VitaRest Wellness Hub

VitaRest Wellness Hub Welcome to VitaRest Wellness Hub, where holistic health takes center stage.

Our story is one of passion, dedication, and a relentless pursuit of fostering well-being in every aspect of life.

07/12/2024

🌿 **New Episode: Mindfulness and Healthy Aging** 🌿

အသက်ကြီးလာတယ်ဆိုတာဟာ ဘဝခရီးရဲ့ အစိတ်အပိုင်းတခုပါပဲ .. ဒါပေမဲ့ ဒီ ဖြစ်စဉ် ကို ကျန်းမာလှပစေဖို့ အသွင်ပြောင်းနိုင်တဲ့ အစွမ်းထက်တဲ့ လက်နက် တစ်ခုရှိပါတယ် . အဲ့ဒါကတော့ Mindfulness လို့ခေါ်တဲ့ သတိ (သတိပဌာန်) ဖြင့် နေထိုင်ခြင်း နည်းလမ်းလေးပါပဲ .. ဒီတပတ် Soul Spa Series ရဲ့ Podcast မှာတော့ Mindfulness practice ကို လေ့ကျင့်ခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးထားပါတယ် .. Mindfulness ကို လေ့ကျင့်ပေးခြင်းအားဖြင့်

✨ ဦးနှောက်ကျန်းမာရေး ၊ စိတ်ခံစားချက်ဟန်ချက်ညီစေမှု နှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်စေမှု
✨ အသက်ရှုခြင်းလေ့ကျင့်ခန်းများ ကို လေ့လာနိုင်စေရန် နှင့် ကျေးဇူးတရားကို သိတတ်စေမှု
✨ လက်ရှိအချိန်ကာလ (ပစ္စုပ္ပန်) မှာ နေထိုင်ခြင်း နှင့် ဘဝမှာ ကောင်းမွန်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်စေမှု စတာတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ် ..

💡 အသက်ကြီးလာတယ်ဆိုတာ နှစ်တွေ လ တွေကို ဖြတ်သန်းသွားရုံမျိုးမဟုတ်ပဲ ဘဝကို ဘယ်လို နေထိုင်မလဲ ဆိုတဲ့ ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး ကျန်းမာလှပစွာ နဲ့ နေ့ရက်တိုင်းကို ရှင်သန်နေထိုင်သွားနိုင်ပါတယ် ... ဒီခရီးမှာ Mindfulness practice ကို ထည့်သွင်းလေ့ကျင့်ခြင်းဖြင့် ပိုမို ကျန်းမာ တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြစေဖို့ အကြံပြုလိုက်ပါတယ်ရှင် .
👉 **Podcast အစ အဆုံးကို Youtube နဲ့ Spotify မှာ နားဆင်နိုင်ပါပြီရှင်.. **

Youtube- https://youtu.be/kvHvHzqmm80
Spotify -https://spotifycreators-web.app.link/e/lTMbzwdp8Ob

Mindfulness Practice - https://youtu.be/JFSjG-ze5B4

Bodyscan Meditation - https://youtu.be/Sb8GPQJL-FM

Gratitude Reflection - https://youtu.be/-KJvm_xlt8g

30/11/2024

Soul Spa Podcast Series - Episode 1

စိတ်အမော တွေ ကို ဖြေဖျောက်ပေးမဲ့ VitaRest Wellness Hub ရဲ့ Soul Spa Series အပိုင်း ၁ လေး စတင် မိတ်ဆက်ပေးလိုက်ပါပြီရှင့် .. ဒီPodcast series လေးမှာတော့ သက်ရှိတိုင်း ရှောင်လွဲမရတဲ့ အသက်ကြီးခြင်း (အိုမင်းခြင်း) ကို အံတု ဖို့ နဲ့ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်မဲ့ နည်းလမ်း (Healthy Aging) လေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ် ။ ဒီနေ့အပိုင်းမှာ တော့ လူအများ လွဲမှားစွာ သိမြင်ကြတဲ့ အသက်ကြီးခြင်းနဲ့ ပတ်သက်တဲ့ အချက်ကလေးတွေကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်.. Podcast အစအဆုံးကို Youtube နဲ့ Spotify မှာ နားဆင်နိုင်ပါပြီ ...


Disclaimer - The music in this video is used for creative and educational purposes only. I do not claim ownership of the music, and all rights remain with the respective copyright owners. This video is non-commercial, and no copyright infringement is intended.

Youtube - https://youtu.be/X4bul3mJyWk
Spotify - https://spotifycreators-web.app.link/e/E9VdLsYEWOb

13/11/2024

Collaboration with Project Kindness for World Kindness Day 2024

11/11/2024

💡 **New Episode: Preventing Headaches and Migraines Naturally** 💡
Vitarest Wellness Hub Podcast ရဲ့ ဒီနေ့ Podcast လေးမှာတော့ ကျမတို့ ကို နေ့စဉ် မကြာခဏ ဆိုသလို နှောင့်ယှက်နေတတ်တဲ့ ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ခြင်း ပြဿနာတွေကို သဘာဝအတိုင်း ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ရိုးရှင်းတဲ့ လူနေမှုပုံစံပြောင်းလဲမှု လေးတွေအကြောင်း မျှဝေပေးထားပါတယ်ရှင်..
🎧 ရေဓာတ်ခန်းခြောက်ခြင်း၊ စိတ်ဖိစီးမှု၊ မျက်နှာပြင်အချိန်၊ အစားအသောက်နှင့် အခြားအရာများကဲ့သို့ အဖြစ်များသော ခေါင်းကိုက်ခြင်းအစပျိုးမှုများကို စီမံခန့်ခွဲရန် လက်တွေ့ကျသော အကြံပြုချက်များကို မျှဝေထားပါတယ်.. ခေါင်းကိုက်ခြင်းကို ကာကွယ်ပြီး ပိုမိုကျန်းမာတဲ့ ဘ၀ကို ဖန်တီးနိုင်ဖို့ သေးငယ်တဲ့ lifestyle ပြုပြင်ပြောင်းလဲမှုများကို ဒီ Podcast လေးကနေ တဆင့် ရယူလိုက်ပါ.. 🌿
👉 Podcast အစ အဆုံးကို Youtube နဲ့ Spotify မှာ နားဆင်နိုင်ပါပြီရှင်..
Youtube (English Version) - https://youtu.be/tNaoGk2XU8s
Youtube (Myanmar Version) - https://youtu.be/-OLZPA0WIz0

03/11/2024

💙 **New Episode: Embrace Self-Forgiveness and Acceptance** 💙
ဒီနေ့မှာတော့ ကိုယ့်ကိုကိုယ် ခွင့်လွှတ်တတ်ဖို့ နဲ့ လက်ခံတတ်ဖို့ အကြောင်းအရာလေးတွေကို ဆွေးနွေးထားပါတယ်.. ကျမတို့ တွေဟာ တပါးသူ အပေါ် စာနာတတ်ဖို့ ၊ ကြင်နာ သနားဖို့ ကြိုးစားရင်း ကိုယ့်ကိုကိုယ် ဝေဖန် နေမိတာ တွေ ကို လွှတ်ချပြီး စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှု အတွက် နေရာလေး တခု ဖန်တီးပေးကြရအောင်...
မိမိကိုယ်ကို အမှန်တကယ်ချစ်ပြီး လက်ခံတတ်ဖုိ့ ၊ နှစ်သိမ့်တတ်ဖို့ နည်းလမ်းလေးတွေနဲ့ အတူ Positive self affirmation လေးတွေ ပါဝင် တဲ့ ဒီ Podcast လေး အစ အဆုံးကို Youtube နဲ့ Spotify မှာ နားဆင်နိုင်ပါပြီရှင်.. ကိုယ့်ရဲ့ စိတ်ကို သက်တောင့်သက်သာ ဖြစ်စေဖို့ ,ကုိယ့်ကိုကိုယ် ကရုဏာ နှင့် ကြင်နာစွာ လက်ခံတတ်စေဖို့ အတွက် အထောက်အကူ ဖြစ်စေမှာ အမှန်ပါပဲ....
🎧 **Listen now to find peace within and give yourself the gift of true rest.**



Youtube - https://youtu.be/efKNlcPejso?si=ciy8riZGCJZ1HEVR

29/10/2024

🌙 New Episode Alert: Sleep and Mental Resilience! 🌙
ဒီ အပိုင်းလေးမှာတော့ အိပ်စက်ခြင်း ဟာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု နှင့် ဘယ်လို ဆက်စပ်နေတာလဲ.. ကေင်းမွန်တဲ့ အိပ်စက်ခြင်း ကို ရရှိနိုင်အောင် ဘယ်လို လေ့ကျင့်ရမလဲ ဆိုတာလေးကို ပြောပြထားပါတယ် ..အရည်အသေွးပြည့်ဝ တဲ့ အိပ်စက်ခြင်းက ပိုမို ကောင်းမွန်တဲ့ အတွေးအခေါ်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည် ရှိမှု အတွက် အရေးပါလှပါတယ်.. ဒီ podcast မှာေတ့ာ ကောင်းမွန်စွာ အိပ်ပျော်နိုင်ဖို့ အထောက်အကူ ဖြစ်စေမဲ့ Sleep Meditation ( အသက်ရှု လေ့ကျင့်ခန်းဖြင့် ပုံရိပ်ဖော်ခြင်း) ၅ မိနစ်ခန်ပါဝင်တာကြောင့် အိပ်ခါနီးအချိန် သို့မဟုတ် အိပ်ပျော်ဖို့ သင့်တော်တဲ့ ပတ်ဝန်းကျင် အနေအထားမှာပဲ နားထောင်သင့်ပါတယ် ... လမ်းခရီးသွားလာစဉ် မျိုးမှာ နားမထောင်သင့်ပါဘူးရှင်..
🎧 Listen now to reclaim your inner calm and build resilience, one restful night at a time. Your mental and emotional well-being deserve it! 💙 Podcast အစ အဆုံးကို Youtube နဲ့ Spotify တို့မှာလည်း နားဆင်နိုင်ပါပြီရှင်.... အားလုံးပဲ ကောင်းသော ည ချမ်းလေးမှာ ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ကြပါစေရှင်..
Youtube - https://youtu.be/hfDJgZqZ9Yk
Spotify- https://podcasters.spotify.com/pod/show/drhsumyatmo/episodes/Sleep--Mental-Resilience-e2q9jit

28/10/2024

Are you ready to kickstart your week with small, powerful changes? Check out our latest episode, where we dive into “The Power of Small Daily Habits for Better Health.” 🌱In today’s episode, we’re exploring simple health habits that anyone can add to their routine—like hydrating first thing in the morning, adding a veggie to every meal, and finding just a few moments for deep breathing. These small choices can lead to big changes, one day at a time! ✨🎧 Listen now to discover how small actions can set you up for a healthier, more energized lifestyle. Remember, you don’t need to make drastic changes—just start small and keep going!👉 Tune in and share your favorite small habit that makes a big difference in your life! Let’s make this week one of healthy choices and positive growth. 💪🌿

တနင်္လာနေ့လေးမှာ ကျန်းမာစေတဲ့ အလေ့အကျင့်လေးတွေကို စတင်နိုင်စေဖ်ို့ရည်ရွယ်ရင်း …
28/10/2024

တနင်္လာနေ့လေးမှာ ကျန်းမာစေတဲ့ အလေ့အကျင့်လေးတွေကို စတင်နိုင်စေဖ်ို့ရည်ရွယ်ရင်း …

Are you ready to kickstart your week with small, powerful changes? Check out our latest episode, where we dive into “The Power of Small Daily Habits for Bett...

🌍 Happy World Clinical Exercise Physiology Day! 2024 At Vitarest Wellness Hub, we're celebrating the incredible impact t...
24/09/2024

🌍 Happy World Clinical Exercise Physiology Day! 2024

At Vitarest Wellness Hub, we're celebrating the incredible impact that clinical exercise physiologists have on improving health and well-being across the globe.

Clinical exercise physiology is more than just fitness; it's about using the power of exercise as medicine to manage chronic diseases, enhance recovery, and improve overall quality of life. Whether it's helping someone with diabetes, heart disease, or mental health challenges, clinical exercise physiologists play a crucial role in guiding patients towards healthier lives through personalized exercise programs.

Today, let's take a moment to recognize the dedication of these professionals who work tirelessly to ensure that everyone, regardless of their condition, has the opportunity to live a healthier, happier life.

🏃‍♂️💪 Let's move together, stay active, and appreciate the science behind every step, stretch, and breath we take! Remember, exercise is not just about adding years to your life but adding life to your years.

15/09/2024

Positive Thinking for a Vibrant Sunday
လာမဲ့ ရက်သတ္တပတ် အသစ်ကို ကြိုဆိုဖို့ အပတ်စဉ် Sunday Podcast လေးမှ​ပြန်လည်ကြိုဆိုလိုက်ပါတယ်.. ဒီနေ့မှာတော့ အားလုံးရင်ဆိုင်နေကြရတဲ့ စိတ်ခံစားမှု တခုကို အထောက်အကူ ဖြစ်စေဖို့ စိတ်ကျန်းမာရေးနဲ့ ပရဟိတ ပြုလုပ်ခြင်း အကြောင်းလေးကို တင်ဆက်ပေးထားပါတယ်ရှင်... အများစုရဲ့ စိတ်ထဲမှာ ခံစားနေကြရတဲ့ မကူနိုင် မလှုနိုင်လို့ အားမလိုအားမရ ဖြစ်နေမှုတွေ ၊ စိတ်မကောင်းမှုတွေ ကို ဖြေလျော့ပေးပြီး စိတ်ခွန်အားဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်..

Sunday Positive Thinking Podcast လေးမှာတော့
-နေ့စဉ် ဘဝမှာ Gratitude Reflection အလေ့အကျင့်.
-တပါးသူတွေကို ကြင်နာမှု ပြသခြင်း ဖြင့် ပျော်ရွှင်မှုကို မြှင့်တင်ခြင်း
-ရိုးရှင်းသော သာမန် အလေ့အကျင့်လေးဖြင့် ပရဟိတ ပြုလုပ်ခြင်း စတဲ့ အရာလေးတွေကို ဝေမျှေပေးထားပါတယ်ရှင်..
ဒါ့အပြင် လာမဲ့ ရက်သတ္တပတ် အသစ်အတွက် Positive Affirmation လေးကိုလည်း ထည့်သွင်းပေးထားပါတယ် ။ Podcast အစအဆုံးနှင့် English Version ကို Youtube နှင့် Spotify channel များမှာ နားဆင်နိုင်ပါပြီရှင်..
Youtube - https://youtu.be/RG8C1t2jDAM
Spotify - https://spotifyanchor-web.app.link/e/6yfuzPpwUMb

**တြိဂံပုံစံအသက်ရှူခြင်း** Triangle Breathing Triangle Breathing ဆိုတာဟာ အသက်ရှုသွင်းခြင်း နှင့် ထွက်သက်ဝင်သက်ကို တူညီတဲ...
14/09/2024

**တြိဂံပုံစံအသက်ရှူခြင်း** Triangle Breathing

Triangle Breathing ဆိုတာဟာ အသက်ရှုသွင်းခြင်း နှင့် ထွက်သက်ဝင်သက်ကို တူညီတဲ့ အချိန်အတိုင်းအတာတခုထိ ထိန်းထားပြီး အာရုံစိုက်ရတဲ့ အသက်ရှူခြင်းနည်းပညာဖြစ်ပါတယ်။ ပုံမှန်အသက်ရှုတဲ့ ပုံစံကိုပဲ ရှုသွင်းတဲ့ လေကို ၃ စက္ကန့်ကြာ ရှုသွင်းပေးရမှာဖြစ်ပြီး အဲ့ဒီလေကို ၃ စက္ကန့်ကြာထိန်းထားပေးရမှာပါ.. ပြီးရင်တော့ ၃ စက္ကန့်အချိန်ယူပြီး ပြန်ရှုထုတ်ပေးရမှာဖြစ်ပါတယ် ။ အသက်ရှုသွင်းနေစဉ်မှာ နံပတ်​ ၁-၂-၃ ကို ရေတွက်ပြီး ပြုလုပ်ပေးလို့လည်းရပါတယ် ။ ဒီလိုလေ့ကျင့်ပေးခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့
၁ - စိတ်ဖိစီးမှု လျော့ချပေးခြင်း
၂ - အာရုံစူးစိုက်မှု အားကောင်းစေခြင်း
၃ - ကြွက်သားများပြေလျော့စေခြင်း
၄ - အဆုတ်နှင့် အသက်ရှုလမ်းကြောင်းကို အားကောင်းစေခြင်း
၅- နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း
၆- အိပ်ပျော်ရန် အထောက်အကူဖြစ်ခြင်း

ဒီလို အသက်ရှုတဲ့ပုံစံက အသက်ရှုနှုန်းကို ပုံမှန်အချိန်တခုမှာ ထိန်းညှိထားပေးခြင်းအားဖြင့် စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ပါတယ် ။ ဒါ့အပြင် ထွက်သက် ဝင်သက်ကို အာရုံပြုပြီး ကြားမှာ အသက်ရှုခြင်းကို ခေတ္တ ထိန်းထားခြင်းက အာရုံစူးစိုက်မှုကို အားကောင်းစေပါတယ် . တြိဂံပုံစံ အသက်ရှုခြင်းနည်းလမ်းဟာ Diaphragm ကြွက်သားကိုအသုံးပြုရတဲ့အတွက် ခန္ဓာကိုယ် အတွက်ကောင်းမွန်စေတဲ့အပြင် ကြွက်သားများတင်းမာမှုကိုလျော့ချပေးနိုင်တဲ့ နည်းလမ်းကောင်းတခုလည်းဖြစ်ပါတယ် ။ အသက်ရှုခြင်း ၊ လေကို ထိန်းထားခြင်း နှင့် ပြန်လည်ရှုထုတ်ခြင်း စ တဲ့ အလေ့အကျင့်က အဆုတ် အတွင်း အောက်ဆီဂျင် ဖလှယ်မှုကို ပိုမို ကောင်းမွန်စေပြီး အသက်ရှုလမ်းကြောင်းရဲ့ လုပ်ငန်းဆောင်တာများကို လည်း မြှင့်တင်ပေးနိုင်ပါတယ် . စိတ်ဖိစီးမှု လျော့ကျခြင်း ၊ အာရုံစူးစိုက်ခြင်းတို့ က နှလုံးခုန်နှုန်းကို လျော့ကျစေပြီး သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်လို့ အလုံးစုံကျန်းမာရေးကို ကောင်းမွန်စေပါတယ် ။ ဒါ့အပြင် အိပ်ယာမဝင်မီ အချိန်မှာ ပြုလုပ်ပေးခြင်းက အိပ်ပျော်နိုင်ဖို့ အကူအညီပေးနိုင်ပါတယ် ။ ရိုးရှင်းပေးမဲ့ အကျိုးကျေးဇူးတွေအများကြီးရှိတဲ့ ဒီနည်းလမ်းလေးကို လို အပ်ရင်လိုအပ်သလို အသုံးပြုလေ့ကျင့်ပေးလို့ရပါတယ်။

10/09/2024

🌟 New Podcast Episode: The Power of Napping – Boost Your Energy and Productivity 🌟
နေ့ခင်းဘက် ငိုက်ပြီး အလုပ်မှာ စိတ်မပါတော့ဘူးလား.. Power Nap လို့ခေါ်တဲ့ ခွန်အားဖြည့် မှေးစက်ခြင်း အကြောင်းကို မျှဝေပေးထားပါတယ် ။ 10- မိနစ်မှ 20 မိနစ်ကြာ တစ်ရေးတစ်မောအိပ်ခြင်းက စွမ်းအင်၊ စိတ်ခံစားချက်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ကို မြှင့်တင်ပေးနိုင်ပါတယ် ၊
ဒီ Podcast မှာတော့
🧠 ပါဝါတစ်မှေးအိပ်ရခြင်း၏ နောက်ကွယ်မှ သိပ္ပံပညာ
ခဏတာ တစ်ရေးတစ်မော အိပ်ရန် အကြံဉာဏ်များနှင့် နည်းစနစ်များ ⏰
Power Nap တစ်ရေးတစ်မောအိပ်ခြင်းက မှတ်ဥာဏ်လုပ်ဆောင်ချက်၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်တို့ကို ပိုမိုကောင်းမွန်အောင်ပြုလုပ်နည်း 💪 တို့ကို မျှဝေပေးထားပါတယ် ရှင်..
🎧 နားထောင်ပြီး အလုပ်များတဲ့ နေ့တနေ့ကို ရင်ဆိုင်ဖုိ့ ၊ အားအင် ပြန်လည်ဖြည့်တင်းနိုင်ဖို့ ၊ ညအိပ်ချိန်ကို အနှောင့်ယှက်မဖြစ်စေပဲ ခွန်အားဖြည့် မှေးစက်ခြင်း (Power Nap) အလေ့အကျင့်လေး ကို လေ့ကျင့်ယူလိုက်ပါ ... Podcast အစ အဆုံးကို Youtube နဲ့ Spotify မှာနားဆင်နိုင်ပါပြီရှင်..

Youtube - https://youtu.be/lFelPRbtgtg
Spotify - https://spotifyanchor-web.app.link/e/7Goy0RffMMb

Address

Newsham Drive
Liverpool
L67UG

Website

Alerts

Be the first to know and let us send you an email when VitaRest Wellness Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share