Dr. Mya Wut Yee

Dr. Mya Wut Yee I am Dr. Mya Wut Yee,a Burmese Surgeon, women’s rights and anti-cyber-harassment advocate in Myanmar.
(571)

ကျွန်မရဲ့ ခရီးသွားခြင်းက ဒီလိုမျိုး 😥
07/05/2026

ကျွန်မရဲ့ ခရီးသွားခြင်းက ဒီလိုမျိုး 😥

07/05/2026

ကျွန်မသမီး ပျော်နေတာ အမေကို စာသေချာဖတ်ဖို့လည်း မှာရသေး သူ့မှာ 🥰

ချစ်စရာလေးပါ အသံလေးက 😍

Hello Melbourne အေးချက်ပဲ 🥶
07/05/2026

Hello Melbourne

အေးချက်ပဲ 🥶

Forest she တို့ ထုံးစံအတိုင်း မူးချင်နေပြီ 😫
07/05/2026

Forest she တို့ ထုံးစံအတိုင်း မူးချင်နေပြီ 😫

ကျောင်းမသွားခင် အမေ သွားမှာသိလို့ ဟိုအခန်း သွားငို ဒီအခန်း သွားငို အမေက ပစ္စည်းတွေ ထည့်နေတုန်း သူ့ကို သတိမထားမိတော့ ရှေ့...
07/05/2026

ကျောင်းမသွားခင် အမေ သွားမှာသိလို့ ဟိုအခန်း သွားငို ဒီအခန်း သွားငို

အမေက ပစ္စည်းတွေ ထည့်နေတုန်း သူ့ကို သတိမထားမိတော့ ရှေ့မှာ လာ ညိုမြ လုပ်ရသေးတယ်

မငိုပါနဲ့ သမီးရယ်ဆိုတော့ ဗြဲဆို ငိုရော သူ ငို ကိုယ်ငိုပဲ

ကျောင်းရောက်တော့ မငိုတော့ဘူး

အမေနဲ့ မခွဲဖူးတော့ ငိုရှာတာ တစ်ပတ်လုံးလည်း မေမေ Melbourne သွားတော့မှာလား ဘာညာ

အမေက နဂိုကတည်းက စိတ်က မခိုင်တော့ ရုပ်ကကိုသာ ကြည့်တော့ ပုလဲတွေခ 😵‍💫

စိတ်ပြေလက်ပျောက် ခရီးထွက်လိုက်ဦးမယ်သမီးလေး မပါဘဲ အယ်လယ့် 😁😬
07/05/2026

စိတ်ပြေလက်ပျောက် ခရီးထွက်လိုက်ဦးမယ်

သမီးလေး မပါဘဲ အယ်လယ့် 😁😬

သားအမိနှစ်ယောက် ဆင်တူ 🥰ကျောင်းကအပြန် ကားပေါ်မှာကတည်းက အိပ်ပျော်သွားသော မမမီယာ
06/05/2026

သားအမိနှစ်ယောက် ဆင်တူ 🥰

ကျောင်းကအပြန် ကားပေါ်မှာကတည်းက အိပ်ပျော်သွားသော မမမီယာ

ဘယ်လောက်တောင် ပလတ်ကျွပ်နေလဲဆိုတော့ ကလေး ကျောင်းကြိုပြီး သူ့ ကျောင်းဝတ်စုံတွေ လျှော်ရမှာရယ် မနက်ဖြန်ဝတ်ဖို့ dryer ထဲ ထည့်...
05/05/2026

ဘယ်လောက်တောင် ပလတ်ကျွပ်နေလဲဆိုတော့ ကလေး ကျောင်းကြိုပြီး သူ့ ကျောင်းဝတ်စုံတွေ လျှော်ရမှာရယ် မနက်ဖြန်ဝတ်ဖို့ dryer ထဲ ထည့်မှာရယ်နဲ့ ကိုယ်ပေါ်က အဝတ် ဘောင်းဘီပါ ချွတ်ပြီး ထည့်လျှော်တာ တော်တော်ကြာမှ ဘောင်းဘီထဲက AirPods မထုတ်လိုက်မိဘူး 🫩

သတိရလို့ ပြေးဖွင့်ကြည့်တော့ ရေရွှတ်ပက်ထဲ ဘောင်းဘီထဲမှာ မတွေ့တော့ဘူး ရေပင်လယ်ကြီးထဲ တဝဲလည်လည် ဖြစ်နေမှာပေါ့ မထူးဇာတ်ခင်းပြီး ဆက်လှည့်ထားတော့ နောက်ဆုံးတော့ ထွက်လာတယ်

အဖုံးဖွင့်တော့ မီးလေး စိမ်းသေးတယ် နာူကြပ်တော့ မတပ်ကြည့်ရသေးဘူး
ပထမတခါ ထည့်လျှော်ခံရတုန်းကတော့ ဘာမှ မဖြစ်သွားဘူး ခုတခေါက်တော့ မပြောတတ်သေးဘူး

လူက အတော် ဂါနေတာပါ ညနေ ၃ နာရီကျောင်းကြိုပြီး Kumon ရယ် Painting ရယ် swimming ရယ် အပြေးလေး ပို့ရင်း ကားပေါ်မှာ အားချိန်လေး listening ဖြေကြည့်ရသေးတာ

အမယ်မင်း လို့သာ တချင်တော့တာပါပဲ

ပုံက သူ့ play date မှာ ဝါးတီးနေတာ 😵

သူတို့ကျောင်း Kindy ကလေးတွေချည်း play date တဲ့ ကျွန်မမွေးထားတာ monkey လားလို့ ပြန်တွေးယူရတယ်ဒီနေ့ rainbow skirt ဝတ်ချင်လ...
03/05/2026

သူတို့ကျောင်း Kindy ကလေးတွေချည်း play date တဲ့

ကျွန်မမွေးထားတာ monkey လားလို့ ပြန်တွေးယူရတယ်

ဒီနေ့ rainbow skirt ဝတ်ချင်လို့တဲ့ ပြီးတော့ လွှားကနဲ လွှားကနဲပဲ ကျားကျားလျားလျား မိန်းမသားပါလို့ 😅

ပုံတစ်ပုံလေး ထုတ်ပြတာက proof of life မဟုတ်ပါဘူးသူတို့ ဘာတွေများ ခက်ခဲနေကြတာလဲ
01/05/2026

ပုံတစ်ပုံလေး ထုတ်ပြတာက proof of life မဟုတ်ပါဘူး

သူတို့ ဘာတွေများ ခက်ခဲနေကြတာလဲ

Myanmar's junta-chief turned president on Thursday ordered deposed leader Aung San Suu Kyi to be moved to house arrest, five years after sweeping her into detention in a 2021 coup.

ဒီမနက် ဓာတ်ပုံရိုက်ပေးမယ်ဆိုတော့ pose ကို အမျိုးမျိုးပြောင်းခိုင်းတာကို ပဲပေးတဲ့ပုံက ရှုတည်တည်ပေါ့ သူ့ကိုယ်သူ model ပါပေ...
30/04/2026

ဒီမနက် ဓာတ်ပုံရိုက်ပေးမယ်ဆိုတော့ pose ကို အမျိုးမျိုးပြောင်းခိုင်းတာကို ပဲပေးတဲ့ပုံက ရှုတည်တည်ပေါ့ သူ့ကိုယ်သူ model ပါပေါ့
ရုပ်က 😅

ပြီးတော့ မေမေ့ကိုလည်း ရိုက်ပေးမယ်တဲ့
ခေါင်းတွေ ခြေတွေ ပါအောင် ရိုက်ပေးနော် ဆိုတော့ ဟုတ်ကဲ့မေမေတဲ့

ပဲပေးတာက ရုပ်ကို တည်ပြီး ဓာတ်ပုံအရိုက်ခံတာတဲ့တော်
နောက်ဆုံးကျ ရယ်ရော

မျောက်ရှုံးအောင် ဆော့တဲ့ကလေး 🥰

Address

Perth, WA
6110

Opening Hours

Monday 9am - 5pm
Tuesday 9am - 5pm
Wednesday 9am - 5pm
Thursday 9am - 5pm
Friday 9am - 5pm
Saturday 9am - 5pm
Sunday 9am - 5pm

Alerts

Be the first to know and let us send you an email when Dr. Mya Wut Yee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Mya Wut Yee:

Featured

Share