Natural Herbal Medicine "သဘာဝနွယ်ဆေးပင်များ"

  • Home
  • Natural Herbal Medicine "သဘာဝနွယ်ဆေးပင်များ"

Natural Herbal Medicine "သဘာဝနွယ်ဆေးပင်များ" သဘာ၀ နွယ်မြက်သစ်ပင် ၊ သစ်ဥသစ်ဖု များနှင့် သဘာ၀ တိုင်းရင်းဆေးမြီးတိုများ စုစည်း

30/11/2025
အူတွေ (Intestines) ဆေးကြရအောင် အူတွေဆေးခြင်းကို တလတခါလောက်တော့ မဖြစ်မနေ လုပ်သင့်ပါတယ်။ဘာလို့လဲဆိုရင်အူလမ်းကြောင်းနဲ့ လူ့...
30/11/2025

အူတွေ (Intestines) ဆေးကြရအောင်

အူတွေဆေးခြင်းကို တလတခါလောက်တော့ မဖြစ်မနေ လုပ်သင့်ပါတယ်။ဘာလို့လဲဆိုရင်အူလမ်းကြောင်းနဲ့ လူ့ကျန်းမာရေးကတိုက်ရိုက်ပတ်သက်နေလို့ ဖြစ်ပါတယ်။ ပြီးတော့အူတွေဟာဒုတိယဦးနှောက်လည်းဖြစ်တယ်။ ဦးနှောက်နဲ့အူတွေကို အာရုံကြောတွေနဲ့ဆက်ထားပြီး ခန္ဓာကိုယ်အတွက်အလုပ်တွေအများကြီးလုပ်ပါတယ်။ ဒါကြောင့်အူတွေ သန့်ရှင်းနေဖို့ လိုပါတယ်။

အူဆေးဖို့ အသုံးပြုမှာကတော့ မုန်လာဥဖြူ ဖြစ်ပါတယ်။ သဘာဝကြီးရဲ့လက်ဆောင်ဖြစ်တဲ့ မုန်လာဥဖြူနဲ့ အူဆေးကြမယ်။ မုန်လာဥဖြူမှာ Fibre အမျှင်ဓါတ်တွေ အများကြီးပါတယ်။ အဲဒီ fibre အမျှင်ဓါတ်တွေက အူအတွင်းနံရံမှာရှိနေတဲ့ မစင်ဂျိုးတွေကအစ အညစ်အကြေးတွေအားလုံးကို တိုက်ချွတ်ဆေးကြောပေးပါတယ်။

စျေးကနေ မုန်လာဥလှလှလေးတွေ ဝယ်မယ်။ ကျောက်ဆားလေးနဲနဲထည့်ပြီးပြုတ်လိုက်မယ်*။ အကြာကြီးပြုတ်စရာမလိုဘူး။ အူဆေးဖို့အတွက် စနေနေ့နေ့လယ်စာစားပြီးနောက်မှာ တခြားဘာမှမစားဘဲမုန်လာဥပြုတ်၁မျိုးပဲ စားရမယ်။ကြိုက်သလောက်စားပါ၊ ဗိုက်ဝအောင်သာစား၊ ဗိုက်ဆာလာတိုင်းစား။ ညအိပ်ယာမဝင်ခင်အထိဆာတိုင်း စားလို့ရပါတယ်။ စားလို့လည်းတော်တော်ကောင်းတယ်။ ရေငတ်လည်းပြေတယ်၊ စားရတာအတော်ကျေနပ်စရာကောင်းပါတယ်။နောက်နေ့မနက် အိပ်ယာထရင် ရေ၁လီတာ သောက်ရမယ်။ပြီးရင်တော့ဝမ်းဗိုက်ထဲကအစာဟောင်းတွေ ရှောရှောရှူရှူ အကုန်ထွက်သွားလိမ့်မယ်။

မုန်လာဥနဲ့အူဆေးခြင်းဟာ အူလမ်းကြောင်းသာမက ကျောက်ကပ်ကိုလည်းသန့်ရှင်းစေပါတယ်။ကျောက်ကပ်သန့်ရှင်းဖို့အတွက် မုန်လာဥပြုတ်စားရင်းရေပိုသောက်ပေးဖို့လည်း လိုပါတယ်။

အူတွေသန့်ရှင်းသွားရင်သွေးလည်းသန့်သွားပါတယ်။ ဘာလို့လဲဆိုရင်သွေးဆိုတာအူတွေကနေစတင်ဖြစ်ပေါ်လာလို့ ဖြစ်ပါတယ်။ သွေးသန့်ရင်ရောဂါကင်းတယ်။ ရောဂါတွေကသွေးထဲမှာရှိနေတော့သွေးသန့်တာနဲ့အမျှ ရောဂါဖြစ်ဖို့ရာနှုန်း နည်းသွားပါတယ်။

အူဆေးပြီးလို့ အူသန့်သွားတာနဲ့လူကပေါ့ပါး လန်းဆန်းသွားလိမ့်မယ်။ ကျန်းမာဖို့အတွက်အူသန့်ဖို့က အဓိကပဲ။ ထမင်းစားရတာလည်းအရသာရှိလာမယ်၊ရေသောက်လို့လည်းကောင်းတယ်၊အလုပ်လုပ်လို့သိပ်ကောင်းတယ်၊ဥာဏ်ရည်ဥာဏ်သွေးတွေ ထက်လာတယ်၊ အိပ်လို့လည်း ကောင်းလာတယ်၊ အစာအိမ်ရောဂါရှိရင်လည်း သက်သာသွားမယ်၊ ခေါင်းကိုက်တာတွေလည်း သက်သာသွားမယ်၊ ညောင်းညာကိုက်ခဲတာတွေလည်းပျောက်သွားမယ်၊ အစာမကြေလေထိုးလေအောင့်တွေလည်းပျောက်သွားမယ်၊ ရုပ်ရည်ပါနုပျိုလန်းဆန်းလာပါလိမ့်မယ်။

တနင်္ဂနေ့မနက်မှာတော့အူဆေးခြင်းကိစ္စပြီးပါပြီ။ ၂၄နာရီ fasting လုပ်ချင်တဲ့သူတွေဆက်လုပ်နိုင်ကြပါတယ်။ Detoxပါဆက်လုပ်ချင်တယ်ဆိုရင်တော့ညဘက်မှာ သံလွင်ဆီပေါင်းစပ်ရည်သောက်လိုက်ရုံပါပဲ။ ဒါကြောင့်အူဆေးလိုသူများ, fasting လုပ်လိုသူများ, Detox ပါလုပ်လိုသူများ၊၂မျိုးလုပ်ချင်သူများ၊ ၃မျိုးလုပ်ချင်သူများ မိမိတို့စိတ်ကြိုက် လုပ်နိုင်ကြပါပြီ။

*ကျောက်ဆား ...
အိန္ဒိယကလာတဲ့ ပန်းရောင်ဆားကို ကျောက်ဆားလို့ ခေါ်ပါတယ်၊ City Mart မှာ ရပါတယ်၊ ဟိမဝန္တာဆားလို့လည်း ခေါ်ပါတယ်၊ ပန်းရောင်ဆားပါ။ မရရင် အိမ်သုံးဆားကို လှော်ပြီး သုံးလို့လည်း ရပါသည်။

မူရင်းရေးသားသူကို Credit ပေးပါတယ်
ပြန်လည်မျှဝေပါသည်။
#ကျန်းမာရေးဗဟုသုတရကြပါစေ #သင်ကျန်းမာဖို့သင့်မှာတာဝန်ရှိပါတယ်

အံ့ဩစရာ ဥသျှစ်ပင်ဟာရောဂါ ( ၃၆ ) မျိုးကို ကုသပျောက်‌ကင်းစေနိုင်တယ်ဥသျှစ်ပင်သည် မြန်မာနိုင်ငံ၌လူသိများထင်ရှားသော အပင်ဖြစ်သ...
27/11/2025

အံ့ဩစရာ ဥသျှစ်ပင်ဟာရောဂါ ( ၃၆ ) မျိုးကို ကုသပျောက်‌ကင်းစေနိုင်တယ်

ဥသျှစ်ပင်သည် မြန်မာနိုင်ငံ၌လူသိများထင်ရှားသော အပင်ဖြစ်သည်။
မြန်မာနိုင်ငံအနှံ့အပြားတွင် သဘာဝအလျောက်ပေါက်ရောက်သည့်အပင်ဖြစ်သည်။
ဥသျှစ်ပင်ကို ဆေးဖက်ဆိုင်ရာ အသုံးပြုတတ်ပါက နတ်ဆေးသဖွယ် အစွမ်းထက်လှပေသည်။

ရောဂါအလိုက် အသုံးပြုနိုင်ပုံ

🌿🌿သူငယ်နာ ဝမ်းပျက်။ ။ဥသျှစ်ရွက် ပေါင်းတိုက်ရည် ကိုကြွေဇွန်းငယ် တဇွန်းမျှ အရွယ်ကို ကြည့်၍ တိုက်မူ ကလေးများ ဝမ်းပျက်ရောဂါ နှင့် ချွဲသလိပ်ကျပ် ရောဂါ ပျောက်ကင်းစေသည်။
🌿🌿မျက်စိနာ။ ။ဥသျှစ်ရွက်ကို ကြိတ်၍ မျက်စိ၌ ကွင်းပေးမူ မျက်စိနာရောဂါ ပျောက်ကင်းစေသည်။

🌿🌿ဝိသမ အဖျား။ ။ဝိသမ အဖျားရောဂါ၌ ဥသျှစ် ၃ - ကျပ်, ရေ ၄ဂ - ကျပ်သား‌ကို ၆ ကျပ် သား ကျန်အောင် ကျို၍ တခွက်စာ ၃ ကျပ်သားမျှ သောက်မှု ဝိသမအဖျားရောဂါ ပျောက် ကင်းစေသည်။

🌿🌿သုတ်ရည် ကျဲခြင်း။ ။ဥသျှစ်မြစ် အခေါက်, ဇီယာ- ၎င်း ၂ - မျိုးကို ရော၍ ညက်စွာ ကြိတ်ကာ ထောပတ်နှင့် လက်ကော်ရသည်အထိ တေပြီးလျှင် တခွက်စာ ၁၂ - ပဲသားမျှ သောက်ပါ၊ သုက်ကျဲသော ရောဂါ ပျောက်ကင်းစေသည်။

🌿🌿အဆိပ်ရှိသော သတ္တဝါများ ကိုက်ခြင်း။ ။အဆိပ်ရှိသော သတ္တဝါများ ကိုက်သောနေရာ ၌ ဥသျှစ်မြစ်ကို သွေး၍ လူးပါ၊ သောက်လည်း သောက်ပါ၊ အဆိပ်ပြေစေသည်။
🌿🌿သူငယ်များ အန်၍ ဝမ်းသွားခြင်း။ ။သူငယ်များ အန်၍ ဝမ်းသွားခြင်း ဖြစ်မူ ဥသျှစ်မှုန့်ကို ထမင်းရည်နှင့် ကျို၍ သကြား သင့်ရုံထည့်ပြီး တိုက်မူ အော့အန်၍ ဝမ်းသွားခြင်း ပျောက် ကင်းစေသည်။

🌿🌿ဝမ်းမီးနုံ့၍ ဓာတ်ချုပ်ခြင်း လွန်ခြင်း။ ။အူတွင်း၌ လေများ ဖောက်ပြန်ပြီးလျှင် ဝမ်းမီး နုံ့၍ တခါတရံ ဝမ်းအလွန်သွားခြင်း တခါတရံ အလွန်ချုပ်ခြင်း ဖြစ်မူ ဥသျှစ်သီးမှည့် ( ဖျော်ရည် ) ကို သောက်ပါက လျှင်မြန်စွာပျောက်ကင်းစေသည်။

🌿🌿နာတာရှည် အတိသာရ ဝမ်းသွားခြင်း။ ။ ဥသျှစ်သီးနု, စမုံစပါး လင်းလေ ၁ - ကျပ် သားစီတွင် ရေ ၄၈- ကျပ်ထည့်၍ ၆ - သား ကျန်အောင် ကျိုပါ၊၎င်းကို တခွက်စာကို ၃ - ကျပ်သားမျှ သောက်ပါက ပျောက်နိုင်ခဲ့သော အတိသာရဝမ်းသွားရောဂါ ပျောက်ကင်းစေသည်။

🌿🌿နာတာရှည် ညောင်းကျရောဂါ။ ။ဥသျှစ်သီး အသား ၂-ကျပ် ကရဝေးသီး ၄- ပဲ နှင့် ကြိတ်ပြီးလျှင် နွားနို့နှင့် ရော၍ သောက်မူ နာတာရှည် ညောင်းကျရောဂါ ပျောက်ကင်းစေသည်။

🌿🌿မျက်ရည်ပူ ယိုခြင်း။ ။ဖျားခြင်း မျက်ရည်ပူ ယိုခြင်း, ချောင်းဆိုးခြင်း, ရောင်ရမ်းခြင်း ဖြစ်မှု ဥသျှစ်ရွက် သတ္တုရည်ကို ဂ-ပဲသားမျှ နံနက်ည သောက်ပါ၊ အထက်ပါ ရောဂါများ ပျောက်ကင်းပါမည်။

🌿🌿ဝမ်းမီးနုံ့၍ ပန်းနာရင်ကျပ် ဖြစ်ခြင်း။ ။ဝမ်းမီးနုံ့သောကြောင့် ဖြစ်သော ပန်းနာရင်ကျပ်၌ သလိပ်များကို ထုတ်ဆောင်ရန်အတွက် က် ဥသျှစ်ရွက်စိမ်း ၃ - - ကျပ်သားကို ရေ ၄ဂ - ကျပ်နှင့် ၆ - ကျပ်သား ကျန်အောင် ကျို၍ တခွက်စာ လျှင် ၃ - ကျပ်သားမျှ သောက်ပါ၊ ပန်းနာ ရင်ကျပ် -ပျောက်ကင်းပါလိမ့်မည်။

🌿🌿အနာပေါက် အုံဆေး။ ။အနာပေါက်, အဖုအပိမ့်များကို ၎င်းအရွက်စိမ်းကို ကြိတ်၍ အုံပေးပါ၊ နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်လွယ်စေသည်။

🌿🌿သည်းခြေ ဦးစီးသော ဝမ်းရောဂါ။ ။ဥသျှစ်သီး ယိုထိုး၍ စားမူ သည်းခြေ လွန်ကဲ သော ဝမ်းသွားရောဂါ ပျောက်ကင်းစေသည်။

🌿🌿အစာမကြေ ဝမ်းပျက်ရောဂါ။ ။အစာမကြေ ဝမ်းပျက် ဝမ်း ဖောရောင်ခြင်း ဖြစ်မူ ဥသျှစ်ကင်း အခြောက် အမှုန့် ၁ - ပဲသားမှ ၄ - ပဲသား အထိ တနေ့လျှင် ၃ - ၄ ကြိမ်မျှ သောက်ပါ။

🌿🌿သွေးဝမ်းသွားခြင်း ဆေးတမျိုး။ ။ဥသျှစ်သီးမှည့် နှင့် ထန်းလျက်ကို ရော၍ စားမူ သွေးဝမ်းသွားခြင်း ပျောက်ကင်းစေသည်။

🌿🌿အန်၍ ဝမ်းသွားခြင်း။ ။ဥသျှစ်သီးမှည့်, သရက်စေ့ အဆံ- ၎င်း ၂-မျိုးကို ရော ကြိတ်၍ သကြား, ပျားရည်တို့နှင့် စပ်ပြီး လျက်မူ အန်၍ ဝမ်းသက်ခြင်း ပျောက်ကင်းစေသည်။

🌿🌿ဆီးအောင့်ရောဂါ ၂။ဥသျှစ်သီး အသီးအစိမ်း၏ အသားကို ညက်စွာ ကြိတ်၍ နွားနို့ နှင့် ရောပြီးလျှင် အဝတ်ဖြင့် စစ်ယူပါ၊ ၎င်းဆေးတွင် ကရဝေးသီး အမှုန့် အနည်းငယ်မျှ ဖြူး၍ သောက်မူ ပျောက်နိုင်ခဲ့သော ဆီးအောင့်ရောဂါများ ပျောက်ကင်း၏။

🌿🌿သွားဖုံးနာ ရောဂါ။ ။သွားဖုံးမှ သွေး ယိုစီးခြင်း, အဖုအပိမ့် ထခြင်း, နာကျင် ကိုက်ခဲခြင်းတို့ကို ဥသျှစ် ရှာလပတ်ရည် ၄ - ကျပ်သား, နွားနို့ ၄ - ကျပ်သားနှင့် ရော၍ သောက်ပါ၊ သွားဖုံးရောဂါများ ပျောက်ကင်းနိုင်၏။

🌿🌿နှလုံးတုန်သော ရောဂါ။ ။နှလုံးတုန် ရင်ခုန်ပြီးလျှင် သတိလစ်တတ်, မေ့တတ်သော လူများကို ဥသျှစ်မြစ် အခေါက် ၃- ကျပ်သားကို ရေ ၄၀-ကျပ်သားနှင့် ၆ - ကျပ်သား ကျန်အောင် ကျို၍ တခွက်စာ ၃ - ကျပ်သားမျှ သောက်မှု နှလုံးတုန် ရင်ခုန်၍ မေ့လျော့ခြင်း ပျောက်ကင်းနိုင်သည်။

🌿🌿ဝမ်းကိုက် ရောဂါ။ ။ဥသျှစ်သီး အစိမ်း၏ အသားကို ကြော်၍ထားပါ၊ ၎င်းကြော် ပြီးသား ၁၂ - ပဲနှင့် သကြား သင့်ရုံ ထည့်၍ စားမူ ဝမ်းကိုက်ရောဂါ ပျောက်ကင်းနိုင်သည်။

🌿🌿အော့အန်ခြင်း။ ။ဥသျှစ်မြစ်၏ အခေါက်ကို ပြုတ်၍ ပျားရည်နှင့် ရောစပ်ပြီးသောက်ပါက အော့အန်ခြင်း ပျောက်ကင်းနိုင်စေသည်။

🌿🌿ကိုယ်ဝန်ဆောင်နှင့် အော့အန်ခြင်း။ ။အချို့အမျိုးသမီးများ ကိုယ်ဝန်တည်စတွင် ကြောက်မက်
ဖွယ်ရာ လေအန်သော ရောဂါဖြစ်တတ်သည်၊ ဆေးလည်း တွေခဲလှ၏၊ ၎င်းရောဂါကို ဥသျှစ်သီး မည့်အနှစ်ကို ကြိတ်၍ ဆန်ဆေးရည်နှင့် သောက်ပါ၊ ကိုယ်ဝန်နှင့် အော့အန်ခြင်း ပျောက်ကင်းနိုင် သည်။

🌿🌿ကိုယ်ရေဝါရောဂါ။ ။ဥသျှစ်ရွက်သတ္တုရည် ၁၂ - ပဲသားတွင် ငြုတ်ကောင်းမှုန့် အနည်းငယ် ရောစပ်၍ သောက်မူ ကိုယ်ရေဝါရောဂါ ပျောက်ကင်းနိုင်သည်။

🌿🌿နားအူ နားလေထွက်။ ။ဥသျှစ်ကင်းကို နွားကျင်ငယ်ရေနှင့်ကြိတ်၍ ရေ နွားနို့, နှမ်းဆီတို့နှင့်ရောကာ ဆီကျန်အောင် ချက်ပါ၊ ၎င်းဆီကို နားတွင်း ခပ်ပေးမူ နားအူ နားလေထွက် ပျောက်ကင်းနိုင်သည်။

🌿🌿မျက်စိနာခြင်း။ ။၎င်းအရွက်ကိုကြိတ်၍ ကျပ်ထုပ်လုပ်ပြီး ထိုးမူ မျက်စေ့နာခြင်း, မျက်ဝတ်ထွက်ခြင်းများ ပျောက်စေနိုင်သည်။

🌿🌿သန်ထခြင်း, သန်ကလိခြင်း။ ။သန်ထခြင်း သန်ကလိခြင်း ဖြစ်၍ ကလေးသူငယ်များ မအီ မသာခြင်းရှိမူ ဥသျှစ်ရွက်သတ္တုရည်ကို အရွယ်အလိုက် ချင့်ချိန်၍ တိုက်မူ သန်ထခြင်း သန်ကလိခြင်းများပျောက်စေသည်။
🌿🌿အစာမကြေ လေချဉ်အန်ခြင်း။ ။ဥသျှစ်ရွက် သတ္တုရည်ကို တနေ့လျှင် ၂ - ကြိမ် သုံးကြိမ်မျှ သောက်မူ လေချဉ်တက်ခြင်း, လည်ချောင်းပူခြင်းများ ပျောက်ကင်းနိုင်သည်။

🌿🌿ကိုယ်နံ့မကောင်းခြင်း။ ။အောက်သိုးသော ကိုယ်အနံ့ရှိခြင်း, ချဥ်စုတ်စုတ်ကိုယ်အနံ့ရှိခြင်း စသည်တိုပျောက်၍ ကိုယ်အနံ့အသက် ကောင်းစေရန် ဥသျှစ်ရွက်သတ္တုရည်ကို ရေချိုး ပြီးတိုင်း လိမ်းကျံပါမူ ကိုယ်နံ့မကောင်းခြင်းမှ လွတ်ကင်းနိုင်သည်။

🌿🌿နာတာရှည်, အဖျား ဖျားခြင်း။ ။ဥသျှစ်မြစ်ကို နွားနို့နှင့်ကျို၍ တနေ့ ၂ - ကြိမ်သောက်ပါမူ နာတာရှည် အဖျားဟောင်းများ ပျောက်ကင်းနိုင်သည်။

🌿🌿ဖောရောင်ခြင်း။ ။ဥသျှစ်ရွက်သတ္တုရည်ကို သောက်လည်းသောက်- လိမ်းလည်းလိမ်းပေးမူ ဖောရောင်သော ရောဂါ ပျောက်ကင်းနိုင်သည်။

🌿🌿ဆီးလွန်ရောဂါ။ ။ဥသျှစ်ကင်း ၁၂- ပဲ, ချင်းခြောက် ၆ - ပဲ ၎င်းဆေး ၂ - မျိုးကို အကြမ်းထောင်း၍ ရေ ၃ဝိ - သားနှင့် မီးညှင်းညှင်းဖြင့် ၄ - ကျပ်သား ကျန်အောင် ကျိုပါ၊ ၎င်း ဆေးကို တခွက်စာပြု၍၊ ၇- ဂ- ရက်မျှ သောက်ပါမူ ဆီးလွန်သော ရောဂါ ပျောက်ကင်းနိုင်သည်။

🌿🌿ဆီးချိုရောဂါနှင့် ဥသျှစ်ရွက်။ ။ဆီးချိုရောဂါနှင့် စပ်လျဉ်း၍ ဥသျှစ်ရွက်သည် များ များစွာ အကျိုးပြုသော ဆေးတလက်ဖြစ်သည်။ ဥသျှစ်နုနုကို ကြိတ်၍ သတ္တုရည်ကို ညှစ်၍ယူပါ၊ ၎င်းသတ္တုရည် ၁၂ - ပဲသားကို နေ့စဉ်နံနက် စောစော သောက်ပါ၊ ရက်ကြာကြာစွဲ၍နေ့စဉ်သောက်ပါါက ဆီးတွင်ပါသော သကြားသည် တဖြည်းဖြည်း လျော့၍ သွားလိမ့်မည်။၎င်းဆေးကို ဆီး၌ သကြားပါသမျှ _ ကာလပတ်လုံး ဆက်လက်၍ သောက်ပါ၊ နောက်ဆုံး ကို ဧကန်ဆီးချိုရောဂါ ပျောက်ကင်း ပါလိမ့်မည်။

🌿🌿ဆီးလွန်ခြင်း နှင့် ညောင်းကျရောဂါ။ ယူခြင်း ကို ၎င်းအစေ့မှ ဖြစ်သော ဆီသည် များစွာ အကျိုးပြုလေသည်။

🌿🌿ထုံကျင် ကိုက်ခဲ။ ။ဥသျှစ်မြစ် ခင်ပုပ်မြစ်, သနပ်ခါးမြစ် တို့ကို ဆတူရောကာ နုတ်နုတ်စဉ်းပြီးကျို၊ ရေပွက်ပွက်ဆူလျှင် အဖတ်ကို ဆယ်၍ ပစ်၊ အရေကို ထပ်ပြီး အနှစ်ရအောင်ကျို၍ငှက်ပျောသီးနှင့် အတူစားရမည်။

🌿🌿သွေးဆုံးရောဂါ။ ။ဥသျှစ်, ဥနှဲ, ကြောင်ပန်းအရွက် ၃-မျိုး၊ ရှားစောင်းကြီး, ဆား- ဤ ၅ - ပါးကို ကြိတ်ပြီးလျှင် ရေနွေး, ရေအေး ရရာနှင့် တိုက်ပါ။

🌿🌿မီးရပ်ကျိုးခြင်း၊ ဒူလာကျိုးခြင်း ။ ။ဥသျှစ်, သနပ်, ခင်ပုပ်, တရုပ်စကား, မဲဇလီ ၎င်းတို့အမြစ် ၅-မျိုးကို ပါးပါးလွှာစဥ်းပြီး ပြုတ်ရေကို စစ်၍ယူပါ ၊ ၎င်းအရေကို ထန်းလျက် ထည့်၍ ထပ်ချက်ပါ၊ရလာ‌သော
ဆေးအရည်ကို နံနက်, ည ၁ - ဇွန်း မှ ၂-ဇွန်းချင့်ချိန်၍ သောက်ပေးပါက မီးယပ်ကျိုးခြင်း ဒူလာကျိုးခြင်းများပျောက်ကင်းစေသည်။

အခြားရောဂါများအတွက်လည်းများစွာ အသုံးဝင်နိုင်ပါသေးသည်။

သတ္တဝါအားလုံး အနာရောဂါကင်းဝေးပြီးကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့လျက်

🙏🙏မှတ်ချက်။ ။ ပြန်လည်တည်းဖြတ်မျှဝေပါက "မြန်မာ့ဆေးဥဆေးမြစ်များ" ပေ့ခ်ျမှ
ပြန်လည်တည်းဖြတ်မျှဝေပါသည်ဟု ရေးထည့်ပေးရန်မေတ္တာရပ်ခံအပ်ပါသည်။

ပို့စ်ရှဲပေးကြသူ အယောက်စီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ

သန်းလှိုင် ( မြန်မာ့ဆေးဥဆေးမြစ်များ )

ထုတ်နုတ်ချက်များ။ ။ အရှင်နာဂသိမ်ပုံပြဆေးကျမ်း စတုတ္ထအတွဲ စာမျက်နှာ ၉၅မှ ၁၀၃ထိ

++++++++++++++++++++++++++++++++++++
မိမိပါတ်ဝန်းကျင်မှာ ကိုတိုင်ရှာ၍ မရနိုင်လို့ဝယ်ယူလိုပါက
ဆေးခေါက် ဆေးမြစ် ဆေးဥပေါင်းစုံ ဝယ်ယူရရှိနိုင်ပြီး
🙏🙏ဆန္ဒရှိလို့ဝယ်ယူလိုပါလျှင် ဖုန်း
၀၉ ၆၉၅၅၅၈၃၆၄ /၀၉ ၄၂၅၈၉၉၇၀၅ /Viber / page messenger/messenger chat box /what's app များတွင် ဝယ်ယူရရှိနိုင်ပါသည်။

# #မြန်မာ့တိုင်းရင်းဆေးနည်းများကို
@လူတိုင်းသိပြီး
# #လက်တွေ့အသုံးချနိုင်ကြပါစေ

ကြက်သွန်ဖြူစားပါ၊ ရေနွေးသောက်ပါ၊ ခြေသလုံးလေ့ကျင့်ခန်းလုပ်ပါ... စျေးပေါပြီး လုပ်လို့ရတာမျိုးနဲ့ အရင်ကာကွယ်ကြပါ။သွေးခဲပြီး...
27/11/2025

ကြက်သွန်ဖြူစားပါ၊ ရေနွေးသောက်ပါ၊ ခြေသလုံးလေ့ကျင့်ခန်းလုပ်ပါ... စျေးပေါပြီး လုပ်လို့ရတာမျိုးနဲ့ အရင်ကာကွယ်ကြပါ။

သွေးခဲပြီး မလိုလားအပ်တာတွေ မဖြစ်စေလိုပါ။

အခုတလောမှာ ကြုံတွေ့နေကြရတာက သွေးခဲပြီး အသက်အန္တရာယ်ထိခိုက်စေတဲ့ အဖြစ်တွေပါပဲ။ ကပ်ရောဂါကူးစက်ခံရလို့ နည်းမျိုးစုံနဲ့ ကုသပြီး အသက်ဘေးက လွတ်လာကြပေမဲ့ နောက်ပိုင်းမှာ သွေးခဲပြီး ရုတ်တရက် သေဆုံးနေကြပါတယ်။ အဲဒီသွေးခဲခြင်း မဖြစ်အောင် နည်းလမ်းရှာကြဖို့ လိုပါတယ်။

သွေးမခဲအောင်ဆိုပြီး သွေးကျဲဆေးတွေ သောက်သုံးကြရတယ်။ ဒါကြောင့် သွေးကျဲဆေးဈေးတွေ မိုးပေါ်ရောက်နေပါတယ်။

လူအများ မေးကြတာက သဘာဝနည်းနဲ့ သွေးကျဲအောင် လုပ်လို့မရဘူးလား တဲ့...

ရပါတယ်။ သဘာဝနည်းနဲ့ သွေးကျဲအောင် လုပ်တဲ့နည်းကို အခုပြောပြပါမယ်။

✨ သွေးကျဲစေသော သဘာဝ စားသောက်ကုန်များ
သွေးကျဲဆေးလိုပဲ သဘာဝမှာ သွေးကျဲအောင် လုပ်ပေးနိုင်တာတွေကတော့...

၁။ #ကြက်သွန်ဖြူ ဖြစ်ပါတယ်
ကြက်သွန်ဖြူဟာ သွေးကျဲဆေးထက် အများကြီး ပိုကောင်းပါတယ်။

ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်တဲ့ ပုလိပ်ရောဂါကိုလည်း ကြက်သွန်ဖြူနဲ့ပဲ အနိုင်ယူခဲ့ကြတာဖြစ်ပါတယ်။

ထမင်းစားရင် ကြက်သွန်ဖြူ သုံးလေးတက်လောက် စားပေးသင့်ပါတယ်။

၂။ #နနွင်း ဖြစ်ပါတယ်
နနွင်းက ဆီနဲ့ဖျော်သောက်မှ အူတွေကနေ စုပ်ယူနိုင်တာ ဖြစ်ပါတယ်။

အခုလိုအခါမှာ ဇွန်းသေးနဲ့ မနက်တစ်ဇွန်း၊ ညနေတစ်ဇွန်း သောက်သင့်ပါတယ်။

၃။ #သံလွင်ဆီ ဖြစ်ပါတယ်
ဆံချည်မျှင် သွေးကြောလေးတွေအတွင်းထဲအထိ ရှင်းလင်းပေးနိုင်တာ ကမ္ဘာပေါ်မှာ သံလွင်ဆီတစ်မျိုးပဲ ရှိပါတယ်။

နနွင်းဖျော်သောက်ရာမှာ သံလွင်ဆီနဲ့ပဲ ဖျော်သောက်ကြပါ။

💧 သွေးပျစ်ခြင်းကို ဖြေရှင်းနည်း
သွေးခဲတဲ့သူတွေရဲ့ သွေးဟာ ပျစ်နေလေ့ရှိတယ်။ သွေးခဲရခြင်းက သွေးပျစ်နေလို့... သွေးပျစ်ရတာက ရေနည်းလို့ ဖြစ်ပါတယ်။ ရေများများသောက်မှ သွေးက ကျဲလာတာဖြစ်တယ်။ ဒါကြောင့်...

#တစ်နေ့ကို_ရေ၄လီတာလောက်_သောက်ရပါမယ်။

#ရေခပ်နွေးနွေး သောက်တာ အကောင်းဆုံးပါပဲ။

🍋 အချဉ်ဓာတ်နှင့် အခါးဓာတ် ဖြည့်တင်းခြင်း
သွေးပျစ်တဲ့သူတွေဟာ အချဉ်ကြောက်သူတွေ များတယ်။ အချဉ်ဓာတ် စားပေးရင် သွေးကျဲပါတယ်။ ဒါကြောင့် #သံပရာရည် ချဉ်ချဉ်လေး သောက်ပေးဖို့ ကောင်းပါတယ်။

အနောက်နိုင်ငံတွေကတော့ သွေးကျဲဖို့ ကီဝီသီးတွေ စားလေ့ရှိပါတယ်။ မြန်မာပြည်မှာတော့ #ကင်ပွန်းချဉ် ဟင်းချို သောက်ပြီး အဆင်ပြေနေကြပါတယ်။

သွေးထဲမှာ ရောနေတဲ့ အရည်ကြည်တစ်မျိုးရှိပါတယ်၊ အဲဒါကို #သွေးသည်းခြေ လို့ခေါ်ပါတယ်။ သွေးသည်းခြေ နည်းနေရင်လည်း သွေးက ပျစ်တတ်တယ်။

သွေးသည်းခြေဓာတ် အားကောင်းဖို့အတွက်ကတော့ အခါးကြွယ်ဝတဲ့ (ကြောင်ရှာ၊ ခွေးတောက်၊ ငရုတ်ခါး၊ ဆင်တုံးမနွယ်၊ ရဲယို၊ ဒန့်ဒလွန်) တွေ စားပေးသင့်ပါတယ်။

အခါးစားမှလည်း ဝါယောအားကောင်းပြီး သွေးလည်ပတ်မှု မှန်မှာဖြစ်တယ်။

🚶 လှုပ်ရှားမှု ပြုလုပ်ခြင်း
အထိုင်များ၊ အအိပ်များရင် သွေးလေးပြီး သွေးခဲတတ်တယ်။ ဒါကြောင့်...

#လမ်းလျှောက်ပေးရပါမယ်။

လမ်းလျှောက်လို့ ခြေသလုံးကြွက်သားတွေ ညှစ်တော့မှ သွေးက နှလုံးကို တွန်းအားနဲ့ ရောက်တာ ဖြစ်တယ်။ #ခြေသလုံး၂ခုဟာ_ဒုတိယနှလုံး တွေဖြစ်တယ်။ ခပ်ဖြည်းဖြည်း လျှောက်ပေးပါ။

သွေးခဲတာ ခြေထောက်ပိုင်းမှာ အဖြစ်များပါတယ်။ ခဲတဲ့သွေးဖတ်က ပင်မသွေးကြောထဲမှာ ပါလာပြီး နှလုံး၊ ဦးနှောက်တွေမှာ သွားပိတ်တာ များပါတယ်။

သွေးမခဲဖို့က တစ်ခုကောင်း လုပ်လို့မရပါဘူး။ အခုပြောခဲ့တာတွေကို Network နဲ့လုပ်မှ ပြည့်စုံမှာဖြစ်ပါတယ်။ ဒီလိုပဲ #ဉာဏ်ရှိသလို လုပ်သွားရမှာပဲ... ဉာဏ်ရှိရှိ လုပ်သွားမယ်ဆိုရင် သေဘေးကနေ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြပါစေခင်ဗျာ။

သင့်မိတ်ဆွေတွေလည်း သိစေရန် ပြန်လည်မျှဝေခြင်းဖြင့် ကျန်းမာရေး ကုသိုလ်ယူပါ။

စံပယ်ပန်း (၃) ပွင့်နဲ့ ***မျက်စိတိမ်စွဲ၊ အမြင်ဝေဝါးခြင်း***ကို ကုသကြမယ်🥰မျက်စိမှုန်တာ၊ မျက်မှန်တပ်နေရတာ၊ မျက်စိတိမ်စွဲတာ...
27/11/2025

စံပယ်ပန်း (၃) ပွင့်နဲ့ ***မျက်စိတိမ်စွဲ၊ အမြင်ဝေဝါးခြင်း***ကို ကုသကြမယ်🥰

မျက်စိမှုန်တာ၊ မျက်မှန်တပ်နေရတာ၊ မျက်စိတိမ်စွဲတာတွေကြောင့် စိတ်ညစ်နေရပြီလား? ငွေကုန်ကြေးကျမများဘဲ အိမ်မှာတင် အလွယ်တကူပြုလုပ်နိုင်တဲ့ ရှေးရိုးရာဆေးစွမ်းကောင်းလေးကို ပြန်လည်မျှဝေပေးချင်ပါတယ်။

​ဆေးနည်းကတော့ "စံပယ်ပန်း" ကို အသုံးပြုရတာမို့ အန္တရာယ်ကင်းပြီး အရမ်းလွယ်ကူပါတယ်။

​📋 လိုအပ်တဲ့ပစ္စည်းများ
^^^^^^^^^^^^^^^^^^^^^^^
​လတ်ဆတ်သော စံပယ်ပန်း (၃) ပွင့် (နွမ်းနေတာ မယူရ)
​ဖန်ခွက်အလွတ် (၁) ခွက်
​သောက်ရေသန့်

​🥣 ပြုလုပ်နည်းအဆင့်ဆင့်
**************************
၁။ မနက်စောစောခူးထားတဲ့ (သို့) ဝယ်ထားတဲ့ စံပယ်ပန်း (၃) ပွင့်ကို ရေပြောင်အောင် အရင်ဆေးကြောပါ။
၂။ ဖန်ခွက်ထဲကို ရေသန့် (၃) ပုံ (၂) ပုံခန့်ထည့်ပြီး စံပယ်ပန်းတွေကို တစ်နေ့လုံး စိမ်ထားလိုက်ပါ။
၃။ ညဘက် မျက်စိခတ်ခါနီးမှာ ပန်းတွေကို ဖယ်ရှားပစ်လိုက်ပါ။
၄။ ကျန်နေတဲ့ စံပယ်ပန်းစိမ်ရေကို မျက်စဉ်းအဖြစ် ခတ်ပေးရမှာပါ။

​⚠️ သတိပြုရန်နှင့် သုံးစွဲပုံ
^^^^^^^^^^^^^^^^^^^^^^^^
​ပထမဆုံး ခတ်တဲ့နေ့ မနက်မှာ မျက်စိက မျက်ချေးတွေ ထူးထူးခြားခြား ထွက်လာပါလိမ့်မယ်။ အဝတ်သန့်သန့် (သို့) ဂွမ်းစကို ရေဆွတ်ပြီး သန့်ရှင်းရေးလုပ်ပေးပါ။
​ဒီဆေးရည်ကို (၇) ရက် ဆက်တိုက် ခတ်ပေးရပါမယ်။ ရက်ဆက်ခတ်လာတာနဲ့အမျှ မျက်ချေးထွက်တာ နည်းသွားပြီး မျက်စိ အားကောင်းလာပါလိမ့်မယ်။

​🗓️ ဆေးပတ်လည်ပုံစံ
^^^^^^^^^^^^^^^^^^^^
​(၇) ရက် ဆက်တိုက်ခတ်ပါ။
​ပြီးရင် (၁၅) ရက် နားပါ။
​နောက်ထပ် (၁၅) ရက်ပြည့်ရင် အသစ်ပြန်စိမ်ပြီး (၇) ရက်ပြန်ခတ်ပါ။
​(၇) ရက်ခတ်၊ (၁၅) ရက်နား ပုံစံအတိုင်း (၃) ပတ်လည် ပြည့်သွားရင်တော့ မျက်စိဝေဒနာတွေ သိသိသာသာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

​ဒီနည်းလမ်းလေးက ကရင်ပြည်နယ်၊ နောင်လုံရှမ်းစုရွာ နမ့်ပန်ကျောင်းမှ ဆရာတော် ဦးနန္ဒဝံသ နှင့် ဆရာကြီး ဦးကြည်ဟန်တို့ရဲ့ လမ်းညွှန်ချက်ဖြစ်ပြီး လက်တွေ့ပျောက်ကင်းသူများလည်း ရှိတာမို့ ယုံကြည်စွာ လုပ်ဆောင်ကြည့်နိုင်ပါတယ်။

​မိမိပတ်ဝန်းကျင်မှာ မျက်စိဝေဒနာ ခံစားနေရသူများရှိရင် ကုသိုလ်ဖြစ် ပြန်လည်မျှဝေပေးကြပါဦးနော်။ 🙏

Family Cooking
*******************************
#ဆေးနည်း #ကျန်းမာရေး #စံပယ်ပန်း #မျက်စိ #မျက်စိမှုန် #မျက်စိတိမ်စွဲ

အိမ်သာသွားနေရတာခနခနရှိပြီ ဗိုက်နာနေပေမယ့်ဝမ်းမသွားဘူး ဝမ်းတအားချုပ်နေတယ်ဆိုရင်ကျွန်တော့်လက်စွဲ သဘာဝဆေးနည်းတစ်မျိုးကိုမျှ...
26/11/2025

အိမ်သာသွားနေရတာခနခနရှိပြီ ဗိုက်နာနေပေမယ့်ဝမ်းမသွားဘူး ဝမ်းတအားချုပ်နေတယ်ဆိုရင်

ကျွန်တော့်လက်စွဲ သဘာဝဆေးနည်းတစ်မျိုးကိုမျှဝေပေးချင်ပါတယ်

လုပ်နည်းလေးက လွယ်ကူရိုးရှင်းပြီး တကယ်ကောင်းတယ်

သုံးတဲ့ ပစ္စည်းကလည်း ရှုပ်ထွေးတာ မရှိပါဘူး။ ဟင်းချက်ရာမှာ သုံးနေကျ "မန်ကျည်းမှည့်" ပဲ ဖြစ်ပါတယ်။ မနက်စာ မစားခင် ရေနွေးကြမ်းလို ပူပူလေး ပြုတ်သောက်လိုက်တာက အစာခြေစနစ်ကို အလွန် ကောင်းမွန်စွာ လှုံ့ဆော်ပေးပါတယ်။

🥣 ကျွန်တော် ပြုလုပ်တဲ့ ရိုးရှင်းသော နည်းလမ်း
၁။ ရေ ၃ ခွက် (၇၅၀ မီလီလီတာ ခန့်) ပြင်ဆင်ပါ။ ၂။ မန်ကျည်းမှည့် ၂ တောင့် ခန့်ယူပြီး ရေစင်အောင် ဆေးပါ။ ၃။ အိုးထဲ ထည့်၍ မီးအေးအေးဖြင့် ၇-၁၀ မိနစ်ခန့် ပြုတ် ပါ။ မန်ကျည်းနံ့ သင်းသင်းလေး မွှေးလာပါလိမ့်မယ်။ ၄။ ဖန်ခွက်ထဲ လောင်းထည့်ပြီး အရသာ အနည်းငယ် ပြေစေရန် ဆား နည်းနည်း ထည့်ပါ။ ပြီးနောက်အိပ်ရာမဝင်မီ တစ်နေ့လျှင် တစ်ခွက် ပုံမှန်သောက်သုံးပေးပါ။
ဒီနည်းလမ်းက အူလမ်းကြောင်းကို တကယ် အလုပ်လုပ်စေတယ်လို့ ခံစားရပါတယ်။ သောက်ပြီးနောက် လန်းဆန်းပေါ့ပါးတဲ့ ခံစားမှုလေးလည်း ရရှိပါတယ်။ ဝမ်းချုပ်ခြင်းကို သက်သာစေသည်။

အူလမ်းကြောင်းအတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှား ပေးသည်။

အိပ်မပျော်ခြင်း ကို သက်သာစေသည်။
သင့်ရဲ့ အစာခြေစနစ်ကို ပြန်လည် "Reset" လုပ်ဖို့အတွက် စမ်းသပ်ကြည့်နိုင်ပါတယ်။

#မန်ကျည်းရည် #ဝမ်းမှန်စေ #ရိုးရာဆေးနည်း

ဘယ်လောက်ထိအောင်ဆီးချိုတက်နေလဲ” ကြိုက်သလောက်တက် ဒီဆေးနည်းသိရင် ကြောက်စရာမလိုဘူး..ဆီးချို ...နည်းလိုသော်“ဘယ်လောက်ထိအောင်ဆီ...
22/11/2025

ဘယ်လောက်ထိအောင်ဆီးချိုတက်နေလဲ” ကြိုက်သလောက်တက် ဒီဆေးနည်းသိရင် ကြောက်စရာမလိုဘူး..

ဆီးချို ...နည်းလိုသော်
“ဘယ်လောက်ထိအောင်ဆီးချိုတက်နေလဲ”

“၄၀၀/၄၇၀ထိတက်တယ်ဗျာ”

“ဒီလိုလုပ်ဗျာ တောင်သုံးလုံးအဘိုးသံကို ကြားဖူးလား”

“ကြားဖူးတယ်..ဆေးဝိဇ္ဇာလို့နံမည်ကြီးတယ်”

“ဟုတ်တယ်…သူကျွန်တော်ဦးလေးကိုဆီးချိုကု ပေးတဲ့ဆေးနည်းရှိတယ်။ကျွန်တော်ဦးလေး

တကယ်ကို သက်သာပျောက်ကင်းခဲ့တယ်–”

ဆေးနည်း
* မာလကာရွက် (၅) ရွက်
* ကြက်သွန်ဖြူ (၁) ဥ
* ကြက်သွန်နီ(၁) ဥ
* သံပုရာ (၁) စိတ်
* ဆားအနည်းငယ်

အဲ့ဒီ အမယ်တွေဟာ မြင်နေတွေ့နေရတာများလို့ သာ အထင်သိပ်မကြီးကြတာ။ တစ်မယ်ခြင်းရဲ အကျိုးအသွားဂုဏ်စွမ်းအားတွေအများကြီးပဲ။

မာလကာရွက်မှာတင်စွမ်းအင်တွေအများကြီး၊ကြက် သွန်ဖြူ/နီ၊ သံပုရာ၊ ဆားအကုန်လုံးအစွမ်းကြီးလှတယ်။ အဲ့ဒါကို ရေမတ်ခွက်တစ်လုံး (၃) ခွက်တစ်ခွက် ပြုတ်ပြီးနေ့စဉ်သောက်ခိုင်းတာ။

အရသာက ဖန်၊ သက်၊ ခါး၊ ချဉ် အဝါရောင်အရည်ပါ။

ဆေးပတ်လည်ပြီးဆိုတာနဲ့ ဆီ;ချိုအတက်အကျ ကိုချိန်ကြည့် အံ့သြဖွယ်သက်သာပျောက်ကင်းတာကို တွေ့ရလိမ့်မယ်။အကုန်လွယ်လွယ်ကူကူပဲ။

နက္ခတ္တရောင်ခြည်
ဆီးချို အခြေအနေမဆိုးသေးသောဝေဒနာရှင်အတွက်

(၁) မာလကာရွက် (၁၄/၁၅)ရွက်
(၂) ကြက်သွန်ဖြူ (၁)လုံး

ထိုနှစ်မျိုးကို ကြေညက်စီးပိုင်နေအောင်ထောင်း ရသည်ဆိုပါသည်။ပြီးလျှင် ပျားရည်စစ်စစ်သင့်ရုံထည့် သမအောင်ရောမွေပြီးရေအေးနှင့်မျှောချလိုက်ရန်ဖြစ် သည်။

အကယ်၍ဆီ;ချိုရောဂါတက်၍ (၄၀၀/၄၈၀) ရှိနေမည်ဆိုလျှင်
(၁) မာလကာရွက် လက်တစ်ဆုပ်ခန့်
(၂) ကြက်သွန်ဖြူ(၃/၄)လုံး
(၃) ပျားရည်နည်းနည်းပိုထည့်

အထက်ပါနည်းအတိုင်းလုပ်ဆောင်ပြီး ဆေးပမ္စာများသည်အတွက်နှစ်ကြိမ်သုံးကြိမ်ခွဲ၍မှီဝဲ ပေးပါဟု ဆိုထားပါသည်။

ဆိုးရွားလှသော ဆီးချိုဝေဒနာရှင်တို့အတွက် ဒုတိယနည်းအတိုင်း မပျက်မကွက် (၁) လခန့်မှီဝဲ သွားပါက ဆီ;ချိုရောဂါသက်သာပျောက်ကင်း သွားမည်ဖြစ်သည်ဆိုပါသည်။

လူချင်းတူသော်လည်း ကံခြင်းမတူကြပါ။ ထို့အတူ ရောဂါချင်းတူပါသော်လည်း သွေးသားသဘာ၀ ကွဲပြားကြပြန် ၍ ပျောက်ကင်းကြပုံမတူကြပါ။ မြန်မာတို့၏ ရှေ့ပညာကြီးသူတို့ညွှန်ပြပေးခဲ့သော အဖိုးအခနည်းပါးလွယ်ကူစွာရရှိနိုင်သော အမယ််များဖြင့် ခံစားနေကြရသော ဆီးချိုရောဂါကို စွဲမြဲသော စိတ်ဖြင့်စမ်းသပ်ကုသနိုင်ပါ ရန် တင်ပြရေး သားမိ ပါသည်။

ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻


မနက်နိုးလာတိုင်း ဗိုက်တင်းပြီး လေပွတာ၊ ဗိုက်ခေါက်မာနေတာ၊ အစားအသောက်ပျက်တာ ဒါမှမဟုတ် သလိပ်တွေ စိတ်ရှုပ်စရာ ကောင်းလောက်အော...
21/11/2025

မနက်နိုးလာတိုင်း ဗိုက်တင်းပြီး လေပွတာ၊ ဗိုက်ခေါက်မာနေတာ၊ အစားအသောက်ပျက်တာ ဒါမှမဟုတ် သလိပ်တွေ စိတ်ရှုပ်စရာ ကောင်းလောက်အောင် ရှိနေတာမျိုး ခံစားရဖူးပါသလား? 😣
အမေက အကြံပေးလို့ "ပျားရည်စိမ် ရှောက်နူသီးကို ရေနွေးနွေးနဲ့" ဖျော်ပြီး ဗိုက်ထဲ ဘာမှမရှိခင် မနက်တိုင်း ဖြည်းဖြည်းချင်း သောက်ကြည့်လိုက်တော့...
ရက်အနည်းငယ်အတွင်းမှာပဲ ရလဒ်တွေ သိသာလာတယ်။
💨 အိမ်သာတက်ရတာ ပိုလွယ်လာတယ်။ 💧 သလိပ်တွေ ကင်းစင်သွားတယ်။ 🪶 လေ့ကျင့်ခန်း ထပ်မလုပ်ရဘဲ ဗိုက်တင်းနေတာတွေက တဖြည်းဖြည်း လျော့ကျပြီး ဗိုက်ချပ်လာတယ်!
နောက်ထပ် အချက်အလက်တွေ ရှာကြည့်တော့မှ ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုတာ သိလာရတယ်...
• ရှောက်နူသီး (Kaffir Lime): အူလမ်းကြောင်းကို လှုံ့ဆော်ပေးပြီး အူနံရံမှာ ကပ်ညိနေတဲ့ အဆီချေးညစ်တွေကို ဆေးကြောဖယ်ရှားပေးတယ်။
• ပျားရည် (Honey): အစာအိမ်ကို အလွှာလိုက် ဖုံးအုပ်ကာကွယ်ပေးပြီး ဓါတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) တွေ ကြွယ်ဝတယ်။
ဒီနှစ်မျိုးပေါင်းစပ်လိုက်တဲ့အခါ ခန္ဓာကိုယ်ကို မနက်ခင်းကတည်းက လန်းဆန်းပေါ့ပါးစေတာ ဖြစ်ပါတယ်။ ဒါကြောင့် အခုဆိုရင် ရှောက်နူသီးပျားရည်ကို အိုးထဲ ထည့်ပြီး အလွယ်တကူ ဖျော်သောက်ဖို့ ပြင်ဆင်ထားလိုက်ပြီလေ။ မနက်တိုင်း ရေနွေးနွေးလေးနဲ့ ဖျော်ပြီး ဖြည်းဖြည်းချင်း သောက်ရုံပါပဲ 🫶
🫙 ရှောက်နူသီးကို ပျားရည်စိမ်နည်း (တစ်ပတ်စာ)
၁။ ရှောက်နူသီး ၈-၁၀ လုံးကို ရေစင်အောင်ဆေးပြီး လုံးဝ ခြောက်သွေ့အောင် သုတ်ထား/အခြောက်ခံထားပါ။
၂။ ပါးပါးလှီးပါ၊ သို့မဟုတ် ထက်ခြမ်းခြမ်းပြီး အစေ့များ ဖယ်ထုတ်ပါ။
၃။ ဖန်အိုးထဲသို့ လှီးထားသော ရှောက်နူသီးများကို အလွှာလိုက် ထည့်ပါ။
၄။ ပျားရည်ကို အသီးများ မြုပ်သည်အထိ လောင်းထည့်ပါ။
၅။ အဖုံးပိတ်ပြီး ရေခဲသေတ္တာထဲတွင် ၅ ရက်မှ ၇ ရက်ခန့် စိမ်ထားပါ။
🍯 ဖျော်စပ်သောက်သုံးနည်း
• ပျားရည်စိမ် ရှောက်နူသီးကို ၁-၂ ဇွန်း ခန့် ခပ်ပါ။
• ရေနွေးနွေး ၁ ဖန်ခွက် ထည့်ပြီး သမအောင် မွှေပါ။
• နံနက်ခင်း ဗိုက်ထဲ ဘာမှမရှိခင် (အစာမစားမီ) ဖြည်းဖြည်းချင်း အရသာခံပြီး သောက်သုံးပါ။
သင့်မှာ ဗိုက်ပူတာ၊ အူလမ်းကြောင်း အလုပ်မလုပ်ချင်သလို ဖြစ်နေတာ ဒါမှမဟုတ် သလိပ်တွေ များနေတာ စတဲ့ ပြဿနာတွေ ရှိနေရင် ဒီ ရှောက်နူသီးပျားရည် ဖျော်ရည်နဲ့ နေ့ရက်ကို စတင်ကြည့်လိုက်ပါ။ ရိုးရှင်းပေမယ့် ထင်ထားတာထက် အကျိုးကျေးဇူး ပိုရစေမှာပါ! 🌞💕
#ကျန်းမာရေး #သဘာဝဆေးနည်း #ရှောက်နူသီး #ပျားရည် #ဗိုက်ချပ် #အူလမ်းကြောင်းသန့်ရှင်းရေး #သလိပ်ရှင်း

ဘယ်လောက်ထိအောင်ဆီးချိုတက်နေလဲ” ကြိုက်သလောက်တက် ဒီဆေးနည်းသိရင် ကြောက်စရာမလိုဘူး..ဆီးချို ...နည်းလိုသော်“ဘယ်လောက်ထိအောင်ဆီ...
21/11/2025

ဘယ်လောက်ထိအောင်ဆီးချိုတက်နေလဲ” ကြိုက်သလောက်တက် ဒီဆေးနည်းသိရင် ကြောက်စရာမလိုဘူး..

ဆီးချို ...နည်းလိုသော်

“ဘယ်လောက်ထိအောင်ဆီးချိုတက်နေလဲ”

“၄၀၀/၄၇၀ထိတက်တယ်ဗျာ”

“ဒီလိုလုပ်ဗျာ တောင်သုံးလုံးအဘိုးသံကို ကြားဖူးလား”

“ကြားဖူးတယ်..ဆေးဝိဇ္ဇာလို့နံမည်ကြီးတယ်”

“ဟုတ်တယ်…သူကျွန်တော်ဦးလေးကိုဆီးချိုကု ပေးတဲ့ဆေးနည်းရှိတယ်။ကျွန်တော်ဦးလေး

တကယ်ကို သက်သာပျောက်ကင်းခဲ့တယ်–”

#ဆေးနည်း

မာလကာရွက် (၅)ရွက်

ကြက်သွန်ဖြူ (၁)ဥ

ကြက်သွန်နီ(၁) ဥ

သံပုရာ (၁)စိတ်

ဆားအနည်းငယ်

အဲ့ဒီ အမယ်တွေဟာ မြင်နေတွေ့နေရတာများလို့ သာ အထင်သိပ်မကြီးကြတာ။ တစ်မယ်ခြင်းရဲ အကျိုးအသွားဂုဏ်စွမ်းအားတွေအများကြီးပဲ။

မာလကာရွက်မှာတင်စွမ်းအင်တွေအများကြီး၊ကြက် သွန်ဖြူ/နီ၊သံပုရာ၊ဆားအကုန်လုံးအစွမ်းကြီးလှတယ်။ အဲ့ဒါကို ရေမတ်ခွက်တစ်လုံး(၃)ခွက်တစ်ခွက် ပြုတ်ပြီးနေ့စဉ်သောက်ခိုင်းတာ။

အရသာက ဖန်၊သက်၊ခါး၊ချဉ် အဝါရောင်အရည်ပါ။

ဆေးပတ်လည်ပြီးဆိုတာနဲ့ဆီးချိုအတက်အကျ ကိုချိန်ကြည့် အံ့သြဖွယ်သက်သာပျောက်ကင်း တာကိုတွေ့ရလိမ့်မယ်။အကုန်လွယ်လွယ်ကူကူပဲ။

နက္ခတ္တရောင်ခြည်

ဆီးချို အခြေအနေမဆိုးသေးသောဝေဒနာရှင်အတွက်

(၁) မာလကာရွက် (၁၄/၁၅)ရွက်

(၂) ကြက်သွန်ဖြူ (၁)လုံး

ထိုနှစ်မျိုးကို ကြေညက်စီးပိုင်နေအောင်ထောင်း ရသည်ဆိုပါသည်။ပြီးလျှင် ပျားရည်စစ်စစ်သင့်ရုံထည့် သမအောင်ရောမွေပြီးရေအေးနှင့်မျှောချလိုက်ရန်ဖြစ် သည်။

***အကယ်၍ဆီးချိုရောဂါတက်၍ (၄၀၀/၄၈၀)ရှိနေ မည်ဆိုလျှင်

(၁) မာလကာရွက် လက်တစ်ဆုပ်ခန့်

(၂) ကြက်သွန်ဖြူ(၃/၄)လုံး

(၃) ပျားရည်နည်းနည်းပိုထည့်

အထက်ပါနည်းအတိုင်းလုပ်ဆောင်ပြီး ဆေးပမ္စာများသည်အတွက်နှစ်ကြိမ်သုံးကြိမ်ခွဲ၍မှီဝဲ ပေးပါဟု ဆိုထားပါသည်။

ဆိုးရွားလှသော ဆီးချိုဝေဒနာရှင်တို့အတွက် ဒုတိယနည်းအတိုင်း မပျက်မကွက်(၁)လခန့်မှီဝဲ သွားပါက ဆီးချိုရောဂါသက်သာပျောက်ကင်း သွားမည်ဖြစ်သည်ဆိုပါသည်။

လူချင်းတူသော်လည်း ကံခြင်းမတူကြပါ။ထို့အတူ ရောဂါချင်းတူပါသော်လည်း သွေးသားသဘာ၀ ကွဲပြားကြပြန် ၍ ပျောက်ကင်းကြပုံမတူကြပါ။ မြန်မာတို့၏ ရှေ့ပညာကြီးသူတို့ညွှန်ပြပေးခဲ့သော အဖိုးအခနည်းပါးလွယ်ကူစွာရရှိနိုင်သော အမယ််များဖြင့် ခံစားနေကြရသော ဆီးချိုရောဂါကို စွဲမြဲသော စိတ်ဖြင့်စမ်းသပ်ကုသနိုင်ပါ ရန် တင်ပြရေး သားမိ ပါသည်။

***ရောဂါသက်သာပျောက်ကင်းပါကဝေငှပေးပါရန်။
Crd original writer 🤍🤍

#ကျန်းမာရေးဗဟုသုတ

အစားအသောက်တိုင်းမှာ မပါမဖြစ်တဲ့ ကြက်သွန်ဖြူဟာ အရသာအတွက်သာမက သဘာဝဆေးစွမ်းကောင်း တစ်ရပ်အနေနဲ့ ကျန်းမာရေးအတွက် အံ့မခန်း အကျ...
20/11/2025

အစားအသောက်တိုင်းမှာ မပါမဖြစ်တဲ့ ကြက်သွန်ဖြူဟာ အရသာအတွက်သာမက သဘာဝဆေးစွမ်းကောင်း တစ်ရပ်အနေနဲ့ ကျန်းမာရေးအတွက် အံ့မခန်း အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ပါတယ်။

တစ်နေ့တာကို ကြက်သွန်ဖြူ (၃) မွှာပဲ ပုံမှန်စားသုံးပေးခြင်းအားဖြင့် သင့်ခန္ဓာကိုယ်မှာ ဘာတွေ ပြောင်းလဲသွားမလဲဆိုတာ ကြည့်လိုက်ရအောင်။

✨ ကြက်သွန်ဖြူရဲ့ ကျန်းမာရေး အစွမ်းထက် အကျိုးကျေးဇူး ၇ ချက်
၁။ သွေးတွင်းအဆီကို လျှော့ချပေးခြင်း

ကြက်သွန်ဖြူမှာပါတဲ့ Allicin ဓာတ်ဟာ မကောင်းတဲ့ ကိုလက်စထရော (LDL) ကို သိသိသာသာ လျှော့ချပေးပြီး အကောင်းဆုံး ကိုလက်စထရော (HDL) ကိုလည်း အနည်းငယ် တိုးစေပါတယ်။

၂။ သွေးတိုးကို ထိန်းချုပ်ပေးခြင်း

သွေးကြောတွေကို ပြေလျော့စေတဲ့အတွက် သွေးလည်ပတ်မှု ကောင်းမွန်စေပြီး သွေးတိုးသမားတွေအတွက် အထူးသင့်တော်ပါတယ်။

၃။ ရောင်ရမ်းမှုကို တိုက်ဖျက်ခြင်း

ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာပါဝင်လို့ ခန္ဓာကိုယ်အတွင်း ဖြစ်ပွားတဲ့ ရောင်ရမ်းမှုတွေကို လျှော့ချပေးပါတယ်။

၄။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း

ဖျားနာခြင်း၊ အအေးမိခြင်းနဲ့ တခြားပိုးဝင်ရောက်မှုတွေကို တိုက်ထုတ်ဖို့ ခန္ဓာကိုယ်ကို အားဖြည့်ပေးပါတယ်။

၅။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

အင်ဆူလင်ကို ခန္ဓာကိုယ်က ပိုမိုကောင်းမွန်စွာ တုံ့ပြန်နိုင်အောင် ကူညီပေးလို့ ဆီးချိုသမားတွေနဲ့ သွေးချိုတက်လွယ်သူတွေအတွက် အရေးကြီးပါတယ်။

၆။ အသည်းမှ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း

အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်အောင် ကူညီပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာ ပါဝင်ပါတယ်။

၇။ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း

အစာခြေစနစ်ကို လှုံ့ဆော်ပေးလို့ ဗိုက်ပူ၊ ဗိုက်အောင့်တာတွေကို သက်သာစေပြီး အူလမ်းကြောင်းကို ကောင်းမွန်စွာ လည်ပတ်စေပါတယ်။

📌 မှတ်သားစရာ အချက်များ
အစိမ်းစားခြင်း သည် Allicin ဓာတ်ကို အမြင့်ဆုံး ရရှိစေပါတယ်။

အစာအိမ်နာ၊ အက်ဆစ်ပြန်ဆန်တက်တဲ့ ရောဂါရှိသူများကတော့ အစာစားပြီးမှ စားသုံးသင့်ပါတယ်။

ကြက်သွန်ဖြူစားရင် ကိုယ်နံ့နည်းနည်းပြင်းတာကတော့ ပုံမှန်ပါပဲ။

ဒီလို သဘာဝဆေးစွမ်းကောင်းလေးကို ပုံမှန်စားသုံးပြီး ကျန်းမာရေးကို ဂရုစိုက်ကြပါစို့နော်!

#ကျန်းမာရေး #သဘာဝဆေးနည်း #ကြက်သွန်ဖြူ #သွေးတိုး #ကိုလက်စထရော #ကိုယ်ခံအား #အစာအိမ်ကျန်းမာရေး

မျက်စိအမြင်အားနည်းလို့ မျက်မှန်တပ်နေရသူတွေ၊ မျက်စိအတွင်းတိမ်ကြောင့် ခံစားနေရသူ သန်းပေါင်းများစွာအတွက် သတင်းကောင်းတစ်ခု ရ...
20/11/2025

မျက်စိအမြင်အားနည်းလို့ မျက်မှန်တပ်နေရသူတွေ၊ မျက်စိအတွင်းတိမ်ကြောင့် ခံစားနေရသူ သန်းပေါင်းများစွာအတွက် သတင်းကောင်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ မျက်စိဆရာဝန်တွေဆီ မသွားဘဲ သဘာဝနည်းနဲ့ အမြင်အာရုံကို ပြန်ကောင်းစေတဲ့ အစွမ်းထက်အပင်တစ်မျိုး အကြောင်းပဲ ဖြစ်ပါတယ်။

ဒီအပင်ဟာ တိုင်းရင်းဆေးနည်းများထဲမှာ ပါဝင်ပြီး မျက်စိကျန်းမာရေးအတွက် ထူးခြားတဲ့ အာနိသင်တွေရှိတယ်လို့ သိရပါတယ်။ သူမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အရေးကြီးတဲ့ ဗီတာမင်တွေက မျက်လုံးမှန်ဘီလူးရဲ့ ကြည်လင်မှုကို ပြန်လည်ကောင်းမွန်စေပြီး အတွင်းတိမ်ကို တဖြည်းဖြည်း လျော့ပါးသက်သာစေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။

အဲဒီသဘာဝဆေးနည်းကို ဘယ်လိုအသုံးပြုလဲ?
ဒီသဘာဝဆေးနည်းကို အဓိကအားဖြင့် စားသုံးခြင်း နည်းလမ်းနဲ့ အသုံးပြုကြပါတယ်။ မျက်စိကျန်းမာရေးအတွက် အစွမ်းထက်တဲ့ အာနိသင်ကို ရရှိစေဖို့ အောက်ပါအတိုင်း နေ့စဉ်ပုံမှန် စားသုံးပေးနိုင်ပါတယ်။

လတ်ဆတ်သော အရွက်ကို ရွေးချယ်ပါ

မျက်စိအားကောင်းစေတဲ့ ဒီအရွက် (ဥပမာ- ဇီယာရွက် သို့မဟုတ် အခြား သင့်တော်သည့် မျက်စိအားဆေးအပင်) ကို လတ်လတ်ဆတ်ဆတ် ရယူပါ။

ဖျော်ရည်ပြုလုပ်ခြင်း

အရွက်များကို ရေသန့်စင်စွာ ဆေးကြောပါ။

အရွက်အနည်းငယ်ကို ရေအနည်းငယ်နှင့်ရောကာ ဖျော်ရည် (Juice) ကြိတ်ပါ။

တစ်နေ့လျှင် ဖျော်ရည်တစ်ခွက် ပုံမှန်သောက်သုံးပေးပါ။ နံနက်ခင်း အစာမစားမီ သောက်သုံးလျှင် ပိုမိုထိရောက်မှု ရှိသည်ဟု ယူဆကြပါတယ်။

အစားအသောက်ထဲ ထည့်သွင်းခြင်း

ဟင်းချို သို့မဟုတ် ဟင်းခါးများ ချက်ပြုတ်ရာတွင် ထည့်စားနိုင်ပါ။

အရွက်နုများကို အသုပ်အဖြစ် သုပ်စားခြင်း သို့မဟုတ် အစိမ်းလိုက် တို့စားခြင်း ပြုလုပ်နိုင်ပါတယ်။
ဒါကိုတော့ အမြင်အာရုံကို သိသိသာသာ တိုးတက်ကောင်းမွန်လာစေတဲ့ သဘာဝပစ္စည်းတစ်ခုအဖြစ် လူအများက လက်ဆင့်ကမ်း အသုံးပြုနေကြပါတယ်။ဘေးထွက်ဆိုးကျိုးမရှိတဲ့ သဘာဝနည်းလမ်းလေးမို့ အခုပဲစမ်းကြည့်လိုက်နော်
#ကျန်းမာရေး #သဘာဝဆေးနည်း #မျက်စိကျန်းမာရေး #မျက်စိအတွင်းတိမ် #အမြင်အာရုံကောင်းမွန်ရေး #မျက်မှန်ချွတ်နည်း

ဒူးနာ၊ ဂေါက် (Gout) ရောဂါ၊ ခြေထောက်နာ၊ အဆစ်အမြစ်နာ၊ ခါးနာ၊ ခြေဖနှောက်နာ၊ ခြေဖဝါးရောင်ရမ်းခြင်းနှင့် ခြေထောက်ဆွဲခြင်းတို့...
16/11/2025

ဒူးနာ၊ ဂေါက် (Gout) ရောဂါ၊ ခြေထောက်နာ၊ အဆစ်အမြစ်နာ၊ ခါးနာ၊ ခြေဖနှောက်နာ၊ ခြေဖဝါးရောင်ရမ်းခြင်းနှင့် ခြေထောက်ဆွဲခြင်းတို့ကို ဖြစ်စေတဲ့ သွေးထဲက ယူရစ်အက်ဆစ်တွေကို သန့်စင်ပေးတဲ့ စပါးလင်လက်ဖက်ရည်။

ပြုလုပ်နည်း.....
စပါးလင် ၄-၅ ပင်ကို ရေ ၂ လီတာနဲ့ ရောပြီး ဆူပွက်လာတဲ့အထိပြုတ်ပါ။ ဆူပွက်လာပြီးဆိုရင် မီးလျှော့ပြီး ၁၅ မိနစ်လောက်ကြာအောင် ဆက်တည်ထားပါ။ (တည်ထားစဥ် အိုးအဖုံးကို လုံးဝဖွင့်မကြည့်ရ။) ၁၅ မိနစ်ပြည့်ရင် မီးပိတ်ပြီး အအေးခံထားပါ။

အသုံးပြုနည်း.....
ရေအစား တစ်ပတ်လောက်ပဲ သောက်သုံးပေးပါ။
ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ အားလုံးကို ဖယ်ရှားပေးပြီး နာကျင်မှုတွေအားလုံး လုံးဝပျောက်ကင်းသွားပါလိမ့်မည်။

အရမ်းထိရောက်ပါတယ်။ စပါးလင်က တခြားဘယ်အရာနဲ့မှ မတူအောင် ကောင်းမွန်ပါတယ်။

ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေ 🙏🏻

MON SOUNG

Address


Website

Alerts

Be the first to know and let us send you an email when Natural Herbal Medicine "သဘာဝနွယ်ဆေးပင်များ" posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram