Dr.Man အမျိုးသားကျန်းမာရေးဆေးခန်း

  • Home
  • Dr.Man အမျိုးသားကျန်းမာရေးဆေးခန်း

Dr.Man အမျိုးသားကျန်းမာရေးဆေးခန်း Telegram Link- https://t.me/DoctorforM
ဆေးခန်းPh - 09- 977944796
09-757261900

" တန်ဆောင်မုန်းလပြည့်နေ့  သာမညဖလအခါတော်နေ့ "သတ္တဝါအားလုံး ကိုယ်စိတ် နှလုံးသာယာချမ်းမြေ့ပီး ကိုယ်ကျန်းမာခြင်းစိတ်ချမ်းသာခ...
04/11/2025

" တန်ဆောင်မုန်းလပြည့်နေ့
သာမညဖလအခါတော်နေ့ "

သတ္တဝါအားလုံး ကိုယ်စိတ် နှလုံး
သာယာချမ်းမြေ့ပီး
ကိုယ်ကျန်းမာခြင်း
စိတ်ချမ်းသာခြင်း
၉၆ပါး အနာရောဂါဝေဒနာ အားလုံး
ကင်းဝေးကြပါစေ လို့ ဆုမွန်တောင်း
မေတ္တာပေးပို့ပါသည် ။

#တန်ဆောင်မုန်းလပြည့်နေ့

" ငါးမျက်စိရောဂါ ( Molluscum Contagiosum )အကြောင်း သိကောင်းစရာ.........." ငါးမျက်စိ ရောဂါသည် Poxvirus ရောဂါပိုး ကြောင့် ...
02/11/2025

" ငါးမျက်စိရောဂါ ( Molluscum Contagiosum )
အကြောင်း သိကောင်းစရာ.........."

ငါးမျက်စိ ရောဂါသည် Poxvirus ရောဂါပိုး ကြောင့် ဖြစ်သည့် ကူးစက်ရောဂါ တစ်မျိုး ဖြစ်ပီး လူကြီး၊ လူငယ်မရွေး ဖြစ်ပွားနိူင်ပီး စိုစွတ်သည့် နေရာများ၌ နေထိုင်သည့်သူများတွင် ပိုအဖြစ်များပါသည်။

ငါးမျက်စိရောဂါသည် ခန္ဓာကိုယ် နေရာ အနှံ့တွင် ပေါက်နိူင်ပီး အရေပြားတွင် ငါးမျက်စိကဲ့သို့ အဖုသေးသေးနှင့် တစ်လုံးချင်း ပေါက်နိူင်သလို
အဖုပေါင်းများစွာလဲ ပေါက်နိူင်ပါသည်။

ကူးစက်ပုံ..............

-ရောဂါပိုး ရှ်သူနှင့် ထိတွေ့မိခြင်း
-ရောဂါပိုး ရှ်သူရဲ့ အသုံးအဆောင် ပစ္စည်းများမှ တဆင့် ကူးခြင်း
-အများသုံး ရေကူးကန်၊ အိမ်သာများမှ တဆင့် ကူးခြင်း
-အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း

အဖြစ်များသည့်သူများ..............

-ကိုယ်ခံအားကျဆင်းသည့်ရောဂါရှိသူများ
-လိင်ဆက်ဆံဖော် များသည့်သူများ
-ကိုယ်ခံအားကျသည့်ဆေးများ စွဲသောက်နေရသူများ
-ရေလုပ်ငန်း၊ အသားငါးအအေးခန်းတို့တွင် အချိန်များများ လုပ်ကိုင်ရသည့်သူများ ..........။

Dr.Man 💪

page - Dr.Man အမျိုးသားကျန်းမာရေးဆေးခန်း
Telegram Link- https://t.me/DoctorforM
TikTok acc- .Man727

မိမိခံစားရသည့် ရောဂါဝေဒနာနှင့် ကျတော်
ထိုင်သည့် ဆေးခန်းများ၊ လိပ်စာ၊ နေ့ရက်များ၊ အချိန်နှင့် ကုန်ကျငွေအကြမ်းဖျင်းကို Cb တွင် တိုင်ပင်ဆွေးနွေးနိူင်ပါသည်။

#ငါးမျက်စိ #ကြွက်နို့ #လိင်ကြွက်နို့
#အမျိုးသားကျန်းမာရေးဆေးခန်း #အမျိုးသား
#အမျိုးသားဆေးခန်း #လိင်တံပြည်ယိုခြင်း
#အမျိုးသားကျန်းမာရေး #အမျိုးသမီးကျန်းမာရေး
#မှိူစွဲခြင်း #လိင်တံအရေပြားရှည်ခြင်း #လိင်အဂ်ါအနာ #ကြွက်နိ့ #လိင်အဂ်ါမှိုစွဲခြင်း
#အရည်ပြားရှည်ခြင်း #ကြီးဆေး
#ဂနို #ဆီးပူညောင်းကျ #ကာလသား
#ကာလသားရောဂါ #ကျန်းမာရေး
#ကျန်းမာရေးဗဟုသုတ

02/11/2025

ခန္ဓာရှိရင် ဝေဒနာ ရှိပါတယ်။
ရောဂါက်ု မရှက်ပါနဲ့။

ကျားဖြန့်ဆေးခန်းများတွင် တရုတ်ဆရာ၀န် များက

- အမျိုးသားဆိုရင် ဆီးလမ်းကြောင်း ဆေးရမည် ။
-အမျိုးသမီးဆိုရင် သားအိမ်‌ဆေးရမည် ဟု ဆိုကာ မလိုအပ်သည့် ကုသမှုတွေ သုံးပီး ပိုက်ဆံ 10သိန်း နှင့်အထက် တောင်းခြင်း

-သွေးစစ်ချက်များကို အတုပြုလုပ်၍ လိမ်လည်ခြင်း ( HPV လိင်အဂ်ါကြွက်နို့ စစ်ခြင်းသည် သွေးမှ တဆင့် စစ်၍ မရပါ။ ထို့အတူ လိင်မှတဆင့် ကူးသည့် အချို့ ရောဂါ ( ဂနို ၊ Chlamydia စသည့်ရောဂါများ ) ကို သွေးစစ်ချက် အတုများ ပြုလုပ်၍ သိန်း 20/30 တောင်းပီး ကုသခြင်း ။

-အချို့အမျိုးသားများတွင် ထိပ်အရေပြားရှည်ပီး ဆီးလမ်းကြောင်းအရေပြားအပေါက် ကျဥ်းသောကြောင့် ဝေဒနာခံစားကြပါသည်။ အချို့က ရှက်၍ အသက် 30/40/50 ထိ ဘယ်သူ့မှ မတိုင်ပင်ပဲ ‌နေမိကြပါသည်။ ထိုအကြောင်းအရာကို အသုံးချ၍ ဖြတ်ဖြတ်ချင်းနေ့ကစ ဖြတ်ပီး 5ရက်နေ့ထိ သိန်း 40ခန့် ( အချို့လူနာများသည် သိန်း60 ခန့် ကုန်သည်) အကြောင်းပြချက် အမျိူးမျိူးသုံး၍ ပိုက်ဆံတောင်းခြင်း ။

ရောဂါကို မရှက်ပါနှင့်။
နီးစပ်ရာဆရာ၀န်နှင့် တိုင်ပင်ဆွေးနွေးပါ။

ယ‌နေ့မနက်ပိုင်းတွင်ပဲ

-ထိပ်အရေပြားဖြတ်တာ 42သိန်းကုန်တဲ့ညီလေး
-သူနဲ့ အတူတူ ချစ်သူကောင်မလေးကိုပါ သားအိမ်ဆေးရမည်ဟုဆိုကာ မလိုတဲ့ ကုသမှုနဲ့အတူ သိန်း20 ကုန်ခဲ့ကြပါသည်။

#ကျားဖြန့်ဆေးခန်း

" အမျိုးသားတို့ ကျန်းမာရေးနှင့်ဆီးကျိတ်ရောင်ခြင်း ( Prostatitis)ရောဂါ အကြောင်း သိကောင်းစရာ............."ဆီးကျိတ်သည် အမျိ...
28/10/2025

" အမျိုးသားတို့ ကျန်းမာရေးနှင့်
ဆီးကျိတ်ရောင်ခြင်း ( Prostatitis)
ရောဂါ အကြောင်း သိကောင်းစရာ............."

ဆီးကျိတ်သည် အမျိုးသားများတွင်သာရှိသည့် Gland ဖြစ်ပီး သုတ်ပိုးတွေရှင်သန်နိူင်ဖို့ အာဟာရဖြစ်စေသည့်အရည်အများစုကို ဆီးကျိတ်Gland က ထုတ်ပေးသောကြောင့် အမျိုးသားမျိုးပွား
အဂ်ါတွေထဲတွင် အရေးကြီးသည့်အစိတ်အပိုင်းလဲဖြစ်သည်။

ဆီးကျိတ်ရောင်ခြင်းကို အမျိုးသားများ လူပျိုဝင်စအချိန်ကစ ဖြစ်နိူင်ပီး အသက်ကြီးလေ ပိုဖြစ်နိူင်ခြေများလေ ဖြစ်ပါသည်။

ဆီးကျိတ်ရောင်ခြင်းကို ဆီးပိုး၀င်ရာမှတဆင့် Bacteria ပိုးများအောင်းနေခြင်းကြောင့်ဖြစ်ခြင်း၊ သေချာမကုသောကြောင့် ပြန်ပြန်ဖြစ်ခြင်း၊
အကာအကွယ်မဲ့လိင်ဆက်ဆံရာမှ ကူးစက်ရောဂါများကြောင့်ဖြစ်ခြင်း နှင့် အခြားသော ရောဂါများ၊နဲ့ ကိုယ်ခံအားစနစ်ကြောင့်လဲ ဖြစ်စေနိူင်ပါသည်။

" ခံစားရသည့်ရောဂါလက္ခဏာများ........... "

1.ဆီးသွားစဉ် နာကျဉ်ခြင်း၊ ပူခြင်း၊ ဆီးကျန်နေသလိုခံစားရခြင်း၊ ဆီးမထိန်းနိူင်ခြင်း ။
2.ဆီးသွားရခက်ခြင်း၊ ညအချိန် ခနခနဆီးထသွားရခြင်း ။
3.ဆီးထဲတွင် သွေးပါခြင်း၊ သုတ်ရည်ထဲတွင် သွေးပါခြင်း ။

4.လိင်ဆက်ဆံလျှင် နာကျဉ်ခြင်း၊ သုတ်လွှတ်စဉ် နာကျဉ်ခြင်း ။
5.ချက်အောက်ပိုင်းနာခြင်း၊ လိင်တံ ဝှေးစေ့ ပေါင်တွင်းကြောများ နာကျင်ခြင်း
6. ချမ်းတုန်၍ဖျားခြင်း

" ဆီးကျိတ်ရောင်ဖို့ရာခိုင်နှုန်းများသူများ..............."

1.ဆီးပိုးခနခန၀င်သည့်သူများ
2.လိင်ဆက်ဆံဖော်များသည့်သူများ
3.ထိပ်အရည်ပြားရှည်နေသည့်သူများ
4.ယခင်ဆီးကျိတ်ရောင်ဖူးသူ၊ ဆီးကြိတ်ကြီးဝေဒနာခံစားနေသူများ

5.ဆီးပိုက်ခနခနထည့်ရသူများ၊ ဆီးပိုက်ထည့်ထားသည့်သူများ
6.ဆီးအိမ်ပိုး၀င်ခြင်းနှင့် သုတ်ပို့ပြွန်ရောင်ဖူးသူများ
7. ဆေးလိပ်နှင့်မူးယစ်ဆေးသောက်သုံးသူများ
8.စိုးရိမ်စိတ်နှင့် စိတ်ဖိစီးမှုများသူများ

9.ခါးအောက်ပိုင်းနှင့် အာရုံကြောထိခိုက်ထားသည့်သူများ
10.ဆီးကျိတ်ကြီးသည့်ဝေဒနာ ခံစားနေရသည့်သူများ................

Dr.Man 💪
Telegram link - https://t.me/DoctorforM
Tiktok account -

#အမျိုးသားကျန်းမာရေး #အမျိုးသားကျန်းမာရေးဆေးခန်း #အမျိုးသား #အမျိုးသားဆေးခန်း
#လိင်ကျန်းမာရေး
#ကင်ဆာကာကွယ်ခြင်း
#ကျန်းမာရေးဗဟုသုတ #ကျန်းမာရေး
#ဆီးကျိတ်ရောင်ခြင်း #လိင်တံပြည်ယိုခြင်း
#ဆီးပိုး၀င်ခြင်း #လိင်အဂ်ါအနာ
#အရည်ပြားရှည်ခြင်း #လိင်တံအရေပြားရှည်ခြင်း
#မှိူစွဲခြင်း #လိင်အဂ်ါမှိုစွဲခြင်း
#ကြွက်နိ့ #လိင်ကြွက်နို့
#ကြီးဆေး #ဂနို #ဆီးပူညောင်းကျ
#ကာလသား #ကာလသားရောဂါ

" အမျိုးသားတို့ ကျန်းမာရေးနှင့်လိင်တံကင်ဆာ ( Pe**le Cancer )အကြောင်း သိကောင်းစရာ .............."လိင်တံကင်ဆာသည် အမျိုးသား...
23/10/2025

" အမျိုးသားတို့ ကျန်းမာရေးနှင့်
လိင်တံကင်ဆာ ( Pe**le Cancer )
အကြောင်း သိကောင်းစရာ .............."

လိင်တံကင်ဆာသည် အမျိုးသားများတွင်သာ
တွေ့ရသည့် ရှားပါးကင်ဆာ တွေထဲမှ တစ်ခု ဖြစ်သော်လဲ ယခုခေတ် မှုးယစ်ဆေးများ၊ လိင်ကိစ္စများ အလွယ်တကူ ရနေသည့် အခြေအနေတွင် ပိုမိုများပြားလာသည်။

အထူးသဖြင့် အမျိုးသားများသည် လိင်ဆက်ဆံဖော်၊ အပျော်အပါး များပြားလာသည်နှင့် အမျှ အချို့သည် Condom ကိုပင် အသုံးမပြုကြတော့ပေ။

ထို့ပြင် ခေတ်ရေစီးကြောင်းနှင့် အမျှ အမျိုးမျိုးသော ကြီးဆေး၊ ဂေါ်လီ ၊ များကို ထိုးသွင်းလာကြသည် ။ ထိုမှတဆင့် အနာများ၊ ကူးစက်ရောဂါများ ခံစားလာရသည့် အမျိုးသားများလာခြင်းနှင့်အတူ လိင်တံကင်ဆာ ဖြစ်ပွားသူများလဲ များပြားလာကြသည်။

" ရောဂါလက္ခဏာများ.............. "

တိကျသည့် ရောဂါလက္ခဏာ ခံစားရသည်ဟူ၍မရှိပဲ ယေဘုယျဝေဒနာများကိုသာ အစောပိုင်းခံစားကြရပါသည်။

1. 4ပတ်ကျော်ကြာမြင့်သည့် အနာများ၊ ကြီးထွားလာသည့် အနာကွက်များ ဖြစ်လာခြင်း
2. လိင်တံမှ သွေးထွက်ခြင်း၊ ပုံမှန်မဟုတ်သည့် အရည်များ၊ အနံ့နံ့သည့်အရည်များ အချိန်ကြာမြင့်စွာထွက်ခြင်း
3. လိင်တံအရောင်ပုံမှန်မဟုတ်တော့ခြင်း၊ အရေပြားထူလာပီးမာလာခြင်း၊ ခံစားမှု အားနဲလာခြင်း
4. ပေါင်ခြံတွင် ပြန်ရည်ကြိတ်များ အချိန်ကြာမြင့်စွာကြီးထွားလာခြင်း..............

" အဖြစ်များသည့်အမျိုးသားများ............"

1.လိင်ဆက်ဆံဖော်များခြင်း
2.အသက်60နှင့်အထက် အမျိုးသားများ
3.လိင်တံထိပ်အရေပြားရှည်နေသူများ

4.ဆေးလိပ်သောက်သုံးခြင်း
5.ခါးအောက်ပိုင်း ဓါတ်ရောင်ခြည်ခနခနသင့်ထားသူများ
6.HPV Infection........( လိင်တံကင်ဆာ ဖြစ်ပွားခြင်းရဲ့ 60%သည် HPV Infection ကြောင့်ဖြစ်ပီး၊HPV 16 , 18 သည် လိင်တံကင်ဆာကို ဖြစ်ပွားစေနိူင်သည်။ )

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်ပါသည်။

-ထိုကြောင့် အမျိုးသားများအနေဖြင့် လိင်အပျော်အပါးရှ်လျှင် Condom သုံးပါ။

-လိင်ဆက်ဆံဖော် နဲနိူင်သမျှနဲအောင် မိမိကိုယ်ကို ထိန်းပါ။

-ထိပ်အရေပြားရှည်လျှင် ဖြတ်ပါ။

Dr.Man 💪
TikTok acc- .Man727
Telegram link - https://t.me/DoctorforM
#လိင်တံကင်ဆာ
#ကျန်းမာရေးဗဟုသုတ
#ကင်ဆာကာကွယ်ခြင်း
#အမျိုးသားကျန်းမာရေး #အမျိုးသားကျန်းမာရေးဆေးခန်း #အမျိုးသား #ကြွက်နိ့
#လိင်ကျန်းမာရေး
#အရည်ပြားရှည်ခြင်း #ကျန်းမာရေး
#လိင်အဂ်ါမှိုစွဲခြင်း #လိင်အဂ်ါအနာ #လိင်တံအရေပြားရှည်ခြင်း #မှိူစွဲခြင်း #လိင်တံပြည်ယိုခြင်း #ဆီးပိုး၀င်ခြင်း #ဂနို #ကာလသား #ကြီးဆေး

"  ဆီးချိုရောဂါ၊ လူနေမှု ပုံစံ နှင့် လိင်ကျန်းမာရေးအကြောင်း သိကောင်းစရာ.........."လူနေမှု ဘ၀တွင် ကျတော်တို့နေ့စဉ် စားသော...
17/10/2025

" ဆီးချိုရောဂါ၊ လူနေမှု ပုံစံ နှင့်
လိင်ကျန်းမာရေး
အကြောင်း သိကောင်းစရာ.........."

လူနေမှု ဘ၀တွင် ကျတော်တို့နေ့စဉ် စားသောက်နေသည့် အစား၊အသောက် အမျိုးအစားများက အလွန်အရေးကြီးပါသည်။ တနေ့တာ စားသောက်နေသည့် အစားအစာကို ခန္ဓာကိုယ်ရှိ ဖွဲ့စည်းပုံ Systems များက လိုအပ်တာကိုယူ၊ မလိုအပ်တာကို စွန့်ထုတ်ပစ်ကြပါသည်။

ဆီးချိုရောဂါသည် ကျတော်တို့နေ့စဉ်၊ အသက်ကြီးလာနှင့်အမျှ ရင်ဆိုင်လာရသည့် ရောဂါတစ်မျိုး ဖြစ်သည်။ သွေးထဲရှိ သကြားဓါတ်ပမာဏကို ခန္ဓကိုယ်ရှိ မုန့်ချိုအိတ်နှင့် ဟော်မုန်းများက အဓိကထိန်းချုပ်ပါသည်။ ဆီးချိုရောဂါကို မွေးကင်းစက‌ေလး၊ လူငယ်၊လူကြီး၊ ကိုယ်၀န်ဆောင်အမျိုးသမီး မည်သူမဆို ဖြစ်နိူင်ပါသည်။

ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးများမှာ
လေဖြတ်ခြင်း၊ အရေပြားရောဂါဖြစ်ခြင်း၊ အမြင်အာရုံချို့ယွင်းခြင်း၊ နှလုံးနှင့်သွေးကြောများ အာရုံကြောများပျက်ဆီးခြင်း၊ ကျောက်ကပ်ပျက်ဆီးခြင်း တို့ ဖြစ်စေပါသည်။

အမျိုးသား၊ အမျိုးသမီးဆိုင်ရာ ကျန်းမာရေး
ဆိုးကျိုးများ..............

1.ဆီးလမ်းကြောင်းပိုး၀င်လွယ်ခြင်း
2.ဆီးအိမ်ရှိကြွက်သားများ အားနည်းခြင်းကြောင့် ဆီးမထိန်းနိူင်ခြင်း
3.လိင်အဂ်ါကို မှိုရောဂါစွဲလွယ်ခြင်း
4.ပန်းသေ၊ ပန်းညိုးဖြစ်ခြင်း
5.အမျိုးသား၊ အမျိုးသမီး ဟော်မုန်း အားနည်းလာခြင်း
6.သုတ်လွှတ်ရာတွင် သုတ်ပိုးအပြင်သို့မထွက်ပဲ ဆီးအိမ်အတွင်းသို့၀င်သွားခြင်း
7.သုတ်ပိုးအရည်အသွေးကျဆင်းစေခြင်း
8.အရေပြားမဖြတ်ထားသောသူများတွင် လိင်တံထိပ်ဖူးရောင်ရောဂါ ခနခနဖြစ်ခြင်း
9.ပရိုးနီရောဂါ ဖြစ်ခြင်း..............

Dr.Man 💪
Telegram link - https://t.me/DoctorforM
TikTok - .Man727
#အမျိုးသားကျန်းမာရေး
#အမျိုးသားကျန်းမာရေးဆေးခန်း #အမျိုးသား
#အမျိုးသားဆေးခန်း
#အမျိုးသမီးကျန်းမာရေး
#ဆီးလမ်းကြောင်းပိုး၀င်ခြင်း
#ကျန်းမာရေး #ဗဟုသုတ
#ဆီးကျဉ်ခြင်း #မှိူစွဲခြင်း #ကြွက်နိ့
#ဆီးချိုရောဂါ #လိင်ကျန်းမာရေး
#အရည်ပြားရှည်ခြင်း #လိင်အဂ်ါမှိုစွဲခြင်း
#လိင်အဂ်ါအနာ #လိင်တံအရေပြားရှည်ခြင်း #လိင်တံပြည်ယိုခြင်း #ဆီးပိုး၀င်ခြင်း #လိင်တံအရေပြား
#ကြီးဆေး #ဂနို #ဆီးပူညောင်းကျ
#ကာလသား #ကာလသားရောဂါ

" အမျိုးသားတို့ ကျန်းမာရေးနှင့်ဆီးကျိတ်ကင်ဆာ ရောဂါအကြောင်း သိကောင်းစရာ............."( Prostate Cancer )ဆီးကျိတ်ကင်ဆာသည် ...
13/10/2025

" အမျိုးသားတို့ ကျန်းမာရေးနှင့်
ဆီးကျိတ်ကင်ဆာ ရောဂါအကြောင်း
သိကောင်းစရာ............."
( Prostate Cancer )

ဆီးကျိတ်ကင်ဆာသည် အမျိုးသားများတွင် အဖြစ်အများဆုံး ကင်ဆာဖြစ်ပီး ကင်ဆာအားလုံးရဲ့ 24% အထိ အဖြစ်များပါသည်။
ဆီးကျိတ်ကင်ဆာသည် မည်သည့်အသက်အရွယ်မဆို ဖြစ်နိူင်သော်လဲ အသက်45နှစ်ခန့်မှ စတင်၍ ပိုမိုဖြစ်စေနိူင်ပီး အသက်70 ၀န်းကျင်တွင် အများဆုံး ဖြစ်စေနိူင်ပါသည်။

ဆီးကျိတ်သည် သုတ်ပိုးအရည်အဖြစ် အဓိကထုတ်ပေးပီး ဆီးလမ်းကြောင်းနှင့် မျိုးပွားမှုအတွက် အဓိကလုပ်ဆောင်ပေးနေသည့် အဂ်ါဖြစ်ပါသည်။

ဆီးကျိတ်ကင်ဆာသည် ပြန့်ပွားမှု နှေးကွေးသော ကင်ဆာအမျိုးအစားဖြစ်ပီး စောစီးစွာသိရှိပီး ကုသမှုခံယူပါက ကုသမှုအောင်မြင်နိူင်ရန် အထောက်အကူဖြစ်စေပါသည်။

ရောဂါလက္ခဏာများ..................

-ညဘက်တွင် မကြာခဏ ဆီးခနခနသွားခြင်း
-ထိုင်နေစဉ် နာကျင်ခြင်း
-ဆီးသွားလျှင် နာကျင်ခြင်း၊ သွေးပါခြင်း
-ဆီးသွားရန် ခက်ခဲခြင်း၊ ဆီးကျန်ခြင်း
-သုတ်ရည်ထဲတွင် သွေးပါခြင်း

-တင်ပဆုံ၊ ပေါင်ခြံ၊ ပေါင်အရိုးများ နာကျဉ်ခြင်း
-ပေါင်ခြံ၊ ဝှေးစေ့ တို့တွင် အကြိတ်များပေါ်လာခြင်း
-ကိုယ်အလေးချိန် ကျလာခြင်း၊ ပင်ပန်းနွမ်းနွယ် လွယ်လာခြင်း
-လိင်တံတောင်မတ်မှု ချို့ယွင်းလာခြင်း.........။

ပိုမိုဖြစ်စေနိူင်သည့် အကြောင်းအရင်းများ.............

-ဆီးကျိတ်ကင်ဆာ မိသားစုမျိုးရိုးရှိခြင်း
-အသက်အရွယ်ကြီးလာခြင်း
-ဓါတုပစ္စည်းများနှင့် အမြဲထိတွေ့နေရသူများ
-အ၀လွန်သည့်သူများ
-လူမည်းလူမျိုးများသည် ပိုမိုဖြစ်စေနိူင်ပါသည်။

မိသားစုမျိုးရိုးရှိသော အမျိုးသားများနှင် 45နှစ် အထက် အမျိုးသားများသည် တနှစ်တခါ ဆီးကျိတ်ကင်ဆာဓါတ် ( PSA ) စစ်ဆေးပေးခြင်းဖြင့်
ရောဂါကို စေားစီးစွာသိရှိနိူင်ပီး နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိူင်ပါသည်........။

Dr.Man 💪
page - Dr.Man အမျိုးသားကျန်းမာရေးဆေးခန်း
Telegram Link- https://t.me/DoctorforM
TikTok acc- .Man727

မိမိခံစားရသည့် ရောဂါဝေဒနာနှင့် ကျတော်
ထိုင်သည့် ဆေးခန်းများ၊ လိပ်စာ၊ နေ့ရက်များ၊ အချိန်နှင့် ကုန်ကျငွေအကြမ်းဖျင်းကို Cb တွင် တိုင်ပင်ဆွေးနွေးနိူင်ပါသည်။

#ဆီးကျိတ် #ဆီးကျိတ်ကင်ဆာ
#အမျိုးသား #အမျိုးသားဆေးခန်း
#အမျိုးသားကျန်းမာရေး #အမျိုးသားကျန်းမာရေးဆေးခန်း #အရည်ပြားရှည်ခြင်း #လိင်တံအရေပြားရှည်ခြင်း #ထိပ်အရေပြားဖြတ်ခြင်း #လိင်တံအရေပြား #လိင်အဂ်ါအနာ #လိင်တံပြည်ယိုခြင်း #ဆီးပိုး၀င်ခြင်း #ကြွက်နိ့ #လိင်အဂ်ါကြွက်နို့
#ဂနို #ဆီးပူညောင်းကျ #ကာလသား
#ကာလသားရောဂါ #မှိူစွဲခြင်း
#လိင်အဂ်ါမှိုစွဲခြင်း #မှိုပိုး #ကြီးဆေး
#ကျန်းမာရေး #ကျန်းမာရေးဗဟုသုတ

Address


Website

Alerts

Be the first to know and let us send you an email when Dr.Man အမျိုးသားကျန်းမာရေးဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram