ConvaTec Myanmar

ConvaTec Myanmar Ostomy Appliances and Advance Wound Care

လူတိုင်းနီးပါးက အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာတွေ ရဖူးကြမှာပါ။ အရေပြားထိခိုက်ဒဏ်ရာတွေဆိုတာ သေးသေး၊ ကြီးကြီး သေခ...
09/03/2024

လူတိုင်းနီးပါးက အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာတွေ ရဖူးကြမှာပါ။

အရေပြားထိခိုက်ဒဏ်ရာတွေဆိုတာ သေးသေး၊ ကြီးကြီး သေချာဂရုမစိုက်ရင် အနာကျက်ဖို့ကြာပြီး ပိုးဝင်ဖျားနာနိုင်ခြေများလို့ မပေါ့ဆသင့်ပါဘူး။ 💁
---

ထိခိုက်ဒဏ်ရာတွေကို အမြန်သက်သာ ပျောက်ကင်းစေဖို့အတွက်ဆိုရင် Duoderm Hydroactive Gel ကို အားကိုးလိုက်ပါ။ 🤗

Duoderm Hydroactive Gel က —

🔹အနာကျက်ဖို့လိုအပ်တဲ့ အစိုဓာတ်အပြည့်အဝ ရစေတယ်။
🔹ပိုးဝင်နိုင်ခြေ လျော့နည်းစေတယ်။
🔹အနာကျက် မြန်စေတယ်။
🔹အသားတက် မြန်စေတယ်။
🔹နာကျင်မှုကို သက်သာစေတယ်။
🔹ရောင်ရမ်းမှု လျော့ကျစေတယ်။
🔹လိမ်းရလွယ်ကူပြီး ဖယ်ရှားရလွယ်ကူတယ်။
🔹ဆဲလ်သေတွေနဲ့ ပြည်တွေကို စုပ်ယူဖယ်ရှားပေးတယ်။

အဲ့လိုအာနိသင်တွေရှိတဲ့ Duoderm Hydroactive Gel ကို —

🔹ထိခိုက် ပွန်းပဲ့ဒဏ်ရာ
🔹အိပ်ရာနာ
🔹ဆီးချိုအနာ
🔹ပြည်တည်နာတွေမှာ အသုံးပြုနိုင်ပါတယ်။

✅ ထိခိုက်ဒဏ်ရာတွေကြောင့် မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေမဖြစ်ဘဲ အမြန်ဆုံး သက်သာပျောက်ကင်းဖို့ဆို Duoderm Hydroactive Gel ကို သတိရလိုက်ပါ။


#အနာ

အနာကျက်မြန်စေမယ့် လျှို့ဝှက်ချက်တွေကို သိကြလား...❓အနာတွေမြန်မြန်ကျက်ဖို့ဆို သွေးထောက်ပံ့မှုကောင်းကောင်းနဲ့ အာဟာရပြည့်စုံ...
03/03/2024

အနာကျက်မြန်စေမယ့် လျှို့ဝှက်ချက်တွေကို သိကြလား...❓

အနာတွေမြန်မြန်ကျက်ဖို့ဆို သွေးထောက်ပံ့မှုကောင်းကောင်းနဲ့ အာဟာရပြည့်စုံစွာရရှိဖို့အပြင် အစိုဓာတ်ပြည့်ဝနေဖို့လည်း လိုအပ်ပါတယ်။ 🩸💧

အဲ့တာကြောင့် ခြောက်သွေ့တဲ့အနာတွေဆို အနာကျက်ဖို့ ပိုအခက်တွေ့နိုင်ပါတယ်။

အဲ့လိုပြဿနာတွေကို ဖြေရှင်းဖို့အတွက်ဆို Duoderm Hydroactive Gel ရှိပါတယ်။ 🤗

Duoderm Hydroactive Gel က အနာကျက်ဖို့လိုအပ်တဲ့ အစိုဓာတ်ကို ကောင်း ကောင်းထောက်ပံ့ပေးနိုင်လို့ ခြောက်သွေ့တဲ့အနာတွေအတွက် အသင့်တော်ဆုံးပါပဲ။

ဒါ့အပြင် အနာအတွင်းက ဆဲလ်သေတွေနဲ့ ပြည်တွေကို စုပ်ယူဖယ်ရှားပေးဖို့ကူညီပေးလို့ အနာကျက်မြန်စေပါတယ်။

✅ အနာတွေဘယ်လောက်ခြောက်ခြောက် အစိုဓာတ်အပြည့်နဲ့ အနာကျက်အားကောင်းစေဖို့ဆို Duoderm Hydroactive Gel ကို သတိရလိုက်ပါ။ 🥰

# ConvaTecMyanmar

# အနာ

Duoderm Hydroactive Gel-------------------------------* ခြောက်သွေ့သောအနာအတွင်းရှိ ဆဲလ်သေများနှင့် ပိုးမွှား၊ ပြည်ဖတ်များ...
09/02/2024

Duoderm Hydroactive Gel
-------------------------------
* ခြောက်သွေ့သောအနာအတွင်းရှိ ဆဲလ်သေများနှင့် ပိုးမွှား၊ ပြည်ဖတ်များကို စုပ်ယူဖယ်ရှားပေးရန် ကူညီပေးခြင်း (Autolytic Debridement) နှင့် ခြောက်သွေ့သောအနာများကို အသားတက်မြန်စေသော Gel

* ခြောက်သွေ့နေသောအနာများ (Dry Wound)၊ အရေပြားဆဲလ်သေများရှိသောအနာ (Necrotic)၊ ပြည်ဖတ်များ အမြစ်များဖြင့် ခဲနေသောအနာများ (sloughy)၊ အသားတတ်နှေးသောအနာများ (Granulating) တွင် သုံးနိုင်သည်။

* ⛔️အရည်ထွက်များသောအနာများတွင် သုံးရန်မသင့်တော်ပါ။⛔️



“ အူဆက်၀မ်းအိတ် ( Two Piece System) ကို တပ်ဆင်အသုံးပြုပုံ အဆင့်ဆင့် ”အူဆက်၀မ်းအိတ်  ( Two Piece System) ကို အသုံးပြုတော့...
18/01/2024

“ အူဆက်၀မ်းအိတ် ( Two Piece System) ကို တပ်ဆင်အသုံးပြုပုံ အဆင့်ဆင့် ”

အူဆက်၀မ်းအိတ် ( Two Piece System) ကို အသုံးပြုတော့မယ်...အသစ်လဲတော့မယ်ဆို အောက်ပါအချက်တွေအတိုင်း ပြုလုပ်သင့်ပါသည်။

အားလုံးပဲ ယုံကြည်မှုနှင့်အတူ ရှင်သန်နိုင်ကြပါစေ...

ဝမ်းအိတ်ဝတ်ဆင်ထားရလို့ လှုပ်ရှားရမလွတ်လပ်တာ၊ အဝတ်အစားတွေအောက်မှာ ဖောင်းနေတာမျိုးဖြစ်မှာ စိတ်ပူနေပါသလား...❓-----ရိုးရိုးရ...
01/01/2024

ဝမ်းအိတ်ဝတ်ဆင်ထားရလို့ လှုပ်ရှားရမလွတ်လပ်တာ၊ အဝတ်အစားတွေအောက်မှာ ဖောင်းနေတာမျိုးဖြစ်မှာ စိတ်ပူနေပါသလား...❓

-----
ရိုးရိုးရှင်းရှင်းနဲ့ ပုံမှန်လူနေမှုဘဝအတိုင်းပဲရှိစေမယ့် ဝမ်းအိတ်ဆိုရင်တော့ Active life One Piece ဝမ်းအိတ်ရှိပါတယ်။

One Piece ဝမ်းအိတ်က ရိုးရိုးရှင်းရှင်းနဲ့ ဝတ်ဆင်ရလွယ်ပြီး လိုက်လျောညီထွေမှုရှိလို့ အဝတ်အစားတွေအောက်မှာ နေရာသိပ်မယူဘဲ ခန္ဓာကိုယ်နဲ့တစ်သားတည်းဖြစ်နေမှာပါ။

အောက်ခံအပြားနဲ့ ဝမ်းအိတ်တစ်ဆက်တည်းဖြစ်လို့ လှုပ်လှုပ်ရှားရှားလုပ်ရင်တောင် ဝမ်းအိတ် ကျွတ်ထွက်သွားမှာ ပူစရာမလိုပါဘူး။

ဝမ်းပေါက်နဲ့ကွက်တိဖြစ်အောင် အောက်ခံပြားကိုလိုသလို ဖြတ်တောက်အသုံးပြုလို့ရလို့ အံဝင်ခွင်ကျဖြစ်နေတဲ့ဝမ်းအိတ်နဲ့အတူ သက်တောင့်သက်သာရှိမှုနဲ့ စိတ်လုံခြုံမှုအပြည့် ခံစားရမှာပါ။

✅ ရိုးရိုးရှင်းရှင်း One Piece ဝမ်းအိတ်နဲ့အတူ စိတ်လုံခြုံမှုအပြည့်နဲ့ ပုံမှန်လူနေမှု ဘဝကိုရယူလိုက်ပါ။


#ဝမ်းအိတ်

ရောဂါဖြစ်နေလို့ အိပ်ရာထဲမှာ အချိန်အများစုနားနေရတဲ့ လူနာတွေသတိထားရမယ့် အချက်တစ်ခုကတော့ အိပ်ရာနာပါပဲ။🧑‍⚕️------အိပ်ရာနာဆို...
24/12/2023

ရောဂါဖြစ်နေလို့ အိပ်ရာထဲမှာ အချိန်အများစုနားနေရတဲ့ လူနာတွေသတိထားရမယ့် အချက်တစ်ခုကတော့ အိပ်ရာနာပါပဲ။🧑‍⚕️

------
အိပ်ရာနာဆိုတာ အရေပြားနဲ့တစ်ရှူးတွေပေါ်ကို အချိန်ကြာရှည်စွာ ဖိအားသက်ရောက်မှုကြောင့် အနာဖြစ်လာခြင်းပါ။

အိပ်ရာခင်း (သို့) အဝတ်အစားတွေနဲ့ အရေပြားပွတ်တိုက်မှု၊ ဆီးဝမ်းမထိန်းနိုင်လို့ အရေပြားနဲ့ ဆီးဝမ်းထိတွေ့မှုတွေကလည်း အိပ်ရာနာဖြစ်စေပါတယ်။

နေမကောင်းလို့ သိပ်မလှုပ်ရှားနိုင်ဘဲ အိပ်ရာပေါ်မှာပဲလှဲနေရတဲ့ လူနာတွေ၊ လေဖြတ်လူနာတွေ၊ ဆီးချိုလူနာတွေနဲ့ အဝလွန်သူတွေမှာ အိပ်ရာနာပိုဖြစ်နိုင်ပါတယ်။

အိပ်ရာနာဖြစ်နေတဲ့ လူနာကိုသက်သာအောင် ပြုလုပ်ပေးနိုင်တဲ့အချက်တွေကတော့—

၁။ နူးညံ့ပြီး အရေပြားထိခိုက်မှုမရှိတဲ့ အိပ်ရာခင်းနဲ့ အဝတ်အစားတွေ အသုံးပြုပါ။ လေမွေ့ရာ၊ ရေမွေ့ရာတွေကိုသုံးပေးပါ။

၂။ အနာကို သန့်ရှင်း‌ခြောက်သွေ့အောင် ထားပါ။ နေ့စဉ်ပုံမှန်ဆေးထည့်ပါ။

၃။ အနာပိုမဆိုးအောင်နှင့် နောက်ထပ်အနာများထပ်မဖြစ်လာစေရန် နှစ်နာရီခြားတစ်ခါ ကိုယ်အနေအထားပြောင်းပေးပါ။

၄။ ဆီး၊ ဝမ်းသွားပြီးလျှင် သန့်ရှင်းရေးသေချာပြုလုပ်ပေးပါ။

၅။ အနာကျက်မြန်စေရန် အာဟာရပြည့်ဝစွာစားသောက်ပါ။

၆။ ဆီးချိုရှိလျှင် ဆီးချိုဓာတ်သေချာထိန်းပါ။

၇။ ဆရာဝန်နဲ့သေချာပြသပြီး သောက်ဆေး၊ လိမ်းဆေးများနှင့် ကုသမှုသေချာခံယူပါ။

ဒီအချက်တွေကို ဂရုစိုက်ပြီး အိပ်ရာနာ‌တွေက အမြန်ဆုံး သက်သာပျောက်ကင်းနိုင်ကြပါစေနော်။



#အိပ်ရာနာ

လှုပ်ရှားမှုများတဲ့ နေရာတွေမှာဒဏ်ရာရလို့ ဒဏ်ရာမြန်မြန်ပြန်မကောင်းမှာ စိတ်ပူနေရပြီလား...❓-----------ဒဏ်ရာကို ဖုန်မှုန့်အည...
16/12/2023

လှုပ်ရှားမှုများတဲ့ နေရာတွေမှာဒဏ်ရာရလို့ ဒဏ်ရာမြန်မြန်ပြန်မကောင်းမှာ စိတ်ပူနေရပြီလား...❓
-----------

ဒဏ်ရာကို ဖုန်မှုန့်အညစ်အကြေးတွေနဲ့ ရောဂါပိုးမွှားတွေမဝင်အောင် သေချာဖုံးအုပ်ထားပြီး လုံလောက်တဲ့အစိုဓာတ်ရှိမှ အနာကျက်မြန်တာပါ။

အလှုပ်အရှားများတဲ့ ‌လက်တွေ၊ ခြေထောက်တွေနဲ့ အဆစ်နေရာတွေမှာ ဒဏ်ရာရရင် အချို့ အနာကပ်ပလာစတာတွေက အကြာကြီးကပ်မနေနိုင်တာ၊ အနည်းငယ်ကွာပြီး သေချာမဖုံးအုပ်နိုင် တာကြောင့် ဒဏ်ရာကျက်နှေးနိုင်ပါတယ်။ 🧑‍⚕️

အဲ့လိုပြဿနာတွေမဖြစ်ဖို့အတွက်ဆို Duoderm CGF အနာကပ်ပလာစတာရှိပါတယ်။

👉 အရည်အထွက်များတဲ့ အနာတွေကို‌တောင် ခိုင်မြဲစွာဖုံးအုပ်နိုင်အောင် ထုတ်လုပ်ထားလို့ ဘယ်လိုဒဏ်ရာမျိုးမဆို သေချာကပ်ထားနိုင်ပါတယ်။

👉 လှုပ်ရှားမှုများတဲ့နေရာနဲ့ အဆစ်တွေနားမှာကပ်ရင်လည်း မြဲမြံတာမို့ အလှုပ်အရှား၊ အကွေးအဆန့်တိုင်းကို ယုံကြည်မှုရှိစွာနဲ့ သက်တောင့်သက်သာ ပြုလုပ်လို့ရစေပါတယ်။

👉 ဒဏ်ရာကျက်ဖို့ လိုအပ်တဲ့အစိုဓာတ်ကိုလည်း ထိန်းပေးလို့ ဒဏ်ရာအမြန်ဆုံး သက်သာစေပါတယ်။

✅ ဒဏ်ရာတွေအမြန်ဆုံးသက်သာဖို့နဲ့ အကွေးအဆန့်တိုင်းမှာ သက်တောင့်သက်သာဖြစ်ဖို့ဆို Duoderm CGF ကိုသတိရလိုက်ပါ။


မီးလောင်ဒဏ်ရာတွေဆိုတာ ပုံမှန်ထက်ပိုဂရုစိုက်ဖို့လိုအပ်တဲ့ ဒဏ်ရာတွေပါ။ 🧑‍⚕️------မီးလောင်သွားတဲ့အရေပြားကနေ ရောဂါပိုးဝင်ရော...
10/12/2023

မီးလောင်ဒဏ်ရာတွေဆိုတာ ပုံမှန်ထက်ပိုဂရုစိုက်ဖို့လိုအပ်တဲ့ ဒဏ်ရာတွေပါ။ 🧑‍⚕️
------

မီးလောင်သွားတဲ့အရေပြားကနေ ရောဂါပိုးဝင်ရောက်ကူးစက်ဖို့ အလွန်လွယ်ကူတာကြောင့် မီးလောင်ဒဏ်ရာကို သေချာဂရုစိုက်သန့်ရှင်းရမယ့်အပြင် လိုအပ်ရင် ပိုးသတ်ဆေးတွေပါ တွဲသောက်ရလေ့ရှိပါတယ်။

အပေါ်ယံအရေပြားမီးလောင်သွားတဲ့အခါ ဒဏ်ရာကနေ ရေငွေ့ပြန်ရေဓာတ်ဆုံးရှုံးမှုများပြီး ပြည်တွေ၊ အနာရည်တွေ ပိုဖြစ်လွယ်ကာ အနာကျက်နှေးတတ်ပါတယ်။
မီးလောင်ဒဏ်ရာတွေကို ရောဂါပိုးမဝင်အောင် သေချာဂရုစိုက်နိုင်ဖို့အတွက်ဆို Aquacel Ag+ Extra ရှိပါတယ်။

Aquacel Ag+ Extra မှာဆိုရင် ရောဂါပိုးမွှားတွေကို နှိမ်နင်းနိုင်တဲ့ Silver (Ag) ပါဝင်တာကြောင့် မီးလောင်ဒဏ်ရာတွေကို ရောဂါပိုးကင်းစေပြီး အနာကျက်မြန်စေပါတယ်။

Hydrofiber နှစ်လွှာပေါင်းဖြစ်လို့ ဒဏ်ရာကိုခိုင်မြဲစွာဖုံးအုပ်နိုင်ပြီး ပြည်တွေ၊ အနာရည်တွေကို ကောင်းစွာစုပ်ယူနိုင်ပါတယ်။ 🤗

ပျက်စီးသွားတဲ့အရေပြားနဲ့ တစ်ရှုးစတွေကို ဖယ်ရှားပေးပြီး အနာကျက်ဖို့လိုအပ်တဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးလို့ အနာကျက်မြန်၊ အသားတက်မြန်စေပါတယ်။

✅ Silver ပါတဲ့ Aquacel Ag+ Extra နဲ့ဆို မီးလောင်ဒဏ်ရာတွေ ရောဂါပိုးဝင်ရောက်ကူးစက်မှာ စိတ်ပူစရာမလိုဘဲ အမြန်ဆုံးပြန်ကောင်းနိုင်မှာပါ။


+_Extra

အူမကြီးကင်ဆာကို ခွဲစိတ်ကုသပြီးလို့ ပျောက်ကင်းသွားပြီထင်ပြီး ပေါ့ပေါ့ဆဆနေမိနေပြီလား...❓-------အူမကြီးကင်ဆာဖြစ်လို့ Colost...
28/11/2023

အူမကြီးကင်ဆာကို ခွဲစိတ်ကုသပြီးလို့ ပျောက်ကင်းသွားပြီထင်ပြီး ပေါ့ပေါ့ဆဆနေမိနေပြီလား...❓

-------

အူမကြီးကင်ဆာဖြစ်လို့ Colostomy လုပ်ထားတဲ့လူတွေအနေနဲ့ဆို ကျန်းမာရေးစစ်ဆေးမှုပုံမှန် ခံယူဖို့အရေးကြီးပါတယ်။ 🧑‍⚕️

ကင်ဆာဖြစ်နေတဲ့ အူမကြီးအစိတ်အပိုင်းကို အောင်မြင်စွာ ခွဲစိတ်ဖြတ်တောက်လိုက်ရင်တောင် ကင်ဆာပြန်ဖြစ်နိုင်ခြေရှိသေးလို့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူဖို့ အရေးကြီးတာပါ။

ဖြစ်ပွားခဲ့တဲ့ကင်ဆာအဆင့်၊ ကင်ဆာအကျိတ်ရဲ့အရွယ်အစား၊ အခြားရောဂါအခံများ၊ အသက်အရွယ်နဲ့ ကိုယ်အလေးချိန်များခြင်းတို့က အူမကြီးကင်ဆာပြန်ဖြစ်နိုင်စွမ်းကို သက်ရောက်မှုရှိပါတယ်။

အူမကြီးကင်ဆာပြန်ဖြစ်နှုန်းက (၃၀)ကနေ (၄၀)ရာခိုင်နှုန်းကျော်ထိရှိလို့ မပေါ့ဆဘဲ ဆရာဝန်ညွှန်ကြားချက်နဲ့အညီ ရက်ချိန်းသေချာ ပုံမှန်ပြသစစ်ဆေးရပါမယ်။

ခွဲစိတ်ပြီးစ (၂)နှစ်၊ (၃)နှစ်အတွင်းမှာ အူမကြီးကင်ဆာပြန်ဖြစ်နှုန်း ပိုမြင့်လို့ အစပိုင်းမှာတော့ (၃)လတစ်ခါ၊ (၆)လတစ်ခါစသည်ဖြင့် မကြာခဏရက်ချိန်း ပြန်ပြရပါလိမ့်မယ်။

(၅)နှစ်ကျော်တဲ့ထိ ကင်ဆာပြန်မဖြစ်ဘူးဆိုရင်တော့ ပြန်ဖြစ်နိုင်ခြေအတော်နည်းသွားပါပြီ။ ဒါပေမယ့် ဆရာဝန်ညွှန်ကြားချက်အတိုင်း ကျန်းမာရေးစစ်ဆေးမှုပုံမှန်ခံယူဖို့တော့ မမေ့ပါနဲ့။

အူမကြီးကင်ဆာ ပြန်ဖြစ်တယ်ဆိုရင်တောင် စောစီးစွာသိရှိရင် ကုသမှုသေချာပြန်လုပ်နိုင်တဲ့အတွက် ပျောက်ကင်းနိုင်ခြေပိုများပါတယ်။

ဆေးပညာတွေတိုးတက်လာတာနဲ့အမျှ အူမကြီးကင်ဆာကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်ပြီး ပုံမှန်အတိုင်း ရှင်သန်နေထိုင်နေကြတဲ့ လူနာတွေအများကြီးရှိပါတယ်။

အရေးကြီးတာက ရောဂါကိုစောစီးစွာသိရှိပြီး စောစီးစွာ ကုသမှုခံယူနိုင်ဖို့ပါပဲ။ 🧑‍⚕️

အနှစ်ချုပ်ပြောရရင်တော့ အူမကြီးကင်ဆာကပြန်ဖြစ်နိုင်လို့ ခွဲစိတ်မှုခံယူပြီးရင်တောင် မပေါ့ဆဘဲ ဆရာဝန်ညွှန်ကြားချက်အတိုင်း ကျန်းမာရေးစစ်ဆေးမှုပုံမှန်ခံယူဖို့ မမေ့ကြပါနဲ့နော်။



#အူမကြီးကင်ဆာ

အနာကပ်ပလာစတာတစ်ခုရဲ့ အဓိကရည်ရွယ်ချက်က အနာပိုမဆိုးဝါးစေဖို့နဲ့ အနာမြန်မြန်ပြန်ကောင်းလာစေဖို့ပါ။ -----အချို့အနာကပ်ပလာစတာတွ...
23/11/2023

အနာကပ်ပလာစတာတစ်ခုရဲ့ အဓိကရည်ရွယ်ချက်က အနာပိုမဆိုးဝါးစေဖို့နဲ့ အနာမြန်မြန်ပြန်ကောင်းလာစေဖို့ပါ။
-----

အချို့အနာကပ်ပလာစတာတွေက ထူလွန်းတာကြောင့် အဝတ်အစားနဲ့ ပွတ်တိုက်မှုဖြစ်ပြီး ဒဏ်ရာကိုပိုဆိုးသွားစေပါတယ်။

ဒဏ်ရာကိုကပ်ထားတဲ့ အနာကပ်ပလာစတာအထူပေါ်ကနေ အဝတ်အစားဝတ်ရတာလည်း သက်သောင့်သက်သာမဖြစ်စေပါဘူး။

ဒဏ်ရာပြန်ကောင်းဖို့ အနာကပ်ပလာစတာလည်းကပ်ချင်တယ်၊ အဝတ်အစားတွေနဲ့ အဆင်ပြေချင်တယ်ဆိုရင် Duoderm Extra Thin အနာကပ်ပလာစတာရှိပါတယ်။ 🤗

Duoderm Extra Thin ကအဝတ်အစားနဲ့ အနာကပ်ပလာစတာပွတ်တိုက်မှုမဖြစ်အောင် အထူးပါးလွှာအောင်ထုတ်လုပ်ထားတာဖြစ်လို့ ကပ်လိုက်တာနဲ့ ခန္ဓာကိုယ်နဲ့ တစ်သားတည်းဖြစ်နေမှာပါ။

လိုတဲ့ပုံစံအတိုင်း ဖြတ်တောက်အသုံးပြုလို့ရပြီး ရေစိုခံတာကြောင့် ဘယ်နေရာကပ်ကပ် အဆင်ပြေပါတယ်။

ရောဂါပိုးကူးစက်မှုက ကာကွယ်ပေးပြီး အနာကျက်ဖို့လိုအပ်တဲ့ အစိုဓာတ်ထိန်းပေးလို့ အနာကိုအမြန်ဆုံးပြန်ကောင်းလာစေပါတယ်။

✅ အဝတ်အစားအောက်ကဒဏ်ရာတွေ အမြန်ဆုံးပြန်ကောင်းဖို့အတွက်ဆို ပြားချပ်ချပ်နဲ့ ပေါ့ပါးတဲ့ Duoderm Extra Thin ကိုသတိရလိုက်ပါ။


ဆီးအိတ်စဝတ်ဆင်ရတဲ့လူတွေအနေနဲ့ဆို ဝတ်နေကျမဟုတ်တာကြောင့် အခက်အခဲတွေကြုံရတတ်ပါတယ်။ 💁------လူနာအများစုက ဆီးအိတ်နဲ့ လှုပ်ရှား...
18/11/2023

ဆီးအိတ်စဝတ်ဆင်ရတဲ့လူတွေအနေနဲ့ဆို ဝတ်နေကျမဟုတ်တာကြောင့် အခက်အခဲတွေကြုံရတတ်ပါတယ်။ 💁
------

လူနာအများစုက ဆီးအိတ်နဲ့ လှုပ်ရှားရခက်မှာ၊ အနံ့အသက်ထွက်မှာ၊ ယိုစိမ့်မှုဖြစ်မှာကို စိတ်ပူတတ်ကြပါတယ်။

အနံ့အသက်ကင်းပြီး ယုံကြည်မှုအပြည့်နဲ့လှုပ်ရှားနိုင်စေမယ့် ဆီးအိတ်ဆိုရင်တော့ ConvaTec ရဲ့ Urostomy Bag ဆီးအိတ်ရှိပါတယ်။ 🤗

ConvaTec ဆီးအိတ်က အရည်အသွေးမြင့်ပစ္စည်းတွေကိုပဲ သုံးထားတာဖြစ်လို့ အရေပြားထိခိုက်မှုမရှိဘဲ အနံ့အသက်ကင်းလို့ ယုံကြည်စိတ်ချရမှုအပြည့်ရစေပါတယ်။

ပေါ့ပါးပြီး တပ်ဆင်အသုံးပြုရလွယ်ကူတဲ့အပြင် ပုံမှန်အဝတ်အစားတွေအောက်မှာ သိသာမှုမရှိအောင်ဝတ်လို့ရပြီး လှုပ်ရှားမှုတွေကိုလည်း အနှောင့်အယှက်မပေးပါဘူး။

ဆီးတွေအပေါ်ဆန်တက်မလာအောင် တားဆီးပေးတဲ့ Anti-Reflux အဆို့ပါလို့ ဝမ်းပေါက်ကနေ ဆီးယိုစိမ့်မှုမဖြစ်အောင်ကာကွယ်ပေးပါတယ်။

ဆီးအိတ်အောက်က အဖွင့်အပိတ်လုပ်နိုင်တဲ့ အပေါက်ကနေ အလွယ်တကူဆီးတွေ စွန့်ပစ်လို့ရလို့ ဆီးအိတ်ကြောင့်ဝန်ပိတာမျိုးမရှိဘဲ အနံ့အသက်စွဲနေတာမျိုးလည်း ကင်းစေပါတယ်။

✅ ဆီးအိတ်ဝတ်ဆင်သူတိုင်း အဆင်ပြေချောမွေ့ပြီး အနံ့အသက်ကင်းကင်းနဲ့ ယုံကြည်မှုအပြည့်ရှိစေဖို့ဆို ConvaTec ရဲ့ Urostomy Bag ဆီးအိတ်ကိုသတိရလိုက်ပါ။



#ဆီးအိတ်

ဆီးအိမ်ကင်ဆာဆိုတာ ဆီးအိမ်မှာရှိတဲ့ ဆဲလ်တွေကသန္ဓေပြောင်းပြီး အဆမတန်ပွားများလာလို့ဖြစ်ရတဲ့ ကင်ဆာပါ။ 🧑‍⚕️------ဆီးအိမ်ကင်ဆာ...
12/11/2023

ဆီးအိမ်ကင်ဆာဆိုတာ ဆီးအိမ်မှာရှိတဲ့ ဆဲလ်တွေကသန္ဓေပြောင်းပြီး အဆမတန်ပွားများလာလို့ဖြစ်ရတဲ့ ကင်ဆာပါ။ 🧑‍⚕️

------
ဆီးအိမ်ကင်ဆာကို အစောပိုင်းအဆင့်မှာတင် ခံစားရတဲ့လက္ခဏာတွေကြောင့် စောစောသိရှိလေ့ရှိပြီး စောစောကုသရင် ပျောက်ကင်းနိုင်ခြေများပါတယ်။

ဒါပေမယ့် ဆီးအိမ်ကင်ဆာက နောက်ထပ်ပြန်ဖြစ်တတ်တဲ့အတွက်ကြောင့် ဆီးအိမ်ကင်ဆာမဖြစ်အောင် ကြိုတင်ဂရုစိုက်ကာကွယ်တာ အကောင်းဆုံးပါပဲ။

ဆီးအိမ်ကင်ဆာဖြစ်ရင် ခံစားရတဲ့လက္ခဏာတွေကတော့ —
🔹ဆီးထဲတွင် သွေးစပါခြင်း
🔹ဆီးသွားစဉ်နာကျင်ခြင်း
🔹မကြာခဏဆီးသွားခြင်း
🔹ခါးနှင့် နောက်ကျောနာကျင်ခြင်း စတာတွေပဲဖြစ်ပါတယ်။

‼️ဆီးအိတ်ကင်ဆာဖြစ်စေသော အကြောင်းရင်းများ

ဆီးအိမ်ဆဲလ်တွေကိုသန္ဓေပြောင်းစေတဲ့ အကြောင်းရင်းအတိအကျမသိရပေမယ့် ရောဂါဖြစ်နိုင်ခြေပိုများစေတဲ့ အကြောင်းရင်းတွေကတော့ —

🔹ဆေးလိပ်သောက်ခြင်း
🔹အသက်ကြီးလာခြင်း
🔹အမျိုးသားဖြစ်ခြင်း
🔹အချို့သောဓာတုပစ္စည်းများနှင့် ထိတွေ့မှုများခြင်း
🔹နာတာရှည် ဆီးအိမ်ရောင်ရမ်းခြင်း
🔹မျိုးရိုးထဲတွင် ဆီးအိမ်ကင်ဆာဖြစ်သူရှိခြင်း
🔹ကင်ဆာကုသမှုခံယူဖူးခြင်းတို့ပဲ ဖြစ်ပါတယ်။

‼️စစ်ဆေးကုသခြင်း
ဆီးအိမ်ကင်ဆာစစ်ဆေးရန်အတွက်

🔹ဆီးစစ်ခြင်း
🔹ဆီးလမ်းကြောင်းမှတစ်ဆင့် မှန်ပြောင်းကြည့်ခြင်း
🔹ဆီးလမ်းကြောင်းတွင် အသားပိုတွေ့လျှင် အသားစစစ်ဆေးခြင်းတို့ဖြင့် ရောဂါစစ်ဆေးနိုင်ပါတယ်။

ဆီးအိမ်ကင်ဆာကုသဖို့အတွက် ကင်ဆာ‌အခြေအနေအလိုက် ကင်ဆာကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံးနဲ့ ခွဲစိတ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

ဆီးအိမ်ကင်ဆာကို ကုသပြီးရင်တောင် နောက်ထပ်ပြန်ဖြစ်နိုင်သေးလို့ ဆရာဝန်ညွှန်ကြားချက်အတိုင်း ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ခံယူဖို့အရေးကြီးပါတယ်။ 🧑‍⚕️

‼️ကြိုတင်ကာကွယ်ခြင်း
ဆီးအိမ်ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းစေရန်အတွက်
🔹ဆေးလိပ်ဖြတ်ပါ။
🔹အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ခြင်းရှောင်ပါ။
🔹အာဟာရပြည့်ဝအောင် စားသောက်ပါ။
🔹ရေများများသောက်ပါ။
🔹ကျန်းမာရေးစစ်ဆေးမှုပုံမှန်ခံယူပါ။
🔹ဆီးအိမ်ကင်ဆာဖြစ်ရင်လည်း ဆရာဝန်နဲ့သေချာပြသပြီး စောစီးစွာကုသမှုခံယူပါ။

အခုလောက်ဆို ဆီးအိမ်ကင်ဆာအကြောင်းပိုသိသွားလောက်မယ် ထင်ပါတယ်နော်။🤗




#ဆီးအိမ်ကင်ဆာ

ဆီးအိတ်ဝတ်ထားရရင်တောင် နေ့စဉ်လုပ်ငန်းတွေနဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကို ပုံမှန် အတိုင်းအမြဲလုပ်ချင်တဲ့ လူတွေရှိက...
29/10/2023

ဆီးအိတ်ဝတ်ထားရရင်တောင် နေ့စဉ်လုပ်ငန်းတွေနဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကို ပုံမှန် အတိုင်းအမြဲလုပ်ချင်တဲ့ လူတွေရှိကြလား...?👀

------
အဲ့လိုလူတွေအတွက် နေ့စဉ်လှုပ်ရှားမှုတွေကို ပေါ့ပါးမှုအပြည့်နဲ့ လုပ်ဆောင်နိုင်စေဖို့အတွက် One Piece Urostomy bag ရှိပါတယ်။ 🤗

One Piece Urostomy Bag ဆီးအိတ်က —

🔹ဆီးအိတ်နဲ့အောက်ခံပြား တစ်ဆက်တည်းဖြစ်လို့ လှုပ်လှုပ်ရှားရှား ပြုလုပ်ရင်တောင် ဆီးအိတ် ပြုတ်ထွက်မှာ စိုးရိမ်စရာမလိုပါဘူး။ 🏃

🔹ဆီးတွေအပေါ်ဆန်တက်ပြီး ယိုစိမ့်မှုမဖြစ်အောင်လည်း Anti-Reflux အဆို့က ကာကွယ် ပေးထားပါတယ်။

🔹ပေါ့ပါးပြီး တပ်ဆင်အသုံးပြုရလွယ်ကူတာကြောင့် နေ့စဉ်လှုပ်ရှားမှုတွေကို ပုံမှန်အတိုင်းလွတ် လပ်စွာ ပြုလုပ်နိုင်ပါတယ်။

🔹အရေပြားပြဿနာတွေမဖြစ်အောင် ကာကွယ်ပေးပြီး အိတ်အောက်မှာပါတဲ့ အဖွင့်အပိတ် လုပ်နိုင်တဲ့ အပေါက်ကနေ ဆီးတွေကိုအချိန်မရွေး အလွယ်တကူစွန့်ပစ်နိုင်ပါတယ်။

✅ ယိုစိမ့်မှုမရှိဘဲ ကိုယ်နဲ့တစ်သားတည်းရှိနေမယ့် Urostomy Bag နဲ့ဆို နေ့စဉ်လှုပ်ရှားမှုတွေကို စိတ်လက်ပေါ့ပါးစွာ လုပ်ဆောင်နိုင်မှာပါ။ 🤗



#ဆီးအိတ်

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လပြည့်နေ့လေးမှာ မိသားစုဝင်တွေအားလုံး ပြန်ဆုံနိုင်ပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်...
29/10/2023

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လပြည့်နေ့လေးမှာ မိသားစုဝင်တွေအားလုံး ပြန်ဆုံနိုင်ပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင့်။ 🙏 🙏 🙏







ဆီးအိမ်နဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်လာရင် ဆရာဝန်နဲ့သေချာကုသတာအပြင် နေ့စဉ်လူနေမှုပုံစံ ကိုလည်း သေချာဂရုစိုက်မှ ဆေးဝါးကုသမှုရဲ...
22/10/2023

ဆီးအိမ်နဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်လာရင် ဆရာဝန်နဲ့သေချာကုသတာအပြင် နေ့စဉ်လူနေမှုပုံစံ ကိုလည်း သေချာဂရုစိုက်မှ ဆေးဝါးကုသမှုရဲ့ အကျိုးကျေးဇူးတွေ အပြည့်အဝခံစားရမှာပါ။

------
ဆီးအိတ်ရောဂါ ကုသနေရသူများအတွက် သင့်လျော်တဲ့နေ့စဉ်လူနေမှုပုံစံတွေကို ဖော်ပြပေးလိုက် ပါတယ်။

▫️ ဆေးလိပ်ဖြတ်ပါ။ 🚭
ဆေးလိပ်သောက်ခြင်းက ခန္ဓာကိုယ်ခုခံအားစနစ်ကို ထိခိုက်စေတဲ့အပြင် သွေးကြောကျဉ်းစေတတ် လို့ ရောဂါတွေကို ပိုမိုဆိုးရွားစေပါတယ်။ ဆေးလိပ်မှာပါတဲ့ အဆိပ်အတောက်ဓာတ်တွေက ကင်ဆာဖြစ်စေတတ်လို့ ဆီးအိမ်ရောဂါရှင်တွေ ဆေးလိပ်လုံးဝဖြတ်သင့်ပါတယ်။ 🚨

▫️ ရေဓာတ်ပြည့်ဝအောင်နေပါ။ 💧
ရောဂါတွေကို အကောင်းဆုံးရင်ဆိုင်နိုင်ဖို့အတွက် ခန္ဒာကိုယ်က ရေဓာတ်ပြည့်ဝနေဖို့အရေးကြီးပါ တယ်။ ရေများများသောက်ခြင်းက ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုလည်း လျော့နည်းစေပါတယ်။ 🛡️

▫️ ဝမ်းမချုပ်အောင်ဂရုစိုက်ပါ။ 🚽
ဝမ်းချုပ်ရင် အစာဟောင်းအိမ်တွင်းမှာ စုပုံလာတဲ့ဝမ်းတွေရဲ့ဖိအားက ဆီးအိမ်ပေါ်သက်ရောက်တာ ကြောင့် ဆီးအိမ်လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဆီးလမ်းကြောင်းပိုးဝင် ခြင်းကိုလည်း ပိုဖြစ်စေနိုင်လို့ ဝမ်းမချုပ်အောင် အမျှင်ဓာတ်များတဲ့အရာတွေစားတာ၊ ရေအလုံ အလောက်သောက်တာမျိုး ဂရုစိုက်လုပ်သင့်ပါတယ်။ 🥦

▫️ ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ စားသောက်ပါ။ 🥗
ကိုယ်ခံအားစနစ်ကောင်းပြီး ရောဂါတွေကိုအကောင်းဆုံးရင်ဆိုင်နိုင်ဖို့အတွက် အာဟာရဓာတ်ပြည့် စုံအောင် စားသောက်ဖို့အရေးကြီးပါတယ်။ ရောဂါအခြေအနေပေါ်မူတည်ပြီး ဆရာဝန်ညွှန်ကြား တဲ့အ တိုင်း သေချာစားသောက်သင့်ပါတယ်။ 🧑‍⚕️

▫️ အရက် နဲ့ gas ပါတဲ့သောက်စရာတွေတတ်နိုင်သလောက် ရှောင်ပါ။ 🍺🚫
Alcohol ပါတဲ့သောက်စရာတွေက ခန္ဓာကိုယ်ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်စေနိုင်တဲ့အပြင် ဆီးအိမ် နဲ့ ဆီးလမ်းကြောင်းလုပ်ဆောင်မှုတွေကို အနှောင့်အယှက်ပေးလို့ ရှောင်ရှားသင့်ပါတယ်။ Caffeine နဲ့ Gas ပါတဲ့ သောက်စရာတွေကလည်း ဆီးအိမ်ကိုမကြာခဏ ကသိကအောက်ဖြစ်စေတတ်လို့ တတ် နိုင်သလောက်ရှောင်သင့်ပါတယ်။ 🍺☕

▫️ ဆရာဝန်ပုံမှန်ပြပြီး ရောဂါလက္ခဏာ‌များကို သေချာသတိထားစောင့်ကြည့်ပါ။ 🧑‍⚕️
ဆီးအိမ်ရောဂါဖြစ်သူတွေအနေနဲ့ ရောဂါသက်သာနေရင်တောင် ပေါ့ဆမနေသင့်ပါဘူး။ ဆရာဝန်နဲ့ ရက်ချိန်းသေချာပြသဖို့ အရေးကြီးပါတယ်။ ရောဂါလက္ခဏာတွေကိုလည်း အမြဲသတိထား စောင့်ကြည့် နေပြီး ထူးခြားတာရှိရင် ဆရာဝန်နဲ့ချက်ချင်းတိုင်ပင်သင့်ပါတယ်။ 💢

အပေါ်ကအချက်တွေ သေချာလိုက်နာပြီး ဆီးအိမ်ရောဂါတွေကို အကောင်းဆုံးရင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်နော်။ 🤗



#ဆီးအိတ်

ဝမ်းအိတ်တပ်ထားပြီး နေ့စဉ်အဖြုတ်အတပ်လုပ်ရလို့ ဝမ်းအပေါက်ဒဏ်ရာမကျက်မှာ၊ ဒဏ်ရာ ပိုဆိုးလာမှာစိုးရိမ်နေပါသလား...?😓-----မကြာခဏ...
15/10/2023

ဝမ်းအိတ်တပ်ထားပြီး နေ့စဉ်အဖြုတ်အတပ်လုပ်ရလို့ ဝမ်းအပေါက်ဒဏ်ရာမကျက်မှာ၊ ဒဏ်ရာ ပိုဆိုးလာမှာစိုးရိမ်နေပါသလား...?😓

-----
မကြာခဏသန့်ရှင်းရေးလုပ်ရလို့ ဝမ်းအိတ်အဖြုတ်အတပ်နဲ့တင် အချိန်အများကြီးကုန် အလုပ်ရှုပ် နေပြီလား...?

အဲ့လိုပြဿနာတွေကို အကောင်းဆုံးဖြေရှင်းပေးဖို့အတွက် Two Piece ဝမ်းအိတ်ရှိပါတယ်။ 🤗

Two Piece ဝမ်းအိတ်က —

🔹အောက်ခံကော်ပြားကို ဝမ်းအပေါက်မှာရက်ပိုင်းအထိအသေကပ်ထားလို့ရလို့ ဝမ်းအပေါက်ခဏ ခဏဒဏ်ဖြစ်မှာ စိတ်ပူစရာမလိုပါဘူး။

🔹ကော်ပြားကိုဒီတိုင်းထားပြီး အိတ်ကိုပဲအဖြုတ်အတပ်လုပ်လို့ရလို့ ဝမ်းအိတ်လဲရတာလွယ်ကူ ရိုးရှင်းပြီး အချိန်ကုန်သက်သာစေပါတယ်။

✅ ဖြုတ်ရ၊ တပ်ရလွယ်ပြီး ဝမ်းအပေါက်ဒဏ်မဖြစ်ဖို့ဆိုရင် Two Piece ဝမ်းအိတ်က အကောင်းဆုံး ပါပဲ။



#ဝမ်းအိတ်

လူတစ်ယောက် ကျန်းမာရေးကောင်းဖို့အတွက် ဝမ်းပုံမှန်သွားဖို့က အရေးကြီးပါတယ်။ 🚨-------ဝမ်းချုပ်တာပဲဖြစ်ဖြစ်၊ ဝမ်းလျှောတာပဲဖြစ...
11/10/2023

လူတစ်ယောက် ကျန်းမာရေးကောင်းဖို့အတွက် ဝမ်းပုံမှန်သွားဖို့က အရေးကြီးပါတယ်။ 🚨

-------
ဝမ်းချုပ်တာပဲဖြစ်ဖြစ်၊ ဝမ်းလျှောတာပဲဖြစ်ဖြစ် ဝမ်းမမှန်ခြင်းက အသေးစားကျန်းမာရေး ပြဿနာတွေ ကနေ စိုးရိမ်ရတဲ့ ကျန်းမာရေးအခြေအနေတွေထိဖြစ်နိုင်လို့ မပေါ့ဆသင့်ပါဘူး။ 💁

ဝမ်းပုံမှန်သွားတယ်ဆိုတာ ပုံသေသတ်မှတ်ထားတာတော့ မရှိပါဘူး။ လူတစ်ဦးချင်းပေါ်မူတည်ပြီး ပုံမှန်အားဖြင့် တစ်ရက်ကို ဝမ်းသုံးကြိမ်ကနေ သုံးရက်ကို ဝမ်းတစ်ကြိမ်လောက်အတွင်းတော့ သွားသင့်ပါတယ်။

တစ်ရက်ကို ဝမ်း နှစ်ကြိမ် သွားလေ့ရှိသူအတွက် တစ်ရက်ဝမ်းနှစ်ကြိမ်သွားတာက ဝမ်းမှန်တာပဲ ဖြစ်ပြီး နှစ်ရက်နေမှ ဝမ်းတစ်ကြိမ်သွားလေ့ရှိသူအတွက်ဆို နှစ်ရက်ဝမ်းတစ်ကြိမ်သွားတာက ဝမ်းပုံမှန်သွားတာပါပဲ။ 🤗

တစ်နေ့ကို သုံးကြိမ်အထက် အရည်ပါတဲ့ဝမ်းတွေသွားရင်တော့ ဝမ်းလျှောတယ်လို့ သတ်မှတ် ပါတယ်။

အစားအသောက်မှားတာ၊ ရောဂါပိုးကူးစက်ခံရတာ၊ အချို့သောဆေးဝါးတွေ၊ ရောဂါတွေနဲ့ အူလမ်းကြောင်းပြဿနာတွေကြောင့် ဝမ်းလျှောတတ်ပါတယ်။

ဝမ်းလျှောခြင်းက ခန္ဓာကိုယ်တွင်းက အရည်ဓာတ်များစွာအပြင် ဓာတ်ဆားဓာတ်တွေပါဆုံးရှုံးစေလို့ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ ခန္ဓာကိုယ်တွင်း ဓာတ်ဆားဓာတ်မညီမျှခြင်းဖြစ်စေနိုင်ပြီး အားနည်း မူးဝေခြင်းကနေ အသက်အန္တရာယ်ရှိခြင်းထိဖြစ်နိုင်ပါတယ်။

ဝမ်းလျှောပါက ဝမ်းလျှောတဲ့အရည်ပမာဏအတိုင်း ဓာတ်ဆားရည်လိုက်သောက်ပေးဖို့လိုပြီး ပြင်းထန်တဲ့အခြေအနေတွေမှာ ဆေးရုံ၊ဆေးခန်းအမြန်သွားသင့်ပါတယ်။ 🧑‍⚕️
တစ်ပတ်အတွင်း သုံးကြိမ်အောက်ပဲဝမ်းသွားတယ်ဆိုရင်တော့ ဝမ်းချုပ်တယ်သတ်မှတ်ထား ပါတယ်။ 🧑‍⚕️

အမျှင်ဓာတ်လုံလောက်အောင်မစားတာ၊ အသားစားလွန်းတာ၊ ရေသောက်နည်းတာ၊ ခန္ဓာကိုယ် လှုပ်ရှားမှုနည်းတာ၊ ဝမ်းသွားချင်တဲ့အချိန်အောင့်ထားတာ၊ အချို့သော ဆေးဝါးတွေ၊ ရောဂါတွေနဲ့ အူလမ်းကြောင်းပြဿနာတွေကြောင့် ဝမ်းချုပ်တတ်ပြီး အသက်ကြီးတဲ့လူတွေမှာ ပိုဖြစ်တတ် ပါတယ်။

ဝမ်းချုပ်ရာမှဝမ်းတွေမာပြီး စုပုံလာတာကနေ စမြင်းတုံးခံတာတွေဖြစ်ပြီး အပြင်ကိုစွန့်ထုတ်ဖို့ ပိုခက်ခဲလာတတ်ပါတယ်။

အဲ့ဒီအချိန်မှာ အတင်းအားစိုက်ပြီး ဝမ်းညှစ်လိုက်ရင် မာကျောတဲ့စမြင်းတုံးကြောင့် စအိုကြွက်သား ထိခိုက်ပြီး ‌စအိုသွေးထွက်တာ၊ စအိုကွဲနာဖြစ်တာ၊ လိပ်ခေါင်းဖြစ်တာအပြင် သွေးတိုးနဲ့ နှလုံး ရောဂါရှိသူတွေမှာဆိုရင် သွေးပေါင်ချိန်ရုတ်တရက် မြင့်တက်လာပြီး ‌သွေးကြောပေါက်တာ၊ နှလုံးခုန်မမှန်တာတွေဖြစ်ပြီး သတိလစ်၊ အသက်အန္တရာယ်ရှိသည်အထိဖြစ်နိုင်ပါတယ်။ 🚨

ဝမ်းမချုပ်ဖို့အတွက် အမျှင်ဓာတ်လုံလောက်အောင်စားတာ၊ ရေများများသောက်တာအပြင် အန္တရာယ်မရှိတဲ့ ဝမ်းပျော့ဆေးတွေ သောက်လို့ရပါတယ်။ 🤗

ဝမ်ပျော့ဆေးသောက်လည်း ဝမ်းအပြင်းအထန်ချုပ်တုန်းပဲဆိုရင် ကျွမ်းကျင်ဆရာဝန်နဲ့ သေချာတိုင် ပင်ပြသသင့်ပါတယ်။

တစ်ခါတလေလောက်ပဲ ဝမ်းချုပ် (သို့) ဝမ်းလျှောဖြစ်တယ်ဆိုရင် သိပ်စိတ်ပူစရာမရှိပေမယ့် ခဏ ခဏပြန်ဖြစ်နေမယ်၊ သက်သာသွားလည်းခဏပဲဆိုရင်တော့ သေချာသတိထားဖို့ လိုနေပါပြီ။ 🚨

ဝမ်းပုံမှန်မသွားတာက အူပိတ်ခြင်း၊ အစာအိမ်ကင်ဆာ၊ အူလမ်းကြောင်းကင်ဆာ၊ သားဥအိမ် ကင်ဆာနဲ့ စအိုကင်ဆာတွေရဲ့ အစောပိုင်းလက္ခဏာတွေလည်းဖြစ်နိုင်ပါတယ်။ 🚨

ဒါကြောင့် မကြာခဏဝမ်းမမှန်ဖြစ်နေပြီဆိုရင် ကျွမ်းကျင်ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ အကုန်ပြုလုပ်သင့်ပါတယ်။ 🧑‍⚕️

လူတိုင်းကျန်းမာရေးကောင်းပြီး ဝမ်းပုံမှန်သွားအောင် ဂရုစိုက်နိုင်ကြပါစေနော်။ 🤗🥰





#ကင်ဆာ

အရေပြားဆိုတာ ခန္ဓာကိုယ်အတွက် ရှေ့ဆုံးကနေ ကာကွယ်မှုပေးနေတဲ့ အရေးကြီးအင်္ဂါအစိတ် အပိုင်းတစ်ခုပါ။....🩺-----အရေပြားမှာ ထိခို...
28/09/2023

အရေပြားဆိုတာ ခန္ဓာကိုယ်အတွက် ရှေ့ဆုံးကနေ ကာကွယ်မှုပေးနေတဲ့ အရေးကြီးအင်္ဂါအစိတ် အပိုင်းတစ်ခုပါ။....🩺

-----
အရေပြားမှာ ထိခိုက်ဒဏ်ရာရသွားရင် အမြန်ပြန်ကောင်းဖို့နဲ့ ရောဂါပိုးမွှားတွေမဝင်အောင် ဂရုစိုက်ဖို့ အရေးကြီးပါတယ်။

အရေပြားထိခိုက်ဒဏ်ရာတိုင်းအတွက် အစွမ်းထက်ဒိုင်းတစ်လက်ကတော့ Aquacel Dressing ပါပဲ။ 🛡️

ပြင်ပရောဂါပိုးမွှားဝင်ရောက်မှုကို ကာကွယ်ပေးပြီး ဒဏ်ရာတိုင်းကို အထိရောက်ဆုံးကူညီပေးဖို့ အတွက် Aquacel Dressings သုံးမျိုးရှိပါတယ်။

🔹Aquacel Extra
ပုံမှန် Dressing တွေထက် ၃၉% ပြည်စုပ်ယူမှုအားကောင်းလို့ အနာကျက်မြန်စေတယ်။ အနာကျက် ဖို့လိုအပ်တဲ့ အစိုဓာတ်ကိုလည်းထိန်းသိမ်းပေးတယ်။ နာကျင်မှုကိုလည်း သက်သာစေသလို ဖယ်ရှားတဲ့အခါမှာလည်း ကပ်နေတာ၊ နာကျင်မှုပိုဆိုးတာမျိုးမဖြစ်စေပါဘူး။

🔹Aquacel Ag+ Extra
Antimicrobial Dressing ဖြစ်လို့ ရောဂါပိုးကူးစက်မှုတွေက ကာကွယ်ပေးပြီး အရေပြားကိုပြန် လည်ကုသပေးတယ်။ Hydrofiber အလွှာနှစ်ခုပေါင်းစပ်ထားလို့ ပုံမှန်ထက် ၉ ဆပိုခိုင်ခံ့ပြီး ပြည် တွေကို ၅၀% ပိုစုပ်ယူနိုင်တယ်။

🔹Aquacel Foam
Aquacel Foam မှာ
▫️အရေပြားထိခိုက်ယားယံမှု မဖြစ်စေဘဲ ကပ်ရ၊ ခွာရလွယ်စေတဲ့ ဆီလီကွန်အောက်ဆုံးအလွှာ
▫️ဒဏ်ရာတွေပြန်ကောင်းဖို့ အထိရောက်ဆုံးကူညီပေးတဲ့ Ionic silver နဲ့ Hydrofiber ပေါင်းစပ်လွှာ
▫️ပြည်တွေကိုစုပ်ယူပေးပြီး နူးညံ့မှုနဲ့ သက်တောင့်သက်သာဖြစ်မှုပေးတဲ့ ရေမြုပ်အလွှာ
▫️ပြင်ပရောဂါပိုးကူးစက်မှုက ကာကွယ်ပေးတဲ့အပြင် ရေထိမှာစိတ်ပူစရာမလိုတဲ့ ရေစိုခံအပေါ်ဆုံးအလွှာတို့ ပါဝင်ပါတယ်။

✅ ဒဏ်ရာတွေ အမြန်ဆုံးပြန်ကောင်းဖို့အတွက်ဆို Aquacel Dressings ကိုသတိရလိုက်ပါနော်။ 🤗




Address

DKSH (Myanmar)
Ranchi

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959967842489

Alerts

Be the first to know and let us send you an email when ConvaTec Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram