10/06/2024
မေးခွန်းများတွက်ပါ(Edited £50တန် ယူလာရင်အဆင်မပြေပါဘူးနော် see in comment)
-UK လာရင် ပိုက်ဆံဘယ်လောက်သယ်ခဲ့လို့ရ လဲ ?
ဘယ်လိုလာလာ၁သောင်းပါ ကျော်ရင် declare လုပ်ပါနော်
-ဘယ်ဘဏ်ကဒ်တွေသုံးလို့ရလဲ?
မြန်မာပြည် ကဒ်တွေက တချို့ဆိုင်တွေက မဖြတ်ပါဘူး
ထိုင်းကဒ်တွေက Kasikornနဲ့ SCB ဖြတ်ပေမဲ့ ငွေလဲနှုန်းက ကြောက် ကြောက်စရာ...
ရောက်ရောက်ချင်း UK bank ကမရှိဘူးလေ ...
ပြသနာ(font error) က
Uberနဲ့ အဝတ်လျှော်တာ ကဒ်မရှိရင် မရ
ချိုကတော့အဲ့တုန်းက ရင်နာနာနဲ့ထိုင်း ဘဏ် ခဏသုံးတယ်
သူက exchange rate အမြင့်တင်မဟုတ် လွှဲခ ဘတ်၁၀၀ အပြင် E commerce ဆိုပြီး နောက်ရက်တွေ
ဘတ်ထောင်ချီဖြတ်တယ်
ထိုင်းဘဏ်ထဲ နည်းနည်းပဲထည့်လာပါ
Uber နဲ့ အဝတ်လျှော်ဖို့ ရက်ပိုင်း...
ထိုင်း ဖုန်းကဒ်ကို e sim ပြောင်းလာနော်
ဒီမှာ ထိုင်းဘဏ်ဆက်သုံးရအောင်
Central world နဲ့ Siam Pragonမှာသွား
ပြောင်းလို့ရတယ်
ရောက်တာနဲ့ ကျောင်းကို ပြေး BRP ယူ ကျောင်းကစာprintထုတ် ဘဏ်ကိုပြေး ကဒ်လုပ်
လူများရင်ကြာမှာနော် ...
- ငွေလွှဲရင်တခါတလေ account ပိတ်သွားတယ်ဟုတ်လား?
ဟုတ်တယ် ... cash ယူရင်ယူ မယူရင်
ငွေလွှဲခါနီး ကိစ္စပေါ်လို့ရှိရင်
Bank details လေးပေးနိုင်မလား
သေချာမှ လွှဲပါ(အဆဲခံပြီးပြောပြတာ)
wise လည်းဒီတိုင်းပဲနော်...
ဘဏ်မှာဘာလွှဲလွှဲ kpay လိုပဲ ဒီမှာလည်း
noteထည့်နော် . .
- အိမ်ရှာဖို့က
Amber student
- U homes
- Student Roost
- Cloud student အစရှိတာတွေက ရှာပါ
( Manchester နဲ့ Sheffield နားဆို ကူရှာပေးပါ့မယ်)
Cb မှာ မြန်မာadminဖုန်းနံပါတ်လာတောင်းလို့ရ
-ဘာတွေသင်လာရမလဲဆိုရင်
English ကတော့ ဘယ်လိုသင်သင်အသစ်ဖြစ်နေမှာပဲ ဘိလပ်သံက ခဏနေရသွားမှာပါ
အရေးကြီးဆုံးက ဗမာစာကြိုက်တတ်ရင်
အမေ့ဆီက ဟင်းချက်သင်လာပါ
ဒါမှမဟုတ် စားချက်groupထဲဝင်ထားပါ
ကိုယ်နေမဲ့နေရာရဲ့တရုတ်ဆိုင် locationရှာပါ
မာမားခေါက်ဆွဲဝယ်ဖို့
ရောက်ရောက်ချင်းစားစရာတွေကြည့်ပြီး
ငိုချင်သွားမယ် ....
Onlineဗမာဆိုင်တွေတော့ရှိပါတယ်....
_အဝတ်အစား
ဘယ်လမဆိုအေးပြီး လေရှယ်တိုက်ပါတယ်...
နွေကျရင်ဝတ်မဲ့အပါးလေးတွေခုထိ မဝတ်ရသေးဘူး..
ပူလည်းခဏပဲ puffer အနွေးထည် က
တထည်လောက်ဆိုရပါပြီ ဒီကပိုကောင်းလို့...
Jacketတွေ coatတွေက
အလယ်အလတ်တန်းစားလောက်ဆို
ဗမာပြည် or ထိုင်းကဝင်ဝယ်ခဲ့ပါ
ညီမလေးတွေ အကျီ လှတာ
လိုချင်ရင်ထိုင်းကဝယ်ခဲ့နော်
ဒီမှာစျေးက ၃ထည် တထည်ပဲ
ဒီရောက်ရင် Primark နဲ့
ပန်းကန်အိုးခွက်ဆိုင် အရင်သွားရမယ်ထင်ပါတယ်
ခေါင်းအုံးဆိုင် စောင်ဆိုင်
Grocery ဝယ်ဖို့ စျေးအသက်သာဆုံး ၃ခုက
Aldi, Lidl, Pound land ..
နည်းနည်းပိုကောင်းရင်
Tesco, waitrose, Co op, Saintbury
ပိုကောင်းချင်သေးရင် M&S, Morrisons....အများကြီးပဲ
-power Bank, phone, laptop,ရယ်
အားသွင်းကြိုးပိုသယ်ခဲ့နော် သယ်ခဲ့ပါ စျေးကြီး..တချို့ဆိုင်တွေတော့လပေးရ...
-တလ ချွေတာပြီးစားမယ်ဆိုရပေမဲ့
အာဟာရမပြည့်မှာစိုးရတယ်
အမေဆီက သင်လာရင်
ကိုယ့်ဟာကိုယ်ဆို
စျေးသက်သာပြီးအရသာရှိတာစားရမယ်
ထိုင်းဆိုင်တနပ် ပေါင်၂၅
၁သိန်း၃သောင်းခွဲ ချက်တတ်ရင်
၃နပ်စာပဲ အာဟာရလည်းရှိ အရသာလည်းရှိပဲ
-ဆေးတွေက insurance ရှိပေမဲ့
ဆေးခန်းပြဖို့
ရက်ချိန်းကကြာမှာမို့
ဗမာဆေး Englishဆေး
သောက်နေကြဆေးတွေပါကင်ယူခဲ့လို့ရ
အစာကြေဆေး air X ဘာညာ
ဒီမှာအရည်ပဲ over the counter ရ
ယူခဲ့တာကောင်း
Cetrineတို့ period painတွက်သောက်ဆေးတွေ
အာရုံကြောအားဆေး
စာတမုန်းရေးရလို့ဇက်ကြောတက်မှာ..
Common coldတွက်ဆေးလေးတွေ
မျက်စဥ်းတို့နားသန့်ဆေးတို့
အခုမှစချက်တော့အပူလောင်လိမ်းမဲ့ silverdermတို့လို့...သယ်နိုင်သမျှသယ်လာခဲ့
-လေဆိပ်ကနေ အခန်းကို တချို့ ကျောင်းတွေက
free ကြိုပေးပါတယ် ကိုယ့်ဘာသာလာရင်
public transportation က
စျေးသက်သာပေမဲ့
လေယာဥ်အကြာကြီးစီးလာရ ပင်ပန်းတဲ့ထဲ
အထုပ်တွေနဲ့နေရာအသစ်မှာ ကံမကောင်းရင်
Liftမပါတဲ့ accommodation မှာ
ကူသယ်ပေးမဲ့သူမရှိ ငိုချင်သွားမှာမို့...
ဒီတခေါက်တော့ taxi ခလေးသုံးလိုက်ပါကွယ်.....
တကယ် ငိုရတာမသယ်နိုင်ရင်.....
- cultural shock က အနည်းနဲ့အများရပါတယ်
သူတို့ပျော်နေတာတွေကိုယ်မပျော်တာ
အထီးကျန်အိမ်လွမ်းတာတွေ
အစုံပါပဲ နေတတ်သွားမှာပါ....
လိုအပ်ချက်လေးတွေ
ရှိပေမဲ့
အားလုံးတွင် အသုံးဝင်တဲ့စာလေးဖြစ်ပါစေ...
သိချင်တာရှိရင် commentရေးခဲ့ပါ...
မေတ္တာဖြင့်
DR Cho Cho
MYC
visa
life
ွားမည့်ကျောင်းသားများတွက်