အနန္တမေတ္တာရိပ် လူမမာ ကုသပြုစုရေး စင်တာ

  • Home
  • Myanmar
  • Yangon
  • အနန္တမေတ္တာရိပ် လူမမာ ကုသပြုစုရေး စင်တာ

အနန္တမေတ္တာရိပ်   လူမမာ ကုသပြုစုရေး စင်တာ ​နာမကျန်းသော ဘိုးဘွားမိဘ လူမမာ များကို​ဆေးကုသပြုစု​ပေးပါသည်။
အသေးစိတ်ဆက်သွယ်စုံစမ်းရန်-09400331976 ကိုဆက်သွယ်နိုင်ပါသည်ရှင်။

08/08/2025
အသက်ရလာလို့ ဒူးကျီးပေါင်း၊ပေါင်ကျီးပေါင်း၊ခါးကျီးပေါင်း (Knee OA , Hip OA )အစရှိသည်ကြောင့် လမ်းမလျှောက်နိုင်လို့၊ ချော်လ...
23/07/2025

အသက်ရလာလို့ ဒူးကျီးပေါင်း၊ပေါင်ကျီးပေါင်း၊ခါးကျီးပေါင်း (Knee OA , Hip OA )အစရှိသည်ကြောင့် လမ်းမလျှောက်နိုင်လို့၊ ချော်လဲပြီး အရိုးကျိုးလို့၊အထခက်လာလို့ ၊လှုပ်ရှားမကောင်းတော့လို့ Quality of life ကျလာကြပါတယ်။
နည်းပညာတွေမြင့်လာတာရယ် ၊အရိုးအထူးကုဆရာဝန်ကြီးတွေ ကျွမ်းကျင်တာရယ်ကြောင့် Total knee replacementတွေ ၊total hip replacement တွေ အလွယ်တကူ အောင်အောင်မြင်မြင် လည်း လုပ်ပေးနိုင်ကြပါတယ်။
ဘိုးဘွားတွေက ဆေးရုံဆင်းပြီးရင် အထပ်မြင့်တက်ရတာ၊ပြုစုသူ အခက်အခဲဖြစ်တာကြောင့် အိမ်တန်းမပြန်ဘဲ Post op careအတွက် ဆရာဝန်၊သူနာပြု ၊caregiver care တပြိုင်နက်ရနိုင်တဲ့ ရိပ်သာလာနေကြပါတယ်။
နောက်အရေးကြီးတဲ့ role တစ်ခုက Physiotherapy ပါရှင်။မျှော်မှန်းတဲ့ strength and flexibility ပြန်ရဖို့ ကျွမ်းကျင်ပညာရှင်တွေရဲ့ လမ်းညွှန်မှု နဲ့ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်း များစိတ်ရှညါစွာသေချာ လုပ်ဖို့ လိုပါတယ်ရှင်။

*****၁၃၈၇ ခုနှစ် ဝါဆိုလပြည့် ၊ဓမ္မစကြာနေ့ *****"သန္ဓေတည် ၊ တောထွက် ၊ ဟောမြွက်  ဓမ္မစကြာ ၊ ပြာဋိဟာ"ဝါဆိုလပြည့်နေ့ ဗုဒ္ဓပူ...
08/07/2025

*****၁၃၈၇ ခုနှစ် ဝါဆိုလပြည့် ၊ဓမ္မစကြာနေ့ *****

"သန္ဓေတည် ၊ တောထွက် ၊ ဟောမြွက် ဓမ္မစကြာ ၊ ပြာဋိဟာ"ဝါဆိုလပြည့်နေ့ ဗုဒ္ဓပူဇာ ဓမ္မဒေသနာ နေ့မြတ်အခါအား စိတ်တွင်ရည်မှန်းပူဇော် အလေးအမြတ်ထားရန် နိဗ္ဗာန်အကျိုးမျှော်နှိုးဆော်အပ်ပါသည်။

- ဝါဆို လပြည့်နေ့ နှင့် မြတ်ဗုဒ္ဓ၏ ဘဝ ဆက်စပ်သည့် မယ်တော်ဝမ်း၌ သန္ဓေတည်ခြင်း၊တောထွက်ခြင်း၊တရားဦး ဓမ္မစကြာ၊ရေမီးစုံစွာ တန်ခိုးပြဋိဟာ ပြသခြင်း ထူးခြားချက် (၄)မျိုး၊ အား ရည်မှန်းပူဇော်၍ဝါဆိုလပြည့်နေ့ ရောက်ရှိလာသည့်အခါ ပွါးများ အားထုတ်သင့်သည့် ဗုဒ္ဓနုဿတိ တရားတော်များအားပူဇော်အထူးပွါးများရန်၊

- မိုးရာသီအစ ဝါဆိုလကို ရှေးမြန်မာများက နွယ်တာလဟု ခေါ်ခဲ့ကြပြီး ယနေ့အခါ၌မူ ရဟန်းသံဃာများ ဝါဆို ဝါကပ်ရာ လဖြစ်လို့ ဝါဆိုလ ဟုသာ သိမှတ်ကြပုံ ကို မှတ်သားနိုင်ရန် နှိုးဆော်အပ်ပါသည်။


#ဝါဆိုလပြည့်နေ့

02/07/2025

အနန္တဂုဏ်ရည်စာသင်တိုက် သံဃာများတန်းဆွမ်းကြွချိန် တော်ဝင်လမ်းအိမ်နီးချင်းမိသားစုများနှင့်အတူ ဆွမ်းလောင်းကုသိုလ်ယူနေသော ဘွားဘွား။

June 30th!ဇွန်လ ၃၀ ရက်နေ့က world social media day ပါတဲ့ရှင်။✌️🎈❤️🥰🥰Social media day ကတော့ ကျွန်မတို့သုံးနေတဲ့ Facebook,T...
30/06/2025

June 30th!
ဇွန်လ ၃၀ ရက်နေ့က world social media day ပါတဲ့ရှင်။✌️🎈❤️🥰🥰
Social media day ကတော့ ကျွန်မတို့သုံးနေတဲ့ Facebook,TikTok, YouTube စတာတွေရဲ့ power က ကျွန်မတို့ community ကို ၊ကျွန်မတို့ business တွေကို ဘယ်လောက် impact ရှိနေသလဲဆိုတာ remind လုပ်တဲ့သဘောပါပဲရှင်။
သူ့ power ကလည်းကျွန်မတို့နေ့စဉ်ဘဝ မှာ မပါမဖြစ် သဘော ထိတောင် ရှိနေပါရောလားနော်။
Facebook,TikTok,WhatsApp account မဖွင့်ထားသူ မရှိသလောက် ရှားလာပါတယ်။
To connect friends ဆိုတာထက်social media platforms သုံးပြီး Business လုပ်ရတာ၊ branding လုပ်ရတာပိုလွယ်ကူကြီးထွားအောင်မြင်လာပါတယ်။
Social သုံးရင်း ကျွန်မတို့ humanity and mental sanity တော့ ထိခိုက်အားယုတ်လာလို့တော့မဖြစ်ပါဘူးရှင်။
Social media should serve us; not stress us.

ဒီနေ့လေးမှာ အနန္တမေတ္တာရိပ် မှ facebook သူငယ်ချင်းတွေက်ို အကြံပေးချင်တာက social media တခုခုက friends နှင့် လက်တွေ့ဘဝက မိဘဆွေမျိုးမိတ်ဆွေ friends တွေနှင့် balance ဖြစ်ဖို့ remind လုပ်ပါရစေရှင်။
Reminder to balance virtual friendships with real ones.
မိသားစုနဲ့အတူညစာစားရင်းစကားလေးပြောရတာ/ပွေ့ဖက်ကြတာ ၊face to face စကားပြောကြတာ စတာတွေကြောင့် ရတဲ့ ပျော်ရွှင်မှုက ဘာနဲ့မှအစားထိုးလို့မရပါဘူး။
ဒါကြောင့် Take a moment offline and celebrate real world community!


26/06/2025
ရိပ်သာ လမ်းညွှန်မေးတဲ့ မိတ်ဆွေ မိသားစုဝင်တွေ ကို လမိးညွှန်တဲ့အခါ ဒေါက်တာတို့ ညွှန်ပြဖြစ်တာ ဘေလီတံတားဆင်းဆင်းချင်း ဒုတိယမ...
21/06/2025

ရိပ်သာ လမ်းညွှန်မေးတဲ့ မိတ်ဆွေ မိသားစုဝင်တွေ ကို
လမိးညွှန်တဲ့အခါ ဒေါက်တာတို့ ညွှန်ပြဖြစ်တာ ဘေလီတံတားဆင်းဆင်းချင်း ဒုတိယမီးပွိုင့်ရှိ ငါး
မာန်အောင်ဘုရားလမ်းမ ဘက်မှ ဝင်ရတာ လွယ်တော့ အမြဲ ညွှန်းဖြစ်ပါတယ်ရှင်။
အခုလတ်တလော ငါးမာန်အောင် ဘုရားလမ်း ပေါ် IIP ကျောင်းရှေ့မှာလမ်းပြင်နေတာမို့ ခေတ္တ လမ်း ပိတ်ထားပါတယ်ရှင်။
ဒါကြောင့် ပင်လုံ လမ်းမ ပေါ် ၃၅ မှတ်တိုင် (နီလာဒံပေါက်ဘေး) ဦးဖိုးသင်းလမ်း ဘက်မှ ဝင်ခဲ့ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်။
လမိးညွှန်အသေးစိတိကို comment မှာ ကြည့်နိုင်ပါတယ်ရှင်။

မိုးကျပြီ ဆိုရင် ရာသီတုပ်ကွေး တွေအဖြစ်များကြပါတယ်။ တုပ်ကွေးဖြစ်ပြီဆိုလျှင် လူငယ်နဲ့ လူလတ်ပိုင်း တွေက နှာစေး ချောင်းဆိုး၊...
06/06/2025

မိုးကျပြီ ဆိုရင် ရာသီတုပ်ကွေး တွေအဖြစ်များကြပါတယ်။ တုပ်ကွေးဖြစ်ပြီဆိုလျှင် လူငယ်နဲ့ လူလတ်ပိုင်း တွေက နှာစေး ချောင်းဆိုး၊ ဖျားတာ ၃ရက် -၅ ရက်ကြာလျှင် သက်သာမြန်ပေမယ့် အသက်ကြီးသူ၊ကိုယ်ခံအားနည်းသူ၊ ကလေးသူငယ်များကတော့ ရောဂါဆိုးရွားပြီး အသက်အန္တရာယ်ထိ ရှိတတ်တာမို့ဂရုစိုက်ကြပါရှင်။
ဒါကြောင့်ဘိုးဘိုးဘွားဘွား အားလုံး
*ရေများများ သောက်ကြပါ။
*အစာအာစာရ ပြည့်ဝအောင်စားပါ။
*ပြည့်ပြည့်ဝဝ အိပ်ပေးပါ။
*နှစ်စဉ်ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးပေးပါရှင်။
ရာသီ တုပ်ကွေးကာကွယ်ဆေးတွေက တစ်နှစ်ပြီးတစ်နှစ် စျေးကြီးလာပေမယ့် တုပ်ကွေးနောက်ဆက်တွဲ ပြင်းထန် pneumonia ဖြစ်နှုန်း လျော့ချ နိုင်တာကြောင့် သက်ကြီးဘိုးဘွားများ အတွက် ထိုးရန် ထိုက်တန်ပါတယ်ရှင်။
#ရာသီတုပ်ကွေး
Vaccine
Myittar Yeik
Home
care
care

ဒီရက်ပိုင်းကာလတွင် မိုးအဆက်အပြတ်ရွာသွန်းတာကတကြောင်း၊ ချောင်းနှင့်နီးပြီး ဒီရေတက်တာကတကြောင်း၊ရေမြောင်း များရေစီးရေလာမကောင...
30/05/2025

ဒီရက်ပိုင်းကာလတွင် မိုးအဆက်အပြတ်ရွာသွန်းတာကတကြောင်း၊ ချောင်းနှင့်နီးပြီး ဒီရေတက်တာကတကြောင်း၊
ရေမြောင်း များရေစီးရေလာမကောင်းတာကတကြောင်း ကြောင့် မြောက်ဒဂုံရေကြီးရေလျှံ သတင်းများ social media မှာ trending ဖြစ်နေပါတယ်။
ရန်ကုန်မြို့ တခြားမြို့နယ် တွေမှာလည်း ရေစီးရေလာမကောင်း ရေဝင်ကြတာရှိပေမယ့် မြောက်ဒဂုံ ရေကြီး ရေဝင် ခြင်းကို ပိုအပြောများကြပါတယ်။ဒီနှစ်ပိုင်းမှာ မြောက်ဒဂုံ အိမ်ခြံမြေကို လူစိတ်ဝင်စားပြီး မြေစျေးကြီးသောကြောင့် ရေဝင်တဲ့ သတင်းကို လူပို စိတ်ဝင်စားကြတာ ဖြစ်ပါလိမ့်မယ်ရှင်။
နေရာတိုင်းအိမ်တိုင်းတော့ ရေဝင်တာမဟုတ်ပါဘူး။
မြောက်ဒဂုံမှာ အနိမ့်ပိုင်းနေရာတွေ၊ချောင်းနဲ့နီးတဲ့နေရာတွေ၊၂၀၀၀ ခုနှစ်ရှေ့ပိုင်းဆောက်ထားတဲ့ လမ်းဟောင်းတွေ၊လမ်းထက်နိမ့်သွားတဲ့ အိမ်ခြံတချို့ မှာ မိုးတအားများရင် ရေမစီးတော့ဘဲရေဝပ်ပါတယ်။ဒီရေတက်ချိန် ဆို ရေအတော်တက်တာကြောင့် ဒီနှစ် အိမ်ယာဝန်းထဲကအိမ်ကြီးအိမ်ကောင်းတွေပါ ရေဝင်လာပါတော့တယ်။
အဆိုးထဲကအကောင်း ရိပ်သာကတော့ အရင်နှစ် ၂၀၂၄ ဆိုးဆိုးရွားရွားရေကြီးချိန် မှာကော ယခု မိုးများချိန်မှာလည်း ခြံဝန်းထဲ ရေလုံးဝ မဝင်ပါဘူးရှင်။ရိပ်သာတည်ရှိရာနေရာလေးက ကုန်းမြင့်တယ်။လူနေအိမိခြေကျယ်ပြီး ရေမြောင်းများ စနစ် ကျပါတယ်။
ဒီဘက်နှစ်ပိုင်းမှာ မြောက်ဒဂုံက မြို့ပြစနစ်လျှင်လျှင်မြန်မြန် ဖွံ့ဖြိုးနေပါတယ်။လာရောက်နေထိုင်လာကြတယ်။လမိးတွေ ချဲကြ၊မြှင့်ကြတယ်။ရေမြောင်းစနစ်ကတော့ လိုအပ်ချက်ရှိနေဆဲ ဖြစ်နေပါတယ်ရှင်။
မြို့ပြလူဦးရေထူထပ်လာတာနှင်အမျှWaste disposal အမှိုကိပစ်စနစ် ၊ ရေမြောင်းစနစ် ဖွံ့ဖြိုးဖို့လိုအပ်နေသေးတယ် ။
အခု မြင်တွေ့နေရတာက plastic waste တွေ မဆွေးမြေ့ဘဲ မြောင်းတွေထဲ ပိတ်ဆို့ကုန်ပြီး ရေစီးမရဖြစ်ရပါတယ် ။ဒီရေတက်တာ ၊မိုးများတာ ဖြစ်လာပြီဆို ကျွန်မတို့ အလွယ် ပစ်ထားတဲ့အမှိုက်တွေက တန်ပြန်သက်ရောက်ပါတော့တယ်။
အစိုးရရုံး၊စာသင်ကျောင်း၊အများပိုင်အားကစားကွင်း၊နေရာ အများစု သည် sense of ownership ပျောက်ဆုံးနေရာများဖြစ်သည့်အားလျော်စွာ အဲ့နေရာတွေရဲ့ ရေစီးရေလာမြောင်းနေရာတွေက အလိုလို အမှိုက်ပုံ ဖြစ်ဖြစ်သွားရပါတယ် ။
ဒါကြောင့် ရှေ့ပိုင်းဆောက်ထားသော အိမ်အများစုက လမ်းထက်နိမ့်နေပြီး ရေဝင်ရေဝပ်ဒဏ် အတော်ခံကြရပါတယ်။
တတ်နိုင်သူကမိမိနေရာ၊နေအိမ် ခြံကို မြေဖို့ကွန်ကရစ်ခင်း လုပ်သော်လည်း စနစ်တကျ ဖောက်လုပ်သွယ်တန်းချိတ်ဆက်ထားသည့် ရေစီးရေလာ စနစ်က လည်း မရှိသည့်အတွက် နိမ့်ရာစီးဆင်းသွားမည် ဆိုသော်လည်း အချိန်ကာလတခုရောက်လျှင် မြို့သူမြို့သားအားလုံး သဘာဝတရားကြီး၏ ဒဏ်ရိုက် ခံ ရအုံးမှာပါပဲ။

ဒါကြောင့် သဘာဝတရားကြီးကလည်း သူ့အလုပ်သူလုပ် ချိန် ၊ကျွန်မတို့ကလည်း plastic waste တွေလျော့သုံးဖို့ ၊စနစ်တကျ အမှိုက်သိမ်းဖို့၊ပစ်ဖို့ ၊ ရေစီးရေလာကောင်းသော ရေမြောင်းများဖော်ဆောင် ထိန်းသိမ်းဖို့
က အရေးကြီးနေပါပြီရှင်။
Myittar Yeik
home
disposal
#ရေကြီးရေလျှံ
#မြောက်ဒဂုံ

အနန္တမေတ္တာရိပ် page လေး၏၆ နှစ်မြောက် နှစ်ပတ်လည် ပါ။ရိပ်သာတွင် လာရောက်နေထိုင်ဖူးသော ဘိုးဘွားများ ၊မိသားစုဝင်များအားလုံး ...
29/05/2025

အနန္တမေတ္တာရိပ် page လေး၏၆ နှစ်မြောက် နှစ်ပတ်လည် ပါ။ရိပ်သာတွင် လာရောက်နေထိုင်ဖူးသော ဘိုးဘွားများ ၊မိသားစုဝင်များအားလုံး ၏ အဆက်မပြတ် ဝန်းရံမှုကို အမြဲ ကျေးဇူးတင်ပါတယ်ရှင်။
ဘိုးဘွားမိဘများနှင့် မိသားစုဝင်အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေရှင်။

Facebook Celebrating my 6th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

မိဘ ဘိုးဘွားတွေဆီကရဖူးတဲ့ အနန္တမေတ္တာရိပ်သားသမီးမြေးတို့ပြန်ပေးဆပ်တဲ့ အနန္တမေတ္တာရိပ်ဒေါက်တာတို့ တလှည့်ပြုစုပေးတဲ့ အနန္တ...
26/05/2025

မိဘ ဘိုးဘွားတွေဆီကရဖူးတဲ့ အနန္တမေတ္တာရိပ်
သားသမီးမြေးတို့ပြန်ပေးဆပ်တဲ့ အနန္တမေတ္တာရိပ်
ဒေါက်တာတို့ တလှည့်ပြုစုပေးတဲ့ အနန္တမေတ္တာရိပ်
သုံးဦးသုံးလှယ်ရဲ့အနန္တမေတ္တာများကြောင့်ဘိုးဘွားမိဘများ
ကျန်းမာသက်ရှည်ပြီးတရားဓမ္မဖြင့် ငြိမ်းချမ်းနိုင်ကြပါစေ ရှင်။

home

Address

No. 62, Taw Win Street, 32 Ward, North Dagon Township
Yangon

Alerts

Be the first to know and let us send you an email when အနန္တမေတ္တာရိပ် လူမမာ ကုသပြုစုရေး စင်တာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to အနန္တမေတ္တာရိပ် လူမမာ ကုသပြုစုရေး စင်တာ:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category