27/01/2021
COVID 19 vaccine အကြောင်းရယ် ဆိုးကျိုးအကြောင်းရယ် အနည်းငယ် ပြောပြချင်ပါတယ်
* ကျနော်တို့ ဒီနိုင်ငံကိုရောက်တဲ့ COVID 19 vaccine က Covishield ပါ. UK က vaccine ဖြစ်တဲ့ Oxford-Astrazeneca vaccine formula အတိုင်း india မှာထုတ်လုပ်ခွင့်ပေးထားတာပါ
** UK vaccine က US က vaccine တွေလို virus အပိုင်းအစကိုသုံးပြီးထုတ်ထားတာမဟုတ်ပဲနဲ့ virus မှာပါတဲ့ spike protein တစ်ခုနဲ့ တူတဲ့ အပိုင်းအစ ကိုတခြား virus တစ်မျိုးကနေယူပြီး ထုတ်ထားတာဗျ
ကျနော်ပြောချင်တာက vaccine တစ်ခုမထုတ်ခင် animal study ဆိုတဲ့ တိရစ္ဆာန်တွေနဲ့လေ့လာရတယ်. ပြီးမှ Clinical trial ၃ခု ကျော်ဖြတ်ရပါတယ်.
* clinical trial 3 ခုမှာ အကြမ်းဖျင်း လူတွေအပေါ်သုံးရင် ဘယ်လောက်အန္တရာယ်ရှိမလဲ ရောဂါကိုရောတကယ်ကာကွယ်ပေးမလား. ကိုယ်ခံအားစနစ်ရောတကယ်အလုပ်လုပ်မှာလား စတာတွေကိုလေ့လာရတယ်
* လက်မခံနိုင်လောက်တဲ့ဆိုးကျိုးတွေ ပြနေရင်အဲ vaccine ကထွက်လာစရာအကြောင်းမရှိပါဘူး.
* အဲတော့ဆိုလိုတာက vaccine တစ်ခုတစ်ခုထွက်ဖို့က အဆင့်ဆင့် ကျော်ဖြတ်ပြီး လက်ခံနိုင်လောက်ပြီဆိုမှထွက်လာတယ်ဆိုတာကိုသိစေချင်လို့ပါ. ( Oxford vaccine ကတော့ လူ ၂၃၇၄၅ ယောက်နဲ့ စမ်းသပ်ထားတယ်လို့သိရပါတယ် ) ref - bmj best practice
* ၁၀၀ % အန္တရာယ်ကင်းလား အရည်အသွေးပြည့်မှီလားဆိုရင်တော့ ကမ္ဘာကျန်းမာရေးအဖွဲ့အစည်းရဲ့ အရည်အသွေးပြည့်ကြောင်းထောက်ခံမှူတော့ မရှိသေးပါဘူး သို့ပေမဲ့ စံနှုန်းမှီ စမ်းသပ်ထုတ်လုပ်ထားတာဖြစ်လို့ တမာရွက်ထက်တော့ အစွမ်းထက်တာအာမခံတယ်နော်
ဆိုးကျိုးတွေ ဘာတွေရနိုင်မလဲဆိုတော့
1. ဆေးထိုးတဲ့နေရာမှ နာမယ်နီမယ် (၃ယောက် မှာ ၂ယောက် >60%)
2. ခေါင်းကိုက်တာ နုံးတာ (၂ယောက် မှာ တစ်ယောက် >50%)
3. ကိုယ်လက်ကိုက်ခဲတာ မအီမသာဖြစ်တာမျိုးက ၅ယောက်မှာ ၂ယောက်လောက်ဖြစ်နိုင်ပါတယ် (>40%)
4. ဖျားမယ်ချမ်းတုန်မယ် (30%လောက်)
5. ပျို့မယ်အန်မယ် အဆစ်အမြစ်တွေကိုက်ခဲမယ် (20%)
Ref : Bmj best practice
တခြား ဖြစ်နိုင်တာတွေက ဆေးထိုးတဲ့နေရာမှအကြိတ်ပေါ်လာမယ်, ရာသီတုတ်ကွေးလက္ခဏာတွေပေါ်လာမယ်(ဖျား/နှာစေးချောင်းဆိုးအာသီးယောင်ဘာညာ) (~10% လောက်ပေါ့)
ဖြစ်တောင့်ဖြစ်ခဲတွေသိချင်ရင်တော့အောက်မှာ ပုံထည့်ပေးထားပါတယ်.
Q: Vaccine ထိုးသင့်လား?
A: တစ်ခွန်းထဲပြောဆိုရင်တော့ထိုးသင့်တယ်. အချိန်တိုအတွင်းထုတ်ထားတာဆိုတော့ ကူးတာဘယ်လောက်အထိကာကွယ်ပေးမယ်တို့ ဘယ်လောက်ကြာအောင်ကာကွယ်ပေးမယ်တို့ တိတိကျကျ ပြောလို့မရသေးဘူးပေါ့
တစ်ခုကောင်းတာက ကိုယ်ထိုးလိုက်ချင်းအားဖြင့် ကိုယ့်တင်မဟုတ်ပဲ ကိုယ့်မိသားစုကိုပါ ကူးတာကိုကာကွယ်သလိုဖြစ်သွားမယ်. တဖြေးဖြေးထိုးတဲ့သူများလာရင် ကူးနှုန်းကျလာမယ်ပေါ့
Q: ဘယ်လောက် ရာခိုင်နှုန်းကာကွယ်ပေးမလဲ?
A: အကြမ်းဖျင်းအားဖြင့် 70 ရာခိုင်နှုန်းကာကွယ်ပေးပါတယ် ကျန်တဲ့ 30% ကတော့ mask တပ် လက်ဆေး ခပ်ခွာခွာလေးနေကြဦးပေါ့
Q: Vaccine ထိုးပြီးရင် ကဲလို့ရပြီလား
A: ၂ပတ်လောက်တော့စောင့်ပါဦးဗျ. Mask လေးတော့ဆက်တက် လက်လေးတော့ဆက်ဆေး ခပ်ခွာခွာလေးဆက်နေပေါ့ဗျာ.ဥုံဖွမန်းဆေးမှမဟုတ်တာ. ဖြစ်နိုင်ရင် အားလုံး ငြိမ်တဲ့ထိစောင့်ပါဦး တဖြေးဖြေး သင်္ကြန်၃လကျတာတို့ဘာတို့ဖြစ်မလာဘူးပြောမရဘူးလေ 😆
Q: တော်ရုံဆေးနဲ့ မတည့်ဘူး ထိုးလို့ရမလား
A: vaccine မှာ ပါတဲ့ ပစ္စည်းနဲ့မတည့်ဘူးဆိုမှ မထိုးရတာပါ. ပင်လယ်စာမတည့်တာတို့ ပန်းနာရင်ကြပ်ရှိတာတို့ဆိုရင်တောင်ထိုးလို့ရပါတယ်. Vaccine ထိုးပြီးရင်လည်း ဓာတ်မတည့်တာမဖြစ်အောင် စောင့်ကြည့်ပေးမဲ့ဆရာဝန်တွေရှိပါတယ်ဗျ. တခုခုဆို ချက်ချင်းကယ်ပေးကြမှာပါ. Vaccine မထိုးခင်တော့ ဓာတ်မတည့်တာလေးတွေရှိရင်တော့ကြိုပြောထားပေါ့ဗျာ
တစ်ခုတော့ရှိတာပေါ့ တစ်ခါ ဓာတ်မတည့်လို့ကယ်ပြီးရင်တော့ နောက်တစ်ကြိမ်မထိုးရတော့ဘူးပေါ့
Q: ကျနော့်ကလေးက ၁၀နှစ်ဆိုရင်ရောထိုးလို့ရပြီလား
A: သတ်မှတ်ချက်အရတော့ ၁၈နှစ်ကျော်မှပါ
ခုပြောချင်တာကတော့ဒီလောက်ပါပဲ ကျန်တာသိလိုတာ ကျန်းမာရေးဝန်ကြီးဌာနက ပုံလေးထည့်ပေးထားတယ်ဆက်ဖတ်ကြဗျာ.
Ref : uptodate, bmj best practice, MOHS Q&A
@@ကျန်းမာရေးဗဟုသုတများရရှိနိုင်ဖို့ ယခု Page လေးကို like and see first လုပ်ထားပေးပါခင်ဗျာ
@@နောက်ပိုင်း giveway များလည်းလုပ်ပေးဦးမှာပါ