A Yay Paw - အရေးပေါ်

  • Home
  • A Yay Paw - အရေးပေါ်

A Yay Paw - အရေးပေါ် လူတိုင်းအတွက် ထိရောက်လွယ်ကူသော အရေးပေါ် ရှေးဦးသူနာပြု နည်းလမ်းများ

17/04/2025

နှစ်သစ်မှာ ဘေးဘယာတွေ ဝေးကွာ၍ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ 🥰🫶🙏

ငလျင်လှုပ်ပြီးနောက် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ (ဧပြီ၊ ၂၀၂၅)PDF File (9.61 MB) Download Link:https://go.nugmyanmar.or...
09/04/2025

ငလျင်လှုပ်ပြီးနောက် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ (ဧပြီ၊ ၂၀၂၅)

PDF File (9.61 MB) Download Link:
https://go.nugmyanmar.org/dbf29467

Microbiology & Infectious Disease Team
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ







မန္တလေးမြို့ အနီးတဝိုက်ရှိ ပြည်သူများအတွက် နိုင်ငံတကာ မှ အခမဲ့ ယာယီဆေးရုံ/ဆေးခန်းများ နှင့် စစ်ကိုင်း၊ ပျော်ဘွယ် မှ အခမဲ...
07/04/2025

မန္တလေးမြို့ အနီးတဝိုက်ရှိ ပြည်သူများအတွက် နိုင်ငံတကာ မှ အခမဲ့ ယာယီဆေးရုံ/ဆေးခန်းများ နှင့် စစ်ကိုင်း၊ ပျော်ဘွယ် မှ အခမဲ့ ဆေးခန်းများ

ငလျင်လှုပ်ခတ်ပြီးနောက် အဖြစ်များတတ်သော ကူးစက်ရောဂါများ (မတ်လ၊ ၂၀၂၅ ခုနှစ်)🦠 ရေမသန့်ရှင်းမှုကြောင့် ဖြစ်ပွားသည့် ဝမ်းပျက်...
06/04/2025

ငလျင်လှုပ်ခတ်ပြီးနောက် အဖြစ်များတတ်သော ကူးစက်ရောဂါများ (မတ်လ၊ ၂၀၂၅ ခုနှစ်)

🦠 ရေမသန့်ရှင်းမှုကြောင့် ဖြစ်ပွားသည့် ဝမ်းပျက်ဝမ်းလျှောရောဂါများ
🦠 ဖုန်အမှုန်များကြောင့် ဖြစ်ပွားသည့် အသက်ရှုလမ်းကြောင်းနှင့် အဆုတ်ရောင် ကူးစက်ရောဂါများ
🦠 အင်းဆက်ပိုးမွှားများကြောင့် ဖြစ်ပွားသည့် ငှက်ဖျားနှင့် အခြားကူးစက်ရောဂါများ
🦠 မေးခိုင်ပိုးဝင်ခြင်း
🦠 ဝက်သက်ရောဂါ
🦠 အရေပြားကူးစက်ရောဂါ
🦠 အသည်းရောင်အသားဝါ A နှင့် E

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

#ငလျင်





ငလျင်လှုပ်ခတ်ပြီး မိုးရွာသွန်းသော ဒေသများမှ ပြည်သူများ သိရှိ‌ဆောင်ရွက်နိုင်ရန်
05/04/2025

ငလျင်လှုပ်ခတ်ပြီး မိုးရွာသွန်းသော ဒေသများမှ ပြည်သူများ သိရှိ‌ဆောင်ရွက်နိုင်ရန်

ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ကူးစက်ပျံ့နှံ့ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါအား သိရှိကာကွယ်နိုင်ရန် Ministry of Hea...
03/04/2025

ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ကူးစက်ပျံ့နှံ့ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါအား သိရှိကာကွယ်နိုင်ရန် Ministry of Health, National Unity Government of Myanmar မှ စုစည်းထားသော "ဝမ်းပျက်ဝမ်းလျှောရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာများ" အား ပြန်လည်မျှဝေလိုက်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားဖူးသည့် ဝမ်းပျက်ဝမ်းလျှောရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာများကို အများပြည်သူ သိရှိလိုက်နာနိုင်စေရန် စုစည်းဖော်ပြအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းတွင် အခမဲ့ဆေးခန်းပြရန်-
https://m.me/telehealthmm
-----------------------------

🤢 ကပ်ရောဂါအသွင် ဖြစ်စေနိုင်သော Cholera ကာလဝမ်းရောဂါ (ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ) (ဇူလိုင်လ၊ ၂၀၂၄ ခုနှစ်)
https://www.facebook.com/share/p/5ZMHFL99ptGBcvFe/

🤢 ပြင်းထန် ကာလဝမ်းရောဂါအကြောင်း သိမှတ်ဖွယ်ရာ (ဇူလိုင်လ၊ ၂၀၂၄ ခုနှစ်)
https://www.facebook.com/share/p/zrZJwSUd4qJR27Ld/

🤢 ပြင်းထန်ကာလဝမ်းရောဂါနှင့် အခြားဝမ်းပျက်ဝမ်း‌လျှောရောဂါများကို ကာကွယ်ရန်အတွက် လိုက်နာရမည့်အချက်များ (ဇူလိုင်လ၊ ၂၀၂၄ ခုနှစ်)
https://www.facebook.com/share/p/WGxpspkiYcHbnSkA/

🤢 မသိမဖြစ် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း (မတ်လ၊ ၂၀၂၃ ခုနှစ်)
https://www.facebook.com/MoHNUGMyanmar/posts/590996919745756

🤢 ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ပါ (မေလ၊ ၂၀၂၃ ခုနှစ်)
https://www.facebook.com/telehealthmm/posts/546476544356469

🤢 ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ရန် (မတ်လ၊ ၂၀၂၃ ခုနှစ်)
https://www.facebook.com/telehealthmm/posts/516024337401509

🤢 ဝမ်းပျက်ဝမ်းလျှောရောဂါကို ကြိုတင်ကာကွယ်ရန် (မေလ၊ ၂၀၂၁ ခုနှစ်)
https://www.facebook.com/share/p/1D8QNAKcYe/

🤢 ရိုတာဗိုင်းရပ်စ် ဝမ်းလျှောဝမ်းပျက်ရောဂါ (Rotavirus Diarrhoea) (နိုဝင်ဘာလ၊ ၂၀၂၂ ခုနှစ်)
https://www.facebook.com/MoHNUGMyanmar/posts/514296940749088

🤢 စစ်ရှောင်စခန်းများအတွက် ရေနှင့် သန့်ရှင်းရေးအကြောင်း သိကောင်းစရာ (အောက်တိုဘာလ၊ ၂၀၂၁ ခုနှစ်)
https://www.facebook.com/MoHNUGMyanmar/posts/246170290875918

🤢 ရေမှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သော ရောဂါများကို ကာကွယ်နိုင်ရန် နည်းလမ်းများ (ဧပြီလ၊ ၂၀၂၂ ခုနှစ်)
https://www.facebook.com/MoHNUGMyanmar/posts/351000903745360

🤢 မသန့်ရှင်းသောရေကို သောက်သုံးခြင်းကြောင့် ဖြစ်ပွားနိုင်သောရောဂါများ (ဇူလိုင်လ၊ ၂၀၂၃ ခုနှစ်)https://www.facebook.com/telehealthmm/posts/570547685282688

🤢 သန့်ရှင်းသော သောက်သုံးရေ ရရှိရန် ရေတွင် ကလိုရင်း ဆေးခတ်ခြင်း (နိုဝင်ဘာလ၊ ၂၀၂၁ ခုနှစ်)
https://www.facebook.com/MoHNUGMyanmar/posts/250422903783990

🤢 သန့်ရှင်းသော သောက်သုံးရေ ပြုလုပ်နည်း (ဧပြီလ၊ ၂၀၂၂ ခုနှစ်)
https://www.facebook.com/MoHNUGMyanmar/posts/370240605154723

🤢 အစားအစာကြောင့် ကျန်းမာရေး မထိခိုက်စေရန် သို့မဟုတ် အစာအဆိပ်သင့်ခြင်းမှ ကာကွယ်နိုင်ရန် (မေလ၊ ၂၀၂၁ ခုနှစ်)
https://www.facebook.com/MoHNUGMyanmar/posts/132467985579483

🤢 အစားအစာများ ဘေးကင်းစေရန် အဓိကသော့ချက် (၅) ချက် (January 2023)
https://www.facebook.com/telehealthmm/posts/466247945712482

🤢 လက်မှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သော ကူးစက်ရောဂါပေါင်းများစွာကို ကာကွယ်နိုင်ရန် လက်ဆေးပါ (ဒီဇင်ဘာလ၊ ၂၀၂၂ ခုနှစ်)
https://www.facebook.com/telehealthmm/posts/444396681230942

🤢 စာသင်ကျောင်းမှာ ဒီအချိန်တွေ လက်ဆေးပါ (အောက်တိုဘာလ၊ ၂၀၂၂ ခုနှစ်)
https://www.facebook.com/MoHNUGMyanmar/posts/488773856634730

🤢 စနစ်တကျ လက်ဆေးနည်း (မေလ၊ ၂၀၂၃ ခုနှစ်)
https://www.facebook.com/MoHNUGMyanmar/posts/628056059373175

#ဝမ်းပျက်ဝမ်းလျှော #ဝမ်းပျက် #ဝမ်းလျှော

ခက်ခက်ခဲခဲကျော်ဖြတ်ကြရဦးမယ့် Survivor Guilt ငလျင်ဘေးအပြီးမှာ အသက်ရှင်ကျန်ရစ်သူတွေ ခံစားရတတ်တဲ့ survivor guilt ဆိုတာဟာ အလ...
02/04/2025

ခက်ခက်ခဲခဲကျော်ဖြတ်ကြရဦးမယ့် Survivor Guilt

ငလျင်ဘေးအပြီးမှာ အသက်ရှင်ကျန်ရစ်သူတွေ ခံစားရတတ်တဲ့ survivor guilt ဆိုတာဟာ အလွန်ကိုမှ ပင်ပန်းခက်ခဲလှတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုပါ။

တကယ်တော့ ငလျင်ကပ်ဘေးရယ်လို့မှ မဟုတ်ပါဘူး
ကျွန်မတို့တစ်နိုင်လုံးအတိုင်းအတာနဲ့ကတော့ အကြမ်းဖက်မှုတွေ ၊ စစ်ပွဲတွေ ၊ တိုက်ခိုက်မှုတွေ စတဲ့ အဖြစ်အပျက်ဆိုးတွေကနေ ရှင်ကျန်ခဲ့ရသူတွေမှာလည်း ဒီ survivor guilt ကို ခံစားခဲ့ရဖူးသူတွေ၊ လက်ရှိခံစားနေရဆဲသူတွေ ဒုနဲ့ဒေး ရှိနေဆဲပါပဲ။

ဒီအခြေအနေကို ဖြတ်ကျော်နေရတဲ့သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းတွေပါ အပြင်းအထန် ထိခိုက်ခံစားရတတ်ပါတယ် ။

🟥မိမိကိုယ်ကို အပြစ်ရှိတယ်လို့ အပြင်းအထန်ခံစားရခြင်း ။
ငါက ဘာလို့ အသက်ရှင်ကျန်ခဲ့ရတာလဲ၊
ငါကြောင့် သူတို့ဆုံးပါးသွားရတာလား
ဘာလို့ သူများတွေ မဟုတ်ဘဲ ငါပဲ ရှင်ကျန်ရတာလဲ
ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေတတ်ပါတယ်
"ငါသာ ဒီလိုလုပ်ခဲ့ရင်... သူတို့ မသေဘဲ ရှိမှာပဲ" စတဲ့ အတွေးတွေပဲ ထပ်ခါတလဲလဲ တွေးမိနေပြီး
အသက်ရှင်နေရတာကို မတရားသလို ခံစားရတတ်ပါတယ်။

🟥 ဝမ်းနည်းပူဆွေးခြင်း ။
ဆုံးပါးသွားတဲ့သူတွေအတွက် အလွန်အမင်း ဝမ်းနည်းပူဆွေးပြီး အဆက်မပြတ် မျက်ရည်ကျနေတာမျိုး
ကွယ်လွန်သွားသူတွေနဲ့ ပတ်သက်တဲ့ အိပ်မက်ဆိုးတွေ ခဏခဏမက်တာမျိုး ၊
သူတို့ရဲ့ ဓာတ်ပုံ‌ကို အချိန်အကြာကြီး ကြည့်နေတာ
ကွယ်လွန်သူတွေရဲ့ အုတ်ဂူဆီ အလွန်အမင်း ခဏခဏ သွားပြီး အချိန်တွေကို ကုန်ဆုံးစေတတ်ပါတယ် ။

🟥 ထိတ်လန့်ကြောက်ရွံ့ခြင်း ။
နောက်ထပ် ဘေးအန္တရာယ်တစ်ခုခု ဖြစ်လာမှာကိုလည်း အမြဲလိုလို စိုးရိမ်ကြောက်ရွံ့နေတတ်ကြပါတယ်

🟥 အထီးကျန်ခြင်း ။
ဘယ်သူကမှ ကိုယ့်ခံစားချက်ကို နားလည်မှာ မဟုတ်ဘူးလို့ ထင်ပြီး အထီးကျန်ဆန်စွာ နေတတ်ပါတယ်။
ကိုယ့်ရဲ့ ခံစားချက်ကို ဖုံးကွယ်ပြီးနေတာ ၊
ကိုယ့်ကိုယ်ကို ပျော်ရွှင်ခွင့်မရှိတဲ့ သူတစ်ယောက်လိုသဘောထားပြီး မိမိကိုယ်ကို လစ်လျူရှုတာမျိုးတွေနဲ့အတူ စိတ်ကျရောဂါအထိ စွဲကပ်လာနိုင်ပါတယ်။

🟥 အနာဂတ်ကို အကောင်းမြင်စိတ် လုံးဝမရှိခြင်း။
မျှော်လင့်ချက်ကင်းမဲ့ပြီး ကိုယ့်ဘဝထက် ကွယ်လွန်သွားသူများရဲ့ ဘဝကိုသာ အလေးပေးတွေးမိနေတတ်ပါတယ် ။

🟥 အိပ်မပျော်ခြင်း၊ အာရုံစူးစိုက်လို့မရခြင်း ။
အိပ်မက်ဆိုးတွေ မက်တာ၊ အာရုံစူးစိုက်လို့ မရတာ၊
မိမိကိုယ်ကိုရော ဘုရားကိုရော ကံကြမ္မာကိုပါ ဒေါသထွက်လာမယ်
အနီးကပ်သူများကို အကြောင်းမဲ့ စိတ်ဆိုးလွယ် စိတ်တိုလွယ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

🟥 အစားအသောက်မမှန်တာ အစားအသောက်ပျက်တာ၊ သို့မဟုတ် အလွန်အမင်းစားမိတာ ၊ မောပန်းလွယ်တာ ၊ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုမရှိသလို ခံစားရတာ စတာတွေအပြင်

ဒီထက်ပိုပြီး ပြင်းထန်လာတဲ့အခါ
🟥 အန္တရာယ်ရှိတဲ့ အပြုအမူတွေကို လုပ်ဆောင်တာ
-ကိုယ့်ကိုယ်ကို နာကျင်အောင် အပြစ်ပေးခြင်း (Self-harm)၊
-အရက် အလွန်အကျွံသောက်တာ
-မိမိအသက်ကို စွန့်လွှတ်ဖို့ ကြံစည်တာ
(Suicidal Thoughts) စတဲ့ စိတ်ခံစားချက်တွေပါ ဖြစ်ပေါ်လာတတ်ပါတယ် ။

ဒီလိုအခြေအနေမျိုးကို ဖြတ်ကျော်ဖို့ဆိုရင်
အချိန်ယူရမှာဖြစ်သလို ကျွမ်းကျင်သူတွေရဲ့ အကူအညီလည်း လိုအပ်ပါတယ်။
ဘာတွေလုပ်ဆောင်သင့်လဲဆိုတော့...
✅ လက်ခံပါ။
မိမိခံစားချက်ကို ငြင်းပယ်တာမျိုးမလုပ်ပဲ
လူမှုအသိုင်းအဝိုင်း (သို့) အုပ်စုလိုက် **စိတ်ဒဏ်ရာ ပြန်လည်ထူထောင်ရေး အစီအစဉ်တွေ (Trauma Support Groups / emotional support session) တွေမှာ ပါဝင်ပါ။

✅ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ကျွမ်းကျင်ပညာရှင်များထံမှ အကူအညီကို ရယူပါ
အကူအညီကို လက်ခံပါ
စိတ်ပညာရှင်တွေက survivor guilt ကို ဖြတ်ကျော်နိုင်ဖို့ အထောက်အကူပေးနိုင်ပါတယ်။

✅ ဖေးမ အကူအညီပေးခြင်း ။
ဘေးဒုက္ခရောက်နေသူတွေကို တတ်နိုင်သလောက် ကူညီပေးခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်‌တွေမှာ နိုင်သလောက် ပါဝင်ခြင်းကလည်း ကိုယ့်ရဲ့ ဝမ်းနည်းပူဆွေးမှုကို သက်သာစေနိုင်ပါတယ်။

✅ မိမိကိုယ်ကို ခွင့်လွှတ်ပါ**
ကိုယ်သည် အခြားသူများရဲ့ ဆုံးပါးမှုအတွက် တာဝန်မရှိကြောင်း၊ မိမိအနေဖြင့် ရှင်သန်ခွင့်ရှိကြောင်း လက်ခံပေးပါ။
အသက်ရှင်နေရသည်မှာ အပြစ်မဟုတ်ပါ။
လက်ရှိခံစားချက်တွေကို ဖြတ်ကျော်နိုင်ဖို့ အချိန်ယူပါ။"

Survivor Guilt ဟာ အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း သက်သာသွားနိုင်ပေမယ့်
အထက်ပါ လက္ခဏာ‌တွေ ပိုမိုကြာမြင့်စွာ ဆိုးရွားပါက **PTSD (Post-Traumatic Stress Disorder)** အထိ ဖြစ်နိုင်တာကိုလည်း သတိပြုပါ။

ထပ်ပြောရရင် Survivor guilt ကနေ ပြန်လည်သက်သာဖို့ဟာ အချိန်ယူရမှာဖြစ်ပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့နဲ့ ကျွမ်းကျင်သူများရဲ့ အကူအညီယူဖို့က အရမ်းအရေးကြီးပါတယ်။

ယခုလို ငလျင်ဘေးကဲ့သို့ ရုတ်တရက် မမျှော်လင့်ပဲ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရသူတွေအတွက်
ရှင်ကျန်ရစ်ခြင်းရဲ့ ဝန်ထုပ်ဝန်ပိုးဟာ အလွန်ကြီးမားပါတယ်။ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုနဲ့ စိတ်ရောကိုယ်ပါ အချိန်ယူ ကုစားခြင်းကသာ ထိုဝန်ထုပ်ဝန်ပိုးကို လျော့ချနိုင်ပါလိမ့်မယ် ။

ဒေါက်တာမီ








Orignial Post: တယ်လီကျန်းမာ - Telekyanmar https://www.facebook.com/share/p/16UhBcvwPr/

02/04/2025

စိတ်ပိုင်းဆိုင်ရာ ​ရှေးဦးပြုစုနည်း

ကပ်ဘေးကလွတ်မြောက်လာသူတွေကို ကူညီကယ်ဆယ်သူတွေအနေနဲ့ပဲဖြစ်ဖြစ် အားပေးနှစ်သိမ့်သူတွေအနေနဲ့ပဲဖြစ်ဖြစ် "စိတိပိုင်းဆိုင်ရာ ရှေးဦးပြုစုနည်း Psychological First Aid " ကို သိထားသင့်ပါတယ်။

ရိုးရှင်းပြီး လုပ်ဆောင်ရလွယ်ကူတဲ့အပြင် ထိရောက်မှုလည်းရှိတဲ့ ဒီနည်းလမ်းလေးအကြောင်းကို တယ်လီကျန်းမာ YouTube link မှတစ်ဆင့် ဒေါက်တာလှထုံကမျှဝေပေးထားပါတယ်။

https://youtu.be/iWIpJVa0njA?feature=shared

(YouTube ကြည့်ရှုပေးခြင်းအားဖြင့် တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းအတွက် တစ်ဖက်တစ်လမ်းမှ အလှူငွေထည့်ဝင်နိုင်တာမို့ လှူဒါန်းမှုလည်းမြောက်တဲ့အပြင် ဗဟုသုတလည်း ရစေတာမို့ အချိန်ရရင် ကြည့်ရှုပေးကြဖို့ တိုက်တွန်းပါရစေနော် 😊😇)





ငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲဖြစ်လာနိုင်မည့် မြွေအန္တရာယ်ငလျင်ကြောင့် မြေတွင်းနေရာများ ပျက်စီးသွားတတ်ပြီး မြွေများ အပြ...
01/04/2025

ငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲဖြစ်လာနိုင်မည့် မြွေအန္တရာယ်

ငလျင်ကြောင့် မြေတွင်းနေရာများ ပျက်စီးသွားတတ်ပြီး မြွေများ အပြင်ထွက်လာကာ လူနေအနီးတွင် ပိုမိုတွေ့ရှိနိုင်ပါသည်။ ပြည်သူများအားလုံး ဘေးကင်းစွာနေထိုင်နိုင်ရန် Ministry of Health, National Unity Government of Myanmar , DVB TV News နှင့် Snakebite Emergency Cases and Identification မှ မျှဝေထား‌သော အချက်အလက်များကို စုစည်းပေးထားပါတယ်။

အားလုံး ဘေးအန္တရာယ် ကင်းရှင်းကြပါစေ 🙏

#ငလျင် #မြွေအန္တရာယ်

မြွေကိုက်မခံရအောင် ကာကွယ်ပါ
https://www.facebook.com/share/p/165Nk7BRSQ/

မြွေနဲ့ရုတ်တရက်တွေ့ရင် ဘာလုပ်ရမလဲ
https://www.facebook.com/share/PQyhGpL9P6huESXz/?mibextid=oFDknk

ရှေးဦးသူနာပြုစုနည်း ပုံ
https://www.facebook.com/share/p/15MaijwkJf/

ရှေးဦးသူနာပြုစုနည်း video
https://www.facebook.com/share/v/15XJ6BsZvG/

မြွေကိုက်ခံရရင် ဘာတွေဆက်လုပ်ရမလဲ
https://www.facebook.com/share/p/15JVkoqM6H/

ဆရာဝန်များအတွက် မြွေကိုက် Case ကိုးကားရန်
https://www.facebook.com/share/p/Dy13gfMjuNoqpfC8/?mibextid=oFDknk

မြွေကိုက်ခံရခြင်းနှင့် ပတ်သတ်သည့်အယူအဆအမှားများ
https://www.facebook.com/share/p/PWZun68rTCErRj19/?mibextid=oFDknk

တိုင်းရင်းဆေးနှင့် မြွေကိုက်ခံရခြင်း
https://www.facebook.com/share/p/EjyNnSmd1WggnMvj/?mibextid=oFDknk

🌱 သဘာဝဘေးအန္တရာယ် နဲ့ Psychological First aid Training 🌱📅Date- 5th , 6th and 7th April 2025( Saturday , Sunday , Monday ...
31/03/2025

🌱 သဘာဝဘေးအန္တရာယ် နဲ့ Psychological First aid Training 🌱

📅Date- 5th , 6th and 7th April 2025
( Saturday , Sunday , Monday )
⏰Time - 6:00pm to 8:30pm , Myanmar time
📍Platform- Zoom Live session
🔔သင်တန်းသားဦးရေ ကန့်သတ်ထားတာလေးတော့ရှိပါတယ်။

PFA သင်တန်းအတွက် စိတ်ဝင်စားရင်တော့ Mind Diary Chat Box မှာ သင်တန်းအတွက် စာရင်းပေးသွင်းနိုင်ပါတယ်။

🌱 သဘာဝဘေးအန္တရာယ်နဲ့ Psychological First aid Training 🌱
📣စိတ်ပိုင်းဆိုင်ရာ ကနဦးကူညီစောင့်ရှောက်မှု သင်တန်း (Batch 1️⃣)

💭PFA ဆိုတာဘာလဲ?
💭စိတ်ပိုင်းဆိုင်ရာကူညီစောင့်ရှောက်ဖို့လိုအပ်နေသူတွေကို ဘယ်လိုနည်းလမ်း မှန်မှန်နဲ့ ကူညီဖေးမကြမလဲ?
💭မိမိကိုယ်တိုင်ရော ကိုယ့်စိတ်ကျန်းမာရေးအတွက်ဘယ်လို စောင့်ရှောက်ကြမလဲ?
💭စိတ်ဖိစီးမှုတွေကိုဘယ်လိုကိုင်တွယ်ကြမလဲ နဲ့ စိတ်လေ့ကျင့်ခန်းများကို Mind Diary မှ စိတ်ကျန်းမာရေးပညာရှင်များက လေ့ကျင့် ဆွေးနွေး မျှဝေသွားမှာ ဖြစ်ပါတယ်။

🌱 သဘာဝဘေးအန္တရာယ်ကျရောက်တဲ့နေရာက လိုအပ်နေတဲ့သူတွေနဲ့ကိုယ့်ပတ်ဝန်းကျင်ကလူတွေ….စိတ်ပိုင်းဆိုင်ရာ အကူအညီ နည်းမှန်လမ်းမှန်နဲ့ ထိထိရောက်ရောက် ကူညီချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်။

PFA training information ℹ️

🗒️ပါဝင်မယ့် ခေါင်းစဉ်တွေကတော့
▫️စိတ်ဖိစီးမှုအကြောင်း နှင့် စိတ်ဖိစီးမှုများကို ကိုင်တွယ်နည်း
▫️SelfCare
▫️ထိရောက်စွာ နားထောင်နည်း ( Active Empathetic Listening)
▫️Psychological first aid
▫️စိတ်လေ့ကျင့်ခန်းများ ( Grounding and Relaxation Techniques )

⭕️သင်တန်းကာလက ၃ရက်တာကြာမြင့်မှာဖြစ်ပါတယ် ။
📅Date- 5th , 6th and 7th April 2025
( Saturday , Sunday , Monday )
⏰Time - 6:00pm to 8:30pm , Myanmar time
📍Platform- Zoom Live session
🔔သင်တန်းသားဦးရေ ကန့်သတ်ထားတာလေးတော့ရှိပါတယ် ။

💯% donated money will go directly to areas in need❤️

PFA သင်တန်းအတွက် စိတ်ဝင်စားရင်တော့ Mind Diary Chat Box မှာ သင်တန်းအတွက် စာရင်းပေးသွင်းနိုင်ပါပြီရှင့်။

🌱Mind Diary🌱
Mental Health Clinic
📌Have questions about Mind Diary’s services
☎️ DM us for more information—we’re here to help🌱

အခုအချိန်မှာ လူတိုင်းနီးပါး လိုအပ်နေတဲ့ PFA (Psychological First Aid) လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုနည်းလေးတွေ...
31/03/2025

အခုအချိန်မှာ လူတိုင်းနီးပါး လိုအပ်နေတဲ့ PFA (Psychological First Aid) လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုနည်းလေးတွေကိုလည်း အကျဉ်းချုံးလေး မျှဝေပေးချင်ပါတယ်။

PFA ဆိုတာ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေပဲ လုပ်လို့ရတဲ့အရာမျိုး မဟုတ်ပါဘူး
မည်သူမဆို PFA ပေးလို့ရပါတယ်
ပညာရှင်များသာမကပဲ စေတနာ့ဝန်ထမ်းတွေ ၊ အရေးပေါ်ကယ်ရေးဝန်ထမ်းတွေအပြင် ပြည်သူလူထုအချင်းချင်း ပေးလို့ရပါသေးတယ် ။
မှန်ကန်တဲ့နည်းလမ်းနဲ့ ပေးနိုင်ဖို့တော့ လိုပါတယ် ။

PFAဆိုတာ ဖြစ်ရပ်ဆိုးနဲ့ ကပ်ဘေးတစ်ခုကြောင့် လောလောလတ်လတ် ထိခိုက်ခံစားနေရသူများကို ဖေးမကူညီပေးဖို့ ရည်ရွယ်ပါတယ်။

လူလုပ်တဲ့ ဘေးအန္တရာယ်အပြင် ယခုလို သဘာဝဘေးအန္တရာယ်ဖြစ်ရပ်ဆိုးတွေကို မိမိကိုယ်တိုင်ကြုံတွေ့ရသည်ဖြစ်စေ ၊ တဆင့်မြင်ရကြားရသည်ဖြစ်စေ ကျွန်မတို့မှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေဖြစ်ပေါ်ခံစားရကြပါတယ် ။

အဲ့ဒီလို အရေးပေါ်အခြေအနေတွေမှာ ကျွန်မတို့အနေနဲ့ လူသားဆန်တဲ့ အထောက်အပံ့၊ အကူအညီ ၊ ပံ့ပိုးမှုတစ်ခုခုပေးလိုက်တာကို PFA လို့ ခေါ်ပါတယ် ။
လက်တွေ့ကျတဲ့ထောက်ပံ့မှုကိုလည်း ဆိုလိုပါတယ်။

✅Look
အရေးကြီးဆုံးအခြေခံအချက်တစ်ခုကတော့
လုံခြုံရေးပါ
အရင်ဆုံး ဒီကပ်ဘေးမှ လွတ်မြောက်သူတွေကို ဘေးကင်းလုံခြုံရာကို ရွေ့ပြောင်းပေးပါ
သူတို့မှာ အရေးတကြီး ဘာလိုအပ်နေလဲဆိုတာကို မြင်အောင်ကြည့်ပါ ။
ရေလိုအပ်ရင် ရေတိုက်ပါ
အဝတ်အထည်လိုအပ်နေတယ်လို့ထင်တယ် ဒါကိုအရင် ဖြည့်ဆည်းပေးပါ
ဆာလောင်နေတယ်လို့ထင်ရင် စားစရာကို ထောက်ပံ့ပေးပါ။

မျက်စိနဲ့မြင်ရသော ပြင်ပထိခိုက်ဒဏ်ရာရနေရင် ကုသမှုပေးနိုင်သောနေရာများသို့ ပို့ဆောင်ပေးပါ
ကနဦးပြုစုစောင့်ရှောက်ကုသမှုပေးပါ ။

အလွန်အမင်းထိခိုက်တုန်လှုပ်နေတယ်လို့ထင်ရင် စိတ်တည်ငြိမ်အောင် ကူညီပေးပါ
ကိုယ့်ကိုယ်ကို မိတ်ဆက်ပြီး ကိုယ်က သူ့အားကူညီပေးမယ့်သူဖြစ်တယ်ဆိုတာကို ယုံကြည်အောင် ရိုးရိုးရှင်းရှင်းနဲ့ တိတိကျကျလေး မိတ်ဆက်ဖို့လိုပါတယ် ။
ဒီနေရာမှာ အတင်းအကြပ် မေးမြန်းတာမျိုး ၊ ကြုံတွေ့ရတာတွေကို ပြောပြခိုင်းတာမျိုးကို ရှောင်ပါ
ကာယကံရှင်က မပြောပြချင်ရင် ဒီတိုင်းပဲထားပါ
ငိုနေတဲ့သူဆိုရင်လည်း မငိုနဲ့ တိတ်တိတ်လို့ ပြောမယ့်အစား သူ့ကိုငိုခွင့်ပေးပြီး ကိုယ်က ဆိတ်ဆိတ်နေပေးခြင်းကလည်း ကူညီရာရောက်ပါတယ် ။

✅Listen
ပြောပြလာတဲ့အခါ ...
သူ့ဘက်မှ သူကြုံတွေ့ဖြစ်ပျက်ခဲ့သမျှကို မိမိအားရင်ဖွင့်တဲ့အခါမှာလည်း ဂရုတစိုက်နဲ့ နားထောင်ပေးပါ
ဖြတ်မမေးပါနဲ့ ဝေဖန်တာ ကဲ့ရဲ့တာတွေမလုပ်မိပါစေနဲ့
ကံကောင်းလို့အသက်ရှင်တာဆိုတဲ့ အပြောအဆိုမျိုး မပြောမိအောင် သတိထားပါ
ကိုယ်တစ်ယောက်တည်းဖြစ်တာမဟုတ်ဘူး လူတိုင်းကြုံနေရတာဆိုတာမျိုး ၊ ငိုနေလို့လည်း ပြီးသွားမှာမဟုတ်ဘူး စတဲ့ ကရုဏာဒေါသောနဲ့ ပြောဆိုမှုမျိုးကို ရှောင်ပါ။
စာနာမှု၊ နားလည်မှု ဖြင့် နားထောင်ပါ ။

✅Link
ချိတ်ဆက်ပေးပါ
သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်အောင်ကူညီပေးပြီးတဲ့အခါ
သူတို့ကို လိုအပ်တဲ့ လူမှုကူညီရေးအထောက်အပံ့တွေနဲ့ ချိတ်ဆက်ပေးတာ ၊ မိသားစုဝင် ဆွေမျိုးတွေနဲ့ ဆက်သွယ်နိုင်အောင် ကူညီပေးတာ၊ ဘာသာရေးအသိုက်အဝန်း နဲ့အဆက်အသွယ်ရဖို့ စတဲ့ မှန်ကန်တဲ့သတင်းအချက်အလက်တွေကိုပေးဖို့ ချိတ်ဆက်ပေးဖို့ လိုအပ်ပါတယ် ။
ဘေးသင့်သူအချင်းချင်း ၊ ဖြစ်ရပ်ကို ကြုံရသူအချင်းချင်း ဖေးမနိုင်အောင် ကူညီပေးပါ။

ဆယ်ကျော်သက်အပါအဝင် ကလေးသူငယ်တွေ
ကျန်းမာရေးပြဿနာရှိသူတွေ ၊ မသန်စွမ်းသူတွေနဲ့ ခွဲခြားဆက်ဆံခံရနိုင်ခြေရှိသူတွေ ထိခိုက်ခံစားလွယ်သူတွေကတော့ အထူးစောင့်ရှောက်ပေးမှု လိုအပ်ပါတယ်။
တခြားသူ‌တွေထက် ချဉ်းကပ်ရမယ့်ပုံစံချင်းသာမက အကူအညီပေးရာမှာလည်း ကွဲပြားချက်တွေရှိပါတယ် ။

တကယ်တော့ PFA ဆိုတာ ဒီထက်ပိုပြီး ကျယ်ပြန့်ပါတယ် ။
လုပ်ဆောင်ရမယ့် အချက်တွေသာမကပဲ သတိထားရမယ့်အချက်တွေလည်း များပါတယ် ။

ဒါ့အပြင် လိုအပ်သူကို PFA ပေးရင်း ကိုယ်တိုင်လည်း အနားယူဖို့ အချိန်ပေးဖို့လိုအပ်တာကိုလည်း သတိရပါ ။
ခြေကုန်လက်ပမ်းကျတာမျိုး မဖြစ်အောင် ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာထိကိုပဲ အကူအညီပေးပါ ။
ပြဿနာအားလုံးကို ဖြေရှင်းပေးဖို့ တာဝန်မရှိကြောင်းကို အမှတ်ရပေးပါ ။

မိမိကိုယ်တိုင်အပြင် မိမိရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ဂရုစိုက်ပါ ။
အနားယူဖို့ တိုက်တွန်းပါ

ဖြစ်နိုင်မယ်ဆိုရင်တော့ နောက်တစ်နေ့တာ မိမိ၏လုပ်ငန်းစဉ်တွေပြန်မစခင် အချိန်ယူပြီး စိတ်ရောကိုယ်ပါ အနားပေးပါ ။
ဒါမှသာလျှင် ကျွန်မတို့အချင်းချင်း ကူညီ‌ဖေးမခြင်းလုပ်ငန်းစဉ်ကို ရေရှည်လုပ်နိုင်မှာ ဖြစ်ပါတယ်

ကျွန်မတို့မှာ ကျွန်မတို့ပဲရှိတယ် မဟုတ်ပါလား

ဒေါက်တာမီ
Reference
စိတ်ပိုင်းဆိုင်ရာကနဦးကူညီစောင့်ရှောက်မှု
PFA WHO
(ကွင်းဆင်းလုပ်သားများအတွက် လမ်းညွှန်ချက် စာအုပ်)

ရိုးရှင်းပြီး လုပ်ဆောင်ရလွယ်ကူတဲ့အပြင် ထိရောက်မှုလည်းရှိတဲ့ ဒီနည်းလမ်းလေးအကြောင်းကို တယ်လီကျန်းမာ YouTube link မှတစ်ဆင့် ဒေါက်တာလှထုံကလည်း မျှဝေပေးထားပါတယ်။

https://youtu.be/iWIpJVa0njA?feature=shared

ငလျင်ကြောင့် လတ်တလော ထိခိုက်ဒဏ်ရာ အရေးပေါ်ဆေးကုသ ဆွေးနွေးမှုများနှင့် စိတ်ကျန်းမာရေး ဆွေးနွေး ကုသမှုများပေးနိုင်ရန်အတွက် တယ်လီကျန်းမာ - Telekyanmar မှ ဝန်ဆောင်မှုများကို မြန်မာစံတော်ချိန် မနက် ၈နာရီမှ ည ၁၂ နာရီထိ အချိန် တိုး၍ ဖွင့်လှစ်ကုသပေးလျက်ရှိပါသည်။

ထိခိုက်ဒဏ်ရာနှင့် အခြားဝေဒနာများအတွက် ကုသမှုခံယူရန်
https://m.me/telehealthmm

https://t.me/TLKMReception

စိတ်ခံစားမှုများအတွက် ရင်ဖွင့်ဆွေးနွေးရန်
https://t.me/zeroscbot

သို့ ဆက်သွယ်နိုင်ပါတယ်။

ငလျင်နှင့် သင့်ကျန်းမာရေး
31/03/2025

ငလျင်နှင့် သင့်ကျန်းမာရေး

ငလျင်ဒဏ်နှင့် သင့်ကျန်းမာ‌ရေး (မတ်လ၊ ၂၀၂၅ ခုနှစ်)

🔴 ငလျင်ကြောင့် ချက်ချင်းသက်ရောက်မှုများ

ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရခြင်းနှင့် အသက်ဆုံးရှုံးရခြင်း၏ အဓိကအကြောင်းရင်းမှာ ပြိုကျ၊ ပြုတ်ကျသော ပစ္စည်းများနှင့် ထိခိုက်မိခြင်းကြောင့်ဖြစ်သည်။ ငလျင်လှုပ်နေချိန်အတွင်း ခိုင်ခံ့မှုအားနည်းသော အဆောက်အအုံများ၊ နေအိမ်များအတွင် နေထိုင်သူများသည် ထိခိုက်ခံစားရနိုင်ခြေ မြင့်မားသူများဖြစ်သည်။ အဖြစ်များသော ထိခိုက်ဒဏ်ရာများမှာ အရိုးကျိုးခြင်းများ၊ အရာဝတ္ထုများ ပိမိခြင်းကြောင့် ဖြစ်သောဒဏ်ရာများ၊ ချွန်ထက်သော ပစ္စည်းများကြောင့်ဖြစ်သည့် ဖောက်ဝင်ဒဏ်ရာများ၊ အရေပြားပွန်းပဲ့ ထိခိုက်ပြတ်ရှဒဏ်ရာများ၊ မီးလောင်ဒဏ်ရာများ၊ ဦးခေါင်းထိခိုက်မိသောကြောင့် ဦးနှောက်ကို ထိခိုက်စေသည့် ဒဏ်ရာများ စသည်တို့ဖြစ်သည်။ ငလျင်ကြောင့်နောက်ဆက်တွဲဖြစ်ပေါ်သော ရေကြီးရေလျှံမှုများကြောင့် ရေနစ်ခြင်းများ၊ ရေထဲတွင် အချိန်ကြာမြင့်စွာနေရသောကြောင့် ကိုယ်အပူချိန်ကျခြင်းများ၊ အဆိပ်အတောက်ပစ္စည်းများ၊ အမှုန်အမွှားများ၊ စွန့်ပစ်ပစ္စည်းများ စသည်တို့နှင့် ထိတွေ့နိုင်သောကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကိုလည်း သတိပြုရပါမည်။

🔴 ငလျင်ဒဏ်သင့်‌သော နေရာများတွင် နောက်ဆက်တွဲအနေဖြင့် အောက်ပါကျန်းမာရေးပြဿနာများ ကြုံတွေ့ရနိုင်ပါသည်။

📌 အနာပိုးဝင်ခြင်း (မကုသပါက အသက်ဆုံးရှုံးနိုင်ခြင်း)

ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူများသည် နောက်ဆက်တွဲအနာပိုးဝင်ခြင်းကို ဂရုပြုရမည်။ ကျန်းမာရေးစောင့်ရှောက်မှုမရခြင်း၊ အညစ်အကြေးများ၊ စွန့်ပစ်ပစ္စည်းများ၊ ရောဂါပိုး ပါဝင်သော ရေ၊ အမှုန်အမွှားတို့နှင့် ထိတွေ့ရခြင်းကြောင့် အနာပိုးဝင်နိုင်သည်။ အနာပိုးဝင်ခြင်းမှ အနာမကျက်ခြင်း၊ သွေးဆိပ်တက်ခြင်း (Sepsis)၊ ခြေလက်များဖြတ်တောက်ရခြင်းတို့ ဖြစ်စေနိုင်သည်။ အနာပိုးဝင်ခြင်းတို့တွင် မေးခိုင်ရောဂါပိုး (Tetanus) သည် အတွေ့ရအများဆုံးဖြစ်သည်။ ထိခိုက်ဒဏ်ရာရသူများသည် မေးခိုင်ရောဂါကာကွယ်ဆေးထိုးခြင်း၊ သင့်တော်သော ပိုးသတ်ဆေးနှင့် ကုသခြင်းတို့ကို လိုအပ်သည်။

📌 ကူးစက်ရောဂါများ

ငလျင်ဒဏ်ကြောင့် ရေပေးဝေမှုစနစ်များ ပျက်စီးခြင်း၊ သန့်ရှင်းသော သောက်သုံးရေမရခြင်း၊ ရေအရင်းအမြစ်များ ထိခိုက်ခြင်းတို့ကြောင့် ကူးစက်ရောဂါများဖြစ်ပွားနိုင်သည်။ ရေမှတစ်ဆင့် ကူးစက်သော ကာလဝမ်းရောဂါ (Cholera)၊ အသည်းရောင်အသားဝါ အေ ကဲ့သို့သော ရောဂါများကို သတိပြုရမည်။ နေထိုင်စရာမလုံလောက်ခြင်းနှင့် ငလျင်ကြောင့်ရွှေ့ ပြောင်းနေထိုင်ရခြင်းတို့ကြောင့် လူနေထူထပ်ကာ လေမှတစ်ဆင့်ကူးစက်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ (COVID-19၊ တုပ်ကွေး စသဖြင့်) လည်း ကူးစက်ဖြစ်ပွားနိုင်သည်။ ကာလဝမ်းရောဂါ (Cholera) စောင့်ကြပ်ကြည့်ရှု သတင်းပို့ခြင်းများ၊ ဝမ်းရောဂါကာကွယ်ဆေး (Oral Cholera Vaccine) များဖြင့် ထိခိုက်မှုကို လျှော့ချနိုင်သည်။

🔔 ငလျင်လှုပ်ခတ်ပြီးနောက် အဖြစ်များတတ်သော ကူးစက်ရောဂါများမှာ

▪️ ရေမသန့်ရှင်းမှုကြောင့် ဖြစ်ပွားသည့် ဝမ်းပျက်ဝမ်းလျှောရောဂါများ
▪️ ဖုန်အမှုန်များကြောင့် ဖြစ်ပွားသည့် အသက်ရှုလမ်းကြောင်းနှင့် အဆုတ်ရောင် ကူးစက်ရောဂါများ
▪️ အင်းဆက်ပိုးမွှားများကြောင့် ဖြစ်ပွားသည့် ငှက်ဖျားနှင့် အခြားကူးစက်ရောဂါများ
▪️ မေးခိုင်ပိုးဝင်ခြင်း
▪️ ဝက်သက်ရောဂါ
▪️ အရေပြားကူးစက်ရောဂါ
▪️ အသည်းရောင်အသားဝါ အေ နှင့် အီး

📌 နာတာရှည်ရောဂါဝေဒနာရှင်များ

သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ တီဘီရောဂါ စသည့် နာတာရှည်ရောဂါဝေဒနာများ ခံစားနေရရှာသူများသည်လည်း ငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်ခြေ များပါသည်။ ပုံမှန်ရယူနေကျဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှုမရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရာနေရာများ ထိခိုက်ပျက်စီးခြင်းတို့ကြောင့် ဆေးဝါးပြတ်လပ်ခြင်းများ ကြုံတွေ့ရနိုင်သည်။ လေ့လာမှုများအရ ငလျင်ဒဏ်ခံရသော ဒေသများရှိလူများသည် ဆီးချိုရောဂါဖြစ်ပွားနှုန်း တက်လာကြောင်းတွေ့ရသည်။

📌 ကိုယ်ဝန်‌ဆောင်များ

ငလျင်ဒဏ်သင့်ပြီးနောက်တွင် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုများ၊ သန္ဓေတားနည်းလမ်းများ လုံလောက်စွာ မရခြင်းကြောင့် အစီအစဉ်မရှိသော ကိုယ်ဝန်ဆောင်များ မြင့်တက်လာခြင်း၊ ကိုယ်အလေးချိန်မပြည့်သော ကလေးမွေးနှုန်း မြင့်တက်လာခြင်း၊ အသေမွေး (Still Birth) များ မြင့်လာခြင်း‌တို့ ကြုံတွေ့နိုင်သည်။

📌 ကျန်းမာရေးစနစ်ပြိုလဲခြင်း

အင်အားပြင်းငလျင်ဒဏ်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသော ဆေးရုံဆေးခန်းများ ထိခိုက်ပျက်စီးခြင်း၊ ကျန်းမာရေးလုပ်သားများ ငလျင်ဒဏ်ခံစားရခြင်း၊ လမ်းပန်းပို့ဆောင်ရေးနှင့် အခြားအခြေခံအဆောက်အအုံများ ထိခိုက်ခြင်း၊ လူနာအမြောက်အမြားကို ကြည့်ရှုကုသရခြင်း စသည့်အချက်များသည် ကျန်းမာ‌ရေးစနစ်ကို ထိခိုက်ပြိုလဲစေသည်။ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကြောင့် ယိမ်းယိုင်အားနည်းနေသော ကျန်းမာရေးစနစ်သည် ငလျင်ဒဏ်ကြောင့် ပိုမိုထိခိုက်ပျက်စီးမည်ဖြစ်သည်။ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များ၊ နာတာရှည်ရောဂါသည်များသည် အများဆုံးထိခိုက်ခံစားရမည့်သူများဖြစ်သည်။

📌 စိတ်ကျန်းမာရေးဆိုင်ရာ ထိခိုက်ခံစားရမှုများ

ငလျင်ဒဏ်ကို ကြုံတွေ့ခံစားရသော သူများသည် စိုးရိမ်ပူပန်ခြင်း၊ စိတ်ခံစားမှု အတက်အကျဖြစ်ခြင်း၊ အိပ်မပျော်ခြင်းများ ခံစားရနိုင်ပြီး နောက်ဆက်တွဲအနေဖြင့် စိတ်ကျရောဂါနှင့် ပြင်းထန်စိတ်ဖိစီးမှု ဒဏ်သင့်ရောဂါ (PTSD) များ ခံစားရနိုင်‌ခြေရှိပါသည်။

📌 နေရာရွှေ့ပြောင်းနေထိုင်ရခြင်း

ငလျင်ကြောင့် နေအိမ်အဆောက်အအုံများ ပြိုကျပျက်စီးသည့်အတွက် ယာယီနေရာများတွင် နေထိုင်ရသူများသည် မသန့်ရှင်းသော ရောဂါပိုးများ ထိတွေ့နေသည့် ရေများ၊ အမှုန်အမွှားများ၊ ဓာတုပစ္စည်းများနှင့် ထိတွေ့နိုင်ပြီး နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်သည်။ ရွှေ့ပြောင်းနေထိုင်စဉ်အတွင်း နေထိုင်မှုပုံစံပြောင်းလဲမှုများ (အစားအသောက်ပုံစံ၊ အိပ်စက်ခြင်းပုံစံ၊ ဆေးလိပ်နှင့် အရက်များ ပိုမိုသောက်သုံးခြင်း) စသည်တို့ကြောင့် နောက်ဆက်တွဲ နာတာရှည်ရောဂါများ ပိုမိုဖြစ်ပွားနိုင်သည်။

📌 တိရစ္ဆာန်များအပေါ် ထိခိုက်ခြင်းနှင့် အစားအစာပြဿနာများ

ငလျင်ကြောင့် ကျွဲ၊ နွား စသော လုပ်ငန်းသုံးတိရစ္ဆာန်များ၊ မွေးမြူရေးတိရစ္ဆာန်များ ထိခိုက်သေဆုံးရပြီး ကုသမှုများ မလုံလောက်သောကြောင့် တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်တက်သော ရောဂါများဖြစ်ပွားနိုင်ခြေ များလာနိုင်ပါသည်။ စိုက်ပျိုးမြေများ ထိခိုက်ပျက်စီးခြင်း၊ ရေအရင်းအမြစ်များ မသန့်ရှင်းသောကြောင့် အစားအစာနှင့် ရေ ရှားပါးပြတ်လပ်ခြင်းများ ကြုံတွေ့ရနိုင်သည်။ ထိုမှတစ်ဆင့် အစာနှင့် ရေတို့မှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သော ရောဂါများ ဖြစ်ပွားနိုင်ခြေ မြင့်မားလာနိုင်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

References:
(1) https://deohs. washington. edu/edge/sites/deohs.washington.edu.edge/files/2023-09/Earthquake%20fact%20sheet%20JH%20VB%20EDITS.pdf
(2) https://reliefweb. int/report/syrian-arab-republic/syrian-arab-republic-humanitarian-country-team-hct-coordinated-response-flash-update-4-earthquake-09-february-2023?_gl=1*1ec6vkc*_ga*NDUzODA5ODYuMTY3NTk2NzQ2MQ..*_ga_E60ZNX2F68*MTY3NTk2NzQ2MS4xLjEuMTY3NTk2ODQxNS40Mi4wLjA.

#ငလျင်





Address


Alerts

Be the first to know and let us send you an email when A Yay Paw - အရေးပေါ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to A Yay Paw - အရေးပေါ်:

Shortcuts

  • Address
  • Alerts
  • Contact The Practice
  • Claim ownership or report listing
  • Want your practice to be the top-listed Clinic?

Share