Daw A Me Zaw Tester

Daw A Me Zaw Tester 🦋There is a Story behind every smile🦋
ဒီ Accတစ်ခုပဲသုံးပါတယ်ရှင့်
Fake accများအတွက်တာဝန်မယူပါရှင့်

Those born in 1999 are now 24 years old..Life is fast, isn't it 🥺
14/11/2023

Those born in 1999 are now 24 years old..
Life is fast, isn't it 🥺

08/10/2023

မငြီးနဲ့ ✍🏻

"ထ" ဖို့ပျင်းရင်
"ဝ"လို့မငြီးနဲ့ ။

"ကု"ဖို့ပျင်းရင်
"နာ"လို့မငြီးနဲ့။

"လုပ်"ဖို့ပျင်းရင်
"ငတ်"လို့မငြီးနဲ့။

"သွား"ဖို့ပျင်းရင်
"ကျန်"ခဲ့လို့မငြီးနဲ့။

တစ်ခါတလေ‌ေအမီတို့အသက်တာမှာငြီးငြူတတ်ကြတယ်။
ပျင်းရိနေတတ်ကြတယ်။
တစ်ခုခုလုပ်ဖို့ မိမိကိုယ်တိုင်လုပ်နိုင်ရဲ့သားနဲ့ မလုပ်ဘဲသူများကိုအားကိုးကြည့်ချင်ကြတယ်။
မိတ်ဆွေသင့်ဘဝမှာ
တစ်ခါငြီးတိုင်း၊ သင်တစ်ခါကျရှုံးနေတယ်ဆိုတာကို သတိရပါ။
ငြီးတွားခြင်းတိုင်းမှာ သင့်အတွက်ကျန်ခဲ့တဲ့ရလဒ်တစ်ခုရှိနေတယ်ဆိုတာကိုသတိရပါ။
ဒီတော့ အေမီချစ်တဲ့မိသားစုမိတ်ဆွေအားလုံး ငြီးတွားခြင်းကင်းလျက်
အောင်မြင်တိုးတက်သောသူများဖြစ်ကြပါစေလို့
ဆုတောင်းရင်း
ချစ်တယ်နော်💞

"ဒီကောင်မလေးအနားမှာ ကြင်နာစွာ ရှိနေပေးမယ့်လူတစ်ယောက် လိုအပ်နေတယ်ဆိုတဲ့  A Me Zaw
01/09/2023

"ဒီကောင်မလေးအနားမှာ ကြင်နာစွာ ရှိနေပေးမယ့်လူတစ်ယောက် လိုအပ်နေတယ်ဆိုတဲ့ A Me Zaw

" တာဝန်နှစ်ခု "****************မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ်မင်းတို့ရဲ့ဘဝကိုမင်းတို့မိဘတွေထက်ပိုသာလွန်တဲ့ဘဝဖြစ်အော...
22/08/2023

" တာဝန်နှစ်ခု "
****************
မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ်
မင်းတို့ရဲ့ဘဝကို
မင်းတို့မိဘတွေထက်
ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုးစားရမယ်
မင်းတို့ရဲ့သားသမီးတွေကို
မင်းတို့ဘဝတွေထက်ပိုပြီး
ကောင်းမွန်အောင်စွမ်းဆောင်ပေးရမယ်

"အချိန်ဆိုတာ ဘဝ"
==============
မင်းအသက် ၃၀ ငါ့အသက် ၈၆
ဒါအချိန်ပဲ
အချိန်ကဘဝပဲ
အချိန်မပါဘဲ ဘဝကိုဖွဲ့စည်းလို့မရဘူး
မင်းဘဝကိုတန်ဖိုးထားရင်
မင်းရဲ့အချိန်ကိုလည်း တန်ဖိုးထားရလိမ့်မယ်

" နှလုံးသားလှဖို့လိုတယ် "
===============
ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ်
ငါအချစ်ဆုံးပဲ
သူတို့ကနှလုံးသားရှိလို့
ဥစ္စာရူးရယ် အာဏာရူးရယ် ငါအမုန်းဆုံး
သူတို့ကနှလုံးသားမရှိလို့

" အားခဲထားနိုင်ရမယ် "
=============
စိတ်ပျက်လက်ပျက်ဆိုတာမျိူးမဖြစ်စေနဲ့
စိတ်ပျက်ချင်ပျက် လက်တော့မပျက်နဲ့
ဆိုလိုတာက
လေ့ကျင့်ကြိုးပမ်းမှုကိုမလျော့လိုက်နဲ့

" အကျင့် "
========
လူတွေက
မကောင်းတာလုပ်ဖြစ်ရင်
မကောင်းအကျင့်ပါသွားမှာကျသိကြတယ်
ငါပြောမယ်
မကောင်းတာအကျင့်လုပ်ရင်
မကောင်းကျင့်ပါသွားမှာပဲ
အဲ့ဒီလိုပဲ
ကောင်းတာကိုလည်း
အကျင့်လုပ်ရင်
ကောင်းတဲ့အကျင့်ဖြစ်သွားမှာပဲ

" ရခဲမှရတနာ"
==========
အောက်တန်းကျဖို့ဆိုတာ
ကြိုးစားနေဖို့မလိုဘူး
တစ်နေ့
ငါအောက်တန်းကျရမယ်လို့
အဓိဋ္ဌာန်ပြုနေဖို့မလိုဘူး
အောက်တန်းကျတာရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့
အထက်တန်းစားစိတ်ဓာတ်ဖြစ်ဖို့ကျ
ခဲယဉ်းသွားပြီ

" သတိမမူရင် ဂူမမြင်ဘူး "
===============
လူတွေက
သူများထီပေါက်ရင်သာ
ငါလည်း ထီပေါက်နိုင်တယ်လို့ တွေးတတ်ကြတာ
သူများကားတိုက်ရင်
ငါလည်း ကားတိုက်ခံရနိုင်တယ်လို့
မတွေးကြဘူး
သူများအောင်မြင်ရင်သာ
ငါလည်းအောင်မြင်မယ်လို့သာ တွေးကြတာ
သူများကျရှုံးရင်
ငါလည်း ကျရှုံးနိုင်တယ်လို့မတွေးကြဘူး
သတိထား အစစအရာရာ
သတိဆိုတာ ပိုတယ်မရှိဘူး

" အခိုက်အတန့် "
===========
လူတွေက
ချမ်းသာခြင်းသာ
သင်္ခါရလို့ထင်တယ်
တစ်ကယ်တော့
ဆင်းရဲခြင်းလည်း သင်္ခါရပဲ
မင်းကြိုးစားနေသမျှကာလပတ်လုံး
အဆင်မပြေခြင်းက သင်္ခါရ
မင်း မကြိုးစားပဲ
ရေသာခို အချောင်နေနေသရွေ့
မင်းအတွက်ဆင်းရဲခြင်းက
ထာဝရပဲ

" တောင်းမှာအကွပ် "
=============
အသိပညာရှိသောသူ၊ ဆုံးမထိုက်သောသူ၊ ဆုံးမရန်
ဝတ္တရားရှိသောသူတွေကိုက
ပစ်ပယ်လိုက်ပြီဆိုရင်တော့
အဲ့ဒီကောင်ဘဝ သေပြီလို့မှတ်လိုက်တော့.

"စာနာမှု"
=======
"ကိုယ့်အတွက်ချည်းပဲ မကြည့်ဘဲ သူများအတွက်လည်း
ကြည့်ပေးနိုင်တာကလည်း
ယဉ်ကျေးမှုပဲ"

"ရိုးသားပါ "
========
ကိုယ်မရသင့်တာကို မယူချင်ပါနဲ့..
ကိုယ်မရသင့်တာကို ယူလိုက်မိရင်
ကိုယ်မလိုချင်တာတွေကိုပါ လက်ခံရတတ်တယ်

" လူမိုက်နှင့် လူလိမ္မာ "
===============
လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို
ယူတတ်ကြတယ်
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက် နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့

"ရင်ဆိုင်ပါယှဉ်ပြိူင်ပါ "
==============
တညည်းညည်း တညူညူနဲ့
"ငါတော့ ကံဆိုးတာပဲလို့
အောက်မေ့နေရင်
အဲဒီလူ တစ်ကယ်ကံဆိုးသွားပြီလို့သာ
အောက်မေ့ပေတော့..
လောကကြီးမှာ ရှုံးလို့ထွက်ပြေးရင်
တစ်သက်လုံးပြေးပေတော့..
အောင်မြင်မှု ဘယ်တော့မှ မရဘူး..
ထွက်ပြေးတဲ့ကောင် ဘယ်တော့မှနိုင်ရိုးမရှိဘူး..
ရင်ဆိုင်နိုင်တဲ့ကောင်မှ နိုင်တာ..။

MM

" မင်းသိလာလိမ့်မယ် "🌿🌿🌿🌿🌿🌿🌿🌿🌿📖 မင်းကို သိပ်ခင်ပါတယ်ဆိုတဲ့ 📖 သူငယ်ချင်းတွေ အများကြီးထဲမှာ ……📖 ဘယ်သူတွေက သူငယ်ချင်းအစစ်အမှ...
22/08/2023

" မင်းသိလာလိမ့်မယ် "
🌿🌿🌿🌿🌿🌿🌿🌿🌿

📖 မင်းကို သိပ်ခင်ပါတယ်ဆိုတဲ့
📖 သူငယ်ချင်းတွေ အများကြီးထဲမှာ ……
📖 ဘယ်သူတွေက သူငယ်ချင်းအစစ်အမှန်တွေလဲဆိုတာ
📖 မင်းဒုက္ခရောက်တဲ့အချိန်မှာ သိလာလိမ့်မယ်။

📖 မင်းဒုက္ခရောက်နေတဲ့အချိန်မှာ မင်းအောင်မြင်တုန်းက
📖 ဆွဲပြီးနှုတ်ဆက်ခဲ့တဲ့ လက်တွေဟာ ……
📖 မသိမသာ နောက်ဆုတ်သွားကြလိမ့်မယ်။
📖 စစ်မှန်တဲ့ သူငယ်ချင်းတွေကသာ ……
📖 မင်းကို လက်တွဲပြီး ကူညီကြလိမ့်မယ်။

📖 အောင်မြင်တဲ့အချိန်မှာ ……
📖 ဆွဲပြီးနှုတ်ဆက်တဲ့ လက်တွေထက်
📖 ကျရှုံးချိန်မှာ တွဲထူပေးတဲ့ ……
📖 လက်တွေကသာ ပိုပြီးတန်ဖိုးရှိပါတယ်။

📖 မင်းအဆင်မပြေဖြစ်တဲ့ အချိန်မှာ
📖 လက်အတု ပိုင်ဆိုင်ထားတဲ့
📖 သူငယ်ချင်းတွေက ……
📖 မင်းအနားက ထွက်ခွာသွားကြလိမ့်မယ်။

📖 စစ်မှန်တဲ့ လက်ပိုင်ရှင်တွေကသာ ……
📖 မင်းအနားမှာ ကူညီဖို့ စောင့်ဆိုင်းနေကြမှာပါ။
📖 လောကမှာ လက်ပါတဲ့လူတိုင်း
📖 မကူညီတတ်ကြပါဘူး။

📖 တစ်ချို့လက်တွေဟာ ကူညီဖို့အတွက်ဆို
📖ပျောက်ဆုံးနေကြပြီး ရယူဖို့ကျမှ ……
📖 ပေါ်ပေါက်လာတတ်ကြပါတယ်။

📖 မင်းကူညီခဲ့တဲ့ သူတိုင်း ……
📖 မင်းကိုပြန်ပြီး မကူညီကြဘူးဆိုတာ ……
📖 မင်းလိုအပ်တဲ့အချိန် သိလာလိမ့်မယ်။

📖 တစ်ချို့တွေက သူတို့လိုအပ်ချက်အတွက်
📖 တစ်ခဏတာ လာရောက်ပေါင်းသင်းတဲ့ ……
📖 မိတ်ဆွေတု၊မိတ်ဆွေယုတ်တွေပါ။

📖 မင်းအောင်မြင်ပြီး အဆင်ပြေနေတဲ့အချိန် ……
📖 မင်း အကြိုက်လိုက်ပြီး ပေါင်းလို့သင်းလို့ကောင်းတဲ့ ……
📖 သူငယ်ချင်းတွေ မင်းအရောင်အဝါ ကင်းမဲ့လာချိန်မှာ
📖 ပေါင်းရသင်းရ ကြပ်လာလိမ့်မယ်။

📖 တစ်ချို့အရာတွေက အမြင့်က တက်ကြည့်မှ
📖 အရာအားလုံးကို မြင်တွေ့ရတာပါ။

📖 လူမှုပေါင်းသင်း ……
📖 ဆက်ဆံရေးမှာလည်း ဒီလိုပါပဲ။

📖 ကိုယ်အဆင်ပြေနေချိန်မှာ ဘယ်သူက မိတ်ဆွေစစ်၊
📖 ဘယ်သူက မိတ်ဆွေတုဆိုတာ ခွဲခြားရခက်ပါတယ်။

📖 ကိုယ်အဆင်မပြေဖြစ်မှသာ ……
📖 ခွဲခွဲခြားခြား သိနိုင်တာမျိုးပါ။

📖 အပေါင်းအသင်းတိုင်းကို
📖 ကိုယ့်လိုထင်ပြီး ……
📖 မျက်စိမှိတ် မယုံကြည်လိုက်ပါနဲ့။

📖 ကိုယ်ကျိုးအတွက်
📖 တစ်ကိုယ်ကောင်းဆန်တဲ့
📖 အတ္တသမားတွေလည်း ရှိနေပါတယ်။

📖 လိမ္မာပါးနပ်စွာနဲ့
📖 လူတစ်ယောက်ရဲ့အပြုအမူ၊
📖 အပြောအဆိုနဲ့ သူအကြောင်းကို
📖 ထဲထဲဝင်ဝင် လေ့လာပြီးမှသာ
📖 သူငယ်ချင်းအဖြစ် လက်ခံသင့်ပါတယ်။

📖 တစ်နေ့ကြရင် ဒါတွေကို မင်းသိလာမှာပါ။
MM

02/08/2023

I don't need your approval to be myself ❤️👑👑

Send a message to learn more

01/08/2023

🙏🙏🙏 Morning send 🙏🙏🙏

ပြိုင်သင့်မှ ပြိုင်ပါမြေခွေး တစ်ကောင်ဟာ ကေသရာဇာ ခြင်္သေ့ကြီးဆီ ရောက်လာပြီး "သတ္တိရှိရင် မင်းနဲ့ ငါ အားပြိုင်ရအောင်" ဆိုပ...
30/07/2023

ပြိုင်သင့်မှ ပြိုင်ပါ

မြေခွေး တစ်ကောင်ဟာ ကေသရာဇာ ခြင်္သေ့ကြီးဆီ ရောက်လာပြီး "သတ္တိရှိရင် မင်းနဲ့ ငါ အားပြိုင်ရအောင်" ဆိုပြီး စိန်ခေါ်လိုက်တယ်။

မြေခွေး စိန်ခေါ်တာကို ခြင်္သေ့ကြီးက
လုံး၀ ဂရုမစိုက်ပဲ မသိသလို နေလိုက်တယ်။

အဲဒီတော့ မြေခွေးက "ဟား..ဟား... မင်းဟာ သရဲဘောကြောင်တဲ့အကောင် သတ္တိမရှိတဲ့ အကောင်။
မင်း ငါ့ကို တုန်နေအောင် ကြောက်တယ်ဆိုပြီး တစ်တောလုံးသိအောင် ငါ လျှောက်ပြောလိုက်မယ်" လို့ ခြိမ်းခြောက်လိုက်ပါသတဲ့။

အဲ့ဒီလို ပြောလိုက်တဲ့အခါမှာ
ခြင်္သေ့ကြီး က မြေခွေးကို သေချာကြည့်ပြီး

"ငါ့ကို အများက ငကြောက်လို့ ပြောချင် ပြောကြပါစေကွာ။ မင်းလို နိမ့်ကျတဲ့ မြေခွေး လို အကောင်မျိုးနဲ့တောင်
တုပပြီး ရန်ပြိုင်ဖြစ်တတ်တဲ့ အကောင်ပါလားဆိုပြီး
အများက အထင်သေးကြမှာကိုတော့ ငါ မခံနိုင်ဘူး"လို့ ပြန်ပြောလိုက်သတဲ့။

ဒီပုံပြင်လေးက ကျွန်တော်တို့ကိုပေးတဲ့ သင်ခန်းစာက လူတိုင်းက ကျွန်တော်တို့ ယှဉ်ပြိုင်မှုနဲ့ မထိုက်တန်သလို သွားပုပ်လေလွင့် စကားလုံးတိုင်းကိုလည်း လိုက်ပြီး တုံ့ပြန်ဖြေရှင်းနေဖို့ မလိုပါဘူး။

ကိုယ့်အလုပ်ကိုယ်လုပ်နေသူတွေကသာ နောက်ဆုံးမှာ အောင်မြင်မှုတွေနဲ့ပျော်ရွှင်စွာ ဘဝဖြတ်သန်းရမှာဖြစ်ပြီး ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ လူတကာနဲ့ လိုက်ပြိုင်နေသူကသာ နောက်ဆုံးမှာ ရှုံးနိမ့်မှုတွေနဲ့ တလောကလုံးကို ပြစ်တင်ဝေဖန်ရင်း ဇာတ်သိမ်းသွားကြရမှာပါ။

လူ့ဘဝကတိုတိုလေးပါ။ သူများနဲ့လိုက်ပြိုင်ပြီး အချိန်ကုန်မခံကြပါနဲ့။ ကိုယ့်အလုပ်ကိုကိုယ်အာရုံစိုက်ရင်း မနေ့ကကိုယ်ထက် ဒီနေ့ကိုယ် ပိုသာအောင် ပိုတိုးတက်အောင်ပဲ ပြိုင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

26/07/2023

ကိုကြီးရဲ့အသက်ရှည်ဆေးလားမောင့်လေးရဲအသက်ရှည်ဆေးလာ
👀👀

Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier Ă  savoir et laissez-nous vous envoyer un courriel lorsque Daw A Me Zaw Tester publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisĂŠe Ă  d'autres fins, et vous pouvez vous dĂŠsabonner Ă  tout moment.

Partager

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram