Cancer Care Myanmar

  • Home
  • Cancer Care Myanmar

Cancer Care Myanmar Cancer ရောဂါနှင့် ပက်သက်သော information နှင့် အတွေးအခေါ် ဆောင်းပါးများဖတ်ရှု နိုင်သည်။

***Her-2 therapy timeline ***Her-2 therapy တွေ ၁၉၈၀ နှစ်တွေရဲ့ အလယ်ပိုင်းလောက်ကနေ စလေ့လာခဲ့ ရာကနေ လက်ရှိ အချိန်ထိ အဆင့်ဆ...
06/08/2025

***Her-2 therapy timeline ***

Her-2 therapy တွေ ၁၉၈၀ နှစ်တွေရဲ့ အလယ်ပိုင်းလောက်ကနေ စလေ့လာခဲ့ ရာကနေ လက်ရှိ အချိန်ထိ အဆင့်ဆင့်တိုးတက်လာ ပုံကို အချိန်နဲ့ ယှဉ်ပြထားတဲ့ပုံပါ။

မီးခိုးရင့်က mAbအမျိုးအစားဆေးတွေ
(monoclonal antibody)

အစိမ်းရောင်က TKI အမျိုးအစားဆေးတွေ
(tyrosine kinase inhibitors)

အုတ်နီခဲရောင်က ADC အမျိုးအစားဆေးတွေ
(Antibody drug conjugate)

2L = second line treatment
A = adjuvant
N = neo adjuvant
M = metastatic

ခပ်ရှုပ်ရှုပ် စာတွေကို နားလည်စရာမလိုပါဖူး။ တွေ့ဖူးရင်ရပါပြီ။ပြောချင်တာက...
ဆေးတွေ ကုသမှုတွေ ဟာ အချိန်ယူလေ့လာပြီးမှ တဖြေးဖြေးတိုးတက်လာတာပါ။ 1980 နှစ်တွေကနေခုထိဆို ၄၅ နှစ်လောက် ဒီ Her-2 positive ရင်သားကင်ဆာ အတွက် အများကြီးကြိုးစားပြီးမှ အခုလို တိုးတက်မှု အောင်မြင်မှုတွေရလာဝာာပါ။

လွယ်လွယ်နဲ့ရလာတာမရှိပါဖူး။ လွယ်လွယ်လေးနဲ့ ကုလို့ပျောက်တယ် သစ်ဥသစ်ဖုတွေကရဝာာတွေစားရုံ၊ လက်နဲ့ကိုင်လိုက်ရုံနဲ့ ပျောက်တယ်ဆိုတာတွေ ယုံကြည် နေဖို့ မသင့်တဲ့ ခေတ်ကိုရောက်နေပါပြီ။ ခပ်ဆိုးဆိုး ဆရာဝန်တွေ နဲ့တွေ့လို့ စိတ်ညစ်ပြီး ရမ်းကုတွေကို မယုံလိုက်ပါနဲ့။ ကောင်းတဲ့ ဆရာဝန်တွေလဲ ရှိပါ‌ သေးတယ်။ လူနာလူနာရှင်တွေ အဆင်ပြေကြပါစေ။

Dr.AungKyawWin
Aug 05,2025

04/08/2025

*** Don't skip Her-2 therapy ***

ရင်သားကင်ဆာ မှာ အသားစ အဖြေထုတ်ရင် ကင်ဆာ တွေ့တယ်ဆိုရုံနဲ့ မလုံလောက်ပါဖူး။ ဘယ်လိုကုမလဲဆိုတာမှာသုံးတဲ့ ဟော်မုန်း receptors နဲ့ Her-2 receptor အနည်းဆုံး ပါကိုပါရပါမယ်။

(Her-2 receptor ကဘာလဲ အသေးစိတ်သိချင်ရင်တော့ ရှာဖတ်ပါ။ဒီဆောင်းပါးမှာတော့ လက်တွေ့မှာ Her-2 အသုံးဝင်ပုံ အရေးကြီးပုံ ပဲ ဦးစားပေးပြောပါမယ်။)

