Ca-R-Bon

Ca-R-Bon Activated Charcoal capsules

စားသောက်တာချင်းအတူတူ နောက်နေ့မှာ သူကျတော့ ဘာမှမဖြစ်သလိုပါပဲလား 😐စားသောက်တာချင်း တူပေမဲ့ မှီဝဲတာချင်းမှ မတူတာလို့ပေါ့။ သူ...
30/06/2024

စားသောက်တာချင်းအတူတူ နောက်နေ့မှာ သူကျတော့ ဘာမှမဖြစ်သလိုပါပဲလား 😐

စားသောက်တာချင်း တူပေမဲ့ မှီဝဲတာချင်းမှ မတူတာလို့ပေါ့။ သူက အစားသောင်းကျန်းတတ်ပေမဲ့ အမြဲတမ်း Ca-R-Bon(ကာ-အာ-ဘွန်)ကို ကြိုသောက်ထားတယ်လေ☝

💊 Ca-R-Bon (ကာ-အာ-ဘွန်)က ၁၀၀% သဘာဝမီးသွေးမှုန်စစ်စစ် ဆေးတောင့်ဖြစ်တာကြောင့် ဝမ်းဗိုက်အတွင်းက အဆိပ်အတောက်မှန်သမျှကို စုပ်ယူပေးပြီး ဗိုက်အောင့်ဗိုက်နာ ဝမ်းပျက်ဝမ်းလျှောနဲ့ အစာအဆိပ်သင့်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်နော်။

ဒါကြောင့်မို့ စားတာသောက်တာချင်း တူရင် Ca-R-Bon(ကာ-အာ-ဘွန်)ကို မှီဝဲတာချင်း တူမှ တော်ကာကျမှာနော်✨

🏪 ဒီသဘာဝမီးသွေးမှုန်ဆေးတောင့် 𝐂𝐚-𝐑-𝐁𝐨𝐧 (ကာ-အာ-ဘွန်) ကို ရွှေအိုး၊ City Care၊ Medicare, One Stop Mart, Orchid အပါအဝင် ဆေးဆိုင်အများစုမှာဝယ်ယူရရှိနိုင်ပါပြီ။

အမေ့အတွက် လက်ဆောင်ဆို စားစရာနဲ့ အသုံးအဆောင်ပစ္စည်းတွေပဲ မျက်လုံးထဲ ပြေးမြင်ကြတယ် ဟုတ်။ တကယ်တမ်း အမေ့ကို အသက်ရှည်ကျန်းမာစ...
12/05/2024

အမေ့အတွက် လက်ဆောင်ဆို စားစရာနဲ့ အသုံးအဆောင်ပစ္စည်းတွေပဲ မျက်လုံးထဲ ပြေးမြင်ကြတယ် ဟုတ်။ တကယ်တမ်း အမေ့ကို အသက်ရှည်ကျန်းမာစေချင်တယ်ဆိုရင် မပေးမဖြစ် ပေးရမယ့် လက်ဆောင်ဆိုတာ ကျန်းမာခြင်းကလွဲပြီး တခြားမရှိဘူးနော်။

ဒါကြောင့် အမေများနေ့မှာ တခြားလက်ဆောင်တွေနဲ့အတူ ပေးသင့်တဲ့ ကျန်းမာခြင်းလက်ဆောင်လေး ၃ မျိုးကို ပြောပြပေးချင်ပါတယ်။ အဆုံးအထိ ဖတ်ကြည့်ပြီး ချစ်ရတဲ့ မေမေ့ကို အကောင်းဆုံး ပြုစုစောင့်ရှောက်ဖို့ ပြင်ဆင်လိုက်ရအောင်လား။

✨ အာဟာရနဲ့ ဖြည့်စွက်စာ
အသက်ကြီးလာတာနဲ့အမျှ တစ်နေ့တာ ကောင်းကောင်းလှုပ်ရှားသွားလာနိုင်ဖို့ အာဟာရလိုအပ်ချက် ပိုမြင့်လာတတ်ပါတယ်။ အာဟာရပြည့်ဝအောင် ဂရုတစိုက် စားပေးသင့်ရုံသာမက အစားအသောက်တွေက မဖြည့်ပေးနိုင်တဲ့ အာဟာရဓာတ်တွေကို ဖြည့်စွက်စာတွေနဲ့ ဖြည့်စွက်ဖို့ လိုလာပါတယ်။ ဒါကြောင့် မေမေတို့ကျန်းမာရေးအတွက် Mybacin Zinc လို ဇင့်ဖြည့်စွက်စာ ငုံဆေးတွေ ဝယ်ထားပေးသင့်ပါတယ်။

✨ ကျန်းမာရေး စောင့်ရှောက်မှုပစ္စည်း
ငယ်တုန်းရွယ်တုန်းက ဖျားနာရင်တောင် ဆေးခန်းပြဖို့ သိပ်မလိုပေမဲ့ အသက်ကြီးလာတဲ့အခါမှာတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အခါအားလျော်စွာ လုပ်ပေးနေမှ တော်ကာကျပါတယ်။ အသက်ကြီးတဲ့ မေမေတို့အနေနဲ့က ဆေးခန်းကို နေ့တိုင်း သွားပြဖို့ကလည်း မဖြစ်နိုင်တဲ့အတွက် ကြိုတင်စစ်ဆေးတာ အလွယ်တကူ လုပ်နိုင်အောင် သွေးပေါင်ချိန်စက်၊ ဆီးချိုသွေးချိုတိုင်းစက်လေးတွေ ဝယ်ထားပေးသင့်ပါတယ်။

✨ ဆေးဝါးများ
ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းလေးတွေ ဝယ်ထားပေးသင့်ရုံတင် မကပါဘူး၊ သောက်နေကျ ဆေးတွေလည်း ပြတ်လို့ မဖြစ်ဘူးနော်။ ဆေးသေတ္တာ ဒါမှမဟုတ် ဆေးအိတ်လေး သီးသန့်ထားပြီး အားဆေးကစလို့ ကျန်းမာရေးအတွက် သောက်နေကျ ဆေးအဆုံး အမြဲစစ်ဆေးပြီး ကုန်ခါနီးပြီဆိုတာနဲ့ ဝယ်ထည့်ပေးသင့်ပါတယ်။ မေမေတို့ကို အရိပ်တကြည့်ကြည့် ပြုစုစောင့်ရှောက်တာလောက် မေမေတို့အတွက် ကောင်းတဲ့ လက်ဆောင်ဆိုတာ မရှိတော့ပါဘူး။

ဒါကို မသိလို့ မဖြစ်ဘူးနော် ☝️ တစ်ခုခု စားမယ်လုပ်တိုင်း ဗိုက်အောင့်ဗိုက်နာ ဖြစ်မှာလား စိတ်ပူနေရတယ်ဆိုရင် ဒါကို သိကိုသိနေမ...
08/05/2024

ဒါကို မသိလို့ မဖြစ်ဘူးနော် ☝️ တစ်ခုခု စားမယ်လုပ်တိုင်း ဗိုက်အောင့်ဗိုက်နာ ဖြစ်မှာလား စိတ်ပူနေရတယ်ဆိုရင် ဒါကို သိကိုသိနေမှ ဖြစ်မယ်

💊 ဒါကြောင့် ဒါကို သိသွားပြီဆိုရင် Ca-R-Bon ကို City Care. Medicare, One Stop Mart, Orchid နဲ့ ရွှေအိုး စတဲ့ ဆေးဆိုင်တွေမှာ ဝယ်ပြီး အမြဲဆောင်ထားလိုက်ပါ။

✨ မြန်မာနှစ်သစ်ကူး အချိန်အခါသမယလေးမှာ မိသားစုဝင်တိုင်း စိတ်ရောကိုယ်ပါ ကြည်နူးရွှင်လန်းပြီး ကျန်းမာခြင်းဆုလာဘ်နဲ့ ပြည့်စု...
17/04/2024

✨ မြန်မာနှစ်သစ်ကူး အချိန်အခါသမယလေးမှာ မိသားစုဝင်တိုင်း စိတ်ရောကိုယ်ပါ ကြည်နူးရွှင်လန်းပြီး ကျန်းမာခြင်းဆုလာဘ်နဲ့ ပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ Grand Master မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် 🙏

တစ်ခါတစ်လေ စိတ်အလိုကျ စားချင်တိုင်း စားပစ်လိုက်ချင်ပေမဲ့ ဗိုက်အောင့်ဗိုက်နာမှာကို တွေးပူနေရသေးတယ် ဟုတ် 😓Ca-R-Bon ကို လက်...
06/04/2024

တစ်ခါတစ်လေ စိတ်အလိုကျ စားချင်တိုင်း စားပစ်လိုက်ချင်ပေမဲ့ ဗိုက်အောင့်ဗိုက်နာမှာကို တွေးပူနေရသေးတယ် ဟုတ် 😓

Ca-R-Bon ကို လက်စွဲတော်အဖြစ် ဆောင်ထားပြီး ဝမ်းဗိုက်ပြဿနာမှန်သမျှကို ကာကွယ်ခိုင်းလိုက်ကြမယ်လေ။ ကဲ ... Ca-R-Bon(ကာ-အာ-ဘွန်) အားကိုးနဲ့ စိတ်အလိုလိုက်လိုက်ကြစို့ 😎

🏪 ဒီသဘာဝမီးသွေးမှုန်ဆေးတောင့် 𝐂𝐚-𝐑-𝐁𝐨𝐧 (ကာ-အာ-ဘွန်) ကို City Care၊ Medicare, One Stop Mart, Orchid, ရွှေအိုးစတဲ့ ဆေးဆိုင်တွေနဲ့ အမြို့မြို့အနယ်နယ်မှာ ဝယ်ယူရရှိနိုင်ပါပြီ။

ဘာစားစား ပူပူစပ်စပ်လေးမှ ဆိုသူတွေ လက်ညှိုးထောင် ☝ တန်ဆေး၊ လွန်ဘေး ဆိုတဲ့အတိုင်း အပူအစပ်စားတာက ကောင်းကျိုးတွေ ရှိသလို အလွ...
24/03/2024

ဘာစားစား ပူပူစပ်စပ်လေးမှ ဆိုသူတွေ လက်ညှိုးထောင် ☝ တန်ဆေး၊ လွန်ဘေး ဆိုတဲ့အတိုင်း အပူအစပ်စားတာက ကောင်းကျိုးတွေ ရှိသလို အလွန်အကျွံ စားရင်တော့ အစာအိမ်ရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

အပူအစပ်ကို အလွန်အကျွံ စားရင် အဖြစ်များတာတွေကတော့ -
1️⃣ ဗိုက်အောင့်ဗိုက်နာခြင်း
2️⃣ ဝမ်းပျက်ဝမ်းလျှောခြင်း
3️⃣ အစာအိမ်ရောင်ရမ်းခြင်း
4️⃣ အစာအိမ်အောင့်ခြင်း
5️⃣ အစာအိမ်အနာကို ပိုဆိုးစေခြင်း
စတဲ့ လက္ခဏာတွေအပြင် အခန့်မသင့်ပါက အစာအိမ်အနာကို ပိုဆိုးစေပြီး အစာအိမ်ကင်ဆာ ဖြစ်တဲ့အထိ ခံစားရနိုင်ပါတယ်။ ဒါကြောင့် အပူအစပ်စားတဲ့အခါ တော်သင့်ရုံ ပမာဏလောက်ပဲ စားပြီး အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချသင့်ပါတယ်။

အစာအိမ်ရောဂါ ဖြစ်ရင် အပူအစပ်အပြင် ကိုယ် စားချင်တဲ့ တခြားအစားအစာတွေကိုပါ ရှောင်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် မဖြစ်ခင်ကတည်းက ကြိုတင်ဆင်ခြင်ပြီး ကိုယ့်အစာအိမ်လေးကို ဂရုစိုက်သင့်ပါတယ်။ ဒါကြောင့် အပူအစပ်ကို လျှော့စားဖို့ ဒီနေရာကနေ တိုက်တွန်းလိုက်ပါတယ်နော် ☝
🛡အပူအစပ်လည်း စားချင်တယ်၊ နောက်ဆက်တွဲ ဗိုက်အောင့်၊ ဗိုက်နာတာတွေလည်း မဖြစ်ချင်ဘူးဆိုရင်တော့ အပူအစပ်စားပြီးတာနဲ့ Ca-R-Bon (ကာ-အာ-ဘွန်)လို ဆေးတောင့်ကို ကြိုတင်သောက်ပေးသင့်ပါတယ်။

Ca-R-Bon က ၁ဝဝ% သဘာဝမီးသွေးနဲ့ ထုတ်လုပ်ထားတာကြောင့် အစာအိမ်ထဲမှာရှိတဲ့ အဆိပ်အတောက်မှန်သမျှကို စုပ်ယူပေးပြီး အပူအစပ်စားလို့ နောက်ဆက်တွဲ ခံစားရနိုင်တဲ့ ဗိုက်အောင့်ဗိုက်နာ၊ ဝမ်းပျက်ဝမ်းလျှာနဲ့ လေထိုးလေအောင့် ဝေဒနာတွေကနေ ကြိုတင်ကာကွယ်နိုင်ပါတယ်။

✨အနားမှာ 𝐂𝐚-𝐑-𝐁𝐨𝐧 က အမြဲအဆင်သင့် ကာကွယ်ပေးထားမှတော့ ဘာပဲစားစား စိတ်ချလက်ချ စားနိုင်ပြီလေ။🏪ဒီသဘာဝမီးသွေးမှုန်ဆေးတောင့် 𝐂𝐚...
04/03/2024

✨အနားမှာ 𝐂𝐚-𝐑-𝐁𝐨𝐧 က အမြဲအဆင်သင့် ကာကွယ်ပေးထားမှတော့ ဘာပဲစားစား စိတ်ချလက်ချ စားနိုင်ပြီလေ။

🏪ဒီသဘာဝမီးသွေးမှုန်ဆေးတောင့် 𝐂𝐚-𝐑-𝐁𝐨𝐧 (ကာ-အာ-ဘွန်) ကို City Care၊ Medicare, One Stop Mart, Orchid, ရွှေအိုးစတဲ့ ဆေးဆိုင်တွေနဲ့ အမြို့မြို့အနယ်နယ်မှာရှိတဲ့ ဆေးဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်ပါပြီ။

ချစ်သူများနေ့ ရောက်တော့မယ်ဆိုတော့ ချစ်သူလေးနဲ့ ဘယ်မှာ ဘာတွေ သွားစားဖို့ စီစဉ်နေကြပြီလဲ 🤔အစားမတော် တစ်လုတ် မဖြစ်ရအောင် Ca...
10/02/2024

ချစ်သူများနေ့ ရောက်တော့မယ်ဆိုတော့ ချစ်သူလေးနဲ့ ဘယ်မှာ ဘာတွေ သွားစားဖို့ စီစဉ်နေကြပြီလဲ 🤔

အစားမတော် တစ်လုတ် မဖြစ်ရအောင် Car-R-Bon ကို ဆောင်သွားဖို့လည်း မမေ့လိုက်နဲ့နော်။ ချစ်ခြင်းမေတ္တာ မျှဝေနေရမယ့် အချိန်မှာ အစာအဆိပ်သင့်တာ၊ လေထိုးလေအောင်နဲ့ ဗိုက်အောင့်ဗိုက်နာ မဖြစ်အောင် Car-R-Bon နဲ့အတူ ဂရုစိုက်ပေးကြမယ်လေ။ 🥰

စားချင်တာတွေ စား၊ သောက်ချင်တာတွေပဲ သောက်ပြီး အစာအိမ်လေးကို ဂရုစိုက်ဖို့ မေ့နေကြတယ် ဟုတ်။အစာအိမ်ရောဂါက ကုရခက်တဲ့ နာတာရှည်...
05/02/2024

စားချင်တာတွေ စား၊ သောက်ချင်တာတွေပဲ သောက်ပြီး အစာအိမ်လေးကို ဂရုစိုက်ဖို့ မေ့နေကြတယ် ဟုတ်။

အစာအိမ်ရောဂါက ကုရခက်တဲ့ နာတာရှည်ရောဂါ ဖြစ်တာမို့ ဖြစ်မှ ကုသတာထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားဖို့ လိုတာပေါ့။ အစာအိမ်လေး ကျန်းမာမှ လူလည်း ကျန်းမာမှာ ဖြစ်လို့ အစာအိမ်ကို ထိခိုက်စေမယ့် အချက်လေးတွေကို ရှောင်ရှားလိုက်ရအောင်လေ။

ဒါဆို အစာအိမ်လေးရဲ့ ကျန်းမာရေးကို ထိခိုက်စေတာ ဘာတွေလဲ 🤔
✖ အရက်အလွန်အကျွံသောက်တာ
✖ သတိမထားဘဲ အချဉ်အစပ်တွေ အစားများတာ
✖ အမှည့်လွန်နေတဲ့အသီးတွေစားတာ
✖ မကျက်သေးတဲ့ အသားငါးတွေ စားမိတာ
✖ ယင်နားစာနဲ့ မသန့်ရှင်းတဲ့ အစာတွေ စားတာ
✖ အစာကို အချိန်မှန်မစားဘဲ အဆာခံတာတွေပဲပေါ့
ဒါဆို အစာအိမ်လေးရဲ့ ကျန်းမာရေးကို မထိခိုက်အောင် ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ 🤔

ဒါဆို အစာအိမ်လေးရဲ့ ကျန်းမာရေးကို မထိခိုက်အောင် ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ 🤔

◼ အပူအစပ်တွေကို လျှော့စားတာ
◼ မချက်ခင် သေသေချာချာ ဆေးကြောသန့်ရှင်းတာ
◼ လမ်းဘေးစာတွေ မစားဘဲ ကိုယ်တိုင်ချက်ပြုတ်စားတာ
◼ ဝမ်းကောင်းစေမယ့် အသီးအရွက်တွေ စားပေးတာ
◼ ရေများများ သောက်ပေးတာ
◼ စိတ်ဖိစီးမှုနည်းအောင် နေတာနဲ့
◼ အစာမခံဘဲ အချိန်မှန်မှန် စားပေးတာတွေပါပဲ။

ဒါ့အပြင် မသန့်ရှင်းတဲ့ အစားအစာတွေ စားမိချိန်တိုင်း ဗိုက်အောင့်ဗိုက်နာ၊ လေထိုးလေအောင့်၊ ဝမ်းပျက်ဝမ်းလျှောနဲ့ အစာအဆိပ်သင့်တာကို အမြန်ဆုံး သက်သာစေတဲ့ CA-R-BON(ကာ-အာ-ဘွန်) သဘာဝမီးသွေးဆေးတောင့်ကိုသာ မှီဝဲပေးမယ်ဆိုရင် အစာအိမ်လေး ကျန်းမာရေးဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်ပြီပေါ့။

လူတိုင်း မကင်းတဲ့ အမှားတွေထဲမှာ အစားမှားတာက ထိပ်ဆုံးက ဖြစ်သလို အစားမှားလို့ ဝမ်းလျှောတာလည်း ခဏခဏ ကြုံဖူးကြတာပေါ့။ဒီလိုအခ...
26/01/2024

လူတိုင်း မကင်းတဲ့ အမှားတွေထဲမှာ အစားမှားတာက ထိပ်ဆုံးက ဖြစ်သလို အစားမှားလို့ ဝမ်းလျှောတာလည်း ခဏခဏ ကြုံဖူးကြတာပေါ့။

ဒီလိုအချိန်မှာ ဆောင်ရန်/ရှောင်ရန်လေးတွေသာ မသိထားဘူးဆိုရင် အမှားသေးသေးလေးကနေ အမှားကြီးကြီး ဖြစ်သွားနိုင်တာမို့ လိုက်နာစရာ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

✅ ရှောင်သင့်တဲ့ အရာ
- အစားမှားလို့ ဝမ်းလျှောနေတဲ့အချိန်မှာ ဝမ်းလျှောတာ ထပ်မဆိုးရွားသွားအောင် အပူအစပ်တွေ၊ ပြင်ပအစားအစာတွေ ရှောင်ပေးရမယ်။
-အသင့်စားအစာတွေ၊ ပူလွန်းအေးလွန်းတဲ့ ဖျော်ရည်တွေ၊ နို့ပါဝင်မှု များတဲ့ ဖျော်ရည်တွေက ဝမ်းလျှောတာကို ပိုဆိုးစေနိုင်လို့ ရှောင်သင့်ပါတယ်။
-အရက်က ဝမ်းပျော့တာ၊ ဝမ်းပျက်တာတွေကို အားပေးတဲ့အတွက် ဝမ်းပျက်ဝမ်းလျှောနေတဲ့ ချိန်မှာ အရက်၊ဘီယာ လုံးဝမသောက်သင့်ပါဘူး။
- ချွေးထွက်များပြီး ရေဓာတ်ကို ပိုဆုံးရှုံးစေမယ့် လေ့ကျင့်ခန်း လုပ်တာမျိုးကို ဝမ်းလျှောနေချိန်မှာ ရှောင်ရှားရပါမယ်။

✅ဆောင်သင့်တဲ့ အရာ
-ဝမ်းလျှောနေတဲ့အချိန်ဆို လူက အားနည်းပြီး နုံးချိနေတတ်လို့ ဝမ်းနွေးစေမယ့် အစားအစာ၊ သန့်ရှင်းပြီး အားရှိစေမယ့် အစားအစာတွေကို ရွေးစားပေးဖို့ လိုပါမယ်။
-ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်နိုင်လို့ ရေနဲ့ဆားဓာတ်ကို ပြန်လည်ဖြည့်တင်ပေးဖို့အတွက် ဓာတ်ဆားရည်ကိုလည်း များများသောက်ပေး ရမယ်။
-Probiotic ကြွယ်တဲ့ ဒိန်ချဉ်သောက်ပေးသင့်သလို အာဟာရရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကြက်စွပ်ပြုတ်၊ ဂျင်းပြုတ်လည်း သောက်ပေးရပါမယ်။

-နောက်ထပ်အရေးကြီးတာကတော့ ဝမ်းစလျှောကတည်းက CA-R-BON (ကာ-အာ-ဘွန်)ကို သောက်ပေးဖို့ပါပဲ။ CA-R-BON က (၁၀၀)ရာခိုင်နှုန်း အော်ဂဲလ်နစ်မီးသွေးကနေ ထုတ်လုပ်ထားပြီး ဝမ်းပိတ်ဆေး မဟုတ်ဘဲ ဝမ်းထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ ဆေးဖြစ်လို့ အစားမှားတာအတွက် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်။

ကျန်းမာဖို့က ကျန်းမာချင်တဲ့ ဆန္ဒလေး ရှိရုံနဲ့ မဖြစ်ဘူးနော်။ ချော်လဲတာလေးက စလို့ ကြီးကြီးမားမား ဖျားနာတာအဆုံး ကိုယ့်ကိုယ့...
20/01/2024

ကျန်းမာဖို့က ကျန်းမာချင်တဲ့ ဆန္ဒလေး ရှိရုံနဲ့ မဖြစ်ဘူးနော်။ ချော်လဲတာလေးက စလို့ ကြီးကြီးမားမား ဖျားနာတာအဆုံး ကိုယ့်ကိုယ့်ကိုယ် အဆင်သင့်လေး ဂရုစိုက်ဖို့ အစွမ်းထက်တဲ့ အရာလေးတစ်ခု အိမ်မှာ ရှိကိုရှိထားရမယ်လေ။

"အရေးပေါ် ဆေးသတ္တာ" လေ။

လူတော်တော်များများ နေမကောင်း၊ မကျန်းမာဖြစ်တဲ့အခါမှ ဆေးရုံ၊ ဆေးခန်းဆီ အရောက်သွားတတ်ကြပေမဲ့ တစ်ခုခု ဖြစ်လာရင် ကိုယ်ကိုယ့်ကိုယ် အသင့်ကုသနိုင်ဖို့အတွက် ဆေးသေတ္တာ ထားဖို့ကိုတော့ မေ့လျော့နေတတ်ကြပါတယ်။

ဒါကြောင့် ဝမ်းပျက်ဝမ်းလျှော၊ ထိခိုက်ရှနာ၊ အဖျားအနာတွေကို ဖြစ်ဖြစ်ချင်း ကုသနိုင်ဖို့ ဆေးသေတ္တာလေးတစ်ခု ထားဖို့ တိုက်တွန်းပါရစေ။ အဲ့ဒီဆေးသေတ္တာထဲမှာ ဘယ်လိုဆေးပစ္စည်းတွေ ရှိဖို့ လိုမလဲဆိုရင်

🧰 ပိုးသတ်ထားတဲ့ ဂွမ်း၊ ပတ်တီးလိပ်
🧰 အနာကပ် ပလာစတာ၊စက္ကူတိပ်
🧰 အရက်ပြန်၊ပိုးသတ်ဆေး
🧰 အနာလိမ်းဆေး (ဥပမာ - Mydermic)
🧰 ဇာဂနာ၊ ကတ်ကြေးအသေး၊ သာမိုမီတာ
🧰 ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် သောက်နိုင်တဲ့ဆေး (ဥပမာ - Ca-R-Bon)
🧰 ကိုယ်ခံအားကောင်းစေဖို့ ဖြည့်စွက်စာ (ဥပမာ - Mybacin Zinc)
🧰 လည်ချောင်းနာပျောက် ငုံဆေး (ဥပမာ - Mybacin)
🧰 အကိုက်အခဲပျောက်ဆေး
🧰 ဒဏ်ကြေလိမ်းဆေး

ကဲ ... အရေးပေါ်ဆေးသေတ္တာ အိမ်မှာမရှိသေးရင် အခုပဲ ဆေးဆိုင်မှာ ဝယ်ပြီး လိုအပ်တဲ့ ဆေးပစ္စည်းလေးတွေ ဖြည့်ထည့်ထားဖို့ မမေ့နဲ့နော်။

🤘 TGIF ရောက်လို့ သူငယ်ချင်းတွေ စုပြီး ဘားသွားရင် သောက်ပဲသောက်တဲ့သူနဲ့ စားပဲစားတဲ့သူ ၂ ဖွဲ့ ကွဲသွားတတ်တယ် ဟုတ်။အစားတစ်လို...
05/01/2024

🤘 TGIF ရောက်လို့ သူငယ်ချင်းတွေ စုပြီး ဘားသွားရင် သောက်ပဲသောက်တဲ့သူနဲ့ စားပဲစားတဲ့သူ ၂ ဖွဲ့ ကွဲသွားတတ်တယ် ဟုတ်။

အစားတစ်လိုင်းပဲဖြစ်ဖြစ်၊ အသောက်တစ်လိုင်းပဲဖြစ်ဖြစ် စားပြီးသောက်ပြီး ဗိုက်အောင့်ဗိုက်နာနဲ့ အမူးလွန်တာတွေ မဖြစ်အောင် အိပ်ရာမဝင်ခင် 𝐂𝐀-𝐑-𝐁𝐎𝐍 (၂)လုံးလောက် ကြိုသောက်ပေးမှ ဖြစ်မယ်နော်။

ဒီလိုသောက်ပေးမှ အစာအိမ်နဲ့အူလမ်းကြောင်းတစ်လျှောက်က အဆိပ်အတောက်တွေကို စုပ်ယူပေးလို့ ညဘက်မှာ ဘယ်လောက်ပဲ သောက်ခဲ့စားခဲ့၊ မနက်ရောက်ရင် ဗိုက်နာတာ၊ အရက်နာကျတာတွေ လုံးဝမဖြစ်ဘဲ ကြည်လင်လန်းဆန်းနေမှာလေ။

ဒီတော့ TGIF ရောက်တိုင်း အသောက်အစားဆို လုံးဝညှိစရာမလိုတဲ့ သူငယ်ချင်းတွေ ရှိရင် ဒီပို့စ်လေးကို မန်းရှင်းခေါ်ပြီး ပြလိုက်ပါဦး။

🏪 𝐂𝐀-𝐑-𝐁𝐎𝐍 𝐍ကို ရွှေအိုးဆေးဆိုင်, City Care, LifePlus, Medicare, One Stop Mart နဲ့ အမြို့မြို့ အနယ်နယ်က ဆေးဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်ပါပြီရှင်။

Address

No. 93, Thein Byu Road, Botahtaung Tsp

1139

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959409724493

Website

Alerts

Be the first to know and let us send you an email when Ca-R-Bon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram