21/02/2026
မကြာသေးခင်က ကလေးတယောက်ရဲ့ အမေရေးထားတဲ့ပိုစ့်တွေ့မိပြီး ကိုယ့်ကြုံဖူးတဲ့ case တခုအကြောင်းရေးချင်လာလို့
မနှစ်တုန်းက aortic valve replace လုပ်ထားပြီး warfarin သောက်နေရတဲ့လူနာအသက်လတ်ပိုင်းအမျိုးသားတယောက် ကိုယ်တွေဌာနကိုလွှဲလာတာ bacterial infection ပေါ့၊ လူနာက အဆို့ရှင်လဲထားတဲ့သူမို့ infective endocarditis riskများလို့ စမ်းသပ်စစ်ဆေးအဖြေရှာဖို့ရော၊ ဆေးရုံမှာထားရင်း ကုသမှုခံယူဖို့ဆိုပြီး လွှဲလိုက်တာ။ ကိုယ်တွေဆီရောက်တော့ စစချင်းi.v medication ပါပေးထားရင်း infection origin ကိုလည်းရှာပေါ့၊ ပထမဆုံး ATB mono နဲ့မရဘူး၊ ထိရောက်တဲ့ လက္ခဏာမပြတော့ double အဲ့ဒါလည်းမရ၊ တဖက်ကလည်း echo ကို TTE ရော TEE ပါကြည့်ရင်း endocarditis မဟုတ်တာသေချာအောင်စစ်၊ blood culture ကလည်း negative ပဲပြတယ်၊ ရှိသမျှ swap တိုင်းကလည်း negative ပဲ၊ abdominal ultrasound ကလည်းပုံမှန်။ လူနာက သူကနာတာရှည်ခါးနာတဲ့ဝေဒနာခံစားနေရတာ သူပြနေတဲ့ အာရုံကြောဆရာဝန်လည်းရှိတယ်ပေါ့၊ ပြီးခဲ့တဲ့ ၆ လလောက်က CT တောင်တခါရိုက်ဖူးသေးတယ်တဲ့၊ အာရုံကြောဆရာဝန်လွှဲထားလို့ rehabilitation ဌာနမှာ appointment ယူထားပြီးပြီ ဒါမယ့်အခုကိုယ်တွေဌာနမှာတက်နေရတော့ cancel လုပ်ရမလားမသိဘူးပေါ့။ ခါးကလည်းနာတော့ထိုင်ထမလုပ်နိုင်ဘူးcomplaint လုပ်တော့ inflammatory markers တွေကလည်း အတက်ပဲရှိပြီးအကျမရှိတာနဲ့ spondylodiscitis များဖြစ်နေမလားဆိုပြီး ခါးရိုးCT ရိုက်တော့ အဲ့မှာ metastasis တွေ့တယ်၊ ကင်ဆာဆဲလ်က spinal column ထဲထိဝင်နေပြီ၊ အဲ့ဒါနဲ့ လူနာပြောတဲ့ CT အဟောင်းနဲ့ယှဉ်ကြည့်တော့ အဲ့မှာ ကင်ဆာဆဲလ်ဆိုတာမတွေ့ရသေးဘူး။ အဲ့ဒါနဲ့ အာရုံကြောဆရာဝန်ဆီကို consultation ယူပြီး သူတို့အမြင်ကရော လူနာအတွက် ဘာလုပ်ပေးနိုင်မလဲပေါ့ တော်ကြာအဲ့ဆဲလ်ထပ်ကြီးလာလို့ အာရုံကြောမကြီးပါဖိမိရင် paralysis or paraplegic တွေပါဖြစ်မှာဆိုးလို့လေ။
အဲ့မှာတင် တိုင်တွေကစပတ်တာ ကင်ဆာဆိုတာမျိုးက လွယ်လွယ်ကုသလို့လည်းမရသလို ဖြစ်ပြီဆိုတာနဲ့ ဆဲလ်ပြန့်နှုန်းကလည်းရှိတော့ တကိုယ်လည်းစစ်ဆေးရတော့တာပေါ့။ ရောက်လာတော့ bacterial infection တကယ်က infection ထက် paraneoplastic syndrome လိုဖြစ်နေတာ၊ ကိုယ့်ဆီရောက်လာမှတော့ ကိုယ်နဲ့မဆိုင်ဘူးဆိုထားလို့လည်းမရဘူးလေ အဲ့ကင်ဆာOrigin ကိုရှာရတော့မှာပေါ့။ ဒါမယ့် လူနာကိုအရင်ဆုံး ကင်ဆာဆဲလ်တွေ့တဲ့အကြောင်းကိုအသိပေးဖို့လိုတယ်လေ၊ ကြားတာနဲ့ စိတ်အခြေအနေက ဘယ်သူမှလက်မခံချင်ဘူး အဲ့အချိန်ဆို ဘေးနားရှိသူ မိသားစုဝင်တွေရဲ့ role ကအရမ်းအရေးကြီးတယ် ပြီးရင်မှန်ကန်တဲ့ နည်းလမ်းနဲ့ supportive ဖြစ်ဖို့ကလည်းလိုသေးတယ်။ ကိုယ်ကအသိပေးလိုက်ရော အဲ့လိုတွေ့တာမို့ ဘာကင်ဆာလဲဆိုတာရှာဖို့လိုပါတယ်ပေါ့ ပြီးတော့ တခြားနေရာပါပြန့်နေ/မနေစစ်ရပါမယ်ပေါ့။ အမျိုးအစားသိမှ စစ်မှန်တဲ့ ကုသမှုပေးနိုင်မှာဖြစ်သလို ရောဂါဘယ်အဆင့်ရောက်နေလဲသိမှ သူ့နဲ့အသင့်တော်ဆုံးကုထုံးကိုရွေးချယ်နိုင်မှာလေ၊ ဒါမယ့်လူနာကလက်ခံနိုင်တဲ့အနေအထားတော့မဟုတ်၊ လက်မခံတော့ ယုံကြည်မှုထားဖို့ကလည်း ခဲယဉ်းသွားတယ်လေ၊ သူတလျှောက်လုံး သူ့GP နဲ့ပြနေတာ တခါမှ ဒီလိုကျန်းမာရေးအခြေအနေမဆိုးရွားဖူးဘူးပေါ့၊ ဆိုလိုချင်တာက ကိုယ်တွေကအပိုလုပ်နေသလို၊ ပြီးရင် ကိုယ်တွေဆေးရုံရောက်လာမှ သူ့မှာအဲ့ရောဂါရသလိုလို အဲ့လိုထင်ကြေးထိပါပြောလာတာ။ အဲ့လိုနဲ့ နောက်ဆက်တွဲစစ်ဆေးရင်း အဆုတ်ကင်ဆာမှန်းသိရတော့ အဆုတ်ဌာနကဆရာဝန်တွေနဲ့တိုင်ပင်ပြီး သူတို့ဆီလွှဲပေးဖို့ ပြင်ဆင်ပြီးပြီ၊ လူနာက warfarin သောက်နေရတဲ့သူမို့ LMWH ကိုပြောင်းပြီးမှ လူနာကိုလက်ခံချင်တော့ နောက်နှစ်ရက်နေမှ အဆုတ်ဌာနဘက်ကိုလူနာရွှေ့မယ်၊ အဲ့အချိန်လူနာကိုအသိပေးတယ် ကိုယ်မနက်round လှည့်တဲ့အချိန်ထိအကောင်း နောက်တော့ ဘယ်ကနေ ဘယ်လိုဖြစ်သွားလဲမသိ သူနာပြုတယောက်က အကြောင်းကြားလာတာ ဒီလူနာက ဆေးရုံအတင်းဆင်းချင်နေတယ် DAMA(discharge against medical advice) ဒီမှာဆို negativní reverz လို့ခေါ်တယ် အဲ့တာလက်မှတ်ထိုးပြီးဆင်းမယ်လို့ပြောနေတယ်တဲ့ ဒေါက်တာနဲ့ စကားပြောချင်နေတယ်ဆိုတာနဲ့ ကိုယ်သွားပြီး အပြန်အလှန်ပြောရင်းဖျောင်းဖျသေးတယ် နောက်ဖြစ်လာနိုင်တဲ့ ဆိုးကျိုးအခြေအနေပါပြောပြတော့လည်း သူဆေးရုံမှာကိုဆက်မနေနိုင်တော့ပါဘူး သူ့ဘာသာ GP နဲ့ပြပြီးအဆုတ်ဌာနလည်း ကိုယ်တိုင်သွားမယ်တဲ့၊ ကိုယ်ပြောလို့မရတော့ ကိုယ့်ထက်စီနီယာကျတဲ့ ဆရာဝန်ကပါလာပြီး ဖျောင်းဖျကြည့်တော့လည်း မရ။ လူနာကာယကံရှင်ဆန္ဒကိုဆန့်ကျင်ပြီး ဆက်ထားလို့မရဘူးလေ အဲ့ဒါကလည်း wrong practice ပဲ အဲ့တော့ လက်မှတ်ထိုးပြီးဆင်းပေးဖို့ လုပ်ရတာပါပဲလေ။ ကိုယ့်တကိုယ်ရည်အရတော့ စိတ်မကောင်းဘူးလေ ရောဂါလည်းသိပြီ မှန်ကန်ပြီးထိရောက်တဲ့ treatment ပေးနိုင်ဖို့ လက်တကမ်းပဲလိုတော့တာကို လူနာကလက်မခံချင် သူ့ဘာသာသူ့နည်းလမ်းနဲ့သွားချင်တယ်ဆိုတော့လည်း မတတ်နိုင်ဘူး လက်ခံပြီး လက်လွတ်ပေးရတာပေါ့။