29/04/2026
ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏🙏🙏
" ဖွား ၊ ပွင့် ၊ ဟော ၊ စံ ၊ ဗျာဒိတ်ခံ "
(၁) ဗျာဒိတ်ခံယူသည့်နေ့
လေးအသင်္ချေ ကမ္ဘာတစ်သိန်း အစ
ကဆုန် လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့
မဟာသက္ကရာဇ် (၆၈) ခု၊
ကဆုန်လပြည့်
သောကြာနေ့ (ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့်
ဗုဒ္ဓဟူးနေ့ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့်
အင်္ဂါနေ့ (ဘီစီ ၅၄၃)
🙏ဗုဒ္ဓနေ့အကြောင်း သိကောင်းစရာများ
၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူး
နေ့မြတ်ကြီး တခု ဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏
ထူးခြားချက်များမှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့် အညီ
သုံးလောကထွဋ်ထား
သဗ္ဗညု မြတ်စွာဘုရားနှင့်စပ်၍
ဗျာဒိတ်ခံယူသောနေ့ ၊
ဖွားမြင်တော်မူသောနေ့၊
ဘုရားဖြစ်တော်မူသောနေ့၊
ပရိနိဗ္ဗာန် စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုင်နေပါသည်။
ဤကဲ့သို့
ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့်
ဤကဆုန်လပြည့်နေ့ကို
ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။
၂။ ဤကဆုန်လပြည့်နေ့တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်
မူသော ကြောင့် ဤနေ့ ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့ အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။
၃။ ဝိသာခါ နက္ခတ်နှင့်
ယှဉ်၍ ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို
အကြောင်းပြု၍ ကဆုန်လပြည့်နေ့ကို
ဝိသာခါဒေးဟု ဆိုလိုပါသည်။
၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သောနေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂ စေတီ ထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့
ရှိကြပါသည်။
၅။ ဗောဓိပင်သည်
သဗ္ဗုညုတ ဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာ ဌာနဖြစ်ခြင်း
ဖွားဖက်တော် ၇ပါးတှငျ
စာရင်းဝင်ဖြစ်ခြင်း တို့ကြောင့်
အလွန် ထူးခြားသော
သစ်ပင်တစ်မျိုး ဖြစ်ပါသည် ။
ဤကဲ့သို့မြတ်စွာဘုရား နှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်း
အစဉ် အလာကို ခေတ်အဆက်ဆက်
ပြုလုပ်လာခဲ့ကြပါသည်။
၆။ မြန်မာ့ရိုးရာ ၁၂ လရာသီ
ပွဲတော်များအနက်၊
ကဆုန်လ၌ညောင်ရေ သွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။
၇။ အသနေဗာဓိယ မထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့်
နတ်ပြည်၌ ဖြစ်ရခြင်း၊
စကြာမင်း ဖြစ်ရခြင်း၊
အပါယ်ဘေးမှ လွတ်ကင်းရခြင်း
အကျိုးများကိုခံစားရကြောင်း
(ထေရာပဒါန်) ကျမ်းဂန်၌
ဟောကြား ထားပါသည်။
၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသော ကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊
အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။
၉။ အထက်ပါ
အကြောင်းအရာများကို
နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်
သူတော်စင်များအနေဖြင့် နှစ်စဉ်နှစ်စဉ်
ကဆုန်လပြည့်နေ့ ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓ အဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့
ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမှုများကိုပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို မွန်မွန်မြတ်မြတ်
အမှတ်တရဆင်နွှဲကြပါသည်။
ကိုယ် စိတ် နှလုံး သုံးပါးလုံး ချမ်းမြေ့ ကြည်သာကြပါစေ 🙏🙏🙏