Her-2 ပါတဲ့ (positive ဖြစ်တဲ့) ရင်သားကင်ဆာတွေက ခွဲပြီး ကီမိုဆေးသွင်းပြီးရင် Her-2 negative ဖြစ်တာတွေထက် ခပ်မြန်မြန်ပြန်ဖြစ်ကြတယ်။ အဝေးကိုပျံ့တဲ့ အခြေအနေကို မြန်မြန်ရောက်သွားကြတယ်။ ကီမိုတခုတည်းနဲ့ မထိန်းနိုင်ဖြစ်နေတဲ့အချိန် ၂၀၀၀ ခုနှစ်ကစခဲ့တဲ့ trastuzumab/Her-2 therapy ဆေး လေ့လာမှုတွေရဲ့ ရလာဒ်တွေက ၂၀၀၅ ထဲမှာ တခုပြီးတခု ထွက်လာကြတယ်။ ရလာဒ်ကလည်း ပြန်ဖြစ်နှုန်း ကို ၅၀ ရာခိုင်နှုန်းလျော့ချနိုင်ပြီး သက်တမ်းကိုပိုရှည်စေတယ် ဆိုတဲ့ အလွန်ကောင်းတဲ့ အဖြေထွက်လာတယ်။

အဲ့ကစပြီး အရင် ကြောက်နေရတဲ့ Her-2 positive ရင်သားကင်ဆာကို Her-2 therapy တွေ တခုပြီးတခု နဲ့ ကင်ဆာ အဆင့်အမျိူမျိုး မှာကုသလာနိုင်ကြတယ်။ အခု မပြီးသေးတဲ့ Destiny -Breast09 လေ့လာမှုရဲ့ ကနဦး ရလာဒ် တွေကလည်း အလွန်ကောင်း နေပါတယ်။အဝေးကိုပျံ့နေတဲ့ ရင်သားကင်ဆာ ကုသမှုမှာ လက်ရှိ standard အဖြစ် သုံးတဲ့ Cleopatra regime (taxane+trastuzumab+pertuzumab) ထက် ဆေးအသစ် T-DXd(trastuzumab Deruxtecan)နဲ့ pertuzumab အတွဲက ရောဂါထိန်းထားနိုင်တာ ပိုကြာရှည်တယ်လို့ပြနေပါတယ်။ (median PFS 26.9months Vs 40.7months)

ဒါကြောင့်မို့လဲ
Her-2 positive ရင်သားကင်ဆာဆိုရင်
Don't skip Her-2 therapy 。。。。

Dr.AungKyawWin
Aug 04,2025

02/08/2025

***ဘာမှမလုပ်တာလဲ ကုသမှုတစ်မျိုးဖြစ်တယ်။***

မြန်မာတွေက လူနာ ကို သက်သာအောင်ပဲကုမယ်လို့‌ ပြော လိုက်ရင် " မကုတော့ဖူး ဘာမှမလုပ်တော့ဖူး" လို့သုံးကြတယ်။

ရောဂါကို မကုနိုင်တော့ဖူးဆိုရင် စိတ်ထဲ မကျေနပ်နိုင်ကြ ဖူး။(ဒေါသထွက်တာကိုပြောတာမဟုတ် လက်မခံချင်တာကိုပြောတာ)

ဆေးကုတာ စီးပွားရေးလုပ်သလိုပဲ အမြတ်ထွက်မယ်လို့ ကြိုတွက်နိုင်မှ ကုရမယ်။ ကြိုတွက်ကတည်းက ရှုံးမယ်ထွက်နေတဲ့ စီးပွားရေးကို ဘာလို့လုပ်မလဲ။

ဆေးကုတာ ကိုယ်မနိုင်ရင် သူ့ကိုလဲ ပျက်ဆီးအောင်လုပ်မယ်ဆိုပြီး လုပ်လို့မရဖူး။ ရောဂါ က ကိုယ်ခန္ဓာကိုယ်နဲ့ အတူနေနေတာမို့။

ရောဂါအခြေအနေလဲ သိရတယ်။ လူနာ အခြေအနေလဲတွက်ရမယ်။ ရောဂါက ကုဖို့လိုပေမယ့် လူနာကမခံနိုင်ရင် ကုလို့မရဖူး။

ကုသမှုတွေကို အမျိုးအစား ဒီလိုမျိုးလဲ အမျိုးအစားခွဲနိုင်တယ်။
- Curative treatment ရောဂါကို ပျောက်ကင်းအောင်ကုသခြင်း။
- Palliative treatment လူနာ သက်သာအောင်ပဲကုသခြင်း။
- Preventive treatment ကြိုတင်ကာကွယ်ခြင်း

မြန်မာလို ဘာမှ မလုပ်တော့ဖူး လို့ပြောပြောနေတဲ့ထဲမှာ က palliative treatment ပါပါတယ်။ palliative treatment မှာ ရောဂါအမြစ်ဖြတ်ဖို့မကု‌ ပေမယ့် လူနာ ခံစားနေရတဲ့ ဝေဒနာ တွေကိုကုမယ်၊ စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေလုပ်မယ်၊ quality of life ကောင်းဖို့ လိုအပ်တာမှန်သမျှလုပ်မယ်။

ဒီလို ရောဂါကို အမြစ်ပြတ် ကုလို့မရတော့လို့ palliative treatment ပေးဝာာ အပြင် ရောဂါရှိပေမယ့် ကုသဝာာထက် ဘာမှမလုပ်ဘဲနေတာ ပိုအကျိုးရှိလို့ ဘာမှမလုပ်ဘဲ စောင့်ကြည့်တာမျိုးလဲရှိပါတယ်။ လက်ရှိလူနာကို ဒုက္ခမပေးဖူး ကြီးထွားတာလဲနှေးတဲ့ ဆီးကျိတ်ကင်ဆာ မျိုးတွေမှာ watchful waiting ဆိုပြီး စောင့်ကြည့်(လိုမှကုမယ်) ဆိုတာမျိုးလုပ်ပါတယ်။

ကင်ဆာ အပြင် တခြားအခြေအနေတွေမှာလဲ...ဥပမာ။။။လည်ပင်းမှာ အပေါက်ဖောက်ပြီး tracheostomy tube ထဲ့ထားတဲ့ လူနာမှာ ချွဲစုပ်တဲ့ suction tip ကို ပိုးမွေးကြည့်တာ ခပ်ဆိုးဆိုး ပိုးပေါက်တယ်။ ဒါပေမယ့် လက်ရှိ ဒုက္ခ မပေးရင် မကုဘဲ watchful waiting လုပ်ရတယ်။

ရောဂါသိပ်ကြီးလာတယ်။ လူနာက ခံနိုင်ရည်မရှိဖူး။ performance status က curative treatment ပေးဖို့ အဆင်မပြေတော့ရင်လဲ palliative treatment ပေးပြီး performance status ပြန်ကောင်းလာအောင်စောင့်ရတယ်။ မစောင့်ဘဲပေးရင် ဒုက္ခရောက်မယ်။ စောင့်နေရင်း တိုးတက်မှုမရှိရင်ရော လို့ စိုးရိမ် လာပြီး မစောင့်တဲ့ လမ်းကိုရွေး ရင် ဒုက္ခရောက်မယ် (အတွေ့များ)။ လက်ရှိအခြေအနေအရပဲ ကုသရပါမယ်။ စိတ်ခံစားချက်နဲ့ လိုက်မကုရပါဘူး။

ပိုးသတ်ဆေးတွေလဲ လူနာ မကောင်းဖူးဆိုပြီး ပိုပိုပေးလို့မရပါဖူး (အတွေ့များ) အသည်းကျောက်ကပ်တွေ အခြေအနေအရပဲပေးရပါတယ်။ မလိုဘဲမပေးရပါ။

ဆေးကုတာရဲ့ ရည်ရွယ်ချက် ဖြစ်တဲ့ လူနာ သက်သာ ရမယ်ဆိုတာကို ရောဂါကို ပျောက်ချင်ဇောကြီးသွားပြီး မကုသင့်တော့တဲ့ အခြေအနေမှာ ကုသမှုကြီးကြီးတွေ လုပ် ဆေးတွေ အများကြီး ပေးပြီး လူနာကို ဝေဒနာ ပိုတိုးအောင် လုပ်မိတတ်ပါတယ်။

နောက်ထပ် လူနာစောင့်တွေရဲ့ ဘာမှမလုပ်ပေးလိုက်ရရင် တာဝန်မကျေမှာစိုးရိမ်မှု ၊ guilty ဖြစ်တယ် ခံစားရမှုတွေ ကလည်း မကုသင့်တဲ့ကုသမှုတွေပေးမိပြီး လူနာကို ပိုဒုက္ခခံစားစေခြင်းဖြစ်တတ်ပါတယ်။

လူနာကို ဘာမှမလုပ်ပဲထားထားရလို့ (သို့) ရောဂါကိုမကုဘဲ ထားထားရလို့ စိတ်ဆင်းရဲမနေပါနဲ့။
ဘာမှမလုပ်ဘဲ နေသင့်တဲ့ အခြေအနေတွေမှာ ဘာမှမလုပ်ဘဲထားတာ ဟာလဲ ကုသမှု တစ်မျိုးပါ.......

Dr.AungKyawWin
Aug2,2025

02/06/2025

Celebrating my 6th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

  At Shwe Dagon Pagoda, Yangon,Myanmar
12/01/2025





At Shwe Dagon Pagoda, Yangon,Myanmar

05/01/2025

လာမယ့် 2025 January 12 ရက်နေ့ (တနင်္ဂနွေနေ့) မှာ ကင်ဆာလူနာတွေ နဲ့ သူတို့ရဲ့ မိသားစုတွေကို အားပေးကူညီဖို့ World Cancer Walk ဆိုတဲ့ activity တခုရှိပါတယ်။

ကမ္ဘာ့ ပေါ်ကမြို့ပေါင်း ၂၅၀ ကျော် က ပါဝင်လျက်ရှိပါတယ်။ မြို့တမြို့စီက သတ်မှတ်ပေးထားတဲ့ အချိန်တခုမှာ (ဥပမာ..ရန်ကုန်အတွက် မနက် ၉နာရီ မှ ၁၀နာရီ အတွင်း အဆင်ပြေသလို ) လမ်းလျောက်တဲ့ activity လုပ်ပြီး time zones အားလုံးကာမိပြီး ၂၄ နာရီ ကမ္ဘာတပတ် ပြည့်ဖို့ လုပ်ဆောင်တာဖြစ်ပါတယ်။

တကမ္ဘာလုံးက လူတွေက ကင်ဆာ လူနာနဲ့မိသားစုတွေကို အားပေးကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ မည်သူမဆိုပါဝင်နိုင်ပါတယ်။

မြန်မာပြည်မပါဝင်သေးသဖြင့် ပါဝင်ဖို့ CCM ကို ဖိတ်ခေါ်တဲ့ အတွက် ဒီ နှစ် January 12 ရက်နေ့မှာ မခက်ခဲတဲ့ activity တခု ကို ပြုလုပ်ရင်း ပါဝင်ကြဖို့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။

‌ပြုလုပ်ရမယ်အဆင့်တွေကတော့

‌၁။ https://www.worldcancerwalk.com/team-4-2 ကိုသွားပါ။

‌၂။ registration လုပ်ပါ။

‌၃။ မိမိမြို့ သို့မဟုတ် ရန်ကုန်အတွက် သတ်မှတ်ပေးထားတဲ့ မနက် ၉-၁၀ တနာရီ အတွင်းမှာ အဆင်ပြေတဲ့ နေရာမှာ တဦးတည်း သို့မဟုတ် အဖွဲ့လိုက် လမ်းထွက်ပြီး ဓာတ်ပုံ သို့မဟုတ် Video ရိုက်ပြီး social media Facebook/Instagram တွေမှာ # walkwithus စတဲ့ tag , hashtags များနဲ့တွဲတင်ပေးဖို့ဖြစ်ပါတယ်။

‌Gallery ထဲဝင်ပြီး အရင်နှစ်က သူများရိုက်ထားတဲ့ ဓာတ်ပုံတွေကြည့်နိုင်ပါတယ်။

‌registration form ဖြည့်ရတာ အခက်အခဲရှိရင် CCM chat box ကနေအကူအညီတောင်းနိုင်ပါတယ်။

Dr.AungKyawWin
December 5,2025

fans

WALKERS: By registering, you are committing to go on a walk for one hour during your city's designated time slot (see homepage). You can walk alone, with friends, or in groups. Each participant must register individually. Please note that there is no set route and you may choose where you would like...

21/09/2024

***အန်းချွမ် သိရီး***

ဘာကြီးလဲ ဆိုတော့ တရုတ်ပြည်က ကျွန်တော့် ပထမဆုံး Oncology ဆရာကြီး လျို့ဟန့်ဖုန်း ရဲ့သွန်သင် မှုပါ။ အဓိပ္ပါယ် ကတော့ safety first ပါ။

ဆရာက စာသိပ်သင်လေ့မရှိဖူး။ ဆေးရုံ စဆင်းတာနဲ့ resident တယောက်နဲ့တွဲဆင်းခိုင်းတယ်။ ကွန်ပြူတာထဲမှာ chemotherapy regime တွေ ဆေးတွေရှိတယ်။ ဆရာဝန် အလုပ် ခန်းထဲမှာ resident တယောက် နဲ့ ကျွန်တော်တို့လို့ PG တယောက် ကွန်ပြူတာတလုံးတစားပွဲစီ။ ဆရာဝန်ထဲက Consultant အကြီးတယောက်က ထွက်သမျှ စာအုပ်တွေ ဝယ်ပြီး နံရံကပ် စင်မှာထားပေးထားတယ်။ ကိုယ့်ဖာသာ လူနာကြည့်လိုက် ကွန်ပြူတာထဲရှာလိုက် စာအုပ်ဖတ်လိုက်လုပ်။မရှင်းရင်မေး။

ကျွန်တော့ဆရာ ward ပိုင် ကလွဲပြီး ကျန်တဲ့သူတွေ အဲ့ဆရာဝန် ခန်းထဲမှာ အလုပ်လုပ်ကြတယ်။

မနက် ၈ခွဲကနေ ညနေ ၅ခွဲထိ ‌အလုပ်ချိန်က။ နေ့လယ် ၁၂ ကနေ ၃နာရီထိ ဂျူတီသမားကလွဲပြီး စားချိန်နားချိန်။ လူနာဆောင် အဆောက်အအုံ နောက်မှာ ဆရာဝန် နေ့လယ် အိပ်ဖို့ တိုက်ရှိတယ်။ ကျွန်တော်တို့ Oncology ward အတွက် ၆လွှာမှာ အခန်းရှိတယ်။ ward ပိုင်တွေကတခန်းစီ။ ကျွန်တော်တို့တွေက ၂ ထပ်ကုတင်တွေနဲ့ မိန်းကလေးတခန်း၊ ယောကျ်ားလေးတခန်း။ ကျွန်တော်တော့ မအိပ်တတ်လို့ အတော်ပျင်းဖို့ကောင်း။

စာသိပ်မသင်ဖူးဆိုတော့ ဘယ်လိုသင်ယူလဲ။ မနက် ၈ခွဲတာနဲ့ ဆရာဝန်ခန်းထဲကို ဆရာလာတယ်။ ည ဂျူတီဆင်းတဲ့သူတွေ report တင်တယ်။ နောက်ပြီး resident တွေက သူတို့နဲ့သက်ဆိုင်တဲ့ ကုတင်တခုချင်းစီ ရဲ့ report တင်တယ်။ သူနာပြုတွေ report တင်တယ်။ ဆရာက နားထောင်ပြီး လိုတာတွေ ရှင်းပြပြီး လမ်းညွှန်တယ်။လိုရင်းလောက်ပဲပြောပြီး ဘယ်နားမှာရှာဖတ်လိုက်ဆိုပြီးပြောတာ။ လိုက်မှတ် မရှင်းရင်မေး။ ပြီးရင် ward round ထွက်တယ်။ အခန်းထဲမှာ ကြိုဆွေးနွေပြီးသားမို့ လူနာ ၅၀ ကျော် မှာ ကြာကြာ ကြည့်ရတဲ့သူ သိပ်မရှိဖူး။

ပြီးရင် ဘာမှရှင်းစရာမရှိရင် ဆရာက သူ့အခန်းသူပြန်တယ်။ ကျွန်တော် ကိစ္စရှိလို့ သူဆီသွားရင် ကွန်ပြူတာနဲ့ စာဖတ်နေတာများတယ်။ နေ့လယ်အိပ်ချိန်တွေလဲ နားတဲ့အခန်းသွားတာနည်းပြီး သူရုံးခန်းထဲမှာပဲ စာဖတ်နေတတ်တယ်။ အလုပ်မဆင်းသေးခင် သူဖာသာ လိုအပ်ရင် လူနာ သွားစမ်းသွားစကားပြောတာတွေလည်းရှိတယ်။ ဘယ်သူမှ လိုက်ပေးစရာမလိုဖူး။ သူလဲမလိုရင်မခေါ်ဖူး။

ကွန်ဖရင့်တွေ ဘာတွေ တက်ပြောမှ PowerPoint တွေနဲ့ စာသင်တယ်။ တျောက်လျောက်က လက်တွေ့လူနာကြည့် စာရှာဖတ် မသိရင်မေးနဲ့ပဲသွားတယ်။

၃ နှစ်သင်ကြားအပြီး ဆရာ မကြာခဏ အလေးအနက်ထားပြီးပြောခဲ့တဲ့ ကင်ဆာဆေးတွေသုံးမယ်ဆို "အန်းချွမ်သိရီး" ဆိုတာ အတော်စွဲကျန်ခဲ့တယ်။

လိုရင်းပြန်သွားရရင်...
ကျွန်တော် အရင်က ရေးဖူးတယ်။ လူနာ အခြေအနေ အဆင့်သတ်မှတ်မှု performance status တွေ။ ဒါတွေက ဆရာဝန်တွေပဲသိရင်ရပြီမို့လားလို့တောင် သူငယ်ချင်းတချို့ပြောတယ်။ လူနာလူနာရှင်တွေက ကင်ဆာဆေး မသွင်းရင် ရောဂါပိုကြီးလာမှာကြောက်ကြတယ်။ အဲ့ဒါကြောင့် ဆေးသွင်းတာ စိတ်ရောက်နေတတ်တယ်။ ရောဂါကို တိုက်ဖို့စိတ်ရောက်နေတော့ ကင်ဆာဆေးတွေရဲ့ ပြင်းထန်ပုံကို လျော့တွက်မိတတ်ကြတယ်။ စစ်ပွဲတခုဆိုရင် ဖြစ်နေတဲ့ စစ်မြေပြင်က လူနာရဲ့ ခန္ဓာကိုယ်ပဲ။ ဗုံးကြဲလို့ မြေတွင်းကြီးတွေဖြစ်တာတွေ့ဖူးမယ်။ ရောဂါရော လူနာရောခံရမယ်။။ဘာရောဂါဖြစ်ဖြစ် လိုသလောက်ပဲကုပိုမကုရပါ။

ခံနိုင်ရည်မရှိတဲ့ အခြေအနေမှာ ဆေးသွင်းလိုက်ရင် လူနာ ပိုဆိုးသွားတာတွေပဲတွေ့တယ်။ အဲ့တာကြောင့် performance status တွေကို လူနာလူနာရှင်တွေပါနားလည်ဖို့ လိုမယ်ထင်ပြီးရေးဖြစ်ခဲ့တယ်။

နောက် ကျွန်တော့ ဆရာပြောတဲ့ ကင်ဆာဆေးနဲ့ပက်သက်ရင် "အန်းချွမ်သိရီး/safety first" ဆိုတာလဲ ထပ်သတိပေးလိုက်ပါတယ်။
(Performance status အကြောင်းပြန်ရှာဖတ်ပါ)

Dr.AungKyawWin
September 21,2024

22/06/2024

အရင်ရေးထားတာတွေရှာဖတ်တဲ့သူတွေရှိလို့ ဝမ်းသာပါတယ်။

၂၀၁၆ ကတည်းကရေးလာတာတွေက အခုထိ ခေတ်နောက်မကျသေးပါဖူး။ အဆင်ပြေမယ့် ပြဿနာကင်းမယ့် အသစ်ရေးစရာ လည်းထပ် မစဉ်းစားမိသေးပါဖူး။

အရင်‌ ရေးထားတာ တွေပြန်ရှာ ဖတ်နိုင်ပါတယ်။

နောက်ဆုံး ကိုယ်‌ သောက်မယ့်ဆေးတွေကိုဘယ်လိုရှာဖတ်ရမလဲ လမ်းစအနေနဲ့ YouTube မှာပြထားပါတယ်။

Dr.Aung Kyaw Win
22June2024

22/05/2024

Loperamide ဝမ်းပိတ်ဆေးအကြောင်း အင်တာနက်ဆေးပညာ website တွေကနေ ရှာဖတ်ပြပါမယ်

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Cancer Care Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Cancer Care Myanmar:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram