အင်းစိန်ကျန်းမာသုခ၂၄နာရီဆေးခန်း

  • Home
  • အင်းစိန်ကျန်းမာသုခ၂၄နာရီဆေးခန်း

အင်းစိန်ကျန်းမာသုခ၂၄နာရီဆေးခန်း ECG, Ultrasound,Xray နှင့်ဓါတ်ခွဲခန်း ဝန်ဆောင်မှု များကို တစ်နေရာတည်းရနိုင်ပါတယ်။

17/07/2024

အမျိုသားကျန်းမာရေးပြဿနာများကို အပတ်စဉ် တနင်္ဂနွေ နှင့် တနင်္ဂလာနေ့တိုင်းမှာ အမျိုးသားကျန်းမာရေးဆရာဝန်နှင့် ဘိုကင်ယူကာ လာရောက်ပြသနိုင်ပါပြီနော်🤗

06/07/2024

World Health Organization (WHO) မှ ဖော်ပြထားသော အိမ်တွင်းဓာတ်ဆားရည် (Oral Rehydration Solution, ORS) ပြုလုပ်နည်းကို အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါသည်။

လိုအပ်သော ပစ္စည်းများ
1. **သန့်ရှင်းသော ရေ** – ၁ လီတာ (၅ခွက်)
2. **ဆား** – လက်ဖက်ရည်ဇွန်းတစ်ဝက်
3. **သကြား** – လက်ဖက်ရည်ဇွန်းခြောက်ဇွန်း

ပြုလုပ်နည်း
1.သန့်ရှင်းသောရေ ၁ လီတာကို ​မွှေရလွယ်အောင် အဝကျယ်ဗူးတစ်ဗူးထဲထည့်ထားပါ။

2. ဆားကို လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ထည့်ပါ။

3. သကြား လက်ဖက်ရည်ဇွန်းခြောက်ဇွန်းကိုထည့်ပါ။

4. ရောစပ်ပြီး သမအောင်သေချာမွှေပေးပါ။

အသုံးပြုနည်း
- ပြုလုပ်ထားသော ORS ကို သန့်ရှင်းသော ဗူးထဲတွင် သိမ်းထားပါ။
-24နာရီအတွင်းကုန်အောင် သောက်သုံးပါ။

ဝမ်းလျှောခြင်း (Diarrhea) အခြေအနေများတွင် အထူးသင့်လျော်ပါသည်။

WHO ရဲ့ အကြံပြုချက်အတိုင်း ပြုလုပ်ထားသော ORS သည် ရောဂါဝေဒနာမှ ကာကွယ်ရန်နှင့် ကုသရန် အထူးအသုံးဝင်ပါသည်။

References:
- WHO [Guide on Oral Rehydration Solution](https://www.who.int/news-room/fact-sheets/detail/oral-rehydration-salts)

ကိုယ်ဝန်စောစောကြိုအပ်ခြင်းရဲ့ ကောင်းကျိုးဆယ်ချက်  1. ပုံမှန်စစ်ဆေးစောင့်ရှောက်မှုခံယူနိုင်ခြင်း 2.သန္ဓေသားအတွက် အန္တရာယ်...
18/06/2024

ကိုယ်ဝန်စောစောကြိုအပ်ခြင်းရဲ့ ကောင်းကျိုးဆယ်ချက်

1. ပုံမှန်စစ်ဆေးစောင့်ရှောက်မှုခံယူနိုင်ခြင်း

2.သန္ဓေသားအတွက် အန္တရာယ်ရှိစေသော ကိုယ်ဝန်၏ ဘေးထွက်ဆိုးကျိုးများကို ကြိုတင်တားဆီးနိုင်ခြင်း

3.ကိုယ်ဝန်ကာလတစ်လျှောက် မိခင်နှင့် သန္ဓေသားအတွက် အာဟာရဖြစ်စေသော အစားအစာများ၊ ဖြည့်စွက်စာများကို လမ်းညွှန်မှုရရှိခြင်း

4.မိခင်လောင်းများသိထားသင့်သောဆောင်ရန်၊ ရှောင်ရန်များကို အသိပညာများရရှိခြင်း

5.ကိုယ်ဝန်ဆောင်အတွင်း ကာကွယ်ဆေးများထိုးနှံခြင်း

6.ကိုယ်ဝန်ဆောင်တစ်ဦးချင်းတစ်ယောက်ချင်း၏ ကျန်းမာရေးလိုအပ်ချက်များကို ဆရာဝန်များ၏ အကြံပြုဆွေးနွေးချက်များ ရယူနိုင်ခြင်း

7.Postpartum Psychosis နှင့် Baby Blue ကဲ့သို့သော ကလေးမီးဖွားပြီးဖြစ်တတ်သောမိခင်၏ စိတ်ပိုင်းဆိုင်ရာများ ကြိုတင်ကာကွယ်နိုင်ခြင်း.

8.မီးဖွားပြီး ပြန်လည်အသုံးပြုမည့်သားဆက်ခြားခြင်းနည်းစနစ်များနှင့် မိသားစုစီမံကိန်းများကို ကျွမ်းကျင်သူများနှင့်ကြိုတင်တိုင်ပင်နိုင်ခြင်း.

9.မိခင်သေနှုန်း မွေးကင်းစကလေးသေနှုန်း လျှော့ချနိုင်ခြင်း

10.သက်ဆိုင်ရာ ဆရာဝန် ဆရာမများ ကျန်းမာရေးဝန်ထမ်းများနှင့် ခင်မင်ရင်းနှီးမှု (Good Relationship) တည်ဆောက်နိုင်ခြင်း

#ကျန်းမာသုခ
#သားဖွား

ပြည်တွင်းသာမက ပြည်ပဆေးရုံများကပါ စိတ်ဝင်စားတဲ့ KMTK Medical ရဲ့ ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှု #ကျန်းမာသုခ
17/06/2024

ပြည်တွင်းသာမက ပြည်ပဆေးရုံများကပါ စိတ်ဝင်စားတဲ့ KMTK Medical ရဲ့ ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှု

#ကျန်းမာသုခ

Home Visit Service KMTK Medical Co.Ltdလူတိုင်းနီးပါးစိတ်ဝင်စားတဲ့ 24နာရီ ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှု
16/06/2024

Home Visit Service
KMTK Medical Co.Ltd

လူတိုင်းနီးပါးစိတ်ဝင်စားတဲ့ 24နာရီ ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှု

ရာသီလာစဉ် ကိုက်ခဲခြင်း (Menstrual cramps) သည် အမျိုးသမီးအများစုတွင် ကြုံတွေ့ရတတ်သောအခြေအနေဖြစ်ပါသည်။Menstrual Cramps ရချ...
16/06/2024

ရာသီလာစဉ် ကိုက်ခဲခြင်း (Menstrual cramps) သည် အမျိုးသမီးအများစုတွင် ကြုံတွေ့ရတတ်သောအခြေအနေဖြစ်ပါသည်။

Menstrual Cramps ရချိန်တွင် လူမှုရေး မိမိတို့နေ့စဥ်လုပ်ငန်းဆောင်တာအရေးများပါ ထိခိုက်စေနိုင်သောကြောင့် အောက်ပါအချက်များပြုလုပ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။

ရေနွေးအိတ်ကပ်ခြင်း
- မပူလွန်းသော ရေနွေးအိတ်နွေးနွေးကို ဆီးစပ် နှင့် ခါးအစရှိသောနေရာများတွင်ကပ်ပေးခြင်းဖြင့် နာကျင်မှုကိုသက်သာစေပါသည်။

နွေးနွေးထွေးထွေးနေထိုင်ခြင်း
-အအေးမိခြင်း၊ ခြေထောက်အောက်ပိုင်းရေစိုခြင်း၊ အအေးပတ်ခြင်းများက Menstrual Cramps ကိုပိုဆိုးစေနိုင်သောကြောင့်နွေးနွေးထွေးထွေးနေရန်အရေးကြီးပါသည်။

မစားသင့်သောအစားအစာများ
- ချဥ်လွန်းစပ်လွန်းသောအစားအစာများနှင့် လေပွစေသော အစားအစာများသည် ဗိုက်နာခြင်းကိုပိုဆိုးစေနိုင်သဖြင့်ရှောင်သင့်ပါသည်။

ခန္ဓာကိုယ်လေ့ကျင့်ခန်းများပြုလုပ်ခြင်း
-ပေါ့ပါးသော လေ့ကျင့်ခန်းများ၊ယောဂ ကျင့်ခြင်းနှင့် နေ့စဥ် ဆယ့်ငါးမိနစ်ခန့်လမ်းသွက်သွက် လျှောက်ခြင်းက သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး၊ ကိုက်ခဲမှုကို လျော့နည်းစေပါသည်။

ရေများများသောက်ခြင်း
- ရေများများ သောက်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ ကုန်ဆုံးသွားသောအရည်ဓာတ်များကို ပြန်လည်ဖြည့်တင်းရာရောက်ပါသည်။

အာဟာရပြည့်ဝသောအစားအစာများ
- အာဟာရပြည့်ဝသော အစားအစာများနှင့် ပရိုတိန်း၊ ဖိုင်ဘာ၊ ဗီတာမင်များပါဝင်သော အစားအစာများကို ပုံမှန် ဂရုတစိုက်စားခြင်းဖြင့် ရာသီလာစဥ်ဖြစ်တတ်သော သွေးအားနည်းခြင်းကိုကာကွယ်နိုင်ပါသည်။

အနာသက်သာဆေးများ
- အိုင်ဗြူပရိုဖင် (Ibuprofen)၊ နာပရိုဆင် (Naproxen)၊ သို့မဟုတ် မီဖန်နမစ် အက်ဆစ်(Mefenamic Acid) ကဲ့သို့သော ဆေးများကို အသုံးပြုနိုင်ပါသည်။

ဆရာဝန်နှင့်တိုင်ပင်ခြင်း
- နာကျင်မှု အလွန်ပြင်းထန်ပါက နောက်ဆက်တွဲရောဂါများဖြစ်နိုင်သောကြောင့် ဆရာဝန်နှင့်ဆွေးနွေးရန်လိုပါသည်။

အနားယူခြင်း
- နာကျင်နေစဉ် လဲလျောင်း၍ အနားယူခြင်းသည် ကိုက်ခဲမှုကို သက်သာစေပါသည်။

#ကျန်းမာသုခ
#မီးယပ်ရောဂါ

လာမည့် 15th & 16th မှာ ကျင်းပမဲ့ International Hospital and Health Care 2024 မှာ  #ကျန်းမာသုခ ရှိပါမယ်နော်။ အခမဲ့ ကျန်းမ...
14/06/2024

လာမည့် 15th & 16th မှာ ကျင်းပမဲ့ International Hospital and Health Care 2024 မှာ #ကျန်းမာသုခ ရှိပါမယ်နော်။

အခမဲ့ ကျန်းမာရေးစစ်ဆေးပေးမှုများအပြင် Home Service အတွက် Discount တွေစီစဥ်ထားလို့ လမ်းကြုံလေးဝင်လည်နော်။

KMTK Medical ရဲ့ အချောလေးတွေကတော့နေ့တိုင်းရှိမှာပါ


ကိုယ်ဝန်ဆောင်ချိန်တွင် လူများအကြားတွေ့ရလေ့ရှိသော အယူအဆအလွဲများစွာရှိပါသည်။အယူအဆအလွဲများကိုယ်ဝန်ဆောင်ချိန်တွင် လူနှစ်ယောက...
12/06/2024

ကိုယ်ဝန်ဆောင်ချိန်တွင် လူများအကြားတွေ့ရလေ့ရှိသော အယူအဆအလွဲများစွာရှိပါသည်။

အယူအဆအလွဲများ

ကိုယ်ဝန်ဆောင်ချိန်တွင် လူနှစ်ယောက်စာ စားရမည်။

**မှန်ကန်မှု**

ကိုယ်ဝန်ဆောင်မိခင်သည် ကလေးအတွက် အာဟာရှိစွာ စားဖို့ လိုအပ်ပါသည်။ သို့သော် အချိန်တိုင်း ​လူနှစ်ယောက်စာ စားရန် မလိုအပ်ပါဘူး။ သန့်ရှင်းသော အစားအစာ အာဟာရ​​
ပြည့်ဝသော အစားအစာများကို စားသုံးရန်သာ အရေးကြီးပါသည်။

ကိုယ်ဝန်ဆောင်ချိန်တွင် ကော်ဖီမသောက်ရ။

**မှန်ကန်မှု**

ကော်ဖီကို တစ်နေကုန် အခွက်ရေများစွာ မသောက်သင့်ပါဘူး။
သို့သော် အချို့သော ကဖင်းဓာတ်နည်းသော (သို့မဟုတ်)
ကဖင်းမပါသောကော်ဖီကိုသောက်လို့ရပါသည်။ကလေးနှင့်မိခင်ကျန်းမာရေးကို ထိခိုက်စေမှာမဟုတ်ပါဘူး။ တစ်နေ့လျှင် ကော်ဖီ ၂၀၀ မီလီဂရမ် ထက်မကျော်ရန် အထူးသတိပြုပါ။

ကိုယ်ဝန်ဆောင်ချိန်တွင် လေ့ကျင့်ခန်းမလုပ်ရ။

**မှန်ကန်မှု**:

လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ကိုယ်ဝန်ဆောင်မိခင်တို့အတွက် အကျိုးရှိစေပါသည်။ ဆရာဝန်နှင့်တိုင်ပင်ပြီး မိမိကိုယ်သင့်တော်သော လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ပါသည်။ စိတ်ဖိစီးမှုလျော့ကျစေပြီး ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး ကျန်းမာ​စေပါသည်။

ကိုယ်ဝန်ဆောင်ချိန်တွင် ကျက်အောင်မချက်ထားသောအသားများ၊ မှိုများ စားလို့ရသည်။

**မှန်ကန်မှု**

​မြေပြင်ပေါ်ကပ်ပေါက်တတ်သော မှိုများ ကျက်အောင် ချက်ပြုတ်ထားခြင်းမရှိသော အသားများတွင် Listeria ဟုခေါ်သော ပိုးမွှားများ ကပ်တွယ်လာနိုင်ပါသည်။
ထိုပိုးမွှားကြောင့် သားပျက်သားလျှောသည်အထိဖြစ်နိုင်တဲ့အတွက် ကျက်အောင် ချက်ပြုတ်ထားသောအစားအစာများကိုသာ စားသုံးသင့်ပါသည်။

ကိုယ်ဝန်ဆောင်ချိန်တွင် လိင်ဆက်ဆံမှု မလုပ်ရ။

**မှန်ကန်မှု**

ကိုယ်ဝန်ဆောင်ကာလအတွင်း လိင်ဆက်ဆံမှု လုပ်လို့ရပါသည်။ ကိုယ်ဝန်အခြေအနေပေါ်မူတည်ပြီးဆရာဝန်၏ အကြံပြုချက်အတိုင်းလိုက်နာဖို့လိုပါသည်။

ကိုယ်ဝန်ဆောင်များနှင့်ပတ်သက်တဲ့ ဗဟုသုတတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ ကျန်းမာသုခ Page ကို see first ထားဖို့လိုမယ်နော်။

#ကိုယ်ဝန်ဆောင်ဗဟုသုတ
#ကျန်းမာသုခ

မိသားစုဆိုတာ 💚💙💜"မိသားစုရဲ့ချစ်ခြင်းမေတ္တာကအမှောင်ထဲက အလင်းလေးတစ်မျှင်*"မိသားစုဆိုတာ ချစ်ခြင်းမေတ္တာနဲ့ ပြည့်စုံနေတဲ့နေရ...
11/06/2024

မိသားစုဆိုတာ 💚💙💜

"မိသားစုရဲ့ချစ်ခြင်းမေတ္တာက
အမှောင်ထဲက အလင်းလေးတစ်မျှင်*

"မိသားစုဆိုတာ ချစ်ခြင်းမေတ္တာနဲ့ ပြည့်စုံနေတဲ့နေရာ"

"မိသားစုဆိုတာ ဘဝပျော်ရွှင်မှုရဲ့ အနှစ်သာရ"

4. "မိသားစု ချစ်ခြင်းမေတ္တာက ဘဝရဲ့ အခြေခံအုတ်မြစ် "

သာယာပျော်ရွှင်သောမိသားစုဘဝပိုင်ဆိုင်ထားသူများကို အစဥ်အားကျလျက်

#ကျန်းမာသုခ
#သားဖွားမီးယပ်အထူးကုဆေးခန်း

လှည်းတန်းစင်တာ Promotion Area မှာ ကျင်းပပြုလုပ်တဲ့ ကျန်းမာသုခတွင်ရရှိနိုင်သော ဝန်ဆောင်မှုများမိတ်ဆက်ပွဲ ဖြစ်ပါတယ်။ စိတ်ဝ...
11/06/2024

လှည်းတန်းစင်တာ Promotion Area မှာ ကျင်းပပြုလုပ်တဲ့ ကျန်းမာသုခတွင်ရရှိနိုင်သော ဝန်ဆောင်မှုများမိတ်ဆက်ပွဲ ဖြစ်ပါတယ်။

စိတ်ဝင်တစားပါဝင်ပေးသူများကိုကျေးဇူးအထူးတင်ပါတယ်။

လူတိုင်းကျန်းမာသုခပြည့်ဝနိုင်ဖို့ ကျန်းမာသုခကအမြဲရှိနေမှာပါ 💙

ကျန်းမာသုခ is at Hledan Center.နိုင်ငံခြားကို HCA နဲ့ထွက်ဖို​့ သင်တန်းအကြောင်းကိုရော 2နာရီအတွင်းအရောက်လာပေးတဲ့ အရေးပေါ်အ...
28/05/2024

ကျန်းမာသုခ is at Hledan Center.

နိုင်ငံခြားကို HCA နဲ့ထွက်ဖို​့ သင်တန်းအကြောင်းကိုရော
2နာရီအတွင်းအရောက်လာပေးတဲ့ အရေးပေါ်အိမ်ပင့်ဝန်ဆောင်မှုအကြောင်းကိုရော စုံစမ်းလို့ရပါတယ်။

လက်ဆောင်ပေးတဲ့ အစီအစဥ်လေးတွေလဲရှိတော့ လမ်းကြုံရင် လာခဲ့ဖိို့ဖိတ်ခေါ်ပါတယ်။

မိုးတွင်းကာလ ရေစိုစိုနဲ့ချော်မလဲစေဖို့ #ကျန်းမာသုခ
28/05/2024

မိုးတွင်းကာလ ရေစိုစိုနဲ့ချော်မလဲစေဖို့

#ကျန်းမာသုခ

27/05/2024

ကျန်းမာသုခ အထူးကုဆေးခန်းနှင့် အဆင့်မြင့်သားဖွားခန်း ဟာ ဆိုရင်ဖြင့် ပြင်ပတွင် အမှန်တကယ် တည်ရှိပြီး လူထုများရဲ့ ကျန်းမာရေးလိုအပ်ချက်များကိုအမှန်တကယ် ဖြည့်ဆည်းပေးနေသောဆေးခန်းတစ်ခုဖြစ်ပါတယ်။

ဆေးခန်းအတွင်းရှိ အမှန်တကယ် ကုသပေးလျက်ရှိသော ရောဂါအခြေအနေများကို ပြည်သူလူထုများ ဗဟုသုတရစေရန်၊ သတိပြုမိစေရန်၊ ရှောင်ရှားနိုင်စေရန် လူနာများခံမှ ခွင့်တောင်းပြီး Real time photographs များကို ပြသပေးလျက်ရှိပါတယ်။

ပြင်ပမှအမှန်တကယ်ခံစားရသောရောဂါအခြေအနေများဖြစ်သည့်အတွက် လှပမှုမရှိဘဲ လူကြီးမင်းတို့စိတ်အနှောက်ဖြစ်စေပါကအထူးတောင်းပန်ပါတယ်။

ရောဂါများသည် မလှပပါ။
ရောဂါခံစားနေရသူများသည် အမှန်တကယ်ခံစားရခြင်းဖြစ်ပါတယ်။

ထို့အတွက်မည်သည့် အနာတရ ရောဂါများမဆို ကြိုတင်သတိပြုကာကွယ်ဖို့တိုက်တွန်းလိုက်ရပါတယ်။

မိုးတွင်းဘက်အဖြစ်တတ်ဆုံးဆို တုတ်ကွေး​ဖြေကြမယ်ထင်တယ်။ ဒါ့အပြင် အထူးသတိထားရမှာက ထိခိုက်ရှနာများလဲ ပါပါတယ်။ မိုးတွင်းဘက် In...
26/05/2024

မိုးတွင်းဘက်အဖြစ်တတ်ဆုံးဆို တုတ်ကွေး​ဖြေကြမယ်ထင်တယ်။

ဒါ့အပြင် အထူးသတိထားရမှာက ထိခိုက်ရှနာများလဲ ပါပါတယ်။

မိုးတွင်းဘက် Injury ထိခိုက်ရှနာအရမ်းများပါတယ်။

Dressing Box မလောက်တဲ့အထိကို အားပေးကြမ်းကြတယ်။

တချို့ဆို အရမ်းအန္တရာယ်များပါတယ်။

ကွဲ ပြဲတာ အရိုးကျိုး အရိုးအဆစ်လွဲ စုံလို့ပါပဲ။

မိုးတွင်းပိုင်း Injury မဖြစ်ရအောင် ဆောင်ရန် ရှောင်ရန်လေးတွေလဲ Post တင်ပေးပါမယ်။

ကဲ အဲ့တော့ အချစ်ဆုံးတို့ရေ အရမ်းတောက်တဲ့တောက်တဲ့ လျှောက်မသွားနဲ့ ။

မိုးရွာရင် အမိုးအကာအောက်နေပါ။

#ကျန်းမာသုခ

ကိုယ်ဝန် ဆောင်တွေ တုတ်ကွေးကာကွယ်ဆေးထိုးသင့်သလား၊ မထိုးသင့်ဘူးလား ။ပရိတ်သတ်အယောက် ၁၀၀ ရဲ့အဖြေက?
24/05/2024

ကိုယ်ဝန် ဆောင်တွေ တုတ်ကွေးကာကွယ်ဆေးထိုးသင့်သလား၊ မထိုးသင့်ဘူးလား ။

ပရိတ်သတ်အယောက် ၁၀၀ ရဲ့အဖြေက?

ဗိုက်ကြီးမကြီးဆုံးဖြတ်တော်မူခန်း ဆရာဝန်ကျမ - အမ ဆီးစစ်တယ်နော် တစ်ကြောင်းပဲပေါ်တယ်နော် ဗိုက်မကြီးဘူးနော်။လူနာ - ရွာက လက်သ...
23/05/2024

ဗိုက်ကြီးမကြီးဆုံးဖြတ်တော်မူခန်း

ဆရာဝန်ကျမ - အမ ဆီးစစ်တယ်နော် တစ်ကြောင်းပဲပေါ်တယ်နော် ဗိုက်မကြီးဘူးနော်။

လူနာ - ရွာက လက်သည်နဲ့ ပြပြီးသား ဗိုက်ကြီးနေပြီတဲ့ ကျမဗိုက်ကြီးနေပြီ။
ဆရာဝန်ကျမ - အဲ့ဒါဆို အယ်ထရာဆောင်းရိုက်မယ်
လူနာ - ဗိုက်ထွက်မှ ရိုက်မယ်

(အေး အေးထွက်အောင်သာစောင်​့ မကြီးတဲ့ဗိုက်ကိုထွက်အောင်သာစောင့် )

လူနာ - ဗိုက်ကြီးကြောင်းထောက်ခံစာလုပ်ပေးပါဆရာမ၊ လက်သည်ပြောတာသေချာတယ်၊ ရွာပြန်မလို့ စစ်ဆေးရေးဂိတ်တွေနဲ့ဆိုတော့
(စစ်ဆေးရေးဂိတ်က ဗိုက်ကြီးကြောင်းထောက်ခံစာတောင်းကြလား)

ဆရာဝန်ကျမ - အမကဗိုက်မှမကြီးတာ ကျမဘယ်လိုရေးမလဲ

ကဲ မဟော်သဓာခေါ်ပေးကြပါ 😔


#ကျန်းမာသုခ

အောင်မြင်ပျော်ရွှင်သောမိသားစုဖြစ်ဖို့ အောက်ပါအချက်အလက်များကို လိုက်နာဖို့လိုပါတယ်။ မိသားစုအတွင်းဆက်ဆံရေးအကြောင်းအရာအားလု...
23/05/2024

အောင်မြင်ပျော်ရွှင်သောမိသားစုဖြစ်ဖို့ အောက်ပါအချက်အလက်များကို လိုက်နာဖို့လိုပါတယ်။

မိသားစုအတွင်းဆက်ဆံရေး

အကြောင်းအရာအားလုံးကို ချွင်းချက်မရှိ ပြောဆိုဆွေးနွေးပါ။ အချင်းချင်းနားထောင်ပေးပြီး တစ်ဦးဦးရဲ့ခံစားချက်ကိုလည်း တန်ဖိုးထားပါ။

--------------------

အချိန်ပေး​ခြင်း

မိသားစုအပေါင်းအသင်းများအတွက် အချိန်ပေးပါ။ အတူတူအချိန်ဖြုန်းခြင်းဖြင့် မိသားစုရဲ့ပျော်ရွှင်ဖွယ်အခိုက်အတန့်ကို ဖန်တီးနိုင်ပါတယ်။
--------------------

ရိုးသားမှုနှင့်ယုံကြည်မှု

ရိုးသားစွာနေထိုင်ပါ။ တစ်ဦးဦးအပေါ် ယုံကြည်စိတ်ရှိပြီး ယုံကြည်ရဖို့ သံသယကင်းဝေးအောင်လုပ်ပါ။

--------------------

ကျေးဇူးတင်မှုနှင့်အားပေးမှု

မိသားစုအဖွဲ့ဝင်တွေကြား ကျေးဇူးတင်မှုနှင့်အားပေးမှုတွေဖော်ပြပါ။ လုပ်ဆောင်မှုတွေအတွက် အားပေးမှုပြတာက ပိုမိုပြည့်စုံစေပါတယ်။

--------------------

ပေးဆပ်ခြင်း

မိသားစုကို ကူညီပေးနိုင်ဖို့ စိတ်အားထက်သန်ပါ။ မိသားစုအရေးကိစ္စ စိတ်ပါလက်ပါ လုပ်ဆောင်ပေးခြင်းက မိသားစုဆက်ဆံရေးကို ခိုင်မာစေပါတယ်။

--------------------

အောင်မြင်မှုကို ချီးမွမ်းခြင်း

တစ်ဦးဦးရဲ့ အောင်မြင်မှုများကို ချီးမွမ်းပေးပါ။ အောင်မြင်မှုကိုလဲ စိတ်ရင်းဖြင့် ဂုဏ်ပြုပေးပါ။

--------------------

အတူတကွသင်ယူမှု

အသစ်အသစ်သော အရာများကို အတူတကွလေ့လာပါ။ စိတ်ဝင်စားမှုတူရာကို အတူတူဝါသနာရာကို အာရုံစိုက်ပါ။

--------------------

အတူတကွလုပ်ဆောင်မှု

အလုပ်များတူတူလုပ်ပါ။ မိသားစုထဲမှာ အတူတူလုပ်ဆောင်နိုင်တဲ့ အရာများ (ဥပမာ စားပွဲပြင်ခြင်း၊ အိမ်ရှင်းခြင်း)ကို ပြုလုပ်ပါ။

--------------------

ကျန်းမာရေးနှင့်အားကစား

ကျန်းမာစွာနေထိုင်ဖို့ အားကစားလုပ်ပါ။ တစ်နေ့ကို 15 မိနစ်ခန့်အတူတူ လမ်းလျှောက်ခြင်းက မိသားစုတွင်းဆက်ဆံရေးကို ပိုမိုခိုင်မြဲစေပါသည်။

--------------------

အနာဂတ်အစီအစဉ်

မိသားစုရဲ့ အနာဂတ်အတွက် အစီအစဉ်ရေးပါ။ ပန်းတိုင်များကို သတ်မှတ်ပြီး အတူတူ
ပြီးမြောက်နိုင်ဖို့ကြိုးစားပါ။

ဤအချက်များအား လိုက်နာခြင်းအားဖြင့် မိသားစုအတွင်း သံယောဇဉ်ခိုင်မာပြီး ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ပါသည်။

ပျော်ရွှင်သော မိသားစုဘဝအတွက် ပျော်ရွှင်သောမိသားစုပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်။

#မီးဖွား
#ကျန်းမာသုခ

Address


Alerts

Be the first to know and let us send you an email when အင်းစိန်ကျန်းမာသုခ၂၄နာရီဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to အင်းစိန်ကျန်းမာသုခ၂၄နာရီဆေးခန်း:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Practice
  • Videos
  • Claim ownership or report listing
  • Want your practice to be the top-listed Clinic?

Share