R Yone Lin Pharmacy & Clinic

R Yone Lin  Pharmacy & Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from R Yone Lin Pharmacy & Clinic, Pharmacy / Drugstore, Amarapura,Mandalay, Mandalay.

“တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့”🌸🌸🌸🪷🌸🌸🌸🪷🌸🌸🌸🪷🌸🌸🌸🪷မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်-၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့မှာ ကျရေ...
04/11/2025

“တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့”
🌸🌸🌸🪷🌸🌸🌸🪷🌸🌸🌸🪷🌸🌸🌸🪷

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်-၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့မှာ ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်အခါသမယမှာ မြန်မာပြည်သူ၊ ပြည်သားများနဲ့အတူ တစ်ကမ္ဘာလုံး ကပ်ဘေးအမျိုးမျိုးမှကင်းဝေးလို့ ဘဝတွေအေးချမ်းနိုင်ပါစေရန် " အာရုဏ်လင်း " မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် 🙏🙏🙏

#တန်ဆောင်မုန်းလပြည့်နေ့ 🌕

🌷🌹🌷🌹🌷🌹🌷🌹🌷

🌷ပျော်ရွှင်စရာ 🌷               🎇🎆🎇🪔သီတင်းကျွတ်🪔🎇🎆🎇                     🍀အခါသမယလေး ဖြစ်ပါစေ🍀သီတင်းကျွတ်ပိတ်ရက်-----------...
05/10/2025

🌷ပျော်ရွှင်စရာ 🌷

🎇🎆🎇🪔သီတင်းကျွတ်🪔🎇🎆🎇

🍀အခါသမယလေး ဖြစ်ပါစေ🍀

သီတင်းကျွတ်ပိတ်ရက်
------------------------

(၅.၁၀.၂၅) မှ (၇.၁၀.၂၅) နေ့အထိ ပိတ်ရက်လေးဖြစ်သောကြောင့် Online အော်ဒါလေးများကို ၇ ရက်နေ့နောက်ပိုင်းမှ ပြန်လည်ပို့ဆောင်ပေးပါ့မယ်နော် 🥰

မိတ်ဟောင်းမိတ်သစ်များအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများပြည့်စုံပါစေ 🙏🙏🙏

🌹🌷🌹🌷🌹🌷🌹🌷🌹🌷🌹🌷🌹🌷🌹🌷🌹🌷

🪔🪔🪔 #သီတင်းကျွတ် #လပြည့် 🌕
#အာရုဏ်လင်း #ဆေးဆိုင်

21/09/2025

ပါရာစီတမောဆေးနှင့်
တွဲမသောက်သင့်သောအရာများ
********************************

ပါရာစီတမောနဲ့ တွဲသောက်ရန်မသင့်သော အစားအသောက်အချို့ကို
အများသိရှိရလေအောင်
ထပ်မံမျှဝေလိုက်ပါတယ်။

၁။ ပါရာစီတမောကို ကိုကာကိုလာ၊
ပက်ပစီ စတဲ့ ဂတ်စ်ပါတဲ့ အရာများနဲ့
အချဉ်ဓါတ်ပါသော အစားအစာများနဲ့
တွဲမသောက်သင့်ပါဘူး။

၂။ ပါရာစီတမောကို ကဖင်းဓါတ်ပါတဲ့ အစားအသောက်များနဲ့ တွဲပြီး
မသောက်သင့်ပါဘူး။
တကယ်လို့ သောက်မိလျှင်လည်း
တစ်နေ့ကို (၂)လုံးထက် ပိုသောက်မိလျှင်
အန္တရာယ်ရှိပါတယ်။

၃။ ပါရာစီတမောဟာ အရက်၊
ဘီယာ စတဲ့ မူးယစ်ဆေးဝါးတို့နဲ့လည်း
မတည့်ပါဘူး။

၄။ ပါရာစီတမောကို အခြားပါရာဆေးပါတဲ့ Decolgen တို့လိုဆေးနဲ့
တွဲမသောက်သင့်ပါဘူး။

၅။ ပါရာစီတမောကို တခါသောက်ရင်
အနည်းဆုံး (၄)နာရီခြားသင့်ပါတယ်။
(၂၄) နာရီအတွင်း 500 mg (၈) လုံးထက်
ပိုသောက်မိလျှင်အန္တရာယ်ရှိပါတယ်။

၆။ ပါရာစီတမောကို(အခြားအချိုရေ၊
အချဉ်၊စတဲ့အထက်က ဖော်ပြခဲ့
တာတွေနဲ့ရောမသောက်သော်လည်းပဲ)
အလွန်အကျွံ သောက်မိလျှင်
ကျောက်ကပ်နဲ့ အသည်း ပျက်စီးပြီး
သေတတ်ပါတယ်။

ပါရာစီတမောတင်မကပဲ
အကိုက်အခဲပျောက်ဆေးများနဲ့
အင်္ဂလိပ်ဆေး
တော်တော်များများဟာ ဂတ်စ်ပါတဲ့
အချိုရေများ၊ အချဉ်ဓါတ်ပါတဲ့ အရာများနဲ့
တွဲမသောက်သင့်ပါဘူး။
ရိုးရိုးရေနဲ့သောက်ရင် အကောင်းဆုံးပါ။

ပါရာစီတမောလ်ဆေးဟာ
မြန်မာပြည်သူပြည်သားများ
အများဆုံးသောက်သုံးနေသည့်
ဆေးတစ်မျိုးဖြစ်သည့်အတွက်
မသိသေးသူများအတွက်
အသိပေးခြင်းဖြစ်သလို
သိပြီးသူများအတွက်လည်း
သတိပေးရင်း မျှဝေလိုက်ရပါတယ်။
ပို၍ တတ်သိနားလည်သူများလည်း
လိုအပ်မှုများ၊ မှားယွင်းမှုများ ရှိနေပါက
ထပ်မံဖြည့်စွပ်မျှဝေပေးနိုင်ပါတယ်။
အသက်ကို ဉာဏ်စောင့်ဆိုသလို
ကိုယ့်အသက်ကို
ကိုယ်ပိုင်ဉာဏ်ဖြင့်ဆင်ခြင်ပြီး
လူသားတိုင်း ကျန်းမာစွာ
အသက်ရှည်နိုင်ကြပါစေ။



#အာရုဏ်လင်း မှ အသိပညာတိုးပွားစေရန် မျှဝေလိုက်ပါတယ် 🙏🙏🙏

18/09/2025

💚New V.Rohto 🍀

💚လက်ဦးမှရမယ့် ပစ္စည်းလေး 💧မျက်စဉ်း 🤩

💚မျက်လုံးလေးတွေပိုမိုကြည်လင်လှပစေဖို့
မျက်စဉ်းလေးကိုသတိရလိုက်ပါနော်

💥ReInstock

#အာရုဏ်လင်း
#ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေး
#မျက်စဉ်း #

💁‍♀️cb 📩 မှ တဆင့် အော်ဒါမှာယူခြင်း /
📲 09-789310033/ 09-422383297 သို့လဲဆက်သွယ်မှာယူနိုင်ပါတယ်ရှင်

💁‍♀️မန်းလေးမြို့တွင်း အိမ်အရောက် 🚚ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါတယ်

နယ်မြို့များနီးစပ်ရာကားဂိတ်မှတဆင့်ပို့ဆောင်ပေးပါတယ်ရှင်
🤩Kpay- 0% 🤩

🍃ဆေးတွေကိုဝါးစားတာကောင်းလားမကောင်းလား??~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ဆေးတွေကိုဝါးစားတာကောင်းလားမကောင်းလားဆိုတာက ဆေ...
31/08/2025

🍃ဆေးတွေကိုဝါးစားတာကောင်းလားမကောင်းလား??
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

#ဆေးတွေကိုဝါးစားတာကောင်းလားမကောင်းလားဆိုတာက

ဆေးအမျိုးအစားပေါ် မူတည်ပြီး ကွာခြားပါတယ်။
အများစုသော ဆေးတွေကိုတော့ ဝါးမစားသင့်ဘဲ ရေနဲ့ မျိုချသင့်ပါတယ်။
ဘာကြောင့်လဲဆိုတာကို အောက်မှာ အသေးစိတ် ရှင်းပြပေးပါမယ်။

#ဝါးမစားသင့်တဲ့ဆေးများ (Medicines You Shouldn't Chew)

ဆေးလုံးအများစုကို မဝါးသင့်တဲ့ အဓိကအကြောင်းရင်းတွေကတော့-

* #အာနိသင်ပြောင်းလဲခြင်း (Altered Effectiveness)

ဆေးဝါးအများစုကို အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ
အချိန်ကြာကြာ ဖြည်းဖြည်းချင်း ပျော်ဝင်စေဖို့ ရည်ရွယ်ပြီး ပြုလုပ်ထားပါတယ်။ ဒီလိုဆေးမျိုးကို ဝါးလိုက်တဲ့အခါ ဆေးရဲ့ အကာအကွယ်အလွှာတွေ
ပျက်စီးသွားပြီး ဆေးဓာတ်အားလုံးက ခန္ဓာကိုယ်ထဲကို
တစ်ပြိုင်နက်တည်း အများကြီး ဝင်ရောက်သွားနိုင်ပါတယ်။
ဒီလိုဖြစ်တဲ့အခါ ဆေးအရှိန်လွန်ကဲပြီး ဘေးထွက်ဆိုးကျိုးတွေ
ပိုမိုပြင်းထန်လာနိုင်ပါတယ်။
ဒီလိုဆေးမျိုးကို "Extended-release" (အချိန်ကြာကြာ အာနိသင်ပြနိုင်သော)
ဒါမှမဟုတ် "Sustained-release" (ထိန်းချုပ်ထုတ်လွှတ်သော) လို့ ခေါ်ပြီး
ဆေးဗူးမှာ "ER"၊ "SR"၊ "CR"၊ "LA" စတဲ့ စာလုံးအတိုကောက်တွေ ပါတတ်ပါတယ်။

* #အစာအိမ်ကိုထိခိုက်နိုင်ခြင်း (Risk of Stomach Damage)

တချို့ဆေးတွေမှာ အစာအိမ်ထဲက အက်ဆစ်ဓာတ်တွေရဲ့ ဒဏ်ကို
မခံရအောင် "Enteric-coated" လို့ ခေါ်တဲ့ အထူးအလွှာလေးတွေနဲ့
ဖုံးအုပ်ထားပါတယ်။
ဒီဆေးတွေကို ဝါးစားလိုက်ရင် ဒီအလွှာလေးတွေ ပျက်စီးသွားပြီး
ဆေးဓာတ်က အစာအိမ်ကို တိုက်ရိုက်ထိခိုက်နိုင်ပါတယ်။
ဥပမာ- Aspirin လိုမျိုး ဆေးတွေပါ။

* #အာနိသင်လျော့ကျသွားခြင်း (Decreased Efficacy)

တချို့ဆေးတွေဟာ အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်ဓာတ်ကြောင့်
အာနိသင် လျော့သွားတတ်ပါတယ်။
ဒါကြောင့် အူလမ်းကြောင်းထဲရောက်မှသာ ပျော်ဝင်စေဖို့
အကာအကွယ်အလွှာတွေနဲ့ ထုတ်လုပ်ထားပါတယ်။
ဒီလိုဆေးကို ဝါးလိုက်ရင် ဆေးရဲ့ အာနိသင် လျော့ကျသွားနိုင်ပါတယ်။

* #အရသာဆိုးခြင်း (Unpleasant Taste)

ဆေးအများစုမှာ အရသာဆိုးတာကို လျှော့ချပေးဖို့အတွက်
အပြင်ဘက်မှာ အလွှာတစ်မျိုးနဲ့ ဖုံးအုပ်ထားတတ်ပါတယ်။
ဒီဆေးတွေကို ဝါးစားလိုက်တဲ့အခါ အလွန်ခါးပြီး မကောင်းတဲ့ အရသာကြောင့်
ဆေးသောက်ရတာ ပိုမိုခက်ခဲစေပါတယ်။

#ဝါးသင့်တဲ့ ဆေးများ (Medicines You Should Chew)

အချို့သော ဆေးတွေကိုတော့ ဝါးပြီး သောက်သုံးဖို့ ထုတ်လုပ်ထားပါတယ်။
ဒီဆေးတွေကတော့-

* #ဝါးစားနိုင်သောဆေးပြားများ (Chewable Tablets)

ဒီဆေးမျိုးကို အထူးသဖြင့် ကလေးတွေအတွက်
သို့မဟုတ် ဆေးမျိုရခက်တဲ့သူတွေအတွက် ပြုလုပ်ထားတာဖြစ်ပါတယ်။
ဥပမာ- ကလေး ဗီတာမင်ဆေးပြားတွေ၊
ရင်ပူတာအတွက် သောက်ရတဲ့ Tums လိုဆေးတွေပါ။
ဒီဆေးတွေကို သေချာဝါးစားမှ အာနိသင် အပြည့်အဝရမှာပါ။

* #လျှာအောက်ထားပြီး စုပ်ယူရသော ဆေးများ (Sublingual Tablets)

ဒီဆေးတွေကို လျှာအောက်မှာ ထားပြီး အရည်ပျော်အောင် စုပ်ယူရတာပါ။
ဒီလိုဆေးတွေက အရေးပေါ်အခြေအနေတွေမှာ လျင်မြန်စွာ
အာနိသင်ပြဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။
ဥပမာ- ရင်ဘတ်အောင့်တဲ့အခါ သုံးတဲ့ Nitroglycerin ဆေးပါ။

* #ကယ်လ်စီယမ်ဆေးပြားနှင့် အခြားသော အချို့ဆေးများ (Calcium tablets and some others)

တချို့ ဆေးဝါးတွေကတော့ ဝါးစားဖို့ ထုတ်လုပ်ထားခြင်းမရှိပေမယ့်
ဝါးစားရင်လည်း ဘေးထွက်ဆိုးကျိုးမရှိတဲ့ ဆေးတွေလည်း ရှိပါတယ်။
ဒါပေမဲ့ ဒါက ဆေးအမျိုးအစားပေါ် မူတည်ပါတယ်။

#အချုပ်အားဖြင့် (In Conclusion)

ဆေးတွေကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူ (Pharmacist) ရဲ့ ညွှန်ကြားချက်မပါဘဲ လုံးဝမဝါးပါနဲ့။
ဆေးမျိုရတာ အခက်အခဲရှိရင်၊
ဆေးအရွယ်အစား ကြီးလွန်းလို့ မျိုရခက်နေရင်
ဆရာဝန်ကို ပြန်လည်ပြောပြပါ။
သင့်အတွက် သင့်တော်တဲ့ ဆေးရည် (liquid form)၊
အမှုန့်ပုံစံ (powder)၊
ဒါမှမဟုတ် ဝါးလို့ရတဲ့ ဆေးပြားမျိုးကို ဆရာဝန်က ပြောင်းလဲပေးနိုင်ပါတယ်။

အတိုချုပ်ပြောရရင် ဆေးဝါးအများစုကို
ဝါးစားတာဟာ မကောင်းပါဘူး။
ဘာကြောင့်လဲဆိုတော့ ဆေးရဲ့ အာနိသင်ကို ပြောင်းလဲစေပြီး
ဘေးထွက်ဆိုးကျိုးတွေကို ပိုမိုပြင်းထန်စေနိုင်တာကြောင့်ပါ။
ဆေးကို ဘယ်လိုသောက်ရမယ်ဆိုတာကို
ဆေးဗူးပေါ်က ညွှန်ကြားချက် သို့မဟုတ်
ဆေးဝါးကျွမ်းကျင်သူရဲ့ အကြံဉာဏ်ကို အမြဲတမ်း တောင်းခံသင့်ပါတယ်။

Prof Thein Myint-GI 31.8.2025

Credit Dr. Thein - GI

💥Gestrocid (လေဆေး) -------^-------💥𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်)အစာကြေဆေးသည်အစာခြေစနစ်ကိုကူညီပေးပြီး အစာမကြေခြင်း၊ ဗိုက်အောင့်...
29/08/2025

💥Gestrocid (လေဆေး)
-------^-------

💥𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်)အစာကြေဆေးသည်အစာခြေစနစ်ကိုကူညီပေးပြီး အစာမကြေခြင်း၊ ဗိုက်အောင့်ခြင်း၊ လေထိုးလေအောင့်ခြင်း စတဲ့ ပြဿနာတွေကို သက်သာစေပါတယ် 💫💫💫

✨”အစားစားပြီးတိုင်း အမြဲအသင့်
အစာကြေဖို့ဆို 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်)”✨

#𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝
#𝐀𝐧𝐭𝐚𝐜𝐢𝐝

#𝐈𝐧𝐝𝐢𝐠𝐞𝐬𝐭𝐢𝐨𝐧
#အစာကြေလေနိုင်ဆေးပြား
#အစာမကြေခြင်း
#လေပွလေအောင့်ခြင်း
#ဗိုက်အောင့်ဗိုက်နာခြင်း

#အာရုဏ်လင်း
#ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေး

💁‍♀️cb 📩 မှ တဆင့် အော်ဒါမှာယူခြင်း /
📲 09-789310033/ 09-422383297 သို့လဲဆက်သွယ်မှာယူနိုင်ပါတယ်ရှင်

💁‍♀️မန်းလေးမြို့တွင်း အိမ်အရောက် 🚚ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါတယ်

နယ်မြို့များနီးစပ်ရာကားဂိတ်မှတဆင့်ပို့ဆောင်ပေးပါတယ်ရှင်
🤩Kpay- 0% 🤩

🍃မင်မင်ရဲ့ Royal Cus လေးတွေဆီပစ္စည်းတွေချောချာမောမောရောက်ပီဆိုတော့ အမောပြေပါပီနော် 😮‍💨🤗🤗🍃ပို့ရတဲ့အခက်အခဲများစွာထဲက အမြဲမ...
28/08/2025

🍃မင်မင်ရဲ့ Royal Cus လေးတွေဆီပစ္စည်းတွေချောချာမောမောရောက်ပီဆိုတော့ အမောပြေပါပီနော် 😮‍💨🤗🤗

🍃ပို့ရတဲ့အခက်အခဲများစွာထဲက အမြဲမပြတ်အားပေးကြတဲ့အတွက် ကျေးဇူးပါ 🙏

🍃မိတ်ဆွေတို့လိုအပ်သော #မြန်မာဆေး #အင်္ဂလိပ်ဆေး 💊အမျိုးမျိုးတို့အား မှာယူရရှိနိုင်ပါတယ်ရှင်

🍃ပစ္စည်းပြတ် / ရှားပါးမှုကြောင့် အချိန်နှင့်အမျှဈေးအပြောင်းအလဲရှိပါတယ်နော်

💁‍♀️ဆက်သွယ်မှာယူရန်

💁‍♀️မန်းလေးမြို့တွင်းဆိုရင်တော့ အချိန်ကုန်ခံ နေပူခံ မိုးစိုခံ ဆီကုန်ခံ ပြီးသွားလာနေစရာမလိုတော့ဘူးနော်

💁‍♀️ဟယ်လို 📲 ဆိုပြီးအော်ဒါပေးလိုက်ပါနော် နေ့ချင်းရောက် delivery service 🚚 ဖြင့်ပို့ဆောင်ပေးနေပါပီ 🤗

💁‍♀️အခြားသောမြို့များကိုလဲ နီးစပ်ရာကားဂိတ် မှတဆင့် /
အာလူးပို့စ် delivery ရောက်သော မြို့များကို
အိမ်အရောက်ငွေချေဖြင့် ပို့ဆောင်ပေးနေပါပီ နော်

vb => 0️⃣9️⃣ - 7️⃣8️⃣9️⃣3️⃣1️⃣0️⃣0️⃣3️⃣3️⃣
cb 📩 သို့လဲ အော်ဒါပေးနိုင်ပါတယ်ရှင် 🤗🤗🤗

#အာရုဏ်လင်း
#ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေး

လက်လီ/ လက်ကား ရရှိနိုင်ပါပီရှင် 🤗🤗🤗

💥REXODRIN --------^---------👉Paracetamol 450mg👉Orphenadrine  Citrate 35mg #အာရုဏ်လင်း #ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေး💁‍♀...
24/08/2025

💥REXODRIN
--------^---------

👉Paracetamol 450mg
👉Orphenadrine Citrate 35mg

#အာရုဏ်လင်း
#ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေး

💁‍♀️cb 📩 မှ တဆင့် အော်ဒါမှာယူခြင်း /
📲 09-789310033/ 09-422383297 သို့လဲဆက်သွယ်မှာယူနိုင်ပါတယ်ရှင်

💁‍♀️မန်းလေးမြို့တွင်း အိမ်အရောက် 🚚ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါတယ်

နယ်မြို့များနီးစပ်ရာကားဂိတ်မှတဆင့်ပို့ဆောင်ပေးပါတယ်ရှင်
🤩Kpay- 0% 🤩

💚Enat-400💚💛ကြည်လင်တောက်ပပြီးအသားအရေလေးတွေ Glow ချင်ရင်တော့ 💚  💚ကို တစ်နေ့ တစ်လုံး သောက်သုံးဖို့မမေ့နဲ့နော် 💛ဦးရေပြားကိုလ...
20/08/2025

💚Enat-400💚

💛ကြည်လင်တောက်ပပြီးအသားအရေလေးတွေ Glow ချင်ရင်တော့ 💚 💚ကို တစ်နေ့ တစ်လုံး သောက်သုံးဖို့မမေ့နဲ့နော်

💛ဦးရေပြားကိုလည်းသွေးလှည့်ပတ်မှုကောင်းစေသောကြောင့်ဆံသားများကျန်းမာစေပါတယ်

💛ချွေးပေါက်တွေကျယ် ဝက်ခြံတွေထွက်ပြီး အသားအရေ မညီမညာဖြစ်တာတွေအတွက်လဲစိတ်ပူစရာမလိုဘူးနော် 🤗

💛အရွယ်ရောက်ပြီးသူ ကျား/မ မရွေးသောက်သုံးနိုင်ပါတယ်

💛အရည်အသွေးကောင်းတဲ့ သဘာဝ
ပါဝင်သော လေးနဲ့ skin glow ကြရအောင်

💁‍♀️ ဆက်သွယ်မှာယူရန်

#အာရုဏ်လင်း
#ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေး

cb 📩 မှ တဆင့် အော်ဒါမှာယူခြင်း /
📲 09-789310033/ 09- 422383297သို့လဲဆက်သွယ်မှာယူနိုင်ပါတယ်ရှင်

💁‍♀️မန်းလေးမြို့တွင်း အိမ်အရောက် 🚚ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါတယ်

နယ်မြို့များနီးစပ်ရာကားဂိတ်မှတဆင့်ပို့ဆောင်ပေးပါတယ်ရှင်
🤩Kpay- 0% 🤩

💥Orofer ~~~~~~~~~သံဓာတ်ဖြည့်အားဆေး #အာရုဏ်လင်း #ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေး   #သံဓာတ်အားဆေး💁‍♀️cb 📩   မှ တဆင့် အော်ဒါ...
18/08/2025

💥Orofer
~~~~~~~~~

သံဓာတ်ဖြည့်အားဆေး

#အာရုဏ်လင်း
#ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေး
#သံဓာတ်အားဆေး

💁‍♀️cb 📩 မှ တဆင့် အော်ဒါမှာယူခြင်း /
📲 09-789310033/ 09-422383297 သို့လဲဆက်သွယ်မှာယူနိုင်ပါတယ်ရှင်

💁‍♀️မန်းလေးမြို့တွင်း အိမ်အရောက် 🚚ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါတယ်

နယ်မြို့များနီးစပ်ရာကားဂိတ်မှတဆင့်ပို့ဆောင်ပေးပါတယ်ရှင်
🤩Kpay- 0% 🤩

💥ဆိုးချင်တိုင်းဆိုး   မှဆိုတဲ့သူများအတွက်💥limited Stock  #အာရုဏ်လင်း #ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေး  #ချောင်းဆိုးပျောက်...
15/08/2025

💥ဆိုးချင်တိုင်းဆိုး မှဆိုတဲ့သူများအတွက်

💥limited Stock

#အာရုဏ်လင်း
#ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေး

#ချောင်းဆိုးပျောက်ဆေး

💁‍♀️cb 📩 မှ တဆင့် အော်ဒါမှာယူခြင်း /
📲 09-789310033/ 09-422383297 သို့လဲဆက်သွယ်မှာယူနိုင်ပါတယ်ရှင်

💁‍♀️မန်းလေးမြို့တွင်း အိမ်အရောက် 🚚ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါတယ်

နယ်မြို့များနီးစပ်ရာကားဂိတ်မှတဆင့်ပို့ဆောင်ပေးပါတယ်ရှင်
🤩Kpay- 0% 🤩

💚မတွေ့တာကြာပီ 💚မမြင်တာကြာပီ 💚လက်ဦးမှရမယ့် ပစ္စည်းလေး   💧မျက်စဉ်း 🤩 💚မျက်လုံးလေးတွေပိုမိုကြည်လင်လှပစေဖို့   မျက်စဉ်းလေးကိ...
14/08/2025

💚မတွေ့တာကြာပီ

💚မမြင်တာကြာပီ

💚လက်ဦးမှရမယ့် ပစ္စည်းလေး 💧မျက်စဉ်း 🤩

💚မျက်လုံးလေးတွေပိုမိုကြည်လင်လှပစေဖို့
မျက်စဉ်းလေးကိုသတိရလိုက်ပါနော်

💥ReInstock

#အာရုဏ်လင်း
#ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေး
#မျက်စဉ်း #

💁‍♀️cb 📩 မှ တဆင့် အော်ဒါမှာယူခြင်း /
📲 09-789310033/ 09-422383297 သို့လဲဆက်သွယ်မှာယူနိုင်ပါတယ်ရှင်

💁‍♀️မန်းလေးမြို့တွင်း အိမ်အရောက် 🚚ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါတယ်

နယ်မြို့များနီးစပ်ရာကားဂိတ်မှတဆင့်ပို့ဆောင်ပေးပါတယ်ရှင်
🤩Kpay- 0% 🤩

Address

Amarapura,Mandalay
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959789310033

Website

Alerts

Be the first to know and let us send you an email when R Yone Lin Pharmacy & Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram