The house of VITR

The house of VITR Spiritual Counselor & Occultist. 🏺🔮

ရုတ်တရက် ငွေကြေးလိုအပ်လာတဲ့အခါ အသုံးပြုနိုင်မယ့် Tarot Magick အစီအရင် 💵The House of VITR မိသားစုဝင်များအားလုံး မင်္ဂလာပါ...
31/03/2026

ရုတ်တရက် ငွေကြေးလိုအပ်လာတဲ့အခါ အသုံးပြုနိုင်မယ့် Tarot Magick အစီအရင် 💵

The House of VITR မိသားစုဝင်များအားလုံး မင်္ဂလာပါ။မတွေ့တာကြာတော့ အစီအရင်တခုလက်ဆောင်ပေးမယ်ဗျာ ✌️

ကျနော် တို့ နေ့စဉ်ဘဝမှာ အကြောင်းအမျိုးမျိုးကြောင့် ငွေကြေးအခက်အခဲတွေ၊ ရုတ်တရက် ငွေလိုအပ်လာတာတွေ ကြုံရတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ရဲ့ အတွင်းစိတ်စွမ်းအင် (Willpower) နဲ့ စကြာဝဠာရဲ့ စွမ်းအင်ကို ချိတ်ဆက်ပြီး ငွေကြေးလမ်းကြောင်းကို အမြန်ဆုံးပြန်လည် ဖွင့်ပေးနိုင်မယ့် Tarot Magick အစီအရင်တစ်ခုကို မျှဝေပေးချင်ပါတယ်။

Tarot ဆိုတာ အနာဂတ်ကို ဟောပြောဖို့ (Divination)ပညာရပ်တခုတည်း သက်သက်မဟုတ်ဘဲ၊ မိမိလိုလားတဲ့ အဖြစ်အပျက်တွေကို ဖန်တီးယူတဲ့ (Manifestation) နေရာမှာလည်း အလွန်အစွမ်းထက်တဲ့ လျှို့ဝှက်ပညာရပ်တခု ဖြစ်ပါတယ်။ ဒီအစီအရင်မှာ ကြွယ်ဝချမ်းသာခြင်းနဲ့ အခွင့်အလမ်းသစ်တွေကို ကိုယ်စားပြုတဲ့ Ace of Pentacles ကတ်ပြားကို အဓိက အသုံးပြုသွားမှာပါ။

အစီအရင်ပြုလုပ်ရမည့်နည်းလမ်း အဆင့်ဆင့် 🧙‍♂️

၁။ မိမိရဲ့ Tarot deck ထဲက Ace of Pentacles ကတ်ပြားကို ထုတ်ယူပါ။ (ဘယ်ဒီဇိုင်း၊ ဘယ် Deck ကိုမဆို အသုံးပြုနိုင်ပါတယ်)

၂။ ထိုကတ်ပြားကို မိမိရှေ့က စားပွဲပေါ်မှာ ချထားလိုက်ပါ။ ပြီးရင်သောက်ရေသန့် ထည့်ထားတဲ့ ဖန်ခွက်အကြည်တခွက်ကို ထိုကတ်ပြားပေါ်မှာ တင်လိုက်ပါ။

၃။ မိမိလက်ရှိပိုင်ဆိုင်ထားတဲ့ အကြွေစေ့တွေထဲက တန်ဖိုးအကြီးဆုံး အကြွေစေ့တစေ့ကို ရေဖန်ခွက်ထဲ ပစ်ထည့် လိုက်ပါ။

၄။ ရေပြင်လှုပ်ခတ်သွားတာကို ငေးကြည့်ရင်း ဖန်ခွက်ကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်ထားပါ။

၅။ Ace of Pentacles ကတ်ပြားဆီကနေ ရွှေရောင်အလင်းတန်းတွေ၊ ကြွယ်ဝခြင်းစွမ်းအင်တွေဟာ ရေထဲကို တိုက်ရိုက် စီးဆင်းဝင်ရောက်သွားတယ်လို့ ပြင်းပြစွာ မြင်ယောင် (Visualize) ကြည့်ပါ။ မိမိလိုအပ်နေတဲ့ ငွေကြေးပမာဏကို လက်ဝယ်ရရှိနေပြီလို့ ယုံကြည်ချက်အပြည့်နဲ့ ခံစားပါ။

၆။ ၅ မိနစ်ခန့် စိတ်ကို စူးစိုက်ပြီးတာနဲ့ တစ်ပြိုင်နက်၊ စွမ်းအင်တွေ ကူးပြောင်းနေတဲ့ ထိုရေကို သောက်သုံးလိုက်ပါ။ ဒါဟာ ကြွယ်ဝခြင်းစွမ်းအင်ကို မိမိခန္ဓာကိုယ်ထဲ (Internalize) တိုက်ရိုက် သွင်းယူလိုက်ခြင်းပဲ ဖြစ်ပါတယ်။

၇။ ဖန်ခွက်ထဲမှာ ကျန်ခဲ့တဲ့ အကြွေစေ့ကို ခြောက်သွေ့အောင်သုတ်ပြီး မိမိရဲ့ ပိုက်ဆံအိတ်ထဲမှာ အမြဲတမ်း ဆောင်ထားလိုက်ပါ။

ဒီအစီအရင်ဟာ မိမိရဲ့ စိတ်စွမ်းအင်နဲ့ ရုပ်ဝတ္ထုပစ္စည်း (ရေ) ကို ပေါင်းစပ်ပြီး Manifest လုပ်တဲ့ ရှေးဟောင်းပညာရပ်တစ်ခု ဖြစ်ပါတယ်။ အရေးပေါ်ငွေကြေး လိုအပ်ချက်တွေ ပြေလည်ပြီး The House of VITR မိသားစုဝင်များအားလုံး အခွင့်အလမ်းသစ်တွေ ပွင့်လန်းလာပါစေ။ 👌

တခြားသူတွေမြင်အောင် share ပေးခဲ့ပါဦး။ပြန်လည်ကူးယူဖော်ပြခြင်းကို လုံးဝ(လုံးဝ) ခွင့်မပြုပါ။

- ဆရာအောင်ခန့်
Founder of The House of VITR

22/03/2026

👁️ The House of VITR presents: Introduction to Western Occultism 🔮
​
​
​သင်ဟာ လောကကြီးရဲ့ လျှို့ဝှက်ချက်တွေကို စိတ်ဝင်စားပြီး မိမိကိုယ်ကို ပိုမိုနားလည်ချင်သူလား? ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကို ဖတ်ရှုပြီး ဘဝကို ကိုယ်တိုင်ပုံဖော်ချင်ပါသလား?

​The House of VITR မှ ကြိုဆိုပါတယ်။ ကျွန်ုပ်တို့သည် Odin ၏ ဉာဏ်ပညာနှင့် Loki ၏ ပြောင်းလဲခြင်းစွမ်းအင်တို့ကို အခြေခံထားပြီး၊ အနောက်တိုင်း ဂမ္ဘီရပညာရပ် (Western Occultism) ကို စနစ်တကျ လေ့လာလိုသူများအတွက် အခြေခံသင်တန်း (Introduction Course) ကို ဖွင့်လှစ်လိုက်ပါပြီ။

​ဤသင်တန်းတွင် ဘာတွေသင်ကြားရမလဲ?

​🔮 Tarot Fundamentals
တားရော့ကတ်များ၏ လျှို့ဝှက်သင်္ကေတများကို ဖတ်ရှုပြီး ကံကြမ္မာကို အဓိပ္ပာယ်ဖွင့်ဆိုနည်း။ (Major & Minor Arcana)

​✨ Signs & Symbols

ရှေးဟောင်းအဆောင်လက်ဖွဲ့များ၊ ရွန်းစ်အက္ခရာများနှင့် ဂမ္ဘီရသင်္ကေတများ၏ အဓိပ္ပာယ်နှင့် အသုံးချပုံ။

​🔢 Numerology

သင့်မွေးသက္ကရာဇ်နှင့် အမည်များနောက်ကွယ်မှ ကိန်းဂဏန်းစွမ်းအင်များကို ဆန်းစစ်ပြီး ဘဝလမ်းကြောင်းကို နားလည်ခြင်း။
​ဒီသင်တန်းက သင့်အတွက် ဘာတွေ အကျိုးရှိမလဲ?
​မိမိ၏ အလိုလိုသိစိတ် (Intuition) ကို မြှင့်တင်နိုင်ခြင်း။
​ဘဝ၏ အခက်အခဲများကို ပိုမိုရှင်းလင်းစွာ မြင်တွေ့ပြီး ဖြေရှင်းနိုင်ခြင်း။
​လောကီပညာရပ်ကို ဝါသနာပါသူချင်းအပြန်အလှန်ပညာ ဖလှယ်နိုင်သော အသိုက်အဝန်း (Community) တွင် ပါဝင်ခွင့်ရခြင်း။

​🌟 အထူးကမ်းလှမ်းချက်

သင်တန်းကြေး - ၂၁,၀၀၀ ကျပ် တည်းသာ။ (လူဦးရေအကန့်အသတ်ရှိ)
​📥 တက်ရောက်လိုပါက 👉 ဒီ Post ၏ Comment သို့မဟုတ် Messenger တွင် "Enroll" ဟု ရေးသားပြီး အပ်နှံနိုင်ပါသည်။

​"Between Wisdom and Chaos, We Find the Truth."
Join The House of VITR today.

​

တခါတလေ တယောက်တည်း ရှိနေပေမယ့် နောက်ကွယ်ကနေ တစ်ယောက်ယောက် စောင့်ကြည့်နေသလို ခံစားရဖူးပါသလား? 👻  The house of VITR ကနေ အနီ...
08/03/2026

တခါတလေ တယောက်တည်း ရှိနေပေမယ့် နောက်ကွယ်ကနေ တစ်ယောက်ယောက် စောင့်ကြည့်နေသလို ခံစားရဖူးပါသလား? 👻 The house of VITR ကနေ အနီးအနားမှာ ရှိနေတတ်တဲ့ ဝိညာဉ်တွေရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပေးမှာ ဖြစ်ပါတယ်။

The house of VITR က တင်ဆက်တဲ့ 'အနီးအနားတွင်ရှိသော ဝိညာဉ်များအကြောင်း' ဗီဒီယိုကို ကြည့်ရှုပြီး မမြင်ရတဲ့ ကမ္ဘာထဲကို ခရီးနှင်လိုက်ပါ။ ဒီဗီဒီယိုမှာ ဝိညာဉ်တွေရဲ့ ဖြစ်တည်မှု၊ သူတို့ရဲ့ သဘောသဘာဝနဲ့ ကျွန်တော်တို့နဲ့ ဘယ်လို ဆက်နွှယ်နေသလဲဆိုတာကို စူးစမ်းလေ့လာနိုင်မှာ ဖြစ်ပါတယ်။

ဗီဒီယိုအပြည့်အစုံကို Youtube မှာကြည့်ရှုရန် comment မှာ Link ချပေးထားတယ်နော်

04/03/2026

လူရှေ့သူရှေ့ဆိုအလွန် ချေမိုးနေပြီး ‌ခြ‌င်္သေ့ 🦁 တကောင်လို အထာကျပေမယ့် ကိုယ်ကခင်ပြီဟေ့ ဆိုရင်ကြောင်လေး 🐈 တွေလို အသေချွဲတဲ့
"Leo(July 23 - August 22) ဆိုတဲ့ သိဟ်ရာသီခွင်"တွေအတွက်ပါ။

🇲🇲🇲🇲

02/03/2026

♋ CANCER COLLECTIVE READING - ကရကဋ်ရာသီဖွားများ (ဇွန် ၂၁ - ဇူလိုင် ၂၂) မွေးသူများအတွက်♋

လတ်တလောမှာ သင့်ရဲ့ Emotional Matrix ထဲမှာ ပိတ်မိနေသလို ခံစားနေရပါသလား? အတိတ်က ဇာတ်လမ်းဟောင်းတွေ၊ မလိုအပ်တော့တဲ့ Data အဟောင်းတွေကို လက်လွှတ်ရမှာ ကြောက်ပြီး အတင်းဆုပ်ကိုင်ထားမိနေလား?

⏳ ဒီ ဗီဒီယိုဟာ သင့်ရဲ့ လက်ရှိအခြေအနေနဲ့ တိုက်ဆိုင်မှုရှိတယ် (Resonate ဖြစ်တယ်) ဆိုရင်...

စွမ်းအင်ကို လက်ခံကြောင်း (Claim) ပြသတဲ့အနေနဲ့ Comment မှာ "111" သို့မဟုတ် "♋" သင်္ကေတကို ရေးခဲ့ခဲ့ပေးပါ။

ကမ္ဘာ့စွမ်းအင် အပြောင်းအလဲနဲ့အညီ သင့်ရဲ့ ကိုယ်ပိုင်ကံကြမ္မာ လမ်းကြောင်း ဘယ်လိုရှိနေလဲ ဆိုတာကို တိတိကျကျ သိရှိပြင်ဆင်နိုင်ဖို့ The House of VITR ရဲ့ Personalized Tarot & I Ching Reading ကို အပ်နှံနိုင်ပါတယ်။
📥 Messenger တွင် "SCAN" ဟု စာပို့၍ ယခုပဲ Booking ရယူလိုက်ပါ။
#ကရကဋ်ရာသီ #ဇွန်လဖွား #ဇူလိုင်လဖွား #ဗေဒင်

👁️‍🗨️ ၂၀၂၆ ခုနှစ် ကျန်ရှိနေသေးသော လများအတွက် ကမ္ဘာ့ကံကြမ္မာ အပြောင်းအလဲများ (Mundane Astrology Predictions) 👁️‍🗨️၂၀၂၆ ရဲ...
02/03/2026

👁️‍🗨️ ၂၀၂၆ ခုနှစ် ကျန်ရှိနေသေးသော လများအတွက် ကမ္ဘာ့ကံကြမ္မာ အပြောင်းအလဲများ (Mundane Astrology Predictions) 👁️‍🗨️

၂၀၂၆ ရဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေဟာ အပြောင်းအလဲတွေအတွက် အစပျိုးရုံပဲ ရှိပါသေးတယ်။ အခု မတ်လကနေစပြီး နှစ်ကုန်အထိ ကမ္ဘာကြီးရဲ့ ကံကြမ္မာ အလှည့်အပြောင်းတွေက အင်မတန် ကြီးမားပါတယ်။

နက္ခတ်ဗေဒင်ဆိုတာ အနာဂတ်ကို ပုံသေကားချပ်တခုလိုကြိုတင်ရေးထားတာမျိုး မဟုတ်ပါဘူး။ စကြညဝဠာရဲ့ ကြီးမားတဲ့ ဂြိုဟ်နက္ခတ်တွေ ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာမယ့် စွမ်းအင်စီးဆင်းမှု (Energy Flow) တွေက ဘယ်ဘက်ကို ဦးတည်နေလဲ ဆိုတာကို ဖတ်ရှုခြင်းသာ ဖြစ်ပါတယ်။ The House of VITR မှ ကမ္ဘာ့ကံကြမ္မာဟော နက္ခတ်ပညာ (Mundane Astrology) ကို အခြေခံပြီး သုံးသပ်မိတဲ့ အဟောများကို တင်ဆက်ပေးလိုက်ပါတယ်။

🌐 နိုင်ငံရေးနှင့် ကမ္ဘာ့အရေး (ခေါင်းဆောင်မှုဟောင်းများ ပြိုကျခြင်း)

▪️ အာဏာစနစ်ဟောင်းများ အဆုံးသတ်ခြင်း

စနေ (Saturn) နဲ့ နက်ပကျွန်း (Neptune) တို့ဟာ မိဿရာသီ (Aries) မှာ ပူးယှဉ်နေပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ အင်အားသုံး အုပ်ချုပ်တဲ့ စနစ်ဟောင်းတွေ၊ ရိုးရာမပျက်တဲ့ခေါင်းဆောင်မှု အဟောင်းတွေအနေနဲ့ အကြီးအကျယ် စိန်ခေါ်ခံရပြီး ပြိုကျမယ့် အချိန်ပါ။

▪️ နယ်နိမိတ်သစ်များ

နိုင်ငံတွေရဲ့ နယ်နိမိတ်မျဉ်းတွေ၊ နိုင်ငံတကာ မဟာမိတ်အဖွဲ့တွေရဲ့ သဘောတူညီချက်တွေကို အသစ်ပြန်လည် ဖွဲ့စည်းရပါလိမ့်မယ်။ အရင်က သြဇာကြီးခဲ့တဲ့ အဖွဲ့အစည်းတွေ ဩဇာကျဆင်းသွားပြီး၊ မျှော်လင့်မထားတဲ့ နေရာတွေကနေ မျိုးဆက်သစ် ခေါင်းဆောင်မှု ပုံစံအသစ်တွေ ရုတ်တရတ် ထွက်ပေါ်လာပါမယ်။

💰 စီးပွားရေးနှင့် ငွေကြေး (ရွှေဈေးကွက်နှင့် စီးပွားရေး လမ်းကြောင်းသစ်)

▪️ ငွေကြေးစီးဆင်းမှု အပြောင်းအလဲ

ဧပြီလ ၂၅ ရက်နေ့မှာ ယူရေးနပ်စ် (Uranus) ဂြိုဟ်ဟာ မေထုန်ရာသီ (Gemini) ကို ကူးပြောင်းသွားပါမယ်။ ဒါကြောင့်ရှေးရိုးစွဲ ဘဏ်စနစ်တွေအပေါ် ယုံကြည်မှု အားနည်းလာပြီး၊ ဒစ်ဂျစ်တယ် ငွေကြေး၊ အွန်လိုင်းစီးပွားရေးနဲ့ သတင်းအချက်အလက် ဆက်သွယ်ရေး လုပ်ငန်းတွေဟာ အဓိကကျတဲ့ကဏ္ဍတခုဖြစ်လာပါမယ်။

▪️ ရွှေနှင့် စွမ်းအင်

ဇွန်လ ၃၀ ရက်နေ့ ကြာသပတေးဂြိုဟ် (Jupiter) သိဟ်ရာသီ (Leo) ကို ဝင်ရောက်ချိန်မှာ ရွှေဈေးကွက်၊ နေရောင်ခြည်သုံးစွမ်းအင် ကဲ့သို့သော စွမ်းအင်ကဏ္ဍတွေနဲ့ အနုပညာဖျော်ဖြေရေး လုပ်ငန်းတွေမှာ အကြီးအကျယ် အောင်မြင်မှု ရရှိပါမယ်။ အလယ်အလတ် သွားနေတဲ့ စီးပွားရေးလုပ်ငန်းတွေထက် ကိုယ့်ရဲ့ Brand ကို ရဲရဲဝံ့ဝံ့ ချပြနိုင်သူတွေနေ့ချင်းညချင်း ကြီးပွားမယ့် ကာလပါ။

👥 လူမှုရေးနှင့် နေ့စဉ်ဘဝ (သတင်းအမှားများနှင့် လွတ်လပ်သော အသက်မွေးဝမ်းကျောင်း)

▪️ သတင်းအချက်အလက် စစ်ပွဲ

ရှေ့ဆက်မယ့် လတွေမှာ "သတင်းအချက်အလက်" ဟာ အကြီးမားဆုံး လက်နက် ဖြစ်လာပါမယ်။ သတင်းအမှား/အမှန် ခွဲခြားရခက်တဲ့ ကောလာဟလတွေ၊ဝါဒဖြန့်မှုတွေ၊ လှည့်စားမှုတွေဟာ လူ့အဖွဲ့အစည်းကို အကြီးအကျယ် ရိုက်ခတ်ပါမယ်။ ယုံကြည်ရတဲ့ သတင်းအရင်းမြစ်ကိုသာ ရွေးချယ်လက်ခံဖို့နဲ့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို တည်ငြိမ်အောင်ထားဖို့ရာ အလွန်အရေးကြီးပါတယ်။

▪️ တကိုယ်တော် ရပ်တည်မှုများ

လူတွေဟာ ကုမ္ပဏီတခု၊ အဖွဲ့အစည်းတခုအောက်မှာ မှီခိုရတဲ့ စနစ်ကို စိတ်ကုန်လာကြပါမယ်။ ကိုယ်ပိုင် အရည်အချင်းကို အသုံးချပြီး လွတ်လပ်တဲ့ အသက်မွေးဝမ်းကျောင်း (Freelance / Solo business) လုပ်ငန်းရှင်တွေအဖြစ် အလုံးအရင်း ကူးပြောင်းကြပါလိမ့်မယ်။

ပြန်လည်ကူးယူဖော်ပြခြင်းမပြုပါ။ ❌
စိတ်ကြိုက် Share နိုင်ပါသည်။ 🚪

Aung Khant
Architect of the House of VITR

⏳ ဒီလို ကမ္ဘာ့အပြောင်းအလဲကြီးတွေ ဖြစ်ပေါ်နေတဲ့ အချိန်မှာ သင်ကရော ဘယ်လို အခွင့်အရေးတွေ ရယူနိုင်မလဲ?

ကမ္ဘာ့စွမ်းအင် အပြောင်းအလဲနဲ့အညီ သင့်ရဲ့ ကိုယ်ပိုင်ကံကြမ္မာ လမ်းကြောင်း ဘယ်လိုရှိနေလဲ ဆိုတာကို တိတိကျကျ သိရှိပြင်ဆင်နိုင်ဖို့ The House of VITR မှာ appointment ယူပြီး ကံကြမ္မာကိုစစ်ဆေး ဆွေးနွေးတိုင်ပင်နိုင်ပါပြီ။

📥 Messenger တွင် စာပို့၍ ယခုပဲ Booking ရယူလိုက်ပါ။

26/02/2026

Rune Stone တွေနဲ့ သင်တို့အနီးနားဝန်းကျင်မှာရှိတဲ့ ဝိညာဉ်တွေအကြောင်းဟော ထားပါတယ် ‼️

သရဲကြောက်တက်သူများ၊လိပ်ပြာလှပြီး ဝိညာဉ်အင်အားနုနယ်သူများမကြည့်ရှုသင့်ပါခင်ဗျာ။

#နိမိတ်ကောင်းတွေတည်ပါစေ

Tarot နဲ့ Rune သင်တန်းတွေပြန်ဖွင့်ပြီနော်။သင်တန်းက သီးသန့်သင်တာရယ် လူဆယ်ယောက်အဖွဲ့လိုက်သင်တာရယ်ရှိပါမယ်။နှစ်မျိုးလုံး On...
26/02/2026

Tarot နဲ့ Rune သင်တန်းတွေပြန်ဖွင့်ပြီနော်။သင်တန်းက သီးသန့်သင်တာရယ် လူဆယ်ယောက်အဖွဲ့လိုက်သင်တာရယ်ရှိပါမယ်။နှစ်မျိုးလုံး Online သင်တန်းပါ။အသေးစိတ်ကို messenger ကလာရောက်စုံစမ်းနိုင်ပါတယ်။

23/02/2026

မှော်ဝင်ရွန်းအက္ခရာတွေနဲ့ အချိန်ခရီးသွားကြည့်ကြရအောင် 🪄🚪

22/02/2026

မင်္ဂလာပါ Gemini တွေရေ ခေါင်းထဲကဆန့်ကျင်ဘက် အသံနှစ်ခု အငြင်းပွားနေတာကို ခဏရပ်လိုက်ပြီး ဒီ Message ကို နားထောင်ကြည့်ပါဦး။ ♊⚡

​မင်းရဲ့ လက်ရှိ Timeline မှာ အရေးကြီးတဲ့ အပြောင်းအလဲတခုကသင့်ထံ လာနေပါပြီ။ Overthinking တွေကို ခဏ‌ဘေးမှာ ချထားလိုက်ပါ။
သင့်ရဲ့ Frequency နဲ့ ကိုက်ညီတယ်ဆို ရင် Claim your energy ဆိုပြီး comment မှာရေးခဲ့ကြပါဦး 👇

​

THE BINARY ORACLE: Select Your Code (ယိကျင်းအဟော)စကြာဝဠာရဲ့ လည်ပတ်ပုံ System ကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်ကတည...
19/02/2026

THE BINARY ORACLE: Select Your Code
(ယိကျင်းအဟော)

စကြာဝဠာရဲ့ လည်ပတ်ပုံ System ကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက "Yin & Yang" ဆိုတဲ့ Binary Code တွေနဲ့ မှတ်တမ်းတင်ခဲ့ကြတယ်။ကျနော်ကျွမ်းကျင်တဲ့ Iching ပညာနဲ့မျက်မှောက်ခေတ်အနောက်တိုင်းလောကီပညာနဲ့ပေါင်းစပ် ဖန်တီးထားတဲ့နိမိတ်အဟောကို လူတိုင်းဖတ်ရှုနိုင်အောင် မျှဝေပေးလိုက်ပါတယ်။

တရုတ်ဘုံကျောင်းမှာ စာချ သလို ခံစားရအောင်ဖန်တီးဟောကြားပေးထားပါတယ်။

သင့်ဘဝရဲ့ လက်ရှိအခြေအနေ က ဘယ်အနေအထား မှာ ရောက်နေလဲဆိုတာသိချင်ရင် အောက်က ပထမဆုံးပုံမှပါတဲ့ 1,2,3,4,5,6 ထဲကတခုကိုရွေးချယ်ရပါမယ်။

👇နိမိတ်အဟောရွေးချယ်ရန်လမ်းညွှန် 👇

၁။ မျက်လုံးကို ခဏမှိတ်၊ စိတ်ကို ငြိမ်အောင်ထားပါ။

၂။ သင်အဖြေလိုချင်တဲ့ ကိစ္စတစ်ခုကို အာရုံပြုပါ။

၃။ ပြီးရင် ကျနော်နဲ့သင့်ကြားမှာအချိတ်အဆက်မိအောင် ဒီ post ကိုမျှဝေပေးပါ။နိမိတ်အဟောက အပေးအယူသဘောရှိတာမို့ share ပေးတာလောက်တော့ မိတ်ဆွေတို့အတွက်လွယ်ကူမှာပါ။

၄။ပထမပုံထဲက သင့်စိတ်ကို ဆွဲဆောင်မှုအရှိဆုံး နံပါတ်တခု ကို ရွေးချယ်ပြီး ကောမန့်မှာ ရေးခဲ့ပါ။

၅။အဖြေ ကိုသက်ဆိုင်ရာ ပုံတွေအောက်မှာ ဖတ်ရှုနိုင်ပါတယ်။

#နိမိတ်ကောင်းတွေတည်ပါစေ
The House of VITR
Claim your energy below! 🔒

ဒီ Subliminal တခု ဒီရက်ပိုင်းဖန်တီးဖြစ်ပါတယ်။ Rune တွေနဲ့သက်‌ဆိုင်တဲ့ အသံလှိုင်းတွေနဲ့ ကိုယ့်အိပ်မက်တွေကို ပုံဖော်အထမြော...
17/02/2026

ဒီ Subliminal တခု ဒီရက်ပိုင်းဖန်တီးဖြစ်ပါတယ်။ Rune တွေနဲ့သက်‌ဆိုင်တဲ့ အသံလှိုင်းတွေနဲ့ ကိုယ့်အိပ်မက်တွေကို ပုံဖော်အထမြောက်ဖို့ ဒီအသံလှိုင်းတွေနဲ့ အနာဂါတ်ကို ချိန်ညှိယူနိုင်ဖို့ စီရင်ထားတာပါ။

ဝယ်ယူရင် ထုံးစံအတိုင်း အသုံးပြုနည်း လမ်းညွှန် E-book နဲ့ သက်ဆိုင်ရာ အသံဖိုင်ကိုရရှိမှာပါ။ဝယ်ယူပြီး ၃ ရက်အတွင်းရရှိပါမယ်။ဘယ်လိုလူတွေအသုံးပြုသင့်လဲ ဆိုရင်...

ကိုယ့်အနာဂါတ်ကို ကိုယ်တိုင်ပုံဖော်ဖို့ခက်ခဲပြီးလမ်းပျောက်နေသူများ
စိတ်အဆင်မပြေမှုတွေများပြီး အရာရာကို ငြီးငွေ့နေသူများ
ကိုယ့်ဘဝကိုယ် နေသားတကျဖြစ်ဖို့ခက်ခဲနေသူများ
ကိုယ့်အသက်မွေးဝမ်းကြောင်းအလုပ်ကို ကိုယ် ရှာမတွေ့သူများ
အိုင်ဒီယာအသစ်၊ဖန်တီးတီထွင်မှုအသစ်များ လိုအပ်နေသူများ
လူသစ်၊စိတ်သစ်၊အတွေးအသစ် အမြင်သစ်ဖြစ်ချင်သူများ ဝယ်ယူအသုံးပြုသင့်ပါတယ်။

မှာယူချင်ပါက 🚪messenger ကတဆင့်မေးမြန်းနိူင်ပါတယ်။

#နိမိတ်ကောင်းတွေတည်ပါစေ

Address

No(201), Ayer 7th Street, 'Nya' Quarter, North Okkalapa
London
130204

Telephone

+959963772243

Website

https://www.tarotaungkhant.com/

Alerts

Be the first to know and let us send you an email when The house of VITR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to The house of VITR:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram