Nyein Clinic Yangon

Nyein Clinic Yangon ငြိမ်းဆေးခန်းနှင့်ဆေးဆိုင်

ART (Antiretroviral Therapy) ဆိုတာ သွေးနဲ့ ကိုယ်ခန္ဓာတွင်း အရည်တွေထဲမှာ ရှိနေတဲ့ HIVရောဂါပိုးတွေကို ဆက်လက်မပြန့်ပွားအောင...
16/10/2025

ART (Antiretroviral Therapy) ဆိုတာ သွေးနဲ့ ကိုယ်ခန္ဓာတွင်း အရည်တွေထဲမှာ ရှိနေတဲ့ HIVရောဂါပိုးတွေကို ဆက်လက်မပြန့်ပွားအောင် ထိန်းချုပ်ပေးနိုင်တဲ့ အဓိကဆေးဖြစ်ပါတယ်။ လက်ရှိမှာ HIV ရောဂါပိုးကို အမြစ်ပျောက်အောင် ကုသနိုင်တဲ့ ဆေးဝါး မပေါ်သေးပေမယ့်လည်း ART ဆေးကို ပုံမှန်သောက်ပေးမယ်ဆိုရင် ကိုယ်ခံအားကောင်းပြီး သာမန်လူသားတစ်ယောက်လိုပဲ သက်တမ်းရှည်ကြာစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
အရင်တုန်းကတော့ AIDS ဆိုတဲ့ ရောဂါ ကုရာနတ္ထိဆေးမရှိတဲ့ ရောဂါတွေထဲက တစ်ခုဖြစ်ပေမယ့် တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ ART ဆေးကိုသာ မှန်မှန်သောက်ပေးမယ်ဆိုရင်တော့ ကိုယ်ခန္ဓာထဲက HIV ပိုးကို လျော့နည်းစေနိုင်တဲ့အပြင် ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေထိုင်သွားနိုင်ဖို့ ကူညီပေးနိုင်မှာပါ။

ဒီနေ့ ပြောပြပေးမယ့် အကြောင်းအရာကတော့ ART ဆေးနဲ့ ပတ်သက်ပြီး လူတွေ သိထားသင့်တဲ့ အကြောင်းအရာတွေ၊ ဆောင်ရန်၊ ရှောင်ရန်၊ သတိထားသင့်တဲ့ အရာတွေကို ပြောပြပေးချင်ပါတယ်။

၁။ ART ဆေးဟာ နေ့စဉ် အချိန်မှန် သောက်ပေးရမယ့် ဆေးဖြစ်ပြီး တစ်ရက်မှ ပျက်ကွက်လို့ မရပါဘူး။ ပျက်ကွက်ခဲ့တဲ့ ရက်တွေ၊ အချိန်နောက်ကျမှ သောက်မိတာတွေ များလာတဲ့အခါမှာ ပိုးဟာ ဆေးယဉ်ပါးသွားပြီး ဆေးမတိုးတော့တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

၂။ ရောဂါပိုးဟာ ဆေးစစ်လို့ မပေါ်တော့တဲ့ အခြေအနေ (Undetectable stage) တစ်နည်းအားဖြင့် ပိုးကောင်ရေ (Viral Load) အလွန်နည်းတဲ့ အခြေအနေ ရောက်သွားတဲ့တိုင်အောင် ဆေးကို ပုံမှန်ဆက်သောက်ပေးဖို့ အရေးကြီးပါတယ်။

၃။ ART ဆေးကို ပုံမှန်သောက်ပေးပြီး HIV ရောဂါပိုးကို ထိန်းထားနိုင်ရင် ကိုယ့်ရဲ့ လက်တွဲဖော်၊ အိမ်ထောင်ဖက်၊ ကလေးကို ကူးစက်နိုင်ခြေ အလွန်နည်းသွားပါတယ်။ ရောဂါပိုးရှိတဲ့ အမျိုးသမီးတွေအနေနဲ့လည်း ကိုယ်ဝန်ဆောင်ဖို့ စိတ်ကူးရှိတယ်ဆိုရင် ART ဆေးကို မပျက်မကွက် သောက်ပေးဖို့၊ ကျန်းမာရေးကို ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

၄။ တခြားသော ဆေးဝါးတွေလိုပဲ ART ဆေးမှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ သောက်ကာစမှာ အာနိသင်ဆိုးဆိုးရွားရွား ပြနိုင်ပေမယ့် နောက်ပိုင်းမှာ သိပ်ပြီး ပြင်းထန်တော့မှာ မဟုတ်ပါဘူး။

၅။ ကိုယ်သောက်နေတဲ့ ART ဆေးနဲ့ ဝေဒနာရှင်ရဲ့ ကျန်းမာရေး၊ ကိုယ်ခံအားအခြေအနေပေါ် မူတည်ပြီး ဘေးထွက်ဆိုးကျိုး ပြင်းထန်မှု အခြေအနေ ကွာသွားနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ကိုယ့်မှာ ရောဂါပိုးရှိပြီဆိုတာ သိပြီးတာနဲ့ စောနိုင်သလောက် စောစော ART ဆေး သောက်ဖို့ အရေးကြီးပါတယ်။

၆။ ART ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာ ခံတွင်းပျက်တာ၊ ကိုယ်အလေးချိန် တက်လာတာ၊ ကျလာတာ၊ ဝမ်းပျက်ဝမ်းလျှော၊ ခေါင်းက အရက်သောက်ထားသလို ချာချာလည်ပြီး မူးနေခြင်း၊ မောပန်းလွယ်ခြင်း၊ အားမရှိသလို ဖြစ်နေခြင်း၊ ပုံမှန်ထက် ကိုလက်စထရော တက်ခြင်း၊ ခြေ၊ လက်တွေမှာ အနီကွက်၊ အင်ပြင်ထခြင်း၊ စိတ်ခံစားချက် အပြောင်းအလဲ မြန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်တဲ့ စိတ်တွေ ဖြစ်လာခြင်း၊ မူးဝေအော့အန်ခြင်း၊ အိပ်ပျော်ရန်ခက်ခဲခြင်း၊ ဖျားနာခြင်း၊ သွေးတိုး၊ ဆီးချိုဖြစ်နိုင်ခြေ မြင့်တက်လာခြင်း၊ ကျောက်ကပ်၊ အသည်း၊ ပန်ကရိယမှာ ဒဏ်ဖြစ်ခြင်း အစရှိသည်တို့ ပါဝင်ပါတယ်။

၇။ ကိုယ်ခံစားနေရတဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ကျန်းမာရေးအခြေအနေတွေနဲ့ သောက်နေတဲ့ ဆေးတွေအကြောင်း ပြသနေတဲ့ ဆရာဝန်ကို သေချာဖွင့်ပြောထားပါ။ ကိုယ့်သဘောနဲ့ ကိုယ် ဆေးရပ်လိုက်တာမျိုး၊ ဆေးပြောင်းသောက်တာမျိုး မလုပ်သင့်ပါဘူး။

၈။ တိုင်းရင်းဆေးတွေ၊ တရုတ်ရိုးရာဆေးမှုန့်တွေ၊ ဂျင်ဆင်းလို ဆေးမြစ်တွေ၊ ဆေးရွက်တွေကို လုံး၀ သောက်သုံးလို့ မသင့်လျော်ပါဘူး။

၉။ ART ဆေးဟာ ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ ရောဂါပိုးတွေကို ထိန်းချုပ်ဖို့၊ ကိုယ်ခံအားမြင့်တက်စေဖို့ ကူညီပေးရုံသက်သက်ဖြစ်ပြီး ပြင်ပက ထပ်ပြီး ဝင်လာနိုင်တဲ့ HIV ပိုးတွေကို ကာကွယ်ပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်မှာ HIV ပိုးရှိနေတဲ့တိုင်အောင် အကာအကွယ်မဲ့ လိင်ဆက်ဆံတာမျိုးတွေ၊ အန္တရာယ်များတဲ့ အပြုအမူတွေ လုပ်တာမျိုး ရှောင်ကြဉ်ရပါမယ်။

၁၀။ ဆေးကို နေ့စဉ် အချိန်မှန် မပျက်မကွက် သောက်ပေးဖို့ လိုအပ်ပါတယ်။ အစားအသောက်၊ အနေအထိုင်ကို ဂရုစိုက်ဆင်ခြင်ဖို့ လိုအပ်တဲ့အပြင် အားကစား၊ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။

၁၁။ ကိုယ် သောက်ချင်တဲ့ အားဆေးတွေ၊ ရောဂါပျောက်ဆေးတွေ ရှိရင်လည်း ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

စားသောက်နေထိုင်မှု ပုံစံကို ဂရုစိုက်မယ်၊ စိတ်ရော ကိုယ်ပါ ကျန်းမာလန်းဆန်းအောင် နေမယ်၊ ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွားမယ်၊ ART ဆေးကိုလည်း ပုံမှန် သောက်ပေးမယ်ဆိုရင် HIV ပိုး ရှိသည့်တိုင်အောင် သာမန်လူတစ်ယောက်လိုပဲ ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ရမှာ အသေအချာပါပဲ

Nyein clinic တွင် ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်နိုင်ပါသည်။
ART ဆေးများလည်းဝယ်ယူနိုင်ပါသည်။

ဆက်သွယ်ရန်
09-967205170

HIV နောက်ဆက်တွဲ P*P ရောဂါခုခံအားကျဆင်းမူရောဂါပိုး(HIV)ကူးစက်ခံရပြီနောက် လူနာများသည် မိမိပတ်ဝန်းကျင်တွင် အထင်မြင်မှားအရှက...
16/06/2025

HIV နောက်ဆက်တွဲ P*P ရောဂါ

ခုခံအားကျဆင်းမူရောဂါပိုး(HIV)ကူးစက်ခံရပြီနောက် လူနာများသည် မိမိပတ်ဝန်းကျင်တွင် အထင်မြင်မှားအရှက်ရမည်ကိုစိုးရိမ်သောကြောင့် ဆေးဝါးကုသရန်ငြင်းဆန်ပြီးပုန်းေရှောင်နေတတ်ပါတယ်။ယခုခေတ်ကာလတွင် ART လို့ခေါ်တဲ့ဆေးဝါးဖြင့်အချိန်မီကုသမူခံယူလျှင် လူ့သက်တမ်းစေ့နေနိုင်သည်ကိုလည်း လစ်လျူရူထားတတ်ကြပါတယ်။ထိုအခါ ခုခံအားကျဆင်းသည့်ပိုးကူးစက်ခံရသူသည် နောက်ဆက်တွဲဆိုးကျိုးဆက်အနေဖြင့် ရောဂါပိုးများ(Oppotunistic infection)ကူးစက်ပြီး အသက်အန္တရာယ်ထိခိုက်သည်အထိ ခံစားရနိုင်ပါတယ်။

အထက်ဖော်ပြပါ ရောဂါများအနက် အဆုတ်ရောင်အဆုတ်ပွရောဂါလို့ခေါ်တဲ့ P*P ရောဂါသည်လည်းအဆိုးဝါးဆုံးသောဝေဒနာတစ်ခုဖြစ်ပါတယ်။အဆုတ်ရောင်အဆုတ်ပွရောဂါသည်အဆုတ်ကိုပွစေပြီရေဖြင့်ပြည့်နေတတ်ပါတယ်။လေထဲမှတဆင့် ဝင်ရောက်လာသော Pneumocystis jiroveci မိူပိုးကူးစက်မူကြောင့်ဖြစ်စေပါတယ်။

P*Pရောဂါသည် ကုသရန်ခက်သလိုမကူးစက်အောင်ကာကွယ်ရန်လည်းခက်ခဲပါတယ်။ကိုယ်ခံအားကောင်းမွန်သောကျန်းမာသည့်လူအတွက် ရောဂါတိုက်ထုတ်ရန်လွယ်သော်လည်း ခုခံအားကျဆင်းသည့်ပိုူးရှိသူအတွက်က လုံးဝမလွယ်ကူသောရောဂါပါ။
ကိုယ်အင်္ဂါအစားထိုးကုသသူ။သွေးကင်ဆာခံစားရသူ။မွေးရာပါရောဂါဝေဒနာရှင်များတွင်ဖြစ်ပါကလည်း ကုသမူခက်ခဲပါတယ်။အဆ်ုပါရောဂါသည် အဆုတ်သာမကအကျိတ်။အသည်းနှင့်ရိုးတွင်းချဉ်ဆီတွင်လည်း အချို့လူနာများတွင် သက်ရောက်မူရှိပါတယ်။

P*Pနှင့်HIV လူနာ

ခုခံအားကျဆင်းသောရောဂါပိုးကူးစက်ခံရသူလူနာများရဲ့၄ပုံ၃ပုံသည် ARTဆေးနှင့်ကုသမူမခံယူမှီကပင် P*Pရောဂါပိုးကူးစက်ခံရပြီးဖြစ်နေတတ်တယ်။ARTဆေးနှင့်အခြားကာကွယ်ဆေးများပေါ်ထွက်လာသော်လည်း ခုခံအားနည်းသူများအတွက် ကူးစက်ရောဂါနောက်ဆက်တွဲရောဂါများဖြစ်နေဆဲဖြစ်ပါတယ်။
P*Pရောဂါသည် CD4 count 200အောက်လူနာများတွင် ပိုမိုဖြစ်ပွားမူလွယ်ပါတယ်။ဆေးရုံတက်နေရသောခုခံအားကျဆင်းသည့်ရောဂါရှိသူ ၁၀ယောက်မှာ ၁ယောက်သည်အဆိုပါရောဂါကြောင့်ဆေးရုံတက်ရခြင်းဖြစ်ပါတယ်။ကောင်းမွန်သောကုသမူကိုခံယူရရှိသည့်တ်ုင် လူနာသည်အသက်အန္တရာယ်ထိခိုက်နိုင်ချေအများဆုံးနှင့်ရင်ဆိုင်ရပါတယ်။

(1)လက္ခဏာများ
အစပိုင်းကူးစက်မူလက္ခဏာများမှာ
-အဖျားငွေ့ငွေ့ရှိခြင်း
-ချောင်းခြောက်ဆိုးခြင်း
-အသက်ရှုမဝခြင်း
-အားအင်ကုန်ခမ်းခြင်း
-ရင်ဘတ်အောင့်ခြင်းစသည်တို့ကိုခံစားရနိုင်ပါတယ်။

(2)ရောဂါရှာဖွေမူ
ရောဂါပိုးကူးစက်မူကိုရှာဖွေရန် အဆုတ်ကိုဓာတ်မှန်ရိုက်ခြင်း။သွေးဖောက်စစ်ခြင်းစသည်တို့ကိုပြုလုပ်လေ့ရှိပါတယ်။အဆုတ်ထဲမှရေကိုဖောက်ရျ် ဓာတ်ခွဲခန်းပို့စစ်ရောဂါပိုးရှာခြင်း။လိုအပ်လျှင်မှန်ပြောင်းဖြင့်အသားစယူစစ်ဆေးခြင်းစသည်တို့ကိုပြုလုပ်ရောဂါရှာဖွေနိုင်ပါတယ်။

(3)ကုသမူ
ရောဂါကုသမူခံယူရန် ဆေးရုံတက်ရောက်မူခံယူရပါတယ်။လိုအပ်သောပိုးသတ်ဆေးများ ထိုးခြင်း။သောက်ခြင်းအပြင်ကိုယ်ခံအားမြင့်တက်စေရန် ဆေးသွင်းခြင်းများပြုလုပ်ကုသမူခံယူရပါတယ်။အခြားသောရောဂါများကူးစက်မူမခံရစေရန် အစားအသောက်အနေထိုင်ဆင်ခြင်ရျ် ကိုယ်ခံအားတက်စေသောအပြုအမူများကိုအထူးဂရုပြုလိုက်နာဆောင်ရွက်သင့်ပါတယ်။

ထို့ကြောင့် ခုခံအားကျဆင်းသောရောဂါရှိသူများအနေဖြင့် ရောဂါနောက်ဆက်တွဲရောဂါဆိုးဖြစ်သည့် P*P အဆုတ်ရောင်အဆုတ်ပွရောဂါမဖြစ်အောင်ကြိုတင်ရျ် ကိုယ်ခံအားတက်စေသောအပြုအမူနေထိုင်မူနှင့်နားလည်တတ်ကျွမ်းသောဆရာဝန်နှင့်သေချာတိုင်ပင်ကုသသင့်ပါတယ်။

Crd

Beta Glow ဆိုတဲ့ ဖြည့်စွက်အားဆေးထဲမှာ ယခု ဖော်ပြပါ အာနိသင်တွေ အစုံပါပါတယ်။Beta Glucan ဆိုတာ ကျောက်ကပ်အတွက် ဆီးစွန့်ထုတ်မ...
26/05/2025

Beta Glow ဆိုတဲ့ ဖြည့်စွက်အားဆေးထဲမှာ ယခု ဖော်ပြပါ အာနိသင်တွေ အစုံပါပါတယ်။
Beta Glucan ဆိုတာ ကျောက်ကပ်အတွက် ဆီးစွန့်ထုတ်မှုကို ကောင်းစေပါတယ် သွေးတွင်း သကြားဓာတ်ကို လျော့စေပါတယ်။ အစာအိမ်အတွက်လည်း fiber အမျှင်ဓာတ်တွေ ထုတ်ပေးပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေတဲ့ ဓာတ်တမျိုးပါ။ အရွယ်မတိုင်မီ အိုမင်းပြီး အရေပြားလျော့တွဲ မှုကို ကာကွယ်ပေးပြီး အရေပြားကိုတင်းရင်းစေပါတယ်။ ခန္ဓာကိုယ်တွင်း အစိုဓာတ်ကို ထိန်းပေးပါတယ်။ Cholesterol ကို လျော့စေလို့ အဝလွန်မဖြစ်အောင် ထိန်းပေးပါတယ်။

Grape Seed Extract (GSE) စပျစ်သီး အစေ့ ဟာ နှလုံး ကျန်းမာရေးအတွက်ကောင်းစေပြီး သွေးပေါင်ကိုလည်းထိန်းပေးပါတယ်။ သွေးကြောတွင်း သွေးခဲမှုကိုလည်း လျော့ချပေးတဲ့ အတွက် နှလုံးသွေးကြောပိတ်တာမျိုး ဦးနှောက်သွေးကြော ပိတ်လို့ လေဖြတ်တာမျိုးတွေကို ကာကွယ်ပေးပါတယ်။ မှတ်ဉာဏ်နှင့် ဦးနှောက်ကျန်းမာရေးအတွက်
အလွန်ကောင်းစေပါတယ်။ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။

အခြားသော ဗီတာမင်အစုံနှင့် သတ္တုဓာတ်အစုံ ပါဝင်လို့ ကိုယ်ခံအားကို ကောင်းမွန်စေတဲ့

Beta Glow
၁ ဘူးမှာ အလုံး ၃၀ ပါပါတယ်

သင် ဒီအချက်တွေခံစားနေရပြီဆိုရင် အသည်းထိခိုက်နေပါပြီအသည်းက ခန္ဓာကိုယ်ကောင်းကောင်းရပ်တည်နိုင်ဖို့ ထောက်မပေးထားတဲ့ ယက်မကြီး...
12/03/2025

သင် ဒီအချက်တွေခံစားနေရပြီဆိုရင် အသည်းထိခိုက်နေပါပြီ

အသည်းက ခန္ဓာကိုယ်ကောင်းကောင်းရပ်တည်နိုင်ဖို့ ထောက်မပေးထားတဲ့ ယက်မကြီးပေါ့။ အသည်းမကောင်းတော့ဘူးဆိုရင် ထိခိုက်လာမှာကအများကြီးပါ။ တကယ်လို့ သင့်မှာ ဒီလက္ခဏာတွေခံစားနေရပြီဆိုရင် အသည်းအတွက်လိုအပ်မယ့် ကုသမှုတွေကို ချက်ချင်းလုပ်ဖို့ပြောပါရစေနော်။
ဗိုက်ခေါက်အရမ်းထူလာမယ်
မောပန်းလွယ်လာမယ်
မအီမသာဖြစ်မယ်
အားမရှိသလိုခံစားရမယ်
အဆီများတဲ့ အစားတစ်ခုခုစားပြီးတိုင်း ခေါင်းကိုက်မယ်
လေပွမယ်
ဝက်ခြံတွေထွက်မယ်
နှင်းခူလိုမျိုး အရေပြားပြဿာနာတွေဖြစ်မယ်
ခြေသည်းလက်သည်းတွေဝါမယ်
စိတ်တိုလွယ်မယ်
အာရုံစိုက်ရခက်လာမယ်
အသားနဲ့ မျက်လုံးအဖြူသားတွေဝါလာမယ်။
ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ
ဒီအချက်ရှိသူတွေက အသည်းထိခိုက်နိုင်ခြေပိုများပါတယ်။

ရောဂါအခံတစ်ခုခုရှိတဲ့သူ
ဆီးချိုရောဂါရှိသူ
အသည်းရောင်အသားဝါပိုးကူးစက်ခံထားရသူ
အရက်သောက်တတ်သူ
ဆေးလိပ်သောက်တတ်သူ
တစ်ဆင့်ခံဆေးလိပ်ငွေ့ထိတွေ့နေသူတွေ
အဆိပ်အတောက်ဖြစ်စေနိုင်တဲ့အရာတွေနဲ့ ထိတွေ့သူတွေ
အဝလွန်နေသူတွေ
အသည်းရောဂါခံစားရဖူးတဲ့ မျိုးရိုးရှိသူတွေမှာ အသည်းထိခိုက်နိုင်ခြေက အခြားသူတွေထက်ပိုများနေနိုင်ပါတယ်။
အသည်းကျန်းမာစေဖို့
အသည်းကို ထိခိုက်စေနိုင်တဲ့အချက်တွေကတော်တော်လေးတော့ များပါတယ်။ ကျန်းမာရေးပြဿနာတွေ၊သောက်သုံးရတဲ့ဆေးဝါးတွေ၊ ဘဝနေထိုင်မှုပုံစံ၊ ပတ်ဝန်းကျင်အနေအထားတွေ အားလုံးလိုလိုက အသည်းကို ထိခိုက်စေနိုင်ပါတယ်။ အသည်းကျန်းမာမှလည်း ခန္ဓါကိုယ်တစ်ခုလုံးက ကျန်းမာမှာဆိုတော့ အသည်းကျန်းမာဖို့ ဒီအချက်လေးတွေကို လုပ်ဆောင်ပေးပါနော်။
အရက်သေစာသောက်သုံးမှုကိုလျှော့ပါ။
နေ့စဉ် အာဟာရမျှတတဲ့ အစားအသောက်တွေစားသုံးပေးပါ။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အမျှင်ဓါတ်ပါတဲ့ အစားအစာတွေစားသုံးပေးပါ။
ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါ။

လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။
မူးယစ်ဆေးဝါးသုံးစွဲတာမျိုးမလုပ်ပါနဲ့။
ဆေးထိုးအပ်တွေမျှမသုံးပါနဲ့။
သွားပွတ်တံတွေ၊ မုတ်ဆိတ်ရိတ်ဓါးတွေကို သီးသန့်ထားအသုံးပြုပါ။ မျှမသုံးပါနဲ့။
အကာအကွယ်မပါဘဲ လိင်မဆက်ဆံပါနဲ့။

Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ) အသည်းရောင်အသားဝါ အေ ရောဂါ ဆိုတာ အေ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်လာတဲ့ အလွန်ကူးစက်န...
23/02/2025

Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ)

အသည်းရောင်အသားဝါ အေ ရောဂါ ဆိုတာ အေ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်လာတဲ့ အလွန်ကူးစက်နိုင်တဲ့ အသည်းရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါပိုးက အသည်းကိုရောင်စေပြီး အသည်းလုပ်ငန်းစဉ်တွေကို ထိခိုက်စေတဲ့ အသည်းရောင်ရောဂါပိုး အမျိုးအစားတွေထဲက တစ်မျိုးဖြစ်ပါတယ်။

လူအများစုမှာတော့ ထွေထွေထူးထူး ရောဂါကြီးကြီးမားမား မပြဘဲ ၂ လ မှ ၆ လ အတွင်း ပျောက်ကင်းသွားတတ်ကြပါတယ်။ ဒါပေမယ့် တချို့အသည်းရောင် အေ ရောဂါတွေမှာ အသည်းပျက်စီးသည်အထိ ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။

အသည်းရောင်အသားဝါ အေ ရောဂါက တော်တော်များများမှာတော့ ဒီရောဂါအဖြစ်များတဲ့ ဒေသကို ခရီးသွားပြီးနောက် ကူးလာတာ ဒါမှမဟုတ် ကူးလာတဲ့သူနဲ့ အတူနေထိုင်တာ၊ လိင်ဆက်ဆံခြင်းတို့ကနေ ကူးစက်ကြပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို ဆင်ခြင်ပြီး ကူးစက်နိုင်ခြေကို လျှော့ချနိုင်ပါတယ်

လက္ခဏာများ

Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပထမဆုံး သိထားရမှာက လူတိုင်းမှာတော့ ရောဂါလက္ခဏာမပြနိုင်ဘူး ဆိုတာပါပဲ။ ရောဂါလက္ခဏာတွေက ကူးစက်ခံရပြီးနောက် တစ်လအတွင်းပေါ်လာနိုင်ပါတယ်။

ဖြစ်တတ်တာတွေကတော့

အသားဝါခြင်း
ဖြူဖျော့သော သို့ ရွှံစေးရောင် ဝမ်းသွားခြင်း
ဆီးအရောင်ရင့်ခြင်း
ခန္ဓာကိုယ်အနံ့ ယားယံခြင်း တို့ဖြစ်ပါတယ်။
ဒါ့ပြင် တုပ်ကွေးလိုမျိး လက္ခဏာတွေလည်း ပြနိုင်ပါတယ်။

ဥပမာ

မောပန်းနွမ်းနယ်ခြင်း
အစားအသောက်ပျက်ခြင်း
ပျို့ခြင်း
အန်ခြင်း
အဖျားငွေ့ငွေ့ ရှိခြင်း
ဗိုက်အောင့်ခြင်း
ဒီထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Cr to Hello Sayarwon

HIV ရှိမှန်းသိရလို့ စိတ်မညစ်ပါနဲ့အာနိသင်ကောင်းတဲ့ ဆေးသုံးမျိုးအတွဲပါဝင်တဲ့ဆေးကို တစ်ရက် တစ်လုံး သို့မဟုတ် နှစ်လုံးသောက်ရ...
25/01/2025

HIV ရှိမှန်းသိရလို့ စိတ်မညစ်ပါနဲ့

အာနိသင်ကောင်းတဲ့ ဆေးသုံးမျိုးအတွဲပါဝင်တဲ့ဆေးကို တစ်ရက် တစ်လုံး သို့မဟုတ် နှစ်လုံးသောက်ရုံနဲ့ ပုံမှန်အတိုင်း နေနိုင်ပါတယ်။

Stem cell ကုသမှုနဲ့ HIV လုံးဝပျောက်သွားတဲ့ လူနာတွေ ရှိတယ် ဆိုတာတော့ ဟုတ်ပါတယ်။ ပျောက်သွားတာ (၄) ယောက်လောက်ပဲ ရှိပါသေးတယ်။ လူတိုင်းကို ကုပေးဖို့ စိတ်ချရတဲ့ နည်းစနစ်တော့ မဟုတ်သေးပါဘူး။

HIV သံသယ ရှိရင်/ ရှိမှန်းသိရင်

ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပါ

HIV တိုက်ဖျက်ရေးဌာနတွေ၊ တစ်ချို့ NGO တွေမှာ ဆေးအခမဲ့ ပေးပါတယ် နီးစပ်ရာ ပြည်သူ့ဆေးရုံကြီးတွေမှာ အရင်စစုံစမ်းကြည့်ပါ။

အခက်အခဲအမျိုးမျိုးကြောင့် အခမဲ့ ဆေးထုတ်ယူပြီး သောက်ဖို့အဆင်မပြေတဲ့ လူနာတွေအတွက် တရားဝင်တင်သွင်းထားတဲ့ ဆေးတွေကို ရောင်းချပေးနေတဲ့ ဆေးခန်း ဆေးဆိုင်တွေလည်း ရှိပါတယ်။ မိမိသဘောနဲ့ စပြီးဆေးဝယ်သောက်ဖို့မသင့်ပါ၊ ဆရာဝန်နဲ့ တိုင်ပင်ပြီး ညွှန်ကြားချက်နဲ့သာ သောက်ပါ၊ ပုံမှန် ပြန်တိုင်ပင်ပါ။ စမ်းသပ် စစ်ဆေးမှုတွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံမှာ ရနိုင်တဲ့ Anti-Retroviral Therapy (ART) ဆေးအတွဲတွေထဲက ဦးစားပေးကတော့

Dolutegravir (DTG) +

Tenofovir Alafenamide (TAF) or Tenofovir disoproxil fumarate (TDF) +

Emtricitabine (FTC) or Lamivudine (3TC)

ဖြစ်ပါတယ်။

(HIV ကူးစက်နိုင်ခြေများတဲ့ ထိတွေ့မှု ဖြစ်ပြီး ၇၂ နာရီအတွင်း ကာကွယ်ဖို့ Post-Exposure Prophylaxis (PEP) အနေနဲ့လည်း သုံးလို့ရပြီး အာနိသင် ကာကွယ်နိုင်စွမ်းကောင်းပါတယ်၊ ဆေးစမသောက်မီ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့တိုင်ပင်ဖို့ လိုပါတယ်)

အပေါ်က ဦးစားပေး ဆေးအတွဲသောက်ဖို့အဆင်မပြေရင်

Tenofovir (TDF/TAF) + Lamivudine (3TC) + Efavirenz (EFV) သို့မဟုတ်

Tenofovir (TDF/TAF) + Emtricitabine (FTC) + Efavirenz (EFV)

ဆေးအတွဲတွေ သောက်နိုင်ပါတယ်။

HIV RNA ပိုးကောင်ရေ 500000 copies/ml အောက် နည်းတယ်ဆိုရင်

Dolutegravir (DTG) + Lamivudine (3TC) ဆေးနှစ်မျိုးတည်း သောက်လို့လည်း ရပါတယ်။

ပိုးကောင်ရေကို ကောင်းကောင်းထိန်းနိုင်လာတဲ့အခါ Cabotegravir long acting (CAB­-LA) နဲ့ Rilpivirine (RPV) ဆေးနှစ်မျိုးကို (၁) လတစ်ခါ သို့မဟုတ် (၂) လတစ်ခါ အသားဆေးထိုးလို့ ရပါတယ်။ မြန်မာနိုင်ငံမှာ တရားဝင်သွင်းထားတာ မတွေ့ဖူးသေးပါ။

Efavirenz (EFV) ပါတဲ့ ဆေးအတွဲကို သောက်ရင် အစာနဲ့အနည်းဆုံး (၂) နာရီလောက် ခွါပြီး သောက်ပါ။

အသည်းရောင်အသားဝါဘီပိုးပါတွဲရှိနေရင် Tenofovir Alafenamide (TAF) or Tenofovir disoproxil fumarate (TDF) ပါတဲ့ ဆေးအတွဲကို ရွေးရပါမယ်။

ကျောက်ကပ်အားနည်းခြင်း၊ အရိုးပွခြင်း ရှိရင် Tenofovir disoproxil fumarate (TDF) ဆေးပါတဲ့အတွဲကို မသောက်သင့်ပါ။

စိတ်ကျန်းမာရေးပြဿနာ (Psychiatric illness)၊ မှတ်ဉာဏ်အားနည်းရောဂါ (Dementia) ရှိဖူးရင် Efavirenz (EFV) ဆေးပါတဲ့အတွဲကို မသောက်သင့်ပါ။

ဆေးပုံမှန်သောက်နေဖို့ အရေးကြီးပါတယ်။ ဆေးရပ်လိုက်ရင် ပိုးတွေပွားလာပါလိမ့်မယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပုံမှန် တိုင်ပင်ကုသဖို့ လိုပါတယ်။

ဒေါက်တာငြိမ်းကိုဟိန်း

Happy & Healthy

အစာအိမ်အူလမ်းကြောင်းနှင့်အထွေထွေရောဂါအထူးကုသမားတော်

ပုံမှန် စစ်ဆေးသင့်တဲ့ စစ်ဆေးမှုတွေထဲက အရေအကြီးဆုံး (၂) ခုကတော့ Viral Load ပိုးကောင်ရေ နဲ့ CD4 count ခုခံအားဆဲလ်အရေအတွက် ...
22/09/2024

ပုံမှန် စစ်ဆေးသင့်တဲ့ စစ်ဆေးမှုတွေထဲက အရေအကြီးဆုံး (၂) ခုကတော့ Viral Load ပိုးကောင်ရေ နဲ့ CD4 count ခုခံအားဆဲလ်အရေအတွက် ဖြစ်ပါတယ်။

ပိုးကောင်ရေစစ်ဆေးခြင်း
————————-
ပိုးရှိသူရဲ့ သွေးထဲမှာ HIV ပိုးကောင်ရေ ဘယ်လောက်ရှိနေသလဲ စစ်ဆေးခြင်း ဖြစ်ပါတယ်။

ART ဆေးစပြီး (၆) လမှာ တစ်ကြိမ်၊ (၁၂) လမှာ တစ်ကြိမ် ပိုးကောင်ရေ စစ်ဆေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းပါတယ်။

နောက်ပိုင်းမှာလည်း တစ်နှစ် တစ်ကြိမ် စစ်ဆေးဖို့ တိုက်တွန်းပါတယ်။

ရောဂါအနေအထားနဲ့ ဆေးအာနိသင်ကို သေချာသိရနိုင်တဲ့အတွက် အရေးကြီးပါတယ်။

မြန်မာနိုင်ငံအနေအထားနဲ့ အခမဲ့ ကုသပေးတဲ့ စင်တာတွေမှာ ပိုးကောင်ရေတော့ မစစ်ပေးနိုင်တာများပါတယ်။ မိမိဖာသာ အကုန်အကျခံပြီး စစ်ဆေးရဖို့များပါတယ်။ စစ်ဆေးခကတော့ ပျမ်းမျှ ၇ သောင်းနဲ့ တစ်သိန်းကြား ရှိပါလိမ့်မယ်။

ရေးသားသူ
ဒေါက်တာငြိမ်းကိုဟိန်း

အသည်းရောင်အသားဝါ ဘီပိုးကုသဆေးTDF 300mg Ricovir Tenof Getino B Tenovir TAF 25mgTAF ပန်းရောင်GetinomideTenov Aအသည်းရောင်အသ...
05/09/2024

အသည်းရောင်အသားဝါ ဘီပိုးကုသဆေး

TDF 300mg

Ricovir
Tenof
Getino B
Tenovir

TAF 25mg

TAF ပန်းရောင်
Getinomide
Tenov A

အသည်းရောင်အသားဝါ စီပိုးဆေး

Sofosbuvir + Velpatasvir အတွဲ

Hepvel
Panovir
Velfos
Velso

Sofosbuvir + Daclatasvir အတွဲ

Hopetavir+ Virodacla
Sovir+ Dacatec

သောက်လက်စ patient များအတွက် ရနိုင်သော တံဆိပ်များဖြစ်ပါတယ်
(ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်ရပါတယ်)

** 𝗔𝗥𝗧ဆေးများလဲ မှာယူနိုင်ပါသည် **

အသေးစိတ်သိရှိလိုပါက Page Messenger or

ဆက်သွယ်ရန် ဖုန်း - 09967205170 (Viber)

HIVသည် လူ့ကိုယ်ခံအားကိုကျဆင်းစေသော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သည်။ HIV ပိုးကူးစက်ခံရပါက ၎င်းပိုးသည် ပြင်ပပစ္စည်းများ၊ ရ...
31/08/2024

HIVသည် လူ့ကိုယ်ခံအားကိုကျဆင်းစေသော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သည်။ HIV ပိုးကူးစက်ခံရပါက ၎င်းပိုးသည် ပြင်ပပစ္စည်းများ၊ ရောဂါပိုးမွှားများကို တိုက်ထုတ်ပေးသော သွေးဖြူဥဆဲလ်များကို ဖျက်စီးပစ်သည်။ ထိုအခါ ကူးစက်ခံရသူတွင် ကိုယ်ခံအားကျဆင်းပြီး ပြင်ပမှရောဂါများ အလွယ်တကူဝင်ရောက်နိုင်သည်။ ထိုသို့ ကိုယ်ခံအား ဖျက်ဆီးခြင်း ခံရခြင်းကို ခုခံအားကျဆင်းမှုရောဂါ (AIDS) ဟုခေါ်ပါသည်။

🔴ကူးစက်နိုင်သည့်နည်းလမ်းများ

လိင်ဆက်ဆံမှုမှ တဆင့်ကူးစက်ခြင်း

HIV ရောဂါပိုးရှိသူ တစ်ဦးနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ လိင်တူ၊ လိင်ကွဲ ဆက်ဆံခြင်း၊ (မိန်းမကိုယ်ဖြင့်လည်းကောင်း၊ စအိုဖြင့်လည်းကောင်း၊ ပါးစပ်ဖြင့်လည်းကောင်း ကွန်ဒုံးကဲ့သို့သော အကာအကွယ် ပစ္စည်း မသုံးပဲ လိင်ဆက်ဆံခြင်း)
🔴သွေးမှ တဆင့်ကူးစက်ခြင်း၊

ရောဂါပိုးရှိသူ. သွေးကိုသွင်းမိခြင်း၊ ရောပိုးရှိသူနှင့် ချွန်ထက်မြက်စူးရှတတ်သော အသုံးအဆောင်များ မျှဝေသုံးစွဲခြင်း၊ (ဥပမာ- ဘရိတ်ဓား။ ဆေးထိုးအပ်။ ဆေးမှင်ကြောင်ထိုးခြင်း)
ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားကို ကူးစက်ခြင်း၊ရောဂါပိုးရှိသော မိခင်မှတဆင့် ၎င်း. ကလေးထံသို့ သားဖွားစဉ် (သို့) ကလေး နို့ရည်တိုက်ကျွေးခြင်း၊

☑️သတိပြုရမည့်အချက်များ

HIV ပိုးသည် ခြင်။ ကြမ်းပိုး ကိုက်ခြင်းမှတဆင့် မကူးစက်နိုင်ပါ၊
HIV ပိုးသည် နှာချေခြင်း။ ချောင်းဆိုးခြင်း မှတဆင့် မကူးစက်နိုင်ပါ၊
HIV ပိုးရှိသူတစ်ဦးနှင့် အိမ်သာတစ်ခုတည်းကို အတူတကွအသုံးပြုခြင်းဖြင့် ရောဂါမကူးစက် နိုင်ပါ၊
HIV ပိုးရှိသူတစ်ဦးနှင့် ပွေ့ဖက် နမ်းရှုပ်ခြင်းဖြင့် ရောဂါ မကူးစက်နိုင်ပါ၊
HIV ပိုးရှိသူတစ်ဦး၏ အဝတ်အစားများကို ဝတ်ဆင်ခြင်းဖြင့် ရောဂါမကူးစက် နိုင်ပါ၊
HIV ပိုးရှိသူတစ်ဦးနှင့် အစားအသောက်အတူစားခြင်း၊ ပန်းကန်တစ်ခုထဲတွင် စားသောက်ခြင်းဖြင့် ရောဂါပိုး မကူးစက်နိုင်ပါ

🔺HIV / AIDS ရောဂါကို ကုသနိုင်ပါသလား🔴

HIVဗိုင်းရပ်စ်ပိုးအား အရှင်းပျောက်အောင်ကုသနိုင်ခြင်း မရှိသေးပါ၊သို့သော် HIV ဗိုင်းရပ်စ် ပိုးအား ARTကုထုံးဆေးဖြင့် ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်၊ထို့ပြင် HIVဗိုင်းရပ်စ်ပိုးအား ကာကွယ်ရန်အတွက်လည်း PREPခေါ် HIVကာကွယ်ဆေးလည်း ရရှိနေပြီဖြစ်သည်၊HIVပိုးရှိသူနဲ့ ထိတွေ့ ဆက်ဆံမှုရှိခဲ့ပါလျှင်လည်း PEPဆေးအား(အရေးပေါ် HIVကာကွယ်ဆေး) သောက်သုံးခြင်းဖြင့်လည်း အချိန်မီကာကွယ်တားဆီးရန် လိုအပ်ပါသည်။



Crd

အသည်းရောင် အသားဝါ ရောဂါပိုးကြောင့် ကမ္ဘာမှာ နှစ်စဉ် လူ တစ်သန်းလောက် သေဆုံးနေရတာကို တိုက်ဖျက်ဖို့ အတွက် WHO ကမ္ဘာ့ ကျန်းမ...
28/07/2024

အသည်းရောင် အသားဝါ ရောဂါပိုးကြောင့် ကမ္ဘာမှာ နှစ်စဉ် လူ တစ်သန်းလောက် သေဆုံးနေရတာကို တိုက်ဖျက်ဖို့ အတွက် WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ဇူလိုင် လ ၂၈ ရက်နေ့ကို ကမ္ဘာ့ အသည်းရောင် အသားဝါရောဂါ တိုက်ဖျက်ရေးနေ့ အဖြစ် ဒီနှစ်မှာ ပထမဆုံး စတင် သတ်မှတ်လိုက်ပါတယ်။

“အသည်းရောင်ရောဂါ ကိုယ့်မှာ ရှိနေတာကို မသိကြတဲ့လူပေါင်း ကမ္ဘာတလွှားမှာ သန်းပေါင်းများစွာရှိနေတဲ့အတွက် အသည်းရောင်ရောဂါ ရှိ၊ မရှိ စစ်ဆေးသင့်တယ်” လို့ ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေ၊ ပရဟိတအဖွဲ့တွေက ပြောနေပါတယ်။
ဒါဟာ ဇူလိုင် ၂၈ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာ အသည်းရောင်ရောဂါနေ့မှာ ထုတ်ပြန်လိုက်တဲ့ သတင်းစကားလည်း ဖြစ်ပါတယ်။
ကမ္ဘာတလွှားမှာ အသည်းရောင်ရောဂါကြောင့် သေဆုံးရသူ နှစ်စဉ် ၁ သန်းကျော် ရှိပြီး ဒီအရေအတွက်က ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တိုးလာတယ်လို့ ဆိုပါတယ်။
အသည်းကိုရောင်လာစေတဲ့ ဒီရောဂါဟာ အများအားဖြင့် ဗိုင်းရပ်ပိုးကြောင့် ဖြစ်တာ ပါ။
အသည်းရောင်ရောဂါကနေ အသည်းကင်ဆာ၊ အသည်းပျက်ဆီးတာ စတဲ့ရောဂါတွေ အပါအဝင် တခြားပိုပြင်းထန်တဲ့ အသည်းရောင်ရောဂါတွေကို ဖြစ်ပွားနိုင်ပါတယ်။
ဒီရောဂါကို ဖြစ်စေတဲ့ ဟက်ပါတိုက်တစ် ဗိုင်းရပ်စ် (Hepatitis Virus) က အေ (A) ကနေ အီး (E) အထိ မျိုးကွဲ ၅ ခု ရှိပါတယ်။
ဟက်ပါတိုက်တစ် (ဘီ) နဲ့ (စီ)က ပိုပြီး ပြင်းထန်ပါတယ်။ ကမ္ဘာကျန်းမာရေး အဖွဲ့ (World Health Organization - WHO) က အသည်းရောင်ရောဂါ (ဘီ) နဲ့ (စီ) ကြောင့် တနှစ် တနှစ် ကမ္ဘာမှာ သေဆုံးတဲ့ သူပေါင်း ၁.၃ သန်းရှိတယ်လို့ ခန့်မှန်း ထားပါတယ်။ ဒီနှုန်းဟာ စက္ကန့် ၃၀ တိုင်း ဒီရောဂါတွေနဲ့ လူ ၁ ယောက် သေဆုံး နေတာကို ပြဆိုနေပါတယ်။

ဘီပိုးကာကွယ်ဆေး စ ထိုးတော့မယ်ဆိုရင် သိထားရမှာက ..♦️ကာကွယ်ဆေးမထိုးခင် ကိုယ့်မှာ ဘီပိုးရှိနေလားဆိုတာ အရင်သွေးစစ်ဖို့လိုပါတ...
24/07/2024

ဘီပိုးကာကွယ်ဆေး စ ထိုးတော့မယ်ဆိုရင် သိထားရမှာက ..

♦️ကာကွယ်ဆေးမထိုးခင် ကိုယ့်မှာ ဘီပိုးရှိနေလားဆိုတာ အရင်သွေးစစ်ဖို့လိုပါတယ်။ ဘီပိုးမရှိတော့မှ ကာကွယ်ဆေးထိုးတာက ပိုသင့်တော်ပါတယ်။

♦️ ဘီပိုးကာကွယ်ဆေးက တစ်ကြိမ်တည်းထိုးရုံနဲ့ မပြီးပါဘူး။ သုံးကြိမ်ထိုးရမယ့် ကာကွယ်ဆေးတစ်မျိုးပါ။ အသုံးအများဆုံး အကြိမ်ကတော့ 0-1-6 ဖြစ်ပါတယ်။ သဘောက ပထမဆုံးအကြိမ်ထိုးပြီး နောက်တစ်လအကြာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရမှာ ဖြစ်ပြီး ပထမအကြိမ်ပြီး ၆ လအကြာမှာ တတိယအကြိမ် ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ်။ ကိုယ့်ထိုးရမယ့်ရက်ကို သေချာမှတ်ထားပြီး အကြိမ်ရေပြည့်အောင်ထိုးပါမှ ကာကွယ်ဆေးအောင်မှာ ဖြစ်ပါတယ်။

♦️ ကာကွယ်ဆေး သုံးကြိမ်ထိုးပြီပြီဆိုတာနဲ့ ဆေးအောင်မအောင် ပြန်စစ်ဖို့လိုပါတယ်။ ကာကွယ်ဆေးအောင်ပြီဆိုတော့မှ စိတ်ချရမှာဖြစ်ပြီး ဆေးမအောင်ရင်တော့ ပြန်ထိုးဖို့လိုပါတယ်။
Crd

Address

Nyein Clinic ငြိမ်းဆေးခန်းနှင့်ဆေးဆိုင်
Ranchi

Alerts

Be the first to know and let us send you an email when Nyein Clinic Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Nyein Clinic Yangon:

Share

Category