်ထုတ်ရန် လိုအပ်နေသူတွေ (ဉပမာ - အဆိပ်အတောက်များမျိုချမိခြင်းကဲ့သို့ ဖြစ်စဉ်များတွင် အစာအိမ်ဆေးရခြင်း). စတာတွေပဲဖြစ်ပါတယ်။

🚨🚨နှာခေါင်းအစာပိုက်ထည့်သွင်းခြင်းဟာ ကး စနစ်တကျ လေ့ကျင့်သင်ကြားထားသော ဆရာဝန် သို့မဟုတ် သူနာပြုဆရာမများမှ လုပ်ဆောင်ရတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။
နှာခေါင်းမှ တဆင့် အစာလမ်းကြောင်းအတွင်းသို့ ထုံဆေးပါတဲ့ ချောဆီတစ်မျိုး အကူအညီဖြင့်ထည့်သွင်းရခြင်း ဖြစ်ပြီး သတိကြီးစွာထားရပါတယ်။
⚠️⚠️ဒါကြောင့် မိမိသဘောဖြင့် မိမိ လုပ်ဆောင်သင့်တဲ့လုပ်ငန်းစဉ်မဟုတ်ကြောင်း သတိပြုရပါမယ်ဗျ။

Ryle's Tube Knowledge အပိုင်း ၂ ကို မကြာခင်မှာဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးနော်။



#ရိုးရှင်းကျန်းမာ

ပုံမှာပါတဲ့ ကုသရေးသုံးအထောက်အကူပြုပစ္စည်းလေးကို သိကြလားဗျ။❓❓အဖြေသိတဲ့သူတွေ Comment မှာ ဉာဏ်စမ်းလေး ဖြေသွားကြဦးနော်။‼️ ရိ...
04/03/2025

ပုံမှာပါတဲ့ ကုသရေးသုံးအထောက်အကူပြုပစ္စည်းလေးကို သိကြလားဗျ။❓❓

အဖြေသိတဲ့သူတွေ Comment မှာ ဉာဏ်စမ်းလေး ဖြေသွားကြဦးနော်။‼️

ရိုးရှင်းကျန်းမာကနေ ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေကို စဉ်ဆက်မပြတ်ဖော်ပြပေးသွားမှာမို့လို့ Page လေးကို Like and follow လုပ်ပေးဖို့ မမေ့နဲ့ဦးနော်။

ရိုးရှင်းကျန်းမာရဲ့ သူနာပြုအကူနှင့်ဆေးဝါးအကူသင်တန်းဖွင့်ဖို့အတွက် အချိန်ကာလအားဖြင့် တစ်ပတ်ပဲလိုပါတော့တယ် ⏳ဒါကြောင့် သင်တ...
25/01/2025

ရိုးရှင်းကျန်းမာရဲ့ သူနာပြုအကူနှင့်ဆေးဝါးအကူသင်တန်းဖွင့်ဖို့အတွက် အချိန်ကာလအားဖြင့် တစ်ပတ်ပဲလိုပါတော့တယ် ⏳

ဒါကြောင့် သင်တန်းအရွေးမမှား၊ အနာဂတ်အတွက် အတွေးမမှားစေဖို့ အတွက် ရိုးရှင်းကျန်းမာက ကူညီပေးသွားဖို့ စနစ်တကျ ပြင်ဆင်ထားပုံများ လေ့လာကြရအောင် .....

🔷 အမှန်တကယ် တတ်မြောက်သော Medical Professionals များကိုယ်တိုင် ဦးစီးသင်ကြားပေးခြင်း။

🔷 လက်တွေ့ လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်တတ်မြောက်အောင် စနစ်တကျသင်ကြားပေးခြင်း။

🔷 သင်ထောက်ကူပစ္စည်းများနှင့် ဝတ်စုံများအခမဲ့ထောက်ပံ့ပေးခြင်း။

🔷 အဆောင်လိုအပ်သူများအတွက် အဆောင်ကူညီရှာဖွေပေးခြင်း။

🔷 ဆေးရုံ၊ဆေးခန်းများရှိ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ရှာဖွေချိတ်ဆက်ပေးခြင်း။

🔷 အလုပ်လျှောက်လွှာများ( CV Form ) ကူညီပြင်ဆင်ပေးခြင်း။

🔷 နိုင်ငံခြားအလုပ်အကိုင်အခွင့်အလမ်းများအတွက် ချိတ်ဆက်၍ ကူညီပြင်ဆင်ပေးခြင်းစတဲ့ အခွင့်အလမ်းပေါင်းများစွာအပြင်

စဥ်ဆက်မပြတ်ပညာသင်ကြားခွင့်၊ မိမိ မတက်‌ရောက်လိုက်ရသော အတန်းချိန်အတွက် အစားပြန်လည်တက်ရောက်ခွင့်ရခြင်း၊ အွန်လိုင်းမှ ပြန်လည်သင်ကြားခွင့်ရခြင်း အစရှိတဲ့ အစီအစဥ်များပဲဖြစ်ပါတယ်။

ဒါကြောင့် မိမိကိုယ်မိမိ ယုံကြည်မှု၊ လေးစားမှု၊ ဂုဏ်သိက္ခာတရားနဲ့ အလုပ်ပေါ်ချစ်ခင်မှု စတဲ့ ကိုယ်ရည်ကိုယ်သွေးတွေပါ တိုးတက်လာစေဖို့ ရည်မှန်းချက်ရှိသူများအတွက် ရိုးရှင်းကျန်းမာနဲ့အတူ အပြည့်အဝ ရပ်တည်ဖို့ တိုက်တွန်းလိုက်ပါတယ်။

တစ်ပတ်အတွင်းစတော့မယ့်သင်တန်းမှာ မပါဝင်ရ မဖြစ်လိုက်ရအောင် မနှေးချက်ချင်း လာအပ်လိုက်တော့နော် ✍🏻

📆 Start Date - 1.2.2025 (Saturday)

💰 Class Fees - 450,000 MMK (သင်ထောက်ကူများ၊ ဝတ်စုံများအပြီးအစီး)

⏰ Class 1 - Weekday Class
Monday to Thursday - 9:00 AM to 12:00 PM

⏰ Class 2 - Weekend Class
Saturday & Sunday - 10:00 AM to 12:00 PM / 1:00 PM to 3:00 PM

🏫 Revision Online Class (Optional)
Sunday - 9:00 PM to 11:00 PM

🚌 Clinic / Hospital Training (1 Month)

09886930729
09448541918
0943164791



#ရိုးရှင်းကျန်းမာ

“Yoe Shin Kyan Mar - ရိုးရှင်းကျန်းမာ” သူနာပြုအကူသင်တန်းမှာ ပါဝင်သင်ကြားပေးသွားမယ့် ဆရာ၊ ဆရာမတွေက ဘယ်သူတွေဖြစ်မလဲ❓ 🌟 ဆေး...
19/01/2025

“Yoe Shin Kyan Mar - ရိုးရှင်းကျန်းမာ” သူနာပြုအကူသင်တန်းမှာ ပါဝင်သင်ကြားပေးသွားမယ့် ဆရာ၊ ဆရာမတွေက ဘယ်သူတွေဖြစ်မလဲ❓

🌟 ဆေးပညာလောကမှာ နှစ် ၂၀ နီးပါး သက်တမ်းအတွေ့အကြုံရှိ Sister ကြီးများ၊ နိုင်ငံတကာအတွေ့အကြုံရှိ Sisterများ၊ Staff Nurse များ၊ Senior Nurse Aide များ

🌟 အစိုးရဆေးရုံ၊ ပုဂ္ဂလိက ဆေးရုံပေါင်းများစွာတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော တာဝန်ထမ်းဆောင်နေဆဲဖြစ်သော နိုင်ငံတကာ အတွေ့အကြုံရှိ အရေးပေါ်ဆရာဝန်များနှင့် တာဝန်ခံဆရာဝန်များ
အစရှိတဲ့ ဝါရင့် သမ္ဘာရင့် ဆရာ၊ဆရာမများမှ တာဝန်ယူလေ့ကျင့်သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။

ဆရာ၊ဆရာမ တစ်ဦးချင်းစီရဲ့ Profile တွေကို ပုံတစ်ပုံချင်းစီမှာ ဖော်ပြပေးထားတာဖြစ်လို တစ်ပုံချင်းဝင်ကြည့်ပြီး လေ့လာကြည့်ရှုနိုင်ပါတယ်ဗျ။

အရည်အသွေးမြင့် Trainer ဆရာတွေနဲ့မှ Quality Education သင်ယူချင်သူ‌များ အတွက် အသင့်တော်ဆုံးသင်တန်းဖြစ်လို့ တန်းခွဲသစ်အတွက်လူမပြည့်ခင် ခုပဲ ကြိုတင်လာအပ်ထားလိုက်တော့နော် 🤩

📆 Start Date - 1.2.2025 (Saturday)

February 1st batch

💰 Class Fees - 450,000 MMK
Early Bird Promotion+
Scholarship Discount++

⏰ Class 1 - Weekday Class

Monday to Thursday - 9:00 AM to 12:00 PM

⏰ Class 2 - Weekend Class

Saturday & Sunday - 10:00 AM to 12:00 PM / 1:00 PM to 3:00 PM

🏫 Revision Online Class (Optional)

Sunday Night - 9:00 pm to 11:00 pm(Zoom Class)

🚌 Clinic/ Hospital Training (1 Month)

☎️09886930729
📳09448541918
📳0943164791


#ရိုးရှင်းကျန်းမာ

14/01/2025

MRCP (UK) Part-2 အောင်မြင်ထားသူတစ်ဦးလည်းဖြစ်၊ Yoe Shin Kyan Mar ရဲ့ Lecturer တစ်ဦးလည်းဖြစ်တဲ့ Dr.Yamin Han က သင်တန်းအကြောင်း ဘယ်လိုတွေရှင်းပြထားလဲ❓

Dr.Yamin Han က သင်တန်းမှာပါဝင်မယ့်အကြောင်းအရာတွေနဲ့ သင်တန်းက အာမခံပေးနိုင်တဲ့အရာတွေကို စနစ်တကျ ရှင်းပြထားသလို

Sister Wai Mar Lay ကလည်း သူမရဲ့လုပ်ငန်းအတွေ့အကြုံ၊ သူမသင်ကြားပေးမယ့် ဘာသာရပ်နဲ့အတူ သင်တန်းသူ သင်တန်းသားတွေကို ဖိတ်ခေါ်ထားတဲ့အပြင်

လက်ရှိလုပ်ငန်းခွင်ဝင်ရောက်နေပြီဖြစ်တဲ့ မမြင့်မြတ်မိုးကလည်း သူနာပြုအကူအလုပ်ကို ဘာကြောင့်ရွေးချယ်ခဲ့ကြောင်း၊ ဘယ်လိုအနာဂတ်အခွင့်အရေးတွေ ပိုင်ဆိုင်ထားကြောင်း သူမရဲ့ အတွေ့အကြုံနဲ့ယှဉ်ပြီး ပြောပြပေးထားပါတယ်ဗျ။

သူနာပြုအကူသင်တန်းတွေထဲကမှ တကယ်ကို အရည်အသွေးပြည့်မီပြီး စိတ်ချယုံကြည်စွာ အပ်နှံနိုင်မယ့် သင်တန်းမျိုးကို ရှာနေရင်တော့ Yoe Shin Kyan Mar ကိုသာ ရွေးချယ်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

သင်တန်းအကြောင်းအသေးစိတ်ကိုတော့ အောက်ပါ Post ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/share/p/1AtBdt38EB/?

Scholarship အခွင့်အရေးနဲ့ Early Bird Promotion က လူဦးရေအကန့်အသတ်နဲ့ရှိတာမို့ ခုပဲ အမြန်ဆုံး လာအပ်ထားလိုက်တော့နော် 🥰✨

📞 အသေးစိတ်ဆက်သွယ်ရန် - 09886930729, 09448541918, 0943164791

🏡 Address - 538, Ground Floor, Kan Taw Street, LayDauntKan Ward, Thingangyun Township, Yangon.




#ရိုးရှင်းကျန်းမာ

ရွေးချယ်စရာတွေ များလှတဲ့ သူနာပြုအကူသင်တန်းတွေကြား  Yoe Shin Kyan Mar - ရိုးရှင်းကျန်းမာ ကိုမှ ဘာကြောင့် ရွေးချယ်သင့်တာလဲ...
12/01/2025

ရွေးချယ်စရာတွေ များလှတဲ့ သူနာပြုအကူသင်တန်းတွေကြား Yoe Shin Kyan Mar - ရိုးရှင်းကျန်းမာ ကိုမှ ဘာကြောင့် ရွေးချယ်သင့်တာလဲ❓

🔹 အရည်အသွေး ဦးစားပေးတဲ့ သင်တန်းမျိုးကိုမှ ရှာနေသူတွေ
🔹 ပြည်တွင်းရော ပြည်ပမှာပါ ကျွမ်းကျင်စွာ တာဝန်ထမ်းဆောင်နိုင်ဖို့ အတွက် အခြေခံကစ တတ်မြောက် ပိုင်နိုင်ထားချင်သူတွေ
🔹 Career တစ်ခုကို Professional ကျကျဖြတ်သန်းရင်း ဘဝကို အကောင်းဆုံး ဖန်တီးတည်ဆောက်ဖို့ ရည်ရွယ်ထားသူတွေအနေနဲ့ မဖြစ်မနေ ရွေးချယ်သင့်ပါတယ်။

အရည်အသွေးပြည့် သင်တန်းဆင်းများ ဖြစ်စေဖို့အတွက် ကျွန်တော်တို့ Yoe Shin Kyan Mar - ရိုးရှင်းကျန်းမာ သင်တန်းဘက်မှ ဝါရင့်အတွေ့အကြုံရှိ အရေးပေါ်ဆရာဝန်ကြီးများ၊ အထက်တန်းသူနာပြုကြီးများ၊ Staff Nurseများ၊Senior Nurse Aide များကိုယ်တိုင် လေ့ကျင့် သင်ကြား‌ ပေးသွားမှာပါ။

စာတွေ့ Theory ၂ လ + လက်တွေ့ ၁ လ အပြင် Additional Course တွေအနေနဲ့

🤍 လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ၊
🤍 အခြား Communication Training Programm တွေပါ ပါဝင်မှာဖြစ်လို့ အမှန်တကယ် တတ်ကျွမ်းပြီး Professional Nurse Aide တစ်ယောက်အဖြစ် ရပ်တည်ဖို့ ရည်ရွယ်ထားသူတွေအားလုံး“Yoe Shin Kyan Mar - ရိုးရှင်းကျန်းမာ” မှာ အခုချက်ချင်း သင်တန်းလာအပ်လိုက်တော့နော်။

📆 Start Date - 1.2.2025 (Saturday) February 1st batch!.

💰 Class Fees - 450,000 MMK
Early Bird Promotion+ Scholarship Discount!

⏰ Class 1 - Weekday Class
Monday to Thursday - 9:00 AM to 12:00 PM

⏰ Class 2 - Weekend Class
Saturday & Sunday - 10:00 AM to 12:00 PM / 1:00 PM to 3:00 PM

🏫 Revision Online Class (Optional)
Sunday Night - 9:00 pm to 11:00 pm(Zoom Class)

🚌 Clinic / Hospital Training (1 Month)

☎️ 09886930729
📳 09448541918
📳 0943164791



#ရိုးရှင်းကျန်းမာ

Address

KanTaw Street, Thingangyun Tsp
Yangon

Website

Alerts

Be the first to know and let us send you an email when Yoeshinkyanmar-ရိုးရှင်းကျန်းမာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share