Panditarama Sydney Meditation Centre

Panditarama Sydney Meditation Centre The Panditarama Sydney Meditation Centre (PSMC) was established in 2000 by Venerable Sayadaw U Pandi

မြန်မာရိုးရာ သင်္ကြန်ပွဲ  Organised by BMAA (15 March 2026)
16/03/2026

မြန်မာရိုးရာ သင်္ကြန်ပွဲ Organised by BMAA (15 March 2026)

Wedding Ceremony of Zin Hein Aung & Jessica Tredell မင်္ဂလာဦး ဆွမ်းကျွေးအလှူတော် (1 March 2026)
16/03/2026

Wedding Ceremony of Zin Hein Aung & Jessica Tredell
မင်္ဂလာဦး ဆွမ်းကျွေးအလှူတော် (1 March 2026)

ဓမ္မမေးခွန်းလေးတစ်ခု ဖြေကြည့်ကြရအောင် 🙏Credit to original owner for source
13/03/2026

ဓမ္မမေးခွန်းလေးတစ်ခု ဖြေကြည့်ကြရအောင် 🙏

Credit to original owner for source

12/03/2026

လောဘကြောင့် မပျက်စီးပါစေနဲ့

Credit to the original owner for source

ဒီတစ်ပတ်မှာတော့ လောဘစိတ်ကို ထိန်းချုပ်ကြရအောင်။ ဘာပဲလုပ်လုပ် ပေါ်လာတဲ့လောဘစိတ်ကို သတိနဲ့ထိန်းပြီး တကယ်လိုအပ်လား ပြန်သုံး...
10/03/2026

ဒီတစ်ပတ်မှာတော့ လောဘစိတ်ကို ထိန်းချုပ်ကြရအောင်။ ဘာပဲလုပ်လုပ် ပေါ်လာတဲ့လောဘစိတ်ကို သတိနဲ့ထိန်းပြီး တကယ်လိုအပ်လား ပြန်သုံးသပ်ကြည့်ပါ။ တကယ်မလိုအပ်ပဲလောဘစိတ်ဖြစ်လာရင် မိမိမှာရှိပြီးသား အရာတွေအတွက်လည်း ကျေးဇူးတင်ကြည့်ပါ။ ဒီအချက်လေးတွေနဲ့တင် လောဘစိတ်ကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်ပါလိမ့်မယ်။

လောဘဟာ လူတို့ရဲ့ စိတ်ကို ပင်ပန်းစေတဲ့ ကိလေသာ ဆယ်ပါးထဲမှ တစ်ပါးဖြစ်သည်။ လောဘကို တဏှာ(လိုချင်တပ်မက်ခြင်း)ဟုလည်း ခေါ်ဆိုကြပ...
09/03/2026

လောဘဟာ လူတို့ရဲ့ စိတ်ကို ပင်ပန်းစေတဲ့ ကိလေသာ ဆယ်ပါးထဲမှ တစ်ပါးဖြစ်သည်။ လောဘကို တဏှာ(လိုချင်တပ်မက်ခြင်း)ဟုလည်း ခေါ်ဆိုကြပြီး ဒုက္ခကိုဖြစ်ပေါ်စေသော အကြောင်းရင်းတစ်ခု ဖြစ်သည်။ လောဘသည် တစ်ခုရရုံနဲ့မကျေနပ်ပဲ နောက်တစ်ခုလိုချင်တတ်သော သဘောရှိသည်။ ထို့ကြောင့်လောဘရှိသ၍ စိတ်အေးချမ်းမှုကို မရနိုင်ပေ။ လောဘကြီးသောသူတို့သည် အပါယ်လေးဘုံသို့ ကျရောက်ရ၍ များသောအားဖြင့် ပြိတ္တာဘုံသို့ ရောက်ရသည်။

04/03/2026

Your peace begins the moment you stop managing other people’s karma.

Credit to original owner for source

English translation below.သီလ လုံး၀မကျိုးတဲ့ ဆောက်တည်နည်း ရှိပါတယ်။ မင်းကွန်း ဆရာတော်ဘုရားကြီးက မဟာဗုဒ္ဓ၀င်မှာ ရေးထားပါတ...
03/03/2026

English translation below.

သီလ လုံး၀မကျိုးတဲ့ ဆောက်တည်နည်း ရှိပါတယ်။ မင်းကွန်း ဆရာတော်ဘုရားကြီးက မဟာဗုဒ္ဓ၀င်မှာ ရေးထားပါတယ်။ သီလကို တစ်နေ့လုံး မဆောက်တည်နိုင်သေးရင်တောင် ညမှာ တစ်နိုင်တစ်ပိုင် ဆောက်တည်ဖို့ အသေအချာ ရေးထားပါတယ်။ ညပိုင်း အိပ်နေတဲ့အချိန်မှာ သီလက မကျိုးပါဘူး။

စာထဲမှာ ကာလကို ပိုင်းဖြတ်ပြီး စောင့်ထိန်းတဲ့ ကာလပရိယန္တ သီလဆိုတာ ရှိပါတယ်။ ဥပမာ ကိုယ်က ညမှာ( ၁၁ )နာရီအိပ်ပြီး၊မနက်( ၅ )နာရီ အိပ်ရာထတယ် ဆိုပါစို့။ ဒီတော့ ညအိပ်ရာ၀င်ခါနီးမှာ သီလ ယူလိုက်ပြီး ဘုရားတပည့်တော် ည(၁၁)နာရီကနေ မနက်( ၅ )နာရီအထိ သီလ ဆောက်တည်ပါ၏လို့ ကာလပိုင်းဖြတ်ပြီး စောင့်ထိန်းလိုက်ရုံပါ။

There is a way to commit sīla without ever breaking it completely. The Venerable Mingun Sayadaw wrote about this in his Mahā Buddhavaṃsa (The Great Chronicle of the Buddhas). Even if one is not yet able to maintain sīla throughout the entire day, it is clearly stated that one should definitely commit and uphold it to the best of one’s ability at night. Durin the time one is sleeping at night, sīla does not get broken.

According to Sayadaw, there is also what is called kālapariyanta sīla, that is commited by determining a specific period of time. Let’s say you go to bed at 11 PM at night and get up from bed at 5 AM in the morning. So, just before going to bed at night, you undertake the sīla, by simply stating 'I determine and undertake to maintain the sila from 11 PM at night until 5 AM in the morning'.

Credit to original owners for sources

သီလဆောက်တည်ခြင်းဟာ ဒုက္ခကိုဖြစ်စေတဲ့အကုသိုလ်တွေကို ဆင်ခြင်ပြီးသားဖြစ်တယ်။ ဒါကြောင့် ငါးပါးသီလစောင့်ပြီးကုသိုလ်ယူကြရအောင်...
02/03/2026

သီလဆောက်တည်ခြင်းဟာ ဒုက္ခကိုဖြစ်စေတဲ့အကုသိုလ်တွေကို ဆင်ခြင်ပြီးသားဖြစ်တယ်။ ဒါကြောင့် ငါးပါးသီလစောင့်ပြီးကုသိုလ်ယူကြရအောင်။ ငါးပါးသီလကို ဆောက်တည်ရာ၌ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿကို သုံးကြိမ်၊ ထိုနောက် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ တည်းဟူသော သရဏံဂုံသုံးပါးကိုလည်း သုံးကြိမ်တိုင်တိုင် ရွတ်ဆိုရသည်။

ထို နောက် ငါးပါးသီလ ခံယူဆောက်တည်ကြောင်းကို ဖော်ပြသည့် သူ့အသက်ကိုသတ်ခြင်းမှ၊ သူ့ဥစ္စာကို ခိုးယူခြင်းမှ၊ ကာမတို့မှ အမှားကျင့်ခြင်းမှ၊ လိမ်လည်ပြောဆိုခြင်းမှ၊ အရက်သေစာ သောက်စားမူးယစ်ခြင်းမှ၊ ရှောင်ကြဉ်ကြောင်းအကျင့်ကို ကောင်းစွာ ဆောက်တည်ပါသည်ဟု အောက်ပါအတိုင်း ရွတ်ဆို ဆောက်တည်ရလေသည်။

၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံသမာဒိယာမိ၊
၄။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊

English translation below.ငါးပါးသီလသည် မြတ်စွာဘုရား၏ ဆုံးမဩဝါဒဖြစ်ပြီး လူတို့ စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားငါးပါး ဖြစ...
01/03/2026

English translation below.

ငါးပါးသီလသည် မြတ်စွာဘုရား၏ ဆုံးမဩဝါဒဖြစ်ပြီး လူတို့ စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားငါးပါး ဖြစ်သည်။ ထိုငါးပါးကို စောင့်ထိန်းပါက ငါးပါးသီလ စောင့်ရာရောက်၍ လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော အကျိုးကို ရနိုင်၏။ ထိုသီလငါးပါးမှာအောက်ပါအတိုင်းဖြစ်သည်။

၁။ သူတစ်ပါး၏ အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
၂။ သူတစ်ပါးမပေးသောပစ္စည်းဥစ္စာတို့ကို ယူငင်ခြင်း၊ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း။
၃။ ကာမပိုင်လင်ယောက်ျား၊ဇနီးမယားမှတစ်ပါး အခြားကာမ မပိုင်ဆိုင်သောသူများနှင့် ကျူးလွန်ဖောက်ပြားခြင်းမှ ရှောင်ကြဉ်ခြင်း
၄။ မဟုတ်မမှန်သောစကား၊ လိမ်လည်လှည့်ဖျားပြောဆိုခြင်းတို့မှ ရှောင်ကြဉ်ခြင်း
၅။ အရက်သေစာ၊ဘိန်းဘင်းကစော် လှော်စာ စသည့် မူးယစ်ထုံထိုင်း ဖြစ်စေတတ်သော အရာများမှ ရှောင်ကြဉ်ခြင်း။

The Five Precepts are the teachings of the Buddha and are the five moral rules that people should observe. If they observe these five, they will attain the five precepts and will attain the three merits of humans, deities, and Nibbana. The five precepts are as follows.

1. Abstaining from taking the life of another.
2. Abstaining from taking or stealing property that is not given to another.
3. Abstaining from committing adultery with persons, other than one's husband or wife, who are not in the same sexual relationship.
4. Abstaining from speaking falsely and lying.
5. Abstaining from consuming alcohol, o***m, and other intoxicants.

Credit to original owners for sources

In the Dhamma, the Buddha taught that everything is always changing. Feelings change. People change. Situations change. ...
26/02/2026

In the Dhamma, the Buddha taught that everything is always changing. Feelings change. People change. Situations change. Even the pain you feel right now will not stay the same.

It is looking at something you love or something that hurts you and saying “This too will pass" or "It is not mine to control".

Therefore, letting go is not losing. It is understanding of impermanence. And if you understand it, the heart becomes lighter.

Address

21-31 Redmayne Road
Sydney, NSW
2175

Alerts

Be the first to know and let us send you an email when Panditarama Sydney Meditation Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram