OSIRIS အိုဆိုင်းရစ်

OSIRIS အိုဆိုင်းရစ် Non of your Business
(1)

Shamanic Healer by The Spirits & Ancestors
Experienced Alternative Spiritual Healer/ Guide
Certified Tarot Master & Evolutionary Astrologer


Telegram Channel
https://t.me/+NmEWlVE_ye8yOThl

Youtube
https://www.youtube.com/channel/UCreW1qhTQ74TexlQfKCKVmw

စကြာ၀ဠာကြီးရဲ့ လွမ်းခြုံအုပ်မိုးစောင့်ရှောက်ကာကွယ်မှုအောက်မှာရှိနေကြပါတယ်။ဘာမှမရှိတဲ့ နေရာလွတ်ကြီးမှာ နေရာတနေရာရဖို့ ကြိ...
10/04/2026

စကြာ၀ဠာကြီးရဲ့ လွမ်းခြုံအုပ်မိုးစောင့်ရှောက်ကာကွယ်မှုအောက်မှာရှိနေကြပါတယ်။
ဘာမှမရှိတဲ့ နေရာလွတ်ကြီးမှာ နေရာတနေရာရဖို့ ကြိုးစားနေတုန်းဘဲလား?
ဘာမှမရှိမှတော့ နေရာလွတ်လည်းရှိပါတော့မလား?

ကိုယ်‌တို့တွေ ဘဝမှာ အမြဲတမ်း နေရာ တနေရာ ရဖို့ ကြိုးစားနေရတယ်။
ဘာကြောင့်လဲဆိုတော့ ငါရှိတယ်။ငါဖြစ်တည်နေတယ်ဆိုတာကို ပြသဖို့ဘဲဖြစ်ပါတယ်။

ငါရှိတယ်ဆိုတာ ရဲရဲတင်းတင်း ထွက်ပြလိုက်ပါ။

ငါမရှိရဘူးလို့ ပညတ်ထားပေးမဲ့
အဲ့ဒါကိုပညတ်ထားတဲ့သူကိုယ်တိုင်က ငါရှိနေလို့ ငါမရှိရဘူးလို့ ပညတ်ထားနိုင်ခဲ့ဝာာလေ။
ဘာမှမရှိတဲ့အရာကြီးက အမြဲတမ်းရှိနေမှာပါဘဲ။
ထိုနည်း၎င်း ဘာမှမရှိတာကို ရှိအောင်လုပ်ထားတဲ့အရာ‌‌တွေလဲအမြဲရှိနေနိုင်မလားဆိုတာ ငါမရှိရဘူးလို့ ပညတ်ထားတဲ့ ငါဆိုတဲ့ သူတစ်ယောက်ကို ‌သွားမေးကြည့်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဟုတ်တယ် အမှောင်ကိုလင်းအောင်လုပ်ပေးရမှာမဟုတ်ဘူး။ အမှောင်ထဲက ထွက်လာရမှာပါ။
10/04/2026

ဟုတ်တယ် အမှောင်ကိုလင်းအောင်လုပ်ပေးရမှာမဟုတ်ဘူး။ အမှောင်ထဲက ထွက်လာရမှာပါ။

လူ့ပြည်မှာ နွေဆိုရင်
အခြားနေရာတွေမှာ ဘာများပါလိမ့်

ထိုင်နေရင်း သွားလို့ရတဲ့ ခရီးက ပိုခရီးရောက်တတ်တယ်

နာမည်ကျော် လောကသုံးပါး ကမ္ဘာ ၃ ခု ရှိတာမှာ

ဒီနေ့တော့ Under World ရဲ့ လေးလံမှောင်မိုက်မှုတွေ အကြောင်း ပြောပြချင်တယ်

Under World က လေးတယ် အေးစက်နေတယ်
မျက်နှာသေတွေနဲ့ လုပ်စရာရှိတာကို လုပ်နေတဲ့ သူတွေ ရှိနေတဲ့အရပ်
အပြစ်တွေရှိရင်လည်း ဆေးကြောဖို့ ရောက်သွားရတဲ့ အရပ်ပေါ့

အချို့သော Under World တွေက လူပြည်နဲ့ တလွှာထဲမှာ ပဲ ရှိနေပြီး အလွှာပါးပါးလေးနဲ့ပေါ့
Dimension ပဲ ကွာတာမျိုး

တစုံတယောက်ဟာ တနေရာရာကို ရောက်လာတယ်ဆိုတာ ဘယ်တော့မှ အကြောင်းမဲ့ မရှိပါဘူး
အဲဒီနေရာမှာ သူ့ရဲ့ Mission သူလုပ်ပေးရမယ့် တခုခုရှိတတ်တယ်
ဒါမှမဟုတ် သူဖြေရမယ့် မအောင်သေးတဲ့ စာမေးပွဲတခုရှိတတ်တယ်

မတူတာက
Mission လုပ်ရမယ့်သူဆို Power က ပါသွားပြီးသားပေါ့
Mission သမားတွေက အချိန်တန်မှ ရွေးချယ်စေလွှတ်ခံရတာကိုး
အဲ့နေရာမှာ ပစ္စည်းတိုင်းက ကိုယ့်လက်နဲ့ထိတာနဲ့ စွမ်းတယ်
ကိုယ့်မှာ တာဝန်ပါလာတာကိုး

ဥပမာ လေးလံနေတဲ့ အခန်းတခုထဲ ဆားခွက်တွေ လိုက်ချတယ် ဆိုပါစို့
ဆားက သူ့ဘာသူ စွမ်းပါတယ်
ဒါပေမယ့် ဆားခွက်လိုက်ချသူ ဘယ်သူလဲ ဆိုတာပေါ်မူတည်ပြီး
အဲဒီဆားကပဲ အစွမ်းထပ်ပြောင်းတယ် စွမ်းအင် ဆပွားတယ်

Witch Craft တွေက စီရင်ပေးတဲ့ Witch ရဲ့ တန်ခိုးပေါ်မူတည်ပြီး စွမ်းအင်ပါလာတာမျိုးပေါ့

ဒါက Mission သမားအကြောင်းပါ

နောက်တယောက်က စာမေးပွဲ ဖြေရမယ့်သူ အကြောင်း
သူကတော့ ပုံမှန်ထက် အားပိုနည်းသွားတယ်
မျက်နှာပေါ်မှာ အပြုံးဆိုတာ ပျောက်သွားတယ်
နှုတ်ခမ်းထောင့်စွန်းတွေ ကွေးကျသွားတယ်
မျက်နှာတွေလေး လက်ခြေတွေ အကြောသေသလို တန်းလန်းကျနေတယ်
ဘာအစွမ်းမှ မရှိတော့သလို ယုံကြည်မှုတွေ ပျောက်ကွယ် အောက်ဆုံးထိ ရောက်နေတယ်

ကဲ ဘယ်လိုပဲဖြစ်ဖြစ် အောင်အောင်သာ ဖြေပေတော့
ဒီစာမေးပွဲအောင်မှ ပြန်ထွက်ခွင့်ရမယ်လေ

ဒါကိုပဲ အဖန်ဖန်လည်နေတဲ့ ဝဋ်ကြွေးလို့ ခေါ်ကြပြန်တယ်

ဒါပေမယ့် သေချာတဲ့ နိယာမ တော့ရှိတယ်

Mission လုပ်ပေးဖို့ Under World ကို Power နဲ့ ပြန်သွားသူတွေဆိုတာလည်း
တချိန်က စာမေးပွဲအခါခါကျပြီး မှ အောင်တဲ့အခါ အဆင့်တက်ခဲ့ရသူတွေပဲ

ဒါဆို ဘာများ အားငယ်စရာရှိလို့လဲ
တချိန်မှာ အားလုံး ပန်းတိုင်ရောက်မှာ လေ

Under World ဆိုတာ တကယ်တော့ သင့်အတွက် လုံးဝ မစိမ်းဘူး
အခု ပြန်သတိရပြီ မဟုတ်လား

အမှောင်ထုကြီးထဲက အလင်းစက်ကလေးသိမ်းထားရာနေရာတခုဟာ
အလင်းရဲ့ တန်ဖိုးကို သိဖို့ အမှောင်ကို သင်ပေးခဲ့ရာနေရာ
ပေါ့ပါးမှုကို ချစ်တတ်ဖို့ လေးလံစေပြီး တမင် ဆွဲချထားခဲ့တဲ့နေရာ
သင်အခါခါရောက်ခဲ့ဖူးတဲ့ ကြောက်လန့်နေရင်း စွဲလမ်းမိနေတဲ့နေရာ

ကဲ ရအောင်ရုန်းလေ

သင့်ရဲ့ Spiritual Consciousness တက်လာစေဖို့ လေ့ကျင့်ရတဲ့ ကစားကွင်းဟာ Under World ပါ

အမှောင်ကို ရဲရဲကြည့်ပါ
သင့်ရဲ့အမှောင်ကိုပါ နားလည်လာမယ်
အဲဒီ နားလည်ခြင်းက သင့်အတွက် Under World ကနေ ပြန်တက်လာရမယ့် တံခါးပေါက်ကို ဖန်ဆင်းပေးပါလိမ့်မယ်

09/04/2026

စန်းမပွင့်ဘူးတဲ့။
စန်းက ပွင့်စရာလား၊ အ၆မှ မဟုတ်တာ။ 😁

08/04/2026

နှစ်သစ်မှာ အချစ်စစ် မရရင်
အသစ်ချစ်လိုက်ပါ။ 😁

08/04/2026

အရင်တင်တဲ့ Video က Audio Quality မကောင်းလို့ Sound Effects ပြန်ပြင်ပြီး ပြန်တင်လိုက်တာပါ။

Stimulation မှာ နေ နေရဝာာပါ။
08/04/2026

Stimulation မှာ နေ နေရဝာာပါ။

🤖 Artificial Intelligence / Simulation Theory

Artificial Intelligence (AI)
Simulation Reality
Matrix Concept
တွေအရ

ကျွန်မတို့နေတဲ့ လောကကြီးဟာ တကယ့်အစစ် Real World မဟုတ်ဘဲ
computer simulation တစ်ခုဖြစ်နိုင်တယ် ဆိုတာပါ။

💻 Simulation Theory ဆိုတာဘာလဲ?

လွယ်လွယ်နဲ့ နားလည်ရအောင် …
🎮 Game တစ်ခုကို စဉ်းစားကြည့်ပါ…
Game ထဲမှာ ကမ္ဘာ တစ်ခုရှိတယ်
Character တွေရှိတယ်
Rule တွေရှိတယ်
ဒါပေမယ့် အဲ့ဒီ ကမ္ဘာက တကယ့်အစစ်မဟုတ်ဘူး။ Computer code နဲ့ဖန်တီးထားတာပဲဖြစ်တယ်။

🌍 အဲ့လိုပဲ… ဒီ theory အရ—
ကျွန်မတို့နေတဲ့ ဒီ universe ကလည်း
AI (Artificial Intelligence)
ဒါမှမဟုတ်
advanced civilization တစ်ခုက ဖန်တီးထားတဲ့ simulation ဖြစ်နိုင်ပါတယ်။
ဒီ idea ကို popular ဖြစ်စေခဲ့သူတွေက
Elon Musk
“Reality ထက် simulation ဖြစ်နိုင်ချေ ပိုများတယ်” လို့ပြောခဲ့သူ
Nick Bostrom
Simulation Hypothesis ကို philosophical theory အနေနဲ့ တင်ပြခဲ့သူ

အဓိကအယူအဆ က
Technology အရ အရမ်းမြင့်တဲ့ civilization
တစ်ခုရှိလာရင်
သူတို့က realistic simulation world တွေ ဖန်တီးနိုင်မယ်
အဲ့ဒီ simulation ထဲမှာ လူလို သဘောရှိတဲ့ conscious beings တွေပါ ပါနိုင်တယ်။
ဒါဆို… ကျွန်မတို့က
Real world မှာနေနေတာလား?
Simulation ထဲမှာနေတာလား? ဆိုတာ မသေချာတော့ဘူး။

ကျွန်မတို့မြင်နေရတဲ့ အရာတွေ (အမြင်၊ အသံ၊ ခံစားမှု) အကုန်လုံးဟာ ဦးနှောက် ထဲက processing တစ်ခုပဲ။
ဒါကြောင့်— “Real ဆိုတာ ဘာလဲ?” ဆိုတဲ့မေးခွန်းကို ပြန်မေးရတဲ့အဆင့်ကိုရောက်သွားတယ်။

ဒီ concept က spirituality နဲ့လည်း ဆက်စပ်တယ် …
“Reality = illusion”
“Maya (အလိမ်အညာလောက)” ဆိုတဲ့ idea နဲ့ဆင်တူတယ်
ဒါဆို… ကျွန်မတို့က character မဟုတ်ဘဲ
Game ကိုကြည့်နေတဲ့ Player (awareness) ဖြစ်နိုင်တယ်

Simulation Theory ဆိုတာ
လောကကြီးဟာ simulation ဖြစ်နိုင်တယ်
ကျွန်မတို့က game character လို ဖြစ်နိုင်တယ်
Real world တစ်ခု အပြင်မှာရှိနေနိုင်သေးတယ်

Ps… မိမိ၏ ကိုယ်ပိုင်အသိဥာဏ်ဖြင့် လိုအပ်သည်များကိုယူ၍ မလိုအပ်သည်များကို ထားခဲ့ပါ။

Reference📚:
Nick Bostrom (2003). Are We Living in a Computer Simulation?
Elon Musk — Public discussions on Simulation Theory

Great Awakening နှင့်ဆက်စပ်သော အကြောင်းအရာများ ကို အောက်ပါ Link 👇တွင် ဖတ်နိုင်ပါသည်။

https://www.facebook.com/share/p/1CNkgxVhAx/

https://www.facebook.com/share/p/19x6jsSpH2/

https://www.facebook.com/share/p/1Fk24q61dJ/

🌙 Inner Peace🪶

ဒီစာလေးနဲ့ အချိတ်အဆက်မိတယ်။
08/04/2026

ဒီစာလေးနဲ့ အချိတ်အဆက်မိတယ်။

"The God - The Divine - The Spiritual Seed"

ဝိညာဉ်ရေးရာလမ်းစဉ်လျှောက်လှမ်းသူတိုင်းဟာ ဘုရားရှင်များကို ရိုသေစွာ ဦးညွှတ်ကြတယ်။ ချစ်မြတ်နိုးကြပါတယ်။
ဘုရားရှင်တို့၏ "Divine Love - မြင့်မြတ်သောစင်ကြယ်သော ကုစားပေးနိုင်စွမ်းသော မေတ္တာတရားများ" ကို နှလုံးသားထဲမှာ ဦးခေါင်းထက်မှာ လက်ခံရယူကြတယ်။

ဘုရားရှင်တို့ရဲ့ မြင့်မြတ်အေးချမ်းလှတဲ့ ပင်ကိုယ်လက္ခဏာတော်တွေဆိုတာ
ဝိညာဉ်ဉာဏ်အလင်း (တရားဉာဏ်)၊ စင်ကြယ်သောအလှတရား၊ မေတ္တာထားခြင်း၊ ပေးကမ်းစွန့်ကြဲခြင်း၊ ငြိမ်းချမ်းခြင်း၊ နှိမ့်ချခြင်း၊ သုခချမ်းသာ၊ ဂရုဏာစွမ်းအား၊ ချိုသာအေးမြခြင်း၊ အမှန်တရားသစ္စာ စတာတွေ ဖြစ်ကြတယ်။

ဘုရားရှင်ရဲ့ ထိုသို့သောလက္ခဏာများဟာ လူသားနှင့် သတ္တဝါတို့ ရင်ထဲမှာ
ဘုရားရှင်ရဲ့ဝိညာဉ်မျိုးစေ့ Spiritual Seed အဖြစ် ပါလာခဲ့ကြပါတယ်။
မျိုးစေ့ဆိုတာ ဆက်လက်ရှင်သန်နေမှ အပင်ပေါက်မယ်။
အဓိပ္ပာယ်ပြည့်ဝပါလိမ့်မယ်။

လူသားတွေ၊ တိရစ္ဆာန်လေးတွေ၊ သတ္တဝါများနှင့် သဘာဝတရားတို့ထံမှာ တွေ့ရတဲ့ ကောင်းမြတ်သော၊ မေတ္တာကို အခြေခံသော စိတ်နှလုံးသားနှင့် အမူအကျင့်တွေဟာ
ဘုရားရှင်တို့ထံမှ အမွေရရှိထားသော မျိုးစေ့များ ရှင်သန်နေတာဖြစ်တယ်။

ဒါဟာ ဘုရားကို စစ်မှန်စွာ ကြည်ညိုခြင်း၊ မိမိချစ်မြတ်နိုးသော ဘုရားရှင်ကို Inspiration ယူခြင်း၊ အတုယူခြင်း ပဲ ဖြစ်ပါတယ်။

ဘုရားရှင်ထံမှ ရရှိထားသော မျိုးစေ့ကို အပင်ပေါက်စေရန် ဆက်လက်ပြုစုပျိုးထောင်နိုင်သူသည် ဘုရားကို တကယ်ချစ်မြတ်နိုးသူဖြစ်ပါတယ်။
ဘုရားရှင်တို့၏ သားသမီး အစစ်များဖြစ်ကြပါတယ်။

ဘုရားသခင်တို့ရဲ့ အလင်းရောင် ကို ထပ်တူပြု အတုယူနေထိုင်နိုင်ဖို့ လျှောက်လှမ်းရမယ့် ကျင့်စဉ်ဟာ တရားထိုင်ခြင်းဖြစ်ပါတယ်။
သိမ်မွေ့ပြီး အလင်းရောင်ကဲ့သို့တောက်ပနေသော ဤမြင့်မြတ်လှတဲ့ မေတ္တာစွမ်းအင်ကို တရားထိုင်ခြင်းမှတဆင့်လည်း ထိတွေ့နိုင်တာမို့ တရားထိုင်ကြရတယ်။

ဒါကြောင့် တရားထိုင်ခြင်းဆိုတာ ဘုရားရှင်နှင့် ဝိညာဉ်ရေးရာ ချိတ်ဆက်ခြင်း
(သို့မဟုတ်)
တရားထိုင်ခြင်းဖြင့် ဘုရားရှင်တို့၏ မြင့်မြတ်သော နှလုံးသားနှင့် အမူအကျင့်တို့အား
မိမိကိုယ်ပိုင်ဂုဏ်ရည်များ ဖြစ်အောင် ကြိုးစားအတုယူခြင်း
(သို့မဟုတ်)
လောကကြီးရဲ့အမှန်တရားကို ဘုရားရှင်ထံမှ Divine ထံမှ အမွေအနှစ်ဆက်ဆံခြင်းပင်ဖြစ်ပါတယ်။




Reference and Photo: bramakumaris.com

08/04/2026

Universe နဲ့ မိခင်ကြီးတွေဖြစ်တဲ့ Mother Earth, Mother Nature ကို ပူဇော်တဲ့ Shamanic Ritual ရှာမန် သီချင်း

ခက်ခဲကြမ်းတမ်းနေတဲ့အချိန်မှာ ရှိနေပေးတဲ့အတွက် a thousand thanks လုပ်‌ကြောင်း ပြောပြ တဲ့ Shamanic Ritual သီချင်းလေးပါ။

Background music credit to Mira Ceti & original creators of the song.

Original song link in comment

Earphoneနားကြပ်နဲ့နားထောင်ရင် Shaman ဗုံအသံ အစစ် ကြားရလိမ့်မယ်ဗျ။

OSIRIS

သစ်ပင်‌တွေရဲ့အချစ်ဝောာ်ကြီးပါ
07/04/2026

သစ်ပင်‌တွေရဲ့အချစ်ဝောာ်ကြီးပါ

07/04/2026

မိုးလင်းလာတာနဲ့ ကျေးဇူးရှင် ငှက်ငတီးလေးတွေ အသံပေါင်းစုံနဲ့ တကျီကျီ တကျွီ ကျွီ နဲ့ နှိပ်စက်လို့
သူတို့ကို ကိုယ့်အသံနဲ့ ပြန်နှိပ်စက်ပေးလိုက်တယ်။
သူတို့တော့ ဘာမှသိမှာမဟုတ်ဘူး။
ပတ်ဝန်းကျင်ကတော့ စောစောစီးစီး ကိုယ့်အသံနဲ့ မဂ်လာယူလိုက်ရမှာသေချာတယ်။

အလွင့်သမားပါ။
Anti-Social မဖြစ်သွားအောင် ကြိုးစားပြီး နေရတာလဲ မလွယ်ပါလားနော် တို့ရေ။

Spiritual ဆရာတစ်ယောက်ဘဝကို ခံယူထားပေမဲ့ လူတကာကို ဘယ်လိုနေရမယ် ဘယ်လိုထိုင်ရမယ်ဆိုပြီး ‌နေရာတကာ ဆရာလိုက်လုပ်ရဝာာ ဝါသနာမပါဘူး။

Reader နိမိတ်ဟောဆရာတစ်ယောက် အဖြစ်ခံယူထားပေမဲ့ လူတွေရဲ့ ကံတရားကို နေရာတကာဝင်ပြီး နိမိတ်ဟောတာ၊ ဆရာလုပ်တာမျိုးလဲ ဝါသနာ မပါဘူး။

ပျင်းလို့ 😁

အဲ့တာ အိုဆိုင်းရစ်ပါ။

Spoiler ဟေ့။ မကြာမီလာမည်။
06/04/2026

Spoiler ဟေ့။ မကြာမီလာမည်။

06/04/2026

Address

Yangon

Alerts

Be the first to know and let us send you an email when OSIRIS အိုဆိုင်းရစ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to OSIRIS အိုဆိုင်းရစ်:

Share