Teaching of Buddha

Teaching of Buddha Welcome to our " Teaching of Buddha" page and like and share, thanks.

26/08/2024

တစ်နေ့ကိုအနည်းဆုံး
(၁) ခေါက်ဖတ်ပါကျင့်ပါ။

ကျေးဇူးရှင်
ဆားတောင်ဆရာတော်ကြီး
မိန့်ကြားထားခဲ့သောဩဝါဒ (၂၅)ချက်
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

(၁) ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် တရားကတော့ အားထုတ်ရမှာပဲ။ အားထုတ်ခွင့် ကြုံတုန်း အားထုတ် ကြ။ သာသနာပပြီဆိုရင် ဝိပဿနာနဲ့ တွေ့ရမှာ မဟုတ်ဘူး။ ဒီတော့ ပိုနစ်နာတယ်။

(၂) တရားအားထုတ်ဖို့တော့ မအားဘူး။ မအားဘူးလို့ ပြောကြတယ်။ သေချိန်ကျလာလို့ မသေ ချင်ဘူးလို့ ပြောလို့ရတာ မဟုတ်ဘူး။ မအားဘူး လို့ ပြောလို့ရတာ မဟုတ်ဘူး။

(၃) တရား အားထုတ်တယ်ဆိုတာ အားနဲ့မာန်နဲ့ အားထုတ်ရတယ်။ မသေချာ မရေရာတဲ့ အ လုပ်တွေတောင်မှ ဟုတ်နိုးနိုး၊ တော်နိုးနိုးနဲ့ သက်စွန့်ဆံဖျား လုပ်နေရတာပဲ။ သေချာရေရာတဲ့အလုပ် ဘာမလုပ်ရဲစရာ ရှိလဲ။ ဆင်းရဲ တစ်ဘဝပေါ့။ တစ်ဘဝတောင်မှ ခဏလေးပါ။

(၄) ထိတိုင်းထိတိုင်း သိနေပါစေ။ ကိလေသာ ကြားမခိုစေနဲ့။

(၅) တရားအားထုတ်တယ်ဆိုတာ ထမင်းစားသလိုပဲ။ မဆာလည်းစား၊ ဆာလည်းစား။ စားကောင်းလိမ့် မယ် ထင်ပေမယ့် တကယ်စားတော့ မြိန်ချင်မှ မြိန်တာ။ မကောင်းဘူး ထင်လို့လည်း တကယ်စားတော့ မြိန်ချင်မြိန်တာ။ ဒီတော့ အားမထုတ်ချင်လည်းထုတ်။ထုတ်ချင် လည်း ထုတ်ပေါ့။

(၆) ဝိပဿနာတရား အားထုတ်ရတာ အလွန်ကောင်းပါတယ်။ အ၀တ် လည်း ပြောင်းစရာ မလိုဘူး။ ဂူလည်း အောင်းစရာ မလိုဘူး။ ပုထုဇဉ်စရိုက်မူ ပြောင်းဖို့ လိုတယ်။

(၇) ကိုယ့်ခန္ဓာကိုယ်ရှု သူများအပြစ် သွားရှုမနေနဲ့။ သူများအပြစ် သွားရှုနေ တော့ အမှုပွေတာပေါ့။

(၈) မိမိခန္ဓာက ဖြစ်ပေါ်နေတဲ့ ဝေဒနာကို သည်းခံရှုမှတ်နိုင်မှ ပတ်၀န်းကျင် ရဲ့လောကဓံတွေကိုလည်း ခံနိုင်ရည် ရှိမယ်။

(၉) တရားအားထုတ်တဲ့အခါ ကိလေသာ ကြားမခိုအောင် နှာသီးဝလေးကို ထိတိုင်း သိနေပါစေ။ ထိတဲ့အပေါ် သတိထား။ သတိထားရင် တရားမြင်မယ်။သတိမထားရင် အမှား၀င်မယ်။

(၁၀) အရိယာ သူတော်ကောင်းတို့ဆိုတာ ရုပ်ရယ်၊ နာမ်ရယ်၊ တရားရယ်၊ ဒီသုံးဦးနဲ့ပဲ အဖော်ပြုနေတာ ပါ။ သူတို့မှာ ပျင်းတယ် မရှိပါဘူး။

(၁၁) လူသာဓုခေါ် နတ်သာဓုခေါ်လောက်နဲ့ ကျေနပ်တင်းတိမ် မနေကြနဲ့။ ဘုရား ရဟန္တာ အရိယာ သူတော်ကောင်းတွေ ချီးမွမ်းတဲ့အထိ ဖြစ်ပါစေ။

(၁၂) ပထမတော့ တရားကို လူက ဦးဆောင်တယ်။ နောက်တော့ တရားက လူကို ဦးဆောင်တယ်။အဲဒီအချိန် လူက တရားနောက်ကို လိုက်ဖို့လိုတယ်။

(၁၃) ခန္ဓာကတော့ သူ့တရားသူ ပြနေတာပဲ။ လောဘ ဒေါသ မောဟ ဖုံးနေ တော့ ဘာမှ မသိလိုက်ရ ဘူး။

(၁၄) အားကိုး မမှားစေနဲ့။ မိမိကိုယ်ကို မိမိ အားကိုးရမယ်။

(၁၅) ဘာမဆို အတွင်းက အေးနေအောင် လုပ်ရတယ်။ အပြင်က ဘယ် လောက်ပူပူ အတွင်းက အေး နေတော့ အေးတာပဲ။ အပြင်က ဘယ်လောက် အေးအေး အတွင်းက ပူတော့ ပူတာပဲ။

(၁၆) တရားနှင့် အိပ်စက်ခြင်း တရားနှင့်နိုးထခြင်း၊ တရားနှင့် မွေ့လျော်ခြင်း၊ ဒါ အပ္ပမာဒ တရားပဲ။

(၁၇) လောကီချမ်းသာက တစ်ဘ၀စာ တစ်နပ်စာ။ လောကုတ္တရာ ချမ်းသာကမှ တစ်သံသရာလုံး အေး တာ။ တစ်ဘ၀ တစ်နပ်စာ မလုပ်နဲ့။ တစ်သံသလုံး ရာစာ လုပ်ကြ။

(၁၈) မကောင်းတာ လုပ်တာသာ ကြောက်ရမှာ။ ကေင်းတာလုပ် တာ ကြောက်စရာမလိုဘူး။ မကောင်း တာတောင် ရဲရဲလုပ်ရဲရင် ကောင်းတာ လုပ်တာ ဘာမလုပ်ရဲစရာရှိသလဲ ?

(၁၉) မဟုတ်လည်း သည်းခံ၊ ဟုတ်လည်း သည်းခံရမှာပဲ။ ခံရမည့် အတူတူ တော့ အခုကတည်းက ခံလိုက်တော့ သံသရာ ပြတ်တာပေါ့။

(၂၀) လောဘ ဒေါသ မောဟ ကင်းအောင် ပြတ်အောင် လုပ်ကြ။ ဖြစ် အောင်လဲ မလုပ်နဲ့။ ပျက်အောင် လဲ မလုပ်နဲ့။ဖြစ်တာပျက်တာ အမြဲ သိနေ ပါစေ။ ဖြစ်အောင်လုပ်တာ လောဘ။
ပျက်အောင်လုပ်တာ ဒေါသ။ဖြစ်တာ ပျက်တာ မသိတာ မောဟ။

(၂၁) စိတ်ကဖြတ်လို့ ပြတ်တာ မဟုတ်ဘူး။ တရားကဖြတ်မှ ပြတ်တာ။ တရားရှိအောင် အားထုတ်ကြ။ တရားရှိတော့ တရားကပဲ ဖြတ်ပေး တယ်။ ပြတ်ပေးတယ်။ ပါယ်ပေးတယ်။

(၂၂) အမြတ်က မရှုံးစေနဲ့။ အရှုံးကသာ မြတ်ပါစေ။ အကုသိုလ်က ကုသိုလ် ဖြစ်ပါစေ။ ကုသိုလ်က အကုသိုလ် မဖြစ်ပါစေနဲ့။

(၂၃) ပုထုဇဉ်တွေ မကောင်းတာ လုပ်တာများ အဆန်းလုပ်မနေနဲ့။ အခု လည်း မကောင်းတာ လုပ်နေ သလို နောင်လည်း မကောင်းတာ လုပ်နေဦး မှာပဲ။ သူတို့ မကောင်းတာနဲ့ ကိုယ်နဲ့ ဘာဆိုင်သလဲ ?ကိုယ့်တရား ကိုယ်ရှုဖို့ပဲ လိုတယ်။

(၂၄) ဘုရားစကား နားလည်အောင်လုပ်။ ဘုရားစကား နားလည်ရင် လော ကစကားတွေအားလုံး နားလည်တယ်။

(၂၅) နိဗ္ဗာန်မဂ်ဖိုလ် ရလိုကြောင်းနဲ့ ဆုတောင်းခဲ့တာလည်း များလှပြီ။ ဝိဇ္ဇာဉာဏ်မပါ ဓမ္မတာတောင်း မို့ အာညောင်းရုံပဲ မောဖတ်တင်မည်။ဒါနပြု ကာ အခါခါတောင်းလည်း ငါကောင်းချင်မှု ခုခံနေသည်။
ငါတစ်လုံး ပါယ်ကာ ကွယ်ကာပေးမှလွန်စွာမနှေး နိဗ္ဗာန်မြင်မည်။

ထပ်ဆင့်ကူးယူမျှဝေပူဇော်ပါသည်။

သတ္တဝါခပ်သိမ်းတရားကိန်းအေးငြိမ်းချမ်းသာရှိပါစေ...
🙏🙏🙏🙏🙏

20/03/2024
https://youtube.com/?si=CnOseVGz8MOAe8Ypဒီလင့်လေးကို နှိပ်၍ တရားတော်များကို နေ့စဉ်နာယူနိုင်ပါသည်။တရားတော်များကို နေ့စဉ်ပ...
18/11/2023

https://youtube.com/?si=CnOseVGz8MOAe8Yp

ဒီလင့်လေးကို နှိပ်၍ တရားတော်များကို နေ့စဉ်နာယူနိုင်ပါသည်။
တရားတော်များကို နေ့စဉ်ပြန်လည်မျှဝေလျက် ရှိပါသည်။
အားလုံးသော ဓမ္မမိတ်ဆွေတို့လည်း ကျန်းမာချမ်းသာစွာဖြင့် ကပ်သုံးပါးမှ ကင်းဝေးကြပါစေ။🧘🧘🧘

17/11/2023

#တရားတော်များ #ပါချုပ်ဆရာတော်

07/11/2023

#တရားတော်များ #ပါချုပ်ဆရာတော်

ပါချုပ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော...
" သံယောဇဉ်" တရားဒေသနာတော်။

" လောကလူသားတို့နေ့စဉ်နဲ့အမျှ ဖြတ်သန်းနေရသော ဘဝဝယ် သံယောဇဉ်တရားဆိုတာ လူတိုင်းမကင်းနိုင်ကြတဲ့အရာပါ ဒါကြောင့် သံယောဇဉ်နဲ့ပက်သက်တဲ့ ဗဟုသုတများ ရရှိနိုင်ရန် နာယူသင့်သောတရားတော်"။

 #မဟာဂန္ဓာရုံဆရာတော်
07/11/2023

#မဟာဂန္ဓာရုံဆရာတော်

မင်္ဂလာပါ။
06/11/2023

မင်္ဂလာပါ။

  of Buddha       #တရားတော်များ 6.11.2023
06/11/2023

of Buddha
#တရားတော်များ
6.11.2023

Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Teaching of Buddha publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Partager

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram