FKC USA Product

  • Home
  • FKC USA Product

FKC USA Product ကျန်းမာရေးဖြည့်စွပ်စာ ကျန်မာရေးဖြည့်စွပ်စာ

အိပ်ရေးဝအောင် အိပ်ခြင်း.............................လန်းဆန်းကြည်လင်ရွှင်ပျစွာ အလုပ်လုပ်လိုလျှင် အိပ်ရေးဝအောင် အိပ်သင့်သည...
10/06/2022

အိပ်ရေးဝအောင် အိပ်ခြင်း.............................
လန်းဆန်းကြည်လင်ရွှင်ပျစွာ အလုပ်လုပ်လိုလျှင် အိပ်ရေးဝအောင် အိပ်သင့်သည်။ လူ၏ကိုယ်ခန္ဓာ စက်ယန္တာရားကြီးကို အလုပ်ပြီးသည့်အခါ ရပ်နားအိပ်စက်ခွင့် ပေးရလေသည်။

ရပ်နားခွင့် ကောင်းစွာမရှိခဲ့လျှင် ချွတ်ယွင်း ချက်များ ရှိလာကာ လူ၏ကျန်းမာရေးကို ထိခိုက်စေသည်။ အရွယ်ရောက်ပြီးသောလူတိုင်း တစ်နေ့လျှင် ၈ နာရီခန့် အိပ်စက်သင့်၍ ကလေးသူငယ်နှင့် လူအိုများမှာ အချိန်ပိုမို၍ အိပ်စက်သင့်ပေသည်။ အိပ်စက် မည့်ဆဲဆဲတွင် စိတ်ပူပန်စရာ အကြောင်းကိစ္စဟူသမျှကို ဖျောက်ဖျက်ပစ်လိုက်၍ အိပ်ရာဝင် သင့်လေသည်။ အိပ်ရေးဝလျှင် ဦးနှောက်ရှင်း၍ ဉာဏ်ပွင့်လင်း ကာ ကြံတိုင်းအောင်တတ်ပေသည်။ နေ့လယ်နေ့ခင်းဖက်များ၌ တစ်ရေးမျှ အိပ်စက်ခွင့်ရနိုင်လျှင် ကောင်းသည်။ အိပ်စက်ခွင့် မရလျှင် ၁၅ မိနစ်ခန့် ပက်လက်လှန်ကာ တစ်ကိုယ်လုံးရှိ ကြွက်သားတို့ကို လျော့ပြီး ငြိမ်သက်စွာ မျက်စိမှိတ်နေပါလေ။ ထိုကဲ့သို့ ခေတ္တမျှ အနားယူလိုက်ရခြင်းသည် မည်မျှလောက် လူကို အားအင်ပြည့်တင်း ဖျတ် လတ်သွက်လက်လာစေသည်ကို လက်တွေ့ စမ်းသပ်ကြည့်က ကောင်းစွာသိနိုင်ပေသည်။

#ဝီကီပီးဒီးယားမှ




#ကျန်းမာရေး
#ဓာတ်စာ

🦵🦵အသက်တွေကြီးလာပြီး အရိုးအဆစ်နဲ့ကြွက်သားတွေ ယိုယွင်းပျက်စီးလာတာကြောင့် အထိုင်အထတွေခက်ပြီး သွားရလာရတာအဆင်မပြေဖြစ်နေပြီလား...
10/06/2022

🦵🦵အသက်တွေကြီးလာပြီး အရိုးအဆစ်နဲ့ကြွက်သားတွေ ယိုယွင်းပျက်စီးလာတာကြောင့် အထိုင်အထတွေခက်ပြီး သွားရလာရတာအဆင်မပြေဖြစ်နေပြီလား

✨ဒီလို အခက်အခဲတွေကြုံတွေ့နေရမယ်ဆိုရင် အားလုံးအတွက် အရိုးအဆစ်နဲ့ကြွက်သားတွေ ကျန်းမာကြံ့ခိုင်စေဖို့နဲ့ လိုအပ်တဲ့အာဟာရဓာတ်တွေအစုံအလင်ပါဝင်တဲ့ Joint Again Dietary Supplement ရှိနေပါပြီ။

💁‍♀️Joint Again Dietary Supplement ကိုသာ မှီဝဲမယ်ဆိုရင် စွမ်းအားကောင်းသော သဘာဝထွက်ပစ္စည်းများကို ပေါင်းစပ်ထားခြင်းကြောင့် ပျက်စီးနေသောအရိုးအဆစ်များတွင် Connective tissues များပြန်လည်ဖွဲ့စည်းခြင်းကို ကူညီထောက်ပံ့ပေးပြီး

✅Glucosamine ဓာတ်သည် အရိုးနုများ၊ ခြေသည်းလက်သည်းများ၊ အရေပြား၊ အရိုးအကြောနှင့် နှလုံးအဆို့ရှင်ဖွဲ့စည်းတည်ဆောက်မှုမှာ အလွန်အရေးပါသလို အရိုးအဆစ်ကြားချောမွတ်စေသောအရည်များကို ထုတ်လုပ်ပေးခြင်းဖြင့် အရိုးအဆစ်များကြား ပွတ်တိုက်မှုကို လျှော့ချပေးကာ အရိုးကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။

✅Vitamin C ဓာတ်သည် အရိုးဆက်နှစ်ခုကြားရှိ အရိုးနုများအတွက် လိုအပ်သော Protein ဓာတ် ထုတ်လုပ်ရာတွင် ကူညီထောက်ပံ့ပေးသည့်အတွက် အရိုးနုများခိုင်ခံ့အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။

✅Boswellia Extract နှင့် Curcumin Extract စတဲ့ ဆေးဖက်ဝင်အပင်များပေါင်းစပ်ထားခြင်းကြောင့် ရောင်ရမ်းနာကျင်မှုများကို လျှော့ချပေးကာ အကိုက်အခဲသက်သာစေသော ဂုဏ်သတ္တိများကို ပေးစွမ်းနိုင်ပါတယ်။

💯ဒါကြောင့် သင့်အနေနဲ့ အရိုးအဆစ်နှင့် ကြွက်သားပြဿနာများခံစားနေရတယ်ဆိုရင် ကျန်းမာကြံ့ခိုင်တဲ့အရိုးအဆစ်နဲ့ကြွက်သားတွေ ထောက်ပံ့ပေးနိုင်ဖို့ Joint Again Dietary Supplement ကို မှီဝဲနိုင်ပါပြီ။

💭ဆက်သွယ်မှာယူလိုပါက Messenger မှတဆင့် စုံစမ်းမှာယူနိုင်ပါတယ်။




အမျိုးသားတွေ ဘာလို့ ကယ်လ်စီယမ်ဓါတ် လိုအပ်တာလဲ ?အမျိုးသားတွေ ခန္ဓါကိုယ်ကြံ့ခိုင်သန်စွမ်းဖို့နဲ့ အရိုးတွေ သန်မာစေဖို့ ကယ်လ...
10/06/2022

အမျိုးသားတွေ ဘာလို့ ကယ်လ်စီယမ်ဓါတ် လိုအပ်တာလဲ ?

အမျိုးသားတွေ ခန္ဓါကိုယ်ကြံ့ခိုင်သန်စွမ်းဖို့နဲ့ အရိုးတွေ သန်မာစေဖို့ ကယ်လ်စီယမ်ဓါတ်ကို နေ့စဉ် မရှိမဖြစ် လုံလောက်အောင် စားသုံးပေးဖို့ လိုအပ်ပါတယ်။ ကလေးအရွယ်ကတည်းက အာဟာရပြည့်ဝစုံလင်စွာ စားသုံးပေးမှ ယောက်ျားလေးတွေ အရွယ်ရောက်တဲ့အခါမှာ ကျန်းမာကြံ့ခိုင်ပြီး တက်ကြွလန်းဆန်းနေလို့ ဘဝအခက်အခဲတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်မှာပါ။

ကယ်လ်စီယမ်ဓါတ်ရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။
အရိုးတွေ သန်စွမ်းကျန်းမာစေဖို့ ကယ်လ်စီယမ်ဓါတ်က အထောက်အကူပေးပါတယ်။ အားကစားလိုက်စားသူတွေ အထူးသဖြင့် ယောက်ျားပီသတဲ့ ခန္ဓါကိုယ်အချိုးအစားနဲ့ အရိုးအဆစ်ကို ပိုင်ဆိုင်လိုတဲ့ အမျိုးသားတွေအတွက် ကယ်လ်စီယမ်ဓါတ်ဟာ အလွန်အရေးကြီးပါတယ်။

ကယ်လ်စီယမ်ဓါတ်ဟာ နှလုံးကြွက်သားနဲ့ ဦးနှောက်အာရုံကြောတွေကို ကောင်းစွာ အလုပ်လုပ်စေဖို့ ကူညီပေးပါတယ်။ အရိုးကျန်းမာရေးအပြင် ဆီးချို၊ သွေးတိုးနဲ့ ကင်ဆာရောဂါတွေကို ကာကွယ်ပေးတဲ့နေရာမှာလည်း ကယ်လ်စီယမ်ဓါတ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

ကယ်လ်စီယမ်ဓါတ် မလုံလောက်တဲ့အခါ ဘာတွေ ဖြစ်နိုင်လဲ။
အရိုးကျန်းမာရေးအတွက် မရှိမဖြစ် အရေးကြီးတဲ့ ကယ်လ်စီယမ်ဓါတ် နည်းတဲ့သူတွေမှာ အရိုးပါးလာတာ၊ အရိုးမသန်မာတာ၊ အရိုးအဆစ်တွေ ကျိုးလွယ်တာအပြင် အရိုးပွရောဂါ ဖြစ်နိုင်ခြေကိုပါ မြင့်တက်စေပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အရိုးပွ၊ အရိုးပါး ရောဂါ ဖြစ်နိုင်ခြေဟာ မြင့်တက်နေမှာ ဖြစ်တဲ့အတွက် အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ ကယ်လ်စီယမ်ဓါတ်ကို နေ့စဉ် လုံလောက်အောင် စားပေးဖို့ လိုပါတယ်။

ကယ်လ်စီယမ်ဓါတ် ချို့တဲ့နေတဲ့ ကလေးတွေ၊ မှန်ကန်တဲ့ စားသောက်နေထိုင်မှုပုံစံ မရှိတဲ့ ကလေးတွေ ကြီးလာတဲ့အခါ အမျိုးသားတစ်ယောက်မှာ ရှိသင့်၊ ရှိထိုက်တဲ့ အရပ်အမောင်း၊ ခန္ဓါကိုယ်အချိုးအဆစ်ကို မရနိုင်ပါဘူး။ မေမေတွေအနေနဲ့ ကိုယ့်သားလေး မထွားလာဘူး၊ အရပ်မရှည်လာဘူးလို့ သံသယ ရှိပြီဆိုရင် ဆရာဝန်နဲ့ သေချာပြသသင့်ပြီး ကယ်လ်စီယမ်ဓါတ် ပါဝင်တဲ့ အစားအစာတွေကို ပိုကျွေးသင့်ပါတယ်။

ကယ်လ်စီယမ်ဓါတ်ကို ဘယ်ကနေ ရနိုင်သလဲ။
ခန္ဓါကိုယ်က ကယ်လ်စီယမ်ဓါတ်တွေ မထုတ်လုပ်ပေးတဲ့အတွက် နေ့စဉ် ကယ်လ်စီယမ်ဓါတ် ပါဝင်တဲ့ အစာအာဟာရေတွကို သေချာစီမံပြီး စားသုံးပေးဖို့ လိုအပ်ပါတယ်။

ကယ်လ်စီယမ်ဓါတ် အများဆုံး ပါဝင်တဲ့ အစားအစာတွေကတော့

၁။ နွားနို့၊ ဒိန်ချဉ် အစရှိတဲ့ နို့ထွက်ပစ္စည်းတွေ၊

၂။ ပန်းဂေါ်ဖီ၊ ကိုက်လန်ရွက် အစရှိတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်ေတွ၊

၃။ ဆာဒင်းငါး၊ ဆော်လ်မွန်ငါး၊ တူနာငါး အစရှိတဲ့ အရိုးပါ ဝါးစားလို့ရတဲ့ ငါးတွေ ဖြစ်ပါတယ်။

ခန္ဓါကိုယ်က ကယ်လ်စီယမ်ဓါတ်ကို ကောင်းစွာစုပ်ယူပေးနိုင်စေဖို့ ဗီတာမင် D ဓါတ်က ကူညီပေးပါတယ်။ ငါး၊ ကြက်ဥအနှစ်၊ ဟင်းသီးဟင်းရွက်ကနေတစ်ဆင့် ဗီတာမင် D ရရှိနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအတွက် နေ့စဉ် ဗီတာမင်နဲ့ သတ္တုဓါတ်တွေ စုံလင်ပြီး အာဟာရမျှတတဲ့ စားသောက်မှုပုံစံဟာ အရေးကြီးပါတယ်။

ကယ်လ်စီယမ်ပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေ စားပေးဖို့လိုလား။

သက်သက်လွတ်စားသူတွေ၊ နို့ထွက်ပစ္စည်းနဲ့ ဓါတ်မတည့်သူတွေ၊ မွေးရာပါ အရိုးပါးရောဂါရှိသူတွေ၊ ဝမ်းမမှန်တဲ့သူတွေမှာတော့ ပုံမှန်လူတွေထက် ကယ်လ်စီယမ်ဓါတ်ကို ပိုမိုလိုအပ်မှာဖြစ်လို့ ဖြည့်စွက် အားဆေးအနေနဲ့ စားပေးသင့်ပါတယ်။ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြသပြီးမှ ကယ်လ်စီယမ်ပါဝင်တဲ့ ဖြည့်စွက် အားဆေးတွေကို မှီဝဲတာ အကောင်းဆုံးပါပဲ။





#ဓာတ်စာ
#ကျန်းမာရေး

မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့တာတွေအတွက် သုံးလို့ရနိုင်တဲ့ အားဖြည့်ဆေးတွေကတော့-(၁)Magnesium Chelateမဂ္ဂနီဆီယမ်ဓာတ်ကို အမိုင်နိ...
10/06/2022

မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့တာတွေအတွက် သုံးလို့ရနိုင်တဲ့ အားဖြည့်ဆေးတွေကတော့-

(၁)Magnesium Chelate
မဂ္ဂနီဆီယမ်ဓာတ်ကို အမိုင်နိုအက်စစ်နဲ့ ပေါင်းထားလို့ ခန္ဓာကိုယ်စုပ်ယူမှု အားပိုကောင်းစေပါတယ်။

(၂) Magnesium Citrate
မဂ္ဂနီဆီယမ်ဓာတ်နဲ့ စစ်ထရစ်အက်စစ် ပေါင်းထားလို့ ဝမ်းသွားစေနိုင်တဲ့ အာနိသင်ရှိပြီး ဝမ်းချုပ်တဲ့အချိန်မှာ သုံးကြပါတယ်။

(၃) Magnesium Glycinate
မဂ္ဂနီဆီယမ်ကို စုပ်ယူမှု အားကောင်းအောင်နဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားလို့ မဂ္ဂနီဆီယမ် ဓာတ် အလွန်အမင်း ချို့တဲ့တဲ့သူတွေမှာ သုံးပါတယ်။

(၄) Magnesium Threonat
ခန္ဓာကိုယ်အတွင်းရှိ နေရာတော်တော်များများကို ဖြတ်ယူနိုင်ပြီး စုပ်ယူမှု အာနိသင်ကောင်းတဲ့ အထူးတီထွင်ထုတ်လုပ်ထားတဲ့ မဂ္ဂနီဆီယမ် အားဆေးဖြစ်လို့ ဈေးကွက်အတွင်း အကောင်းဆုံးဖြစ်ပါတယ်။

(၅) Magnesium Chloride
အဆီပုံစံ ထုတ်လုပ်ထားတဲ့ မဂ္ဂနီဆီယမ် အားဖြည့်ဆေး ဖြစ်ပါတယ်။ အရေပြားနဲ့ ခန္ဓာကိုယ်အတွင်း စိမ့်ဝင်နိုင်လို့ အူလမ်းကြောင်း စုပ်ယူမှုမကောင်းတဲ့ရောဂါသည်တွေမှာ အသုံးဝင်ပါတယ်။

ဒါကြောင့် ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ မဂ္ဂနီဆီယမ် ဓာတ် မနည်းအောင် အစားအစာတင်မက မဂ္ဂနီဆီယမ် အားဖြည့်ဆေးတွေပါ သုံးပြီး ကျန်းမာရေးကို ဂရုစိုက်ကြပါစို့။

စာရေးသူ – ဒေါက်တာအိမ့်
Ref – www.draxe.com





#ကျမ်းမာရေး
#ဓာတ်စာ

ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ ဘာလို့ အရမ်းအိပ်ချင်နေရတာလဲ?............ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ ဘာလို့ အရမ...
10/06/2022

ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ ဘာလို့ အရမ်းအိပ်ချင်နေရတာလဲ?............
ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ ဘာလို့ အရမ်းအိပ်ချင်နေရတာလဲ ဆိုတော့ ဟော်မုန်း အပြောင်းအလဲကြောင့်ပါ။ ပုံမှန်ချိန်တွေမှာ ဘာမှမဖြစ်ပေမယ့် ရာသီလာဖို့ ၃ ရက်အလိုလောက်ကနေစလို့ ရာသီလာနေစဉ် တလျှောက် တစ်ချိန်လုံး လိုလို အိပ်ငိုက်နေရတာက လေဒီလေးတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဦးနှောက်ထဲက ခံစားမှုတွေအပေါ် သက်ရောက်စေတဲ့ ဟော်မုန်း တစ်မျိုးဖြစ်တဲ့ ဆီရိုတိုနင်ဟော်မုန်း ကျဆင်းသွားတာကြောင့်ပါ။

ဒီဟော်မုန်းပမာဏက ရာသီလာခါနီး ၃ ရက်အလိုလောက်မှာ သိသိသာသာကို ကျဆင်းသွားပါတယ်။ ဒီလို ကျဆင်းသွားတာကြောင့် ခန္ဓာကိုယ်ထဲမှာ အားအင် ကုန်ခမ်းသလို ဖြစ်ပြီး အမြဲလိုလို အိပ်ချင်နေရတာပါ။ ဒီလို ကျဆင်းတာက တစ်ခါတလေမှာ စိတ်ခံစားမှုအပေါ်ပါ သက်ရောက်ပြီး စိတ်ဓာတ်ကျတာ၊ စိတ်အားငယ်တာမျိုးတွေကိုပါ ခံစားရတာပါ။

ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ အရမ်းအိပ်ချင်နေတာ ပုံမှန်ပဲလား။

ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ အရမ်းအိပ်ချင်တာ၊ ခြေကုန်လက်ပမ်းကျတာ၊ စိတ်ခံစားမှု မကောင်းတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်အားငယ်တာတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ လေဒီလေးတွေရဲ့ လစဉ် ကျန်းမာရေး ပြဿနာပါ။

ဘယ်လို သက်သာအောင် လုပ်မလဲ။
ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ အရမ်းအိပ်ချင်နေတာကို သက်သာစေဖို့ဆိုရင်

ကော်ဖီအစား လက်ဖက်စိမ်းရေနွေးကြမ်း သောက်ပါ။
ရာသီလာနေချိန်မှာ ကဖင်းပါတဲ့ သောက်စရာတွေကို သောက်တာက ရင်သားနာကျင်မှုကို ပိုဆိုးစေနိုင်ပါတယ်။ လက်ဖက်စိမ်း ရေနွေးကြမ်းမှာပါတဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ L-theanine ကတော့ ကြွက်သားတွေကို ပြေလျော့စေပြီး ရာသီလာချိန်မှာ အိပ်ငိုက်တာကို သက်သာစေနိုင်ပါတယ်။

အစားများများစားပါ။
ရာသီစက်ဝန်းရဲ့ ဒုတိယတဝက်မှာ အစားကို များများ စားပေးပါ။ အချိုစာတွေ၊ အသင့်စားသရေစာမျိုးတွေ မဟုတ်ဘဲ အာဟာရ ပြည့်ဝစေမယ့် အစားအစာတွေကို စားပေးပါ။ ဒါမှ ခန္ဓာကိုယ်က အင်အား ပြည့်ဝမှာပါ။ ချောကလက် နည်းနည်းလောက် စားပေးလို့ ရပါတယ်။

သက်သောင့်သက်သာ လေ့ကျင့်ခန်းတွေပဲ လုပ်ပါ။
ရာသီလာနေချိန်မှာ ခန္ဓာကိုယ်က ပင်ပန်းနေမှာ ဖြစ်တာကြောင့် ဒီကာလတွေမှာ လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် လုပ်တာမျိုး မလုပ်ဘဲ လမ်းလျှောက်တာ၊ ယောဂလေ့ကျင့်ခန်း ပေါ့ပေါ့ပါးပါး လေ့ကျင့်တာလိုမျိုး ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေမယ့် လေ့ကျင့်ခန်းမျိုး လုပ်ပေးပါ။

တစ်ရေးအိပ်ပါ။
ရာသီလာချိန်မှာ အိပ်ငိုက်တယ်ဆိုတာက ခန္ဓာကိုယ်က အားမပြည့်လို့ အနားတောင်းနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရမ်း အိပ်ချင်လာတဲ့အခါ နေ့လယ်ခင်းကို တစ်ရေးလောက် အိပ်လိုက်ပါ။ ညဘက်တွေမှာလည်း အိပ်ချိန်ကို အနည်းဆုံး ၇ နာရီကနေ ၈ နာရီ ရှိအောင် ထားပါ။

အယ်လ်ကိုဟော ရှောင်ပါ။
ဒီလို အချိန်တွေမှာ ခန္ဓာကိုယ်ကို ပင်ပန်းမှု ကင်းစေဖို့ဆိုရင် အရက်အပါအဝင် အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို ရှောင်ပါ။ ဒါတွေက ပိုပင်ပန်းစေနိုင်လို့ပါ လေဒီလေးတို့ရေ။

ရေနွေးနဲ့ ရေချိုးပါ။
ကြွက်သားတွေပြေလျော့ပြီး နာကျင်မှုတွေ ထိုင်းမှိုင်းတာတွေကို သက်သာစေပြီး စိတ်ခံစားမှု ကောင်းစေဖို့ ရာသီလာနေချိန်မှာ ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။





#ကျန်းမာရေး
#ဓာတ်စာ

ရာသီလာချိန်မှာ သန့်စင်လန်းဆန်းနေစေဖို့အချက် (၈)ချက်........ရာသီပန်းဆိုတာက အရွယ်ရောက်တဲ့အမျိုးသမီးတိုင်း လစဉ်ရှောင်လွှဲလိ...
10/06/2022

ရာသီလာချိန်မှာ သန့်စင်လန်းဆန်းနေစေဖို့အချက် (၈)ချက်........
ရာသီပန်းဆိုတာက အရွယ်ရောက်တဲ့အမျိုးသမီးတိုင်း လစဉ်ရှောင်လွှဲလို့မရဘဲ တွေ့ကြုံနေရတဲ့ ကိစ္စတစ်ခုပေါ့။ ရောဂါတစ်ခုမဟုတ်သလို ကြီးမားတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်မဟုတ်ပေမယ့်စိတ်ရှုပ်စေတဲ့ ကိစ္စဆိုတာတော့ အမှန်ပါပဲ။ လစဉ်ပြဿနာကို ခံစားနေရတဲ့ နေ့တွေဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုက အလိုလိုကို ကျနေတာ၊ အနံ့ဆိုးတွေများထွက်နေမလား။ ပေတာတွေ၊စွန်းထင်းတာတွေများဖြစ်မလားဆိုတဲ့ စိုးရိမ်စိတ်က တစ်ချိန်လုံးကိုကြီးစိုးနေရော။

အနံ့အသက်ဆိုးတွေကို ကြောက်တတ်တဲ့လေဒီတွေဆိုရင်တော့ အတော့်ကို စိတ်ပျက်စရာနေ့စွဲတွေပေါ့။ ကိုယ်တိုင်လည်း အနံ့အသက်ဆိုးကိုကြောက်တယ်။ ပတ်ဝန်းကျင်ကသူတွေ ကိုယ့်ဆီကနေ အနံ့အသက်ဆိုးတွေထွက်နေလို့ စိတ်အနှောင့်အယှက်ဖြစ်မှာကိုလည်း စိုးရိမ်နေတဲ့ ပျိုမေလေးတွေအတွက် နည်းလမ်းကောင်းလေးတွေ ပြောပြပေးမယ်နော်။

အသုံးတည့်မယ့် နည်းလမ်းလေးတွေက
အမျိုးသမီးတစ်ယောက်နဲ့တစ်ယောက်ရဲ့ ရာသီသွေးဆင်းမှုအပေါ်အမြင်အမျိုးမျိုးရှိကြပေမယ့် တူညီတဲ့ စိတ်ကူးတစ်ခုတော့ရှိပါတယ်။ ဒါကတော့ ရာသီလာချိန်မှာ စိတ်ပျက်စရာကောင်းတယ်ဆိုပေမယ့် သက်တောင့်သက်သာနဲ့ ပေါ့ပါးလန်းဆန်းနေချင်တဲ့ ဆန္ဒပါပဲ။ ဒီဆန္ဒလေးကို အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် ဒီအချက်တွေကို လိုက်နာပေးပါ။

လစဉ်သုံးပစ္စည်းကို ပုံမှန်လဲလှယ်ပေးပါ – လစဉ်သုံးပစ္စည်းကို တစ်နေ့ကို အနည်းဆုံးနှစ်ကြိမ်လဲပေးပါ။ အရမ်းသွေးဆင်းမများရင်တောင်မှ မနက်ခင်းမှာ တစ်ခု ညနေခင်းမှာ တစ်ခုလောက်တော့လဲလှယ်ပေးပါ။ လစဉ်သုံးကို အကြာကြီးမလဲလှယ်ဘဲဝတ်ဆင်ထားတာက ပိုးမွှားတွေပေါက်ဖွားဖို့အားပေးသလိုဖြစ်နေနိုင်တာကြောင့်ပါ။ အနံ့အသက်ကင်းပြီးပေါ့ပါးလန်းဆန်းနေချင်တယ်ဆိုရင် ဒီအချက်ကို မေ့ထားလို့မဖြစ်ပါဘူး။

ပုံမှန်သန့်စင်ဆေးကြောပေးပါ – ရာသီသွေးဆင်းနေချိန်မှာ အရေပြားမှာပေကျံနေတာမျိုးတွေဖြစ်နိုင်တာကြောင့် အနံ့အသက်ဆိုးဖြစ်ပေါ်မှုကို တားဆီးချင်တယ်ဆိုရင်တော့ သန့်စင်ဆေးကြောမှုလုပ်ပေးပါ။ Pad အသစ်မလဲခင်မှာ သေချာသန့်စင်ဆေးကြောပေးဖို့ိကိုလည်း မမေ့ပါနဲ့။

သက်တောင့်သက်သာဖြစ်စေမယ့် ချည်သားအတွင်းခံဝတ်ဆင်ပေးပါ – ဒီလိုအချိန်မှာ သန့်စင်ပြီးနူးညံ့တဲ့ချည်သားအတွင်းခံကို ဝတ်ဆင်တာအကောင်းဆုံးဖြစ်မှာပါ။ အရမ်းတင်းကျပ်တဲ့ အတွင်းခံတွေက နေရထိုင်ရ ကသိကအောက်ဖြစ်စေနိုင်သလို ပိုးမွှားတွေပေါက်ဖွားဖို့အားပေးသလိုဖြစ်စေနိုင်ပါတယ်။

ဆပ်ပြာမသုံးပါနဲ့။ မိန်းမကိုယ်သန့်စင်ပေးတဲ့အရာတွေကို အသုံးပြုပါ– ဆပ်ပြာသုံးပြီး သန့်စင်တာမျိုးမလုပ်ပါနဲ့။ ဘက်တီးရီးယားတွေပါက်ဖွားနိုင်ဖို့ အားပေးသလိုဖြစ်မှာစိုးတာကြောင့်ပါ။ ဒါကြောင့် မိန်းမကိုယ်အစ်ဆစ်ဓါတ် (pH balance) ကိုထိန်းညှိပေးပြီး အကျိုးပြုဘက်တီးရီးယားတွေ ပေါက်ဖွားမှုနှုန်းကို မြင့်တက်စေနိုင်တဲ့ Feminine wash မျိုးကို အသုံးပြုပေးလို့ရပါတယ်။

လစဉ်သုံးအသုံးပြုတဲ့အခါ တစ်မျိုးတည်းကိုပဲ အသုံးပြုပေးပါ – အချို့မိန်းကလေးတွေက သွေးဆင်းများတဲ့အခါ စွန်းထင်းတာမျိုးတွေဖြစ်မှာကို စိုးရိမ်ပြီး Tampon ရော၊ Pad ရောအသုံးပြုတာမျိုးတွေရှိတတ်ပါတယ်။ အချို့ဆိုရင် Pad ၂ ခုခံတာမျိုးရှိပါတယ်။ ။ တကယ်တော့ ဒါကပိုကောင်းသွားစေတဲ့အရာတော့ မဟုတ်ပါဘူး။ အရေပြားမှာ ပွန်းပဲ့တာတွေဖြစ်စေနိုင်သလို ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ဖြစ်စေနိုင်ပါတယ်။ အခန့်မသင့်ရင် အနံ့အသက်ဆိုးကို ပိုဖြစ်စေနိုင်တာကြောင့် နှစ်မျိုး၊နှစ်ခုသုံးတာမျိုးမလုပ်ဖို့ပြောပါရစေ။

ရေပုံမှန်ချိုးပါ – ရာသီလာနေချိန်မှာ ပုံမှန်ချိန်ထက် တစ်ကိုယ်ရေသန့်ရှင်းရေးကို ပိုဂရုစိုက်ဖို့ပြောချင်ပါတယ်။ ခန္ဓါကိုယ်ကအနံ့အသက်ဆိုးတွေအတွက်ရော ကျန်းမာရေးအတွက်ပါ ရေကိုပုံမှန်ချိုးပေးပါ။ မချိုးဖြစ်ရင်တောင် အနည်းဆုံး တစ်နေ့ကိုတစ်ကြိမ်တော့ချိုးလိုက်ပါ။ ရေချိုးတာက လန်းဆန်းစေရုံတင်မဟုတ်ဘဲ ရာသီလာချိန်မှာဖြစ်တဲ့နာကျင်ကိုက်ခဲမှုကိုသက်သာစေနိုင်သလို စိတ်ခံစားမှုကိုပါကောင်းမွန်စေနိုင်ပါတယ်။ ရေနွေးနွေးလေးနဲ့ ချိုးပေးတာက ပိုအဆင်ပြေစေမှာပါ။

ကြိုတင်ပြင်ဆင်ထားပါ – ရုံးသွားတဲ့အိတ်ထဲမှာ Pad အပိုတစ်ခုလောက်ဆောင်ထားပေးပေါ့။ အဆင်သင့်ဖြစ်တာကြောင့် စိတ်အနှောင့်အယှက်ဖြစ်တာမျိုးမရှိတော့ဘူးပေါ့။ ပြင်ဆင်မှုကအကောင်းဆုံး နည်းလမ်းပါ။

အဝတ်တွေကို သေချာလျှော်ပေးပါ – ပုံမှန်ချိန်ထက်ရာသီလာချိန်မှာ ဝတ်ထားတဲ့ အဝတ်အစားတွေကို သေချာဂရုစိုက်လျှော်ပေးပါ။ ဆပ်ပြာမှုန့်နဲ့သေချာစိမ်ထားပြီးမှ အချိန်ယူပြီးလျှော်ပေးပါ။ အစွန်းအထင်းတွေကိုလည်းပြောင်စင်အောင်လျှော်ပေးဖို့ပါ။

အခုပြောပြခဲ့တဲ့နည်းလမ်းလေးတွေကို အသုံးပြုပြီး ရာသီလာချိန်ကို ပေါ့ပါးလန်းဆန်းအောင်နေထိုင်လိုက်ပါနော်…..



#ကျန်းမာရေး
#ဓာတ်စာ

🧑‍⚕️ကျန်းမာသန်စွမ်းတဲ့လူနေမှုဘဝကိုပိုင်ဆိုင်နိုင်ဖို့ FKC မှာ ရရှိနိုင်တဲ့အားဖြည့်ဓာတ်စာများကို သိရှိလိုပါက အောက်ကပုံတစ်...
10/06/2022

🧑‍⚕️ကျန်းမာသန်စွမ်းတဲ့လူနေမှုဘဝကိုပိုင်ဆိုင်နိုင်ဖို့ FKC မှာ ရရှိနိုင်တဲ့အားဖြည့်ဓာတ်စာများကို သိရှိလိုပါက အောက်ကပုံတစ်ပုံချင်းစီမှာကြည့်ရှုနိုင်ပါတယ်။


Address


Website

Alerts

Be the first to know and let us send you an email when FKC USA Product posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your practice to be the top-listed Clinic?

Share