23/10/2018
https://m.facebook.com/story.php?story_fbid=910083589186425&id=783979191796866
ဈေးသည်
" ဈေးဗန်းထဲမှာ- ဆန္ဒအချို့"
မနက်ဖြန်နှင့်
အနက်ပြန်ထားသည့်
အသွေး အရောင်စုံ
မျှော်လင့်ချက်များ
ငါရွေးချယ် ခင်းထားတယ်
အဲ့ဒိဈေးဗန်းထဲမှာပဲ
ပါးပါးချခင်း ထားသော
အမြတ်အစွန်း သတင်းအချို့ -
သူ့အနက်မှာ
ခေါင်းစဉ်အမျိုးမျိုးခိုလှုံလျက်
ရှေ့ဆက်ရမည့်
မနက်ဖြန်အတွက်
ည မနက်တွေ ရောင်းချရင်း
ဗန်းထဲ၌ ကျန်ရှိနေသော
ဆန္ဒ အချို့
မနက်ဖြန်ဖို့
မျှော်လင့်သိမ်းထုပ်-
အဟုတ် အိမ်ပြန်ခဲ့တယ်
ညနေ ...။
တစေ
22 Oct 18