Prof Than Win

Prof Than Win Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Prof Than Win, Naypyitaw.

14/08/2025

Từ ngày 14/08/2025, Chúng tôi thông báo đổi tên tràng từ ''Prof Than Win '' thành '' Lyra Boutique'' để phù hợp với kinh doanh và hoạt động của công ty.
Cảm ơn các bạn vẫn theo doi và ủng hộ chúng mình.
From 14/08/2025, we nanounce to change the page name from ''Prof Than Win '' to ''Lyra Boutique'' to match the business and operations of the company.
Thanh you for still following and supposrting me.

sharing.   ရွှေဥမင် ဆရာတော်ဘုရားကြီး။ ဓမ္မသဘောနဲ့ ငါ့သဘော။ ငါ တရားမှ ရပါ့မလား၊ ပါရမီမှ ရှိပါ့မလား စသည်ဖြင့် မတွေးတော မပူ...
03/06/2025

sharing. ရွှေဥမင် ဆရာတော်ဘုရားကြီး။

ဓမ္မသဘောနဲ့ ငါ့သဘော။

ငါ တရားမှ ရပါ့မလား၊ ပါရမီမှ ရှိပါ့မလား စသည်ဖြင့် မတွေးတော မပူပန် မရွတ်အံ မကြံစည်ပါနဲ့။

ငါ ပါရမီရှိလို့ အခုလို တရားကောင်းများ အားထုတ်ခွင့် ရတာပဲလို့ ယုံကြည် စွဲမြဲထားပါ။ ဘာပဲ ညာပဲ တွေးမနေပါနဲ့။

အခုလို ဘုရား သာသနာတော်နဲ့ တွေ့လို့ ဘုရားဖူးရ၊ တရားနာရရုံမျှမက ကိုယ်တိုင်ပင် ကိုယ်တွင်းတရားကို
သိမြင်အောင် အားထုတ်နေတဲ့သူ ဖြစ်လို့ ငါဟာ ပါရမီရှိလို့ပဲ ဆိုတာ ယုံကြည် အားတက်ပါ။

အားထုတ်ရင် အမြန်နဲ့ အနှေး၊ အနည်းနဲ့ အများ ဒီလိုသာ ကွဲပြားတာပါ။

မရ မရှိလို့ ဉာဏ် သတိ ညှိခါ ဟိုဟိုဒီဒီ စိတ်ကို မသွားစေပဲ ကိုယ်တွင်းမှာပဲ တည်စေရင် မြင်တော့မယ်လို့ မှတ်ပါ။

အချို့က ကြာကြာထားရင် ညောင်း ကိုက် ထုံ ကျင် စတဲ့
ဆင်းရဲတော့ ဖြစ်တာပေါ့လို့ ခပ်ပေါ့ပေါ့ ပြောဆို တတ်ကြပါတယ်။

ဒီလို ဒုက္ခမျိုးဟာ ဒုက္ခမစစ်၊ သန္တတိ ဒုက္ခသာဖြစ်ပါတယ်။

ရှေးဦးစွာ သန္တတိဒုက္ခကို မြင်ရပြီး နောက်တော့ ခဏိကဒုက္ခ ခဏမစဲ တသဲသဲနဲ့ ရုပ် နာမ်တရားတို့ရဲ့ ဖြစ်ပျက်တွေ တွေ့မြင်ရပါလိမ့်မယ်။

စိတ်တည်အောင် သတိ ရှိပါစေ။ သတိ ရှိအောင် ဝီရိယ စိုက်ပါ။

နွားကို လွှတ်ထားရင် သွားနေမှာပါပဲ။ ကြိုးခိုင်ခိုင်နဲ့ ငုတ်တိုင်မှာ ချည်ထားမှ ငြိမ်မှာပါ။ လွတ်သွားရင် ပြန်ပြီး ချည်ထားပါ။

အဲဒီနည်းတူ စိတ်ဆိုတဲ့ နွားကို သတိ ဆိုတဲ့ ကြိုးနဲ့ အပူ အအေး အလှုပ် ဆိုတဲ့ တိုင် တစ်တိုင်တိုင်မှာ ခိုင်အောင် ချည်ထားပါ။ လွတ်မှန်းသိရင် ခိုင်အောင် ပြန်ချည်ပါ။

ကြာတော့ တည်ငြိမ် လာပါလိမ့်မယ်။ တည်ရင် တွေ့မြင် ပါလိမ့်မယ်။ မတည်ငြိမ်က မမြင်နိူင်ဘူးလို့ မှတ်ပါ။

ထိုင်မှန်း သိတယ် ဆိုတာက ထိုင်နေတဲ့အခါ အပူ အအေး အလှုပ် အငြိမ် စစ်စစ် ဒိပ်ဒိပ် ရွရွ စတာကို
ကိုယ်တွေ့ ဉာဏ်တွေ့ သိတဲ့အခါ ငါထိုင် ယောက်ျားထိုင် မိန်းမထိုင် ဆိုတဲ့ ပညတ် သဘောတွေ ပျောက်ပြီး
ရုပ်စုထိုင်၊ နာမ်စုသိ ဆိုတဲ့ တကယ်တမ်းရှိတဲ့ ပရမတ် အစစ်အမှန်ရဲ့ တစ်ထိုင်ထဲမှာ အမျိုးမျိုး မပြတ်
ဖြစ်နေ ပျက်နေ တာကိုပဲ တစ်ထိုင် သံသရာ၊ တစ်အိပ် သံသရာ စသည် ခေါ်ဆိုတယ်လို့ မှတ်ပါ။

အခု တရား အားထုတ်ကြတာဟာ အမှန်သိမှု သမ္မာဒိဋ္ဌိ ဖြစ်ဖို့ပါပဲ။ အဲဒီလိုဖြစ်ဖို့ရာ ဓမ္မသဘော သက်သက် ဖြစ်ရမယ်၊ ငါ့သဘော မလုပ်ရဘူး။

ဟိုလိုလုပ်ရင် ကောင်းနိုးနိုး၊ ဒီလိုလုပ်ရင် ကောင်းနိုးနိုး
စိတ် တည်ငြိမ်အောင် အတင်း လုပ်ကြတယ်။

ငါလုပ် ငါရ ဆိုတဲ့ သဘောမျိုး မပါရဘူး။ ဓမ္မသဘော သက်သက်ပဲ။

သတိထားနေရင် သိမှုတွေ ဖြစ်ပေါ်လာတယ်။ သိမှုတွေ ထပ်ကာ ထပ်ကာ ဖြစ်သွားအောင် ကြောင့်ကြစိုက် ပေးရင် ဝီရိယမဂ္ဂင်ပဲ။

အာရုံပေါ် စိတ်တွေ တန်းတန်းမတ်မတ် ရောက်သွားတာ၊ စူးစိုက်နေတာဟာ သမာဓိမဂ္ဂင်ပဲ။

စိတ် စေတသိက်တွေ အာရုံပေါ် ရောက်သွားအောင် ပို့ဆောင်ပေးတာ သမ္မာသင်္ကပ္ပ မဂ္ဂင်ပဲ။

အဲဒီလို သူ့ပို့ဆောင်ချက် ကောင်းရင် ကောင်းသလောက် ဖြစ်သွားရင် သမ္မာဒိဋ္ဌိ ဖြစ်ပါတယ်။

ဟောဒီ ငါးမျိုး ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ၊ ဝိတက် ပြည့်စုံရင် အမှန်သိသွားတယ်။

အမှန် သိသွားတဲ့ အတွက် အမှားတစ်ခု တုပ်နှောင်မှုဖြစ်တဲ့ ဒိဋ္ဌိ အနှောင်အဖွဲ့က လွတ်သွားပြီ ဆိုရင်တော့ တဏှာ ရေယာဉ်ကြောမှာ မျှောစရာ မလိုတော့ပါဘူး။

ရွှေဥမင် ဆရာတော်ဘုရားကြီး
Via: ဥဇၨယ

၁၁၇  (ဒေါက်တာသစ်လွင် တရားဆွေးနွေးချက်များ မျှဝေခြင်း)2025 သင်္ကြန်တရားစခန်း (၅) Dr Thit Lwin Sunday Zoom  အတွေ့များရမယ်....
15/05/2025

၁၁၇ (ဒေါက်တာသစ်လွင် တရားဆွေးနွေးချက်များ မျှဝေခြင်း)
2025 သင်္ကြန်တရားစခန်း (၅) Dr Thit Lwin Sunday Zoom

အတွေ့များရမယ်. စိတ်လှုပ်ရှားမှုနည်းရမယ်။

ဝိပဿနာဆိုသည်မှာ ခန္ဓာတွေ့ရမယ်. ဉာဏ်ဖြစ်ရမယ်. များများတွေ့အောင် ကျင့်ရမယ်။ အရှုခံတွေ့တဲ့အခါ စိတ်အေးရဲ့လား. စိတ်အေးမှ ဉာဏ်ဖြစ်မယ်. ဉာဏ်ဖြစ်တဲ့အခါ စိတ်အေးရမယ်။ ဉာဏ်ဖြစ်ရင် အပျော်လွန်သွားတာရှိတယ်. အတင်းလိုက်ကြည့်နေတာ ဖြစ်တတ်တယ်. emotion ကို သတိထား. ဉာဏ်ဖြစ်တဲ့အခါ စိတ်လှုပ်ရှားတတ်တယ်. မတွေ့တဲ့အခါ စိတ်လှုပ်ရှားတတ်တယ်။ တရားအားထုတ်သူက အတွေ့များရမယ်. စိတ်လှုပ်ရှားမှုနည်းရမယ်။ စိတ်လှုပ်ရှားမှုများတာကို စာလိုပြောတေ့ာ ဥပက္ကိ‌လေသ။ ဉာဏ်ဖြစ်ရင် သတိထားရမဲ့အချက်က စိတ်သိပ်မလှုပ်ရှားစေနဲ့. စိတ်ငြိမ်အောင်ထား။ အတွေ့များလာတေ့ာမှ ပူ တိုး တင်းတာတွေ မတည်မမြဲ ဖောက်ပြန်တာပဲဆိုတဲ့ တွေ့ရှိချက်တွေ အားကောင်းလာတေ့ာမှ ဒါတွေချည်းပဲဆိုတာ နားလည်လာတယ်။ ဒီအာရုံဖက် ကပ်တာ စိုက်တာ လိုက်တာ မလုပ်တေ့ာဘူး. သာသာလေးပဲ ကြည့်တော့တယ်။

https://youtu.be/5i8OxhKYFaY?si=-jRy0dvP1W2v0ptW

သုတမယနဲ့ ဒိဋ္ဌိခွာ

ဒါတွေချည်းပဲ နားလည်ပြီးတေ့ာ သာသာကြည့်တဲ့အချိန်ကစပြီး အကျင့်နဲ့ ဒိဋ္ဌိခွာပြီလို့ မှတ်လိုက်တေ့ာ။ ဉာဏ်ဖြစ်ပြီး အတွေ့များပြီးမှ ဒါတွေချည်းပဲဆိုပြီး ကိုယ့်စိတ်က သူတို့နောက်မလိုက်ပဲ သာသာလေး ကြည့်တဲ့အဆင့် ပြောင်းရမယ်။ ဒိဋ္ဌိခွာတာ ဖြုတ်တာ ပြုတ်တာ ပထမတေ့ာ သုတမယ။ ကပ်နေလိုက်နေတာတွေကို ခွာရတယ်. လောဘ ဒေါသနဲ့ရှုတာ လျှော့ရတယ်. ဝေဒနာပေါ်လာတဲ့အခါ ဒေါသလျှော့ရတယ်. ကြိုက်နေလိုက်နေတဲ့ လောဘလျှော့ရတယ်။ သူ့ဟာသူ ဖြစ်တာတွေပဲ. သူ့သဘောပဲ. သိရုံပဲသိရမဲ့အလုပ်ပဲ. ဝင်ပါလို့မရဘူး. သူ့အတိုင်းထားရမယ်ဆိုတာ သုတမယနဲ့ ခွာရတာ။ သုတမယနဲ့ သူ့နောက်မလိုက်ပဲ အေးအေးဆေးဆေး ကြည့်တဲ့အကျင့် ဆရာတို့က သင်ပေးတယ်။

