Dr Amata

Dr Amata Health Education for all .

A fever is a controlled increase in your body's temperature,orchestrated by your immune system and regulated by the brai...
19/08/2025

A fever is a controlled increase in your body's temperature,orchestrated by your immune system and regulated by the brain. It's not the illness itself, but rather a defensive response to it.

What Makes a Fever? 🌡️

Your body's temperature is regulated by a part of your brain called the hypothalamus, which acts like a thermostat. Normally, it's set to around 37°C (98.6°F).

When your body is invaded by pathogens like bacteria or viruses, your immune cells fight back. In this process, they release chemical messengers into the bloodstream. These messengers travel to the hypothalamus and essentially tell it to turn up the heat. The hypothalamus then releases its own chemicals that raise the thermostatic set-point. Your body now thinks its normal temperature is too cold, so it starts shivering and constricting blood vessels in your skin to generate and conserve heat until it reaches the new, higher set-point.

Chemical Mediators of Fever

The chemical messengers that trigger a fever are called pyrogens (from the Greek pyr “fire," gen "producer"). The most important ones produced by your own body (endogenous pyrogens) are:

Interleukin-1 (IL-1)
Interleukin-6 (IL-6)
Tumor Necrosis Factor-alpha (TNF-Îą)
Interferons (IFNs)

Prostaglandin E2 (PGE2): This is the final key mediator released within the brain that directly acts on the hypothalamus to raise the set-point. Most fever-reducing drugs, like aspirin and ibuprofen, work by blocking the production of prostaglandins.

Pneumonic
"Inflammation Likes To Increase Pain."

Inflammation/Likes: Interleukins (IL-1 and IL-6)

To: Tumor Necrosis Factor-Îą (TNF-Îą)

Increase: Interferons (IFNs)

Pain: Prostaglandins (PGE2)

T Wave Normal T Wavetypically upright in most leads except aVR and sometimes V1. It is asymmetrical, with a slower upstr...
19/08/2025

T Wave

Normal T Wave
typically upright in most leads except aVR and sometimes V1.
It is asymmetrical, with a slower upstroke and a faster downstroke.

Hyperkalemia
tall, narrow, peaked T waves
As potassium levels rise further, the PR interval prolongs, and the QRS complex widens.

Hypokalemia
T wave flattening
and the appearance of a U wave

Ischemia/Infarction
May initially cause hyperacute (tall) T waves which is then followed by symmetrical T wave inversion.
The location of the inverted T waves can help identify the affected area of the heart.

Ventricular Strain
asymmetrical T wave inversion along with ST-segment depression in the leads corresponding to the hypertrophied ventricle.

Digoxin
Produces a characteristic "reverse tick" or "scooped" appearance of the ST-segment, which can be associated with T wave flattening or inversion.

Bundle Branch Block
T wave changes are secondary to the altered depolarization sequence.
The T wave is typically inverted in leads with a dominant R wave (e.g., V5-V6 in LBBB, V1-V2 in RBBB).

General anaesthesia (GA)As a novice trainee, general anaesthesia is the most common type of anaesthetic that you will be...
18/08/2025

General anaesthesia (GA)

As a novice trainee, general anaesthesia is the most common type of anaesthetic that you will be required to provide and become competent with as part of the Initial Assessment of Competence (IAC).


-unconsciousness (hypnosis)
-analgesia (without pain)
-muscle relaxation.

A general anaesthetic (GA) can be subdivided into 3 key stages:

induction - getting the patient to sleep

maintenance - keeping the patient asleep during the operation

emergence - waking the patient up at the end of the procedure.

  ( AV block)An interruption or delay in the normal electrical conduction of the heart is known as a heart block.Based o...
18/08/2025

( AV block)
An interruption or delay in the normal electrical conduction of the heart is known as a heart block.

Based on Andrew R. Houghton's "Making Sense of the ECG: A Hands-on Guide," these blocks are categorized into three main types,each with distinct characteristics on an electrocardiogram (ECG).

-First-Degree Heart Block

a consistent delay in the electrical impulse traveling from the atria to the ventricles.
This is not a true "block" in the sense that an impulse is stopped, but rather a slowing of conduction, typically within the atrioventricular (AV) node.

On an ECG, this is identified by a prolonged PR interval of more than 0.20 seconds (or five small squares). Crucially, every P wave is followed by a QRS complex, indicating that while delayed, all atrial impulses do eventually reach and stimulate the ventricles. The rhythm remains regular.

-Second-Degree Heart Block

two subtypes, Mobitz Type I - Mobitz Type II, distinguished by the pattern of the conduction block.

Mobitz Type I (Wenckebach Phenomenon)
a progressive lengthening of the PR interval with each successive beat. This continues until a P wave is not followed by a QRS complex, indicating a dropped beat. After this dropped beat, the cycle resets with a shorter PR interval, and the pattern of progressive prolongation begins again. The rhythm is described as "regularly irregular" due to this predictable pattern of dropped beats. This type of block is also typically located at the level of the AV node.

Mobitz Type II
the PR interval remains constant for all conducted beats. However, there are intermittent P waves that are not followed by a QRS complex. These dropped beats can occur in a regular or irregular pattern. Unlike Type I, this block is usually located below the AV node, in the bundle of His or the bundle branches. It is generally considered more serious than Mobitz Type I as it has a higher risk of progressing to a complete heart block.

-Third-Degree Heart Block (Complete Heart Block)
a complete dissociation between the atria and the ventricles. No electrical impulses from the atria are able to reach the ventricles. As a result, the atria and ventricles beat independently of each other.

On an ECG, this is seen as P waves that have a regular rhythm, and QRS complexes that also have a regular rhythm, but there is no relationship between them. The P waves march out at their own rate, and the QRS complexes march out at their own, slower, escape rhythm. The ventricular escape rhythm is initiated by a secondary pacemaker site below the level of the block and is typically slow (20-40 beats per minute if originating from the ventricles, or 40-60 if from the AV junction).

12/05/2024

ကျွန်တော်တို့ စားမိနေသော ဆားများ (ကျန်းမာရေးအသိပညာပေးဆောင်းပါး)

ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ မေ ၁၂ ရက်)

"ဆားမပါသည့်ဟင်း အရသာကင်း" ဆိုတဲ့ ဆိုရိုးစကားကို ကြားဖူးကြမယ် ဆိုခဲ့ရင် မြန်မာ လူမျိုးတွေဟာ အငန်အရသာကို နှစ်ခြိုက်ခုံမင်စွာစားသောက်တတ်တဲ့အပေါ် အငြင်းပွား ကြမှာမဟုတ်ပါဘူး။

ကျွန်တော်တို့ အသက်ရှင်ဖို့ကလည်း "ဆား"ဟာ မရှိမဖြစ် လိုအပ်ပါတယ်။

အသက်ရှူခြင်း၊ နှလုံးခုန်ခြင်း၊ လက်ခြေအဆစ်တွေ အကွေးအဆန့်ပြုလုပ်ခြင်း၊ မျက်တောင်ခတ်ခြင်း၊ ချွေးထွက်ခြင်း၊ အစာအာဟာရစုပ်ယူခြင်း၊ တံတွေးထွေးခြင်း၊ ဝမ်းသွားခြင်း စတဲ့ ခန္ဓာကိုယ်က လုပ်ဆောင်မှုတိုင်းအတွက် ဆားဓာတ်ကို လိုအပ်ပါတယ်။

🟥နွေရာသီနှင့်ဆား

နွေရာသီပူလောင်လောင်မှာ ချွေးထွက်လွန်သွားတဲ့အခါ ခန္ဓာကိုယ်ထဲကဓာတ်ဆားတွေ ဆုံးရှုံးရပါတယ်။ အရည်နှင့် "ဆား"တွေပြန်မဖြည့်ပါက ပျော့ခွေ နှုံးချိ ပင်ပန်း အားနည်း နေမှာပါ။ ဒါကြောင့် ပင်ပင်ပန်းပန်းအလုပ်လုပ်ကိုင်ရသူတွေ၊ အားကစားသမားတွေနဲ့ ချွေးထွက်လွန်သူတွေကို ဓာတ်ဆားရည်ပြန်သောက်ဖို့ ညွှန်းရခြင်းဖြစ်ပါတယ်။

🟥မြန်မာနိုင်ငံနှင့်ဆား

ရေထွက်သယံဇာတ စားသောက်ကုန်များကို ရေရှည်ခံ‌စေရန် ဆားတွေဖြည့် အငန်ကဲပြီး ငါးပိရည်ကျို၊ ငါးပိထောင်း၊ ငါးပိစိမ်းစား၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ငံပြာရည်၊ ငါးပိကောင်၊ ငါးဆားနယ်တွေ စတာတွေကို လုပ်တတ်ကြပါတယ်။

တောင်ပေါ်ဒေသမှာဆိုရင်လည်း ဆီတို့ဟူး ၊ ပဲပုတ် စတဲ့ ဒေသ အစားအစာတွေမှာ ဆားတွေများပြား စွာပါဝင်ပါတယ်။

ကျွန်တော်တို့ မြန်မာတွေဟာ အာဟာရပြည့်ဝတဲ့မြေပဲကိုပင် ဆားလှော်ပြီးတော့ မြေပဲဆားလှော်အဖြစ် အငန်တိုးစေပါတယ်။

ပဲကြီးလှော်ရာမှာလည်း ဆားပါဝင်တာကို "ပဲကြီးလှော်ကြားဆားညှပ်" ရယ်လို့ပင် ရိုးရာ စကားပုံ အဖြစ် ခိုင်းနှိုင်းပြောခဲ့ကြပါတယ်။ အငန်ကဲတဲ့ အစားသောက်တွေကိုလည်း မျက်နှာပန်းလှစွာ ရောင်းဝယ် ဖောက်ကားလက်ဆောင်ပေးကြပါတယ်။

🟥နေ့စဉ်စားမိနေသောဆားများ

ဆားတွေပါဝင်တဲ့ အသားခြောက် နှင့် ရေရှည်ခံအစားအသောက်တွေ စားသောက် ကြရုံသာမက ကောက်ညှင်းပေါင်း မုန့်လင်မယား ဆီထမင်း လို မြန်မာမုန့်တွေကိုပင် ဆားနှင့် နှမ်းရောစပ်ပြုလုပ်တဲ့ နှမ်းတောင်းကို ဖြူး၍စားပါသေးတယ်။

မြန်မာတွေဟာ ချဉ်ဖက် ဆားရည်စိမ် တို့စရာကဲ့သို့ ဆားပါဝင်တဲ့ စားစရာတွေလည်း ခုံမင်နှစ်သက် ကြသူများဖြစ်ကြပါတယ်။ ခေါက်ဆွဲခြောက်လို အမြန်စာ စားစရာတွေမှာ လည်း ဆားတွေ လွန်လွန်ကဲကဲ ပါဝင်နေပါတယ်။

🟥နေ့စဉ်လိုအပ်သော ဆားပမာဏ

အရွယ်ရောက်ပြီး သာမန်လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ဆား လက်ဖက် ရည်သောက်ဇွန်းအသေး တစ်ခပ်စာ (၂၀၀၀ မီလီဂရမ်) ပဲလိုအပ်ပါတယ်။ ဆားပမာဏနေ့စဉ် အပိုစားမိပြီး ပိုလျှံသွားတဲ့အခါ တွေးတိုးလာတတ်ပါတယ်။ နောက်ဆက်တွဲအနေဖြင့် ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ နှင့် လေဖြတ်ခြင်းတွေ ကြုံတွေ့ခံစားရမှာပါ။

🟥ခေတ်စား‌နေသည့်ဆားလျှော့စားခြင်းအလေ့အထ

အငန်စားသောက်ကြသည့် အာရှတိုင်းသားမြန်မာလူမျိုးများတွင် သွေးတိုး ရောဂါ ဖြစ်ပွားမှုနှုန်းမြင့်တက်လျက်ရှိပါတယ်။ အာဟာရဆရာဝန်နဲ့တိုင်ပင်၍ နေ့စဉ် စားသောက်ရန် ဆားပမာဏတွက်ချက်ပြီး (အရသာပေါ့ပေါ့) ဆားလျှော့စားခြင်း အလေ့ အထမွေးမြူလေ့ကျင့်နေခြင်းကုထုံး ခေတ်စားလျက်ရှိပါတယ်။

အဲ့ဒီလုပ်ဆောင်ခြင်းဟာ သွေးမတိုးတော့ဘဲ သွေးပေါင်ချိန်မှန်ကန်လာပြီး နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါနှင့် လေဖြတ်တာတွေအတွက် တော်တော်လေးကို ကာကွယ် တားဆီး ပေးနိုင်ပါတယ်။ အာဟာရထိန်းချုပ်နိုင်မှုကြောင့် လူနာအချို့ သွေးပေါင်ချိန် မှန်ကန်ပြီး သွေးတိုးရောဂါထိန်းဆေးဝါးများကို သောက်စရာမလိုဘဲ အဆင်ပြေ သွားကြတဲ့ အထိ အကျိုးထူးလာကြပါတယ်။
သက်ကြီးရွယ်အို အဘိုး အဘွားတွေလည်း ခြေထောက်ဖောယောင်ခြင်း သက်သာလာပြီး အရိုးပါးခြင်းဖြစ်စဥ်ကို နှောင့်နှေးစေနိုင်တယ် ဆိုပြီးတွေ့ရှိထားကြပါတယ်။

ကလေးငယ်တွေမှာလည်း ဆားများများ‌ကျွေးခြင်းကြောင့် နုနုနယ်နယ် ကျောက်ကပ် လေးတွေပျက်စီးရတတ်ပါတယ်။

အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဉ်အခါမှာလည်း ပုံမှန်နေ့စဉ်လိုအပ်တဲ့ ဆားပမာဏ ထက်အနည်းငယ်မျှသာပိုလိုပါတယ်။ သို့ရာတွင်ဆားကို အလွန် အကြူးစားမိပါက ကိုယ်ဝန်သွေးတိုး ပြဿနာကြုံတွေ့ရနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဆောင်အမျိုးသမီးတွေအတွက် ဆားပမာဏကိုတိုးပြီးစားဖို့ မတိုက် တွန်းသင့်ပါဘူး။ နို့တိုက်မိခင်များမှာလည်း ဆားကို ပိုစားပေးဖို့ မလိုအပ်ပါဘူး။

လက်ရှိမြန်မာနိုင်ငံမှာတော့ စားပွဲတင်ဆား (Table salt) ပင်လယ်နေလှမ်းဆား (Sea salt) ပန်းရောင်ဟိမဝန္တာဆား (Himalayan pink salt) ရနံ့သွင်းဆား( flavored salt) နဲ့ ဆားကြမ်းများ ဝယ်ယူရနိုင်ပါတယ်။

ဧရာဝတီတိုင်းမ် ပရိသတ်များအားလုံးလည်း မှန်ကန်သောဆားပမာဏကို ချင့်ချိန် စားသုံးပြီး ကျန်းမာကြပါ‌စေ။ ဘေးဘယာတွေကင်းကြပါစေ။

နောက်တစ်ပတ်မှာတော့ လိင်ပိုင်းဆိုင်ရာစော်ကားအမြတ်ထုတ်ခြင်း အကြောင်းအရာကို ကျန်းမာရေးဆောင်းပါးအသွင် ဖော်ပြပေးမှာဖြစ်တာကြောင့် စောင့်မျှော်ဖတ်ရှု ပေးကြပါဦး ခင်ဗျာ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ကျွန်တော်တို့စားမိနေသောဆားများ #ကျန်းမာရေးဆောင်းပါး

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)

👀
30/08/2023

👀

အမြင်မဝေဝါးစေဖို့ဂရုပြုရမယ့်မျက်စိကျန်းမာရေး

ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဩဂုတ်လ ၁၃ ရက်)

"ချစ်သောမျက်စိနဲ့ကြည့်ပါ"
ဒီစကားဟာ စာရေးသူ ပြောနေကြ လက်သုံးစကားဖြစ်သလို လူတော်တော်များများ လည်း ပြောတတ်ကြပါတယ်။ ကောင်းတဲ့ရှုမြင်ခြင်းနဲ့ ခံစားဖို့အတွက် ကောင်းမွန်တဲ့ အမြင် ရှိနေဖို့လိုအပ်ပါတယ်။ မျက်လုံးတွေက စိတ်ရဲ့ တံခါးပေါက်လို့ဆိုကြတာမို့ အခွင့်ရတုန်း မျက်စိကျန်းမာရေး အကြောင်းကိုပြောပြပေးပါမယ်။

အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့ ဆိုတဲ့ အာရုံငါးပါးမှာ စက္ခု အမြင်အာရုံကို ဖြစ်ပေါ်စေတဲ့ မျက်လုံးဟာ ဦးစားပေးကျန်းမာရေး ထဲမှာပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာအဖြစ်များတဲ့မျက်စိရောဂါတွေကတော့
-အဝေးမှုန် အနီးမှုန် အမြင်အာရုံချို့တဲ့ခြင်း (Refractive Errors)
-အတွင်းတိမ်ရောဂါ (Cataract)
-မြင်လွှာပြင်ထိခိုက်ပျက်စီးယိုယွင်းသည်ရောဂါ (Macular Degeneration)
-ဆီးချိုသွေးချိုကြောင့် မြင်လွှာထိခိုက်ချို့ယွင်းခြင်း (Diabetic Retinopathy)
-ရေတိမ်ရောဂါ ( Glaucoma )
-မွေးရာပါအရောင်အချို့မမြင်နိုင်ခြင်း (Colour Blind)
-မျက်ခမ်းစပ်ရောင်ရမ်းခြင်း၊ မျက်စိနီမျက်စိနာခြင်းနဲ့ မျက်စိစွံခြင်းတို့ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ပြည်သူ‌တွေနေထိုင်တဲ့ ရွာတွေအိမ်‌တွေကို လေယာဉ်သုံးဗုံးကြဲတိုက်ခိုက်တာ၊ ဓာတုပါဝင်တဲ့လက်နက်တွေအသုံးပြုတာ၊ လက်နက်ကြီးများနဲ့ ပစ်ခတ် တာတွေကြောင့် မြန်မာနိုင်ငံသူ၊နိုင်ငံသားတွေဟာ သေကြေပျက်စီးပြီး ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်ဒဏ်ရာရတာတွေ ၊ မျက်စိထိခိုက်တာတွေudk စိတ်မကောင်းဖွယ် ကြုံတွေ့နေရပါတယ်။

ပြင်ပက အမှုန်အမွား၊ ခဲ၊ သဲ၊ မြေစတွေ လွင့်စင်ထိမှန်တာ လက်နက်ခဲယမ်း ထိမှန်တာ၊ ဗုံးစမှန်တာတွေကြောင့် မျက်လုံးထိခိုက်ဒဏ်ရာရပြီး အမြင်အာရုံယိုယွင်းသွားသူတွေ၊ အမြင်အာရုံလုံးဝချို့ယွင်းသွားတဲ့ ပြည်သူတွေဒုနဲ့‌ဒေးရှိနေပါတယ်။

#ပြင်ပမှထိခိုက်မိ၍မျက်စိဒဏ်ရာရခြင်း(Traumatic Eye Injury)

ပြင်ပမှတခုခုက မျက်လုံးကိုလာထိခိုက်တဲ့အခါ မျက်လုံးလေးကိုကာကွယ်ဖို့ မျက်ခွံက မှိတ်ချလိုက်ပါတယ်။ ဒါပေမယ့် ပြင်းအားကြီးလက်နက်တွေ ပေါက်ကွဲမှုတွေ ဒဏ်ကို တော့ ကာကွယ်နိုင်ဖို့ခက်ခဲပါတယ်။ ဒီလိုထိခိုက်လာတဲ့အခါ မျက်လုံးရဲ့ အပြင်ဆုံးပိုင်း ဖြစ်တဲ့ မျက်ကြည်လွှာ‌ ဒဏ်ရာရပါတယ်။ မျက်လုံး တစ်လုံးလုံးမှာရှိတဲ့ အတွင်းအစိတ် ပိုင်းတွေ သွေးကြောတွေ အာရုံကြောတွေလည်း ထိခိုက်ပါတယ်။ အခန့်မသင့်ရင် အမြင်အာရုံကို အမြဲထာဝရဆုံးရှုံးသွားမှာဖြစ်ပါတယ်။

တိုက်ပွဲကြောင့် ၊ ယာဉ်မတော်တဆမှုကြောင့်စတဲ့ ဘယ်လိုအကြောင်းကြောင့် ဖြစ်ပါ‌စေ မျက်လုံးကိုထိခိုက်ဒဏ်ရာရပြီးဆိုပါက စိုက်ဝင်နေတဲ့ ပြင်ပပစ္စည်းတွေကိုဆွဲမနှုတ်ပါနဲ့။ (Saline)ဆေးရည် ရေသန့်သန့် ရနိုင်တာနဲ့ ဆေးကြောပြီးနီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားဖို့လိုပါတယ်။ ကျွမ်းကျင်‌ဆေးပညာရှင် ဆရာဝန်သူနာပြုတွေက ပိုးသတ် သန့်စင်ထားတဲ့ပစ္စည်းကိရိယာတွေသုံးပြီး မျက်လုံးကိုစနစ်တကျကိုင်တွယ်မှာပါ။

ဒါကြောင့်နိုင်ရာတာဝန်ထမ်းချင်တဲ့ ပြည်သူ့ဘက်တော်သားတွေအ‌နေနဲ့ ဆေးဝါးပစ္စည်း တွေ ပံ့ပိုးပြီး လူသားချင်းစာနာထောက်ထားမှုကူညီကြစေလိုပါတယ်။

အက်စစ်ပါဝင်တဲ့ဓာတုဆေးရည်တွေ၊ ထုံးလိုအယ်ကာလီတွေ မျက်လုံးထဲဝင်တဲ့ အခါမှာ လည် အန္တရာယ်ရှိပါတယ်။ မျက်လုံးကိုထိခိုက်သွားနိုင်တာကြောင့် ချက်ခြင်းရေသန့်သန့် သို့မဟုတ် ဆလိုင်းရည်ဆေးသုံးပြီး ဆေးကြောဖို့အရေးတကြီးလိုအပ်ပါတယ်။

#အဝေးမှုန်အနီးမှုန်အမြင်အာရုံချို့တဲ့ခြင်း(Refractive Errors)

မျက်စိကျန်းမာရေးဆိုတာနဲ့အားလုံးက မျက်စိမှုန်ခြင်းအကြောင်းကို သိချင်ကြမှာပါ။ မျက်စိမှုန်ခြင်း နှစ်မျိုးရှိပါတယ်။

စာဖတ်ခြင်း၊ ကွန်ပျူတာအသုံးပြုခြင်း တွေလို အနီးကပ်အမြင်အာရုံ အသေအချာ အသုံးပြုနေရသူတွေအနေနဲ့ ကောင်းကောင်းမမြင်နိုင်တဲ့ အမြင်အာရုံချို့တဲ့ခြင်းကို အနီးမှုန် ရောဂါလို့ခေါ်ပါတယ်။

အသက် ၄၀ ဝန်းကျင်ရောက်တဲ့အခါ လူတွေမျက်စိအားနည်းပြီး အနီးမှုန် ရောဂါစတင် ခံစားရတတ်ပါတယ်။တချို့လူတွေမှာလည်းငယ်ငယ်ရွယ်ရွယ်နဲ့ အနီးမှုန် တတ်ပါတယ်။

အဝေးကလားတဲ့ ကားကို ပီပီသသမမြင်ရတာ ဘက်တံရိုက်ခြင်း၊ ဘောလုံးကန်ခြင်း တို့လို အားကစားပြုလုပ်ရခက်ခဲတာ တွေကို အဝေးမှုန်ရောဂါရှိသူတွေမှာ ကြုံတွေ့ရပါတယ်။

အဝေးမှုန်ခြင်းအနီးမှုန်ခြင်း၊ အမြင်အာရုံချို့တဲ့ခြင်းကို မှန်ဘီလူးပါဝင်တဲ့ မျက်မှန်အမျိုး အစားတွေအသုံးပြုပြီး ကုသရပါတယ်။ ခေါင်းကိုက်ခြင်း၊ မျက်ရည်ပူကျခြင်း၊ ဇာတ်‌ကြောထိုးခြင်း တွေခံစားရပြီဆိုပါက မျက်လုံးအမြင်အာရုံကိုပြန်လည် စစ်ဆေးသင့် ခြောက်လတစ်ကြိမ်လောက် မျက်မှန်ပါဝါစစ်ဆေးနိုင်ရင်အကောင်းဆုံးပါပဲ။

#မြင်လွှာပြင်ထိခိုက်ပျက်စီးယိုယွင်းသည်ရောဂါ(Macular Degeneration)

ဇရာ အိုမင်းခြင်းဆိုတာ ရှောင်လို့မရပါဘူး။ အသက်ကြီးလာတာနဲ့အမျှ ရုပ်ခန္ဓာတွေ ပြောင်းလဲပျက်စီးပါတယ်။ မျက်လုံးအတွင်းမှာရှိတဲ့ မြင်လွှာပြင်‌လေးကလည်း ထိခိုက် ပျက်စီးယိုယွင်းတတ်တဲ့ သဘောတရားအတိုင်း အိုမင်းလာပြီး နေ့စဉ်မြင်နေရတဲ့ တိကျတဲ့ရုပ်သွင်ကို မရှင်းမလင်းဝေဝါးစေမှာပါ။

အိုမင်းခြင်းကြောင့်ဖြစ်တဲ့အပြင် တစ်ခါတလေမှာ မြင်လွှာရဲ့အ‌နောက်ဘက်မှာ ပုံမှန် မဟုတ်တဲ့သွေကြောလေးတွေ အသစ်ဖြစ်ပေါ်လာပြီး သွေးယိုစိမ့်တဲ့အခါ ၊ သွေးကြော လေးတွေ ပေါက်ကွဲတဲ့အခါ မြင်ကွင်းပုံရိပ်တွေကို မကြည်လင်‌ဝေဝါးစေပါတယ်။

#အတွင်းတိမ်ရောဂါ(Cataract)

မျက်လုံးထဲမှာ သဘာဝကပေးထားတဲ့ မှန်ဘီလူးလေးရှိပါတယ်။ မှန်ဘီလူးလေး ကြည်လင်နေရင်တော့ မြင်သမျှအရာတိုင်းက ကြည်ကြည်လင်လင်ဖြစ်နေမှာပါ။ ကောင်ကင်ကတိမ်‌လို မှန်ဘီလူး‌လေး နောက်ကျိသွားခြင်းကို အတွင်းတိမ် ရောဂါ လို့ခေါ်ပါတယ်။ မြင်သမျှအရာရာကကြည်ကြည်လင်လင်မရှိတော့ပါဘူး။ အတွင်းတိမ် ဟာ မြန်မာနိုင်ငံမှာ မျက်စိကွယ်ခြင်းရဲ့ အဓိက အကြောင်းရင်း တစ်ခုဖြစ်နေဆဲပါ။

အသက်အရွယ်ရလာသူတွေ သွေးချိုဆီးချိုရောဂါ‌ရေရှည်ခံစားရသူတွေ၊ နေရောင်ခြည် ကိုအလွန်အမင်းထိတွေ့ရတဲ့သူတွေ၊ ဆေးလိပ်သောက်သုံးသူတွေ၊ အဝလွန်သူတွေ၊ သွေးတိုးရောဂါရှိသူတွေနဲ့ မျက်လုံးခွဲစိတ်ကုသမှုခံယူသူသူတွေမှာ အတွင်းတိမ်ရောဂါပိုမို အဖြစ်များပါတယ်။

ဒါတွေအတွက် အကောင်းဆုံးကုသခြင်းကတော့ ခွဲစိတ်ကုသခြင်းပဲဖြစ်ပါတယ်။

#သွေးချိုဆီးချိုရောဂါကြောင့်မြင်လွှာပျက်စီးယိုယွင်းခြင်း(Diabetic Retinopathy)

သွေးချိုဆီး ချိုရောဂါကိုစနစ်တကျ မထိန်းသိမ်းထားရင် ၊ မကုသရင် မျက်စိကွယ် တတ်ပါတယ်။ သွေးကြော၊ အာရုံကြောအပြင် နောက်ဆက်တွဲနှစ်ခုစလုံးကြောင့် အပြင် သကြားဓာတ် ကမောက်ကမဖြစ်ခြင်းက မြင်လွှာယိုယွင်းတာကို သက်ရောက်မှုရှိ စေတာကြောင့် ဆီးချိုဝေဒနာရှင်များအနေနဲ့ ဂရုပြုစေလိုပါတယ်။

#ရေတိမ်ရောဂါ(glaucoma)

မျက်လုံးအတွင်းရေဖိအား (IOP) ရေပေါင်ချိန် တက်တဲ့အခါ မျက်စိနီရဲခြင်း၊ မျက်စိနာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နားထင်အောင့်ခြင်း၊ အမြင်မှုန်ဝါးခြင်း တွေခံစားရပါတယ်။

အသက်‌လေးဆယ်‌ကျော် လူလတ်ပိုင်းအရွယ်မှစ သက်ကြီးရွယ်အိုတွေမှာ ရေတိမ် ရောဂါ အဖြစ်များပါတယ်။ရေတိမ်ရောဂါမျိုးရိုးရှိသူ၊ သွေးချိူဆီးချို၊ သွေးတိုး၊ နှလုံးနှင့် သွေးကြောကျဉ်းရောဂါများရှိသူ၊ စတီးရွိုက်(Steroids)မျက်စဉ်း‌ဆေးဝါးသုံးသူတွေမှာ ရေတိမ်ရောဂါ ဖြစ်တတ်ပါတယ်။

ရေပေါင်ချိန်တက်လာပါက အမြင်အာရုံကြောကို ဖိပြီး ပျက်စီးစေပါတယ်။ မြင်ကွင်းက ပိုကျဥ်းကျဉ်းလာပြီး ပျက်စီးသွားတဲ့ အာရုံကြောက ပြန်မကောင်းတော့လို့ အမြင်ကွယ် တဲ့အထိ ဖြစ်သွာတတ်ပါတယ်။ မျက်စဉ်းဆေး၊ လေဆာရောင်ခြည်နဲ့ပစ်ခြင်း၊ ခွဲစိတ် ကုသခြင်း ဆိုပြီး နည်းလမ်းသုံးခုဖြင့် ကုသနိုင်ပါတယ်။

Dexamethasone, Prednisolone, Betamethasone မျက်စဉ်းဆေးနဲ့ ဘဲနှုတ်သီး မျက်စဉ်းတွေကို ဆရာ၀န်မညွှန်ကြားဘဲ မိမိသဘောနဲ့ သုံးစွဲခြင်းလုံးဝ (လုံးဝ) မပြုသင့်ပါဘူး။

ကျွန်တော်တို့ လူသား‌တွေမှာ အဖိုးတန်မျက်လုံးနှစ်လုံးသာရှိတာမို့ အမြင်အာရုံက အလွန်ကို အရေးကြီး ပါတယ်။ ဒါကြောင့် အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါများကို စနစ်တကျကုသပါ။ ကျန်းမာရေးနဲ့အညီ စားသောက် နေထိုင်ပါလို့ အသိပေးချင်ပါတယ်။

နောက်တစ်ခါ ဖုန်း၊ ကွန်ပျူတာ တို့ကိုကြည့်ပြီး နေ့စဉ်အလုပ်လုပ်ရတဲ့လူတွေအနေနဲ့ ကိုယ့်ရဲ့မျက်လုံးအမြင် အာရုံကိုတန်ဖိုးထားကြပါ။ ဇက်ကြောတက်ခြင်း၊ ခေါင်းကိုက် ခြင်း၊ နောက်ကြောထိုးခြင်းတွေ ခံစားရပြီဆိုရင် ပေါ့ပေါ့ဆဆမနေဘဲ မျက်စိဆရာဝန်နဲ့ တွေ့ပါ။ မြင်နိုင်စွမ်းတိုင်းတာခြင်း(visual acuity)၊ အရောင်ဖတ်ခြင်း စွမ်းရည်တိုင်းတာ ခြင်း (Colour blind test)၊ ရေပေါင်ချိန်တိုင်းခြင်း( IOP)၊ မြင်ကွင်းစမ်းသပ်စစ်ဆေးခြင်း (Visual Field )အမြင်အာရုံကြောဓာတ်ပုံရိုက်စစ်ဆေးခြင်း (OCT - Optic Nerve Head)တွေလို လိုအပ်တာကို စစ်ဆေးပြီး ဆွေးနွေးတိုင်ပင် ကုသပါ။

ဧရာဝတီတိုင်းမ် ပရိသတ်အားလုံးရဲ့ မျက်စိ‌တွေ ပကတိကျန်းမာပြီး ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီးကို အမြန်ဆုံး မြင်တွေ့နိုင်ပါစေကြောင်းဆုတောင်းလိုက်ပါတယ်။

နောက်တပတ်မှာတော့ စိတ်ဒဏ်ရာများမှလွတ်မြောက်ဖို့ ကြိုးစားသင့်တဲ့ နည်းလမ်း တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ဆောင်းပါး #အမြင်မဝေဝါးစေဖို့ #ဂရုပြုရမယ့်မျက်စိကျန်းမာရေး

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါး အပ်ပါသည်။)

Depression is not a joke
30/08/2023

Depression is not a joke

စိတ်ကျရောဂါကိုအခြေခံတဲ့ စိတ်ဒဏ်ရာမှလွန်မြောက်စေဖို့

ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဩဂုတ်လ ၂၀ ရက်)

ကြုံတွေခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ မြင်ကွင်းတွေ၊ ခံစားခဲ့ရဖူးတဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေကို ရင်ဆိုင်ခဲ့ကြရတဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ စိတ်ဒဏ်ရာ တွေ ရှိနေတတ်ကြပါတယ်။

စိတ်ဓာတ်ကျတယ် ဆိုတဲ့ ခံစားမှု ဖီလင်ကို လူတိုင်းနီးပါးကြုံ ဖူးကြမှာပါ။ အဲ့ဒီလိုမျိုး စိတ်ဓာတ်ကျနေတဲ့ အပြုမူမျိုး အကြာကြီး ဖြစ်ပေါ်နေပြီဆိုရင် ငါ့မှာစိတ်ကျ ရောဂါများ ဖြစ်နေပြီလားလို့ တွေးလာတတ်ကြပါတယ်။

ခံစားတတ်တဲ့ အသိကို ပိုင်ဆိုင်ထားတဲ့ လူသားတိုင်း စိတ်ကျရောဂါ ဖြစ်နိုင်တာမို့ “မသန်မာလို့” “ရူးနေလို့” “ခံနိုင်ရည်မရှိလို့” ဆိုတာ မဟုတ်ပါဘူး။

အမြဲဝမ်းနည်းနေတယ်။ ကြိုက်လို့ ဝါသနာပါလို့ လုပ်နေကျအရာတွေလည်း မလုပ်နိုင် တော့ဘူး။ မလုပ်ချင်တော့ဘူး။ စိတ်လည်းမပါတော့ဘူး။ ပတ်ဝန်းကျင်ကို လည်း စိတ်ဝင်စားမှုလျော့ကျလာတယ်။ အဲ့ဒါတွေအပြင် နေ့စဉ်ပုံမှန် လုပ်နေတဲ့ အရာတွေမှာပါ အခက်အခဲ ကြုံလာပြီဆိုရင် စိတ်ကျရောဂါ စတင်နေပါပြီ။

စိတ်ကျရောဂါကြောင့် စားချင်စိတ်မရှိတာ၊ စားရင်လည်း လိုတာထက်ပိုပြီး အလွန် အကြူးစားနေမိတာမျိုးဖြစ်ပြီး အစားစားချင်စိတ်ကို ပြောင်းလဲသွားစေပါတယ်။ အားမရှိသလို့ ခံစားနေမိတာ။ အိပ်ရာဝင်တဲ့အခါမှာလည်း လုံးဝအိပ်မပျော်တဲ့ညတွေ ကြုံရသလို တစ်နေကုန် အိပ်ရာထဲကနေ မထနိုင်အောင် အိပ်နေမိတဲ့ အခါတွေလည်း ကြုံရနိုင်ပါတယ်။

တခုခုကို အလွန်အမင်းစိုးရိမ်တာ၊ သေးသေးမွှားမွှား ကိစ္စလေးတွေကအစ တွေးပူမိ နေတာတွေ ဖြစ်လာမယ်။ ဂနာမငြိမ်ဖြစ်လာပြီး ဒေါသထွက်လွယ်လာမယ်။ စိတ်အာရုံ နှစ်ပြီးလုပ်ရမယ့် စွမ်းရည်တွေ ပျောက်ဆုံး လျော့နည်းလာတာ။ ‌မျှော်လင့်ချက် မရှိဘဲ ရှင်သန်နေရသလို ခံစားချက်တွေဝင်လာပြီး ဆုံးဖြတ်ရခက်တဲ့ အရာတွေပေါ်မှာ ဝေဝါးလာတာ။ ကိုယ့်ကိုယ်ကိုပျောက်ဆုံးပြီး ငါအသုံးမဝင်တော့ဘူးလို့ ခံစားချက်တွေ၊ ကိုယ်ရှင်သန်‌နေရတဲ့အပေါ် အပြစ်ရှိသလိုခံစားနေရတာတွေ၊ ကိုယ့်ကိုယ်ကိုယ် ထိခိုက်‌ အောင်လုပ်ချင်စိတ်တွေနဲ့ သေကြောင်းကြံ အဆုံးစီရင်ချင်စိတ်တွေအထိ ကြုံတွေ့ရ နိုင်ပါတယ်။

"Depressing is not a joke " တဲ့
စိတ်ကျနေတာက ဟာသလုပ်စရာ လှောင်စရာ ရယ်စရာကိစ္စ လုံးဝ (လုံးဝ) မဟုတ်ပါဘူး။

စိတ်ကျရောဂါခံစားနေရသူက ပုံမှန်လူအတိုင်းပဲဝတ်စားနေထိုင်နေပါမယ်။ ရင်ထဲမှာ ခံစားနေရတဲ့ စိတ်ထဲမှာကြုံတွေ့နေရတဲ့ အခက်အခဲကို လူသိအောင် ဖော်ပြချင်မှ ဖော်ပြပါလိမ့်မယ်။ စိတ်ကျရောဂါပိုဆိုးလာလေလေ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်မှုတွေ တစ်ကိုယ်ရည်သန့်ရှင်း‌ရေး နည်းပါးလာပါမယ်။ ခန္ဓာကိုယ်အလေးချိန် အချိန်တိုအတွင်း ပြောင်းလဲလာပါမယ်။ အဝလွန်ခြင်း၊ ပိန်ချုံးသွားခြင်း စတာတွေက စိတ်ကျရောဂါရဲ့ လက္ခဏာ တစ်ခုဆိုတာ ဂရုပြုရပါမယ်။

စိတ်ကျရောဂါလို့ပြောရင် အရွယ်ရောက်ပြီးသူ‌တွေမှာပဲ ကြုံတွေ့ရတာမဟုတ်ပါဘူး။ ကလေးငယ်‌တွေ၊ ဆယ်ကျော်သက်တွေ၊ အဖိုးအဖွားတွေ အားလုံး ရင်ဆိုင်ရနိုင် ပါတယ်။ ယောကျာ်း၊ မိန်းမ Gender မရွေး အားလုံး အားလုံး ခံစားရနိုင်တယ်။

ဒါကြောင့် မိသားစုဝင်အားလုံးကို ဂရုစိုက်ပေးပါ။ ဖိအား‌တွေအများကြီး မပေးဘဲ လွတ်လပ် ခွင့်ပေးပါ။ နည်းလမ်းမှန်မှန်လေးချစ်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။

စိတ်ကျရောဂါရဲ့အဆိုးရွားဆုံး အခြေအနေဟာ သေကြောင်းကြံအဆုံးစီရင်ခြင်း ဖြစ်တာမို့ ပေါ့ဆလို့လုံးဝ မရတဲ့ ကျန်းမာရေးပြသနာလို့ ဆိုချင်ပါတယ်။

လူသားများ သေဆုံးရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ မိမိကိုယ်ကို သတ်သေခြင်းဟာ နံပါတ် ၁၃ မှာရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ခန့်မှန်းထားပါတယ်။ တစ်နှစ်မှာ လူပေါင်း ၁ သန်းခန့်လောက် မိမိကိုယ်ကို သတ်သေကြပါတယ်။

အမျိုးသားတွေဟာ အမျိုးသမီးတွေထက် မိမိကိုယ်ကို သတ်သေနှုန်း ပိုများပြီး တကမ္ဘာလုံး အတိုင်းအတာဖြင့် ကြည့်မယ်ဆိုပါက အမျိုးသားတွေဟာ အမျိုးသမီး များထက် သုံးဆကနေ လေးဆအထိ မိမိကိုယ်ကို သတ်သေနှုန်း ပိုများပါတယ်။ တကမ္ဘာလုံးတွင် သေတဲ့အထိ မဖြစ်ခဲ့တဲ့ မိမိကိုယ်ကို သတ်သေရန် ကြိုးစားမှုပေါင်းဟာ တစ်နှစ်ကို ၁၀ သန်းမှ သန်း ၂၀ အထိ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

စိတ်ကျဝေဒနာ ခံစားနေရပြီလို့ ထင်မှတ်နေရင် ကိုယ်ခံစားနေရတာတွေနဲ့ ပတ်သက်ပြီး ယုံကြည်ရတဲ့သူကိုရင်ဖွင့်ပါ။ ကိုယ့်ကိုဂရုတစိုက် ရှိ‌ပေးတဲ့သူနဲ့ စကားပြော တိုင်ပင် ခြင်းက ဖိအားတွေကို အမှန်တကယ်လျော့ကျစေပါတယ်။ စိတ်နဲ့ပတ်သက်တဲ့ ခံစားမှုတွေ ပိုပြီးသက်သာစေဖို့ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီယူပါ။ စိတ်ကျန်း မာရေး ဆရာဝန်နဲ့ တွေ့ဆုံတာဟာ ရှက်စရာ မဟုတ်ပါဘူး။

ကိုယ်ကြိုက်နှစ်သက်တဲ့ အရာလေးတွေကို များများလုပ်ပါ။ ကိုယ့်ကိုယ်ကို စိတ်ချမ်းသာ စေဖို့ ကြိုးစားနေထိုင်ကြည့်ပါ။ မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေ စတဲ့ ခင်မင်ရင်နှီး ချစ်ခင်ရသူတွေနဲ့ အမြဲဆက်သွယ်ပါ။ စကားပြောပါ။ စာပို့ပါ။ ကိုယ်ကြိုက်နှစ်တယ်လို့ မှတ်ယူထားတဲ့ အားကစားတစ်ခုခုကို စွဲစွဲမြဲမြဲလုပ်ပါ။ တရားထိုင်တာ တရားမှတ်တာမျိုး လုပ်ပါ။

ယောဂ၊ ဇွန်းဘား၊ ထိုက်ချိ၊ အေရိုးဗစ် တို့လို လှုပ်ရှားမှုပါတဲ့ လေ့ကျင့်ခန်းတွေကိုလည်း လုပ်စေလိုပါတယ်။ အချိန်မှန်မှန်စား အချိန်မှန်မှန်အိပ်တဲ့ အမူအကျင့်မျိုးရဖို့ ကြိုးစား ကြည့်ရပါမယ်။ သေကြောင်းကြံအဆုံးစီရင်ချင်စိတ်တွေ ဖြစ်လာရင် ယုံကြည်ရဆုံးသူ နဲ့ ဆရာဝန်တွေကို ဆက်သွယ်အကူအညီတောင်းပြီး မဖြစ်မနေကုသပါ။

စိတ်ကျ‌ရောဂါကို ကုသရာမှာ တိုင်ပင်ဆွေးနွေးစကားပြောပေးတဲ့နည်းလမ်း အပြင် သောက်ဆေးညွှန်ကုသတဲ့နည်းလမ်းဆိုပြီး နှစ်မျိုးရှိပါတယ်။ စိတ်ကျရောဂါဟာ ကုသလို့ ရတာကြောင့် တတ်ကျွမ်းနားလည်တဲ့ စိတ်ရောဂါ အထူးကုဆရာဝန်တွေကို ရင်ဖွင့် တိုင်ပင် ပြီး ကုသမှုခံယူရင် ရောဂါအခြေအနေတိုး တက်ကောင်းမွန်လာမှာပါ။

#စိတ်ကျခြင်းကြောင့်အိပ်မပျော်ခြင်း

ညဘက်တွေဆို အိပ်မပျော်ဘူး။ မနက်တွေမှာ အစောကြီး နိုးနိုးနေမယ်။ ကောင်းကောင်း အနားမရလို့ စိတ်တို စိတ်ဆတ်နေတယ်။ နေ့ဘက်တွေဆိုရင် ပင်ပန်းနုံးချိပြီး အိပ်ချင်နေတယ်။ ညဘက်အိပ်မပျော်ဖြစ်မှာကိုလည်း တွေးပြီး စိုးရိမ်နေတယ်။ ဒါတွေဟာ အခုကာလမှာ စိတ်ကျတဲဝေဒနာခံစားနေရတဲ့ လူအများစုကြုံနေရတဲ့ ပြသနာ နဲ့ လက္ခဏာတွေပါပဲ။

စိတ်ဖိစီးမှုများတဲ့အခါ အတွေးပေါင်းများစွာနဲ့ အိပ်မပျော်ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ကို ရှင်းလင်းအောင်လုပ် အတွေးတွေကို မေ့ပြီးအိပ်ဖို့ကြိုးစားရပါမယ်။ ပြောရတာ လွယ်ပေမယ့် လုပ်ဆောင်ဖို့ခက်တာကြောင့် သတိကပ်ပြီး ဂရုတစိုက် လုပ်ဆောင်ပေး ရပါမယ်။

ကိုယ်ရဲ့ နေထိုင်ပြုမူတဲ့ အမူအကျင့်တွေဟာလည်း အိပ်ရခက်စေပါတယ်။ နေ့ဘက် အိပ်ခြင်းကြောင်း ညအိပ်ရခက်တာ၊ အိပ်ခါနီးလေ့ကျင့်ခန်းလုပ်တာ၊ အရည်အများကြီး သောက်တာ၊ အစာအများကြီးစားတာ၊ တီဗီကြည့်ဖုန်းသုံးတာ၊ ကွန်ပျူတာသုံးတာ တွေကြောင့်လည်း ညဘက်အိပ်ရခက်ပါတယ်။ ဒါကို သတိပြု ဆင်ခြင်ကြစေလိုပါတယ်။

နေ့ည အချိန်မတူတဲ့ ကမ္ဘာ့နေရာတွေခရီးသွားတဲ့အခါ (Jet lag) ၊ နေ့ဆိုင်း ညဆိုင်း အလုပ်များပြောင်းလဲလုပ်ကိုင်ရတဲ့အခါ၊ အသက်အရွယ်ရလာတဲ့အခါ၊ အိုမင်းလာတဲ့ အခါတွေမှာလည်း အိပ်မပျော် ခြင်း ကို ကြုံတွေ့ရပါတယ်။
ကော်ဖီ၊ လက်ဖက်ရည်၊ အရက်၊ ဆေးလိပ် စတာတွေကလည်း အိပ်မပျော်စေတဲ့ အကြောင်းရင်းကို ဖြစ်စေပါတယ်။

ပုံမှန်အိပ်ပျော်ဖို့အတွက် အိပ်ခါနီး ရေနွေးနွေးနဲ့ချိုးပေးတာ၊ မွှေးရနံ့ပါတဲ့ရနံ့ကုထုံးတွေ သုံးပြီးအိပ်စက်တာ၊ အိပ်ယာခင်းအသစ်ပြောင်းလဲတာ အပါအဝင် သဘာဝအိပ်ဆေး Melatonin အသုံးပြုပေးတာတွေ လုပ်ပေးလို့ရပါတယ်။ ဒီထက်ပိုပြီး အိပ်ရခက်ခဲလာပြီ ဆိုရင်တော့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်းဆွေးနွေးပြီး အဖြေရှာကုသရမှာဖြစ် ပါတယ်။

Ayeyarwaddy Times စာဖတ်ပရိသတ်တွေလည်း စိတ်ကျန်းမာခြင်း ကိုယ်ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ရရှိနိုင်ပါစေလို့ ဆုတောင်းမေတ္တာ မျှဝေလိုက်ပါတယ်။

နောက်တစ်ပတ်မှာတော့ အစာကြေမလွယ်၊ လေထိုးလေအောင့် ကျန်းမာရေးပြသနာတွေ ကို ဖော်ပြပေးမှာဖြစ်တာကြောင့် စောင့်မျှော် ဖတ်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ဆောင်းပါး #စိတ်ကျရောဂါကိုအခြေခံ #စိတ်ဒဏ်ရာမှလွန်မြောက်စေဖို့

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါး အပ်ပါသည်။)

Health Article
30/08/2023

Health Article

အစာအိမ်ကျန်းမာရေး ပြဿနာ အဖြေရှာ

ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဩဂုတ် ၂၇ ရက်)

ကျွန်တော်တို့ လှုပ်ရှားနေရတဲ့ နေ့စဉ်ဘဝတွေမှာ စိတ်ပင်ပန်းတာတွေ စိတ်ထိခိုက် ရတာတွေ စိုးရိမ်ပူပင်‌ရတွေ ကြုံတွေ့ရတဲ့အခါ ကိုယ်ခန္ဓာကို ထိခိုက်ပါတယ်။ အဲ့သည်လို ထိခိုက်တဲ့အထဲမှာ အစာအိမ်လည်း ထိပ်ဆုံးကပါနေပြီး အစာအိမ်ရောဂါ‌တွေ ဖြစ်လာနိုင်ပါတယ်။

လူသားတွေရဲ့ စိတ်အခြေအနေ ပြောင်းလဲမှုတွေကြောင့် အစာအိမ်ကနေ အစာချေတဲ့ အက်ဆစ် ထွက်တာ မူမမှန်ဖြစ်တတ်ပါတယ်။ ဒါကြောင့် အစာမကြေခြင်း၊ ရင်ပူခြင်း၊ အစာအိမ် အချဥ်ပြန်ခြင်း ၊ စိတ်ကြောင့်အစာအိမ်ထိခိုက်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း စတဲ့ အကြောင်းအရာတွေကိုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အစာအိမ်ဆိုတာ အရေးကြီးတဲ့ ဝမ်းတွင်းကိုယ်အင်္ဂါဖြစ်ပါတယ်။ ကျန်းမာစွာ အသက်ရှင် နေဖို့ စားသမျှအာဟာရကို ချေဖျက်ပေးတဲ့ အလုပ်ကို အစာအိမ်နဲ့အူလမ်းကြောင်းရှိ အစာချေအက်ဆစ်နဲ့ အင်ဇိုင်းတွေ တာဝန်ယူနေပါတယ်။ အစာအိမ်ကထုတ်လုပ်တဲ့ ဟိုက်ဒရိုကလိုရစ် အက်စစ်ဟာ ဘလိတ်ဓားကိုပင် ပျော်ကျသွားနိုင်တဲ့အထိ ပြင်းထန် ပါတယ်။

#ရင်ပူခြင်း(Heart Burn)

အစာအိမ်မှ အစာချေအက်ဆစ်တွေ အထွက်များရင် ရင်ပူတတ်ပါတယ်။ ရင်ဘတ်ထဲမှာ ပူလောင်ပြီး မအီမသာဖြစ်‌တာက နှလုံးသားကိုမီးနဲ့ထိုးသလို ပူတယ်ဆိုပြီး တင်စားကြ ပါတယ်။

စိုးရိမ်စိတ်များပြီး စိတ်ဖိစီးတဲ့အခါ ၊ ဂေါ်ဖီ၊ သခွားသီး ၊ ကြက်သွန် စားတဲ့အခါ၊ ငရုပ်ကောင်း၊ မဆလာ၊ အရက်၊ ဘီယာ၊ ယမကာများနဲ့ ကော်ဖီ၊ ဆေးလိပ် တွေကြောင့် ရင်ပူတာကြုံရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ အဝလွန်သူတွေမှာ ရင်တောင့်ခြင်း ရင်ပူခြင်းတွေ ခံစားရနိုင်ပါတယ်။

ရင်ပူခြင်းသက်သာစေဖို့အတွက် အစာချေအက်ဆစ်အရည်တွေ အထွက်နည်းစေတဲ့ အက်ဆစ်ဓာတ် ပြယ်စေတဲ့ အစာအိမ်ဆေးတွေ နဲ့ကုသရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အစာကို အသင့်အတင့်စားပါ၊ အေးအေးဆေးဆေး စားပါ၊ အပူအစပ်အချဥ်ရှောင်ပါ၊ ဝမ်းမချုပ်စေဖို့ဂရုစိုက်ပါ၊ ဝမ်းပုံမှန်သွားပါ၊ စိတ်လျှော့ချပါ၊ အစာစားပြီးပြီးချင်း ခဏအနားယူပါ၊ အရက်လျှော့သောက်ပါ၊ ရင်ပူ‌စေတာတွေကို ကိုယ်တိုင်သတိထားပြီး တတ်နိုင်သလောက် ရှောင်ရပါမယ်။

#အစာအိမ်အချဥ်ပြန်ခြင်း(GERD)

ရင်ပူတဲ့လူနာတွေဟာ ပါးစပ်ချဉ်တယ်ဆိုတာမျိုးကို အပြောများကြပါတယ်။ ဒါဟာ အစာချဉ် ပြန်တာကြောင့် အချဥ်အရသာကို ခံစားရတာပါ။ အစာအိမ်ထဲမှာရှိတဲ့ အချဥ်တွေအက်ဆစ်တွေက နောက်ပြန်လမ်းကြောင်းအတိုင်း အစာရေမြိုကိုကျော် ဖြတ်ပြီး ပါးစပ်အတွင်း ရောက်လာတာကြောင့်ဖြစ်ပါတယ်။

အစာအိမ်အချဥ်ပြန်ခြင်း သက်သာစေဖို့ ဘယ်ဘက်စောင်းအိပ်ပါ-ခေါင်းအုံးထူထူဖြင့် အိပ်ပါ။ အစာကို အေးအေးဆေးဆေး နည်းနည်းချင်းစားပေးရမှာ ဖြစ်ပါတယ်။ ကိုယ်အလေးချိန် ချရပါမယ်။ အစာရွေးချယ်တဲ့အခါ အသီးအရွက် အမျှင်ဓါတ်တွေ ကို ပိုရွေးပြီး အဆီများ အချိုများတာတွေ အချဥ်အစပ်၊ကော်ဖီ၊ချော့ကလက်၊ဆီကြော်‌တွေ မစားဖို့ ရှောင်ဖို့လိုပါတယ်။

#အစာမကြေ‌ခြင်း Indigestion

အစာမကြေခြင်းကို လူအများစုခံစားဖူးကြမှာပါ။ ရင်ခေါင်းတောင့်ပြီး နေထိုင်ရ ခက်ပါတယ်။ အစာဝင်တာနဲ့ ဗိုက်ပြည့်တင်းလာပြီး အစာမစားနိုင်ဘဲဒုက္ခကြုံရပါတယ်။ စားပြီးသွားရင်လည်း ကိုယ်လက်မအီမသာ ဝမ်းပူဗိုက်ကားနေတာကို ကြုံရပါဦးမယ်။ တခါတစ်လေဖြစ်တယ်ဆိုပါက ကိစ္စမဟုတ်ပေမယ့် နေ့စဉ်ရက်ဆက် ဖြစ်လာရင်တော့ ဆေးကုသ ဖို့လိုလာပါပြီ။ အနေအထိုင်ဆင်ခြင်တာအပြင် ဆေးသောက်ပြီးတော့ ကျန်းမာ အောင် လုပ်ယူရပါမယ်။

#တိကျတဲ့အကြောင်းရင်းကိုရှာမရဘဲ_စိတ်‌ကြောင့်အစာအိမ်ထိခိုက်တဲ့ရောဂါ (Functional Dyspepsia)

ကျွန်တော်တို့တွေ ယခုတိုင်းပြည်အခြေအနေကြောင့် နိုင်ငံသားတိုင်း စိတ်ထိခိုက် ပင်ပန်းနေကြပါတယ်။ အစာအိမ်ရောဂါ ကြီးကြီးမားမားမရှိဘဲ Functional Dyspepsia လို့ခေါ်တဲ့ အစာအိမ်ထိခိုက်တာတွေကိုလည်း အများစုခံစားနေရပါတယ်။ဒါကလည်း မကြာမကြာ ပြန်ဖြစ်တတ်တဲ့ အစာမကြေ ရောဂါဖြစ်ပါတယ်။ အစာအိမ်မှာ အနာမဖြစ်‌ပေမယ့် အစာအိမ်အနာဖြစ်တဲ့အတိုင်းရောဂါလက္ခဏာတွေအပြင် အစာ မကြေခြင်းကို တကယ်ခံစားရတာပါ။ ရင်ပြည့်ရင်ကယ်ဖြစ်တယ် လေထိုးလေအောင့် ဖြစ်တာ လေပွ၊ လေတက်၊ ပျို့အန်ချင်တယ် ဆိုပြီး ခံစားရတတ်ပါတယ်။ ရင်ပူတယ် အစာအိမ်နာခံစားရတယ်။ နည်းနည်းလေး စားလိုက်တာနှင့် ဗိုက်ပြည့်သလိုမျိုး ခံစားရပြီး အစားအသောက်မဝင်ဖြစ်တာတွေ ကြုံရနိုင်ပါတယ်။

အစာအိမ်ထိခိုက်တာက အမျိုးသမီးတွေမှာပိုပြီး အဖြစ်များပါတယ်။ ဆေးလိပ်သောက် တတ်သူတွေ၊ စိတ်ပူတတ်သူ၊ စိတ်ကျဝေဒနာခံစားနေရသူတွေ၊ အရွယ်မရောက်ခင် ရုပ်ပိုင်းဆိုင်ရာလိင်ပိုင်းဆိုင်ရာစော်ကားမှုခံခဲ့ရသူတွေ၊ အကိုက်ခဲပျောက်ဆေး‌ရေရှည် သုံးနေရသူတွေ မှာကြုံတွေ့နေရပါတယ်။

အစာအိမ်‌ နေမကောင်းဖြစ်တာကို ရှာဖွေစစ်စစ်ကုသတဲ့အခါမှာ ဆေးစစ်ချက်များနှင့် အစာအိမ်တွင်း မှန်ပြောင်းကြည့်ခြင်းရဲ့ အ‌ဖြေအားလုံးက ကောင်းမွန်နေပြီ ရောဂါကိုရှာမရတာ။ အစာအိမ်အနာ၊ အစာအိမ်ပိုး၊ အစာအိမ်အလုံးအဖုကင်ဆာ အပါအဝင် အခြားပြသနာတွေ ဘာမှမရှိပါဘဲ လူနာက ဝေဒနာတွေကို ခံစားနေရ တာပါ။ ဒီအခြေအနေမှာ Simethicone ပါဝင်တဲ့လေဆေးများ အစာအိမ်အက်ဆစ်အထွက် နည်းစေတဲ့ဆေးများ စိုးရိမ်စိတ်ကိုလျှော့ချဖို့စိတ်ငြိမ်ဆေးများ ပျို့အန်သက်သာဆေးများ နှင့် ကျန်းမာရေးနဲ့သင့်တော်မည့့်လူနေမှုပုံစံပြောင်းလဲခြင်းတွေအပြင် စိတ်ကျန်း မာစေဖို့ တိုင်ပင်ဆွေးနွေးပေးသူတွေဆရာဝန်တွေရဲ့ Counseling- စကားပြော ကုထုံးတွေက ရောဂါကို သက်သာစေပါတယ်။

အန်ထွက်တဲ့အခါသွေးတွေပါလာခဲ့ရင်၊ ကတ္တရာ‌စေးလို ဝမ်းအမဲတွေသွားခဲ့ရင်၊ အသက်ရှူကြပ်ပြီးမောပန်းလာရင်၊ ကိုယ်အလေးချိန်ကျ ပိန်ချုံးသွားရင်၊ အစာအိမ်လေ ဆေးတွေသောက်နေပါလျက် မသက်သာအဆင်မပြေတော့ရင်တော့ အရေးကြီးတဲ့ အခြားရောဂါ‌များ ဖြစ်နေပြီလားဆိုတာကို သေသေချာချာသိရဖို့ ဆရာဝန်ကိုပြသ တိုင်ပင် ကုသသင့်ပါပြီ။

#အစာအိမ်နှင့်အူသိမ်ဦးအနာ(Peptic Ulcer)

အစာအိမ်မှာဖြစ်တဲ့အနာ (Gastric Ulcer) အူသိမ်ဦးမှာဖြစ်တဲ့အနာ (Duodenal Ulcer) နှစ်ခုပေါင်းကို အစာအိမ်နှင့် အူသိမ်ဦးအနာ (Peptic Ulcer) ဆိုပြီး ခေါ်ကြပါတယ်။

အစာအိမ်နဲ့ အူသိမ်ဦး(အူသိမ်အစပိုင်း) အတွင်းနံရံတွေမှာ အနာတွေဖြစ်ရတာက အစာအိမ်ကထုတ်တဲ့အက်ဆစ်နဲ့ အင်ဇိုင်းတွေကြောင့်အပြင် အတွင်းနံရံကို အကာ အကွယ်‌ ပေး‌ထားတဲ့အချွဲအလွှာလေးတွေ ပါးသွားတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ အတွင်းနံရံအချွဲအကျိအလွှာမှာ အစာအိမ်ပိုးလိုသိကြတဲ့ (H. pylori) ဘက်တီးရီးယား ကူးစက်ခံရတဲ့အခါ အချွဲလေးတွေ ပါးသွားပြီး အနာတွေဖြစ်စေပါတယ်။ ပိုးမကူး စက်ဘဲလည်း အစာအိမ်အနာဖြစ်တတ်ပါတယ်။

အစာအိမ်နာတာကတော့ အမျိုးသားတွေပိုဖြစ်များပါတယ်။ အလုပ်လုပ်နိုင်တဲ့အရွယ် သတ်လတ်ပိုင်း အရွယ်တွေ စိတ်ဖိစီမှုများတဲ့အ‌ခြေအ‌နေမှာ တွေ့ရများတတ်ပါတယ်။ ရောဂါလက္ခဏာတွေက အစာအိမ်ရှိတဲ့ရင်ခေါင်းနေရာနာတယ်။ အစာမ‌ကြေ ဖြစ်တယ်။ ရင်ပူတယ်။ ဗိုက်ဆာရင် နာတယ်။ အစားများသွားရင် နာတယ်။ ည ဘက် ဗိုက်အောင့်တာ၊ ပျို့တာ အန်တာတွေ တတ်ပါတယ်။

ရောဂါရှာဖွေဖို့အတွက် အစာအိမ်မှန်ပြောင်းကြည့်ခြင်း အသားစယူစစ်ဆေးခြင်း H. pylori ပိုးစစ်ခြင်းတွေ လုပ်ရပါမယ်။

မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ လူ ၁၀ ယောက်မှာ လေးယောက်ကျော်က အစာအိမ်ပိုး ရှိနေပါတယ်။ အစာအိမ်ရောဂါသည်တွေမှာ တစ်ဝက်လောက်က အစာအိမ်ပိုး ကူးစက်ခံထားရပါတယ်။ ဒါကြောင့် အစာအိမ်ပိုးရှင်းဖို့ ပိုးသတ်ဆေးတွေကို ၁၀ ရက် ကနေ ၁၄ရက်အထိ သောက်ရပါမယ်။

အစာအိမ်နဲ့အူသိမ်အနာ‌ကောင်းကောင်း ကျက်စေဖို့ ဆေးတွေကိုတော့ တစ်လ လောက်အထိ သောက်ရပါမယ်။ ဒီလိုမကုရင် အစာအိမ်ကင်ဆာအဆင့်ထိ ဖြစ်နိုင်တာ ကြောင့် ပေါ့ဆလို့မရပါဘူး။

အသေးစိတ်မှာချင်တာတွေကတော့ အပူ၊ အစပ်၊ အချဉ်၊ အစာကြမ်း၊ ဆီများလွန်းတဲ့အစားအစာ၊ ရေရှည်ခံအစားအစာ၊ ချဉ်ဖတ်၊ မီးခိုးကြပ်တိုက် လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်၊ ကွမ်းယာ၊ အရက်၊ ယမကာတွေကို ရှောင်ပါ။ စိုးရိမ်စိတ်လျော့ချပါ။ အိပ်ရေးဝဝအိပ်ပါ။ အစာအိမ်ရောဂါရှင်များလည်း ကင်းရှင်း သက်သာပျောက်ကင်းကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

နောက်ရက်သတ္တပတ်မှာတော့ စားသုံးဆီ နှင့် ကျန်းမာရေး အကြောင်း တင်ဆက်ပေးမှာ ဖြစ်တာကြောင့် Ayeyaewaddy Times သတင်းစာမျက်နှာကနေ စောင့်မျှော်ဖတ် ရှုပေးပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ဆောင်းပါး #အစာအိမ်ကျန်းမာရေးပြဿနာအဖြေရှာ

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)

Address


Alerts

Be the first to know and let us send you an email when Dr Amata posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Amata:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram