Zawgyi Medical Service

  • Home
  • Zawgyi Medical Service

Zawgyi Medical Service We offer home medical service with the best quality care, especially for elderly people who cannot g

ဇော်ဂျီအိမ်အ​ရောက် ကျန်းမာ​ရေးဝန်​ဆောင်မှုမှ အ​ကောင်းဆုံး ကျန်းမာ​ရေးဝန်​ဆောင်မှုများ​ ​ပေး​နေပါသည်။ ဤကာလတွင် ပြင်ပ​ဆေးရုံ​ဆေးခန်း သွား​ရောက်ပြသရန် အခက်အခဲရှိသူများ အထူးသဖြင့် သက်ကြီးရွယ်အိုများကို ECG၊ အာထွာ​ဆောင်းနှင့် ဓါတ်ခွဲစစ်​ဆေးမှုများ စသည့် လိုအပ်​သော​ရောဂါရှာ​ဖွေ စမ်းသပ်မှုများနှင့် ထိ​ရောက်​သော ကုသမှုများကို အိမ်အ​ရောက် အ​ကောင်းဆုံးဝန်​ဆောင်မှု​ပေး​နေပါသည်။



❤️
24/05/2024

❤️

နှစ်သစ်မှာကျန်းမာချမ်းသာကြပါစေလို့ Zawgyi Medical Service မှဆုတောင်းပေးလိုက်ပါတယ်ရှင်။
01/01/2023

နှစ်သစ်မှာကျန်းမာချမ်းသာကြပါစေလို့ Zawgyi Medical Service မှဆုတောင်းပေးလိုက်ပါတယ်ရှင်။

ပျော်ရွှင်သော ခရစ်စမတ် ဖြစ်ပါစေလို့ ဇော်ဂျီ မိသားစုက ဆုတောင်းပေးလိုက်ပါတယ်ရှင်။
25/12/2022

ပျော်ရွှင်သော ခရစ်စမတ် ဖြစ်ပါစေလို့ ဇော်ဂျီ မိသားစုက ဆုတောင်းပေးလိုက်ပါတယ်ရှင်။

သွားနာနေပါသလား သွားအလှစိုက်လိုပါသလား။ သွားနှင့်ပတ်သတ်တာကို အကုန်ပြနိုင်တဲ့ ဇော်ဂျီဆေးခန်းကို လှမ်းလာလိုက်ပါ။
01/10/2022

သွားနာနေပါသလား သွားအလှစိုက်လိုပါသလား။ သွားနှင့်ပတ်သတ်တာကို အကုန်ပြနိုင်တဲ့ ဇော်ဂျီဆေးခန်းကို လှမ်းလာလိုက်ပါ။

အခုလို ကိုဗစ်-၁၉ ရောဂါတွေပြန်လည် ဖြစ်ပွားနေတဲ့အချိန်မှာ လက်ကို သေချာစွာဆေးကြောခြင်းမျိုး၊ လူထူထပ်တဲ့နေရာရှောင်ခြင်း၊ လေက...
30/09/2022

အခုလို ကိုဗစ်-၁၉ ရောဂါတွေပြန်လည် ဖြစ်ပွားနေတဲ့အချိန်မှာ လက်ကို သေချာစွာဆေးကြောခြင်းမျိုး၊ လူထူထပ်တဲ့နေရာရှောင်ခြင်း၊ လေကောင်းလေသန့်ရအောင် နေထိုင်ခြင်း၊ maskတပ်ခြင်း၊ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးခြင်း များပြုလုပ်သင့်ပါသည်။

စစ်မှန်တဲ့ဆေးresult တွေရယူလိုပါသလား ဇော်ဂျီဆေးခန်းရှိပါတယ်။
29/09/2022

စစ်မှန်တဲ့ဆေးresult တွေရယူလိုပါသလား ဇော်ဂျီဆေးခန်းရှိပါတယ်။

အသားဈေးတွေကြီးလို့ ပရိုတင်းဓတ်တွေ လုံလောက်စွာ မရတော့ မှာ ကိုစိုးရိမ်စရာ မလိုပါဘူး။ ပဲအမျိုးမျိုးမှာ ခန္ဓာကိုယ်အတွက်လိုအပ...
28/08/2022

အသားဈေးတွေကြီးလို့ ပရိုတင်းဓတ်တွေ လုံလောက်စွာ မရတော့ မှာ ကိုစိုးရိမ်စရာ မလိုပါဘူး။ ပဲအမျိုးမျိုးမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပရိုတင်းဓတ်တွေ ပါရှိတဲ့ အတွက် နေ့စဥ် အသားအစားထိုး စားသုံးနိုင်ပါတယ်။

ခေတ်မှီသွားဆရာဝန်ကြီးများဆီမှာ မိမိရဲ့သွားလေးတွေကို ပြသနိုင်ရန်အတွက် Zawgyi Medical Service ရှိပါတယ်။
17/08/2022

ခေတ်မှီသွားဆရာဝန်ကြီးများဆီမှာ မိမိရဲ့သွားလေးတွေကို ပြသနိုင်ရန်အတွက် Zawgyi Medical Service ရှိပါတယ်။

Zawgyi ဆေးခန်းမှာ Vaxigrip များ instock ရှိပါသေးတယ်နော်။
14/07/2022

Zawgyi ဆေးခန်းမှာ Vaxigrip များ instock ရှိပါသေးတယ်နော်။

Cold chain မှန်ကန်စွာ ဖြင့်သယ်ဆောင်လာသော vaxigrip tetra ကို စျေးနှုန်းမှန်ကန်စွာဖြင့် Zawgyi ဆေးခန်းတွင် instock ဝယ်ယူရရှိနိုင်ပါပြီ။

ဆေးခန်းတွင်လည်း လာရောက်ထိုးနှံနိုင်ပြီး ဝယ်ယူလို့လည်းရနိုင်ပါတယ်။

1 pcs = 21500 kyats
📞 095077744
📞0943075066

တကျော့ပြန်ရောက်ရှိလာတဲ့ Covid 19 ရောဂါပိုးမှကာကွယ်ရန် လက်ဆေးခြင်း၊ mask တပ်ခြင်း၊ Social Distance လုပ်ခြင်း ၊ တတ်နိုင်သရ...
14/07/2022

တကျော့ပြန်ရောက်ရှိလာတဲ့ Covid 19 ရောဂါပိုးမှကာကွယ်ရန် လက်ဆေးခြင်း၊ mask တပ်ခြင်း၊ Social Distance လုပ်ခြင်း ၊ တတ်နိုင်သရွေ့ အိမ်ထဲမှာ နေခြင်း လုပ်ဆောင်ကြရအောင်ပါ။

အခုလိုမိုးရွာနေတဲ့အချိန်မှာ ရာသီတုပ်ကွေးအဖြစ်များတတ်ပါတယ်။ အာဟာရပြည့်ဝစွာ စားပြီး နွေးနွေးထွေးထွေး နေခြင်းဖြင့် မိမိကိုယ...
08/07/2022

အခုလိုမိုးရွာနေတဲ့အချိန်မှာ ရာသီတုပ်ကွေးအဖြစ်များတတ်ပါတယ်။ အာဟာရပြည့်ဝစွာ စားပြီး နွေးနွေးထွေးထွေး နေခြင်းဖြင့် မိမိကိုယ်ကိုယ် ဂရုစိုက်ပါနော်။

095077744 ,0943075066

Cold chain မှန်ကန်စွာ ဖြင့်သယ်ဆောင်လာသော  vaxigrip tetra ကို စျေးနှုန်းမှန်ကန်စွာဖြင့် Zawgyi ဆေးခန်းတွင် instock ဝယ်ယူရ...
30/06/2022

Cold chain မှန်ကန်စွာ ဖြင့်သယ်ဆောင်လာသော vaxigrip tetra ကို စျေးနှုန်းမှန်ကန်စွာဖြင့် Zawgyi ဆေးခန်းတွင် instock ဝယ်ယူရရှိနိုင်ပါပြီ။

ဆေးခန်းတွင်လည်း လာရောက်ထိုးနှံနိုင်ပြီး ဝယ်ယူလို့လည်းရနိုင်ပါတယ်။

1 pcs = 21500 kyats
📞 095077744
📞0943075066

သွေးလွန်တုတ်​ကွေး အ​ကြောင်းသိ​ကောင်းစရာများဟိုးအရင်ကာလများနဲ့မတူ ​သွေးလွန်တုတ်​ကွေးဟာ အရွယ်အစုံ၊ ဆိုဒ်အစုံမှာ ဖြစ်ပွားလာ...
04/06/2022

သွေးလွန်တုတ်​ကွေး အ​ကြောင်းသိ​ကောင်းစရာများ

ဟိုးအရင်ကာလများနဲ့မတူ ​သွေးလွန်တုတ်​ကွေးဟာ အရွယ်အစုံ၊ ဆိုဒ်အစုံမှာ ဖြစ်ပွားလာကြပါတယ်။
က​လေးကြီးငယ်၊ သက်ကြီးရွယ်အို၊ ကျားမမ​ရွေး ​သွေးလွန်တုတ်​ကွေးကို ​တွေ့​တွေ့လာ​နေရပါတယ်။
ခြင်ကျား​ပေါတဲ့ အ​ရှေ့​တောင်အာရှမှာ ​သွေးလွန်တုတ်​ကွေးဖြစ်တတ်ကြတယ်ဆို​ပေမယ့် ဆယ်​ကျော်သက်နဲ့ သက်ကြီးရွယ်အို​တွေမှာ ​ရောဂါပြင်းထန်လာတာဟာ ထူးခြားလာတယ်လို့​ပြောရပါမယ်။ ​သွေးလွန်တုတ်​ကွေး ဗိုင်းရပ်စ် (ဖလာဗီ)ဟာ မျိုးရိုးဗီဇတ​ဖြေး​ဖြေး​ပြောင်းလဲလာတယ်လို့ဆိုနိုင်ပါတယ်။

⏰️ဘယ််အချိန်မှာဖြစ်လဲ?
တစ်နှစ်ပတ်လုံးဖြစ်တတ်တယ်ဆို​ပေမယ့် မိုးဦးကျ ​ဆောင်းအကူးမှာ အဖြစ်များ​လေ့ရှိပါတယ်။ တ​နေ့တာမှာဆို ခြင်ကျား​သောင်းကြမ်းတဲ့အချိန်​တွေဖြစ်တဲ့ အာရုံဦး ​နေ့ခင်းနား​နေတဲ့အချိန် ည​နေ​နေဝင်ချိန်​တွေမှာ အဖြစ်များကြပါတယ်။

🏜ဘယ်​နေရာ​တွေမှာဖြစ်သလဲ?
မုတ်သုံရာသီဥတုရှိတဲ့​ဒေသ​တွေ အထူးသဖြင့် မြန်မာနိုင်ငံပါဝင်တဲ့ အ​ရှေ့​တောင်အာရှ​ဒေသ​တွေမှာဖြစ်​လေ့ရှိပါ။
ခြင်၊ယင်ခို​အောင်း​လေ့ရှိတဲ့​နေရာမျိုးမှာ ခြင်ကိုက်ခံရရင်ဖြစ်တတ်ပါတယ်။ ​​ဂျောင်က​လောင်၊ အမှိုက်ရှုပ်ရှုပ်၊ ခြုံထူတဲ့​နေရာ​တွေမှာ ခြင်​အောင်း​လေ့ရှိတဲ့ အရပ်​ဒေသ​တွေ၊ ခြင်​ပေါက်ပွားနိုင်တဲ့ ​ရေအိုင်၊ ​ရေ​မြောင်း၊မြစ်​ချောင်းနား​တွေမှာ အဖြစ်များပါတယ်။

🙎‍♂️ဘယ်သူ​တွေမှာ ​သွေးလွန်တုတ်​ကွေးဖြစ်​လေ့ရှိလဲ?
အရင်က​တော့ အသက် ၂နှစ် ပတ်ခြာလည်က​လေး​တွေမှာ အဖြစ်များတယ်ဆို​ပေမယ့် အခုအခါ အရွယ်ကြီးငယ် ကျားမမ​ရွေး ဖြစ်လာကြပါတယ်။

👀ဘာ​ကြောင့်ဖြစ်တာလဲ?
ခြင်ကိုက်လို့ဖြစ်တာပါ။ ​ရောဂါပိုးရှိတဲ့ခြင်ဟာ တခြားသူကိုကိုက်ရင် ​ရောဂါပိုးကူစက်နိုင်ပါတယ်။

🤒ဘယ်လိုတွေခံစားရနိုင်လဲ?
သာမန်ဖျားနားသလိုပဲ
ကိုယ်ပူ၊
လည်​ချောင်းနာ
ကိုယ်လက်ကိုက်ခဲမအီမသာဖြစ်
ဗိုက်​အောင့်
က​လေး​တွေမှာဆို မှိန်းမယ် အဖျားကြီးမယ်
အ​ရေပြား အစက်အ​ပြောက်​တွေထွက်မယ်

​ ​ရောဂါပြင်းထန်ရင်
​ခြေဖျားလက်ဖျား​အေးလာမယ်
ကိုယ်ပူကြီးမယ်
က​ယောင်ကတမ်း​ဖြစ်မယ်
ဝမ်းမဲမဲသွားမယ်ဗိုက်​အောင့်မယ်

🌐မဖြစ်​အောင် ဘယ်လိုကာကွယ်မလဲ?
အဓိကခြင်​ကြောင့်ဖြစ်တာဆို​တော့ ခြင်အကိုက်ခံရဖို့ အ​ရေးကြီးပါတယ်။
ခြင်မ​ပေါက်ပွားနိုင်​အောင်
ခြင်မ​အောင်းနိုင်​အောင်
ခြင်အကိုက်မခံရ​အောင် လုပ်ရပါမယ်

ခြင်မ​ပေါက်ပွားနိုင်​အောင် ကိုယ့်အနီးအနားပတ်ဝန်းကျင်မှာ ​ရေဝပ်​နေရာများ၊ ​ခွက်ပလုံး၊ ဘတ္ထရီအိုးပျက်များ ရှင်းပါ။ ​ရေစည် ​ရေကန်များ ​ဆေးခပ်ပါ၊ ​လောက်လန်းစား ​ဒေါင်းငါးများ​မွေးပါ။

ခြင်မ​အောင်းနိုင်​အောင် အမှိုက် ခြုံနွယ် ပိတ်​ပေါင်းများရှင်းပါ။ ​​​ဂျောင်က​လောင်များရှင်းပါ ခြင်​ဆေးဖြန်းပါ။
ခြင်အကိုက်မခံရ​အောင် ခြင်​ထောင်​ထောင်ပါ ခြင်​ဆေးလိမ်းပါ ခြင်​ဆေးဖြန်းပါ။

🏥ဖြစ်ရင် ဘယ်လိုလုပ်မလဲ?
ဖျားရင် အဖျားကျ​ဆေး ဥပမာ ပါရာစီတ​မော လို​ဆေးမျိုးတိုက်ပါ။
အပူကြီးရင်​ရေပတ်တိုက်ချပါ။
နားနား​နေ​နေ​နေပါ။
အာဟာရရှိ​အောင်စားပါ။
အရည်များများ​သောက်ပါ။
ဓါတ်ဆား​ရေတစ်​နေ့ တစ်လီတာခန့်​သောက်ပါ။
ခြင်အကိုက်မခံရ​အောင်ကာကွယ်ပါ။
အ​ရောင်မဲမဲပါတဲ့ အစားအ​သောက်​ရှောင်ပါ။

အထက်​ဖော်ပြထားသလို ပြင်းထန်တဲ့​ရောဂါ လက္ခဏာများခံစားရရင် ဆရာဝန်နဲ့​ဆေးကုသမှုခံယူပါ

#​သွေးလွန်တုတ်​ကွေး

​သွေးလွန်တုတ်​ကွေးနဲ့ ပတ်သက်တဲ့ သိအ​ကြောင်းများကို ဒီပိုစ့်​​အောက် comment section မှာ​မေးလို့ရပါတယ်။

Photo credit: Leonard E. Munstermann
https://news.yale.edu/2020/08/17/researchers-track-origin-one-natures-biggest-killers

ဆရာဘုန်းရဲ့​ခွေးရူး​ရောဂါ အ​ကြောင်းပါ
06/03/2022

ဆရာဘုန်းရဲ့​ခွေးရူး​ရောဂါ အ​ကြောင်းပါ

           ရပ်ကွက်တွေထဲမှာ #ပိုင်ရှင်မဲ့ခွေး တွေ နေရာယူမင်းမူနေကြပါတယ်

26/12/2021

Merry Christmas 🎄❤️

25/12/2021

Marry Christmas To You All..

ကလေးတွေမှာ Covid ကာကွယ်ဆေး ထိုးသင့်လား ? 💉💁🏻‍♂️ ထိုးသင့်ပါတယ်နော် 💯။ 💁🏻‍♂️ ယခုအနောက်နိုင်ငံတွေမှာ အသက်ငါးနှစ်အထက ်မှစ၍ C...
16/12/2021

ကလေးတွေမှာ Covid ကာကွယ်ဆေး ထိုးသင့်လား ? 💉

💁🏻‍♂️ ထိုးသင့်ပါတယ်နော် 💯။

💁🏻‍♂️ ယခုအနောက်နိုင်ငံတွေမှာ အသက်ငါးနှစ်အထက ်မှစ၍ Covid ကာကွယ်ဆေး ထိုးနှံစမ်းသပ်ခြင်းများပြုလုပ်ပြီး သက်ရောက် မှုရှိကြောင်းနှင့် အန္တာရယ်ကင်းကြောင်း ရှာဖွေတွေ့ရှိခဲ့ပါပီ။

💁🏻‍♂️Covid တတိယလှိုင်း မှ မိမိ၏အတွေ့အကြုံလေး ဝေမျှ ပြောပြပါရစေ 👨‍⚕️

👨‍⚕️တတိယလှိုင်းစခါစအချိန် အများစုအိမ်‌ေတွမှာ ကလေးများ စဖျားကြတယ်ဆိုပြိး ဖုန်းဆက်လာတယ် ကိုယ်လဲ ပထမတစ်အိမ်နှစ်အိမ်တော့ ပုံမှန်ဘဲ
ဆေးကုပေးခဲ့တယ် နောက်ပိုင်းအမအရင်းအိမ်မှာ ကလေးတွေဖျားတော့ သံသယရှိပြီး အိမ်ကလူကြီး
လေးယောက်ကို covid စစ်လိုက်တာ positive ( 3 ) ယောက် နဲ့ Negative ( 1 ) ယောက် ထွက်တယ်...

တခြားတစ်အိမ်မှာလဲ မိဘနှစ်ပါးကအိမ်မှာ positive ဖြစ်လို့ အဘိုးအဘွားအိမ်ပို့တာ အဘိုးအဘွားတွေ
တစ်အိမ်လံုးပါ positive ဖြစ်တာကိုတွေ့ခဲ့ရတယ်

နောက်ပိုင်းနောက်ပိုင်းအိမ်တွေမှာလဲ ကလေးတွေ
စဖျားရင် တအိမ်လုံး positive ဖြစ်တာကို အများစု တွေ့ခဲ့ရတယ်။
💁🏻‍♂️ဆိုလိုချင်တာကတော့ ကလေးတွေက Silent Carrier (လက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင်သူ) ဖြစ်နေနိုင်တာပါပဲ။ WHO ရဲ့ စမ်းသပ်ချက်တွေမှာလဲ ကလေးတွေမှာ covid စမ်းသပ်တွေ့ရှိရကြောင်းကို ဖော်ပြထားပါတယ်။
ယခု အနောက်နိုင်ငံတွေမှာလဲ အသက်ငါးနှစ်အရွယ်မှစ၍ ကလေးများကို covid ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး အရှေ့နိုင်ငံများတွင်လည်း စမ်းသပ်အောင် မြင်ခဲ့ပါြပီ။

❗ကာကွယ်ခြင်းက ကုသခြင်းထက်ပိုပြီး ထိရောက်တယ် (Prevention is better than Cure) ဆိုတဲ့ ဆိုရိုးစကားရှိသလို အသက်ငါးနှစ်အထက် ကလေးများအား ကာကွယ်ဆေးထိုးနှံပေးသင့်‌ေြကာင်း သတင်းမျှဝေ‌ေပးလိုက်ပါတယ်။💁🏻‍♂️

တထောင့်တနေရာမှ အကျိုးပြုလျက်🙏🏻
ဇော်ဂျီဆေးခန်း

သွေးတွင်းသကြားဓာတ်ကျနေတဲ့အခါ...☑  ခြေကုန်လက်ပန်းကျမယ် -သွေးတွင်းသကြားဓာတ်အရမ်းကျသွားတဲ့အခါမျိုးမှာလည်းခြေကုန်လက်ပန်းကျနိ...
15/12/2021

သွေးတွင်းသကြားဓာတ်ကျနေတဲ့အခါ...

☑ ခြေကုန်လက်ပန်းကျမယ် -သွေးတွင်းသကြားဓာတ်အရမ်းကျသွားတဲ့အခါမျိုးမှာလည်းခြေကုန်လက်ပန်းကျနိုင်ပါတယ်။

☑ နှလုံးခုန်မမှန်ဖြစ်မယ် -သွေးတွင်းသကြားဓာတ်ကျသွားတဲ့အခါ နှလုံးခုန်နှုန်းကနှေးသွားပြီး နှလုံးမမှန်တာမျိုးဖြစ်နိုင်ပါတယ်။

☑ ကတုန်ကယင်ဖြစ်မယ် –ခြေဖျားလက်ဖျားတွေအေးစက်ပြီးခြေလက်တွေတုန်တာကလည်းသွေးတွင်းသကြားဓာတ်ကျဆင်းနေတယ်ဆိုတဲ့ လက္ခဏာတစ်ခုပါ။

☑ ချွေးတွေအရမ်းထွက်နေမယ် -ခန္ဓာကိုယ်မှာချွေးစေးတွေပြန်နေမယ်၊ချွေးတွေရွှဲနစ်နေအောင်ထွက်နေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်က ရှိသင့်တာထက်တော်တော်လေးနည်းနေတာပါ။

☑ ဗိုက်ဆာမယ် – အစားပြည့်ပြည့်ဝဝစားထားရက်နဲ့ ဗိုက်ဆာတယ်လို့ခံစားရတာကသွေးတွင်းသကြားဓာတ်နည်းနေတာကြောင့် ခန္ဓာကိုယ်ကသွေးတွင်းသကြားဓာတ်လိုအပ်နေကြောင်းပြသနေတဲ့ လက္ခဏာတစ်ရပ်ပါ။

☑ မအီမသာဖြစ်မယ် – ဗိုက်ထဲမှာအော်ဂလီဆန်ပြီး မအီမသာခံစားနေရတယ်ဆိုရင် ဒါကသွေးတွင်းသကြားဓာတ်နည်းနေတဲ့ လက္ခဏာတစ်ခုပါ။

☑ မူးဝေမယ် -သွေးတွင်းသကြားဓာတ်နည်းသွားတာကြောင့် ဦးနှောက်ဆဲလ်တွေက လိုအပ်တဲ့ အချိုဓာတ်ကို မရရှိတဲ့အတွက် ခေါင်းမူးဝေရတာပါ။

☑ စိတ်ရှုပ်ထွေးမယ် -သွေးတွင်းသကြားဓာတ်ကျသွားတဲ့အခါ အာရုံရှုပ်ထွေးတာတွေ၊ ပလုံးပထွေးစကားပြောတာမျိုးတွေဖြစ်လာနိုင်ပါတယ်။

Credit -Precare

Address


Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Saturday 10:00 - 19:00
Sunday 10:00 - 19:00

Telephone

+9595077744

Website

Alerts

Be the first to know and let us send you an email when Zawgyi Medical Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Zawgyi Medical Service:

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Practice
  • Claim ownership or report listing
  • Want your practice to be the top-listed Clinic?

Share