Rgsr

Rgsr Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rgsr, Medical and health, .

01/04/2023

"ခေတ်ဆိုး ခေတ်ပျက်"
^^^^^^^******^^^^^^

ဘုရားရှေ့မှောက်၊ အရက်သောက်
ကြောက်စရာကောင်းတဲ့ခေတ်။

ဘုန်းကြီးကိုလည်း၊ ဆဲလို့ဆဲ
ငရဲကျမယ့်ခေတ်။

မိဘကိုလည်း၊ ဆဲလို့ဆဲ
ငရဲကျမယ့်ခေတ်။

ဆရာ မိဘ၊ မရိုသကွေ
အပါယ်ကျမယ့်ခေတ်။

ဆံပင်ဆေးဆိုး၊ အမျိုးမျိုး
ကိုးရို့ကားယားခေတ်။

ရှေ့ကွဲ နောက်ကွဲ၊ အလယ်ကွဲ
တကယ်ရဲတဲ့ခေတ်။

မိဘ မောင်ဘွား၊ လေးမထား
မလေးစားတဲ့ခေတ်။

နွားသတ် ဝက်သတ်၊ ကြက်တွေသတ်
ရက်စက်ရဲတဲ့ခေတ်။

လာဘ်စား ဖြတ်စား၊ တွေ့ရာစား
တရားကင်းတဲ့ခေတ်။

လင်ကြီးရှိလျက်၊ လင်ငယ်မက်
အရှက်မဲ့တဲ့ခေတ်။

မယားကြီးရှိလျက်၊ မယားငယ်မက်
အရှက်မဲ့တဲ့ခေတ်။

သူတော်တရား၊ မလေးစား
တရားကင်းတဲ့ခေတ်။

တရားထိုင်ရင်း၊ အချင်းချင်း
အတင်းပြောတဲ့ခေတ်။

ပါးစပ်ဘုရား၊ လက်ကားယား
အမှားကျင့်တဲ့ခေတ်။

ဘုရားတွေခိုး၊ ငရဲအိုး
ဇောက်ထိုးကျမယ့်ခတ်။

သေလျှင်တောက်လျောက်၊ ငရဲရောက်
ဌာပနာဖောက်တဲ့ခေတ်။

တစ်ဦးမေတ္တာ၊ ပြည့်စုံရာ
မနာလိုတဲ့ခေတ်။

လူကြီး ပျိုစဉ်၊ တွဲလျက်ယှဉ်
ပွဲသဘင်သွားတဲ့ခေတ်။

ပေါင်းဖက်သားချင်း၊ မေတ္တာကင်း
အတင်းပြောတဲ့ခေတ်။

လူငယ် လူကြီး၊ ပြောဆိုနည်း
လူကြီးရှုံးတဲ့ခေတ်။

အရွယ် မရောက်၊ အပျိုပေါက်
လင်နောက်လိုက်တဲ့ခေတ်။

ရွှေ ငွေဝတ်ဆင်၊ လူချစ်ခင်
ဂုဏ်အင်ကြီးတဲ့ခေတ်။

ကျောင်းသား ဆရာမ၊ စာသင်ပြ
ခိုးရာလိုက်တဲ့ခေတ်။

ကိုယ်ကပ် လည်ဟိုက်၊ ဝတ်ဆင်ခိုက်
စိတ်မိုက်ဝင်တဲ့ခေတ်။

ဆုံးမအသံ၊ မနာခံ
ပြန်လှန်ပြောတဲ့ခေတ်။

မိန်းမ ယောင်္ကျား၊ သွင်မခြား
ခွဲခြား မရတဲ့ခေတ်။

မာနရှင်များ၊ မာနထား
တိုးပွားနေတဲ့ခေတ်။

ဥပုသ်သည်များ၊ ကျောင်းကိုသွား
ပါဝါကြွားတဲ့ခေတ်။

ဘုန်းကြီးများထံ၊ သီလခံ
ဆူညံနေတဲ့ခေတ်။

တရားသဘော၊ ဘယ်လိုဟော
အတင်းပြောတဲ့ခေတ်။

စာပေဖတ်လည်း၊ ခဏပဲ
ခေါင်းထဲမထားတဲ့ခေတ်။
ရုပ်ပိုင်းဆိုင်ရာ တိုးတက်ငြားသော်လည်း စိတ်ပိုင်းဆိုင်ရာ ပျက်ယွင်းလာသည့် ခေတ်အခါကာလမှာ စာပေဗဟုသုတရှာမှီးလျက် ပညာရှိတို့၏ အဆုံးအမကို လိုက်နာကာ မိမိကိုယ်ကိုယ် ကောင်းစွာ မွေးမြူနိုင်ကြပါစေ။🙏🏻
Credit :

01/04/2023
01/04/2023
01/04/2023
31/03/2023
18/12/2021

rjjityktuollo678od68op86d

18/12/2021

thztrjuykito7o7od7of7

18/12/2021

efhyzhuztruit

Address


Website

Alerts

Be the first to know and let us send you an email when Rgsr posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your practice to be the top-listed Clinic?

Share