
31/03/2025
နောက်တစ်ကြိမ် Edit - ကူညီမဲ့လူတွေ ရလာလို့ ထပ်ပြီး လိုက်ကောက်ပေးပါဦးမယ်ဗျ။
(Edit - ကျွန်တော်တစ်ယောက်တည်း သွားရမဲ့ လမ်းကြောင်းက ပြည့်သွားပါပြီ)
ကျွန်တော်ကိုယ်တိုင် လာယူပါမယ်။
ရန်ကုန်မြို့တွင်း ပစ္စည်းအလှူခံပါတယ်။ ငွေသားမဟုတ်ပါ။ လိုအပ်တဲ့ ပစ္စည်းတွေကို တတ်နိုင်သလောက် လှူပေးပါ။ ကျွန်တော်တို့ လာယူပါမယ်။
ငလျင်ဒေသတွေကို ပို့ပေးဖို့အတွက် အာမခံပါတယ်။
လှူနိုင်မဲ့ပစ္စည်းများ....
(၁) ဆေးဝါး (အရမ်းလိုအပ်ပါတယ်၊ တားဆေးကလွဲပြီး တတ်နိုင်တဲ့ ဆေးအကုန် လှူပေးပါ၊ တစ်ဗူး တစ်ကတ်ကနေစပြီး ယူပေးပါမယ်)
(၂) လစဉ်သုံးပစ္စည်း (တစ်ထုတ်ဆီဆိုရင်တောင် လာယူပေးပါမယ်)
(၃) အဝတ်အစား (အရေးပေါ်မဟုတ်ပေမဲ့ အဝတ်အစား အသန့်တွေဆို လာယူပေးပါမယ်)
(၄) စားစရာ (ခေါက်ဆွဲခြောက်ဆို တစ်ပါကင်ကနေစပြီး လာယူပါမယ်၊ အအေးဗူးတွေဆိုလည်း ရပါတယ်)
(၅) မိတ်ဆွေတို့ရဲ့ စိတ်ထဲမှာ လှူဖို့လိုအပ်တယ်ဆိုတဲ့ ပစ္စည်းတွေရှိရင်လည်း စီစစ်ပြီး ယူပေးပါမယ်။
ရန်ကုန်အတွင်းဆို လူအင်အားရှိသလောက် နေရာအနှံ့ လိုက်ယူပေးပါမယ်။ ကျွန်တော်က သင်္ဃန်းကျွန်းတစ်ဝိုက်မှာ အဓိက ရှိပါမယ်။ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေလည်း နေရာအနှံ့မှာ တတ်နိုင်သလောက် လိုက်ယူပေးမှာပါ။
အလှူငွေလည်း ထည့်ချင်ရင် ထည့်လို့ရပါတယ်ဗျ။ ကျွန်တော့်မှာ အင်မတန် စိတ်ချရတဲ့ အရင်းအမြစ်တွေဆီ လမ်းညွန်ပေးပါမယ်။
ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က သဲတစ်ပွင့်၊ အုတ်တစ်ချပ်ဆီကို နေရာအနှံ့ကနေ ကောက်ယူပေးဖို့အတွက်ပါ။
ကျွန်တော့်ရဲ့ DMမှာ ဆက်သွယ်ပေးပါ။ လှူချင်တဲ့ ပစ္စည်းကိုပါ ပြောထားပေးပါ။
ကျွန်တော်တို့ ကြာသပတေးနေ့အထိ နောက်ဆုံးထားပြီး လိုက်ယူပေးပါမယ်။ ကားမှတ်တိုင်လောက်အထိ ထွက်ပြီး ပေးနိုင်ရင် ပိုကောင်းပါမယ်ဗျ။
#ငလျင်