21/01/2026
အခုတလော ၀မ်းပျက်၊ ၀မ်းလျှောရောဂါ ဘာကြောင့် အဖြစ်များနေတာလဲ?
လူကြီး၊ ကလေး မရွေး ၀မ်းပျက်၊ ၀မ်းလျှော (Acute Gastroenteritis) ဖြစ်ပွားသူတွေ များလာတာကို တွေ့ရပါတယ်။ ဒီလိုဖြစ်ရတာဟာ များသောအားဖြင့် virus ပိုးများကြောင့် ဖြစ်ပွားခြင်း ဖြစ်ပါတယ်။
Virus အမျိုးအစားအမျိုးမျိုးရှိပြီး ( Norovirus virus )ဟာဆိုရင် လူကြီး၊ ကလေး နှစ်မျိုးစလုံးမှာ ဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာအရပြတတ်တဲ့ ရုတ်တရက် ၀မ်းလျှောခြင်း၊ အန်ခြင်း၊ ဝမ်းဗိုက်ကိုက်ခဲခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒီပိုးမွှားဟာအစားအသောက်၊ ရေ၊ လက်မသန့်ရှင်းမှုကြောင့် လွယ်ကူစွာ ကူးစက်နိုင်ပါတယ်။
နောက်တစ်ခု (Rotavirus virus) အနေနဲ့ အထူးသဖြင့် ကလေးငယ်များတွင် အများဆုံးဖြစ်ပွားတတ်ပြီး လူကြီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ရောဂါလက္ခဏာအနေနဲ့ ၀မ်းလျှောတာ ပြင်းထန်ပြီး ရေဓာတ်ချို့တဲ့မှု ဖြစ်တတ်ပါတယ်။ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ သေချာပြောပြပြီး ကာကွယ်ဆေးထိုးနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ (Adenovirus or Astrovirus)ဟာဆိုရင်လည်း ကလေးငယ်များတွင် ဖြစ်တတ်တဲ့ ၀မ်းလျှောရောဂါတစ်မျိုးပါပဲ။ ၀မ်းပျက်၊ ၀မ်းလျှောတာ ရက်ကြာတတ်ပြီး ဖျားနာတာ၊ မအီမသာဖြစ်သာ၊ ရေဓါတ်ခန်းခြောက်တာတွေဖြစ်လာနိုင်ပါတယ်။
သတိထားရမယ့် လက္ခဏာများအနေနဲ့ ၀မ်းလျှောတာ၂–၃ ရက်ကျော် ဆက်တိုက်ဖြစ်နေရင်၊၀မ်းသွားရင်းသွေးပါရင်၊ဖျားနာတာကြာနေရင်၊ အရမ်းအန်နေရင်၊ရေမသောက်နိုင်တာတွေက ၀မ်းပျက်၊၀မ်းလျှောရောဂါ ဖြစ်ပွားနေခြင်းပါပဲ။
ဒီလိုအခြေအနေတွေမျိုးမှာ နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။
✅ ကာကွယ်နိုင်ဖို့ ဘာတွေ လုပ်သင့်လဲ?
✔️ လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးကြောပါ။
✔️ ရေကို ကျိုချက်ပြီး သောက်ပါ။
✔️ အစားအသောက်ကို သန့်ရှင်းစွာ ချက်ပြုတ်ပါ။
✔️ ၀မ်းလျှောချိန် ORS (ဓာတ်ဆားရေ)ကို မကြာခဏ သောက်ပါ။
✔️ ၀မ်းလျှောနေချိန် အစာမစားဘဲ မနေပါနဲ့။(အစာပျော့ပျော့စားနိုင်)
✔️ နို့နဲ့နို့ထွက်ပစ္စည်းပါသော အစားအစာများကို မစားပါနဲ့။
#ပီတိတိုး #ဝမ်းပျက်ဝမ်းလျှော #ဝမ်းကိုက်ရောဂါ #ကျန်းမာရေး #ဓာတ်ဆားရည် #ကလေးဝမ်းလျှော