zinmar လင်းလက်ရှမ်းပြည်နယ်လက်လီလက်ကား ကိုယ်စားလှယ်ကြီး

zinmar လင်းလက်ရှမ်းပြည်နယ်လက်လီလက်ကား ကိုယ်စားလှယ်ကြီး ရှမ်းပြည်နယ် မူဆယ်နမ်းခမ်းကပါ
သဘာဝစစ်စစ်ထုပ်ကုန်အမျိူးမျိူးလက်လီလက်ကား ရောင်းဝယ်ရေး

အပြင်မထွက်ပဲအိမ်ထဲတင်၀င်ငွေရတာonineအလုပ်ပဲရှိတာနော်ဖုန်းတလုံးနဲဈေးရောင်းချင်အရင်း4️⃣ကျော်ကစမလားအရင်း3️⃣ကစမလားရတယ်နော်
16/04/2024

အပြင်မထွက်ပဲအိမ်ထဲတင်၀င်ငွေရတာ

onineအလုပ်ပဲရှိတာနော်

ဖုန်းတလုံးနဲဈေးရောင်းချင်

အရင်း4️⃣ကျော်ကစမလား
အရင်း3️⃣ကစမလားရတယ်နော်

မင်ဂလာရှိသောသကြန်အတက်နေ့လေးဖြစ်ပါစေ
16/04/2024

မင်ဂလာရှိသောသကြန်အတက်နေ့လေးဖြစ်ပါစေ

ကျီးပေါင်း တက်တာ ဘယ်လိုလုပ်ကြမလဲ။အသက်ကြီးလာတာနဲ့အမျှ ကျောရိုးမှာ ရှိတဲ့ အဆစ်လေးတွေ ပါးပြီး ပျက်စီးလာပါတယ်။ ဒါကြောင့် ဇက်...
15/04/2024

ကျီးပေါင်း တက်တာ ဘယ်လိုလုပ်ကြမလဲ။

အသက်ကြီးလာတာနဲ့အမျှ ကျောရိုးမှာ ရှိတဲ့ အဆစ်လေးတွေ ပါးပြီး ပျက်စီးလာပါတယ်။ ဒါကြောင့် ဇက်ကြောတွေ တက်တာ၊ ခေါင်းကိုက်တာ၊ လက်ပြင်ကိုက်တာတွေ ဖြစ်လာလပါတယ်။ ဒါကို ကျီးပေါင်း တက်တယ်လို့ ခေါ်ပါတယ်။ အသက် “ကြီး” မှ ဖြစ်လို့ “ကျီး”ပေါင်းလို့ ခေါ်တာပေါ့။

အသက်ကြီးတဲ့ သူတွေမှာ အဖြစ်များပြီး အသက်ကြီးလာလေလေ ပိုဆိုးလေပါ။ လေ့လာချက်တွေအရ အသက်၆၀ကျော်တွေရဲ့ ၈၅ရာခိုင်နှုန်းက ဇက်ကျီးပေါင်း ဖြစ်တတ်ပါတယ်။ ဒါဖြစ်လာရင် လူက နေလို့မကောင်းဘူး။ ခေါင်းကြီးလေးနေတဲ့အတွက် လေဖြတ်တော့မှာလား ဆိုပြီး စိုးရိမ်တတ်ပါတယ်။ ဒါကြောင့် ဇက်ကျီးပေါင်း ဆိုတာ စိုးရိမ်ရလား။ ဘယ်လိုနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်ကြမလဲ ဆိုတာ ဆက်ကြည့်ရအောင်။

ဘာလို့ ဇက် ကျီးပေါင်း တက်ရတာလဲ။
အသက်ကြီးလာတာနဲ့အမျှ တစ်သက်လုံး သုံးလာခဲ့တဲ့ လည်ပင်းဆစ်မှာ ရှိတဲ့ အရိုးတွေ၊ အရိုးနုတွေက ပွန်းပြီး ပါးလာပါတယ်။ ပျက်စီးတဲ့ ပုံတွေကတော့

လည်ပင်းဆစ်ကြားရိုးတွေ ပြားလာတာ
ဒီဆစ်ကြားရိုးတွေက လည်ပင်းဆစ် တစ်ခုနဲ့ တစ်ခုကြားမှာ ကူရှင်လိုမျိုး ခံထားပေးပါတယ်၊။ အသက်၄၀လောက်က စပြီး ဒီဆစ်ကြားရိုးတွေက တဖြည်းဖြည်းပိပြီး ပြားလာပါတယ်။ ဒါကြောင့် ကြာလာတဲ့အခါ လည်ပင်းဆစ်တစ်ခုနဲ့ တစ်ခု ပွတ်တိုက်မှုတွေ ဖြစ်လာပါတယ်။

လည်ပင်းဆစ်ကြားရိုးတွေ ကျွံတာ
အသက်ကြီးလာတာနဲ့ အမျှ ဆစ်ကြားရိုးတွေက အက်ကွဲပြီး အပြင်ကို ကျွံထွက်လာပါတယ်။ ဒါကြောင့် အာရုံကြောမကြီးနဲ့ အာရုံကြောကို ဖိတတ်ပါတယ်။

အရိုးအတက်ထွက်တာ
ဒီလို လည်ပင်းဆစ်ကြားရိုးတွေ ပျက်စီးလာတာကြောင့် ကျောရိုးမကြီးကို ထောက်ပံ့ဖို့အတွက် အရိုးအတက်တွေ ထွက်လာပါတယ်။ ဒီအရိုးအတက်ထွက်တာကလည်း အာရုံကြောမကြီးနဲ့ အာရုံကြောတွေကို ဖိတတ်ပါတယ်။

အရွတ်တွေ တောင့်တာ
အသက်ကြီးလာတော့ အရွတ်တွေ တောင့်ပြီး လည်ပင်းက လှုပ်ရှားရခက်လာပါတယ်။

ထိခိုက်ဒဏ်ရာရတာ
ကားအက်စီးဒင့်ကြောင့် ဖြစ်ဖြစ်၊ ချော်လဲလို့ဖြစ်ဖြစ် လည်ပင်းကို ထိခိုက်မိမယ်ဆိုရင် အရိုးတွေ၊ အရွတ်တွေ ပျက်စီးတဲ့အတွက် ကျီးပေါင်းမြန်မြန်ဖြစ်တတ်ပါတယ်။

အသုံးများခြင်း
တချို့သော အလုပ်တွေက ခေါင်းကို ခဏခဏ လှုပ်ရတာ ဒါမှမဟုတ် အလေးအပင်တွေ မ ရတာ များရင်လည်း ကျောရိုးကို ဖိအားပေးသလို ဖြစ်တဲ့အတွက် အရိုးတွေ အရွတ်တွေကို စောစောပျက်စီးစေပါတယ်။

ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။
အသက်ကြီးလာလေလေ ကျီးပေါင်းဖြစ်နိုင်ခြေ များလေလေပါပဲ။
ခေါင်းခဏခဏ လှုပ်ရတဲ့သူတွေ၊ ဇက်ပေါ်မှာ ဝန်ပိစေတဲ့ အလုပ်တွေ အကြာကြီး လုပ်ရသူတွေမှာ ပိုဖြစ်တတ်ပါတယ်။
ဇက်ကို ထိခိုက်ဒဏ်ရာရဖူး သူတွေက စောစောဖြစ်နိုင်ပါတယ်။
မိသားစုထဲမှာ ကျီးပေါင်းတက်ဖူးတဲ့သူ ရှိရင်လည်း ဖြစ်နိုင်ချေများပါတယ်။
ဆေးလိပ်သောက်တာကလည်း ကျီးပေါင်းနဲ့ ဆက်စပ်နေပါတယ်တဲ့။
အဝလွန်တဲ့ သူတွေ၊ လှုပ်ရှားမှုနည်းတဲ့ သူတွေက ပိုဖြစ်တတ်ပါတယ်။
ကျီးပေါင်း ရဲ့လက္ခဏာတွေက ဘာလဲ။
ကျီးပေါင်းဖြစ်တဲ့ သူတော်တော်များများက ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ပြခဲ့ရင်တောင် ဇက်ကြောတက်တာ၊ နာတာပဲ ရှိတာပါ။ ဒါက ဖြည်းဖြည်းချင်း ဖြစ်မှာလား၊ ရုတ်တရက် ဖြစ်မှာလား၊ ဆိုးဆိုးဝါးဝါးဖြစ်မှာလား၊ သာမန်ပဲလား ဆိုပြီး ရှိပါသေးတယ်။

advertisement icon
Advertisement
နောက်ထပ် လက္ခဏာ တစ်ခုကတော့ လက်ပြင်နာတာပဲ ဖြစ်ပါတယ်။ တချို့တွေကျတော့လည်း လက်မောင်းတစ်လျှောက် လက်ချောင်းအထိ နာတတ်ပါတယ်။ နာတာကို ပိုဆိုးစေတဲ့ အခြေအနေကတော့

အထိုင်အထမှာ
နှာချေတာ
ချောင်းဆိုးတာ
ဇက်ကို နောက်လှန်လိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ကြွက်သားတွေ မသန်တော့တာပါ။ ဒါကြောင့် လက်မြှောက်ဖို့၊ ပစ္စည်းကို မြဲအောင်ကိုင်ဖို့ ခက်ခဲ လာပါတယ်။

တခြားလက္ခဏာတွေကတော့

အရင်ကလည်း ဇက်ကြောတက်တတ်ပေမယ့် ခုက ပိုဆိုးလာတာ
ခေါင်းကိုက်တာ (အထူးသဖြင့် ခေါင်းနောက်ဖက်ကနေ)
အာရုံကြောတွေ ဖိမိတဲ့အတွက် ခြေထောက်အပါအဝင် လက်မောင်းနဲ့ ပုခုံးတွေမှာ ထုံတာ ကျဉ်တာ ဖြစ်တာ
ရှားရှားပါးပါး ဟန်ချက်မထိန်းနိုင်ဘဲ ယိုင်တိုင်တိုင်ဖြစ်တာ၊ ဆီးမထိန်း၊ ဝမ်းမထိန်းနိုင်တာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါမျိုး ဆိုရင်တော့ ချက်ချင်းကုသမှု ခံယူတာက ပိုကောင်းပါတယ်။
နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ။
ကျီးပေါင်းကြောင့် အာရုံကြောတွေ ပိမယ်ဆိုရင် ပိတဲ့ အာရုံကြောပေါ်လိုက်ပြီး လက္ခဏာတွေ ခံစားရမှာပါ။

ကုသလို့ရလား။
အသက်ကြီးလို့ ဖြစ်တာကြောင့် အပြီးပျောက်အောင် ကုသလို့ မရပါဘူး။ ကုသနည်းတွေက အနာသက်သာအောင်၊ နောက်ဆက်တွဲတွေ မဖြစ်အောင်၊ ကျီးပေါင်းရဲ့ လက္ခဏာတွေကြောင့် စိတ်အနှောင့်အယှက် မဖြစ်ရအောင်၊ နေ့စဥ်အလုပ်တွေ မထိခိုက်အောင်အတွက် ရည်ရွယ်ပြီး ကုသပေးတာပါ။

လေ့ကျင့်ခန်းများ
ကိုယ်လက်အင်္ဂါပြန်လည် သန်စွမ်းရေး ဆရာဝန်က သင့်လည်ပင်းက ကြွက်သားတွေနဲ့ အရွတ်တွေ ပြန်လည် သန်မာလာအောင်၊ ပျော့ပျောင်းလာအောင် လေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။ နောက် အလေးဆွဲပြီး အဆစ်ရိုးတွေ ပိမနေအောင်၊ ပိနေတဲ့ အာရုံကြောတွေ လွတ်သွားအောင် လေ့ကျင့်ရပါမယ်။

ဆေးဝါးများ
-ကြွက်သားတွေ ပြေလျော့အောင် အကြောပြေဆေးတွေ

advertisement icon
Advertisement
-အနာသက်သာအောင် အကိုက်အခဲ ပျောက်ဆေးတွေ

-အကြောညပ်လို့ နာတာတွေအတွက် အာရုံကြောဆေးတွေ

-အရောင်သက်သာအောင် စတီးရွိုက်တွေ ပေးလို့ရပါတယ်။

ခွဲစိတ်နည်းများ
ဘယ်လိုမှ မသက်သာဘူးဆိုရင်တော့ ခွဲစိတ်မှု လုပ်ရမှာပါ။ နည်းလမ်းတွေကတော့ အရိုးအတက် ဖယ်တာ၊ ပျက်စီးနေတဲ့ အဆစ်ကို ဖယ်တာ၊ ကျွံနေတဲ့ ဆစ်ကြားရိုးကို ဖယ်ထုတ်တာတွေ လုပ်ရမှာပါ။ ဒါပေမယ့် တော်တော်များများက ခွဲစိတ်တဲ့ အခြေအနေအထိ ရောက်ခဲပါတယ်။ ဆေးဝါးတွေ၊ လေ့ကျင့်ခန်းတွေ၊ အိမ်တွင်းကုထုံးတွေနဲ့ သက်သာသွားတာ များပါတယ်။

အိမ်တွင်းကုထုံးများ
အိမ်မှာ ကိုယ့်ဟာကိုယ် လုပ်နိုင်တဲ့ နည်းတွေကတော့

-လေ့ကျင့်ခန်း လုပ်ပါ။ လည်ပင်းလေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့သူတွေက ပိုပြီး မြန်မြန်သက်သာပါတယ်။ လေ့ကျင့်ခန်း မလုပ်နိုင်ရင်တောင် လမ်းတော့လျှောက်ပေးပါ။ လမ်းပုံမှန်လျှောက်တဲ့ သူတွေက ဇက်ကြောတက်တာ၊ ခါးနာတာတွေ သက်သာပါတယ်။

-ရေနွေးအိတ် ကပ်တာ၊ ရေခဲအုံတာမျိုးတွေလည်း လုပ်လို့ ရပါတယ်။

-ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်နိုင်ပါတယ်။ ဒါပေမယ့် တချို့သော ဆေးတွေက အစာအိမ်ထိတာ၊ ကျောက်ကပ်ထိတာ ဖြစ်နိုင်တဲ့ အတွက် ရေရှည် စွဲသောက်လို့ မရပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

–လည်ပင်းထောက်ဝတ်ပါ။ လည်ပင်းထောက်ဝတ်တာက လည်ပင်းမှာ ရှိတဲ့ အရိုးနဲ့ ကြွက်သားတွေကို အနားရစေပါတယ်။ ဒါပေမယ့် အကြာကြီးဝတ်မယ်ဆိုရင်တော့ လည်ပင်းကြွက်သားတွေ အားပျော့တာမျိုး ဖြစ်လာနိုင်ပါတယ်။

အသက်ကြီးရင် ကျီးပေါင်းဖြစ်တာ သဘာဝပါ။ တော်တော်များများ ဖြစ်တတ်ပါတယ်။ ခုခေတ်မှာ နည်းပညာတွေ တိုးတက်လာတဲ့ အတွက် ကျီးပေါင်းကို အရှင်းမဟုတ်တောင် ခံစားရတဲ့ လက္ခဏာတွေ သက်သာအောင် ကုသနိုင်နေပါပြီ။ ဒါကြောင့် ကျီးပေါင်းတက်လို့ စိတ်ညစ်စရာ မလိုတော့ပါဘူး။ လေ့ကျင့်ခန်းတွေ လုပ်ပေးမယ်။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေ သောက်မယ်ဆိုရင် သက်သာလာနိုင်ပါတယ်
crd
#ကျန်းမာရေးဗဟုသုတမျာစ

မြန်မာရိုးရာတရော်ကင်ပွန်ဟာဆိုရင်မကောင်းတဲ့အနံ့အသက်တွေဖယ်ရှားပေးတယ်ဘုန်းကံမြင့်စေတယ်လာဘ်လာဘတွေပွင့်လမ်းစေတယ်နှစ်ဟောင်းကအည...
15/04/2024

မြန်မာရိုးရာတရော်ကင်ပွန်ဟာဆိုရင်

မကောင်းတဲ့အနံ့အသက်တွေဖယ်ရှားပေးတယ်

ဘုန်းကံမြင့်စေတယ်

လာဘ်လာဘတွေပွင့်လမ်းစေတယ်

နှစ်ဟောင်းကအညစ်အကျေး

နှစ်သစ်ပါမသွားတရော်ကင်ပွန်လေးနဲ

ဘုရားစင်ကအစတအိမ်လုံးဆေးကြောလို့ရတယ်နော်

တရော်ကင်းပွန်းသပ်သပ်ရှာရမှာခက်တယ်ဆို

#လင်းလက်ကထုပ်တဲ့သဘာ၀စစ်စစ်တရော်ကင်ပွန်းခေါင်းလျှော်ရည်အကိတ်ဘူးကြီးရှိတယ်နော်

Morning မင်္ဂလာရှိသော သင်္ကြန် အကြတ်နေ့လေးဖြစ်ပါစေ
15/04/2024

Morning

မင်္ဂလာရှိသော သင်္ကြန် အကြတ်နေ့လေးဖြစ်ပါစေ

အိမ်မှာရှိတဲ့ မကောင်းတဲ့ အငွေ့အသက်တွေကို တိုက်ဖျက်နည်းသင့် အိမ်မှာ မကောင်းတဲ့ အငွေ့အသက်တွေ ရှိနေနိုင်တယ်..။ ဒီလိုလေး မကြ...
14/04/2024

အိမ်မှာရှိတဲ့ မကောင်းတဲ့ အငွေ့အသက်တွေကို တိုက်ဖျက်နည်း
သင့် အိမ်မှာ မကောင်းတဲ့ အငွေ့အသက်တွေ ရှိနေနိုင်တယ်..။ ဒီလိုလေး မကြာမကြာ လုပ်ပေးလိုက်ပါ။
အိမ် မှာနေရတာ ငြီးစီစီကြီး၊ တစ်မျိုးကြီးဖြစ်နေတယ်လို့ သင်ခံစားနေရပါသလား။
အိမ် ထဲမှာ သင်မမြင်နိုင်တဲ့ မကောင်းတဲ့အငွေ့အသက်တွေတစ်ခါတစ်ရံရှိနေတတ်ပါတယ်။
ဒါကိုဖျက်ပြီး နေချင်စရာကောင်းတဲ့အိမ်လေးဖြစ်ဖို့ အောက်ပါရိုးရှင်းတဲ့နည်းကို သုံးနိုင်ပါတယ်။
နည်းလမ်းကတော့ ဖန်ခွက်တစ်ခွက်ရယ်၊ ဆားရယ်၊ ဗီနီဂါရည်ရယ်ပဲလိုတယ်လို့ ဆိုပါတယ်။
ဖန်ခွက်ထဲ ဆားအနည်းငယ်၊ ရေအနည်းငယ်၊ ဗီနီဂါရည်အနည်း ငယ်ကို ရောထည့်ပြီး အိမ်ရဲ့ ဧည့်ခန်းဖြစ်ဖြစ်၊အိပ်ခန်းဖြစ်ဖြစ် သင်အလိုရှိတဲ့နေရာမှာထားထားပါ။
တစ်ရက်ကြာအောင်ထားရမှာဖြစ်ပါတယ်။၂၄နာရီပြည့်တဲ့အခါ ဖန်ခွက်ကိုပြန်လာစစ်ပါ။ ဆားအခြေအနေကိုကြည့်ပါ။
ဆားတွေက အပေါ်ကို တက်နေတယ်၊ ဒါမှမဟုတ် ရေလျှံကျနေမယ်ဆိုရင် အဆိုပါနည်းလမ်းအတိုင်းထပ်မံပြုလုပ်ပြီးထားပါ။
ဆားတွေအပေါ်တက်တာရပ်တဲ့အထိ ထားရမှာဖြစ်ပါတယ်။
အိမ်ထဲလူမမြင်တဲ့နေရာမှာထားရင် မကောင်းတဲ့အငွေ့အသက်တွေ စုပ်ယူပေးပြီး
အိမ်မှာနေရတာပိုပြီး ပျော်ဖို့ကောင်းလာလိမ့်မယ်လို့ ဆိုပါတယ်။......
Crd;
မေတ္တာဖြင့် မျှဝေခြင်း

ရာသီဉတုပျင်းတော့🌳ဂျိူင်းချွေးနံ့🌳နေလှာင်ဒဏ်ကြောင့်အသားအရေမညီတာ🌳အရေပြားမှာအပူဖုမိတ်ဖုတွေသက်သာစေတဲ့ #လင်းလက်အပူငြိမ်းသဘာ၀စ...
14/04/2024

ရာသီဉတုပျင်းတော့

🌳ဂျိူင်းချွေးနံ့

🌳နေလှာင်ဒဏ်ကြောင့်အသားအရေမညီတာ

🌳အရေပြားမှာအပူဖုမိတ်ဖုတွေသက်သာစေတဲ့

#လင်းလက်အပူငြိမ်းသဘာ၀စစ်စစ်မန်ကျည်းရေချိူးဆပ်ပြာရှိတယ်နော်

ပန်းတိုင်ကို ရောက်ချင်ရင်*******************ဖတ်ကြည့်နော်… #အောင်မြင်မှုကို လိုချင်တဲ့သူဟာ…ဂရုတစိုက် ကြိုးစားနေဖို့ လိုတယ...
14/04/2024

ပန်းတိုင်ကို ရောက်ချင်ရင်
*******************
ဖတ်ကြည့်နော်…

#အောင်မြင်မှုကို လိုချင်တဲ့သူဟာ…
ဂရုတစိုက်
ကြိုးစားနေဖို့ လိုတယ်။

#လွတ်လပ်မှုကို နှစ်ခြိုက်တဲ့သူဟာ…
မချည်နှောင်
မတွယ်တာတတ်ဖို့တော့ လိုတယ်။

#ပေါ့ပါးမှုအရသာကို ကြိုက်တဲ့သူဟာ…
တွယ်တာမှုကို
လျော့ချဖို့တော့ လိုတယ်။

#ပြည့်စုံမှုကို ခံစားကြည့်ချင်တဲ့သူဟာ…
ရပိုင်ခွင့်တွေကို
လက်ခံနိုင်ဖို့ လိုတယ်။

#အမြင့်ဆုံးထိ ရောက်ချင်တဲ့သူဟာ…
ဇွဲ လုံ့လတွေ
သန်မာနေဖို့တော့ လိုတယ်။

#ပန်းတိုင်အထိ ရောက်ချင်တဲ့သူဟာ…
စိတ်ဓာတ်တွေ
သန်မာနေဖို့တော့ လိုတယ်။



လင်းလက်pageကနေရတဲ့အော်ဒါကရမက်1️⃣ဘူးကိုရန်ကုန်လှိုင်သာယာကိုယ်စားလှယ်Hay Mar Phyoe ဆီသို့လွှဲပေးလိုက်တယ်ရှင့်
14/04/2024

လင်းလက်pageကနေရတဲ့အော်ဒါ

ကရမက်1️⃣ဘူးကို

ရန်ကုန်လှိုင်သာယာကိုယ်စားလှယ်

Hay Mar Phyoe ဆီသို့လွှဲပေးလိုက်တယ်ရှင့်

🌅နေကလည်းပူလိုက်တာ🥤အချိူရည်အေးအေးလေးတော့သောက်ချင်ပါ🍧🍧ရဲ့။ ဆေးသိကြားတွေ ပါရင် ခက်ပြီ Gas တွေပါရင်မလွယ်ဘူး ။🌅ပူမနေပါနဲ့ လင်...
14/04/2024

🌅နေကလည်းပူလိုက်တာ
🥤အချိူရည်အေးအေးလေးတော့သောက်ချင်ပါ🍧🍧ရဲ့။ ဆေးသိကြားတွေ ပါရင် ခက်ပြီ Gas တွေပါရင်မလွယ်ဘူး ။
🌅ပူမနေပါနဲ့ လင်းလက်အပူငြိမ်းမန်ကျည်းယိုလေးသာဝယ်ထား။
🌠ညအိပ်ခါနီး နာရီဝက်အလိုမှာ အပူပုပ်ကင်းဖို့🥄🥄လက်ဖက်စားဇွန်းလေးနဲ့စားမလားဖျော်သောက်မလားအားလုံးရ။
🍹နေပူပူကြောင့်ရွှေရင်ပူနေလည်းရေအေးလေးနဲ့🥂ဖျော်သောက် အေးဆေးအပူငြိမ်းရွှေရင်အေးစေမှာ
🧉တစ်ဘူးမှ-6500ပါ
#မူဆယ်မြို့ကိုယ်စားလှယ်ကြီး
#အိမ်ရောက်ငွေချေ
#ကိုယ်စားလှယ်များကိုဖိတ်ခေါ်ပါတယ်
☎️09-773185605
☎️09-773185605

❣️"ပြုံးပါ"❣️ဘယ်လောက်ပဲ စိတ်ညစ်စရာကြုံကြုံအလှဆုံး "ပြုံးပါ"ဘယ်လောက်ပဲ စိတ်ဓါတ်ကျစရာဆုံဆုံအကောင်းဆုံး "ပြုံးပါ"ဘယ်လောက်ပဲ...
14/04/2024

❣️"ပြုံးပါ"❣️

ဘယ်လောက်ပဲ စိတ်ညစ်စရာကြုံကြုံ
အလှဆုံး "ပြုံးပါ"

ဘယ်လောက်ပဲ စိတ်ဓါတ်ကျစရာဆုံဆုံ
အကောင်းဆုံး "ပြုံးပါ"

ဘယ်လောက်ပဲ စိတ်ဆင်းရဲစရာပုံပုံ
ကြံ့ကြံ့ခံပြီး "ပြုံးပါ"

ကိုယ့်အပေါ် ကောင်းကောင်း/ မကောင်းကောင်း
သူ့သဘောသူဆောင် ကိုယ့်သဘောက ကိုယ်ဆောင်တာပါ

အရာရာအပေါ် အကောင်းမြင်စိတ်ရှိခြင်းဟာ
ကိုယ့်စိတ်ကို နုပျိုအောင်လုပ်ခြင်းတစ်မျိုးပါပဲ

ဒါကြောင့်.... "ပြုံးပါ"

.

ဖုဌဿ လောက ဓ မ္မေ ဟိ၊စိ တ်တံ ယဿ န က မ်ပ တိ။အသောကံ ဝိရဇံ ခေမံ၊ဧတံ မ င်္ဂ လ မု တ္တ မံ ။ #ဒေဝပုတ္တ -  နတ်သား #လောကဓေမ္မဟိ - ...
14/04/2024

ဖုဌဿ လောက ဓ မ္မေ ဟိ၊
စိ တ်တံ ယဿ န က မ်ပ တိ။

အသောကံ ဝိရဇံ ခေမံ၊
ဧတံ မ င်္ဂ လ မု တ္တ မံ ။

#ဒေဝပုတ္တ - နတ်သား
#လောကဓေမ္မဟိ - လောကဓံတရားတို့နှင့်
#ဖုဌဿ - တွေ့ကြုံရသော
#ယဿ - အကြင်ပုဂ္ဂိုလ်၏
#စိတ္တံ - စိတ်သည်
္ပတိ - မတုန်လှုပ်
#အသောကံ - စိုးရိမ်ပူဆွေးခြင်းလည်း မရှိ။
#ဝိရဇံ - ရာဂစသော မြူလည်း မရှိ။
#ခေမံ - ဘေးလည်း မရှိ။
#ဧတံ - ဤ လေးပါးကား
#ဥတ္တမ - ကောင်းမြတ်သော
#မင်္ဂလံ - မင်္ဂလာ ပေတည်း။

{ မင်္ဂလသုတ် }

လင်းလက် ဆံပင်ပေါင်းဆီကို နည်းလမ်း ၅ မျိုး နဲ့ သုံးလို့ ရတဲ့အကြောင်း ကိုပြောပြပေးပါရစေရှင့်.....1ခေါင်းမလျှော်ခင် ၁ရက် ကြ...
13/04/2024

လင်းလက် ဆံပင်ပေါင်းဆီကို နည်းလမ်း ၅ မျိုး နဲ့ သုံးလို့ ရတဲ့အကြောင်း ကိုပြောပြပေးပါရစေရှင့်.....

1ခေါင်းမလျှော်ခင် ၁ရက် ကြိုပြီး လိမ်းပေးလို့ရပါတယ်

2ခေါင်းမလျှော်ခင် နာရီဝက်ကြိုတင်ပြီး လိမ်းလို့ရပါတယ်

3ခေါင်းလျှော်ပြီး..မစိုမခြောက် အချိန်မှာ လိမ်းလို့ရပါတယ်

4မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းလို့ရပါတယ်...

5မျက်ခုံးပါးသူတွေ လိမ်းလို့ရပါတယ်...
...........ဤနည်း ၅ မျိုး နှင့် အတူ ပျားရည် /ကြက်ဥအကာ / ဗောက်အရမ်းထနေလျှင် သံပုရာသီး တစ်စိတ် ထည့်၍ သုံး ပေးခြင်းဖြင့်... ဆံပင်ကျွတ် သက်သာစေခြင်း၊ ဗောက်ပျောက်ခြင်း၊ ဆံပင်နက်မှောင်သန်စွမ်း အရှည်မြန်ခြင်း.... စတဲ့..အကျိုးကျေးဇူးတွေ ရရှိစေမှာ ဖြစ်ပါတယ်ရှင့်
😍..100%...chemical free ဖြစ်တဲ့ အတွက်ကြောင့်...ကလေး.. လူကြီး..ကျား..မ မရွေး အသုံး ပြုနိုင်ပါတယ်.......
.ဓာတ်ခွဲခန်း အောင်မြင်ပြီး မှတ်ပုံတင်အမှတ် အစ ၈(မက-10299)

100 ml တစ်ဘူး ကိုမှ မြန်မာငွေ 5500ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်...

လက်လီလက်ကားဝယ်ယူအားပေးနိုင်ပါပြီနော်

10ဘူးကစပြီးလက်ကားစျေးပေးပါတယ်နော်

#လင်းလက်သဘာဝထုတ်ကုန်အမျိုးမျိုး
#ပင်ရင်းနတ်မောက်
#လင်းလက်မူဆယ်မြို့ကိုယ်စားလှယ်

09773185605

ရောင်ခြောက်ဆယ်လုပ်နေတာများပီနော်fbကနေအပေါ်ဆွဲအောက်ဆွဲလိုက်tiktokဘက်သွားပီးစပ်စုလိုက်အပျင်းကြီး‌အကြောင်းပြချက်ပေးတာများနေ...
13/04/2024

ရောင်ခြောက်ဆယ်လုပ်နေတာ

များပီနော်fbကနေအပေါ်ဆွဲအောက်ဆွဲလိုက်

tiktokဘက်သွားပီးစပ်စုလိုက်

အပျင်းကြီး‌အကြောင်းပြချက်ပေးတာများနေပီနော်

အဲ့လောက်နဲထတော့ဈေးရောင်းသင့်ပီနော်

ပျင်းမနေတော့နဲ

နောက်နေ့ကစပီးအရင်လိုလေးအလုပ်လုပ်တော့နော်

ကိုယ့်ဟာကိုဆူနေတာနော်

သင်္ကြန်  မှာ  ပြုလုပ် ရမည့်အရာများ....🍀 အကြို နေ့မှာ  မိမိ နေအိမ်ရှိ ဘုရား ကို ရေသပ္ပါယ်ပါ     ဘုရားကျောင်းဆောင်ပေါ်ရှိ...
13/04/2024

သင်္ကြန် မှာ ပြုလုပ် ရမည့်အရာများ....

🍀 အကြို နေ့မှာ မိမိ နေအိမ်ရှိ ဘုရား ကို ရေသပ္ပါယ်ပါ
ဘုရားကျောင်းဆောင်ပေါ်ရှိ မလိုအပ် သည့်ပစ္စည်များနှင့် အမှိူက်များ ရှင်းလင်းပြီး ဘုရားခန်းတခုလုံး ကြည်ညိုစဖွယ် ဖြစ်အောင်ထားပါ (ထိုနေ့မှာ မေတ္တာသု တ် ရွတ်ပွားပါ)

🍀သင်္ကြန်အကျနေ့မှာ နေအိမ်ဘုရားကို သက်ရှိ ထင်ရှား
ရှိနေသကဲ့သို့ သဘောထားပြီး ဆွမ်း ကပ် ပေးပါ...
ထို့နည်းအတူ မြတ်စွာဘုရားရဲ့ သားတော်များဖြစ်ကြတဲ့ ရဟန်း သံဃာတို့အား ဆွမ်းဂျိုင့်ပို့ခြင်း ဆွမ်းစား ပင့်
ခြင်း စတဲ့ကောင်းမှူ ဒါနများ ပြုလုပ်ပေးပါ
(ထိုနေ့မှာ ရတန သုတ်ရွတ်ပါ)

🍀သင်္ကြန် အကြတ်နေ့မှာ နေအိမ် သို့မဟုတ် လမ်းထဲ
ရပ်ကွက်ထဲရှိ အဖိုးအဖွား များကို ခေါင်းဆေး မင်္ဂလာ
ပြုပေးခြင်း လက်သည်း ခြေသည်း ညှပ် ပေးခြင်းများ
ပြုလုပ်ပေးပါ...... ထိုနေ့မှာဘဲ မိမိ ကိုယ်တိုင်ကလည်း ဦး ခေါင်း ဆေး မင်္ဂလာ ပြုလုပ်ပေးပါ
(ps... တရော် ကင်ပွန်းဖြင့်သာ ပြုလုပ်ပေးပါ)
(ထိုနေ့မှာ ဂုဏ်တော်(၉)ပါးရွတ်ပါ)

🍀သင်္ကြန်အတက်နေ့မှာ တတ်နိုင်တဲ့သူကလည်း
စတုဒိသာ အကျွေး အမွေး များ ဖြင့် ကုသိုလ် ယူနိုင်သ လို မတတ်နိုင်သော သူများ ကလည်း .. သောက်ရေ
သန့် လှူပေးပါ(ထိုနေ့မှာ မဟာသမယသု တ် ရွတ်ပါ)

🍀နှစ်ဆန်း တစ်ရက်နေ့ရောက် လျှင်တော့ ဥပုသ် သီတင်း
သီလ ဆောက်တည်ပြီး နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့
တရားဘာဝနာပွားများပါ(ထိုနေ့မှာ ပဌာန်းအကျယ်ဖွင့်
ရွတ်ပွားပါ အရပ်၁၀မျက်နှာနဲ့ ၃၁ဘုံ သားတို့အား
မေတ္တာပို့ပါ အမျှ ဝေပါ)

မြန်မာ နှစ်ကူးမှ စ၍ စီးပွားဥစ္စာများ တိုးတက်ကြဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်

Credit🙏🏿

❝လင်းလက်❞ထုတ်လုပ်သူမမမူ မှ သုံးဆွဲသူကာကာများကို ကျေးဇူးတုံပြန်တဲ့အနေနဲ့ လင်းလက် ပင်ရင်း 𝙋𝙖𝙜𝙚-𝟏ထဲဝင်ပြီး 𝙧𝙚𝙫𝙞𝙚𝙬ဝင်ရေးရုံန...
13/04/2024

❝လင်းလက်❞ထုတ်လုပ်သူမမမူ မှ သုံးဆွဲသူကာကာများကို ကျေးဇူးတုံပြန်တဲ့အနေနဲ့ လင်းလက် ပင်ရင်း 𝙋𝙖𝙜𝙚-𝟏ထဲဝင်ပြီး 𝙧𝙚𝙫𝙞𝙚𝙬ဝင်ရေးရုံနဲ့ ငွေသား 5သိန်း ကံစမ်းမဲ့အခွင့်အရေးကြီး
𝙧𝙚𝙫𝙞𝙚𝙬ဝင်ရေးနည်းလေး အဆင့်ဆင့် 👇ဝင်ကြည့်ပါ
ကံထူးကြပါစေရှင့်❤️💛❤️

သမီးလေးမြတ်နိုးရဲ့ review လေးပါရှင့်မြတ်နိုးက ဆံပင်အရှည်ကိုနှစ်သက်တဲ့အတွက်​ကြောင့် ငယ်ငယ်​လေးထဲက ဆံပင်အရှည်ထားခဲ့တာပါခေါ...
12/04/2024

သမီးလေးမြတ်နိုးရဲ့ review လေးပါရှင့်
မြတ်နိုးက ဆံပင်အရှည်ကိုနှစ်သက်တဲ့အတွက်​ကြောင့် ငယ်ငယ်​လေးထဲက ဆံပင်အရှည်ထားခဲ့တာပါ
ခေါင်း​လျှော်ရည် အမျိုးမျိုးနဲ့ ​လျှော်ခဲ့မိတဲ့အတွက်​
ကြောင့် မြတ်နိုးရဲ့ ဆံသား​လေး​တွေဟာ ပျက်စီးလာလို့ မြတ်နိုးစိတ်အရမ်းညစ်​နေတဲ့အချိန်မှာ မြတ်နိုးရဲ့ အသိမိတ်​ဆွေတစ်​ယောက်က ပြည်တွင်းဖြစ်ပစ္စည်း​လေးဖြစ်တဲ့ " လင်းလက်သဘာဝ​​ခေါင်း​လျှော်ရည်နဲ့ သဘာဝ​ပေါင်းဆီ " ​​လေးကို သုံးကြည့်ဖို့ လမ်းညွှန်​ပေးခဲ့ပါတယ်
ဒီ ပြည်တွင်းဖြစ်ပစ္စည်း​လေးက မြန်မာနိုင်ငံအလယ်ပိုင်း အညာ​ဒေသ နတ်​မောက်မြို့မှ ထုတ်လုပ်​ထားပြီး
သဘာဝပစ္စည်း​တွေနဲ့ ​ပေါင်းစပ်ပြုလုပ်ထားတဲ့ အတွက်​ကြောင့် မြတ်နိုးစမ်းသုံးကြည့်ခဲ့ပါတယ်ရှင်💫

ခေါင်း​မ​လျှော်ခင် ၁နာရီ​လောက်အလိုမှာ မြတ်နိုးက
" လင်းလက် သာဘာဝ ​ပေါင်းဆီ "​လေးနဲ့ မြတ်နိုးရဲ့ ဆံသား​လေး​တွေကို ​ပေါင်းတင်ပါတယ်ရှင်
​သဘာဝပေါင်းဆီရဲ့အနံ့​လေးက ​မွှေး​မွှေးသင်းသင်း​လေးနဲ့ စိတ်ကိုကြည်လင်လန်းဆန်း​စေတယ်
ဆံပင်နှစ်ခွ​​တွေကို​ပျောက်​စေပြီး ဆံပင်​တွေပြန်​ပေါက်​စေတယ် ဆံသား​တွေကိုသန်မာ​စေတဲ့အတွက် မြတ်နိုးက​တော့ သုံးရတာအရမ်းအဆင်​ပြေပါတယ်🙆‍♀️

​ပေါင်းဆီ​လေးနဲ့​ပေါင်းတင်ပြီးသွားရင်​တော့ မြတ်နိုးက
" လင်းလက် သဘာဝ ​ခေါင်း​​လျှော်ရည် "​လေးနဲ့ ​လျှော်ပါတယ်
​လျှော်ပြီးသွား​တော့ မြတ်နိုး​လို ဆံပင်အရှည်ကြီး​တောင်မှ ကျွတ်လည်းမကျွတ်ဘူး ဆံပင်ရှင်းရတာ​လေးလည်း လွယ်ကူတယ် ဆံသား​လေး​တွေကို တစ်​ချောင်းချင်းစီ ​ပျော့ကျသွား​စေပါတယ်ရှင်..
သဘာဝ​ခေါင်း​လျှော်ရည်​လေးက မြတ်နိုးတို့လို ဆံပင်ကျွတ်တဲ့သူ​တွေဆို ဆံပင်ကျွတ်တာရပ်သွားမယ်
​ဗောက်ထတဲ့သူ​တွေဆို သက်သာ​​ပျောက်ကင်း​စေမယ်
ဆံပင်ကိုလည်းအရှည်မြန်​စေတဲ့အတွက်​ကြောင့် မြတ်နိုးက​တော့ " လင်းလက် သဘာဝ​ခေါင်း​လျှော်ရည် "​လေးနဲ့ အမြဲ​လျှော်ဖြစ်ပါတယ်ရှင်😍

လင်းလက် သဘာဝ​ပေါင်းဆီ​လေးနဲ့​ပေါင်းတင်ပြီး သဘာဝ​ခေါင်း​လျှော်ရည်​လေးနဲ့​​​လျှော်ပြီးသွားရင်​​တော့ မြတ်နိုးလို နက်​မှောက်​​တောက်ပပြီး လှပတဲ့ဆံ​ကေသာ​လေးကို ပိုင်ဆိုင်နိုင်မှာဖြစ်တဲ့အတွက် မြတ်နိုးက​တော့ ပြည်တွင်းဖြစ်ပစ္စည်း​လေးဖြစ်တဲ့ " လင်းလက် သဘာဝ​ခေါင်း​လျှော်ရည်နဲ့ သဘာဝ​ပေါင်းဆီ " ​လေးကို ဆံပင်ကျွတ် ဆံသားပျက်စီး ​ဗောက်ထတဲ့ဆံသားပိုင်ရှင်​လေး​တွေကို သုံးကြည့်ဖို့ လမ်းညွှန်ချင်ပါတယ်ရှင်💌

လင်းလက်သဘာ၀ခေါင်းလျှော်ရည်နဲ့သဘာ၀ဆံပင်သန်၊ဆံပင်ပြန်ပေါက် ပေါင်းဆီကို၀ယ်ယူသုံးစွဲချင်လို့ဆက်သွယ်ချင်ရင်09773185605/09685191195 ပပဲဖြစ်ပါတယ်ရှင့်
#မူဆယ်မြို့ကိုယ်စားလှယ်

Adresse

Democratic Republic Of The
HIမင်ဂလာပါရှင့် လင်းလက်သဘာ၀စစ်စစ်ထုပ်ကုန်အမျိူးမျိူးဖြန့်ချီရေးPAGEမှကြိုဆိုပါတယ

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque zinmar လင်းလက်ရှမ်းပြည်နယ်လက်လီလက်ကား ကိုယ်စားလှယ်ကြီး publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Partager