
30/01/2023
Health for Her ကနေအမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ဗဟုသုတတွေကို အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။ ဒီနေ့မှာလည်း စိတ်ဝင်စားစရာကောင်းတဲ့ခေါင်းစဥ်လေးတစ်ခုရွေးထားပါတယ်။ 🤗
"တားဆေးဖြတ်ပြီးရင် ကလေးရဖို့ဘယ်လောက်စောင့်ရမလဲ" ဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဇနီးမောင်နှံတွေကြားမှာလည်း စိုးရိမ်လေ့ရှိပြီး အမေးများတဲ့မေးခွန်းလေးဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ တားဆေးဖြတ်ပြီးတဲ့အခါ ကလေးကရနိုင်ပါတယ်။ ဒါပေမယ့် ဒီနေ့ဖြတ် မနက်ဖြန်တော့တန်းမရပါဘူး။ ဟော်မုန်းထုတ်ပေးတဲ့ မျိုးဥအိမ်လေးတွေကို သူ့သဘာဝအတိုင်းပုံမှန်အလုပ်ပြန်လုပ်ဖို့ အချိန်လေးတစ်ခုပေးရပါမယ်နော်။
ဟော်မုန်းပါနေ့စဥ်သောက်တားဆေးတွေမှာ အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ အီစရိုဂျင်နဲ့ ပရိုဂျက်စတင်ဟော်မုန်းလေးတွေပါပါတယ်။ ဒီဟော်မုန်းတွေက အမျိုးသမီးတွေရဲ့ သားဥအိမ်ကနေ တစ်လတစ်ကြိမ်သားဥလေးတွေကြွေတာကို တားဆီးပေးခြင်းအားဖြင့် သန္ဓေတားခြင်းလုပ်ငန်းကိုဆောင်ရွက်ပေးတာဖြစ်ပါတယ်။ တကယ်လို့ လေဒီတို့က ကိုယ်ဝန်ဆောင်ဖို့၊ ကလေးယူဖို့ အဆင်သင့်ဖြစ်လို့ ဆေးဖြတ်မယ်ဆိုရင် လေဒီတို့ကြိုသိထားရမှာက သားဥအိမ်လေးက သူ့ရဲ့ပုံမှန်လုပ်ငန်းဖြစ်တဲ့ ဟော်မုန်းထုတ်ခြင်းနဲ့ သားဥကြွေခြင်းလုပ်ငန်းတွေကို ပြန်လုပ်ဖို့ အချိန်လေးတစ်ခုယူတယ်ဆိုတာပါပဲ။ ဒါကတော့ လူတစ်ဦးတစ်ယောက်ခြင်းပေါ်မူတည်ပြီး တူမှာမဟုတ်ပါဘူးနော်။ ဒါပေမယ့် စိတ်မပူပါနဲ့။ သူလိုအပ်တဲ့အချိန်တစ်ခုယူပြီးတဲ့အခါမှာတော့ ကိုယ်ဝန်ရနိုင်ပါတယ်။ 🤗
လေဒီတို့ ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်
✅ကျွမ်းကျင်ဆရာဝန်နဲ့တိုင်ပင်ပါ။
✅ ဟော်မုန်းဆေးဖြတ်ပြီးတဲ့အခါ ဖြစ်လေ့ရှိတဲ့ အခြေအနေတွေကိုမေးမြန်းထားပါ။
✅ကိုယ်ဝန်မဆောင်ခင် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေပြည့်ဝအောင် ဖြည့်စွက်ဆေးများသောက်သုံးဖို့တိုင်ပင်ပါ။ (ဥပမာ ဖောလစ်အက်ဆစ်)
✅ကိုယ်စိတ်ကျန်းမာအောင်နေပါ။
✅အစားကောင်းကောင်းစားပါ။
✅ဆေးလိပ်၊ အရက်သေစာ၊ မူးယစ်ဆေးဝါးရှောင်ကြဥ်ပါ။
✅စိတ်ဖိစီးမှုအတတ်နိုင်ဆုံး လျှော့ချပါ။
ကဲ... ဒီလိုအချက်လေးတွေကိုသိထားတယ်ဆိုရင်တော့ တားဆေးဖြတ်ပြီးနောက်ကလေးမရမှာလည်း ပူစရာမလိုဘူးနော်။ 😉 အခုပြောပြထားတဲ့အချက်လေးတွေအတိုင်းသာ လိုက်နာနေထိုင်ရင် လေဒီတို့အတွက် ချစ်စရာသားသားမီးမီးလေးတွေ ပိုင်ဆိုင်နိုင်မှာပါရှင်။ ဒီအချက်လေးတွေကို လေဒီတို့ရဲ့ချစ်ရသူခင်ပွန်းတွေလည်း သိရှိရအောင် မျှဝေပေးလိုက်ပါဦးနော်။ 😉💚