အကျင့်နဲ့ ဒိဋ္ဌိခွာ။ သင်္ခါရုပေက္ခာ။

စိတ်အေးအေးထား သတိထားစောင့်ကြည့် သုတမယနဲ့ ဒိဋ္ဌိကွာတာ ကျင့်ရင်းကျင့်ရင်း ပူ တိုး တင်း အရှုခံတွေ့လာပြီ. ဉာဏ်ဖြစ်လာပြီ. ပြောင်းလဲဖောက်ပြန်တာ တွေ့လာရင် အတွေ့များအောင်ကျင့်။ ဒါတွေချည်းပဲလို့ သဘောပေါက်သွားတဲ့ ဉာဏ်ရသွားတဲ့အခါ ဉာဏ်ကနေခွာတာ. သူတို့နောက် မလိုက်တေ့ာဘူး. ကိုယ့်ရှေ့မှာ သူတို့ပေါ်ချင်တာပေါ် ထိုင်ကြည့်နေတယ်ဆိုရင် ဒိဋ္ဌိကို အကျင့်နဲ့ခွာတာ။
ဒီကနေ တစ်ဆင့်တက်သွားတဲ့အခါ အပျက်တွေချည်းပဲ အတွေ့များပြီး ငြီးငွေ့သွားမယ်. ဆင်းရဲခြင်းတွေ အတွေ့များလာမယ်. ဒါတွေရဲ့ ဖြစ်ခြင်းပျက်ခြင်းဟာ ဆင်းရဲခြင်းသက်သက်ပါပဲလို့ ဒုက္ခကိိုတွေ့လာမယ်. စောစောက အနိစ္စပဲတွေ့ အနတ္တဆင်ခြင်တာကနေ ဆင်းရဲခြင်းတွေတွေ့ပြီး ဆင်းရဲခြင်းတွေကို မလိုချင်တေ့ာပဲ လွတ်မြောက်လာတဲ့အဆင့် မရောက်ခင်လေးမှာ အဲ့ဒါတွေအကုန်လုံးကို ဥပေက္ခာ ထားရသေးတယ် သင်္ခါရုပေက္ခာ။

ဖယ်ရှားခြင်းနဲ့ ဒိဋ္ဌိပြုတ်

ဒီဆင်းရဲတွေရဲ့ လွတ်ရာလွတ်ကြောင်းကို မျှော်ကျင့်ရင်း အရိပ်အရောင်လေးတွေ့. နည်းနည်းမျှော်လိုက် ကျင့်လိုက်၊ ဆင်းရဲတာတွေ့လိုက် ထပ်ကာထပ်ကာပွားလိုက် လွတ်ချင်စိတ်ပေါ်လိုက် အဲ့လိုတွေ ကျင့်နေရသေးတယ်။ ကိုယ်မျှော်ထားတဲ့ အေးချမ်းမှုလေး အားကောင်းလာရင် ဆင်းရဲတာတွေ လွှတ်ချချင်လာတယ်။ နည်းနည်းလွှတ်ချလေ ဟိုဖက်က ထင်ရှားလာလေ. နိဗ္ဗာန်ရဲ့ အရိပ်အယောင် ထင်ရှားလာလေ ပိုလွှတ်ချလေ။ ချမ်းသာတဲ့အာရုံ တွေ့တယ်. ဆင်းရဲတဲ့အာရုံ လွှတ်ချလာတယ်။ နောက်ဆုံး အပြီးတိုင်လွှတ်ချလိုက်တာ ဒိဋ္ဌိ အပြီးတိုင်ပြုတ်သွားတာ ဖယ်ရှားခြင်းနဲ့ပြုတ်တာ အပယ်နဲ့ပြုတ်တာ။ ခန္ဓာဉာဏ်ရောက် ဖြစ်လာရင် ခံစားမှု ရှေ့တန်းမတင်နဲ့. အတွေ့များအောင်လုပ်။ အတွေ့များတေ့ာမှ ဉာဏ်ကခွာမယ်. နောက်ပိုင်းကျတေ့ာ ဉာဏ်ကဖြုတ်လိမ့်မယ်. ဒါသွားတဲ့ ဖြစ်စဉ်ပဲ။

ရုပ်မှာ ဉာဏ်ဖြစ်ထားရင် ဝေဒနာမှာ အခက်အခဲမရှိ

ဝေဒနာမဖြစ်ခင် မရှုခင် ရုပ်မှာ ဉာဏ်ဖြစ်ထားရမယ်။ သတိ ဝီရိယ သမာဓိ ပညာ ပါသွားပြီ. စိတ်အေးအေးထားတဲ့အကျင့် ဝီရိယနဲ့ထိန်းတဲ့အကျင့် သမာဓိနဲ့အရှုခံတွေ့တဲ့အကျင့် တည်ငြိမ်တဲ့အကျင့် ဉာဏ်နဲ့သုံးသပ်တဲ့အကျင့်တွေ အကုန်ပါသွားပြီ။ တစ်နည်းအားဖြင့် မဂ္ဂင်တွေ အလုပ်လုပ်နေပြီ. ဣန္ဒြေတွေ ညှိနေပြီ။ ရုပ်မှာ ဉာဏ်ဖြစ်ထားရင် ဝေဒနာမှာ အခက်အခဲမရှိဘူး. လွယ်တယ်။ ဒီရုပ်တွေ ကြမ်းတမ်းလာလို့ ဝေဒနာဖြစ်တာ ဖြစ်ခြင်းကြောင့် သူကြမ်းလည်း ကိုယ်က အေးဆေးပဲ လိုက်ကြည့်လို့ရသွားတယ်။ ဝေဒနာမဖြစ်ခင် ရုပ်တွေမှာ ဉာဏ်ဖြစ်အောင်ကျင့်ထား. ဝေဒနာဖြစ်ရင် စိတ်အေးအေးနဲ့ရှု။

ဝေဒနာ ၅ မျိုး။ ကာယိကဒုက္ခဝေဒနာ

ဝေဒနာမဖြစ်ခင် ဉာဏ်ဖြစ်ပေမဲ့ ကျိုးတို့ကျဲတဲ စိတ်အားမကောင်းဘူး. ဝေဒနာကလည်း ပြင်းထန်လာရင် စိတ်မတည်ငြိမ်ဘူးဆိုရင် စိတ်အေးအောင် ပြန်လုပ်ရတယ်။ စိတ်လျှော့ နှလုံးသွင်းထည့်. သူ့သဘောနဲ့သူ ဖြစ်တာပဲ၊ ဝေဒနာဆိုတာ ကာယရှိရင် ဖြစ်မှာပဲ. ကိုယ်ရှိလို့ ဝေဒနာဖြစ်တာပဲ. စိတ်မှာရှိတဲ့ဝေဒနာလည်း စိတ်ရှိလို့ဖြစ်တာပဲ။ ကိုယ်မှာရှိတဲ့ဝေဒနာနဲ့ စိတ်မှာရှိတဲ့ဝေဒနာ ပေါင်းလိုက်ရင် ၅ မျိုးရှိတဲ့အထဲက ကာယိကဒုက္ခဝေဒနာပဲ သင်သေးတယ်။ ကာယိကသုခ စေတိသက သောမနဿ ဒေါမနဿ ဥပေက္ခာ မသင်သေးဘူး။ ကာယိကဒုက္ခဝေဒနာကို ကျွမ်းကျွမ်းကျင်ကျင် ရှုနိုင်ရင်ကိုပဲ နိဗ္ဗာန်ရောက်တယ်. ဒီတစ်ခုရှုတတ်ရင် သုခတွေ စေတသိကတွေ အကုန်ရှုတတ်တယ်. မခက်ဘူး။

စိတ်က တုန်လှုပ်နေရင် စိတ်ငြိမ်အောင် အရင်လုပ်

နာ ကျင် ကိုက် ခဲ ညောင်း ကာယိကဒုက္ခတွေကို သတိ ဝီရိယ သမာဓိ ပညာ အဆင်သင့်ဖြစ်နေရင် ရှုလို့ရတာ အကောင်းဆုံး အခြေအနေ။ စိတ်က တုန်လှုပ်နေရင် စိတ်ငြိမ်အောင် အရင်လုပ်ပြီးမှရှုပါ. စိတ်အေးအေးထား သတိထား စောင့်ကြည့်. သူ့မှာရှိတဲ့ ရုပ်သဘောတွေ့ရင် လေ့လာသုံးသပ်။ စိတ်ငြိမ်အောင် လုပ်လို့မရဘူးဆိုရင် တခြားအာရုံပြောင်းတာနဲ့ ဒီစိတ်ငြိမ်အောင် တခြားနည်းတွေ သုံးကြည့်တာ။ စိတ်လျှော့ပြီး တခြားအာရုံပြု ဂုဏ်တော်ပွားတာ မေတ္တာပွားတာ ပရိတ်ပဋ္ဌာန်းရွတ်တာ လုပ်ကြည့်။ မရရင် အထိုက်အလျှောက် နည်းနည်းပြင်ကြည့်. ကိုယ်ကာယ အနေအထားပြင်ကြည့်. မျက်လုံးဖွင့်ကြည့်။ အားစိုက်နေတဲ့စိတ်ကို ပြန်လျှော့ချပြီး တင်တဲ့နည်း သုံးကြည့်။ ထိုင်ရက် စိတ်လျှော့ဖို့က စိတ်စိတ်ချင်းလျှော့တာ နှလုံးသွင်းတဲ့နည်းနဲ့ လျှော့တာကနေ ကိုယ်ကာယကိုပါ အနည်းငယ် ပြုပြင်ပြီးတေ့ာ လျှော့တဲ့နည်း။

အဲ့ဒါမှ မအောင်မြင်ရင် အကုန်လွတ်ချတဲ့နည်း၊ ဝေဒနာလည်း မရှုတေ့ာဘူး. ဘာမှမရှုတေ့ာဘူး. တခြားကိုယ်ပေါ်မှာ ရှုနေကျ နှာသီး၀လိုမျိုး သွားပြောင်းရှုတာ။ ဒီ ၃ နည်းမှာ ဘယ်ဟာမှမလွယ်ဘူး. လုပ်ကြည့်မှပဲ သိမယ်။ ကိုယ်ကာယမှာ ပြင်းထန်နေတဲ့အချိန် စိတ်တင်းကြပ်နေလို့ အာရုံပြုကြည့် တခါတခါ နှာခေါင်းတောင် မတွေ့ဘူး. နှာသီး၀ဆိုတာ စိတ်အေးမှတွေ့တာ။ မူလကမ္မဋ္ဌာန်းကို ပြန်ရှုပါဆိုတာ အပြောသာလွယ်တာ. စိတ်မအေးတေ့ာ မူလကမ္မဋ္ဌာန်းလည်း မတွေ့တာများတယ်. တွေ့ရင်ရှု.
- နှလုံးသွင်းဆင်ခြင်ပြီး ရှုတဲ့နည်း.
- ကိုယ်ကာယကို နည်းနည်းပါးပါး အထိုက်အလျှောက်ပြင်ပြီး ပြန်ရှုတဲ့နည်း.
- နှာသီး၀လိုမျိုး အာရုံပြောင်း ရှုတဲ့နည်း.

စိတ်သက်သာရာရအောင် အရင်ရှုပါ. ဖြေးဖြေး အေးအေး ပြန်ရှုပါ

ဒီ ၃ နည်း အဆင်ပြေသလိုလုပ်. အဓိက စိတ်သက်သာရာရဖို့။ စိတ်သက်သာပြီး ဝေဒနာကို အမြန်သွားမရှုနဲ့. ပိုဆိုးသွားလိမ့်မယ်။ ကာယကိုပြန်ရှု စိတ်ငြိမ်ရင် အေးအေးဆေးဆေး တကိုယ်လုံး ခြုံကြည့်ပြီးတေ့ာမှ ဝေဒနာတွေ့နေရင်လည်း ဝေဒနာကို အေးအေးဆေးဆေး ဖြေးဖြေးရှုတဲ့စနစ်နဲ့ပြန်ရှုပါ။ စိတ်သက်သာရာရအောင် အရင်ရှုပါ. ဖြေးဖြေး အေးအေး ပြန်ရှုပါ. ဒါ ဝေဒနာရှုနည်း။ ဒီနည်းစနစ် မကျွမ်းကျင်ရင် ဝေဒနာမရှုတတ်ဘူး။ ဝေဒနာဆိုတာ တချိန်လုံး ဖြစ်ချင်သလို ဖြစ်နေတာ။ ဝေဒနာလည်း မပြင်းထန် ကိုယ့်စိတ်အေးနေရင် ရှုလို့ရပေမဲ့ စိတ်လည်းမငြိမ် ဝေဒနာလည်း ပြင်းထန်ရင် ရှုလို့မရတာ ကြုံရတတ်တယ်။ အကျင့်က အရေးကြီးဆုံးပဲ. ဝေဒနာမှာလည်း များများလေ့ကျင့်ထားမှ။ ဘယ်လိုဝေဒနာလာလာ ဉာဏ်ဖြစ်အောင်ရှုတတ်ပြီဆိုရင် သာမန်အချိန်မှာ ဉာဏ်ဖြစ်အောင်ရှုတာထက် ဝေဒနာအချိန်မှာ ဉာဏ်ဖြစ်အောင်ရှုတာ စွမ်းရည်တအားကွာသွားပြီ။

ဝေဒနာမှာ ဉာဏ်ဖြစ်အောင့်ရှုနိုင်သူ။ ဝေဒနာကနေ တဏှာပြုတ်အောင် ရှု။

ဝေဒနာမှာ ဉာဏ်ဖြစ်အောင့်ရှုနိုင်သူရဲ့ သတိ တအားကောင်းတယ်. တအားတည်ငြိမ်တယ်။ ဝီရိယ အတိုးအလျှော့ အပြင်းအပျော့ ရှေ့တိုးနောက်ဆုတ် ထိန်းတတ်တယ်။ သမာဓိ - အေးအေးဆေးဆေး နေတတ်တယ်. ဝေဒနာမှာ ဘယ်လိုဉာဏ်ဖြစ်အောင်လုပ်ရမလဲ သိတယ်။ သာမန်အချိန် ရုပ်ရှုတတ်မယ်. ရုပ်တွေကြမ်းတမ်းတဲ့အချိန် ဝေဒနာရှုတတ်ပြီဆိုရင် ကာယမှာဖြစ်တဲ့ ဖြစ်ဖြစ်သမျှ အကုန်ရှုတတ်ပြီ. ရှေ့ဆက်ဖို့ ဉာဏ်အဆင့်ဆင့်တက်ဖို့ နိဗ္ဗာန်မျက်မှောက်ပြုဖို့ မခက်တေ့ာဘူး။ ကာယမှာ ဘာလာလာ ရှုမှတ်နည်း ကျွမ်းကျင်သွားပြီ. ဒါသည်ပင် ဝေဒနာကနေ တဏှာပြုတ်အောင် ရှုတဲ့နည်းလို့ခေါ်တယ်။ ပဋိစ္စသမုပ္ပါဒ်မှာ ဝေဒနာနိရောဓာ တဏှာနိရောဓော။ ရုပ်နဲ့ဝေဒနာ ကျွမ်းကျင်ရင် နိဗ္ဗာန်ရောက်တယ်. အရိယာဖြစ်တယ်. သောတာပန်ဖြစ်တယ်. ရဟန္တာဖြစ်တယ်. ထင်ရှားအကုန်ရှိပြီးသား. ဒီတစ်နည်းကို ကျွမ်းကျင်ပိုင်နိုင်အောင် ရှုသွားမယ်ဆိုရင် အခက်အခဲမရှိလောက်ဘူး ထင်တယ်။

တင်းတာက ပြင်းထန်သွားတဲ့ ကြမ်းတမ်းမှုတွေ ဖြစ်လာတဲ့အခါ

စိတ်အေးအေးထားရှုတတ်မှ ရှေ့ဆက်လို့ရမယ်။ ပူ တိုး တင်းတာတွေ မတည်မငြိမ် ပြောင်းလဲနေတဲ့သဘော လေ့လာမယ်။ တိုးနေတာလေးက မငြိမ်ဘူး ပြင်းလိုက်ပျော့လိုက် ကြမ်းလိုက်နုလိုက် ပြောင်းလဲနေတယ်။ တင်းတာလေးကလည်း မငြိမ်ပါလား. တည်ငြိမ်မှုမရှိတဲ့သဘော ပြောင်းလဲနေတဲ့သဘော တွေ့အောင်လေ့လာ။ တင်းတာက ပြင်းထန်သွားတဲ့ ကြမ်းတမ်းမှုတွေ ဖြစ်လာတဲ့အခါ တုန်လှုပ်သွားရင် စိတ်အရင်လျှော့ အာရုံနောက် သိပ်မကပ်နဲ့. အတင်းကပ်ကြည့်ရင် စိတ်ရှုပ်ပြီး ပိုဆိုးတယ်. အတင်းကပ်မကြည့်ပဲ ခွာခွာလေးကြည့်ပေး။ တိုးသဘော နှာခေါင်း၀မှာ ခံစားနိုင်ဖို့ ဝင်လေထွက်လေမှာ ပိုသတိထားပြီး ဖြေးဖြေးလေး ရှူကြည့်ထုတ်ကြည့်. ဝင်လေထွက်လေမှာလည်း ရှုတတ်မယ်. တိုးတာမှာလည်း ရှုတတ်မယ်. တိုးတာတွေ ကြမ်းလာတဲ့ ဝေဒနာမှာလည်း ရှုတတ်မယ်။

မတည်ငြိမ်တဲ့သဘော ပြောင်းလဲတဲ့သဘောတွေ့ရင် ဉာဏ်ရဲ့အစ

တရားအားထုတ်တာ ဗျာများနေလို့ မဖြစ်ဘူး. စိတ်အေးအေးနဲ့ အရှုခံတွေ့အောင် ရှုတတ်သွားရင် ဉာဏ်ဖြစ်အောင်လုပ်ရမယ်။ တိုးနေတုန်း တင်းနေတုန်း ပူနေတုန်း မတည်ငြိမ်တဲ့သဘော ပြောင်းလဲတဲ့သဘောတွေ့ရင် ဉာဏ်ရဲ့အစရပြီ။ စာဖတ်လို့ နားလည်တာထက် ကိုယ်တိုင်လုပ်ကြည့်လို့ နားလည်တာ အဆပေါင်းများစွာသာတယ်။

အရှုခံကို နည်းနည်းခွာပေး

ဝေဒနာပြင်းထန်လာရင် အရှုခံကို နည်းနည်းခွာပေးရမယ်. ဉာဏ်ကခွာတာ မဟုတ်ဘူး. လူကခွာတာ. မခွာရင် ပိုဆိုးတယ်။ ဉာဏ်ဖြစ်တဲ့သူလည်း တွေ့ပါများလာရင် ဉာဏ်က ခွာတာလည်းရှိတယ်. လူက သူ့အတိုင်းထား သာသာကြည့် ခွာခွာကြည့်တာရှိတယ်။

အာရုံဖက် သိပ်မကပ်နဲ့. သာသာလေး လျှော့

တင်းကြပ်နေရင် စိတ်လျှော့ရမယ်. အာရုံဖက် သိပ်မကပ်နဲ့. သာသာလေး လျှော့ရမယ်။ တင်းနေရာကနေ လျှော့တယ်ဆိုတာ စိတ်သက်သာဖို့နဲ့ ရှေ့ကအရှုခံထင်ရှားဖို့။ အကုန်လျှော့ချလိုက်ရင် ရှေ့ကအရှုခံ ပျောက်သွားမယ်။ နည်းနည်းလျှော့ ခနစောင့်။ ရှေ့ကအရှုခံ ထင်ရှားလား. စိတ်အေးလား ကြည့်။ အရှုခံမထင်ရှားပေမဲ့ စိတ်အေးနေရင် ငြိမ်အောင်စောင့်။ အရှုခံလည်းမထင်ရှား စိတ်လည်းမအေးသေးရင် နောက်တစ်ဆင့် ထပ်လျှော့ ခနစောင့်။ အရှုခံထင်ရှား ဉာဏ်မဖြစ် ဝေဒနာပြင်းထန်ရင် စိတ်လျှော့ရမယ်. စိတ်လည်းအေးရမယ်. အရှုခံလည်း တွေ့ရမယ်။ နည်းနည်းစိတ်လျှော့ကြည့်လို့ စိတ်အေးတယ် အရှုခံတွေ့တယ်ဆိုရင် လေ့လာ။ စိတ်နည်းနည်းလျှော့ စောင့်ကြည့်လုပ်တာ သမာဓိမဂ္ဂင် ဣန္ဒြေညှိတယ်လို့ခေါ်တယ်။ နည်းနည်းလျှော့တာ - ဝီရိယ၊ ပြန်စောင့်ကြည့်တာ - သမာဓိ၊ အရှုခံထင်ရှား ဉာဏ်မဖြစ်တဲ့အချိန်နဲ့ အရှုခံပြင်းထန် စိတ်မငြိမ်တဲ့အချိန်မှာလုပ်မယ်။


၁၁၆  (ဒေါက်တာသစ်လွင် တရားဆွေးနွေးချက်များ မျှဝေခြင်း)2025 သင်္ကြန် တရားစခန်း (၄) Dr Thit Lwin Sunday Zoom ဝင်လေထွက်လေ တိ...
14/05/2025

၁၁၆ (ဒေါက်တာသစ်လွင် တရားဆွေးနွေးချက်များ မျှဝေခြင်း)
2025 သင်္ကြန် တရားစခန်း (၄) Dr Thit Lwin Sunday Zoom

ဝင်လေထွက်လေ တိုးမှန်း တကယ်သိအောင် ရှုရမယ်.

ဝင်လေထွက်လေတွေ့တာ ပထမအဆင့်ပဲ ရှိသေးတယ်။ တိုးသဘော တွေ့ရမယ်. နူးညံ့သိမ်မွှေ့တာ တွေ့ရမယ်. ဉာဏ်ဖြစ်ရမယ်။ စိတ်အေးအေးထား လေဝင်သွားတဲ့အချိန် နှာခေါင်းထိပ်မှာ တိုးသွားတယ်ဆိုတဲ့ အရသာလေး sensation သိအောင်ရှုရတာ။ လေဝင်သွားတယ် တိုးသွားတာပဲ လေထွက်သွားတယ် တိုးသွားတာပဲဆိုတာ သတ်မှတ်ချက်၊ သတ်မှတ်ချက်ကို တကယ် တွေ့အောင်ရှုမယ်။ လေဝင်တဲ့အခိုက်မှာ တိုးသွားတဲ့ အရသာလေး သိအောင်ရှုရမယ်။ နှာခေါင်းထိပ်လေးကိုပဲ အာရုံပြုရမယ်. ခုနကထက်စာရင် ဖြေးဖြေးရှူ ၀၀ရှူတေ့ာမှ နှာခေါင်းထိပ်မှာ လေလေးက ပွတ်တိုက်ပြီး တိုးဝင်သွားတာ တွေ့မယ်. တိုးမှန်း တကယ်သိအောင် ရှုရမယ်။ ဖြေးဖြေးရှူ ဖြေးဖြေးထုတ်တေ့ာမှ တိုးသွားတဲ့ အရသာလေးသိမယ်။ တိုးသွားတဲ့အပေါ်မှာ ကြမ်းလား နုလား ပြင်းလား ပျော့လား ဉာဏ်ဖြစ်အောင် သင်ရမယ်။

https://youtu.be/90eFWgq0tt0?si=CAuyYBPLDNmQ_js-

စိတ်အေးအေး ရှူတဲ့အကျင့် ဖြေးဖြေးလုပ်တဲ့အကျင့်

ဝေဒနာပေါ်လာရင် ဝေဒနာဆက်ရှုရမလား. နှာခေါင်းပဲ ပြန်သွားရမလား ဆိုတာထက် စိတ်အေးအေးဖြစ်ရဲ့လား အရေးကြီးတယ်။ ဝေဒနာပေါ်လာလို့ စိတ်မအေးရင် စိတ်အေးအောင် အရင်လုပ်ရမယ်။ စိတ်လျှော့ ၊ ဒီဝေဒနာက သူ့ဟာသူ ဖြစ်လာတာပဲ. သူ့သဘောနဲ့သူ ဖြစ်လာတာပဲ ဆင်ခြင်ပေးရတယ်။ သတိ ဝီရိယ သမာဓိ ရှိပြီးရင် စိတ်အေးဖို့လည်းလိုတယ်. အစကတည်းက စိတ်အေးအေး ရှူတဲ့အကျင့် ဖြေးဖြေးလုပ်တဲ့အကျင့် လုပ်ကြည့်။ ရှူရင်လည်း ဖြေးဖြေးရှူ ထုတ် ရင်လည်း ဖြေးဖြေးထုတ်၊ ဝေဒနာတွေ့ရင်လည်း ဖြေးဖြေးကြည့်. ဖြေးဖြေးအေးအေး လုပ်ပါ။

တွေ့ရင် တွေ့တဲ့အတိုင်းပဲ၊ မလိုက်နဲ့ မစိုက်နဲ့ မကိုင်ထားနဲ့.

လွတ်သွားမှာ ကြောက်လို့ လိုက်ကြည့်တာ အပူအပန်များလို့။ အေး အေးမှန်းသိ တော်ပြီ။ တွေ့တာကို လွတ်သွားမှာကြောက်တဲ့စိတ်နဲ့လိုက်ရင် လွတ်သွားမှာကြောက်တဲ့ ပူပန်စိတ်က မလွတ် အောင် ဆုပ်ကိုင်တဲ့စိတ်တွေ ဖြစ်လာပြီးတေ့ာ သံချောင်းကြီးတွေ တုတ်ချောင်းကြီးတွေ ပုံသဏ္ဍာန်တွေ ပေါ်လာတတ်တယ်။ အကြောင်းရင်းရှာလိုက်တေ့ာ လွတ်သွားမှာကြောက်တဲ့ ပူပန်စိတ်ပဲ. အဲ့ဒီစိတ်လေးကို ပြင်ရမယ်။ တွေ့ရင် တွေ့တဲ့အတိုင်းလေးပဲ. တော်လောက်ပြီ. မလိုက်နဲ့ မစိုက်နဲ့ မကိုင်ထားနဲ့၊ လွတ်သွားမှာ ကြောက်တယ် ကိုင်ထားတယ် မလုပ်နဲ့။ အစကတည်းက မဆုပ်ကိုင်နဲ့ ၊ ပူတာနောက်လည်း မလိုက်နဲ့. အေးတာနောက်လည်း မလိုက်နဲ့. ပူပူမှန်းသိ အေးအေးမှန်းသိ တော်ပြီ. အဲ့ဒါကို အရင်ကျင့်ပါ။ နာလာရင်လည်း နာသွားတာပဲဆိုရင် တော်ပြီ။

စိတ်အေးအေးနဲ့ အရှုခံ တွေ့ရမယ်၊ နူးညံ့တဲ့အတွေ့တွေ့ရင် ပိုကောင်း။

ပူ တိုး တင်း အရှုခံ တွေ့ရမယ်. အရှုခံတွေ့မှ ဆက်သွားလို့ရမယ်။ စိတ်အေးအေးနဲ့တွေ့ရင် ပိုကောင်းတယ်၊ နူးညံ့တဲ့အတွေ့တွေ့ရင် ပိုကောင်းတယ်။ တွေ့တေ့ာတွေ့ပေမဲ့ ကြမ်းကြမ်းကြီး တွေ့နေရင် စိတ်မငြိမ်ဘူး၊ နူးနူးညံ့ညံ့တွေ့ရင် စိတ်ငြိမ်တယ်. နူးနူးညံ့ညံ့တွေ့ဖို့ relax လိုတယ်။ တွေ့တာလေးမှာ စိတ်အေးအေး ပြန်ထားတဲ့အကျင့် ပေါင်းစပ်ပေးပါ. အေးဆေးကြည့်တဲ့ အကျင့်လုပ်ပေးပါ. အေးဆေးကြည့်လေ ဉာဏ်ပိုထွက်လေပဲ။ ကြမ်းတဲ့အာရုံတောင် အေးဆေးကြည့်ရင် သိမ်မွှေ့လာတယ်၊ သိမ်မွှေ့တဲ့အာရုံကိုကြည့်ရင် ဉာဏ်ပိုထွက်တယ်။ အရှုခံတွေ့တာချင်းတူတူ စိတ်မအေးရင် ဉာဏ်မဖြစ်ဘူး. ဉာဏ်မထွက်ဘူး။ အရှုခံကြမ်းနေရင်လည်း ဉာဏ်မထွက်ဘူး။ ဒါကြောင့် ဝေဒနာပေါ်ရင် ကြမ်းတဲ့ဝေဒနာ နူးညံ့သိမ်မွှေ့အောင် စိတ်ကိုလျှော့ချတဲ့စနစ် သင်ပေးတာ။ စိတ်အေးမှ အာရုံနူးညံ့လာတေ့ာမှ ဉာဏ်ပိုထွက်တာ။

တွေ့ဆဲမှာ ဉာဏ်ဖြစ်။ သူ့အတိုင်းထား သိကာမျှသိ သာသာလေးကြည့်။ တကိုယ်လုံး ခြုံကြည့်။

အာရုံတွေ့တာချင်းတူတူ စိတ်မအေးရင် ပညတ်တွေ ပုံသဏ္ဍာန်တွေ ပိုတွေ့တယ်။ စိတ်အေးရင် ပရမတ် ပိုတွေ့တယ်။ ကြမ်းကြမ်းတိုးတာထက် နုနုတိုးတာက ပရမတ်အာရုံ ပိုထင်ရှားတယ်. သဘောသက်သက်ကို သိတယ်။ ကြမ်းတဲ့အာရုံကျတေ့ာ ပညတ် ပုံသဏ္ဍာန် ပိုထင်ရှားတယ်။ အရှုခံတွေ့ရင် စိတ်အေးဖို့နဲ့ နူးနူးညံ့ညံ့တွေ့ဖို့ ဂရုစိုက်ပေး။ တွေ့ဆဲတွေ့ဆဲမှာ ဉာဏ်ဖြစ်ရမယ်။ ဉာဏ်ဖြစ်ပြီးရင် သူ့အတိုင်းထား သိကာမျှသိ. လိုက်မကြည့် စိုက်မကြည့်ပဲ သာသာလေးကြည့်တဲ့ စနစ်ကိုပြောင်းမယ်။ တစ်ခုထဲ သာသာလေးကြည့်တဲ့အခါ ခက်တတ်တယ်၊ ပျောက်သွားတတ်တယ်။ သာသာကြည့်တဲ့အခါ တကိုယ်လုံး ခြုံကြည့်တာ အရင်လုပ်. အတွေ့များလာရင် သူ့အတိုင်းထား သာသာကြည့်ကို လေ့ကျင့်ပါ။

ပြင်းလား ပျော့လား၊ တည်ငြိမ်မှုမရှိဘူး ပြောင်းလဲနေတယ် လေ့လာတာ ဉာဏ်။

စိတ်အေးအေးနဲ့ ရှုတတ်သွားရင် စိတ်သက်သာရာရတယ်. တွေ့ရှိတာတွေ များလာတယ်။ ပူ တိုး တင်း သဘော ၃ ခုထဲက ထင်ရှားတာရှု။ စိတ်အေးအေးနဲ့ တိုးတာတွေ့ရင် တိုးတာလေးက ဘယ်လိုတိုးတာလဲ. ပြင်းပြင်းလား ပျော့ပျော့လား နုနုလား လေ့လာတဲ့အဆင့် ရောက်ပြီ။ တွေ့တာ သမာဓိ လေ့လာတာ ဉာဏ်။ ပူတာလေးက ဘယ်လိုပူတာလဲ ပြင်းလား ပျော့လားဆိုတာလည်း အေးဆေး ထိုင်ကြည့်နေရုံပဲ။ ရှာရမှာ မဟုတ်ဘူး။ မတွေ့ရင် စိတ်အေးအေးထား. တွေ့ရင်လည်း စိတ်အေးအေးထားပြီးတေ့ာပဲ လေ့လာပါ။ အရှုခံတွေ့ပြီး ဉာဏ်ဖြစ်အောင် သင်တယ်ဆိုတာ ဒီအရှုခံကိုပဲ လေ့လာတာပါပဲ။ တည်ငြိမ်မှုမရှိဘူး. ပြောင်းလဲနေတယ်ဆိုတာ အနိစ္စသဘော လေ့လာတာ။ သူ့ဟာသူ ဖြစ်နေတာပဲ အနတ္တသဘော ဆင်ခြင်လို့ရတယ်။ ပျောက်သွားရင် နောက်တစ်ခုကြည့်။

ဝီရိယ - ထိန်းပြီးတေ့ာ ရှု။ အရှုခံပေါ်မှာ စိတ်ငြိမ်အောင်ထား။ သေချာသတိထား။

မတွေ့ရင် ဝီရိယတင်ဆိုတာ အားစိုက်ခိုင်းတာ မဟုတ်ဘူး။ ဝီရိယ - ထိန်းပြီးတေ့ာ ရှုရတာ။ နှာသီး၀ သတိထား ထိတဲ့နေရာလေး သတိထား. ဖြေးဖြေးထိန်းရှူ ၀၀ရှူ။ ဝီရိယပိုထားဆိုတာ အရှုခံလေးပေါ်မှာ စိတ်ငြိမ်အောင် ထားခိုင်းတာ. အားစိုက်ခိုင်းတာ မဟုတ်ဘူး။ စိတ်လေး ဘေးမလွှင့်သွားအောင် သာသာလေးထား. အဲ့ဒီနေရာလေး ဂရုစိုက်ပြီး ဖြေးဖြေးခြင်းရှူကြည့် တွေ့တယ်။ နှာသီး၀နဲ့လေ ပွတ်တိုက်ပြီး ထိသွားတဲ့နေရာလေးကို သေချာသတိထားပေးပါ။ သတိအားကောင်းအောင် စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ပြီး ဖြေးဖြေးခြင်းရှူကြည့်။ သတိ အားမကောင်းပဲ ဝီရိယမြှင့်လိုက်တဲ့အခါ သတိနဲ့ ဝီရိယ ဟန်ချက်မညီ ဖြစ်ဖြစ်နေတယ်။ သတိကောင်းအောင် စိတ်အေးရမယ်. စိတ်ရှည်ရမယ်. စောင့်ကြည့်ရမယ်။ အစပိုင်းမှာ တောက်လျှောက် တွေ့ချင်ဇောနဲ့ ရှုနေရင် စိတ်ပင်ပန်းတယ်. ရမှာမဟုတ်ဘူး။

တွေ့တိုင်း အေးအေးဆေး‌ဆေး တွေ့တဲ့ပုံစံကိုပြောင်း

ကိုယ်ပေါ်မှာ ရှုတဲ့အခါလည်း စိတ်အေးအေးနဲ့ စောင့်ကြည့်။ ကပ်ပြီးစိုက်ပြီးရှုရင် ရုတ်တရက်တေ့ာ အရှုခံထင်ရှားလာပေမဲ့ နောက်ပိုင်းကျတေ့ာ ဉာဏ်မဖြစ်ပဲ အခက်အခဲတွေ ဖြစ်လာလိမ့်မယ်။ ဘာမှမတွေ့ခင် စိတ်လျှော့တာက တစ်မျိုး။ တွေ့တဲ့အခါလည်း ဝီရိယညှိရတယ်. တွေ့တာ စိတ်အေးအေးနဲ့‌တွေ့တာ ဟုတ်ရဲ့ လား. စိတ်ပူပန်ပြီး တွေ့နေသလား. ဇောတွေနဲ့ တွေ့နေသလား။ တွေ့တိုင်းတွေ့တိုင်း အေးအေးဆေး‌ဆေး တွေ့တဲ့ပုံစံကိုပြောင်းပေး။ အစကတည်းက စိတ်အေးအေးထား စောင့်ကြည့်. တွေ့တဲ့အခါ အေးအေးဆေးဆေး တွေ့တာဟုတ်ရဲ့လား ပြန်ဆန်းစစ်။

စိတ်အေးအေးနဲ့ လေ့လာ။ အားစိုက်ပြီး လုပ်ရတာ မဟုတ်။

ပေါ်လာသမျှ တစ်ခုခုပေါ် တွေ့ချင်လို့ ပျောက်ချင်လို့ အားစိုက်ရှုနေမိတယ်။ တရားအားထုတ်တယ်ဆိုတာ အားစိုက်ပြီး လုပ်ရတာ မဟုတ်ဘူး. စိတ်အေးအေးနဲ့ လေ့လာရတာ။ ကိုယ်ပေါ်မှာ ရုပ်သဘောအများကြီးရှိတဲ့အထဲက ပူ တိုး တင်း သဘော ၃ ခု. လေဝင်သွားတဲ့အခါ နှာခေါင်းထိပ်မှာ တိုးသွားတဲ့သဘောလေး သိအောင်ရှုရမယ်။ စိတ်ရှည်ရှည်နဲ့ ဖြေးဖြေး အေးအေးဆေးဆေး ရှုရတယ်. တွေ့ချင်ဇောနဲ့ ရှုလို့မရဘူး။ ရှုရမှာက ပူ တိုး တင်း. တွေ့နေတာက ရွစိရွစိဆိုရင် ရွစိရွစိကို သတိထားမယ်. စိတ်အေးအေး သတိထား. ဒီရွစိရွစိလေးက တိုးပြီးဖြစ်နေတာလား တင်းပြီးဖြစ်နေတာလား ပူပြီးဖြစ်နေတာလား။ ပထဝီ တေဇော အာပေါ ဝါယော ၄ ခုမှာ အာပေါမပါသေး. တိုးတာ ဝါယော တင်းတာ ပထဝီ ပူတာ တေဇော စိတ်အေးအေးနဲ့ တွေ့ရမယ်. စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ရမယ်. တွေ့ချင်ဇောနဲ့ အားစိုက်ရှုရင် ပထဝီ တေဇော ဝါယော မတွေ့ဘူး။

ပူ တိုး တင်း သဘောတွေ့အောင် စောင့်ကြည့်။ ပျောက်သွားရင် တကိုယ်လုံးခြုံကြည့်။

အားစိုက်ရှုရင် သမာဓိကောင်းလာပြီးတေ့ာ အေးကနဲဖြစ်ပြီး လျှောကနဲ လျှော့ကျသွားတာဖြစ် တယ်ဆိုတာ သမာဓိရဲ့ လက္ခဏာ။ ဝီရိယများ သမာဓိများ တွေ့သမျှလည်း လိုက်ရှုပေမဲ့ ပထဝီ တေဇော ဝါယော သဘောမတွေ့ရင် အရှုခံမတွေ့ဘူး. အရှုခံမတွေ့ရင် ဉာဏ်မဖြစ်ဘူး. ဉာဏ်မဖြစ်ရင် ဝိပဿနာလမ်း မရောက်သေးဘူး။ စိတ်အေးအေးထား ပူ တိုး တင်း သဘောတွေ့အောင် စောင့်ကြည့်။ ပျောက်သွားရင် ကိုယ်ပေါ်မှာ ဘယ်နေရာ ဘာပေါ်နေလဲ တကိုယ်လုံးခြုံကြည့်၊ မရရင် မျက်လုံးဖွင့်လိုက် သက်တောင့်သက်သာနေပြီးမှ ပြန်ကြည့်။ တစ်ခု ပျောက်သွားတာနဲ့ ဝင်လေထွက်လေဆိုပြီး သွားပြန်ရှာရင် တွေ့ချင်ဇောနဲ့ရှာတေ့ာ တွေ့ဖို့ခဲယဉ်းတယ်။ ဘာမှမတွေ့ရင် စိတ်လျှော့ပြီး တကိုယ်လုံးကြည့်။ အဲ့ဒါမှမတွေ့ရင် မျက်လုံးဖွင့်. သူ့သဘောနဲ့သူ ပျောက်ချင်ပျောက်မှာပဲ. ပျောက်သွားရင် စိတ်လျှော့ ခြုံကြည့်။

တိုးတာ မတည်မငြိမ် ပြောင်းလဲတတ်တဲ့ သဘောပါလားဆိုတဲ့ မှတ်ချက် က ဥာဏ်။

တိုးတာ တင်းတာ ကြမ်းလာရင် ဝေဒနာကြမ်းလာတယ်. တိုးတာ တင်းတာ နုသွားရင် ဝေဒနာနုသွားတယ်။ မူလအကြောင်းရင်း တိုးတာ တင်းတာမှာ ဉာဏ်ဖြစ်အောင် သွားမယ်။ ဉာဏ်ဆိုတာ တိုးနေတဲ့အချိန်လေးမှာ ကြည့်လိုက်. တိုးတာလေးက ပြင်းလိုက်ပျော့လိုက် ကြမ်းလိုက်နုလိုက် မတည်မငြိမ် ပြောင်းလဲတတ်တဲ့ သဘောပါလားဆိုတဲ့ မှတ်ချက် အရေးကြီးတယ်။ များသောအားဖြင့် တင်းလာရင် နေရခက်တယ်. လျှော့သွားရင် ကျေနပ်တယ်။ နေရခက်တာနဲ့ ကျေနပ်တာ ခံစားချက်ကို ဦးစားမပေးနဲ့. ခံစားချက်တွေများရင် ဉာဏ်မဖြစ်ဘူး။ မတည်မငြိမ် ပြောင်းလဲနေပါလားဆိုတဲ့ သဘောသဘာ၀ သဘောပေါက်မှုကို ဦးစားပေး. အဲ့ဒါ ဉာဏ်ပဲ။

ပြင်းလိုက်ပျော့လိုက် ကြမ်းလိုက်နုလိုက် တည်ငြိမ်မှုမရှိ ပြောင်းလဲနေတာ သုံးသပ်ဆုံးဖြတ်

နှာသီး၀ တိုးတာအတွေ့များရင် ဉာဏ်ဖြစ်အောင်လုပ်ပါ။ တိုးနေဆဲမှာ တည်ငြိမ်မှုမရှိ ပြောင်းလဲနေတာ အရင်ကြည့်. ပြင်းလိုက်ပျော့လိုက် ကြမ်းလိုက်နုလိုက် မတည်မငြိမ် ပြောင်းလဲတဲ့သဘောပါပဲဆိုတဲ့ ဉာဏ် သဘောပေါက်မှုလေး။ ကြည့်ရုံပဲ ထိုင်ကြည့်နေတာထက် မှတ်ချက်ပေးမယ် သုံးသပ်မယ် ဆုံးဖြတ်မယ်. အဲ့ဒါမှ ဉာဏ်။ တိုးတာကို တိုးတာလို့ပဲ မှတ်ချက်ပေးရင် ဉာဏ်မဟုတ်သေးဘူး. တိုးတာလေးက တစ်စက်မှမငြိမ်ဘူးဆိုတာ ဉာဏ်။ ပူ တိုး တင်း တွေ့ရင် ဉာဏ်ဖြစ်ရမယ်။ များများတွေ့လာတဲ့အခါ relax လည်း ပိုနားလည်လာတယ်. ဒါတွေချည်းပဲလို့ နှလုံးသွင်းပေးရင် ပိုတွေ့လာမယ်။ တကိုယ်လုံးခြုံကြည့် တွေ့တဲ့အထဲက အထင်ရှားဆုံး တွေ့တာလေးကို focus ယူပြီး ပြန်ကြည့်မယ်။

အခုပေါ်အခုပျက်သိဖို့ သတိတိုးမြှင့်ပြီး သမာဓိနဲ့စုစည်း.

တစ်ခုကို focus ယူပြီး ကြည့်တဲ့အခါ အရှုခံမြင်ကွင်း ကျဉ်းနိုင်သမျှ ကျဉ်းအောင်လုပ်ပြီးကြည့် စုစည်းပြီးကြည့်ရင် ပိုအားကောင်းလာမယ်။ ဉာဏ်ပိုအားကောင်းအောင် ကြည့်တာ. intensity change ကို definite change တက်ချင်တာ။ အခုပေါ်အခုပျက်သိဖို့ သတိတိုးမြှင့်ပြီး သမာဓိနဲ့စုစည်း။ အပြောင်းအလဲ တောက်လျှောက်တွေ့နေရင်းနဲ့ပဲ တိုးတာ တင်းတာလေးကို စုစည်းကြည့်ပေးရင် အခုပေါ်အခုပျက်သိဖို့ လွယ်သွားလိမ့်မယ်။ အခုပေါ်အခုပျက်တွေ့ဖို့ သတိပိုကောင်းရမယ်. သမာဓိပိုကောင်းရမယ်။ ဒီအာရုံပေါ်မှာ ပိုပြီးတေ့ာ စိတ်ငြိမ်အောင်ထားမယ်. မြင်ကွင်းကျဉ်းပေးမယ်။ အားသိပ်မစိုက်ပဲ သတိပိုထား။ ရှုမြဲရှုရင်း အပြောင်းအလဲတွေ့ရင်း သတိ ဝီရိယ သမာဓိ စုစည်းလိုက်ရင် အခုပေါ်အခုပျက် သိသွားလိမ့်မယ်။

ဉာဏ်ဖြစ်သွားရင် တွေ့တာနဲ့ သဘောပေါက်မှု တစ်ထပ်ထဲကျဖို့ လေ့ကျင့်။

- အရှုခံမတွေ့သေးရင် စောင့်ကြည့်.
- အရှုခံတွေ့ရင် လေ့လာ.
လေ့လာလို့ ပြောင်းလဲနေတာပဲလို့ သဘောပေါက်သွားရင် ဉာဏ်ဖြစ်သွားရင် စောင့်ကြည့်တာလည်း မလုပ်နဲ့. လေ့လာတာလည်း မလုပ်နဲ့။ ဆက်တိုက်သိ. သိတာနဲ့ ပြောင်းလဲတာ တစ်တွဲထဲသွားတေ့ာ၊ သိလိုက်တာနဲ့ သိတယ်ပြောင်းလဲတယ်။ တချို့ဆရာတော်တွေက သိတယ် ပျက်တယ် ပြောတယ်။ ဘယ်လိုပဲ သဘောပေါက်ပေါက် တွေ့တာနဲ့ သဘောပေါက်မှု တစ်ထပ်ထဲကျဖို့ လေ့ကျင့်တေ့ာ။ အတူသွားမှ တစ်ထပ်ထဲကျမယ်. သူ့ပြန်စောင့်နေရင် တစ်ထပ်ထဲမကျဘူး. လေ့လာနေရင်လည်း တစ်ထပ်ထဲမကျဘူး။

ခြေထောက်ချလိုက်တာနဲ့ တင်းကနဲလည်း ဖြစ်မှန်းသိ ပျက်မှန်းသိ။

ခြေထောက်လှမ်းတဲ့အခါ ခြေထောက်ချလိုက်တာနဲ့ တင်းကနဲလည်း ဖြစ်မှန်းသိ ပျက်မှန်းသိ။ တင်းတာကို စောင့်မကြည့်ဘူး. မလေ့လာဘူး၊ တင်းမှန်းသိ ပြောင်းလဲမှန်းသိ. တင်းမှန်းသိတဲ့အချိန် ပြောင်းလဲမှန်းတွဲသိရင် မလေ့လာနဲ့တေ့ာ။ တွဲမသိရင် ပြန်လေ့လာ. တင်းတယ်တင်းတယ်ပဲ‌ ဖြစ်နေရင် ဘယ်လိုတင်းတာလဲ ပြန်လေ့လာ။ တင်းတာက မတည်မငြိမ် တင်းတာပဲ သိသွားရင် မလေ့လာနဲ့တေ့ာ။ တွေ့တယ် - သတိ ဝီရိယ သမာဓိနဲ့ ပြောင်းလဲတယ် - ဉာဏ် တစ်ထပ်ထဲကျဖို့လိုတယ်။ စောင့်ကြည့်ရင် လေ့လာနေရင် တစ်ထပ်ထဲမကျဘူး. လေ့လာတယ် - လေ့လာပြီးမှသိတာ နောက်ကသိတာ. လေ့လာလို့ ဉာဏ်ဖြစ်သွားပြီးမလေ့လာပဲသိတာ တည့်တည့်သိတာ။

လေ့လာသိနဲ့ တည့်တည့်သိက ကိုယ့်အခြေအနေပေါ် မူတည်ပြီးကျင့်. တကယ်သွားရမှာတေ့ာ တည့်တည့်သိ။ တည့်တည့်သိလို့ ဉာဏ်မဖြစ်ရင် ပြန်လေ့လာ. တည့်တည့်သိ အားကောင်းရင် နောက်တစ်ဆင့် တက်လို့ရတယ်။


၁၁၅  (ဒေါက်တာသစ်လွင် တရားဆွေးနွေးချက်များ မျှဝေခြင်း)2025 သင်္ကြန်တရားစခန်း (၃)  Dr Thit Lwin Sunday Zoom ရုပ်သဘော ပူ တိ...
13/05/2025

၁၁၅ (ဒေါက်တာသစ်လွင် တရားဆွေးနွေးချက်များ မျှဝေခြင်း)
2025 သင်္ကြန်တရားစခန်း (၃) Dr Thit Lwin Sunday Zoom

ရုပ်သဘော ပူ တိုး တင်း သဘော

- တိုးတယ် - ဝါယောကို ကိုယ်စားပြုတယ်. တိုးတယ်. ထောက်ကန်တယ်.
- တင်းတယ် - တင်း မာ ကြမ်း ပျော့ နု စသည်ဖြင့် ပထဝီ.
- ပူတယ် - ပူ အေး ‌နွေးစတဲ့ တေဇော.
ဒီ ၃ ခု ရှုမှတ်ဖို့ သင်ပေးတယ်. မဟာဘုတ် ၄ ပါးထဲမှာ အာပေါကို လောလောဆယ် မရှုတတ်သေးလို့ မသင်သေးတာ။ ပူ တိုး တင်း ၃ ခုတောင် ဒီတိုင်းအနေအထားမှာ မတွေ့နိုင်ဘူး. မရှိလို့ မတွေ့တာ မဟုတ်ဘူး. ပဋိသန္ဓေစဖြစ်ကတည်းက ဒီရုပ်သဘောတွေရှိပြီးသား နောက်ဆုံး စုတိစိတ်ရောက်တဲ့အထိ ရှိတယ်။ မတွေ့ခြင်းအကြောင်းရင်း ၂ ခုရှိတယ်.
- မထင်ရှားလို့ မတွေ့တာ.
- တွေ့နိုင်တဲ့ သတိ ဝီရိယ သမာဓိမရှိလို့ မတွေ့တာ.
ကိုယ့်မှာလည်း သတိ ဝီရိယ သမာဓိ မရှိဘူး. ရုပ်သေဘာတွေလည်း မပေါ်လွင်မထင်ရှားဘူးဆိုရင် မတွေ့ဘူး။

ရုပ်သဘော နာမ်သဘောတွေ တွေ့မှ.

တရားအားထုတ်တယ်ဆိုတာ တွေ့မှ အားထုတ်လို့ရတာ။ ရုပ်သဘော နာမ်သဘောတွေ တွေ့မှ. ရုပ်သဘော နာမ်သဘောကို လေ့လာသုံးသပ်မှ ဉာဏ်ဆိုတာဖြစ်တယ်. ရုပ်မတွေ့နာမ်မတွေ့ရင် ဝိပဿနာ အားထုတ်လို့ မရဘူး။ ရုပ်မှာ ပူ တိုး တင်း ၃ ရုပ်ကို အခြေခံပြီး သင်ပေးတယ်. ရုပ်နဲ့နာမ်မှာ ရှုရလွယ်တဲ့ ရုပ်ကိုအရင်သင်တယ်။ နာမ်က ရှုရခက်သော်လည်း ရုပ်ကိုရှုတဲ့ နည်းစနစ်ကျွမ်းကျင် တတ်မြောက်သွားရင် နာမ်ကိုရှုဖို့ မခက်တေ့ာဘူး. ရှုနည်း တူတူပဲ။ သတိ ဝီရိယ သမာဓိ ပညာ စွမ်းအားတွေ ကွာခြားတယ်။ ရုပ်တောင် မတွေ့နိုင်သေးတဲ့ သတိ ဝီရိယ သမာဓိ ပညာနဲ့ နာမ်ကိုမတွေ့ပါ. နာမ်က သိမ်မွှေ့တယ် လျှင်မြန်တယ် ရှုပ်ထွေးတယ် ဆန်းပြားတယ်. သူတို့ကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ သတိ ဝီရိယ သမာဓိ ပညာ၊ အဓိက သတိနဲ့ဉာဏ် မရှိသေးပဲ ရှုလို့မရဘူး။

ရုပ်နာမ်သဘောမှာ သတိ ဝီရိယ သမာဓိ ပညာတွေ လုံလောက်စွာရှိမှ

ပရမတ်သဘောတွေ ရုပ် နာမ် နိဗ္ဗာန်။ သာမန်အချိန်မှာ ရုပ်မတွေ့တာ သူတို့ကိုတွေ့နိုင်တဲ့ သတိ ဝီရိယ သမာဓိ ပညာ မရှိလို့ မတွေ့တာ။ နာမ်တွေရှိပေမဲ့ မတွေ့တာ နာမ်ကိုတွေ့နိုင်တဲ့ သတိ ဝီရိယ သမာဓိ ပညာ မရှိလို့ မတွေ့တာ။ နိဗ္ဗာန်ရှိပေမဲ့ မတွေ့တာ နိဗ္ဗာန်ကိုတွေ့နိုင်တဲ့ သတိ ဝီရိယ သမာဓိ ပညာ မရှိလို့ မတွေ့တာ။ ကြားဖူးနား၀တွေပြောတာ ကိုယ်ပိုင်ဉာဏ် မဟုတ်ဘူး. ကုသိုလ်တေ့ာဖြစ်တယ်. ဝိပဿနာဉာဏ် မဖြစ်ဘူး။ ရုပ် နာမ် နိဗ္ဗာန်အကြောင်းတွေပြောလို့ ဝိပဿနာဉာဏ် မဖြစ်ပါ. ထိုင်ပြောလို့ ထိုင်စဉ်းစားနေလို့ ဝိပဿနာဉာဏ် မဖြစ်ပါ. ဝိပဿနာဉာဏ်မဖြစ်ရင် ဝိပဿနာ မဟုတ်ပါ။ ရုပ်သဘောနာမ်သဘောမှာ သတိ ဝီရိယ သမာဓိ ပညာတွေ လုံလောက်စွာရှိမှ ဝိပဿနာဉာဏ်ဖြစ်မယ်၊ ဝိပဿနာတွေရင့်သန်ပြီး နိဗ္ဗာန်မြင်နိုင်တဲ့ သတိ ဝီရိယ သမာဓိ ပညာရှိမှ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရနိုင်မယ်။

ဝိပဿနာဉာဏ်တွေက ရုပ်ခန္ဓာနာမ်ခန္ဓာ မရှုပဲနဲ့မရပါ။

ဝိပဿနာဉာဏ်တွေကလည်း ရုပ်ခန္ဓာနာမ်ခန္ဓာ မရှုပဲနဲ့မရပါ။ သတိ ဝီရိယ သမာဓိ ပညာနဲ့ တွေ့အောင်ရှု။ ရုပ် သို့မဟုတ် နာမ်ခန္ဓာကို ဉာဏ်ဖြစ်အောင် သဘောပေါက်အောင် သတိ ဝီရိယ သမာဓိ ပညာနဲ့ ရှုမှတ်ပွားများမှရပါတယ်။ ဝိပဿနာကို အလုပ်စဉ်မှာသင်တဲ့အခါ ခန္ဓာဉာဏ်ရောက်လို့ သုံးတယ်။ ခန္ဓာ - ရုပ်နာမ်၊ ဉာဏ်ရောက် - ဝိပဿနာဉာဏ်။ ရုပ်နာမ်မှာ ဉာဏ်ရောက်ဖို့ သတိ ဝီရိယ သမာဓိ ပညာ ပွားများရမယ်။ သင်တဲ့အတိုင်းလုပ်ရင် ဝိပဿနာဉာဏ် ဖြစ်ကိုဖြစ်တယ်. သင်တဲ့အတိုင်းမလုပ် ထင်တဲ့အတိုင်းလုပ်လို့ကတေ့ာ ဝိပဿနာဉာဏ် ဖြစ်ကိုမဖြစ်ဘူး။ ဉာဏ်ဖြစ်ဖို့ ရုပ်နာမ်ခန္ဓာ အရှုခံတွေ့ရမယ်. ရုပ်တွေ့လည်း ဉာဏ်ဖြစ်တယ်. နာမ်တွေ့လည်း ဉာဏ်ဖြစ်တယ်။ ဒီမှာ ရုပ်တွေ့အောင် အရင်သင်ခြင်းကြောင့် ရုပ်တွေ့ရင် ဝိပဿနာအရှုခံ တွေ့ပြီ. ပူ တိုး တင်း ၃ ခုထဲက ၁ ခုတွေ့ရင် ဝိပဿနာအရှုခံ တွေ့ပြီ။

တွေ့ဖို့အလွယ်ဆုံးက တိုးတာ.

ဝိပဿနာအရှုခံတွေ့ရင် ဉာဏ်ဖြစ်အောင် လေ့လာပွားများ ဆုံးဖြတ်သုံးသပ်ရမယ်။ ကာယကိုရှုရင် ရုပ်တွေ့ရမယ်. ဉာဏ်ဖြစ်ရမယ်။ ဒီရုပ် ၃ ခုကလည်း တွေ့ချင်တိုင်း တွေ့လို့မရဘူး. သာမန်အချိန်မှာ တွေ့လို့မရဘူး. သူတို့ထင်ရှားတဲ့အချိန်နဲ့ မိမိတို့ဆီမှာ သတိ ဝီရိယ သမာဓိ ပညာ ဖြစ်ထွန်းတဲ့အချိန် တိုက်ဆိုင်မှတွေ့တယ်။ စထိုင်ထိုင်ချင်း မတင်းသေးတေ့ာ တင်းတာမတွေ့ပါ. မပူသေးတေ့ာ ပူတာမတွေ့ပါ. ရှုလို့မရသေးပါ။ စထိုင်ထိုင်ချင်း တွေ့ဖို့အလွယ်ဆုံးက တိုးတာ။ နှာခေါင်းမှာရှုရင် အသက်တစ်ချက် ရှူလိုက်တာနဲ့ တိုးမှန်းသိအောင် လေ့ကျင့်လို့ရတယ်. ဗိုက်ဖောင်းသွားရင် တိုးတာရှုလို့ရတယ်. ဖောင်းတာကတစ်ဆင့် တိုးတာရှုရမယ်. တိုးလို့ဖောင်းတာ. မိမိကိုယ်မှာဖြစ်တဲ့ တိုးတဲ့အရသာလေးကို စိတ်ကသိတယ်လို့ခေါ်တယ်။

တိုးသဘောရှုဖို့ သတိ ဝီရိယ သမာဓိ ဉာဏ် လို

ဗိုက်ဖောင်းသွားရင် တိုးသဘောရှုမယ်. နှာခေါင်းမှာ လေဝင်သွားရင် လေထွက်သွားရင် တိုးသဘော ရှုမယ်။ နှာခေါင်းမှာ လေဝင်လေထွက် တိုးသဘောရှုဖို့ သတိ ဝီရိယ သမာဓိ ဉာဏ် လိုတယ်။ ရှူရုံနဲ့တေ့ာ တိုးသဘော မတွေ့ဘူး. ရှုတဲ့အလုပ်မှာ သတိပိုထားရမယ်. နှာသီး၀မှာ ပိုထားမယ်. နှာခေါင်းနဲ့လေ ထိတဲ့နေရာမှာ ပိုထားမယ်။ ရှူတဲ့အခါ ဝီရိယပိုထားမယ်. စရှူကတည်းက ဖြေးဖြေး၀၀မှန်မှန် ဂရုစိုက်ရှူမယ်. ပွတ်တိုက်သွားတဲ့သဘော သိအောင်ရှူမှ တိုးမှန်းသိတာ။ ထုတ်တဲ့အခါလည်း ဒီသဘောပဲ. ဒီနေရာလေး အာရုံပြုပြီး ဖြေးဖြေးထုတ် မှန်မှန်ထုတ်. ထုတ်တဲ့လေလေးကို ဖြေးဖြေးထိန်းပြီးထုတ်. ပွတ်တိုက်သွားတဲ့ သဘောလေး သိအောင်ရှုမှ တိုးမှန်းသိတယ်။ ရှုရင်း အလေ့အကျင့်ကောင်းလာရင် ရှူလိုက်တာနဲ့ တိုးမှန်းသိသွားပြီ သမာဓိ။

တိုးခြင်းဆိုတဲ့ ဝါယောရုပ်တွေ့

မတွေ့ရာကတွေ့အောင် သတိလိုတယ်. ဝီရိယထိန်းဖို့လိုတယ်. စိတ်ငြိမ်အောင်ထားတဲ့ သမာဓိလိုတယ်။ သတိ ဝီရိယ သမာဓိ အလုပ်လုပ်နေတဲ့အချိန် စိတ်အေးဖို့ စိတ်ရှည်ဖို့ လိုတယ်။ ဝင်လေထွက်လေမှာ တိုးသဘော ၊ တိုးသဘောရဲ့လက္ခဏာ အနိစ္စ ဒုက္ခ အနတ္တ - မတည်ငြိမ်ဘူး. ဖောက်ပြန်နေတယ်. ပြောင်းလဲနေတယ်။ အခုတိုးအခုပျက်တွေ့တာ အနိစ္စလက္ခဏာ. တွေ့ပါများလာတေ့ာမှ ဒါတွေချည်းပဲလို့ သုံးသပ်တာ အနတ္တလက္ခဏာ. အပျက်တွေချည်းတွေ့ပြီး သုံးသပ်တာ ဒုက္ခလက္ခဏာ။ စဦးဆုံးလုပ်ရမှာ သတိထားရမယ်. ဝီရိယနဲ့ထိန်းထားရမယ်. စိတ်ငြိမ်အောင် ထားရမယ်. ပွတ်တိုက်သွားတဲ့ သဘောလေး မြင်အောင်ရှုရမယ်. ထုတ်ရင်လည်း ပွတ်တိုက်သွားတဲ့ သဘောလေး မြင်အောင်ရှုထုတ်. ဒါဆိုရင် တိုးခြင်းဆိုတဲ့ ဝါယောရုပ်တွေ့ပြီ။

တစ်ချက်ရှူလိုက်တာနဲ့ ရုပ်တွေ့ရမယ်. ဉာဏ်ဖြစ်ရမယ်။

တကယ့်ရည်မှန်းချက်က တစ်ချက်ရှူလိုက်တာနဲ့ ရုပ်တွေ့ရမယ်. ဉာဏ်ဖြစ်ရမယ်။ စအားထုတ်ရင်တေ့ာ အဲ့ဒီလောက်ထိ တွေ့အောင်မကျင့်ခိုင်းဘူး။ ဖြေးဖြေး ရှူမှန်းသိအောင်ကျင့် တိုးမှန်းသိအောင်ကျင့် တိုးတဲ့နေရာမှာ ပြောင်းလဲဖောက်ပြန် အစိုးမရတွေ သိအောင်ကျင့်။ အချိန်လိုတယ်. အလေ့အကျင့်လိုတယ်။ မကျင့်ဘူး မတွေ့ဘူး မသိဘူးရင် ဝိပဿနာ မဟုတ်ပါ၊ ကျင့်တယ် လေတွေ့တယ် ဝိပဿနာ မဟုတ်ပါ၊ တိုးတာတွေ့လည်း ဝိပဿနာ မဟုတ်သေးပါ. အရှုခံတေ့ာ မှန်သွားပြီ။ ဖောက်ပြန် ပြောင်းလဲ အစိုးမရ တွေ့တယ်. ဝိပဿနာ ဟုတ်ပါတယ်။ ဝိပဿနာရဲ့ လက္ခဏာ ညီညွတ်မှ ဝိပဿနာခေါင်းစဉ်ထဲ ထည့်တယ်။ တိုးခြင်း - ဝိပဿနာအရှုခံ ဝါယောရုပ် တွေ့ရမယ်။ ဖောက်ပြန်ပြောင်းလဲ အစိုးမရ ဉာဏ်ဖြစ်ရမယ်. အဲ့ဒါမှ ဝိပဿနာလို့ခေါ်တယ်။ တစ်ချက်ရှူလိုက်တိုင်း တစ်ချက် ဝိပဿနာဖြစ်အောင် အားထုတ်ပါ။

ဉာဏ်ဖြစ်ချင်ရင် ကိုယ့်မှာရှိတဲ့ သတိ ဝီရိယ သမာဓိ ပညာ တိုးပွားအောင်လေ့ကျင့်ပါ

ဝိပဿနာဉာဏ်ကနေ ဆက်ကြိုးစားရင် မဂ်ဉာဏ်ဖိုလ်ဉာဏ်အထိ ရနိုင်တယ်. ရတဲ့သူတွေ အများကြီးရှိတယ်. ရဟန္တာ ဖြစ်နိုင်တယ်. ကိလေသာ အကုန်ကုန်သွားနိုင်တယ်။ မဖြစ်သေးတာ သတိ ဝီရိယ သမာဓိ ပညာ မကောင်းလို့။ တစ်ချက်ရှူလိုက်တာနဲ့ ရဟန္တာ ဖြစ်သွားတာ ရဟန္တာ ဖြစ်နိုင်လောက်အောင် သတိ ဝီရိယ သမာဓိ ပညာ ကောင်းလို့။ တစ်ချက်ရှူလိုက်တာနဲ့ သောတာပန် ဖြစ်သွားတာ သောတာပန် ဖြစ်နိုင်လောက်အောင် သတိ ဝီရိယ သမာဓိ ပညာ ကောင်းလို့ဖြစ်တာ။ တစ်ချက်ရှူလိုက်တာနဲ့ ဝိပဿနာဉာဏ်ဖြစ်တာ ဝိပဿနာဉာဏ် ဖြစ်နိုင်လောက်တဲ့ သတိ ဝီရိယ သမာဓိ ပညာရှိလို့ ဖြစ်တာ။ တစ်ချက်ရှူလိုက်ရင် ဘာမှမတွေ့တာ သတိမရှိလို့။ တွေ့ချင် ဉာဏ်ဖြစ်ချင်ရင် ကိုယ့်မှာရှိတဲ့ သတိ ဝီရိယ သမာဓိ ပညာ တိုးပွားအောင်လေ့ကျင့်ပါ။

ကိုယ်ပေါ်မှာ ဘာတွေ့တွေ့ ရုပ်တွေကြောင့်ပဲ။ တွေ့အောင်ရှု။

ကိုယ်မှာ ရုပ်ရှိတယ်. ဉာဏ်ဖြစ်မယ်လို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက အာမခံပြီး ပြောသွားတယ်။ ကိုယ်မကျင့်လို့ ကိုယ်မရတာ. ကိုယ်ရချင် ကိုယ်လုပ်။ တင်းသဘော ချက်ချင်းမတွေ့ဘူး. ထိုင်တာကြာလာမှ တင်ပါးမှာ တွေ့တယ်. တင်းလာလည်း သတိ ဝီရိယ သမာဓိ ပညာ‌နဲ့ ဉာဏ်ဖြစ်အောင်ရှု။ ပူလာလည်း ဉာဏ်ဖြစ်အောင်ရှု၊ သတိ ဝီရိယ သမာဓိ ပညာပဲ။ ပူ တိုး တင်း ရောထွေးလာ ကြမ်းတမ်းလာ ညောင်းလာ နာလာ ကိုက်လာ ယားလာလည်း ပူ တိုး တင်းတာပဲရှု။ ကိုယ်ပေါ်မှာ ရှိရှိသမျှ အရာအားလုံး ဖော်ပြချက်အားလုံး ဒီကိုယ်ကြီး သေသွားတဲ့အထိ ရုပ်တွေ ပြောင်းလဲဖောက်ပြန်နေလို့ပဲ။ ကိုယ်ပေါ်မှာ ဘာတွေ့တွေ့ ရုပ်တွေကြောင့်ပဲလို့ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ထားပါ. တွေ့အောင်ရှုပါ.

ပူ တိုး တင်း ရုပ်သဘော မရှုတတ်ရင် ဝေဒနာပေါ်လာတဲ့အခါ မရှုတတ်

ပူ တိုး တင်း ကိုက် ခဲ ထုံ ကျင် ရှုတဲ့နည်း နည်းနည်းလေးတွေ ကွဲပြားသွားတာရှိမယ်. သင်ပေးမယ်။ ရုပ်တောင် မရှုတတ်သေးပဲ ယားတာ ထုံတာ ကျင်တာ မရှုပါနဲ့ဦး. အစဉ်လိုက်လေး သွားပါ။ ရုပ်တွေ့အောင်ရှုပါ. ဉာဏ်ဖြစ်အောင်ရှုပါ။ ရုပ်တွေ ကြမ်းတမ်းလာတဲ့အခါ ညောင်း ကိုက် နာ ထုံ ကျင် ယားတွေမှာ ရှုပါ။ ဒါတွေက ရုပ်တွေ ကြမ်းတမ်းလို့ ဖြစ်တာဖြစ်ခြင်းကြောင့် အစောကတည်းက ပူ တိုး တင်းကို မရှုထားရင် သူတို့ကြမ်းတမ်းလာလို့ ဝေဒနာဖြစ်ရင် မရှုတတ်ပါ။ အစကပြန်လုပ်ပါ. ပူ တိုး တင်း ပြန်ကျင့်ပါ. ရုပ်သဘော ပြန်စပါ. သာမန်အချိန်မှာ ပူ တိုး တင်း ရုပ်သဘော မရှုတတ်ရင် ဝေဒနာပေါ်လာတဲ့အခါ မရှုတတ်ဘူး။ အခြေခံတွေ ကြေညက်မှ ရှေ့ဆက်သွားလို့ရတယ်. သင်တဲ့အတိုင်း လိုက်ပါ. ထင်ရာမလုပ်ပါနဲ့။

ပူ တိုး တင်း ရုပ်တစ်ခုခုကို ရှုမယ်လို့ ရည်ရွယ်ချက်ထား

ဉာဏ်ဖြစ်အောင်လုပ်ပါ. ရုပ်မှာ ဉာဏ်ဖြစ်ပြီးရင် စိတ်မှာဉာဏ်ဖြစ်ဖို့ မခက်ပါ။ ရုပ်မှာ သတိ ဝီရိယ သမာဓိ ထားတတ်သွားပြီး ဉာဏ်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲသိသွားရင် စိတ်မှာလည်း မခက်တေ့ာဘူး။ ပူ တိုး တင်း ရုပ်မှာ ဉာဏ်ဖြစ်ဖူးရမယ်. ဝေဒနာဖြစ်လာရင် ရှုတတ်ရမယ်. ဒါဆိုရင် ကိုယ်ကာယမှာပေါ်သမျှ အကုန်ရှုတတ်ပြီ။ ကာယမှာ ကျွမ်းကျင်သွားရင် နာမ်တွေ့အောင်လည်း သင်ပေးလို့ရတယ်. ရှေ့ဆက်ဉာဏ်တွေ အများကြီးသင်လို့ရတယ်. ဉာဏ်အဆင့်ဆင့် မြင့်တက်သွားအောင် သူ့ပါရမီအလျှောက် ကြိုးစားမှုအလျှောက် သင်လို့ရတယ်။ စတရားထိုင် မယ် ဆိုကတည်းက ရည်မှန်းချက်လေးထား. အခုချိန်ကစပြီး ပူ တိုး တင်း ရုပ်တစ်ခုခုကို ရှုမယ်လို့ ရည်ရွယ်ချက်ထားပါ။

ရုပ်သဘောမှာ ဉာဏ်ဖြစ်ထားရင် ဝေဒနာဖြစ်တဲ့အခါ ရှုတတ်တယ်။

ရုပ်အရှုခံပေါ်မှာ သတိ ဝီရိယ သမာဓိ ပညာ‌ တရားတွေကိန်းထားရင် ဝေဒနာပေါ်လာတဲ့အခါ အေးဆေးရှုလို့ရတယ်။ မြန်မြန်ဆန်ဆန် အပြေးတပိုင်းမရှုနဲ့. ဝေဒနာပေါ်မှာ စိတ်လေးငြိမ်အောင် ထိန်းပြီးတေ့ာမှရှု။ စိတ်လေး ငြိမ်နေတယ်ဆိုရင် ဝေဒနာကို တန်းရှုတေ့ာ။ စိတ်မငြိမ်ရင် စိတ်ငြိမ်အောင်ပြန်ထိန်း။ အသက်ရှူ မှန်မှန်ရှူ အနတ္တသဘော ဆင်ခြင်. စိတ်လေး အထိုက်အလျှောက် တည်ငြိမ်လာပြီဆိုတေ့ာမှ ဝေဒနာကိုချည်းကပ်။ ရုပ်သဘောမှာ ဉာဏ်ဖြစ်ထားရင် ဝေဒနာဖြစ်တဲ့အခါ ရှုတတ်တယ်။ စိတ်အေးနေပြီး သတိ ဝီရိယ သမာဓိ ပညာ‌ ရှိနေတဲ့အခါ ဝေဒနာပေါ်တာနဲ့ ဝေဒနာကို ရင်ဆိုင်နိုင်တယ်. ဖြေရှင်းနိုင်တယ်. သုံးသပ်ဆုံးဖြတ်နိုင်တယ်။ ဝေဒနာပေါ်သော်လည်း ဉာဏ်အောက် ရောက်သွားတယ်။ ကိုယ်မှာပေါ်သော်လည်း စိတ်မှာ ဒဏ်ရာမဖြစ်တေ့ာဘူး။

ဝေဒနာ - ပူ တိုး တင်း ရုပ်သဘောတွေ ကြမ်းတမ်းလို့ဖြစ်တာ။

တွေ့ရှိချက်မှန်ရင် သဘောပေါက်မှုလာမယ်. စိတ်အေးလက်အေးထိုင်တေ့ာ ထိုင်ရတာ အဆင်ပြေတယ်။ ဝေဒနာ - ပူ တိုး တင်း ရုပ်သဘောတွေ ကြမ်းတမ်းလို့ဖြစ်တာ ပူတာ တင်းတာ လျှော့သွားရင် ဝေဒနာလည်း လျှော့သွားတယ်. ပိုတင်း ပိုပူလာရင် ပိုနာလာပြန်တယ်. ဒါတွေက သဘောပေါက်ရမဲ့အချက်တွေ။ လျှော့သွားလို့ ပျော်သွားတာ မဟုတ်ဘူး. တိုးလာလို့ စိတ်ညစ်တာ မဟုတ်ဘူး သူ့သဘော ဉာဏ်ဖြစ်အောင် သုံးသပ်မယ်. သုံးသပ်ချက်လေး ထည့်ရမယ်။ ကိုယ့်ဟာကိုယ် သုံးသပ်နိုင်ရင် အကောင်းဆုံး. ယောဂီမသုံးသပ်တတ်သေးရင် ဆရာတို့က သုံးသပ်ပေးတာ။ စိတ်အေးအေးထားရှုတေ့ာ အရှုခံတွေ့တယ်. ပူ တိုး တင်း ပြင်းထန်ကြမ်းတမ်းလာရင် ဝေဒနာတွေ ပြင်းထန်ကြမ်းတမ်းလာတယ်. သူတို့လျှော့သွားရင် ဝေဒနာတွေ လျှော့သွားတယ်။

တွေ့တာနဲ့ ဆုံးဖြတ်ပြီးသား ဖြစ်သွားလိမ့်မယ်. အဲ့ဒါမှ ဝိပဿနာဉာဏ်အစစ်

ပူ တိုး တင်း ရုပ်သဘောတွေက မတည်ငြိမ်ဘူး. ပြောင်းလဲနေတယ်. အနိစ္စသဘော။ အနိစ္စဉာဏ်တေ့ာ မဟုတ်သေးဘူး။ သူ့ဟာသူ ဖြစ်နေတဲ့သဘော အနတ္တသဘော။ တွေ့ရှိချက်မှန်တယ်. ဉာဏ်ဖြစ်အောင် သုံးသပ်ပေးရမယ်။ သုံးသပ်ပြီး ပြန်ကြည့်လိုက်တဲ့အခါ ရပ်တန့်လို့မရ ထိန်းချုပ်လို့မရ သူ့သဘောနဲ့သူပါလား. သုံးသပ်တာ သမ္မာသင်္ကပ္ပ၊ ပြန်ပြန်ကြည့်ပေးရတယ် သမ္မာဒိဋ္ဌိ၊ ပညာမဂ္ဂင် ၂ ပါး အလုပ်လုပ်တာ။ စောစောက တွေ့ရှိချက်တွေ အကုန်လုံးက သမာဓိမဂ္ဂင်။ တွေ့တာမှန်သမျှ သမာဓိ. ဒီပေါ်မှာ သုံးသပ်တာ သမ္မာသင်္ကပ္ပ ဆုံးဖြတ်တာ သမ္မာဒိဋ္ဌိ ပေါင်းစပ်ပေးပါ။ နောက်ပိုင်းကျတေ့ာ တွေ့တာနဲ့ ဆုံးဖြတ်ပြီးသား ဖြစ်သွားလိမ့်မယ်. အဲ့ဒါမှ ဝိပဿနာဉာဏ်အစစ်. အခုက ဝိပဿနာဉာဏ်အနုစားလေး ပျိုးယူနေတုန်း။

ဝိပဿနာဉာဏ်အကုန် အနုအရင့်ရှိတယ်။

ဝိပဿနာဉာဏ်အကုန် ဒီဉာဏ်ကအစ နိဗ္ဗာန်ရောက်ခါနီးအထိ အနုအရင့်ရှိတယ်။ အခုပေါ် အခုအဖြေထုတ်ရင် အရင့်၊ ဆင်ခြင်သုံးသပ်လေ့လာပြီးမှ အဖြေထုတ်ရင် အနု။ ရုပ်သဘော တွေ့လိုက်တာနဲ့ ဉာဏ်ဖြစ်တယ်ဆိုရင် သမ္မာဒိဋ္ဌိ။ ချက်ချင်း ဉာဏ်မဖြစ်သေးလို့ လေ့လာသုံးသပ်နေရင် သမ္မာသင်္ကပ္ပ။ တွေ့တဲ့ရုပ်တိုင်း သမ္မာဒိဋ္ဌိ မဖြစ်သေးဘူး။ ရုပ်ရှုတာ သမ္မာဒိဋ္ဌိ ဖြစ်ချင်လို့ ဝိပဿနာဉာဏ် ဖြစ်ချင်လို့ ရှုတာ။ တန်းကနဲ ဝိပဿနာဉာဏ် ဖြစ်တာရှိမယ်. တွေ့လိုက်တာနဲ့ ဖောက်ပြန် ပြောင်းလဲ အစိုးမရ တွေ့တာရှိမယ်၊ ဆင်ခြင်သုံးသပ်ပြီးမှ တွေ့တာရှိမယ်။ ရုပ်မှာ ဉာဏ်ဖြစ်ကိုဖြစ်ရမယ်။

ပင်ပန်းတာလျှော့လိုက်ရင် ဉာဏ်ပိုကောင်းလာ

တည့်တည့်သိအောင် လိုက်ချိန်လို့မရဘူး. ကျင့်ရင်း တည့်သွားလိမ့်မယ်။ ကပ်ကြည့် စိုက်ကြည့် လိုက်ကြည့်ရင် စိတ်ပင်ပန်းတယ်၊ ၁ပင်ပန်းတာလျှော့လိုက်ရင် ဉာဏ်ပိုကောင်းလာလိမ့်မယ်။ ကပ်ကြည့် စိုက်ကြည့် လိုက်ကြည့်တာမလုပ်ပဲ သာသာလေးသိပေး။ တရားအားထုတ်တာ စိတ်အေးချမ်းလာတယ်. စိတ်ကြည်လင်လာတယ်. စိတ်ထဲမှာ ရှင်းလာတယ်. တွေ့ရှိချက်တွေ မှန်လာတယ်. သဘောပေါက်မှုတွေ မှန်လာတယ်ဆိုရင် တိုးတက်တာပဲ။ ဉာဏ်ဖြစ်နေတဲ့အချိန် လောဘကြီးလာတတ်တယ်. တွေ့ချင်စိတ်တွေ ပိုများလာတတ်တယ်. တွေ့ထားတာ လွတ်သွားမှာကြောက်တယ်. အဲ့ဒါဆိုရင် relax မဟုတ်တေ့ာဘူး. stressed ဖြစ်သွားပြီ။ relax ပြန်လုပ်ရမယ်. ဉာဏ်ဖြစ်ပြီးရင်လည်း relax ပြန်လုပ်ပါ။ သာသာလေးရှူရင်း ဉာဏ် သူ့ဟာသူ တက်သွားလိမ့်မယ်။

ရှုမှတ်ရင်း ကိုယ့်ရဲ့ အရှုခံနဲ့ ရှုစိတ်ရဲ့ အခြေအနေကို ပြန်ပြန်ပြီး adjust လုပ်ပေးသွား.

ဝင်လေထွက်လေ ရှူလိုက်တာနဲ့ တိုးသဘော တွေ့ရမယ်. ဉာဏ်ဖြစ်ရမယ်။ တစ်ခုထဲကြည့်လို့ အခက်အခဲဖြစ်လာရင် ခြုံကြည့်ရမယ်။ ရှုမှတ်ရင်း ကိုယ့်ရဲ့ အရှုခံနဲ့ ရှုစိတ်ရဲ့ အခြေအနေကို ပြန်ပြန်ပြီးတေ့ာ adjust လုပ်ပေးသွား။ အရှုခံသည်လည်း တသမတ်ထဲ မဟုတ်ဘူး. ရှုစိတ်သည်လည်း တသမတ်ထဲ မဟုတ်ဘူး. အားထုတ်သူက အဲ့ဒါလေးတွေကို အမြဲတမ်း ညှိနှိုင်းသွားရမယ်။ စိတ်မှာဖြစ်နေတာတွေ သတိထားတဲ့ အကျင့်ရှိလာရင် စိတ်မှာဖြစ်နေတဲ့ အကုသိုလ် ကိလေသာတွေက မပြင်းထန်ဘူး. လျှော့လာတာ တွေ့ရတယ်. ပေါ့ပါးလာတယ်။ တွေ့ချင်ဇောနဲ့ အားစိုက်ရင် ဝီရိယကနေ သမာဓိကူးပြီး သမာဓိလွန်တတ်တယ်။

အေးဆေးလုပ်ပါ. စိတ်ရှည်ရှည်ထားပါ.

ဝင်လေထွက်လေ စရှူတုန်းက စိတ်မတည်ငြိမ်ရင် ဘာမှမလုပ်နဲ့. ဒီတိုင်း အသာလေးထိုင်နေ၊ ကိုယ့်စိတ်လေး ကိုယ်ဆင်ခြင်. စိတ်အေးအေးထားမယ်။ ရှာနေရင် မတွေ့ရင် စိတ်ပင်ပန်းတယ်. သက်တောင့်သက်သာ ထိုင်မယ်ဆိုတဲ့ စိတ်လေးအရင်မွေး။ ကိုယ်ပေါ်မှာ ဘာလေးပေါ်လာမလဲ စောင့်ကြည့်မယ်။ စိတ်မငြိမ်တာ တွေ့ချင်ဇောတွေ ထပ်ပေါင်းရင် ပိုမငြိမ်ဘူး. ဝီရိယ ထပ်တင်ရင် ပိုမငြိမ်ဘူး။ မငြိမ်တာဖြစ်ရင်း ဝီရိယတင်ရင်း ရှေ့ကဟာတွေ တစ်ခုပြီးတစ်ခု ပျောက်ပျောက်သွားတေ့ာ မရှိတေ့ာတာတွေ့ပြီး သဘောကျနေရင် မှားတယ်။ အစမှာ အေးဆေးလုပ်ပါ. စိတ်ရှည်ရှည်ထားပါ။ နှာသီး၀ရယ်လို့ အာရုံတော့ပြုကြည့်. စိတ်ငြိမ်လား ထားကြည့်. အသက်ရှူကြည့်. ရှူမှန်းသိလားကြည့်။ ထားလို့မရ ရှူမှန်းမသိ စိတ်ကဟိုလွှင့်ဒီလွှင့် ဖြစ်နေတယ်. အိမ်ရှင်မမို့ အိမ်ကိစ္စတွေပဲ ခေါင်းထဲရောက်လာရင် ဘာမှမရှုနဲ့ဦး. ခနနေဦး။

ကိုယ်ပေါ်မှာ ဘာတွေဖြစ်နေလဲ အရင်ကြည့်၊ နှာသီး၀ပြန်ကြည့်.

သက်တောင့်သက်သာနေပြီး စိတ်လေးကို အားမွေးရတယ်။ ဒီအချိန်လေး ကြိုးစားပြီး ကိုယ်ပေါ်မှာ ဘာတွေဖြစ်နေလဲ အရင်ကြည့်ဦးမှပဲဆိုတဲ့ စိတ်အရင်မွေးပါ. ပြီးမှ နှာသီး၀ပြန်ကြည့်. တွေ့ရင်လည်း တွေ့မယ်. မတွေ့ရင်လည်း မတွေ့ဘူး။ စိတ်က နှာသီး၀မှာ မငြိမ်ရင် ကိုယ်ပေါ်မှာ တခြားနေရာတွေမှာ ဘာများတွေ့မလဲ ဘယ်နေရာထားလို့ရမလဲ ကြည့်ကြည့်ပါ။ စိတ်အေးအေး စိတ်ရှည်ရှည်နဲ့ ကြည့်ပါ. စိတ်မအေး စိတ်မရှည်ရင် ဘာမှမရှုပါနဲ့ဦး. တခြားအလုပ်ထက် ဒီအလုပ်က ပိုပြီး စိတ်အေး စိတ်ငြိမ် စိတ်ရှည်ဖို့လိုတယ်. တွေ့ဖို့မလောပါနဲ့. စိတ်အေးစိတ်ရှည်ရင် တွေ့တယ်. အားထုတ်နေရင်း စိတ်မအေး ဖြစ်လာရင်လည်း အေးအောင်ပြန်လုပ်. စိတ်အေးအောင် အမြဲပြန်လျှော့ချပေးပါ။

အရှုခံတွေ့၊ ပြောင်းလဲမှုသဘော ကြည့်၊ တွေ့တာကို သုံးသပ်

ပူ တိုး တင်း တွေ့ရင် သမာဓိရှိနေပြီ. အရှုခံတွေ့နေပြီ။ မတည်ငြိမ်မှု ပြောင်းလဲမှုသဘောလေး ကြည့်ပေး. တွေ့တာကို သုံးသပ်ပေးပါ။ တွေ့ချင်ရာတွေ့ ထိန်းလို့မရဘူးဆိုတာ အနတ္တသဘော. အဲ့ဒီဉာဏ်လေးတွေ ဖွံ့ဖြိုးလာအောင်ကျင့်တာ။ ပထမတေ့ာ တွေ့အောင်ကျင့်တာ. နောက်တေ့ာ သဘောပေါက်အောင် ကျင့်တာ. နောက်တေ့ာ တွေ့လိုက်တာနဲ့ အဖြေထွက်အောင်ကျင့်တာ။ တိုးသဘောမှာ ဉာဏ်ဖြစ်နေရင် နောက်ဘာတွေ့တွေ့ မပြောင်းနဲ့. ဒီရုပ်သဘောမှာ ဉာဏ်မဖြစ်တေ့ာဘူးဆိုတေ့ာမှ ပြောင်း။

ပြောင်းချင်ရင် ပြောင်းလိုက်. သိပ်တင်းလာရင် စိတ်နည်းနည်းလျှော့ပြီး ကြည့်၊ ခွာခွာကြည့်။

သိပ်တင်းလာလို့ ပြောင်းချင်လာရင် ပြောင်းချင်တယ်လို့ မှတ်ပြီး ပြောင်းဖို့ သင်ကြားကြတာရှိတယ်. တကယ်လုပ်ကြည့်တဲ့အခါ ပြောင်းချင်တဲ့စိတ်က မှတ်လို့မတွေ့ဘူး. ပြောင်းချင်တယ်လို့ဆိုပြီး ပြောင်းလိုက်တာများတယ်။ ပြောင်းချင်တဲ့စိတ်ကို မမှတ်ပဲ ပြောင်းချင်ရင် ပြောင်းလိုက်။ သိပ်တင်းလာရင် စိတ်နည်းနည်းလျှော့ပြီး ကြည့်ကြည့်. ဒါက ပိုထိရောက်တယ်။ သူ့ဖက်က တင်းလာရင် စိတ်လျှော့ရှုကြည့်. နည်းနည်းခွာရှုကြည့်။ တကယ့် ဆရာတော်ကြီးတွေ သင်ကြားတဲ့စနစ်က တအားကောင်းပေမဲ့ ကိုယ်က လိုက်မမှီဘူး. ပြောင်းချင်တာလေး ကြည့်ပြီးပြောင်းဆိုပေမဲ့ ကိုယ်က ပြောင်းချင်တာ တွေ့မှမတွေ့တာ။ ပြောင်းသာပြောင်းလိုက်. သို့မဟုတ် မပြောင်းသေးပဲ တင်းနေတာလေးကို ခွာခွာကြည့်ပြီး ကျင့်ကြည့်ပါ. ဒါက ဝီရိယဣန္ဒြေညှိတယ်လို့ ခေါ်တယ်။ ပြောင်းချင်တာကို မတွေ့ပဲ ဆိုနေမဲ့အစား သူ့ကိုနည်းနည်းလျှော့ကြည့်ရတာ ပိုလွယ်တယ်. လွယ်တာလုပ်ပါ။ တင်းလာရင် မတွေ့တဲ့ ပြောင်းချင်တာကို ထည့်ရွတ်ဆိုမဲ့အစား တင်းတာကို ကပ်နေတဲ့သဘောလေးကို ခွာခွာလေးကြည့်ပေး. စိတ်လျှော့ပြီး ကြည့်ပေးပါ။


Address

Naypyitaw

Website

Alerts

Be the first to know and let us send you an email when Prof Than Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram