Yar Yar & Sar Sar the TWINS

  • Home
  • Yar Yar & Sar Sar the TWINS

Yar Yar & Sar Sar the TWINS Keeping memories

14/05/2025

မမကြီးသာသာ
ညီမလေး ယာယာ ❤️ဆာဆာ

🎀အသဲယားစရာ ပိစိလေးတွေရဲ့ ငယ်ဘဝ အမှတ်တရ

ကဆုန်လပြည့်နေ့ 🤍🤎🙏
11/05/2025

ကဆုန်လပြည့်နေ့
🤍🤎🙏

🎗️🎗️💙💙🎀
08/05/2025

🎗️🎗️💙💙🎀

ကလေးတွေကိုမစပါနဲ့ လုံးဝမစ သင့်ပါဘူး..ပြီးတော့ကလေးကိုပေါက်ကရနာမည်တွေမခေါ်ပါနဲ့. ကလေးနာမည် အိမ်နာမည် ဒါကလွှဲရင်ကျန်တာမခေါ်...
05/04/2025

ကလေးတွေကိုမစပါနဲ့
လုံးဝမစ သင့်ပါဘူး..
ပြီးတော့ကလေးကို
ပေါက်ကရနာမည်တွေမခေါ်ပါနဲ့.
ကလေးနာမည် အိမ်နာမည်
ဒါကလွှဲရင်ကျန်တာမခေါ်ပါနဲ့..
ကျေးဇူးပြု၍ ကလေးကို မ စခြင်းဖြင့် ကလေးမိဘကို ကူညီပေးပါ။

အရုပ်လိုချင်လား..
လာယူ
ကလေးက ဝမ်းသာအားရ ပြေးသွားပြီး အရုပ်လေးကို လှမ်းယူတယ်။
ကလေး လက်လှမ်းမမှီရာကို
အရုပ်ကို မြှောက်ပြီး
မပေးတော့ဘူး။ လိုချင်ရင်လု။
ကလေးက လုရော။
ဒီနေရာ မှာမေးပါရစေ
ကလေးကို လုတတ်အောင်
သင်ပေးနေတာလား။

ကလေးက လုရတာ ကြာတော့
မောလာတော့ မလုတော့ပြန်ဘူး။
ကလေးငြိမ်နေပြန်တော့
အရုပ်ကို ပြန်ပေးပြီး..
လာ ..လာ.. လာယူ။
ဒီတခါ တကယ်ပေးမှာ။

ကလေးမျက်နှာလေး ဝင်းသွားပြီး
ဒီတခါ တကယ်ရပြီဆိုပြီး
လာယူပြန်တော့
ပထမတုန်းကအတိုင်း လုခိုင်းပြန်ရော။
ကလေးကို
လိမ်တတ်ညာတတ်အောင်
သင်ပေးနေတာလား။

ကြာတော့
ကလေးစိတ်တိုလာတော့
စတဲ့လူကို ရိုက်တာ ကုတ်တာလုပ်ရော..

အဲ့ အချိန်ကျတော့
ကလေးက ရိုင်းတယ် ပြောပြန်ရော။
ကလေးကို မရိုင်းရိုင်းအောင်လုပ်နေတာနဲ့ မတူဘူးလား။

အဲ့ဒါတွေ မြင်နေရတော့
မေမေလုပ်သူက ကလေးကို
သူများအရုပ်မလိုချင်နဲ့
ကိုယ့်အရုပ်လေး ကိုယ်ကိုင် ဆိုပြီး
ပေးထားပြန်တော့လည်း
အဲ့ အရုပ်ကိုဆွဲလုပြီး
ပထမပုံစံအတိုင်း စပြန်ရော။

တဆိတ်မေးပါရစေ။
ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ။

ကလေးကို စရတာ
ပျော်စရာလို့ မှတ်နေလို့လား...

ကလေး ဒေါသထွက်နေတာ..
ကလေး စိတ်ဆိုးနေတာ..
ကလေး မျော်လင့်ချက်တွေ
ပျက်ဆီးသွားတာ ..
ကြည့်ပြီး ပျော်နေချင်တာလား။
အလုခံရတာရော။ လုယူတာရော။
လိမ်ညာပြောတာရော။
ရန်ပြုတာရော ပျော်စရာမကောင်းပါဘူး။

မလုဖို့
မရိုက်ဖို့
လူကြီးကို ပြန်မအော်ဖို့
သင်ပေးထားရတဲ့ မိခင်ရင်ထဲ
ကလေးကို
ဟဲ့ သားရေ/သမီးရေ
သူများကိုမလုပ်နဲ့လေ
ပါးစပ်ကအော်နေရပေမယ့်..
ရင်ထဲမှာ ဘယ်လောက်တောင်
ခံစားနေရမလဲ။
ကိုယ့်သားသမီးကို မတရားစနေသူကို အကြောင်းကြောင်းတွေ
ထောက်ထားပြီး သည်းခံနေရတဲ့ မိခင်မှာဘယ်လောက် ရင်နာလိုက်မလဲ။

အဖြစ်သည်းလိုက်တာ ..
သူ့ကလေးကိုစတာ အသားပဲ့သွားတာ ကျနေတာဘဲ ထင်ကြမယ်။

ကလေးအသားမပဲ့ပေမယ်
ကလေး စိတ်ဒဏ်ရာရသွားတာ
သိပါ့မလား။
ကလေးအရင်ကနဲ့မတူတဲ့
အပြုအမူတွေ ပြုမူလာတယ်
ကြမ်းတမ်းလာတယ်။
ဒါတွေကို တွေ့တုန်းခဏ
စပြီးပြန်သွားတဲ့သူတွေ သိနိုင်ပါ့မလား။

ဘယ်သူမဆို
ကလေးအရွယ်ကနေ
ကြီးပြင်းလာကြသူတွေချည်း။
ကိုယ်ချင်းစာစိတ်လေးတော့
မွေးသင့်တာပေါ့။

ကိုယ့်တုန်းက
ဒီအရွယ် ဒီလိုအစ ခံခဲ့ရတာဘဲလေ။
ခုလည်း စတာဘဲ ဘာဖြစ်လဲ။
ကလေးကိုစရတာ
ပျော်စရာကောင်းလို့စတာ။
အဖြစ်သည်းမနေနဲ့။
ကလေးဆိုးလာရင်လည်း ရိုက်ဆုံးမပေါ့။

ဆိုတဲ့သူတွေ မေးပါရစေ။
ကိုယ်ငယ်ငယ် အစခံရတဲ့ နေရာမှာ
ရှိတုန်းက ပျော်ခဲ့ရလို့လား။
ကလေးစိတ်ကို နားမလည်နိုင်ရင်နေပါ။ ကလေးကို တယောက်တည်း
ပင်ပင်ပန်းပန်း ပြုစုပျိုးထောင်နေရတဲ့
မိခင်ကိုတော့
တဆိတ်လောက် နားလည်ပေးပါ။
စတဲ့သူက စပြီး ပြီးရော ဖြစ်ပေမယ့်
ကလေးကို ပြန်ပြုပြင်ပေးရတဲ့ မိဘတွေ စိတ်ရောလူရော ပင်ပန်းရပါတယ်။
ကျေးဇူး ပြုပြီး
ကလေးတွေကိုမ.စကြပါနဲ့လို့..

22/03/2025

Snack time 😁

 #သင်ပေးရမယ့် အရာလေးတွေဘေစင်သုံးပြီးရင် ရေစက်တွေကို သုတ်တာ၊kitchen သုံးပြီး သန့် ရှင်းအောင်ပြန်ထားတာ၊အိမ်သာရေချိုးခန်းသု...
11/03/2025

#သင်ပေးရမယ့် အရာလေးတွေ

ဘေစင်သုံးပြီးရင် ရေစက်တွေကို သုတ်တာ၊
kitchen သုံးပြီး သန့် ရှင်းအောင်ပြန်ထားတာ၊
အိမ်သာရေချိုးခန်းသုံးပြီး ရေနဲ့ ပြန်သန့်စင်တာ၊
အိမ်သာကထွက်ရင် ခြေထောက်ဆေးတာ၊
ပစ္စည်းတွေကို ယူခဲ့တဲ့နေရာမှာ ပြန်ထားတတ်တာ၊
ထိုင်ခုံကို သုံးပြီးရင် နေရာတကျပြန်တည့်မတ်ထားတာ၊
အိမ်ကြမ်းခင်းမှာ ခြေချရင် သဲ ဖုံ ကပ်မနေတာ၊
တံခါးဖွင့်ပိတ်ညင်သာတာ၊ လမ်းလျှောက်ရင် ခြေထောက်ကို ပင့်လျှောက်တာ ဖိနပ်ဆွဲသံမကြားအောင်လျှောက်တာ၊
အစားစားရင် အသံမမြည်တာ၊
မသန်စွမ်း၊သက်ကြီး၊ကိုယ်ဝန်သည်တွေကို ဦးစားပေး caring လုပ်တာ၊
စကားပြောရင် လူကြားရုံထက်ပိုကျယ်တဲ့ အသံနဲ့ မပြောတာ၊
စားပွဲထိုးကို ခေါ်ပုံခေါ်နည်း၊ စကားပြောနည်း၊
အမှိုက်ကားနား၊ အမှိုက်သန့်ရှင်းရေးသမားတွေနားကဖြတ်သွားရင် နှာခေါင်းမရှုံ့သင့်တာ၊
စတာတွေက လူ့အဆင့်အတန်းပဲ။ ဘယ်မှာမှ သင်တန်းဖွင့်ပြီးသင်နေတာမရှိသလို ဒါတွေဟာ ကြီးပြင်းလာတဲ့ပုံစံ ဖြတ်သန်းလာရတဲ့ ဘဝ စရိုက်တွေနဲ့ဆိုင်တယ်။
ဘယ်လောက် အဆင့်ရှိလဲဆိုရင်တော့ အဲ့သလောက်တော့ အဆင့်အတန်းရှိတယ်။
Credit

ဟိုနားဒီနား လည်လည်သွား❤️💙❤️
04/03/2025

ဟိုနားဒီနား လည်လည်သွား
❤️💙❤️

03/03/2025

😁😁

လည်လည်သွား🚗🌸🌸🌸
10/02/2025

လည်လည်သွား🚗
🌸🌸🌸

🧧 Gong Xi Fa Cai 🧧
28/01/2025

🧧 Gong Xi Fa Cai 🧧

အမွှေစိန်လေးတွေ 🦋🦋
18/01/2025

အမွှေစိန်လေးတွေ 🦋🦋

15/01/2025

Address


Website

Alerts

Be the first to know and let us send you an email when Yar Yar & Sar Sar the TWINS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram