Food For Your Soul

Food For Your Soul စိတ်ပျော်ရွှင်ငြိမ်းချမ်းမှုရစေရန်

ဒီနေ့ဟာ 9.9.2025 999 portal နေ့ပါ2025(2+0+2+5=9) ခုနှစ်ရဲ့ပေါင်းခြင်းကလဲ 9ပြန်ရတဲ့ထူးခြားတဲ့နှစ်ပါပဲ 999  portal ဆိုတာ ဘ...
09/09/2025

ဒီနေ့ဟာ 9.9.2025 999 portal နေ့ပါ
2025(2+0+2+5=9) ခုနှစ်ရဲ့
ပေါင်းခြင်းကလဲ 9ပြန်ရတဲ့ထူးခြားတဲ့နှစ်ပါပဲ

999 portal ဆိုတာ ဘာလဲ???
Numerologyမှာ ၉ဂဏန်း ကို
လည်ပတ်မှုတစ်ခုရဲ့ အဆုံးသတ်၊
ပိတ်သိမ်းခြင်း၊ ကံကြမ္မာတစ်ခုရဲ့
ပြီးဆုံးခြင်းနဲ့ စတင်ခြင်းတို့ကို
ကိုယ်စားပြုပါတယ်
999 portal ဟာ ဒီစွမ်းအားတွေ
ပိုမိုပြင်းထန်လာတာကို
ပြသပေးပါတယ်

စက်တင်ဘာလ ၉ ရက်နေ့ (9/9) ကို
999 portal လို့ သတ်မှတ်ကြပါတယ်
ထူးခြားတာကခုနှစ်ရဲ့ပေါင်းခြင်းရလဒ်ကပါ
9ရတဲ့နှစ်ဖြစ်ပါတယ်
ဒီနေ့ဟာ Universe တံခါးပွင့်တဲ့နေ့လို့
ယုံကြည်မှုရှိကြပါတယ်။
999portal ဟာ
ကိုယ့်ရဲ့ အတွင်းစိတ်နဲ့
လမ်းညွှန်မှုတွေဆီကို ပိုမိုနီးကပ်စေတဲ့
စွမ်းအားတွေ ပေးစွမ်းနိုင်တဲ့နေ့လို့
သတ်မှတ်ကြပါတယ်
ဒီနေ့ဟာ ကိုယ့်ဘဝအတွက်
အပြောင်းအလဲတွေ လုပ်ဆောင်နိုင်တဲ့
အားကောင်းတဲ့နေ့ ဖြစ်ပါတယ်။

ဒီနေ့မှာဘာတွေလုပ်သင့်လဲ

1.အဟောင်းတွေကို စွန့်လွှတ်ခြင်း -
ကိုယ့်ရဲ့ဘဝမှာ
ကိုယ့်ကို အကျိုးမပြုတော့တဲ့
အလေ့အကျင့်ဆိုးတွေ၊
အတွေးအခေါ်တွေ၊
ကိုယ်နဲ့မကိုက်ညီတော့တဲ့
ဆက်ဆံရေးတွေကို စွန့်လွှတ်ပစ်ဖို့
ဒီနေ့စတင်လက်လွတ်ဖို့
အခွင့်အရေးကောင်းတစ်ခုပါပဲ

2.karmic cycleတစ်ခု ရဲ့
အဆုံးသတ် ဘဝရဲ့တစ်စိတ်တစ်ဒေသ
တစ်ခန်းရပ်အဆုံးသတ်တစ်ခုဖြစ်နိုင်ပါတယ်။
ဒါကဘာကိုဆိုလိုတာလဲဆိုရင်
အလုပ်အကိုင်၊ ဆက်ဆံရေး ဒါမှမဟုတ်
ကိုယ့်ရဲ့ စိတ်နေစိတ်ထားတစ်ခုရဲ့
အဆုံးသတ်ဖြစ်နိုင်ပြီး
အသစ်တစ်ခုကို စတင်နိုင်ဖို့
အသစ်ပြန်လည်မွေးဖွားဖို့
လမ်းဖွင့်ပေးထားပါတယ်။

3.ဒီ‌ေန့ဟာSpiritual Awakening
ကိုယ့်ရဲ့ အတွင်းစိတ်အသိနဲ့
စကြာဝဠာရဲ့ လမ်းညွှန်မှုတွေကို
ပိုမိုခံစားနိုင်စေပြီး ကိုယ်ဘယ်သူလဲ၊
ဘဝရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကို
ပိုမိုနားလည်လာနိုင်စေဖို့လဲ
အခွင့်အရေးပေးပါတယ်

4. Body mind spirit alignment
ဖြစ်အောင် စတင်လုပ်ဆောင်နိုင်ခြင်း

ဒီနေ့ဟာစိတ်ပိုင်းဆိုင်ရာ၊ Spiritual ပိုင်းဆိုင်ရာ
ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အနှောင့်အယှက်တွေ၊
ကံမကောင်းခြင်းတွေကို
သန့်စင်ပစ်နိုင်တဲ့ စွမ်းအင်တွေ ရှိပါတယ်။

ဒီ‌လိုစွမ်းအားကြီးတဲ့ 999 portal
( Self Relection)လုပ်ခြင်း -
တိတ်ဆိတ်တဲ့နေရာတစ်ခုမှာ
ကိုယ့်ဘဝကို ပြန်လည်ဆန်းစစ်ပါ။
ဘယ်အရာတွေကို စွန့်လွှတ်ချင်လဲ၊
ဘယ်အရာတွေကို
အသစ်စတင်ချင်လဲဆိုတာ စဉ်းစားပါ။
ဂျာနယ်ရေးတာ ဒါမှမဟုတ်
တရားထိုင်တာမျိုး လုပ်နိုင်ပါတယ်။

(New intention) ရည်မှန်းချက်အသစ်တွေ
ချမှတ်ခြင်းကိုဒီနေ့မှာစလုပ်နိုင်ပါတယ် -
999 portal ဟာ စတင်ခြင်းအတွက်
ကောင်းတဲ့နေ့ဖြစ်လို့
ကိုယ့်ရဲ့ အနာဂတ်အတွက်
မျှော်လင့်ချက်တွေ၊
ရည်မှန်းချက်အသစ်တွေကို စတင်ပါ။
မိမိရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို
ဒီနေ့မှာချမှတ်နိုင်ပါတယ်

တရားထိုင်ခြင်း (Meditation) လုပ်ပါ
ဒီနေ့မှာ တရားထိုင်တာက
စကြာဝဠာစွမ်းအင်တွေနဲ့ ချိတ်ဆက်ဖို့
အကောင်းဆုံးနည်းလမ်းပါ။
ကိုယ့်ရဲ့ စိတ်ကို ငြိမ်သက်အောင် ထားပြီး
အတွင်းစိတ်လမ်းညွှန်မှုတွေကို နားထောင်ပါ။

Energy work လုပ်ပါ
Body movement တွေလုပ်ခြင်း
Energy work activities တွေလုပ်ခြင်းဖြင့်လဲ
ကောင်းမွန်တဲ့စွမ်းအားကိုရရှိစေပါတယ်

Body mind spirit အပြင်
မိမိပတ်ဝန်းကျင်ကိုလဲသန့်ရှင်းပါ
- အိမ်ကို သန့်ရှင်းရေးလုပ်တာ၊
ဆား(သို့)နံ့သာနဲ့ရေချိုးရင်း
ကိုယ်ခန္ဓာကို သန့်စင်တာ
ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလုပ်တာမျိုးတွေက
ကိုယ့်ရဲ့ စွမ်းအင်အရှိန်အဝါ (aura) ကို
သန့်စင် ပေးနိုင်ပါတယ်။
ကျေးဇူးတင်ခြင်း (Gratitude) -
ကိုယ့်ရဲ့ ဘဝမှာ ရှိနေတဲ့
ကောင်းမွန်တဲ့ အရာတွေအတွက်
ကျေးဇူးတင်ကြောင်း စိတ်ထဲကဖြစ်စေ၊
အသံထွက်ပြီးဖြစ်စေ ပြောဆိုပါ။
ကျေးဇူးတင်စိတ်ထားခြင်းက ပိုမိုကောင်းမွန်တဲ့ စွမ်းအင်တွေကို ဆွဲဆောင်နိုင်ပါတယ်။
ဒီနေ့မှာ လုပ်သင့်တာက အကောင်းမြင်စိတ်ထားဖို့နဲ့ အပြုသဘောဆောင်တဲ့ စိတ်နေစိတ်ထားတွေနဲ့ အသစ်စတင်ဖို့ပါပဲ။ အတိတ်ကအရာတွေကို စွန့်လွှတ်ပြီး အနာဂတ်အတွက် စိတ်ကူးယဉ်အိပ်မက်တွေ၊ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ စတင်ပါ။

ကံတွေလဲကောင်းကြပါစေ
ကံတွေလဲပြောင်းကြပါစေ
စစ်မှန်တဲ့အလင်းရောင်နဲ့ငြိမ်းချမ်းမှုကို
ရှာဖွေတွေ့ရှိနိုင်ကြပါစေရှင်




#ဒီစာလေးကပါတ်ဝန်းကျင်အတွက်အကျိုးရှိတယ်ဆိုshareသွားပေးပါရှင်

31ဘုံမှာအစွမ်းအထက်ဆုံးလက်နက်ကမေတ္တာပါပဲဆရာကြီးရွှေဥဒေါင်းကပြောခဲ့တာရှိတယ် မေတ္တာကမ္မဌာန်းစီးဖြန်းသူများတဲ့နိုင်ငံဟာ အေးခ...
29/08/2025

31ဘုံမှာအစွမ်းအထက်ဆုံး
လက်နက်ကမေတ္တာပါပဲ

ဆရာကြီးရွှေဥဒေါင်းကပြောခဲ့တာရှိတယ်
မေတ္တာကမ္မဌာန်းစီးဖြန်းသူများတဲ့နိုင်ငံဟာ
အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်လိမ့်မယ်တဲ့

ဒီ programကတော့
အချိန်ကိုက်ဖြစ်နေကြတဲ့
Soulတွေအတွက်announcementလုပ်တာပါ
ဒီ၉ရက်ကလူတိုင်းအတွက်မဟုတ်ပေမဲ့
ခုချိန်မှာလူတိုင်းအတွက်လိုအပ်ပါတယ်...
Energy healing & intention အတွက်ပါ
နေ့စဉ်လုပ်ပေးတာမို့ ၉ရက်တာမှာ
ထူးခြားတဲ့ရလဒ်ရပါတယ်ရှင်
မေတ္တာ meditation လုပ်ပြီးရင်
တစ်နေကုန်မှာစိတ်ခွန်အားအပြည့်
စိတ်လုံခြုံမှုအပြည့်နဲ့ ဖြတ်သန်းနိုင်ပါတယ်

မနက် 6နာရီမှ 6နာရီခွဲထိ
9ရက်ဆက်တိုက်ဆိုတော့
တကယ် join နိုင်သူပဲလာပါနော်

ကိုယ့်အတွက်၊ကိုယ့်မိသားစုနဲ့
ပါတ်ဝန်းကျင်အတွက်
ကိုယ်ချစ်ရတဲ့သူတွေအတွက်
ကိုယ့်မြို့ရွာကိုယ့်နိုင်ငံအတွက်
ကိုယ့်ကမ္ဘာအတွက်
မေတ္တာ energy ဖြန့်ကျက်ကြမဲ့
မတ်ေတာ meditation ပါရှင်
လစဉ်အမြဲလုပ်ပေးခဲ့ပြီး
ဒီလကမအားလို့
နားထားခဲ့တာပါ

Zoom မှာအတူတကွ
လုပ်ဆောင်ရမှာမခက်ခဲပါဘူး
Guide line တွေနဲ့မို့လွယ်ကူပါတယ်...

9ရက်တာမပျက်မကွက်အဒိဌာန်အပြည့်
တင်နိုင်သူပဲ join ပါရှင်

September လနဲ့ October လမှာရှိတဲ့
Energy effects တွေကို
ကိုယ်နဲ့ကိုယ့်ချစ်ရသူတွေအတွက်
မေတ္တာနဲ့ကာကွယ်ကြပါမယ်

9ရက်တာမှာ happy money 22222 ks
Support လုပ်ပေးပြီး join နိုင်ပါတယ်ရှင်





#ဒီစာလေးကမိမိပတ်ဝန်းကျင်အတွက်အကျိုးရှိတယ်ဆိုcopyမယူပဲလွတ်လပ်စွာရှယ်နိုင်ပါတယ်ရှင်

ဒီရက်ပိုင်းတွေမှာကိုယ့်ဘာသာနေတာတောင် အမြင်မကြည်တာ မနာလိုတာတိုက်ခိုက်ခံရတာတွေရှိတယ်ကိုယ့်ဘဝနဲ့ကိုယ်နေတာမို့ဘယ်သူ့ဘဝမှလဲစိ...
28/08/2025

ဒီရက်ပိုင်းတွေမှာ
ကိုယ့်ဘာသာနေတာတောင်
အမြင်မကြည်တာ မနာလိုတာ
တိုက်ခိုက်ခံရတာတွေရှိတယ်

ကိုယ့်ဘဝနဲ့ကိုယ်နေတာမို့
ဘယ်သူ့ဘဝမှလဲစိတ်မဝင်စားသလို
သူတို့ရဲ့မနာလိုခြင်း တိုက်ခိုက်ခြင်းကလဲ
ကိုယ်နဲ့မဆိုင်ပဲ
သူတို့ရဲ့အတွင်းစိတ်မပြည့်ဝမှုက
အခြေခံပြီးလာတာမို့
ကိုယ်နဲ့မဆိုင်ဘူးလို့ပဲခံယူထားတယ်...

တစ်ချို့တွေက
နာမည်ဖျက်ခံရတာ၊တိုက်ခိုက်ခံရတာ
အပုတ်ချခံရတာ ဘလိုင်းကြီး
မနာလိုဖြစ်ခံရတာတွေကြုံရတဲ့အခါ
ဘာလုပ်ရမှန်းမသိဖြစ်တတ်ကြတယ်
တစ်ခ်ျု့ကချက်ခြင်းတုန့်ပြန်တယ်
တစ်ချို့ကတနုံ့နုံ့ခံစားတယ်
တစ်ချို့ကတေးမှတ်ထားပြီး
မမေ့နိုင်တဲ့စိတ်နဲ့ပင်ပမ်းကြရတယ်

ကိုယ်ကတော့ဘယ်လိုခံယူလိုက်လဲဆို
ဒါဟာကိုယ်နဲ့မဆိုင်ပဲ
သူတို့ရဲ့အတွင်းစိတ်ကလာတဲ့
သိမ်ငယ်မှု ကြောက်ရွံ့မှု
မပြည့်ဝမှုကလာတဲ့ စိတ်တစ်ခုပဲ
သနားစရာကောင်းလိုက်တာလို့ပဲ
တွေးပေးလိုက်တယ်...

လူတွေကကိုယ့်ပုံစံနဲ့ကိုယ်
ရှင်သန်နေကြသလို
ငါမှအမှန်လို့လဲအထင်ရောက်တတ်ကြတယ်
ဒီလောကကြီးမှာလေ
သစ္စာ 4ပါးကလွဲရင် မှန်တာမရှိဘူး
အခြေနေနဲ့အချိန်ခါအရ ယုံကြည်မှုအရ
သတ်မှတ်ထားတဲ့အမှန်တရားတွေရဲ့
စံချိန်စံနှုန်းတွေနဲ့လိုက်တိုင်းပြီး
သူကတော့မှားနေတယ်
ငါသိတာကအမှန်လို့ထင်မဲ့အစား
ငါဟာဘယ်သူသတ်မှတ်ထားတဲ့
အမှန်တရားဆိုတဲ့ဘောင်ထဲ
ပိတ်မိနေခဲ့သလဲဆိုတာ
သုံးသပ်ကြည့်သင့်တယ်...

သူများတွေကိုလိုက်ကြည့်မနေပဲ
ကိုယ့်စိတ်ကိုယ်ပဲစစ်သင့်ပါတယ်

ပူလောင်နေတဲ့သူတွေကိုမြင်ရင်
ကိုယ်ကတော့သနားတာပဲရှိတယ်
ပူစရာများလှတဲ့ ဒီကာလကြီးမှာ
ကိုယ့်အပူအပြင် ပါတ်ဝန်းကျင်က
မဆိုင်တဲ့အပူတွေကိုပါလက်ခံယူရင်း
မီးပုံကြီးလိုပဲလောင်နေလိုက်တာ

ဒါပေမဲ့
သူတို့တွေကလေ လောင်ရတာကို
သဘောကျနေတာ မလောင်ရမနေနိုင်သူပါပေါ့
လောင်စာနည်းသွားရင် ပွဲရှာလို့
ထပ်ဖြည့်ကြပြန်သေးတယ်
ဒီလိုလူတွေဟာ energy Vampire တွေလေ
သူတို့နေလေလေ
ကိုယ်ရဲ့ energy က drain လေလေ
ဝေးဝေးကရှောင်ရမဲ့သူတွေပေါ့

ကိုယ့်မီးကိုယ်ငြိမ်းရမှာ
ကိုယ့်စိတ်ကိုသိမ်းရမှာ
တစ်ကယ်ကမျက်စိနားနှာလျာကိုယ်စိတ်မှာ
တိုက်လာသမျှအာရုံတွေက
အာရုံသက်သက်ပါပဲနော်
ကိုယ်ကအာ့အရာကို ငါနဲ့ဆိုင်တာ
ငါ့ကိုပြောတာ ငါ့ကိုလုပ်တာ
ငါနဲ့မတူတာ ငါမကြိုက်တာရယ်လို့
အရှိယူခံစားလိုက်မှ စလောင်တော့တာ
အရင်းစစ်လို့သေချာကြည့်ရင်
ယောနိသောမနဿိကာယ
နှလုံးသွင်းမှန်ဖို့သာအဓိကပါပဲ

သတိလေးကပ်ပြီး
ကိုယ့်စိတ်ကိုယ်စစ်နိုင်ကြပါစေ
ငြိမ်းချမ်းကြပါစေ




#ဒီစာလေးကမိမိပတ်ဝန်းကျင်အတွက်အကျိုးရှိတယ်ဆိုcopyမယူပဲလွတ်လပ်စွာရှယ်နိုင်ပါတယ်ရှင်

ရေစက်ပွင့်တို့ဆုံဆည်းရာ 🥰
27/08/2025

ရေစက်ပွင့်တို့ဆုံဆည်းရာ 🥰

ဒီည 8နာရီ energy healing & sharing sessions ရှိပါမယ်ရှင်Zoom ID 9034695615Passcode healing ရေဓါတ်နဲ့ချိတ်ဆက်ပြီးမေတ္တာပိ...
27/08/2025

ဒီည 8နာရီ
energy healing & sharing sessions
ရှိပါမယ်ရှင်
Zoom ID 9034695615
Passcode healing

ရေဓါတ်နဲ့ချိတ်ဆက်ပြီး
မေတ္တာပို့မယ် healing လုပ်ကြမယ်
စိတ်နဲ့ခန္ဓာမှာရှိနေတဲ့
Negative energy တွေရှင်းထုတ်ကြမယ်

ရေဗူးယူလာပေးပါ
နားကြပ်ယူလာပေးပါရှင်

Join မဲ့သူလေးတွေက
Comment မန့်ပြီး shareပေးသွားပါဦးနော်




#ဒီစာလေးကမိမိပတ်ဝန်းကျင်အတွက်အကျိုးရှိတယ်ဆိုcopyမယူပဲလွတ်လပ်စွာရှယ်နိုင်ပါတယ်ရှင်

Element များနှင့်ချိတ်ဆက်ခြင်းAir element join အပြီးမှာတောင်တက်ခွင့်ရခဲ့တယ်ဘဝရဲ့ခွန်အားကိုစတင်သိရှိပြီးAir element ရဲ့En...
15/08/2025

Element များနှင့်ချိတ်ဆက်ခြင်း

Air element join အပြီးမှာ
တောင်တက်ခွင့်ရခဲ့တယ်
ဘဝရဲ့ခွန်အားကိုစတင်သိရှိပြီး
Air element ရဲ့Energy နဲ့
ကောင်းကောင်းချိတ်ဆက်နိုင်ခဲ့တယ်

Water element ဒီနေ့ ချိတ်ဆက်တယ်
မနက်ဖြန် ရေတံခွန်သွားရမယ်
ဒါဟာသာမန်တိုက်ဆိုင်မှုမဟုတ်ဘူး
ကိုယ့်ဘဝကိုအကွက်ကျကျ
အချိန်ကိုက်စီမံပေးနေသလိုပါပဲ
ကိုယ်ပြောခဲ့သလိုပေါ့
Healerဖြစ်လာတာမဟုတ်ဘူး
Healerအဖြစ်မွေးဖွားလာတာ

ရှောင်နိုင်သမျှရှောင်ရင်းက
ဒီအလုပ်ဟာမလုပ်လို့မရတဲ့အလုပ်လို့
သိလိုက်ရတဲ့အချိန်လက်ခံလိုက်ရတာပဲ

Energy healerတွေဘဝကလွယ်သလား
ပြောင်းလဲနေတဲ့ energy effects တွေကို
စိတ်နဲ့ခန္ဓာနဲ့နေ့စဉ်နဲ့အမျှခံစားရတာ
ရေနဲ့ပါတ်သက်တဲ့အိပ်မက်ဆိုးတွေ
ညရောနေ့တွေပါဆက်တိုက်မက်
အိပ်မရအောင်ပင်ပန်းနေတာ
တစ်ပါတ်မကတော့ဘူး..

ဒါတွေကို heal လုပ်နိုင်ဖို့
Balance ညီဖို့ energy work တွေ
Inner work တွေ meditation တွေနဲ့
ပြန်ချိန်ညှိရတာ ရပ်နေလို့မရပဲ
မနားမနေရှေ့ဆက်နေရတာပဲ

ခုချိန်မှာဘာလုပ်နေလဲမေးရင်
Surrender လုပ်ထားတယ်
လက်ခံခြင်းကိုကျင့်သုံးတယ်
Being မှာနေတယ်

ဘယ်သူတွေဘယ်လိုခရီးရောက်ရောက်
လျောက်တဲ့လမ်းဖြည့်တဲ့ပါရမီမတူဘူး
ကိုယ်ရောက်နေတဲ့နေရာဟာ
ကိုယ်ရှိသင့်တဲ့နေရာပါပဲ...

Energyအလုပ်တွကို
သေချာလုပ်လာတဲ့အခါ
ပိုပြီးတိတ်ဆိတ်လာတယ်
အပြင်ကမ္ဘာထက် အတွင်းကမ္ဘာကို
ပိုချိတ်ဆက်မိလာတယ်

လွယ်မယောင်နဲ့ခက်
တိမ်မယောင်နဲ့နက်တဲ့
ဒီခရီးကအရမ်းရိုးရှင်းပါတယ်
ဒါပေမဲ့ခက်ခဲတယ်နက်နဲတယ်
ကိုယ့်အတွင်းကိုယ်ပြန်ရှာရလို့
ကိုယ့်ရဲ့ရင်ထဲက inner voice
ကိုယ့်ရဲ့ရင်ထဲက အလင်းရောင်ကို
ကိုယ်တိုင်ပြန်ရှာရတာဟာ
သူများကိုလမ်းပြရတာထက်
အဆရာထောင်ချိီမကပိုခက်ပါတယ်

ဘာလို့ဆရာမဖြစ်ချင်ခဲ့သလဲဆို
အချိန်မကျသေးလို့ပါ...
မျှဝေတာတွေလုပ်ဦးမယ်
ကိုယ့်အလင်းရောင်ကိုယ်ရှာရင်း
ကိုယ်နဲ့အတူလျောက်မဲ့သူတွေနဲ့
လက်တွဲသွားပါဦးမယ်...




#မျှဝေဖို့အတွက်shareပေးသွားနိုင်ပါတယ်ရှင်

10/08/2025

ဒီမနက်ခင်းကုသိုလ်
မဟာမုနိရုပ်ရှင်တော်မြတ်သို့
သွားရောက်ဖူးမြော်
ကြာတတ်တာတွေ မကြာစေဖို့
ကြာပန်းလှူကာ ဆုတောင်းခဲ့ပါတယ်

အဆောက်အဦးတွေပြင်နေတုန်းမို့
အရင်လိုတော့မကျယ်ဝန်းတော့ဘူး
ဝင်ျပါက်လဲတစ်ခုပဲထားထားတယ်

အေးချမ်းမှု energy ကတော့
အရင်လိုပါပဲ
တရားနာရီဝက်ထိုင်ပြီး
အားလုံးအတွက် သစ္စာပြုဆုတောင်း
မေတ္တာပို့သခဲ့ပါတယ်ရှင်

အေးချမ်းကြပါစေ
ပျော်ရွှင်ကြပါစေ
ငြိမ်းချမ်းကြပါစေ
လွတ်မြောက်ကြပါစေ



မနေ့ညက zoom မှာမျှဝေပေးတာလေးပို့စ်တင်ပေးပါဆိုလို့ ရေးပေးလိုက်ပါပြီအရင်ရက်ကပါမောက္ခချုပ်ဆရာတော်ဘုရားရဲ့တရားအတိုလေးနာမိတယ်...
09/08/2025

မနေ့ညက zoom မှာမျှဝေပေးတာလေး
ပို့စ်တင်ပေးပါဆိုလို့ ရေးပေးလိုက်ပါပြီ

အရင်ရက်က
ပါမောက္ခချုပ်ဆရာတော်ဘုရားရဲ့
တရားအတိုလေးနာမိတယ်
ဆရာတော်ကမှန်ကန်တဲ့သစ္စာစကားဟာ
သိပ်အစွမ်းထက်ကြောင်းရှင်းပြထားတာ

မှန်ကန်တဲ့သစ္စာစကားဖြစ်အောင်
ဘယ်လိုဆိုကြမလဲ
လူသားတွေဟာနေ့စဉ်မှာကျင်လည်ရင်း
အမှားတွေလဲလုပ်မိတယ်
ဘယ်အရာကို သစ္စာဆိုမလဲခြုံငုံကြည့်ရင်
ကိုယ့်သီလကမစင်ကြယ်တာတွေလဲရှိတော့
ဘယ်တော့မှ မမှားနိုင်တဲ့အမှန်တရား
ရတနာသုံးပါးကိုပဲသစ္စာဆိုကြဖို့ပြောထားတယ်

ဒီသစ္စာစကားကနေ့စဉ်ပူဇော်နေကြ
ရတနာ့သုတ်မှာပါတဲ့အပိုဒ်လေး၃ပိုဒ်ပါ
ဒါပေမဲ့စိတ်ထဲလဲမနှစ်မိ၊
အဓိပ္ပါယ်လဲမသိတော့
အစွမ်းလဲမထက်ဘူးပေါ့

ဒါကြောင့်အစွမ်းထက်စေမဲ့
မှန်ကန်တဲ့သစ္စာဆိုနည်းလေး
မျှဝေပေးထားပါတယ်
နေ့စဉ်အမြဲသစ္စာဆိုဆုတောင်းပါ
အခက်အခဲကြုံလာတဲ့အခါ
မိမိရဲ့အခက်အခဲကိုအစားထိုးပြီးသစ္စာဆိုပါ

၁။ယံကိဉ္စိ ဝိတ္တံ ဣဓဝါ ဟုရံ ဝါ ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ
နနော သင်္မ အတ္ထိ တထာဂတေန ၊
ဣဒမ္ပိ ဗုဒ္ဓေရတနံ
ဧတေန သစ္စေန သုဝတ္ထိ ဟောတု ။

၂။ယံကိဉ္စိ ဝိတ္တံ ဣဓဝါ ဟုရံ ဝါ ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ
နနော သင်္မ အတ္ထိ တထာဂတေန ၊
ဣဒမ္ပိ ဓမ္မေရတနံ
ဧတေန သစ္စေန သုဝတ္ထိ ဟောတု ။

၃။ယံကိဉ္စိ ဝိတ္တံ ဣဓဝါ ဟုရံ ဝါ ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ
နနော သင်္မ အတ္ထိ တထာဂတေန ၊
ဣဒမ္ပိ သံဃေရတနံ
ဧတေန သစ္စေန သုဝတ္ထိ ဟောတု ။

၁။ဤလောက၌ရှိရှိသမျှသော
လောကီရတနာအားလုံးတို့
ဘုရားရတနာသည်အမြတ်ဆုံးဖြစ်ပါ၏
ဤသစ္စာစကားသည်မှန်ကန်ပါ၏
ဤမှန်ကန်သောသစ္စာစကားကြောင့်
ကျွန်ုပ်နှင့်တကွ သတ္တဝါအပေါင်းတို့
ကျန်းမာချမ်းသာကြပါစေ
ဘေးရောဂါအန္တရာယ်တွေကင်းဝေးပါစေ
စိတ်ပျော်ရွှင်ငြိမ်းချမ်းပါစေ
စီးပွားလာဘ်လာဘတိုးတက်ပါစေ

၂။ဤလောက၌ရှိရှိသမျှသော
လောကီရတနာအားလုံးတို့
တရားရတနာသည်အမြတ်ဆုံးဖြစ်ပါ၏
ဤသစ္စာစကားသည်မှန်ကန်ပါ၏
ဤမှန်ကန်သောသစ္စာစကားကြောင့်
ကျွန်ုပ်နှင့်တကွ သတ္တဝါအပေါင်းတို့
ကျန်းမာချမ်းသာကြပါစေ
ဘေးရောဂါအန္တရာယ်တွေကင်းဝေးပါစေ
စိတ်ပျော်ရွှင်ငြိမ်းချမ်းပါစေ
စီးပွားလာဘ်လာဘတိုးတက်ပါစေ

၃။ဤလောက၌ရှိရှိသမျှသော
လောကီရတနာအားလုံးတို့
သံဃာရတနာသည်အမြတ်ဆုံးဖြစ်ပါ၏
ဤသစ္စာစကားသည်မှန်ကန်ပါ၏
ဤမှန်ကန်သောသစ္စာစကားကြောင့်
ကျွန်ုပ်နှင့်တကွ သတ္တဝါအပေါင်းတို့
ကျန်းမာချမ်းသာကြပါစေ
ဘေးရောဂါအန္တရာယ်တွေကင်းဝေးပါစေ
စိတ်ပျော်ရွှင်ငြိမ်းချမ်းပါစေ
စီးပွားလာဘ်လာဘတိုးတက်ပါစေ

ဒီသစ္စာစကားကိုနေ့တိုင်းရွတ်ဆိုပါ
မိမိအတွက်ရောအများအတွက်ပါ
သစ္စာဆိုတာဆုတောင်းတာဖြစ်တဲ့အတွက်
သစ္စာရောမေတ္တာပါလွှမ်းခြုံပြီးသားဖြစ်ပါတယ်

ခုထရွတ်ခုသစ္စာဆိုယုံနဲ့မစွမ်းပေမဲ့
နေ့စဉ် အာစိန္ဏကံလုပ်မယ်ဆို
တကယ်အရေးကြုံတဲ့အခါမှာ
အစွမ်းထက်ပြီးရလဒ်ကောင်းကို
သိသ်ိသာသာရနိုင်ပါတယ်
သစ္စာစကားဟာသေသူကိုတောင်
ရှင်သန်ထမြောက်စေတယ်တဲ့
သုဝဏ္ဏသာမဇာတ်တော်ကို
အခြေခံပြီးပြောကြပါတယ်...

မိမိမှာကျန်းမာရေးအတွက်
ငွေကြေးအတွက် အလုပ်ကိုင်အတွက်
မိသားစုအရေးတွေအတွက်
အခက်အခဲအကြပ်အတည်းကြုံလာရင်
မိမိရဲ့သစ္စာစကား အစွမ်းထက်ဖို့နေ့စဉ်နဲ့အမျှ
သစ္စာဆိုဆုတောင်းတာကိုစွဲစွဲမြဲမြဲ
လုပ်ထားနိုင်ကြဖို့ စေတနာရှေ့ထား
မျှဝေပေးလိုက်ပါတယ်ရှင်...




#ဒီစာလေးကမိမိပတ်ဝန်းကျင်အတွက်အကျိုးရှိတယ်ဆိုcopyမယူပဲလွတ်လပ်စွာရှယ်နိုင်ပါတယ်ရှင်

8.8ရဲ့ energy အပြည့်အဝယူကြနော်ရေစက်ပွင့်တွေအတွက်...ပို့ပေးလိုက်ပါပြီ...Sending love and abundance energy 🥳အတိတ်တဘောင်နမိ...
08/08/2025

8.8ရဲ့ energy အပြည့်အဝယူကြနော်
ရေစက်ပွင့်တွေအတွက်...
ပို့ပေးလိုက်ပါပြီ...
Sending love and abundance energy 🥳

အတိတ်တဘောင်နမိတ်ဆောင်
ရှယ်ထားနော် ...
နောက်နှစ် memory တက်တဲ့အခါ
ဆန္ဒတွေပြည့်လား reflect လုပ်ကြမယ်



ဝါခေါင်လပြည့် ဒီနေ့ည8နာရိီခွဲမှာLion 's gate portal အတွက် energy activation & meditation လုပ်ပေးမှာဖြစ်ပါတယ်ရှင်Lion 's ...
08/08/2025

ဝါခေါင်လပြည့် ဒီနေ့ည8နာရိီခွဲမှာ
Lion 's gate portal အတွက်
energy activation & meditation
လုပ်ပေးမှာဖြစ်ပါတယ်ရှင်

Lion 's gate portal ရဲ့ energy ကို
ချိတ်ဆက်ဖို့အတွက် စိတ်ဝင်စားသူ
အားလုံးကို Abundance ဖြစ်စေဖို့
ရည်ရွယ်ပါတယ်ရှင်
မည်သူမဆို join နိုင်ပါတယ်

Zoom ID 9034695615

Passcode LGP

5မိနစ်စောဝင်ပေးရပါမယ်ရှင်
ရေဗူးယူခဲ့ပေးပါ စာအုပ်ယူခဲ့ပေးပါ
သက်တောင့်သက်သာရှိတဲ့
အဝတ်အစားဝတ်ပေးပါ
နားကြပ်လဲယူလာပေးပါရှင်...




#မျှဝေဖို့အတွက်shareပေးသွားနိုင်ပါတယ်ရှင်

Address

London Colney
05041

Website

Alerts

Be the first to know and let us send you an email when Food For Your Soul posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram