
08/07/2023
ပဲစားရင် ဘာလို့ လေပွတတ်သလဲ ❓
ပဲထဲမှာ ပရိုတင်းဓာတ်၊ ဗီတာမင်ဓာတ်၊ အမျှင်ဓာတ်တို့ ပါဝင်ပါတယ်။
🔸 ပရိုတင်းဓာတ်ပါတဲ့အတွက် သက်သတ်လွတ်စားသူတွေအတွက်ဆိုလည်း သင့်တော်ပါတယ်။
🔸 အမျှင်ဓာတ် ပါတဲ့အတွက်
- ဝမ်းမှန်စေတာ
- သွေးတွင်းအဆီဓာတ်ထိန်းပေးတာ
- သွေးတွင်းသကြားဓာတ်ထိန်းပေးတာ စတဲ့ အကျိုးတွေရနိုင်ပါတယ်။
♦ တစ်ခုရှိတာကတော့ လေပွတတ်တဲ့ ပြဿနာပါ။
- ဒါဟာ oligosaccharide ခေါ် အမျှင်ဓာတ်တစ်မျိုး ပါလို့ ဒီ အမျှင်ဓာတ် နဲ့ အူလမ်းကြောင်းထဲမှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေ ဓာတ်ပြုတဲ့အခါ Gas ထွက်တဲ့ အတွက်ကြောင့်ပါ။
♦ ဒါကြောင့် ပဲ စားတဲ့အခါ
- စားနေကျဖြစ်ပေမယ့်လည်း တစ်ခါတည်းနဲ့ အများကြီး စားလိုက်မိတာမျိုး
- ခုမှ စ စားမယ့်သူဆိုလည်း အူလမ်းကြောင်းက adaptation မရသေးတဲ့အတွက်
အခန့်မသင့်ရင်
✔ လေပွတာ
✔ ဗိုက်အောင့်တာ
✔ ဝမ်းပျော့တာ၊ တစ်ခါတရံ ဝမ်းလျှောတာ လိုမျိုး ဖြစ်တတ်တာပါ။
🔹 ဒါပေမယ့် ဒီလိုမျိုး လေပွ လေထတာက ဖြစ်လေ့ရှိတတ်ပြီး အန္တရာယ် မရှိပါဘူး။
🔹ဒါတွေဖြစ်လို့ဆိုပြီး မစားတော့ဘဲ ေရှာင်ဖို့လည်း မလိုပါဘူး။
🔹 မဖြစ်အောင် လျှော့ချပေးနိုင်မယ့် နည်းလေးတွေ ရှိပါတယ်။
1️⃣ ပဲကို မချက်ခင် တစ်ညမှာ ရေထဲစိမ်ထားပါ။
ဒီအခါမှာ ပဲထဲမှာပါတဲ့ oligosaccharides တွေဟာ ရေထဲမှာ ပျော်ဝင်သွားပါလိမ့်မယ်။
မနက်ရောက်တဲ့အခါ စိမ်ထားတဲ့ ရေတွေကို သွန်ပစ်ပါ။
ဒီလိုမျိုး ရေထဲမှာ တစ်ည စိမ်ထားပေးပြီးမှ ချက်မယ်ဆိုရင် oligosaccharide တွေ နည်းသွားတဲ့အတွက် အူလမ်းကြောင်းကနေ ချေဖျက်ရတာလည်း လွယ်သွားပါတယ်။
ဒါကြောင့် Gas ထွက်တာလည်း နည်းပြီး လေပွတာ၊ ဗိုက်အောင့်တာတွေ
သက်သာစေနိုင်ပါတယ်။
2️⃣ တစ်ခါတည်းနဲ့ ပမာဏ အများကြီးမစားဘဲ တဖြည်းဖြည်းချင်း တိုးပြီးစားပေးပါ။
ဒီလိုဆို အူလမ်းကြောင်းက ကျင့်သားရပြီး ဝမ်းလျှောတာ၊ လေပွတာ လျော့စေပါတယ်။
3️⃣ ရေများများသောက်ပေးပါ။
အမျှင်ဓာတ် ပါတဲ့ အစားအစာတွေ စားပြီးရင် ရေများများသောက်ပေးတာကလည်း လေအောင့်၊ လေထိုးတာ သက်သာစေတဲ့ အပြင် ဝမ်းလည်း မှန်စေပါတယ်။
ဒီလိုဆိုရင် ပဲစားရင် ဖြစ်တတ်တဲ့ ဝမ်းဗိုက်ပြဿနာကို သက်သာစေနိုင်မှာပါ။
မေတ္တာဖြင့်
Dr. Myo