Khin myo thant

  • Home
  • Khin myo thant

Khin myo thant Health and Medicine

သားသားမီးမီးတို့ဝမ်းချုပ်တဲ့အခါ အစိုးရိမ်လွန်ပြီး ဝမ်းချူတာမျိုး၊ဝမ်းနှုတ်ဆေးကျွေးတာမျိုးတို့ကိုလုံးဝမလုပ်သင့်ပါဘူးနော်။...
22/07/2022

သားသားမီးမီးတို့ဝမ်းချုပ်တဲ့အခါ အစိုးရိမ်လွန်ပြီး ဝမ်းချူတာမျိုး၊ဝမ်းနှုတ်ဆေးကျွေးတာမျိုးတို့ကိုလုံးဝမလုပ်သင့်ပါဘူးနော်။
ဒါတွေကဘေဘီလေးတို့အတွက် ပိုပြီးစိုးရိမ်ရတဲ့အရာပဲဖြစ်ပါတယ်။
က‌လေးငယ်တွေရဲ့အူလမ်းကြောင်းကြွက်သားတွေမဖွံ့ဖြိုးသေးတဲ့အချိန်မှာ
တစ်ရက်ကို(၂)ကြိမ်ကနေ (5)ကြိမ်အထိသွားတိုင်းလည်း ဝမ်းသွားတယ်လို့မပြောနိုင်သလို
တစ်ပတ်လောက်အထိ ဝမ်းမသွားတဲ့အခါလည်း ဝမ်းချုပ်တယ်လို့ပြောလို့မရပါဘူး။
ကလေးငယ်တစ်ယောက် သာမန်ဝမ်းချုပ်ခြင်းဆိုရင်တော့
အမျှင်ဓာတ်ပါဝင်သော အစားအစာများကျွေးပေးခြင်း
ရေအလုံအလောက်တိုက်ပေးခြင်း
ဝမ်းပျော့ပြီးအာဟာရဖြစ်စေတဲ့အစားအစာများသင့်တင့်အောင်ကျွေးပေးခြင်းတို့ကို ပြုလုပ်ပေးလို့ရပါတယ်။
အကယ်၍ ဘေဘီလေးတို့ကဝမ်းမသွားခြင်းနဲ့အတူ မျက်နှာမလန်းခြင်း၊ဂဏှာမငြိမ်ခြင်း၊ဗိုက်ကြီးဖောင်းကားနေခြင်း၊အကြောင်းပြချက်မရှိ အီနေခြင်း၊အစားကောင်းစွာမစားခြင်း၊ဝမ်းတွင်သွေးပါခြင်းစတာတွေဖြစ်လာပြီဆိုရင်တော့ စိုးရိမ်စရာဖြစ်လာပြီး နီးစပ်ရာဆေးခန်းသို့အမြန်ပြသင့်ပါတယ်။
သားသားမီးမီးနဲ့ ဖေဖေမေမေတို့ရဲ့ ကျန်းမာရေးဗဟုသုတတွေကိုစုံလင်စွာသိရအောင်လည်း Kidlac တို့ရဲ့ Page လေးကိုLike & Follow လေးလုပ်ထားပေးဖို့မမေ့နဲ့နော်။

ကစ်ဒ်လက်သောက်၍ကျန်းမာခြင်းဝမ်းဗိုက်လေးမှာရောဂါကင်း

သားရှင်မေမေများအတွက် သိသင့်တယ်ထင်လို့ပါ😊😊😊သားရှင်များအတွက် ဂျိုဂျိုလေး မှတ်စု (P***s)-----------------------------------...
08/12/2021

သားရှင်မေမေများအတွက် သိသင့်တယ်ထင်လို့ပါ😊😊😊

သားရှင်များအတွက် ဂျိုဂျိုလေး မှတ်စု (P***s)
---------------------------------------
မေမေတွေရဲ့ စကားကို ငှားပြီး သုံးလိုက်တာပါ။ တချို့က ဂျိုဂျိုလေး ဟုခေါ်၍ တချို့ကတော့နူနူးလေး ဟုခေါ်သည်။ CB မှာခဏခဏ လာမေးကြ၏။ ရာပေါင်းများစွာသော message များကို ဖြစ်နိုင်လျှင်အကုန်စာပြန်ချင်ပါသည်။ အချိန်တကယ်မရလို့ မပြန်ကြတာကို နားလည်ပေးကြပါ။ CHM ကို ဆေးရုံ। ဆေးခန်း ဟု မမှတ်ပါနှင့်။ သားရှင်များကို ဒီမှတ်စုလေး ရှယ်ပေးလိုက်ကြပါရန်။

#ပုံမှန်
----
ဂျိုဂျိုလေး၏ ထိပ်ဖူးကို g***s ဟုခေါ်၏။ ဆီးပေါက်ဝကလေးက အလယ်မှာ နေရာယူထား၏။ အရေပြားအပိုလေး( fo****in) က အပေါ်မှအုပ်မိုး၍ အရှေ့ကို ကျွံထွက်နေသည်။ မွေးကင်းစလေးတွင် ထိပ်ဖူးနှင့် အုပ်မိုးထားသော အရေပြားတို့သည် တွယ်ကပ်နေကြသည်။ ကလေးကြီးလာသည်နှင့်အမျှ တဖြည်းဖြည်း ကွာလာကြမည်။ ကလေး ၁၀၀ မှာ ၄၀ က အသက်တနှစ်ပြည့်လျှင် ကွာသွား ကြသည်။ ကလေး ၁၀၀ မှာ ၉ ၀ က လေးနှစ်ပြည့်လျှင် ကွာသွား ကြမည်။ ကလေး ၁၀၀ မှာ ၉ ၉ ယောက်က အသက် ၁၅-နှစ်ပြည့်လျှင် ကွာသွားကြမည်။ ကွာသွားမှသာ အုပ်မိုးထားသော အရေပြားကို အနောက်ကိုဆွဲနိုင်သည်။ အဲဒီလို ကွာသွားတဲ့အချိန်မှာတချို့ကလေးတွေက အနည်းငယ်နာကျင်မှုကို ၁-၂ ရက် ခံစားရပြီး ဆီးသွားရင်လည်းနာတတ်ပါတယ်။ အဲဒါကတော့ပုံမှန်ပါ။
မှတ်ချက်- မကွာသေးသော အရေပြားကို သန့်ရှင်းပေးရန် ရည်ရွယ်ချက် ဖြင့် ဘယ်တော့မှ အနောက်ကိုဆွဲဖို့ မကြိုးစားပါနှင့်။

#ဖြူ/ဝါဖတ် (sm**ma)
-------------------
မကွာသေးတဲ့ အရေပြားအောက်မှာ အဖြူဖတ်। အဝါဖတ် လေး များကို တွေ့ရတတ်သည်။ အဲဒါကို sm**ma ဟုခေါ်သည်။ ဘာမှ လုပ်စရာမလိုပါ။တခါတလေ အဲဒီအဖတ်တွေကနေ အရည်ထွက်လာတာကို ပြည် နှင့် မှားတတ်ကြသည်။

#အုပ်မိုးထားသော အရေပြားထိပ်ကလေး အနည်းငယ်ရောင်ခြင်း
( fo****in minor inflammation)
----------------------------------------------
အဖြစ်များသည်။ ခဏခဏ လာမေးကြသည်။ ဖြစ်ရခြင်း အကြောင်း တွေက သေး/ဝမ်း စိုနေသော diaper(သေးခံ) နှင့် အကြာကြီး ထိတွေ့နေခြင်း। မကွာသေးတာကို အတင်းနောက်ကို သွားသွား ဆွဲနေခြင်း। ဆပ်ပြာအရမ်းသုံးပြီး သေချာမဆေးခြင်း စသည်ဖြင့်။ ရောင်နေသော နေရာကို
- diaper ဘေဘီ ဇင့် ခရင် လေး လိမ်းပေးခြင်း।
- hydrocortisone 1% ခရင်မ်လေး လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေသည်။

# ဂျိုဂျိုလေး ထိပ်ဖူး (g***s) ရောင်ခြင်း ( balanitis )
------------------------------------------
ဒါလည်း အဖြစ်များသည်။ ကလေးက မသက်မသာဖြစ်။ ဆီးသွားရင်ငို။ ပိုးဝင်ပြီး ဖြစ်တာများသည်။ ရိုးရိုးဘက်တီးရီးယားပိုးလား। မှိုပိုး ( candida ) ကြောင့်လားဆိုတာလည်း ရှိသည်။ ဆရာဝန်က ခွဲနိုင်ပါသည်။ လုပ်ပေးလို့ရတာက-

ရိုးရိုးပိုး।ရိုးရိုးယောင်- ကလေးကို ကလေးခံနိုင်သော ရေနွေးလေး ထည့်ထားသည့် ဇလုံထဲတွင် ထိုင်ပေး। ဆီးသွားပေးခိုင်းပါ။
Hydrocortisone 1% ပါသော ဆေးအဆီ/ခရင် ကိုယောင်နေသော နေရာ၌လိမ်းပေးပါ။လုံလောက်ပါသည်။တချို့ ဆရာဝန်တွေကတော့ ဘက်တီးရီးယားပိုးသတ်ဆေးပါသော လိမ်းဆေးအဆီ လေးကိုပေးတတ်ပါသည်။

မှိုပိုး (candida) ကြောင့်ရောင်တာဆိုလျှင် ထိပ်ဖူးလေးယောင်တာအပြင် အနီစက်သေးသေးလေးများပါ တွေ့ရတတ်သည်။
ထိုအခါ ဆရာဝန်က ဘက်တီးရီးယားပိုးသတ်ဆေးအစား မှိုပိုးသတ်ဆေး လိမ်းဆေးကိုပေးပါလိမ့်မည်။ ကျန်တာကတော့ အတူတူပင်။

# ဂျိုဂျိုလေး၏ ထိပ်ဖူးရော। အုပ်မိုးထားသော အရေပြားပါ တော်တော်လေး ယောင်ရမ်းခြင်း
----------------------------------------------
ပိုးသတ်ဆေးသောက်ရမည်။ ဆိုးဝါးလျှင် ဆေးရုံတက် ကုသရမည်။ ဆရာဝန်နှင့်ပြပါ။

# အုပ်မိုးထားသောအရေပြား၌ အမာရွတ်ဖြစ်၍ နောက်ကို လုံးဝဆွဲမရတော့ခြင်း ( Phimosis)
----------------------------------------------
အရေပြားနဲ့အောက်က ထိပ်ဖူး မကွာသေးတာကို ခဏခဏ နောက်ကို သွား ဆွဲနေလျှင် ကြာလာလျှင် အဲဒီအရေပြားမှာ အမာရွတ် ဖြစ်လာပြီး လုံးဝနောက်ပြန် ဆွဲလို့မရတော့ခြင်းကို phimosis ဟုခေါ်သည်။ တချို့ကြတော့လည်း မွေးရာပါ ဖြစ်သည်။ ထိပ်ဖူးကိုလည်းမမြင်ရ။ သူ့အလယ်မှာရှိတဲ့ ဆီးသွားပေါက်ကိုလည်း မမြင်ရတော့။ ကလေးကဆီးသွားလျှင် ဆီးကောင်းကောင်း အပြင်ကိုမရောက်ပဲ အရေပြားအောက်တွင်အောင်းပြီး ပူဖောင်းပုံဖြစ်နေခြင်း စတာတွေကိုတွေ့ရပါတော့သည်။ မှတ်ချက်- အရေပြားနောက်ကို ဆွဲ၍မရသေးသော ကလေးငယ်တိုင်း ဆီးသွားချိန် အနည်းငယ်ဖောင်းသည်။အဲဒါက phimosis မဟုတ်ပါ။ မတရားဖောင်းကားနေမှသာ phimosis ကိုစဉ်းစားပါ။ ကုသနည်းကတော့-

-အနည်းငယ်ပြင်းသော စတီးရွိုက်လိမ်းဆေးကို တင်းနေသော အရေပြားပေါ် တလခန့်လိမ်းရန် ဆရာဝန်က ညွန်ကြားနိုင်ပါသည်။(betamethasone 0.05% cream BD for 2-4 weeks)

(သို့မဟုတ်)

-အုပ်မိုးထားသော အရေပြားကို ဖြတ်တောက်ခြင်း( circumcision) ကို လုပ်ရနိုင်ပါသည်။ မွတ်စလင်। ဂျူး နှင့် အချို့ ခရစ်ယာန်များက ကတော့ ဘာသာရေးအရ သူတို့ကလေးငယ်များကို circumcision လုပ်ပေးကြသည်။

အရေးပေါ် ပြဿနာ ( paraphimosis )
-----------------------------------
အထက်ပါ Phimosis ရှိသော ကလေးက အရေပြားကိုအတင်း အနောက်ကိုဆွဲသောအခါ ဘာဖြစ်နိုင်သလဲဆိုတာ စဉ်းစားကြည့်ပါ။ အရေပြားက ထိပ်ဖူးရဲ့ အနောက်ကို ရောက်သွားပြီးတော့ ဂျိုဂျိုလေးကို ညှစ်ပေတော့မည်။ ပြင်းထန်သော နာကျင်မှုကို ခံစားရပြီး မူလအတိုင်းအောက်ကိုလည်း ပြန်ဆွဲချ၍ မရတော့။ ဆေးရုံကို အမြန်ပြေးပါ။ အရေးပေါ်ဖြစ်သည်။ ဂျိုဂျိုလေး ဒုက္ခရောက်သွား နိုင်သည်။ ဆေးရုံကအရမ်းဝေးလျှင် နီးစပ်ရာဆေးခန်းကိုသာ ဝင်လိုက်ပါ။

# ဆီးသွားပေါက် အောက်ရောက်နေခြင်း( hypospadias )
---------------------------------
ဂျိုဂျိုလေးရဲ့ ဆီးသွားပေါက်က ထိပ်ဖူးလေးရဲ့ အလယ်တည့်တည့် မှာမရှိပဲ အောက်ရောက်နေခြင်းကို hypospadias ဟုခေါ်သည်။ ကလေးခွဲစိတ်ကု ဆရာဝန်နှင့်ပြပါ။ hypospadias ရှိသောကလေးကို circumcision မလိုအပ်ပဲ မလုပ်ရပါ။ အဲဒီအရေပြားကို
hypospadias ခွဲစိတ်တဲ့အခါ အသုံးချရမှာ မို့လို့ပါ။

ဂျိုဂျိုလေးနှင့်ပတ်သက်ပြီး စိတ်အေးကြပါစေ။
မေတ္တာဖြင့်

စိုးမိုးကျော်( Child Health Myanmar Page )

Photos : Google

သားအိမ်အားကောင်းဆေးဆိုတာ ရှိလား---၊ ဒေါက်တာအေးသီတာအုန်း (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) ၊---မေး- သားအိမ်အားကောင်းဆေးဆိုတ...
04/12/2021

သားအိမ်အားကောင်းဆေးဆိုတာ ရှိလား
---၊ ဒေါက်တာအေးသီတာအုန်း (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) ၊---
မေး- သားအိမ်အားကောင်းဆေးဆိုတာ ရှိပါသလား၊သားအိမ်အားကောင်းအောင် ဘာဆေးတွေ မှီဝဲရမလဲ၊သားအိမ်အားကောင်းအောင် ဘာတွေ ဆောင်သင့်၊ ရှောင်သင့်ပါသလဲ ဆရာမ။
ဖြေ-သားအိမ်အားကောင်းဆေးဆိုပြီး သီးသန့် ထွက်တဲ့ အားဆေးတော့ မရှိပါဘူး။ သားအိမ်အားကောင်းဖို့ အဖြူဆင်းများတာမရှိအောင်၊ သားအိမ်မှာ ပိုးမဝင်အောင် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရပါမယ်။
သားအိမ်ကို အထောက်အကူပြုစေဖို့ ဗီတာမင် အီး၊ ဖောလစ်အက်စစ် သောက်လို့ရပါတယ်။ သား အိမ်နံရံထူအောင်၊ ကိုယ်ဝန်ရရင် သားအိမ်ကပ်အားကောင်းအောင် အုန်းစိမ်းရည် သောက်လို့ရပါတယ်။ အမျိုးသမီးဟော်မုန်း အီစထရိုဂျင်ဓာတ်ပြည့်အောင် ပဲနို့ရည် သောက်လို့ရပါတယ်။ အားရှိတဲ့ အစားအ သောက်တွေ စားလို့ရပါတယ်။

သုံးလခံသန္ဓေတားထိုးဆေး  (Depo Provera)အကြောင်း ---၊ ဒေါက်တာအေးသီတာအုန်း(သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) ၊---မေး- သုံးလခံသ...
04/12/2021

သုံးလခံသန္ဓေတားထိုးဆေး (Depo Provera)အကြောင်း
---၊ ဒေါက်တာအေးသီတာအုန်း(သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) ၊---
မေး- သုံးလခံသန္ဓေတားထိုးဆေးကို ဘယ်အချိန်မှာ ထိုးသင့်ပါသလဲ။ လက်မထပ်မီ ကြိုတင်ထိုးဖို့ လိုပါသလား ဆရာမ။
ဖြေ-သုံးလခံသန္ဓေတားထိုးဆေးရဲ့ ဆေးအာနိသင်က တစ်ပတ်နေမှပေါ်တာဖြစ်တဲ့အတွက် လက်မထပ်ခင် (တချို့ဆိုရင် အမျိုးသားပြန်မလာခင်) တစ်ပတ်ကြိုပြီး ထိုးရပါတယ်။ စစချင်းထိုးမယ်ဆိုရင် ရာသီ ပေါပြီးပြီးချင်း စထိုးလို့ရပါတယ်။ ကြားအချိန် တွေမှာ ထိုးမယ်ဆိုရင်တော့ ကိုယ်ဝန်မရှိတာ သေချာနေရပါမယ်။(ဆီးစစ်ရမယ်၊ အာထရာဆောင်း ရိုက်ကြည့်ရပါမယ်) ကိုယ်ဝန်မရှိတာသေချာပြီဆိုရင် ရာသီစက်ဝန်းရဲ့ ဘယ်ရက်မှာမဆို ဆေးထိုးလို့ရပါတယ်။ ဆေးထိုးပြီးရင် တစ်ပတ်အတွင်း ကွန်ဒုံးသုံးတာ၊ အတူမနေဘဲ ရှောင်တာတို့ လုပ်ရပါမယ်။
သုံးလခံသန္ဓေတားထိုးဆေးက ၁၂ ပတ်အထိ ဆိုပေမယ့် စိတ်ချရအောင် ၁၁ ပတ်လောက်နဲ့ တွက်ပြီး ပြန်ထိုးခိုင်းပါတယ်။

မေး- သုံးလခံသန္ဓေတားထိုးဆေးကို ကလေး မွေးပြီး ဘယ်လောက်အကြာမှာ စထိုးသင့်ပါသလဲ ဆရာမ။
ဖြေ-ကလေးမွေးပြီး ၄၅ ရက်မှာ ထိုးလို့ရပါတယ်။ သူ့အာနိသင်က တစ်ပတ်စောင့်ရမှာဖြစ်တဲ့အ တွက် ၄၅ ရက်မပြည့်ခင် တစ်ပတ်ကြိုထိုးချင်ရင်လည်း ရပါတယ်။ ၄၅ ရက်မှာ ထိုးလို့လည်း ရပါတယ်။ ထိုးပြီးရင်တော့ တစ်ပတ်နေမှ ဆေးအာနိသင်ပြမှာပါ။

မေး- သုံးလခံသန္ဓေတားထိုးဆေးမှာ ဘာအားသာချက်တွေရှိပါသလဲ ဆရာမ။
ဖြေ-သုံးလခံသန္ဓေတားထိုးဆေးရဲ့ အဓိက အားသာချက်တွေက-
(၁) စိတ်ချရတယ်။ ဆရာဝန်ပြောတဲ့ ရက်အတိုင်း အတိအကျ ထိုးမယ်၊ သေချာလိုက်နာမယ်ဆိုရင် စိတ်ချရတယ်။
(၂) ဈေးသက်သာတယ်။
(၃) သုံးလမှတစ်ခါပဲ ထိုးရတဲ့အတွက် အလုပ်ရှုပ်တဲ့ အိမ်ရှင်မတွေအတွက် သောက်ဆေးလို သောက်ဖို့ မေ့ပြီး ကိုယ်ဝန်ရနိုင်တဲ့ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ တစ်နှစ်မှ လေးကြိမ်လောက် တားရုံနဲ့ အဆင်ပြေတယ်။

မေး- သုံးလခံသန္ဓေတားထိုးဆေးကို ဘယ်သူတွေ အဓိက ထိုးသင့်ပါသလဲ ဆရာမ။
ဖြေ-ဆေးသောက်ရမှာ မေ့တတ်သူတွေ၊ နေ့စဉ် ဆေးသောက်ဖို့ အခက်အခဲရှိသူတွေနဲ့ ရေရှည် သန္ဓေတားလိုသူတွေအတွက် သင့်တော်ပါတယ်။

မေး-သုံးလခံ သန္ဓေတားထိုးဆေးမှာ ဘယ်လို ဘေးထွက်ဆိုးကျိုးရှိပါသလဲ ဆရာမ။
ဖြေ-သုံးလခံသန္ဓေတားထိုးဆေးက ရာသီမလာတတ်ဘူး။ အမျိုးသမီးတွေက ရာသီလာတာ သ ဘောကျတော့ ဒါက အားနည်းချက်ပါ။ အရပ်ထဲမှာ ပြောနေကြသလို ရာသီမလာလို့ သွေးလုံးတည်မယ်၊ အသားလုံးဖြစ်မယ်ဆို တာ လုံးဝမဟုတ်ပါဘူး။ သုံးလခံသန္ဓေတားထိုးဆေးက သားအိမ်နံရံကို ခြောက်သွေ့ အောင်လုပ်လိုက်တဲ့အတွက် သားဥကြွေတာကို တားဆီးထားတဲ့အတွက် ရာသီမလာတာ ဖြစ်ပါတယ်။
သုံးလခံသန္ဓေတားထိုးဆေးက စားလို့သောက်လို့ပိုကောင်းလာတဲ့အတွက် ဝလာတတ်ပါတယ်။ ဒီ နှစ်ချက်ကတော့ အိမ်ထောင်ရှင်မတချို့ သုံးလခံ သန္ဓေတားထိုးဆေး ထိုးဖို့ တွန့်ဆုတ် တွန့်ဆုတ်ဖြစ် စေတဲ့အချက်နှစ်ခုပါ။

မေး- သုံးလခံသန္ဓေတားထိုးဆေးကို ဘယ်သူတွေ မထိုးသင့်ဘူးလဲ ဆရာမ။
ဖြေ-များသောအားဖြင့် တည့်တာများပါတယ်။ ဒါပေမဲ့ ကိုယ့်မှာ ရောဂါရှိရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ထိုးသင့်ပါတယ်။

မေး- သုံးလခံသန္ဓေတားဆေးထိုးရင် ကလေးမရဖို့ ရာနှုန်းပြည့် စိတ်ချရပါသလား ဆရာမ။
ဖြေ-သုံးလခံသန္ဓေတားဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း တိတိကျကျ ထိုးတယ်ဆိုရင် သန္ဓေတားနှုန်းက ၉၅ ရာခိုင်နှုန်းကျော် ရှိပါတယ်။

မေး-သုံးလခံသန္ဓေတားဆေးထိုးထားသူက သားသမီးလိုချင်လို့ ဆေးရပ်လိုက်ရင် ဘယ်လောက် ကြာ စောင့်ရတတ်ပါသလဲ ဆရာမ။
ဖြေ-ကလေးရဖို့ ပြန်စောင့်ရတာက ၆လနဲ့ တစ်နှစ်-တစ်နှစ် ရှစ်လကြာ ပြန်စောင့်ရတတ်ပါတယ်။

မေး- သုံးလခံသန္ဓေတားဆေးထိုးခြင်းနဲ့ပတ်သက်ပြီး သတိပြုစရာတွေရှိရင်ပြောပြပေးပါ ဆရာမ။
ဖြေ-သုံးလခံသန္ဓေတားဆေးနဲ့ပတ်သက်ပြီး အဓိက သတိပြုသင့်တာက သက်တမ်းကုန်ဆုံးရက် (Expire Date) ကျော်တဲ့ဆေးကို ဘယ်လောက်တိတိကျကျ ထိုးထိုး စိတ်မချရပါဘူး။ နောက်တစ်ခုက ကိုယ်ဝန်မရှိတာ သေချာမှ ထိုးရပါမယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဆရာဝန်ညွှန်ကြားချက်အတိုင်း သေချာထိုးသင့်ပါတယ်။

သားအိမ်ကျခြင်း---၊ ဒေါက်တာအေးသီတာအုန်း (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) ၊---မေး- သားအိမ်ကျခြင်းက ဘာကြောင့်ဖြစ်တတ်ပါသလဲ ဆရ...
04/12/2021

သားအိမ်ကျခြင်း
---၊ ဒေါက်တာအေးသီတာအုန်း (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) ၊---
မေး- သားအိမ်ကျခြင်းက ဘာကြောင့်ဖြစ်တတ်ပါသလဲ ဆရာမ။
ဖြေ- ကလေးအများကြီးကို ရိုးရိုးမွေးတဲ့သူတွေ၊ ကလေးမွေးတဲ့အချိန်မှာ အရမ်းညှစ်ပြီး ခက်ခက်ခဲခဲ မွေးရသူ တွေ၊ ကလေးမွေးဖွားစဉ် ကြာတဲ့သူတွေက သားအိမ်ကျခြင်း၊ ဆီးအိမ်ကျခြင်း၊ ဝမ်းအိမ်ကျခြင်းတွေ ဖြစ်တတ်ပါတယ်။ ဗိုက်ထဲမှာရှိတဲ့ အလုံးအကျိတ်တွေ ဖိမိပြီး သားအိမ်ကျတာကိုလည်း တချို့ တွေမှာ တွေ့ရတတ်ပါတယ်။

မေး- သားအိမ်ကျရင် ဘယ်လိုလက္ခဏာတွေဖြစ်တတ်ပါသလဲ ဆရာမ။
ဖြေ-သားအိမ်ကျရင် မိန်းမကိုယ်အဝ တစ်ဆို့ တစ်ဆို့ဖြစ်လာတယ်၊ ဝမ်းသွားရ ခက်လာတယ်၊ ဆီးသွားရ ခက်လာတယ်၊ ဆီး/ဝမ်းသွားဖို့ ကြိုးစားချိန်မှာ သားအိမ်က ထွက်ကျလာတတ်တယ်။ ကွမ်းသီးလိုအလုံး ထွက်ကျလာရင် သားအိမ်ခေါင်းနဲ့ သားအိမ် ကျွံကျလာတာ ဖြစ်ပါတယ်။

မေး- သားအိမ်ကျရင် ဘာတွေ ဆောင်ရွက်သင့်ပါသလဲ ဆရာမ။
ဖြေ-သားအိမ်ကျပြီဆိုရင် သက်ဆိုင်ရာ သားဖွားမီးယပ်အထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။ သားအိမ်ကျတဲ့အဆင့်က ဘယ်လောက်အဆင့်အထိ ရောက်နေပြီလဲဆိုတာ စစ်ဆေးပြီး ကွင်းနဲ့ ပင့်တင်ပြီး ကုသနည်း၊ မိန်းမကိုယ်ကတဆင့် သားအိမ်ထုတ်ခြင်း စတဲ့ကုသနည်းတွေရှိတဲ့အတွက် ကိုယ်နဲ့ ဘယ်နည်း က သင့်တော်မလဲဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ဆွေး နွေးသင့်ပါတယ်။ သားအိမ်ကျတာကို ကုသမှု ခံယူဖို့ လိုပါတယ်။ သားအိမ်ကျတာကို မကုဘဲထားရင် တဖြည်းဖြည်း ပိုဆိုးလာပြီး သားအိမ်အကုန်လုံး ထွက်ကျလာတတ်ပါတယ်။ မကုရင် သားအိမ်ခေါင်းက ပြင်ပလေထု၊ ပြင်ပအဝတ်အစား (အတွင်းခံဘောင်းဘီ၊ ထဘီစ)တွေ နဲ့ ပွတ်တိုက်မိရာက အနာ၊ သားအိမ်ခေါင်းကင်ဆာဖြစ်လာတတ်ပါတယ်။

မေး- သားအိမ်ကျတာကို ဘယ်လိုကုလို့ရပါသလဲ ဆရာမ။
ဖြေ-ခွဲစိတ်ကုသနည်းနဲ့ ကွင်းထည့်ပြီး ကုသနည်းဆိုပြီး နှစ်မျိုးရှိပါတယ်။ ကွင်းထည့်ပြီး ကုသနည်းကတော့ အသက်ကြီးတဲ့ အမျိုးသမီးတွေ ခွဲစိတ် ကုဖို့ မသင့်တော်ရင် သုံးလေ့ရှိပါတယ်။ ကွင်းထည့်တာ ကြာရင်တော့ မိန်းမကိုယ်နံရံမှာ အနာဖြစ်တတ်သလို ပိုးဝင်တာလည်း ဖြစ်တတ်ပါတယ်။ ဒါကတော့ ဆိုးကျိုးပေါ့။
ခွဲစိတ်ကုသနည်းကတော့ ကျတဲ့ သားအိမ်ကို မိန်းမကိုယ်အောက်ဘက်ကနေ ပြန်ပင့်တင် ပြုပြင်ပေးတဲ့နည်းပါ။

မေး- သားအိမ်ကျခြင်းမဖြစ်အောင် ဘယ်လို ကာကွယ်သင့်ပါသလဲ ဆရာမ။
ဖြေ-အလေးအပင်တွေကို မနိုင်မနင်း မ,တာတွေ၊ ကလေးခက်ခက်ခဲခဲ မွေးဖွားရတာတွေ၊ ဝမ်းချုပ်လွန်းလို့ ဝမ်းကို ညှစ်သွားတာတွေက သားအိမ်ကျခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် အလေးအပင်မ,တာတွေကို ဆင်ခြင်သင့်ပါတယ်။ ဝမ်းချုပ်မခံဘဲ ဝမ်းမှန်မှန်သွားဖို့ ကြိုးစားသင့်ပါတယ်။ ကလေး မွေးဖွားဖို့ရာ သားဖွားမီးယပ်အထူးကုဆရာဝန်နဲ့ ကြိုတင် တိုင်ပင် ဆွေးနွေးမှု လုပ်သင့်ပါတယ်။

🔹ရာသီအကူးအပြောင်းကြောင့် ဘေဘီလေးတွေ နှာစေးနှာပိတ်လို့ပဲဖြစ်ဖြစ်🔹အပြင်ကပြန်လာလို့ မျက်စိ၊ နား နှင့် နှာခေါင်းတို့ကို သန့်...
03/12/2021

🔹ရာသီအကူးအပြောင်းကြောင့် ဘေဘီလေးတွေ နှာစေးနှာပိတ်လို့ပဲဖြစ်ဖြစ်
🔹အပြင်ကပြန်လာလို့ မျက်စိ၊ နား နှင့် နှာခေါင်းတို့ကို သန့်ရှင်းရေးလုပ်တာပဲဖြစ်ဖြစ်
🔹သားသားမီးမီးလေးတွေရဲ့ နား ၊နှာခေါင်း၊ မျက်စိသန့်ရှင်း‌ပေးဖို့ပဲဖြစ်ဖြစ်
🔹အိမ်က ဘိုးဘိုး ဘွားဘွားတို့အတွက် သန့်ရှင်းရေးလုပ်ဖို့ပဲဖြစ်ဖြစ်
🔹ထိခိုက်ဒဏ်ရာလေးတွေကိုဆေးကြောဖို့ပဲဖြစ်ဖြစ် အသုံးပြုနိုင်ပြီး ဘေးထွက်ဆိုးကျိုးကင်းပြီ မွေးစမှ ဘိုးဘိုးဘွားဘွား အရွယ်ထိ အရွယ်စုံ အသုံးပြုနိုင်တဲ့ ပြင်သစ်နိုင်ငံထုတ် Physiodose ဆေးရည်ဘူးလေးတွေဖြစ်ပါတယ်။
❤အဆင့်မြင့်နည်းပညာများနဲ့ ပြင်သစ်နိုင်ငံတွင် စနစ်တကျထုတ်လုပ်ထားတာကြောင့် ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ပါတယ်။
🔹သားသားမီးမီးလေးတွေအတွက် လိုအပ်တဲ့ ဆေးလေးတွေဝယ်ယူလိုပါက ဒီလင့်ခ်လေးကိုနှိပ်ပြီး အော်ဒါတင်ဝယ်ယူနိုင်ပါတယ် >>>
https://trues.com.mm/collections/medicine

❤Deli freeလေး လိုချင်လား ???
Deli Free လိုချင်တယ်ဆိုရင်တေ့ာ....
🔹 True Learning ပုံပြင်စာအုပ် ၁၀အုပ်ဝယ်တာနဲ့ (၁) အုပ်လက်ဆောင် + တစ်နိုင်ငံလုံးပို့ဆောင်ခအခမဲ့ (သို့မဟုတ်)
🔹ကိုယ်ဝယ်ယူလိုတဲ့ပစ္စည်း + True Learning ပုံပြင်စာအုပ် (၁)အုပ် ဝယ်လိုက်တာနဲ့ ရန်ကုန် Downtown (၃၁) မြို့နယ်အတွက် ပိုဆောင်ခအခမဲ့ နှင့် ကျန်မြို့နယ်များ အတွက် ပို့ဆောင်ခ တစ်ဝက်သာကျသင့်မှာဖြစ်ပါတယ်။

🔹Messenger မှဆက်သွယ်မှာယူလိုပါက
m.me/truesmyanmar
🔹ဖုန်းဆက်ဝယ်ယူလိုပါက
Hot Line
=====
09 887800041
09 887800042
09 750047638
09 750047639
09 950283600
09 756399347တို့ကိုလည်း ဆက်သွယ်နိုင်ပါတယ်ရှင်
.Trues.com.mm


#ဆေး

03/12/2021

Credit

ဝင်ငွေ နည်းခိုက် ဆေးသောက် ခြင်း အနုပညာ
*********************************************

အရင်က ပုံမှန်ဝင်ငွေလေးရှိပြီး စားနိုင်သောက်နိုင်ဆေးကု နိုင် တဲ့ လူ တချို့ဟာ အခုဆို ဆေးဖိုး တောင် အနိုင်နိုင်ဖြစ်လာကြပါပြီ။ ကိုဗစ်က တစ်မျိုး တုတ်ကွေး ကတမျိုး နှိပ်စက် ခံ ရတာ အပြင် နိုင်ငံခြားက ဆေး မဝင်တော့ တာ ဆေးစျေး ကွက်ပျက်တာ နိုင်ငံရေးမတည်ငြိမ် တာ တွေကြောင့်ဆေးဝါး အတော်များများ ဝယ်မရ တဲ့ ပြဿနာ ဟာတဖြည်းဖြည်း ကြီးလာပါတယ်။

အထူးသဖြင့် ဆီးချို သွေးတိုး နှလုံး ကျောက်ကပ် အသဲ စတဲ့ နာတာ ရှည်ရောဂါ တွေ ကို ကုသ ရမှာ များစွားအခက်အခဲ ဖြစ်ရပါတယ်။

ခက်တာ က မိသားစုဝမ်း ရေး အတွက် ဒီရောဂါတွေ ကို မကု သ ဘဲ ဆေးမသောက်ပဲ ထားမယ် ဆိုရင် ရောဂါတွေ ရဲ့နောက်ဆက်တွဲ ဆိုးကျိုး ကြောင့် အပ်နဲ့ ထွင်းရမဲ့ အရာ ပုဆိန် နဲ့ပေါက် လုပ်ရပါလိမ့်မယ်။

ခုဖြစ်နေ တဲ့ ပြဿနာ ဟာ ဘယ်လောက်ကြာမယ်ဆို တာ မသိရသလို ဆေးဝါး ရရှိနိုင်မှု က လဲ ရေရှည်မှာ ခန့် မှန်း မရနိင် ပါဘူး။

ဒီတော့ ဆရာဝန် တစ်ယောက် အနေနဲ့ ငွေကြေး အခက်အခဲ တွေ့နေ တဲ့ လူနာ တွေကို အကြံ ပေးလို တာက

၁။ သောက်နေကျ ဆေး ဝယ်မရ ပေ မဲ့ အလားတူ အာနိသင် တူ တဲ့ ဆေး ကို ရှာသင့်ပါတယ်။ ဆေး တပုံစံအတိုင်း မရလို့ အစွဲကြီးပြီး ဆေးရပ်တာ မျိုး မလုပ်သင့်ပါဘူး။

၂။ သောက်နေ တဲ့ ဆေး ထဲ မှာ အားဆေး တွေတစ်မျိုး ထက်ပို ပါနေ ရင် စျေး သက်သာတာ တမျိုး သောက်ရင်ရပါတယ်။

၃။ ကိုယ်သောက်နေ တဲ့ ဆေး ငါးမျိုး ထက်ပို ရင် ကျန်တာ တွေ ဘာလို့သောက်နေ လဲ ဆို တာ ကို ဆရာဝန် ကို မေးခွန်းထုတ်သင့်ပါတယ်။

၃။ သွေးကျ ဆေး မှာ စျေးကြီး တာ သောက်မှသွေး ကျတာ မဟုတ် ပဲ သက်သာ တဲ့ သွေးကျဆေး သောက်လဲ တူတူ ပါပဲ။ Telmosartan မသောက်နိုင်ရင် Losar သောလည်းသောက်ပါ။ Lecarnidipine မသောက်နိုင် ရင် Amlong သောလည်း သောက်ပါ။

၄။ နှလုံး သွေးကြော ထဲ Stent မထည့်ထား ရင်၊ လေဖြတ် လေဖြန်း ထားတာ မဟုတ် ရင် Clopidenk တို့ pedolip တို့မဟုတ် ပဲ ခေါင်းကိုက်ပျောက်ဆေး Buspro ကို လေးစိပ်စိပ်သောက်တာ တူတူ ပါပဲ။

၅။ နှလုံး ရောဂါ လေဖြတ် မဖြစ်ဖူး ပဲ Cholesterol လေးနည်းနည်း တက် တာ ကို Atorvastatin Rosuvastatin ဆို တဲ့ ဆေး မလိုပါဘူး။ သောက်ချင်ရင်ခေတ်ကောင်းမှသောက်ပါ။

၆။ တစ်ခါ ရင်ပူရုံ နဲ့ esomeprazole/pantoprazole တသက်လုံးမသောက်ပါနဲ့။ စျေးသက်သာ တဲ့ အစာအိမ်ဆေး တစ်ခုခုသောက်ပါ။

ရ။ စျေးကြီး တဲ insulin ထိုးနေရ ရင် စျေး ပေါ တဲ့ အင်ဆူလင် ကိုဆရာ ဝန် နဲ့ တိုင်ပင်ပြီး ထိုးသင့်ပါတယ်။

၈။ အသဲ မကောင်းမှန်းသိ ရင် အသဲ အားဆေး သောက်တာထက် အရက်မသောက်တာ က ပို အာနိသင်ရှိပါတယ်။ အဆုတ်ပွ နဲ့ ဆေးလိပ်လဲ ဒီလိုပါပဲ။

၉။ ဆီးချိုးဆေး သောက်ရ တာ များ တဲ့ ဝ တဲ့ လူတွေ ဟာ တစ် နေ့ ကို ၁၆ နာရီ အစာမစားပဲ ၈ နာရီသာ စားရင်ဆီးချို ဆေး လိုအပ်ချက်နည်းပါတယ်။ ဆရာဝန် နဲ့ တိုင်ပင်ပြီး မှ လုပ်ပါ။

ဆရာဝန် တွေအနေ နဲ့ က လဲ GP trend Specialist trend ဘာ trend ညာ trend လုပ်မနေ ပဲ ကိုယ့် မိသားစု သာ ဆို ရင် ငါပေးတဲ့ ဆေး သူတို့့ဘယ်လို ခက်ခက်ခဲခဲ ဝယ်သောက် ရမလဲ လို့တွေး ပြီး ဆေးပေးကြပါ။

COVID အနေ နဲ့ ပြောရရင်လဲ ကာကွယ်ဆေး ဖြန့်ကျက်မှု မကောင်းတာ ကြောင့် နောက်ထပ် COVID လှိုင်းတွေ လာပါလိမ့်မယ်။ Mask ကို တပ်ဖြစ်အောင်တပ်ပါ။

အလုံး ပဲ အသိသတိ နဲ့ ပြင်ဆင် စုဆောင်း ကြပြီး အသက်ရှည် ကျန်းမာ ဘေးကင်းကွာကြပါစေ။

ဒေါက်တာနေမျိုးဦး (Physician)

Address


Website

Alerts

Be the first to know and let us send you an email when Khin myo thant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram