HIV Knowledge Myanmar

  • Home
  • HIV Knowledge Myanmar

HIV Knowledge Myanmar HIV Knowledge & Education Myanmar

11/09/2024

New KP or "One Night Stand"

Hiv နှင့် ကာလသားတိုက်ဖျက်ရေးတွေမှာ အဓိကထားပြီး လုပ်ဆောင်ရတဲ့ လူတွေရှိပါတယ်..ကူးစက်နိုင်ခြေ မြင့်တဲ့သူတွေပေါ့..ဘယ်လိုလူမျိူးတွေလဲဆိုရင် MSM(အမျိုးသားချင်း လိင်တူဆက်ဆံသူများ).TG (အမျိုးသမီးလိင်စိတ်ခံယူထားပြီး အမျိူးသမီးလို ဝတ်စားဆင်ယင်သူများ) SW(အမျိူးသမီးပြည်တန်ဆာများ) နှင့်..PWID( မူးယစ်ဆေးအကြောထဲထိုးသွင်းသူများ) ဖြစ်ပါတယ်..အဲအုပ်စုမှာပါဝင်တဲ့သူတွေအများစုဟာ ကူးစက်ရောဂါ ဖြစ်နိုင်ခြေများတဲ့ လုပ်ရပ်တွေနဲ့ ထိတွေ့တဲ့အခြေအနေများလို့ Key Poppulation (KP) ဆိုပြီး ဆေးလောက က သတ်မှတ်ထားကြတယ်...

ဒါကြောင့် မို့ ဒီလိုလူတွေအတွက် ကျန်းမာရေး အသိပညာပေးမှုတွေ ကွင်းဆင်းစစ်ဆေးမှုတွေ လိင်ကျန်းမာရေးပညာပေးတာတွေကို ကျန်းမာရေး ဝန်ထမ်းတွေက စွမ်းစွမ်းတမံ လုပ်ဆောင်ပေးကြလို့ အခုဆို ထိုသူတွေဟာ ကျန်းမာရေး အသိပညာတွေရပြီး ကွန်ဒုံးစနစ်တကျသူံးစွဲတာတွေ..တခါသူံးဆေးထိုးအပ်တွေသုံးတာတွေ Hiv ကာကွယ်ဆေးသောက်တာတွေကိုပြုလုပ်လာလို့ ကူးစက်မှုနှုန်းတွေဟာ တော်တော်လေးကျသွားပါတယ်....

လူတယောက်ဟာ Gay တယောက် ပြည့်တန်ဆာ တယောက်ကို မြင်လိုက်တာနဲ့ သူဟာ Hiv ရှိတယ်လို့ အလွယ်သတ်မှတ်လို့မရတော့ပါဘူး..တချို့တွေဟာ ကျန်းမာရေးစောင့်ရှောက်တွေရကြလို့..ဒီစွပ်စွဲမှုဟာ ရာနှုန်းပြည်မမှန်တော့ပါဘူး.

ဒီနေ့ ကျွန်တော်စိတ်ပူရတဲ့ လူအုပ်စုတမျိုးထွက်လာပါတယ်..သူတို့တွေဟာ ကျား/မ ဖြစ်နိုင်သလို LGBT တွေထဲကလည်းဖြစ်နိုင်ပါတယ်..ONS လို့ ခေါ်တဲ့ one night stand တွေ စပ်ယှက်ကြတဲ့သူတွေပါ..ကလပ်မှာတွေ့တယ်. ကဲတယ် ဒိတ်ကြတယ်. အဆင်ပြေရင်ပြေသလို အလွယ်ဒိတ်တယ် အကာကွယ် မသူံးကြဘူး..အခုလိုနိုင်ငံခြားသွားကြဖို့ လုပ်နေကြချိန်မှာ သွေးစစ်ကြတော့ Hiv Positive ဖြစ်ကြတယ်..တကယ်စိတ်မကောင်းစရာပါပဲ..ဒါကြောင့် မို့ ONS တွေဟာ ကျနော့်အတွက်တော့ KP ပါပဲ..ဒါကြောင့် ဒီလူငယ်လေးတွေဟာ ကျန်းမာရေး အသိတွေ ကျန်းမာရေးစောင့်ရှောက်မှူတွေနဲ့ အများကြီးထိတွေ့ဖို့ လိုနေပြီဆိုတာကို သတိပေးချင်ပါတယ်..ကဲတာကရပါတယ်..စနစ်တကျ ကဲတတ်ဖို့ ကျန်းမာရေး အသိဟာအရေးကြီးပါတယ်.မဟုတ်ရင် တခါကဲ ပြီး တဘဝစာ ဖြစ်နိုင်တာမို့ အထူးသတိပေးလိုက်ပါတယ်

#သွေးစစ် #ဂနို #လိင်အင်္ဂါ #အင်္ဂါကြွက်နို့ #ကူးစက်ရောဂါ
#ကွန်ဒုံး #ကာလသားရောဂါ #ကွန်ဒုံး #ကာလသားရောဂါ

အကာကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့အခါ HIVပိုးကူးစက်ခံရပြီလားဆိုပြီး အမြဲတန်းလိုလို စိုးရိမ်နေတာမျိုး ဖြစ်တတ်ပါတယ်။ သာမာန်ဖျားတာန...
09/09/2024

အကာကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့အခါ HIVပိုးကူးစက်ခံရပြီလားဆိုပြီး အမြဲတန်းလိုလို စိုးရိမ်နေတာမျိုး ဖြစ်တတ်ပါတယ်။ သာမာန်ဖျားတာနာတာတောင် HIVပိုးကြောင့် ဖျား​နေတာများလားဆိုပြီး သံသယစိတ်​တွေဝင် အိပ်မ​ပျော်စားမရ ဖြစ်တတ် ကြပါတယ် ။

အမှန်တော့....
HIVပိုးက ဘယ်လိုလက္ခဏာကိုမှကြည့်ပြီး ရှိ ၊ မရှိ မသိနိုင်ပါဘူး။ HIV ပိုး ရှိ ၊ မရှိ သိနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက သွေးစစ်ဆေးခြင်းပဲဖြစ်ပါတယ် ။

ဒါကြောင့် မိမိမှာ HIV ပိုးကူးစက်ခံရမယ့်အခြေအနေရှိခဲ့တယ်ဆိုရင် ဒါမှမဟုတ် သံသယရှိတယ်ဆိုရင် အနည်းဆုံးသုံးလပြည့်တဲ့အချိန်မှာ သွေးစစ်ဆေးသင့်ပါတယ် ။

HIV ပိုးအတွက် အခမဲ့ တိုင်ပင်ဆွေးနွေး ၊ စစ်ဆေး ၊ ကုသမှုခံယူ ချင်တယ် ဆိုရင်တော့ Messenger မှာ အခမဲ့လာရောက်တိုင်ပင် ဆွေးနွေး ဘိုကင်တင်နိုင်ပါတယ် ။

#ကာလသား #သွေးစစ် #ဂနို #လိင်အင်္ဂါ #အင်္ဂါကြွက်နို့ #ကူးစက်ရောဂါ
#ကွန်ဒုံး #ကာလသားရောဂါ #ကွန်ဒုံး #ကာလသားရောဂါ

02/09/2024

စစ် စစ် စစ်..

လူတယောက်ဟာ လိင်ဆက်ဆံမှုတခုကြောင့်ဖြစ်ဖြစ် မတော်တဆမှုကြောင့်ဖြစ်ဖြစ် ကိုယ့်ကိုကိုယ် Hiv ကူးစက်ခံရပြီဆိုပြီး အကြမ်းဖျဥ်းယူဆကြပါတယ်...ယူဆတာက ပြသနာမဟုတ်ပေမယ့်..အဲအယူအဆကို စွဲပြီးကြောက်လန့်တတ်တာကတော့ ပြသနာပါပဲ..

ဒါဆို ဒီပြသာနာကို ဖြေရှင်းနည်းက ဘာလဲဆိုတော့ ထိတွေမှူပြုအပြီး သုံးလအကြာမှာသွေးစစ်လိုက်တာပါပဲ..သုံးလပြည့်ရင် စစ်တဲ့ Antibody Test ရဲ့အဖြေက အဖြေမှန်ပါပဲ..ဒါကြောင့် သုံးလပြည့်အဖြေကိုလုံးဝစိတ်ချယုံကြည့်လိုက်ပါ..လွန်ခဲ့တဲ့ သုံးလက ငါရဲ့လုပ်ရပ်ကနေ လုံးဝမကူးဘူး ဆိုပြီး စိတ်လွတ်ကိုယ်လွတ် ပျော်လိုက်ပါ..ငါ့မှာ Hiv မရှိဘူးဆိုတာ လုံးဝလက်ခံလိုက်ပါ..(သုတေသနတွေအရ တကယ်သာ Hiv ပိုးရှိရင် ၁၈ ရက်ကနေ ၄၅ ရက်အတွင်း ပေါ်ကိုပေါ်ပါတယ်ဗျ...သူလည်း ခေတ်မှီပြီလေ😄)

ဒီယုံကြည်ချက်ကို လက်မခံနိုင်ပဲ တချိန်လုံး Hiv ကို တနေတဲ့ အကိုတွေ အမတွေအတွက် အကောင်းဆုံးလုပ်နည်းက သွေးခဏခဏသာစစ်ပါ..ခနနေရင် စစ် မနက်ဖြနိ စစ် တဘက်ခါ စစ် သုံးလပြည့်လည်း ေခြာက်လပြည့်လည်းစစ် တနှစ်ပြည့်လည်းစစ်..အာသာပြေအောင်သာစစ်နေလိုက်ပါ..တခုပဲ...စစ်ပြီးရင် အဖြေကို ယူံကြည်လိုက်ပါ..ငါခံစားနေရတာတွေက Aids လိုပဲယူဆနေတဲ့စိတ်ကို ဖျောက်ပြီး တခြား ရောဂါ တွေစစ်ဆေးကုသပါ..ရောဂါကအများကြီးပါပဲ..အဲအထဲမှာမှ Hiv ကိုပဲ မဲမလိုက်ပါနဲ့....ဒါကြောင့် သံသယသမားတွေအတွက်...စစ် ၃ စစ်ကိုကျင့်သုံးဖို့ လမ်းညွန်ပါ မယ်

ပထမ စစ်က Hiv စစ်
ဒုတိယစစ်က တခြားရောဂါ စစ်
တတိတယစစ်က စိတ်ကျန်းမာရေး စစ်ပါ..

အားလုံးကျန်းမာချမ်းသာကြပါစေ..Hiv နှင့် ကာလသားနဲ့ ပတ်သက်ရင် အချိန်မရွေး အကူအညီ ရယူနိုင်ပါတယ်..

#ကာလသား #သွေးစစ် #ဂနို #လိင်အင်္ဂါ #အင်္ဂါကြွက်နို့ #ကူးစက်ရောဂါ
#ကွန်ဒုံး #ကာလသားရောဂါ # #ကွန်ဒုံး #ကာလသားရောဂါ

ပြောင်းလဲနေတဲ့ HIV နှင့် မပြောင်းလဲသေးတဲ့ လူတွေရဲ့အမြင်..ဒီပိုစ်လေးက Hiv ပိုးရှိနေသူတွေအားလုံးကိုယ်စားရေးသားတာပါ..Hiv ပိ...
24/08/2024

ပြောင်းလဲနေတဲ့ HIV နှင့် မပြောင်းလဲသေးတဲ့ လူတွေရဲ့အမြင်..

ဒီပိုစ်လေးက Hiv ပိုးရှိနေသူတွေအားလုံးကိုယ်စားရေးသားတာပါ..Hiv ပိုးပေါ်ပေါက်လာတာ နှစ်ပေါင်း ၄၀ ကျော်ပါပြီ,.ကူးစက်ရောဂါတွေဖြစ်တာနဲ့အမျှ အစပိုင်းမှာ ကုရာနတ္တိ ဆေးမရှိတာတွေနဲ့ပဲ စကြပါတယ်..ကိုယ်ခံအားကိုကျဆင်းစေတဲ့ရောဂါမို့ ရောဂါပေါင်းစုံတွေဝင်ပြီး သေဆုံးကြတဲ့အခြေအနေအထိဖြစ်ခဲ့ပါတယ်..(Hiv မတိုင်ခင်ပေါ်တဲ့ တီဘီရောဂါ နှင့် ဒီနေ့ခေတ်မှာ ပေါ်တဲ့ ကိုဗစ်ရောဂါတွေလည်း ထိုနည်း၎င်းပါပဲ )

ကျွန်တော်ဟာ.HIV/AIDS နဲ့ ပတ်သက်တဲ့ Community တွေမှာ နှစ်အတော်ကြာ ကူညီဆောင်ရွက်မှုတွေလုပ်လာပြီးချိန်မှာ HIV/ AIDS နဲ့ ပတ်သက်ပြီးလူတွေရဲ့ လွဲမှားနေတဲ့အသိတွေ အယူအဆတွေအများကြီး သိခဲ့ရပြီ(ထိုအထဲ ကျွန်တော်လည်းပါဝင်ပါတယ်)..ဒီအသိတွေကြောင့် HIV သမားတွေဟာ ခွဲခြားခံနေရပါလားဆိုတာ နားလည်ခဲ့ရတယ်..တကယ်လို့ ကျွန်တော်လိုသာ လူတိုင်းကသိလာမယ်ဆိုရင် HIV ပိုးရှိသူတွေဟာ လူတွေအတွက် ခွဲခြားစရာလူတန်းစားမဟုတ်ဘူးဆိုတာ လက်ခံလာပါလိမ့်မယ်..ကျွန်တော့် ရည်ရွယ်ချက်က Hiv ပိုးရှိသူတယောက်ဟာ ဒီပိုးရှိပါတယ် လို့ လက်မထောင်ပြီး ရပ်တည်နိုင်စေဖို့ ရည်ရွယ်ပါတယ်..

🎗HIV ဆိုတာကုရာနတ္တိ ဆေးမရှိတဲ့ရောဂါ လုံးဝမဟုတ်တော့ပါ..

ကျနော်တို့ငယ်ငယ်ကဆိုရင် Hiv ပိုးကိုကြောက်စရာလို့ ခံစားစေရတဲ့အရာ တခုက ကုရာနတ္တိ ဆေးမရှိ ဆိုတဲ့ဆိုင်းဘုတ်ပါပဲ..အဲခေတ်အဲအခါက တကယ်လည်းမရှိကြတာမို့ ဒီစကားကအမှန်ပါပဲ..အဲအချိန်က မှန်ပေမယ့် အခုကတော့ လုံးဝမဟုတ်တော့ပါ... HIV.ပိုးအတွက် ကုသတဲ့ဆေးဝါးတွေဟာ တနှစ်ထက်တနှစ် ပိုမိုကောင်းမွန်လာပြီး Side effect တွေ အလွန်နည်းတဲ့ ဆေးဝါးတွေ ပေါ်လာတဲ့အထိ ထုတ်လာနိုင်ပါပြီ..အဲဆေးတွေဟာ Hiv ပိုးကို အမြစ်ပြတ်မပျောက်သေးမယ့် သာမန်လူတယောက်လို သက်တမ်းစေ့နေနိုင်တဲ့ အထိ ကောင်းမွန်ပါတယ်..

🎗HIV နဲ့ ပတ်သက်တဲ့အယူအဆမှားတွေ ပြတတ်တဲ့ မြန်မာကားတွေကို မယုံပါနဲ့..

မြန်မာဇတ်ကားတွေမှာ HIV နဲ့ ပတ်သက်ပြီး တင်ပြတဲ့ပုံစံအမှားတွေဟာ လူတွေရဲ့ အသိတွေကို လွဲမှားစေပါတယ်..တခါက ဇတ်လမ်းတွဲတခုမှာ ပါဝင်တဲ့ Hiv အယူအဆမှားကိုထောက်ပြတဲ့ပိုစ်ကို တင်ခဲ့ဖူးပါတယ်..ဒါရိုက်တာ က Hiv အရှည်ကောက်လောက်ပဲသိပြိး ကျန်တာမသိဘူးထင်ပါရဲ့.ကျွန်တော့် ကိုတောင် လာမန့်သွားတာပဲ.😁.မြန်မာကားတွေမှာ Hiv ဟာ ကူးစက်လွယ်တဲ့ရောဂါလို့ တင်ပြမှုဟာ အကြီးအကျယ် မှားယွင်းမှုပါပဲ..HIV ဟာ ကူးစက်ရောဂါ ဆိုပေမယ့် ကူးစက်လွယ်လွန်းတဲ့ရောဂါတော့ လုံးဝမဟုတ်ပါ..ဆေးပုံမှန်သောက်ပြီး U=U ဖြစ်သူတွေဟာ HIV ပိုးကို တဖက်လူကိုလုံးဝမကူးနိုင်ဘူးဆိုတဲ့အယူအဆမျ်ုး မြန်မာကားမှာမပြပါ..(တခါမှားရင် ကိုယ်ဝန်တန်းရတဲ့ခပ်ညံ့ညံ့ ပြကွက်မျိုး တခါလုပ်ရင် Hiv တန်းကူးဆိုတဲ့ ပုံစံမျ်ုးတွေပဲရိုက်ပြလေ့ရှိပါတယ်)..နောက်ပြီး ယနေ့ခေတ်မှာ S*x Worker အမျိုးသမီး အများစုက ကျန်းမာရေး စောင့်ရှောက်မှုတွေ ယူထားကြပြီး HIV ကာကွယ်ဆေးဖြစ်တဲ့ PrEP ကိုသောက်ထားသူတွေရှိသလို ART သောက်ပြီး U= U အခြေအနေတွေပိုင်ဆိုင်သူတွေလည်းရှိနေတာမို့ သူတို့နဲ့ လုပ်လာတိုင်း ကူးကိုကူးလာမယ် ဆိုတဲ့ အယူအဆမျိုးဟာ ရာနှုန်းပြည့် မမှန်ကန်တော့ပါဘူး..နောက်ဆုံး စိတ်မချတဲ့ လိင်ဆက်ဆံမှုဖြစ်နေရင်တောင် PEP ဆိုတဲ့ အရေးပေါ်ကာကွယ်ဆေးသောက်လို့ရတဲ့ အသိအမြင်မျိုးတွေ မြန်မာကားတွေမှာ ထည့်မရိုက်ကြပါဘူး..ဒါကြောင့် မြန်မာကားတွေကြည့်ရင် အဲကတင်ပြမှုတွေမယုံမိပါစေနဲ့..

🎗HIV ပိုးရှိသူဟာ ရောဂါသည်လုံးဝမဟုတ်ပါ.

လူတယောက် ဟာ သူ့မှာ Hiv ပိုးရှိပါတယ်လို့သာမပြောရင် သူ့မှာ ဒါရှိတယ်ဆိုတာ ဘယ်သူမှကိုမသိနိုင်တဲ့အနေအထားထိ သူဟာ ကျန်းမာပါတယ်..ဒါဆို သူနဲ့ခင်ဗျား ဘာကွာလဲ လို့ မေးရင် သူက ဆေးတလုံးပိုသောက်ရတာပဲ ရှိတယ်လို့ ကျနော်ဖြေမှာပါ..ဟုတ်ပါတယ်..သူကပုံမှန်လူလိုပဲ သွားနိုင်လာနိုင်တယ် အလုပ်လုပ်နိုင်တယ် အိမ်ထောင်ပြုနိုင်တယ်.ဘာမှမကွာဘူးလေ..တချို့ ဆို သူ့ထက်တောင် ဆေးပိုသောက်ရသူတွေရှိကြပါတယ်.ဆေးသောက်မှန်နေသရွေ့ သူဟာ ရောဂါသည်ဖြစ်လာစရာအကြောင်းကို မရှိတာမို့သူ့ကို သာမန်လူလိုပဲယူဆတဲ့ အတွေးထားပါ

🎗HIV ပိုးရှိရင် ချစ်သူအိမ်ထောင်ဖက် တော်လို့ရပါတယ်.

Hiv ပိုးရှိတယ်လို့ ကိုယ့်ချစ်သူက ပြောလာရင် မိတ်ဆွေကြောက်စရာမလိုတော့ဘူးနော်..သူနဲ့အတူနေ အတူစား အတူသွားလို့ရပါတယ်..လက်ထပ်ဖို့ကလည်း မခက်ပါဘူး..သူသာဆေးသောက်မှန်လို့ u= u ဖြစ်သွားရင် ကိုယ့်ဆီကိုလည်း မကူးတော့သလို မွေးလာတဲ့ကလေးတွေကိုလည်း မကူးတာမို့ သူတို့နဲ့အတူသာယာတဲ့ အနာဂတ် ကို ဖန်တီးနိုင်ပါတယ်..

🎗HIV ဟာ ရွလို့ကူးလာတာလား..
.လူတွေရဲ့ Dark side တွေ ကျွန်တော်တို့မသိနိုင်ပါ..လူငယ်ဆိုတာ လက်တည့်စမ်းချင်တယ်..အတွေ့အကြုံလိုချင်တယ်..ဒါဟာအမှားတခုမဟုတ်ပါဘူး..လိုအပ်နေတာက S*x Education ပါ..အဲလိုအပ်ချက်ကြောင့် ကူးလာကြတာပါ..တချို့တွေ မွေးရာပါလာတဲ့ သူတွေလည်းရှိတာမို့..ရွတယ်ဆိုတဲ့ခေါင်းစဥ်အောက်မှာ ထည့်လို့မရတော့ပါ..တကယ်စနစ်တကျ ရွတတ်သူဆို လုံးဝမကူးပါဗျ..စနစ်ကျဖိူ့တော့လိုပါတယ်..

ဒီအတွေးအခေါ်လေးတွေသာပြောင်းလဲလိုက်မယ်ဆိုရင် Hiv ပိုးရှိသူတွေဟာ မိတ်ဆွေတို့နဲ့မကွာဘူးဆိုတဲ့ အယူအဆဖြစ်လာကြမှာပါ..ဒါကြောင့် Hiv မဖြစ်အောင်နေကြပါ.ကာကွယ်ပါ..ဖြစ်လာသူတွေကိုလည်း ပုံမှန်အတိုင်းပဲမြင်ပေးလိုက်ပါ..ဒါဆိုရင် Hiv ပိုးရှိသူတွေဟာ သာမန်လူပဲဆိုတဲ့အသိနဲ့နေနိုင်လာကြမှာပါ..

အားလုံးခွဲခြားဆက်ဆံမှုတွေကင်းဝေးကြပါစေ🙏

*x #ကာလသား #သွေးစစ် #ဂနို #လိင်အင်္ဂါ #အင်္ဂါကြွက်နို့ #ကူးစက်ရောဂါ
#ကွန်ဒုံး #ကာလသားရောဂါ # #ကွန်ဒုံး #ကာလသားရောဂါ

HIV ပိုးကူးစက်ခံထားရပေမယ့် ဆေးဘာကြောင့် တန်းမပေးကြတာလဲ ❓အကူအညီလာတောင်းကြတဲ့ထဲမှာ ပိုးတွေ့ထားပြီ ဒါပေမယ့် ဆေးရုံက ART ကုထ...
27/05/2024

HIV ပိုးကူးစက်ခံထားရပေမယ့် ဆေးဘာကြောင့် တန်းမပေးကြတာလဲ ❓

အကူအညီလာတောင်းကြတဲ့ထဲမှာ ပိုးတွေ့ထားပြီ ဒါပေမယ့် ဆေးရုံက ART ကုထုံး တန်းမပေးသေးဘူး

ဘာဖြစ်လို့လဲ မမမြင့်မာရေဆိုပြီး မေးကြပါတယ်

ဆေးမစသေးတဲ့အကြောင်းအရင်းကို
အစချီပြီးပြောရရင်

HIV ပိုးကူးစက်ခံရတဲ့အခါ နှစ်ပေါင်းများစွာ
ကြာလာပြီပါက CD4 cells ကိုခံအားစနစ် များ ခန္ဓာကိုယ်ထဲမှာ တဖြည်းဖြည်း လျော့နည်းလာပါတယ်

အဲ့အချိန်မှာ အခြားရောဂါ တွေကို မကုပဲ ART ကုထုံးကို တန်းပြီး ခံယူလိုက်ပါက CD4 Cells တွေရုတ်တရက် ပြန်များလာပြီး ခုခံအား ကို ကမောက်ကမ ဖြစ်စေတဲ့ ကျန်းမာရေးချို့ယွင်းမူ့တွေဖြစ်စေပါတယ်။

HIV ပိုးဖြင့် ယှဉ်တွဲနေထိုင်သူတိုင်း ဖြစ်စေတာလား?

မဟုတ်ပါဘူး အထူးသဖြင့် AIDS အဆင့်ရောက်သောသူများ တွင်အဖြစ်များပါတယ်။ လေ့လာမူ့တစ်ခုမှာဆိုရင် Cd4 cells 35cells/uL နှင့် ပိုးကောင်ရေ 580,000 copies/mL လောက်မှာဆိုရင် အများဆုံး အဖြစ်များတယ်လို့ ဆိုထားပါတယ်။

ဒါကြောင့်ART ကုထုံးမခံယူခင် မှာ အခွင့်ကောင်းယူဝင်ရောက်လာတဲ့ ရောဂါပိုးများ(OIs) တွေကို အရင်ဆုံး ပျောက်ကင်းအောင်လုပ်ထားဖို့လိုအပ်ပါတယ်။

CD4 ပမာဏ နည်းလွန်းသောသူတွေမှာ ART ကုထုံးမစခင် OIs များကို ထိန်းချုပ်ကုသမယ့် treaent ၂ပတ်လောက်ကြိုပြီး စထားသင့်ပါတယ်။

ယခုကုသနည်းကတော့ central nervous system မှာ ဖြစ်ပေါ်နဲ့တဲ့ OIs များမှလွဲ၍ အခြားသော အခွင့်ကောင်းယူ ဝင်ရောက်လာတဲ့ ကူးစက်ရောဂါ များအတွက် တော်တော်များများ မှာ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်

IMMUNE RECONSTITUTION INFLAMMATORY SYNDROME(IRIS) ဆိုတာ ဘာလဲ ❓🤔

IRIS ဆိုတဲ့ ကိုယ်ခံအား ကမောက်ကမဖြစ်စေ
တာကနေဘာတွေထပ်ဖြစ်နိုင်သေးလဲ ❓

IRIS ကတစ်ခါတစ်ရံ မပြင်းထန်သလို တစ်ခါတစ်ရံ အသက် ဘေးအန္တရယ် အထိ ထိခိုက်နိုင်ပါတယ်။

Cytomegalovirus(CMV)- ယခု ကူးစက်ရောဂါကတော့ ကိုယ် အင်္ဂါအစိတ်အပိုင်းတွေမှာဖြစ်တတ်ပြီး အထူးသဖြင့် ဦးနှောက်၊ မျက်လုံး၊ အစာအိမ် အူလမ်းကြောင်း အူမကြီးတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။ ပြင်းထန်ပါက မျက်လုံး ကွယ်စေနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။

Cryptococcal Meningitis- ဦးနှောက် အမြှေးရောင်တတ်သော မှိုပိုးတစ်မျိူးဖြစ်ပြီး အများစုမှာ ခေါင်းကိုက်ခြင်း ၊ ဖျားနာခြင်းတွေ ဖြစ်တတ်ပါတယ်။ ဆိုးဆိုးရွားရွား ဦနှောက် အတွင်းထိ ပျံနှံပါက အသက်ဆုံးရုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။

Herpes Zoster (Shingles) and Herpes Simplex - Herpes Zoster ကတော့ ရေယုံ အရည်ကဲ့သို့ အဖုများ ဖြစ်ပါတယ်။ Herpes Simplex နှုတ်ခမ်း၊ လိင်အင်္ဂါ အနာများ ဖြစ်ပေါ်စေနိုင်ပါတယ်။

Tuberculosis(TB)- Mycobacterium Avium Complex(MAC) ပိုး မှ ကိုယ်ခံအား ပြန်လည်တက်လာတဲ့အချိန်မှာ တီဘီကို ဖြစ်ပေါ်စေပါတယ်။ ပုံမှန်မဟုတ်တဲ့ ဖျားနာခြင်း၊ ပင်ပန်းနွယ်နယ်ခြင်း၊ ညချွေးထွက်ခြင်းသို့ အများဆုံး ဖြစ်ပေါ်စေပါတယ်။

Lymph node များရောင်ခြင်း- လို့ခေါ်ပါတယ်။ ကိုယ်ခံအား ပြန်လည်တက်လာတာကြောင့် အများဆုံး ဖြစ်ပေါ်စေနိုင်ပါတယ်။

- Central nervous system (CNS-IRIS) အာရုံကြောမ ကြီးနဲ့ သက်ဆိုင်သော နေရာတွေမှာ အများဆုံးဖြစ်ပါတယ်။ Toxoplasma gondii လို့ခေါ်တဲ့ ပရိုတိုဇိုဝမ်း ကပ်ပါးကောင်များကြောင့် ဖြစ်ပါတယ်။ Cd4 T cells 200 အောက်မှာ ရှိနေတဲ့သူတွေမှာ အများဆုံးတွေ့ရပါတယ်။ ပြင်းထန်ပါက မျက်လုံးကွယ်ခြင်း အထိဖြစ်နိုင်ပါတယ်။ ဦးနှောက်အထိ ရောက်ပါက လေဖြတ်ခြင်းကဲ့သို့ ဖြစ်နိုင်ပါတယ်။

IRIS ဟာ ကိုယ်ခံအား အရမ်းနည်းသူတွေမှာ ကုထုံးချက်ချင်းစလိုက်တာကြောင့် တွေ့ရတဲ့ အများဆုံး ကျန်းမာရေး ချို့ယွင်းချက်တစ်ခုဖြစ်ပါတယ်။ Opportunistics Infections(OI) အခွင်းကောင်းယူ ဝင်ရောက်တဲ့ ရောဂါအများစုဟာ ကိုယ်ခံအား တက်လာတာနဲ့လည်း ဆက်စက်နေနိုင်ပါတယ်။ ပြင်းထန် IRIS အချို့မှာ corticosteroid စတီးရွိက်ဆေး အပြင်းများနဲ့ ကုသရတာမျိူးလဲ ရှိပါတယ်။

ဒါကြောင့် မမမြင့်မာတို့က ကျတဲ့ အထိ စောင့်ပြီးမှ ဆေးစသောက်မယ်ဆိုတာကို လုံးဝ အားမပေးပါဘူး။

နေမကောင်းတဲ့အထိ အထိမဖြစ်စေပဲ စောစော ကုသရအောင် ပိုးရှိလား မရှိလား စမ်းသပ်ကြည့်ဖို့ လိုအပ်ပါတယ်။

#မမမြင့်မာ




Source: Wikipedia, BHIVA, aidsinfonet.org

HIV ပိုးကူးစက်ခံရပြီဆိုရင် ဘယ်လိုလက္ခဏာတွေပြတတ်လဲ ?ဒီမေးခွန်းကတော့ အမေးအများဆုံးမေးခွန်းတွေထဲကတစ်ခုပါ။ ပိုးကူးစက်ခံရတဲ့ ...
07/05/2024

HIV ပိုးကူးစက်ခံရပြီဆိုရင် ဘယ်လိုလက္ခဏာတွေပြတတ်လဲ ?

ဒီမေးခွန်းကတော့ အမေးအများဆုံးမေးခွန်းတွေထဲကတစ်ခုပါ။ ပိုးကူးစက်ခံရတဲ့ လက္ခဏာတွေဟာ လူတစ်ဦးနဲ့ တစ်ဦး မတူညီနိုင်ပါဘူး။ တချို့တွေမှာ ရောဂါလက္ခဏာတွေ အမျိုးမျိုး ပြနိုင်သလို လက္ခဏာလုံးဝမပြတဲ့ သူတွေလည်း ရှိပါတယ်။ ဒါကြောင့် လက္ခဏာပြတက်သူတွေမှာ ကြုံတွေရတက်တဲ့ ယေဘုယျလက္ခဏာတွေကို ပြောပြပေးချင်ပါတယ်။

HIV ပိုး ကူးစက်ခံရပြီး ၂ပတ်ကနေ ၄ပတ်အတွင်းမှာ အအေးမိတုပ်ကွေးနဲ့ ရောဂါလက္ခဏာချင်း ဆင်တူတဲ့ ရှေ့ပြေးလက္ခဏာတွေကို တွေ့ရပါတယ်။ HIV ပိုး ကူးစက်ခံရတဲ့ ပထမအဆင့်မှာ အများဆုံး တွေ့ရတဲ့ လက္ခဏာတွေကတော့ ကိုယ်ခန္ဓာမှာ အဖုအဖိန့်ထွက်တာ၊ ဖျားတာ၊ လည်ချောင်းနာတာ၊ ခေါင်းမူးတာတို့ပဲ ဖြစ်ပါတယ်။

ဒီလို လက္ခဏာတွေအပြင် တွေ့ရတတ်တဲ့ ရောဂါလက္ခဏာတွေကတော့ အလွန်အမင်းမောပန်းတာ၊ ခံတွင်း ဒါမှမဟုတ် လိင်အင်္ဂါပတ်လည်မှာ အနာပေါက်တာ၊ ကြွက်သား နာကျင်ကိုက်ခဲတာ၊ အရိုးအဆစ်ကိုက်တာ၊ မူးဝေအော့အန်တာ၊ ညအိပ်နေရင်း ချွေးထွက်တာ ၊ အကျိတ်ထွက်တာတို့ပဲ ဖြစ်ပါတယ်။

အထက်မှာပြောပြထားသလို လက္ခဏာပြတတ်တာမျိုးလည်းရှိသလို လက္ခဏာမပြတတ်တာမျိုးလည်းရှိတာကြောင့် ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သတ်ပြီး အတိအကျသိရဖို့အတွက် တစ်ခုတည်းသောနည်းလမ်းကတော့ သွေးစစ်ခြင်းပါပဲ။

ဒါကြောင့် ကူးစက်နိုင်တဲ့အပြုအမူရှိထားပြီး (၃)လပြည့်တဲ့အချိန်မှာ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သတ်ပြီး သွေးစစ်ဆေးကြည့်သင့်ပါတယ်။

*x #ကာလသား #သွေးစစ် #ဂနို #လိင်အင်္ဂါ #အင်္ဂါကြွက်နို့ #ကူးစက်ရောဂါ
#ကွန်ဒုံး #ကာလသားရောဂါ # #ကွန်ဒုံး #ကာလသားရောဂါ

Oral S*x(ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း)ကနေ လုံးဝမကူးစက်နိုင်ဘူးလားပါးစပ်နဲ့ လိင်ဆက်ဆံတာ လက်နဲ့ အာသာဖြေတာမျိုးကို ဘေးအန္တရာယ...
27/04/2024

Oral S*x(ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း)ကနေ လုံးဝမကူးစက်နိုင်ဘူးလား

ပါးစပ်နဲ့ လိင်ဆက်ဆံတာ လက်နဲ့ အာသာဖြေတာမျိုးကို ဘေးအန္တရာယ်အကင်းဆုံးလိင်ဆက်ဆံခြင်းလို့ ထင်ထားကြပေမယ့် လက်တွေ့မှာတော့ဆိုးကျိုးတွေဟာ အနည်းနဲ့အများ ရှိနေတာကို မေ့ထားလို့တော့ မရပါဘူး။

ဘယ်လိုအခြေအနေမျိုးမှာ ရောဂါပိုးကူးစက်နိုင်ခြေ ပိုများလဲဆိုရင်တော့ လိင်အင်္ဂါမှာ အနာဖြစ်နေတာ၊ ပွန်းပဲ့ပြီး သွေးထွက်နေတာ၊ ပါးစပ်မှာ အနာဖြစ်နေတာ၊ ကိုယ်ခံအားကျဆင်းနေတဲ့အချိန်မျိုးတွေမှာဆိုရင်တော့ ရောဂါပိုးကူးစက်နိုင်ခြေကို ပိုများစေနိုင်ပါတယ်။

ကူးစက်နိုင်တဲ့ရောဂါတွေကတော့ -

(၁) လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေဖြစ်ကြတဲ့ ခလာမေးဒီးယား ၊ ဆီးပူညောင်းကျ ဂနိုရောဂါ ၊ ကာလသားရောဂါ ၊ လိင်အင်္ဂါရေယုန် ၊ ကြွက်နို့ ၊ HIV ပိုး စတဲ့ရောဂါတွေကို ကူးစက်နိုင်ပါတယ်။

(၂) B ပိုးဟာ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းသာမက နမ်းရှုံ့ခြင်းဖြင့်လည်း အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။

(၃) ဒါ့အပြင် လိင်အင်္ဂါမှာ မှိုစွဲနေတာ၊ အရေပြားရောဂါများ ရှိနေတဲ့ ဆက်ဆံဖော်နဲ့ ပါးစပ်အသုံးပြုပြီး လိင်ဆက်ဆံမယ်ဆိုရင် ကိုယ့်ရဲ့ နှုတ်ခမ်း၊ ပါးစပ်တစ်ဝိုက်ကိုလည်း ကူးစက်သွားနိုင်ပါတယ်။

ဒါကြောင့် ဒီလိုအခြေအနေတွေကနေ ကူးစက်ခံရနိုင်တဲ့အခြေအနေကိုသိထားဖို့နဲ့ အထက်ပါလက္ခဏာတွေကို ခံစားနေရပြီဆိုရင်လည်း ကုသမှူရယူဖို့အတွက် အကြုံပြုရေးသားလိုက်ရပါတယ်။ ။

*x #ကာလသား #သွေးစစ် #ဂနို #လိင်အင်္ဂါ ်္ဂါကြွက်နို့ #ကူးစက်ရောဂါ
#ကွန်ဒုံး #ကာလသားရောဂါ # #ကွန်ဒုံး #ကာလသားရောဂါ

23/04/2024

❗တချို့လူတွေ အသိမှားနေတာလေးတခုရှိတယ်....❗

သွေးမစစ်ချင်ဘူး..ရှိနေရင်လည်း သေခါမှသေရော အသိမခံချင်ဘူး ဆိုပြီး ပေတေနေတဲ့သူတွေနှင့်
ထိုင်နေရင်အကောင်း ထသွားမှကျိုးမယ်ဆိုပြီး သွေးအဖြေသိပြီး စိတ်ဆင်းရဲ မခံချင်သူတွေပေါ့..✅

အဲလိုလူတွေကို ပြောချင်တာက Hiv ပိုးဆိုတာကလေ ဝင်ပြီးရင် ငြိမ်ငြိမ်နေတဲ့ ရောဂါမဟုတ်ပါဘူးနော်..တနေ့ထက်တနေ့ကို ဆပွားနဲ့ တက်လာပြီး ခင်ဗျားတို့ရဲ့ ကိုယ်ခံအားတွေကိုရော ခင်ဗျားတို့ရဲ့ လှပမှုတွေ ငယ်ရွယ်မှူတွေ ကျန်းမာမှူတွေကို ဆက်တိုက်လိုလို ဖျက်ဆီးတော့မှာနော်....✅

အဲတော့ ရွေးချယ်စရာ ၂ ခုပဲရှိတယ်..

ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး မကျန်းမာတဲ့အခြေအနေ ပတ်ဝန်းကျင်က သိတဲ့အခြေအနေ
ရောက်မှ သွေးစစ်ပြီး ကုမလား..

ဒါမှမဟုတ် သန်သန်မာမာ ကျန်းမာနေတဲ့အချိန် ဆေးစစ်ပြီး အဖြေသိလို့ ပိုးမရှိရင်ပျော်ပြီး ပိုးရှိခဲ့ရင်လည်း ART ဆေးသောက်ပြီး ပုံမှန်ဘဝနဲ့ပဲ နေထိုင်မလား..

ဘယ်ဟာကိုရွေးချယ်မလဲ?

#ကူးစက်ရောဂါ
#ကွန်ဒုံး #ကာလသားရောဂါ # #ကွန်ဒုံး #ကာလသားရောဂါ

ဂနိုရောဂါဟာ အကာအကွယ်မဲ့ စအို ၊ မိန်းမကိုယ် ၊ ပါးစပ်တို့နှင့် လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဂနိုကူးစက်ခံရပြီဆိုလ...
05/04/2024

ဂနိုရောဂါဟာ အကာအကွယ်မဲ့ စအို ၊ မိန်းမကိုယ် ၊ ပါးစပ်တို့နှင့် လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဂနိုကူးစက်ခံရပြီဆိုလျှင် လိင်အင်္ဂါတစ်ဝိုက် အပါအဝင် စအိုနဲ့ လည်မျိုတွေမှာ လက္ခဏာပြတက်ပါတယ်။

ဂနိုရောဂါရဲ့လက္ခဏာတွေကတော့ လိင်တံမှ ပြည်ရည်ထွက်ကျခြင်း ၊ ဆီးမကြာမကြာသွားခြင်း ၊ ဆီးသွားတဲ့အခါ ပူစပ်ပူလောင်ခံစားရခြင်း ၊ ဝှေးစေ့ရောင်ရမ်းနာကျင်ခြင်း ( မကုသဘဲထားရင် မျိုးမအောင်နိုင်တာမျိုးဖြစ်မယ် )၊ စအိုနဲ့ဆက်ဆံခံခဲ့ရရင် စအိုမအီမသာဖြစ်ခြင်း ၊ ယားခြင်း ၊ နာခြင်း ၊ သွေးယိုခြင်း စသည့် ဝေဒနာတွေကိုခံစားရနိုင်ပါတယ်ခင်ဗျာ။အကယ်၍ သင့်မှာဒီလိုလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ ကုသဖို့အတွက် အရင်စဉ်းစားရပါမယ်။

အကယ်၍ မကုသဘဲထားမယ်ဆိုရင် ဂနိုရောဂါဟာ မျိုးမအောင်တာ၊ အမျိုးသမီးတွေမှာ သားပျက်သားလျှောတာမျိုးအထိ ဆိုးရွားတဲ့ကျန်းမာရေးအခြေအနေတွေ ဖြစ်တတ်ပြီး စနစ်တကျကုသမှုခံယူမယ်ဆိုရင်တော့ ရက်သတ္တပတ်အတွင်း အလွယ်တကူပျောက်ကင်းနိုင်ပါတယ်။

#သွေးစစ် #ဂနို #လိင်အင်္ဂါ ်္ဂါကြွက်နို့ #ကူးစက်ရောဂါ
#ကွန်ဒုံး #ကာလသားရောဂါ # #ကွန်ဒုံး #ကာလသားရောဂါ

ဆစ်ဖလစ်(ကာလသား)ရောဂါ  ရှိနေရင် သင့်ဘဝ ဆုံးပြီလား ??နိုင်ငံခြား ထွက်ပြီး အလုပ်လုပ်လို့မရတော့ဘူးလား??🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔ဆေးခန်...
26/03/2024

ဆစ်ဖလစ်(ကာလသား)ရောဂါ ရှိနေရင် သင့်ဘဝ ဆုံးပြီလား ??

နိုင်ငံခြား ထွက်ပြီး အလုပ်လုပ်လို့မရတော့ဘူးလား??

🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔

ဆေးခန်းမှာ အမြဲတမ်းမေးလေ့ရှိပြီးတော့ လက်တွေ့ဘဝမှာလဲ ခဏခဏတွေ့ရတတ်ပါတယ်။

နိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့ ဆေးစစ်တယ် ၊ အဲ့ဒီမှာ VDRL positive တွေ့တယ်။
ထူပူသွားပြီး ဘာဆက်လုပ်ရမလဲမသိတော့ဘူး။
🥹🥹

ဆေးစစ်တဲ့နေရာက သေချာမရှင်းပြလိုက်ရင်တော်တော်လေး ဒုက္ခရောက်ကြရပါတယ်။
🙁🙁🙁

အဲ့ဒီ အကြောင်းလေးရှင်းပြပေးပါ့မယ်။🙂

အရင် post တွေ မှာလဲ အများကြီး ရေးထားပါတယ်။

ဆစ်ဖလစ် ရောဂါဟာ ကုသလို့ရတယ် ၊ အချိန်အတိုင်းအတာ တစ်ခုရောက်ရင် negative ပျောက်သွားတာ ဖြစ်နိုင်တယ် ။
တချို့လူတွေ(လူ ၁၀ ယောက်မှာ ၁ ယောက်လောက်) မှာတော့ sero scarring လို့ခေါ်တဲ့ ပိုးမရှိတော့ပေမဲ့ သွေးစစ်ရင် VDRL က positive အမြဲပေါ်နေတတ်ပါတယ်။

သေချာကုဖို့လိုတယ် ။ ဆေးအကြိမ်ပြည့်ထိုးရမယ် ။ဆေးထိုးပြီး ရောဂါသက်သာလားဆိုတာဆေးပြန်စစ်ရမယ်

👍👍👍

နိုင်ငံခြားသွားဖို့ ဆေးစစ်လို့ VDRL တွေ့ရင်ဘယ်လိုလုပ်ကြမလဲ ???
🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔

အရင်ဆုံး စိတ်အေးအေးထားပါ ၊ ဒီရောဂါဟာ ကုသလို့ရပါတယ် 👍

ပြီးရင် ဆရာဝန် နဲ့တိုင်ပင်ပြီး ဆေးစစ်တာတွေ ဆေးကုတာတွေ လုပ်ရပါမယ် ။

ဆေးကုသပြီးရင်ရော နိုင်ငံခြားမှာ အလုပ်သွားလုပ်လို့ရပီလား ??
🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔

တချို့နိုင်ငံတွေ က VDRL positive ကို အလုပ်မပေးတာမျိုး အရင်ကရှိဖူးပါတယ်။

အခုတော့မရှိသလောက် ရှားသွားပါပီ😊

နိုင်ငံတော်တော်များများက ဆေးကုထားတယ် ဆိုတဲ့ အထောက်အထားတောင်းပါတယ်၊၊

ဒါပေမဲ့ ဆေးကုပြီးလို့ VDRL negative ဖြစ်ရင်တောင်မှ
တချို့ ဆစ်ဖလစ်ရောဂါစစ်ဆေးချက်( syphilis rapid test) တွေက မပျောက်တော့ပဲ ပိုးမရှိတော့တာတောင် အမြဲတမ်း positive ထွက်နေတတ်ပါသေးတယ်။

ဆေးစစ်တိုင်းအဖြေက positive အမြဲ ထွက်နေတာဆိုတော့ 😳😳

ဘယ်လိုလုပ်ကြလဲ??🤔🤔🤔🤔

မိမိကုသတဲ့ဆရာဝန်စီကနေ ဆေးကုပြီး ကြောင်း ၊ ဆစ်ဖလစ်ရောဂါပိုးရဲ့ ပဋိပစ္စည်း VDRL dilution ကျတဲ့ဆိုတဲ့ အကြောင်း၊ သူတပါးကိုထပ်ကူးဖို့ အန္တရယ်မရှိကြောင်း အစရှိသဖြင့် အချက်အလက်တွေ ပါတဲ့ recommendation letter ထောက်ခံချက်စာ တောင်းပြီး အလုပ်ကိုတင်လို့ရပါတယ်။

အဲ့ဒီစာကို သာ သေချာပြည့်စုံစွာရေးထားတယ် ဆိုရင် အလုပ် အတွက် ဘာပြသနာမှမရှိပဲ နိုင်ငံခြားမှာရော ဘယ်မှာ မဆို အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ် ။ 👌

ကာလသားအထူးကုဆေးခန်းက ရေးပေးတဲ့ recommendation letter နဲ့ အဆင်ပြေသွားတဲ့ သူတွေအများကြီးရှိပါတယ် 👍👍

ဒါကြောင့်

ဆစ်ဖလစ်ရောဂါမဖြစ်အောင်

၁။ ကွန်ဒုံးသုံးပါ။
၂။ အန္တရယ်ရှိတဲ့အပြုအမူလုပ်ထားရင် ဆေးစစ်ပါ။
၃။ ဆေးစစ်လို့ ပိုးတွေ့ရင်ခဲ့ရင်လဲ ကျွမ်းကျင်သူတွေနဲ့ သေချာကုပါ။
၄။ ကိုယ့်အလုပ် အတွက် ပြသနာတစုံတရာရှိရင် ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး recommendation letter ရအောင်လုပ်ကြပါ
😊😊😊😊
#လိင်အင်္ဂါကြွက်နို့ #ကူးစက်ရောဂါ
ာလသားအခမဲ့စစ်ဆေးကုသကူညီပေး # #ကွန်ဒုံး #ကာလသားရောဂါ # #ကွန်ဒုံး #ကာလသားရောဂါ

  ပိုးကူးစက်ခံရခြင်း ရှိ၊မရှိ သိနိုင်ဖို့  တစ်ခုတည်းသော နည်းလမ်းက သွေးစစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။HIV စစ်ဆေးတဲ့နည်းတွေအရ Ant...
22/03/2024

ပိုးကူးစက်ခံရခြင်း ရှိ၊မရှိ သိနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက သွေးစစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။
HIV စစ်ဆေးတဲ့နည်းတွေအရ Antibody (ခေါ် ) HIV ပိုး ခန္ဓာကိုယ်သွေးထဲသို့ ကူးစက်ခံရတဲ့အခါ ခုခံအားစနစ်မှထုတ်လွှတ်သော ပဋိပစ္စည်းတစ်မျိုး ကို ရှာဖွေခြင်းဖြင့် စစ်ဆေးတာဖြစ်ပါတယ်။

HIV ပိုး အတွက် စစ်ဆေးသိရှိနိုင်ရန် လုံလောက်တဲ့ Antibody ထွက်ရှိလာနိုင်ဖို့အတွက် ကိုယ့်ရဲ့ ခုခံအားစနစ်ပေါ်မူတည်ပြီး ၃ လအထိ ကြာမြင့်တတ်ပါတယ်။

ကူးစက်နိုင်တဲ့ အခြေအနေရှိခဲ့ပြီး ၃ လမတိုင်ခင် သွေးစစ်မယ်ဆိုရင် အဖြေကို တိကျစွာ သိနိုင်မည်မဟုတ်ပါ။
ဒါကြောင့် ကူးစက်နိုင်သည့်အခြေအနေရှိခဲ့သည့် နေ့မှ (၃) လပြည့်သည့်အချိန်တွင် သွေးစစ်ဆေးမှသာ တိကျသည့် သွေးအဖြေကို သိရှိနိုင်မှာဖြစ်ပါတယ်။

#လိင်အင်္ဂါကြွက်နို့ #ကူးစက်ရောဂါ
ာလသားအခမဲ့စစ်ဆေးကုသကူညီပေး # #ကွန်ဒုံး #ကာလသားရောဂါ # #ကွန်ဒုံး #ကာလသားရောဂါ

လိင်အင်္ဂါကြွက်နို့ -  Human Papillomavirusလိင်အင်္ဂါကြွက်နို့လို့ခေါ်တဲ့ Human Papillomavirus (HPV) ပိုးဟာ လိင်ဆက်ဆံခြင...
17/03/2024

လိင်အင်္ဂါကြွက်နို့ - Human Papillomavirus

လိင်အင်္ဂါကြွက်နို့လို့ခေါ်တဲ့ Human Papillomavirus (HPV) ပိုးဟာ လိင်ဆက်ဆံခြင်းကနေအလွယ်တကူကူးစက်နိုင်ပြီး အမျိုးသား၊ အမျိုးသမီးမရွေးဖြစ်နိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ အမျိုးသားတွေမှာ လိင်တံနှင့် ကပ္ပါယ်အိတ်မှာဖြစ်တတ်ပြီး အမျိုးသမီးတွေမှာတော့ မိန်းမကိုယ်၊ သားအိမ်လမ်းကြောင်းနံရံ၊ သားအိမ်ခေါင်းနှင့် စအိုတစ်ဝိုက်မှာဖြစ်ပေါ်တတ်ပါတယ်။

အဓိကအားဖြင့် HPV ဗိုင်းရပ်စ်ဟာ

🔸အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း
🔸တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိခြင်း
🔸အခြားလိင်ကတဆင့်ကူးစက်ရောဂါများရှိနေခြင်းနှင့်
🔸အသုံးအဆောင်ပစ္စည်းများမျှဝေသုံးစွဲခြင်းတွေကြောင့် ကူးစက်ခံရတတ်ပါတယ်။

လိင်အင်္ဂါကြွက်နို့ဟာ စတင်ပေါက်ဖွားချိန်မှာ ဆန်စေ့အရွယ်ပမာဏသာရှိတတ်ပြီး ကုသမှုမရှိတဲ့အခါမှာတော့ လက်သီးဆုပ်အရွယ်အထိ လျင်မြန်စွာကြီးထွားကာ ပန်းဂေါ်ဖီ (သို့) မှိုပုံစံအဖြစ်သို့ ပြောင်းလဲသွားတတ်ပါတယ်။

တစ်ပြိုင်နက်တည်းမှာပဲ

💠လိင်ဆက်ဆံဖော်သို့ ကူးစက်နိုင်ခြင်း
💠ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း
💠စအိုလမ်းကြောင်းပိတ်ဆို့ခြင်း
💠ယားယံပြီး သွေးထွက်ခြင်း
💠အခြားနေရာများသို့ ပျံ့နှံ့ကူးစက်ခြင်း
💠ကင်ဆာအကျိတ်အဖြစ် ပြောင်းသွားခြင်းတွေအထိ အခြေအနေဆိုးရွားသွားတတ်တာကြောင့် အထူးကုဆရာဝန်ကြီးများနဲ့ စောစီးစွာတိုင်ပင်ကုသသင့်ပါတယ်။

#လိင်အင်္ဂါကြွက်နို့ #ကူးစက်ရောဂါ
ာလသားအခမဲ့စစ်ဆေးကုသကူညီပေး # #ကွန်ဒုံး #ကာလသားရောဂါ #

Address

Yangon

Website

Alerts

Be the first to know and let us send you an email when HIV Knowledge Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram