06/08/2022
ပန်းသီးစိမ်း နဲ့ စပါးလင် ...
ဆေးဖက် တကယ်၀င်...
ကိုယ်တို့ဖေဖေက ဆိုင်ကယ်Accident ခဏခဏ
ဖြစ်ဖူးပါတယ်။ဒါကြောင့် ဒူးခေါင်း က အရွတ်ကွာပြီး အတော်နာနေပုံ ရပါတယ်။
လှေကားအတက်အဆင်း သိပ်မလုပ်ချင်ပါဘူး။
ဖေဖေ့ကို ဆေးခန်းခေါ်လို့လည်းမရပဲ လိမ်းဆေးတွေပဲ
လူးနေတာ မေမေမဆုံးခင်ကတည်းကပါပဲ။
ဟိုတစ်ပတ်က အိမ်ရှင်မတို့ အိမ်မှု ကိစ္စ ဗဟုသုတ
ဖလှယ်ကြစို့Group မှာ အမတစ်ယောက်ပြောတဲ့
သောက်ဆေးလေးကို သိပ်မခက်လို့ဖေဖေ့ကို
၃ရက်တိုက်ကြည့်တာ အတော်သက်သာတယ်
ပြောပာတယ်။
ဆေးနည်းကို စင်ကာပူက တရုတ်တွေ
အတော်သောက်ကြတယ်ပြောပါတယ်။ စင်ကာပူမှာ အိမ်အကူလုပ်ဖူးတဲ့ ကောင်မလေးတစ်ယောက်က
ပြန်ပြောပြတယ် လို့အဲ့ဒီ အမက ပြောပါတယ်။
ဆေးနည်းကတော့ ပန်းသီးစိမ်းနဲ့ စပါးလင်ကို
၃ခွက်၁ခွက်ကြိုပြီး အေးအောင်ထား သောက်တာပါပဲ။
အရသာက ချဉ်ချဉ်မွှေးမွှေးလေးပါ။ ပန်းသီးစိမ်းက
တစ်လုံးကို ၆၀၀ကျပ် + စပါးလင်က ၁၀၀ကျပ် =
စုစုပေါင်း တစ်ရက်ကို ၇၀၀ ကျပ် ဖိုး နဲ့ ၃ခါ
သောက်ကြည့်လိုက်တာ ဖေဖေကတော့
ထူးခြားတယ်ပြောတာပါပဲ။ ဒူးခေါင်းထဲက ဂျွတ် ဂျွတ် ဆိုတဲ့အသံ မကြားရတော့ဘူး လို့ပြောပါတယ်။
( စပါးလင်ကို အရိုးထုပြီး အရွက်တွေကို
ကတ်ကြေး နဲ့ကိုက်ထည့် ။ ပဉ္စငါးပါး ပါအောင်အရွက်ပါကိုက်ထည့်ပစ်ပါတယ်။ ပန်းသီးစိမ်းတလုံးကို ၆ စိတ်
စိတ်ပြီး ရေသန့်ထည့်ကျိုပါတယ်နော်။
ပန်းသီးစိမ်းကတော့ supermarket တွေ နဲ့ စျေးတွေမှာ အလွယ်တကူ ရနိုင်ပါတယ်။
လူတိုင်းသိအောင် Public ဖွင့်ထားတာ ဖြစ်တဲ့အတွက် အားလုံး ရှယ်နိုင်ပါတယ်နော်။ဖေဖေ့ ဒူးလေး
နာနေတာသက်သာလို့ ဆေးနည်းလေးမန့်ပေး တဲ့ အမကို မသိပေမယ့် ကျေးဇူးတင်ပါတယ်။)
ဒူးခေါင်းနာတတ်တဲ့သူတွေ စမ်းသပ်ကြည့်သင့်တဲ့
နည်းလမ်းလေး မျှဝေပါတယ်။
#ကျန်းမာရေးနှင့်အထွေထွေဗဟုသုတ