
18/12/2024
ကိုယ်ဖြစ်ချင်တဲ့လူမျိုး (ideal self) နဲ့ ကိုယ်ဖြစ်နေတဲ့လူမျိုး (real or actual self) ထပ်တူမကျတဲ့အခါ စိတ်အလိုမကျတာတွေ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းတာတွေ၊ အားမရတာတွေ ဖြစ်လာတတ်တယ်။ ကိုယ်ဖြစ်ချင်တဲ့သူလိုမျိုး ဖြစ်လာဖို့က ကျွန်မတို့ကြိုးစားအားထုတ်မှု ရှိဖို့လိုတယ်။ အပျင်းတစ်နေတာတို့၊ ကိုယ့်ကိုယ်ပြန်ဆန်းစစ်ဖို့ မေ့နေတာမျိုးတို့ဆိုရင် ideal self က ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ ဥပမာ - ကိုယ်ဖြစ်ချင်တဲ့လူမျိုးက ထက်မြက်ပြီး ရိုးသားတဲ့သူမျိုး၊ ဒါပေမဲ့ ကိုယ့်လုပ်ရပ်တွေကကျ ပြောင်းပြန်တွေ၊ တစ်နေ့တစ်နေ့ Facebook ပေါ်က အရည်မရအဖတ်မရတွေပဲ ကြည့်တယ် ဖတ်တယ်၊ သူများထက်သာဖို့အတွက် မလှိမ့်တပတ်တွေပြောတယ်၊ အခွင့်ကောင်းယူတယ်။ ဒါမျိုးလုပ်ရပ်တွေပဲလုပ်နေတယ်ဆိုရင် ကိုယ့် ideal self ဖြစ်တဲ့ ရိုးသားပြီးထက်မြက်တဲ့သူ ဆိုတာဖြစ်လာမှာမဟုတ်ဘူး။
လူတစ်ယောက်က “ငါ တော့ဒါမျိုးဖြစ်ရမယ်” ဆိုတဲ့ စံ/ပန်းတိုင် ထားတာကောင်းတယ်၊ ဒါပေမဲ့ ဖြစ်နိုင်တဲ့ အရာမျိုးဖြစ်ဖို့လည်းလိုသေးတယ်။ နို့မို့ ငါ အသုံးမကျပါလားဆိုတဲ့ သိမ်ငယ်စိတ်ကို ဖိတ်ခေါ်သလိုမျိုးဖြစ်နေလိမ့်မယ်။ လွယ်လွယ်ဥပမာပေးရရင် “ငါ ဒီနှစ်ထဲ သိန်းဘယ်နှထောင်တန်ကား ဝယ်မယ်” ဆိုတဲ့ အစား “ငါ ဒီနှစ်ထဲကားလေး တစ်စီးတော့ ဝယ်မယ်” ဆိုပြီး ဖြစ်နိုင်၊ ဆွတ်ခူးနိုင်လောက်တဲ့ goal ထားတာမျိုး။ It’s important to set attainable goals, otherwise, you’re just setting yourself up for failure.
ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်တတ်တဲ့ အကျင့်ကလည်း ideal self ရောက်ဖို့အတွက် အင်မတန်မှ အရေးပါတဲ့အရာ။ အဲ့ကျမှ ငါ လုပ်နေတဲ့ လုပ်ရပ်တွေက ငါဖြစ်ချင်တဲ့ ပုံစံနဲ့ တော်တော်လေး သွေဖယ်နေပါလား ဆိုတဲ့ အသိရပြီးပြင်လို့ရမှာ။ ကိုယ့်ကိုယ်ကို သုံးသပ်နိုင်ဖို့ (self-reflection) လုပ်နိုင်ဖို့ဆိုတာကလည်း ပြောတော့သာလွယ်တာ၊ တကယ်လုပ်ဖို့ကကျ ခက်တယ်။ လူဆိုတာ ကိုယ့်အမှားတို့၊ လိုအပ်ချက်တို့ကို လက်ခံအသိမှတ်ပြုတာမျိုး လုပ်ချင်တဲ့ အမျိုးမဟုတ်တော့လေ။ အဲ့ဒါကြောင့်လည်း ကျွန်မတို့ counselling sessions တွေထဲမှာဆို self-reflection လုပ်တတ်အောင်၊ လုပ်နိုင်အောင် အဓိကထားပြီးဆွေးနွေးပေးဖြစ်တယ်။ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်နေတာမျိုးတို့၊ ဘဝင်မကျတာမျိုးတို့ကြောင့် နေ့စဉ်ဘဝမှာ သက်ရောက်မှုတွေရှိလာပြီဆိုရင် page ကို မက်ဆေချ့်ပို့ counselling ရယူနိုင်ပါတယ်ရှင်။