Peti Toe Healthcare Clinic

Peti Toe Healthcare Clinic healthcare service

🎉 Happy New Year from our family to yours! 🎊နှစ်ဟောင်းကုန်ခါနီးမှာ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုခရီးကို ရွေးချယ်ယုံကြည်ခဲ့သေ...
31/12/2025

🎉 Happy New Year from our family to yours! 🎊

နှစ်ဟောင်းကုန်ခါနီးမှာ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုခရီးကို ရွေးချယ်ယုံကြည်ခဲ့သော အလေးအမြတ်ထားရဆုံး Clients များအားလုံးကိုရင်ထဲကနေ ကျေးဇူးအထူးတင်ပါတယ်။

နှစ်သစ် ၂၀၂၆ မှာ... အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ပါစေ။
မိတ်‌ဆွေတို့ရဲ့ရည်မှန်းချက်တွေ အကောင်အထည်ပေါ်ပါစေ။

အားလုံးပဲ ပျော်ရွှင်ကျန်းမာပြီး အောင်မြင်တဲ့ နှစ်သစ်ကြီး ကို ကြိုဆိုနိုင်ပါစေ။
ကျန်းမာချမ်းသာပြီး စီးပွားရေးများ တောက်ပပါစေ။

ပျော်ရွှင်သော နှစ်သစ်များစွာ ပိုင်ဆိုင်ပါစေ!
ယုံကြည်မှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ✨

မေမေ၊ ဖေဖေတို့ အားရှိစေဖို့ အိမ်လုပ် အာဟာရ ဖျော်ရည်လေးများအသက်ကြီးလာတဲ့ မိဘတွေရဲ့ ကျန်းမာရေးနဲ့ အားအင်ကို ဂရုစိုက်တဲ့အခါ...
27/12/2025

မေမေ၊ ဖေဖေတို့ အားရှိစေဖို့ အိမ်လုပ် အာဟာရ ဖျော်ရည်လေးများ

အသက်ကြီးလာတဲ့ မိဘတွေရဲ့ ကျန်းမာရေးနဲ့ အားအင်ကို ဂရုစိုက်တဲ့အခါ စားလို့ကောင်း၊ ချိုမြိန်၊ အာဟာရလည်းပြည့်ဝတဲ့ ဖျော်ရည်လေးတွေက အကောင်းဆုံး အဖော်မွန်ပါပဲ။ အိမ်မှာအလွယ်တကူရှိတဲ့ ပစ္စည်းလေးတွေနဲ့ ဘယ်လိုပြင်ဆင်ရမလဲဆိုတာ မျှဝေပေးပါလိုက်ပါတယ်။

🍌အားအင်ပြည့် ငှက်ပျောသီးဖျော်ရည်🍌
ပရိုတင်းဓာတ်ကြွယ်ဝပြီး ကြွက်သားအားနည်းတာကို ကာကွယ်ပေးနိုင်ပါတယ်။ ချိုချိုလေးမို့လည်း သောက်ချင်စရာကောင်းမှာပါ။

🍏အစိမ်းရောင်ရင့်ရင့် အသီးဖျော်ရည်🥝
အမျှင်ဓာတ်ကြွယ်ဝပြီး အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ သံပုရာရည်အနည်းငယ် ညှစ်ထည့်ရင် ပိုလတ်ဆတ်စေပါတယ်။

🥑 ထောပတ်သီးနှင့် နို့ဖျော်ရည်🥑
အိုမီဂါဓာတ်နဲ့ ကျန်းမာရေးကောင်းကျိုးများစွာ ပါဝင်ပါတယ်။ ချောမွေ့ပြီး ဝါးစရာမလိုတဲ့အတွက် သွားနဲ့ခံတွင်းမကောင်းတဲ့ လူကြီးတွေအတွက် သင့်တော်ပါတယ်။

အရသာကို မိဘစိတ်ကြိုက်ကိုသတိထားပြီးဖျော်ပေးပါ။
(ချိုချင်တယ်၊ ချဉ်ချင်တယ်၊ ပျစ်ချင်တယ် စသဖြင့် မေးပြီး ဖျော်ပေးလို့ရပါတယ်။)တစ်ခါသောက်များများထက် နည်းနည်းနဲ့ ကြိမ်ဖန်များများ တိုက်ပေးပါ။ဆရာဝန်ညွှန်ကြားချက်နဲ့ ကိုမမေ့ပါနဲ့
(အထူးသဖြင့် ဆီးချို၊ သွေးတိုး စတဲ့ ရောဂါအခံရှိပါက ဆရာဝန်နဲ့ တိုင်ပင်ပါ။)

🥛ဒီဖျော်ရည်လေးတွေက အာဟာရအတွက်သာမက၊ မိဘကို ဂရုစိုက်တဲ့ သင့်ရဲ့မေတ္တာကိုပါ ဖော်ပြနေပါတယ်။ ဖျော်တိုင်း ဖျော်တိုင်းမှာ ချစ်ခြင်းမေတ္တာလေးတွေ ထည့်ဖျော်ပေးဖို့ မမေ့ပါနဲ့နော်။💓

🧝🧙မိဘတိုင်း ကျန်းမာရွှင်လန်း၊ အားပြည့်နေကြပါစေ။💪💪

မိမိဆိုရင်ရောဘယ်လိုဖျော်ရည်မျိုး မိဘအတွက် ဖျော်ပေးလေ့ရှိလဲ? မျှဝေခဲ့ပါဦး!

👉အခြားဂရုစိုက်သူတွေဆီသို့ မျှဝေဖို့ သိမ်းထားလိုက်ပါ👈

#ပီတိတိုး #ကျန်းမာရေး #ကျန်းမာရေးစောင့်ရှောက်မှု
#သက်ကြီးရွယ်အိုကျန်းမာရေး #လူကြီးသူမများ #အာဟာရ #ကျန်းမာအာဟာရ #သဘာဝအာဟာရ #အိမ်တွင်းအာဟာရ
#အိမ်တွင်းစောင့်ရှောက်မှု #မိသားစုကျန်းမာရေး
#အိမ်လုပ်အာဟာရ #အိမ်တွင်းဖျော်ရည်

ဒီနှစ်တစ်နှစ်လုံး အတူရှိခဲ့တဲ့ပြီး ပံ့ပိုးပေးခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ချစ်ခင်ရသူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ ဒ...
25/12/2025

ဒီနှစ်တစ်နှစ်လုံး အတူရှိခဲ့တဲ့ပြီး ပံ့ပိုးပေးခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

ချစ်ခင်ရသူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ ဒီအထူးအချိန်ကို မျှဝေပြီး ပျော်ရွှင်နိုင်ကြပါစေ။

၂၀၂၆ ခုနှစ်မှာ ကောင်းချီးများ၊ အောင်မြင်မှုများနဲ့ ပြည့်စုံပါစေ။
ပျော်ရွှင်သော ခရစ္စမတ်နှင့် နှစ်သစ်မင်္ဂလာရှိပါစေ။

🎅❤️ ကောင်းချီးတွေ၊ ပျော်ရွှင်မှုတွေ၊ ပေါင်းစည်းမှုတွေနဲ့ ပြည့်နှက်တဲ့ ခရစ္စမတ်ဖြစ်ပါစေ။

> အားလုံးကို Merry Christmas ပါ။

>

“ဆီးချိုရှိသူများ အိမ်တွင် ခြေထောက် ဘယ်လိုစစ်ဆေး ဂရုစိုက်မလဲ” "ဆီးချိုကို ထိန်းတာ သွေးချိုတိုင်းတာရုံတင်မဟုတ်ဘူး၊ ခြေထော...
24/12/2025

“ဆီးချိုရှိသူများ အိမ်တွင် ခြေထောက် ဘယ်လိုစစ်ဆေး ဂရုစိုက်မလဲ”

"ဆီးချိုကို ထိန်းတာ သွေးချိုတိုင်းတာရုံတင်မဟုတ်ဘူး၊ ခြေထောက်လေးကို နေ့တိုင်းဂရုစိုက်ဖို့လည်း အရေးကြီးတယ်"။ အကြောင်းက ဆီးချိုရှိသူတွေမှာ အာရုံကြောထိခိုက်မှု (Neuropathy) နဲ့ သွေးလည်ပတ်မှု မကောင်းတာကြောင့် ခြေထောက်မှာ အနာပေါက်လွယ်၊ အနာကျက်နှေးကာ ပြင်းထန်တဲ့ ဆိုးကျိုးတွေ ဖြစ်စေနိုင်လို့ပါ။ ဒီနေ့မှာတော့ အိမ်မှာ ဘာတွေ လုပ်သင့်သလဲဆိုတာနဲ့ ပက်သက်ပြီး ပြောပြပေးမှာမလို့ ဂရုတစိုက်လေးဖတ်ပေးကြနော်။

သွေးတွင်းသကြားဓာတ်မြင့်မားခြင်းဟာ အာရုံကြောတွေကို ထိခိုက်စေပြီး ခြေထောက်မှာ ထုံကျဉ်မှုဖြစ်စေတတ်ပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှုလည်း မကောင်းတာကြောင့် အနာဖြစ်လွယ်ပြီး အကျက်နှေးတတ်ပါတယ်။

ဒီလိုဆိုးကျိုးတွေကို ကာကွယ်ဖို့ အိမ်မှာပဲ နေ့စဉ်လုပ်သင့်တဲ့ ခြေထောက်စစ်ဆေးခြင်းနည်းလမ်းလေးတွေ ရှိပါတယ်။

မနက်တိုင်း သို့မဟုတ် ညနေတိုင်း အချိန်သတ်မှတ်ပြီး ခြေထောက်ကို စစ်ဆေးပါ။ အလင်းရောင်ကောင်းတဲ့နေရာမှာ ထိုင်ပြီး ခြေထောက်တစ်ခုလုံးကို ဂရုတစိုက်ကြည့်ပါ။

အနာဒဏ်ရာ ရှိမရှိ သေချာရှာဖွေပါ။ ခြေဖဝါး၊ ခြေချောင်းကြား၊ ခြေဖနောင့် စတဲ့နေရာတိုင်းကို စစ်ဆေးပါ။ အသေးစားအနာလေးတွေတောင် မမေ့ပါနဲ့။

အရေပြားပြောင်းလဲမှုကို စစ်‌‌ဆေးပါ။
အရေပြားခြောက်သွေ့ကွဲအက်မှု၊ အနီကွက်ထမှု၊ ရောင်ရမ်းမှု၊ မှိုစွဲမှုရှိမရှိ သတိထားကြည့်ပါ။

ခြေသည်းပုံစံ ပြောင်းလဲနေသလား ဆန်းစစ်ပါ။ ခြေသည်းထူလာခြင်း၊ အတွင်းသို့ စူးဝင်ခြင်း၊ မှိုစွဲခြင်းတို့ ရှိမရှိ ကြည့်ပါ။

ထုံကျဉ်မှု သို့မဟုတ် နာကျင်မှုရှိသလား စမ်းသပ်ပါ။ ခြေထောက်ကို လက်ဖြင့်ထိ၍ အပူချိန်ပြောင်းလဲမှုကိုလည်း စစ်ဆေးပါ။

ဒီလိုနေ့စဉ်စစ်ဆေးမှုလေးဟာ မိနစ်ပိုင်းလေးပဲကြာပေမယ့် ကြီးမားတဲ့ပြဿနာတွေကို အစောကြီးသိရှိကာကွယ်နိုင်ပါတယ်။ ခြေထောက်ကို ဂရုစိုက်ခြင်းဟာ ဆီးချိုထိန်းချုပ်ရေးရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါပဲ။

တစ်ခုခု မူမှန်မဟုတ်တာတွေ့ရင် ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ပါ။ အနာဖြစ်မှ ကုသခြင်းထက် အနာမဖြစ်အောင် ကာကွယ်ခြင်းက ပိုကောင်းပါတယ်။

#ဆီးချို
#ဆီးချိုရောဂါ #ဆီးချိုအထူးကု #ဆီးချိုခြေထောက်
#အိမ်တွင်းကျန်းမာရေး

#ပီတိတိုး
#အိမ်ပင့်ဝန်ဆောင်မှု
#အိမ်ပင့်ကျန်းမာရေး

ပီတိတိုး Home Care Services ကျန်းမာရေး စောင့်ရှောက်မှုနှင့် အိမ်ပင့်ပြုစုစောင့်ရှောက်ခြင်း ၀န်ဆောင်မူ* သွေးပေါင်ချိန်၊ အ...
19/12/2025

ပီတိတိုး Home Care Services
ကျန်းမာရေး စောင့်ရှောက်မှုနှင့် အိမ်ပင့်ပြုစုစောင့်ရှောက်ခြင်း ၀န်ဆောင်မူ

* သွေးပေါင်ချိန်၊ အပူချိန် စစ်ဆေးပေးခြင်း၊
* ဆေးပေးခြင်း /IV / IM ဆေးထိုးပေးခြင်း၊
* ဒဏ်ရာ၊ ခွဲစိတ်ပြီး ဒဏ်ရာများ ပြန်လည်သန့်ရှင်းပေးခြင်း၊ဆေးထည့်ပေးခြင်း၊
* ဆီးပိုက်၊ နှာခေါင်းပိုက် (NG tube) ပြုစုခြင်း၊
* သွေးချို စစ်ဆေးပေးခြင်း၊
* အောက်စီဂျင် ပေးခြင်း၊ အသက်ရှူစက် အသုံးပြုခြင်း။

👩‍⚕️ နေ့စဉ်ဘဝအတွက် ကူညီမှု
* ရေချိုးပေးခြင်း၊ ကိုယ်ခန္ဓာ သန့်ရှင်းပေးခြင်း၊
* အစားအစာ ကျွေးမွေးပေးခြင်း၊
* အိမ်သာသွားရန် ကူညီပေးခြင်း၊
* လမ်းလျှောက်၊ ထိုင်၊ အိပ် အနေအထား ပြောင်းပေးခြင်း၊
* အိပ်ရာတွင် အကြာကြီးနေရသော လူနာများကို ခန္ဓာကိုယ် လှည့်ပေးခြင်း။
---
👵 လူကြီးမင်းများအတွက် စောင့်ရှောက်မှု

* အသက်ကြီးသူများ နေ့စဉ် ပြုစုစောင့်ရှောက်ခြင်း၊
* မေ့လျော့ရောဂါ (Alzheimer’s) ရှိသူများကို စောင့်ရှောက်ခြင်း၊
* ဆေးသောက်ချိန် သတိပေးခြင်း၊
* ဆေးဝါးကျွမ်းကျင်သူနာပြုအကူငှားရမ်းပေးခြင်းများကို
၂၄နာရီ service ဝန်ဆောင်မှုပေးခြင်း၊
*ကျွမ်းကျင် ဝါရင့်ဆရာဝန်ကြီးများ၊
*သူနာပြု ဆရာမကြီးများနှင့် သူနာပြုအကူ များဖြင့် ဝန်ဆောင်မှု ပေးခြင်း

၀န်ဆောင်မူနှင့် ပတ်သက်ပြီး သိလိုသမျှမေးမြန်နိုင်ရန်
☎️ ဖုန်းနံပါတ် ☎️
09 785533768
09 785533817
ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

booking ရယူရန်အတွက် chatbox တွင်
အမည်၊ဖုန်းနံပါတ်ချန်ထားပေးလို့ရပါတယ်ရှင့်။

#ပီတိတိုးအိမ်ပင့်ပြုစုစောင့်ရှောက်ဝန်ဆောင်မှု #အိမ်ပင့်သူနာပြုဝန်ဆောင်မှု #လူကြီးပြုစုစောင့်ရှောက်ရေး #အိမ်တွင်းဆေးပြုစုစောင့်ရှောက်မှု #အိမ်ပင့်ဝန်ဆောင်မှု #အိမ်ပင့်ကျန်းမာရေး #ပြင်ပလူနာစောင့်ရှောက်မှု #သက်ကြီးပြုစုစောင့်ရှောက်ရေး #၂၄နာရီသူနာပြုဝန်ဆောင်မှု

မင်္ဂလာရှိသော ကရင်နှစ်သစ်ကူးနေ့မှာ တိုင်းရင်းသားအားလုံး ကျန်းမာပျော်ရွှင်ခြင်းနှင့် ဘေးဘရာ ကင်းဝေးပါစေ‌ကြောင်းPeti Toe H...
19/12/2025

မင်္ဂလာရှိသော ကရင်နှစ်သစ်ကူးနေ့မှာ တိုင်းရင်းသားအားလုံး ကျန်းမာပျော်ရွှင်ခြင်းနှင့်
ဘေးဘရာ ကင်းဝေးပါစေ‌ကြောင်း
Peti Toe Healthcare Clinic အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

သွေးတိုးကို "ငန်းကြောင်" လို့ တင်စားကြတာ အကြောင်းရှိပါတယ်။ တိတ်တဆိတ် ကြိုတင်မသိဘဲ နှလုံး၊ ဦးနှောက်နဲ့ ကျောက်ကပ်ကို ထိခို...
16/12/2025

သွေးတိုးကို "ငန်းကြောင်" လို့ တင်စားကြတာ အကြောင်းရှိပါတယ်။ တိတ်တဆိတ် ကြိုတင်မသိဘဲ နှလုံး၊ ဦးနှောက်နဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်လို့ပါ။ ဒီနေ့မှာတော့ ဆေးခန်းသွားစရာမလိုဘဲ အိမ်မှာနေရင်း သွေးတိုးကို ထိထိရောက်ရောက် ထိန်းနိုင်မယ့် လက်တွေ့နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

ပထမဆုံး အချက်က "သွေးတိုးနေလားဆိုတာ နေ့စဉ်စစ်ဆေးပေးပါ"။ အိမ်မှာ သွေးတိုးတိုင်းကိရိယာ (BP Machine) တစ်လုံး ထားပါ။ မနက်အိပ်ရာထချိန်နဲ့ ညနေခင်း တစ်နေ့နှစ်ကြိမ်ခန့် ပုံမှန်တိုင်းတာပြီး မှတ်တမ်းလုပ်ထားပါ။ ဒါဟာ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို သိရှိစေဖို့ ပထမဆုံး လှေကားထစ်ပါပဲ။

ဒုတိယအချက်က "ဆားကို အစားထိုးပါ"။ ဆားလျှော့ဖို့ပြောတိုင်း အရသာပျက်မှာစိုးလို့ ခက်နေကြတယ်မလား။ လျှော့ရမယ်ဆိုတာ သိပ်မစားနိုင်တော့တာမဟုတ်ပါဘူး။ ဆားအစား သဘာဝဟင်းခတ်အမွှေးအကြိုင်တွေကို ပိုသုံးကြည့်ပါ။ ကြက်သွန်ဖြူ၊ ဂျင်း၊ ပင်စိမ်း၊ နနွင်း၊ သံပရာရည်၊ မှိုခြောက်၊ ချဉ်ဖတ်တို့က ဟင်းကို အရသာပြည့်ဝစေပါတယ်။ ဈေးဝယ်တဲ့အခါ ပြုပြင်ထားတဲ့ အစားအစာတွေ (ငါးခြောက်၊ ဝက်အူချောင်း၊ ချဉ်ဖတ်အမျိုးမျိုး) ရဲ့ ဆိုဒီယမ်ပါဝင်မှု ဘယ်လောက်ပါလဲဆိုတာ ကြည့်ပြီး၀ယ်တဲ့ အလေ့အထလေးမွေးပါ။

တတိယအချက်က "လှုပ်လှုပ်ရှားရှားနေပါ"။ အားကစားခန်းမကြီးသွားစရာမလိုပါဘူး။ မနက်စောစော (သို့) ညနေခင်းလေအေးအေးမှာ မိနစ် ၃၀ ခန့် လမ်းမြန်မြန်လျှောက်တာ၊ အိမ်အလုပ်လုပ်တာ၊ ယောဂကျင့်တာတွေကို ပုံမှန်လုပ်ပေးပါ။ ဒါက သွေးကြောတွေကို အလုပ်လုပ်စေပြီး သွေးပေါင်ကို ကျစေနိုင်ပါတယ်။

နောက်ဆုံးအချက် ဒါပေမယ့် အရေးအကြီးဆုံးအချက်က "စိတ်ကိုအေးချမ်းအောင်ထားပါ"။ စိတ်ဖိစီးမှုဟာ သွေးတိုးရဲ့ ရန်သူကြီးပါ။ တစ်နေ့ကို မိနစ်အနည်းငယ်လောက် ငြိမ်ငြိမ်လေးထိုင်ပြီး အသက်ရူလေ့ကျင့်ခန်းလုပ်ပါ။ မိသားစုနဲ့ အချိန်ဖြုန်းတာ၊ စာအုပ်စာပေဖတ်တာ၊ သီချင်းနားထောင်တာတွေက စိတ်ဖိစီးမှုဟော်မုန်းတွေကို လျော့ကျစေပါတယ်။

သွေးတိုးဆိုတာ တစ်သက်လုံးယှဉ်တွဲနေရမယ့် အခြေအနေတစ်ခုပါ။ ဒါပေမယ့် ကြောက်စရာမလိုပါဘူး။ ကောင်းမွန်တဲ့ နေထိုင်မှုပုံစံနဲ့ အိမ်တွင်းစောင့်ရှောက်မှုလေးတွေကို ပုံမှန်လုပ်သွားရင် သာမန်လူတစ်ယောက်လိုပဲ အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်မှာ အသေအချာပါပဲ။

#သွေးတိုး #ဆားလျှော့ #အိမ်တွင်းကျန်းမာရေး

#အိမ်ပင့်ဝန်ဆောင်မှု
#အိမ်ပင့်ကျန်းမာရေး

21/05/2025

ကျန်းမာရေးဝန်ဆောင်မှုများအတွက်
09785533768
09785533817 ဖုန်းများကို
မနက်၉နာရီမှ ညနေ၅နာရီတွင်း
ဆက်သွယ်မေးမြန်းပေးပါရှင် 🙏

Address

Yangon
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959785533768

Website

Alerts

Be the first to know and let us send you an email when Peti Toe Healthcare Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Peti Toe Healthcare Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram