26/09/2025
📌 𝐂𝐚𝐥𝐜𝐢𝐮𝐦 ဓာတ်ချို့တဲ့ခြင်းနှင့် ကလေးကျန်းမာရေး
✅ အာဟာရဓာတ်မျိုးစုံထဲမှာမှ 𝐂𝐚𝐥𝐜𝐢𝐮𝐦 ဓာတ်မပါတဲ့ အစာတွေပဲ ကလေးကို ကျွေးမိနေရင် ဖြစ်လာနိုင်မည့် နောက်ပိုင်းဆိုးကျိုးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်...
👉 အချိန်ကြာလာတာနဲ့အမျှ ကိုယ်ချစ်ရတဲ့ကလေးရဲ့ ခန္ဓာကိုယ်မှာ 𝐂𝐚𝐥𝐜𝐢𝐮𝐦 လုံ့လုံ့လောက်လောက် မရှိလာတော့ဘူးဆိုရင်
✅ ခန္ဓာကိုယ်ရှိ အရိုးတွေ၊ သွားတွေ ကျန်းမာသန်စွမ်းခြင်းတွေလျော့နည်းလာမယ်...
✅ ကြွက်သားတွေ အားနည်းလာမယ်...
✅ အရပ်ရှည်သင့်သလောက်မရှည်တာတွေဖြစ်လာမယ်...
✅ အာရုံကြောဆိုင်ရာ မူမမှန်ခြင်း စတာတွေ ကြုံလာရမှာ ဖြစ်ပါတယ်...
📌 ဒါ့အပြင် ကလေးရဲ့ ခန္ဓာကိုယ်မှာ 𝐂𝐚𝐥𝐜𝐢𝐮𝐦 ဓာတ်လျော့နည်းလာခြင်းနှင့်အတူ ကြီးပြင်လာမယ်ဆိုရင်...
👉 (𝐎𝐬𝐭𝐞𝐨𝐩𝐞𝐧𝐢𝐚) လို့ ခေါ်တဲ့ အရိုးထုထည်လျော့ပါးလာခြင်း ဖြစ်လာနိုင်ပြီး အာဟာရစုံလင်စွာမကျွေးဘူး၊ မကုသဘူးဆိုရင်တော့ အရိုးပါး/ အရိုးပွ ရောဂါပါ ဖြစ်လာတတ်ပါတယ်...
📌 ဒါကြောင့် 𝐂𝐚𝐥𝐜𝐢𝐮𝐦 ဆိုတာ ကလေး၊ မိဘတွေရဲ့ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်...
✅ 𝐂𝐚𝐥𝐜𝐢𝐮𝐦 ကို နို့ နှင့် နို့ထွက် ပစ္စည်းအမျိုးမျိုး၊ ဒိန်ချဥ်၊ ဒိန်ခဲ၊ 𝐒𝐚𝐥𝐦𝐨𝐧 ငါး၊ အစိမ်းရင့်ရောင်ရှိသော အရွက်များ၊ ပေါင်မုန့်၊ဂေါ်ဖီထုတ်နှင့် ပန်းမုန်လာမျိုး စတာတွေမှာ ရရှိနိုင်ပါတယ်...
ဒေါက်တာဝေဖြိုး-ပြည်သူ့ကျန်းမာ
𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞𝐬
📌Ellis, S., 2019. LIVESTRONG.COM. [Online]
Available at: https://www.livestrong.com/.../473921-the-effects-of.../
[Accessed 23 June 2023].
📌Kahn, A., 2019. healthline. [Online]
Available at: https://www.healthline.com/.../calcium-deficiency-disease...
[Accessed 23 June 2023].
📌NIH, 2022. National Institutes of Health. [Online]
Available at: https://ods.od.nih.gov/factsheets/Calcium-Consumer/....
[Accessed 23 June 2023].