13/01/2026
"2026-တစ်နှစ်တာ တရားစခန်းအစီအစဥ်ဇယား"................................................................................
"အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့၊လန်ဒန်ဝိဟာရ၊
မဟာစည်သာသနာ့ရိပ်သာကို
အမြဲမပြတ် ကိုးကွယ်ဆည်းကပ်လှူဒါန်းလျက်
သတိပဌာန်ဝိပဿနာတရားများကို နေ့စဥ်
ရှုမှတ်ပွားများအားထုတ်ကြကုန်သော
ယောဂီသူတော်စင်အများနှင့် တရားစခန်း
ဝင်လိုသော ယောဂီသူတော်စင်များအတွက်
2026-တစ်နှစ်တာ တရားစခန်းအစီအစဥ်အဖြစ်
၁။ "နေ့စဥ်အချိန်ပိုင်း တရားစခန်း".............................................................................
"ည(၇)နာရီမှ(၈)နာရီထိ Zoom Meeting ဖြင့်
သီလပေးခြင်း၊တရားထိုင်ခြင်း၊ဆုတောင်း,အမျှ
အတန်းပေးဝေခြင်းကုသိုလ်တို့ကို နေ့စဥ်ပြုလုပ်
ပေးလျှက်ရှိပါသည်။
၂။"တနင်္ဂနွေနေ့တိုင်း ညတရား".............................................................................
"ည(၇)နာရီမှ (၈)နာရီထိ သီလခံယူဆောက်တည်၍
သတိပဌာန်ဝိပဿနာတရားများကို ပွားများအား
ထုတ်ပြီးသော ယောဂီသူတော်စင်တို့အား ည(၈)နာရီ
မှ (၉)နာရီထိ အပါတ်စဥ်တနင်္ဂနွေနေ့တိုင်း Zoom Meeting ဖြင့် တရားဟောကြားခြင်း ဓမ္မဒေသနာ
ကုသိုလ်တို့ကို ပြုလုပ်ပေးလျှက်ရှိပါသည်။"
၃။"တစ်လတစ်ကြိမ် (၂)ရက်တာ နေ့တရားစခန်း".............................................................................
"အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့၊လန်ဒန်ဝိဟာရ၊
မဟာစည်သာသနာ့ရိပ်သာ၌ အင်္ဂလိပ်လတစ်လ၏ နောက်ဆုံးအပါတ် စနေ,တနင်္ဂနွေ(၂)ရက်အား
မနက်(၈)နာရီမှ ညနေ(၄)နာရီထိ ၂ရက်တာ နေ့တရားစခန်းအဖြစ် လစဥ်လတိုင်း တစ်လတစ်ကြိမ်
ကျင်းပပြုလျှက်ရှိပါသည်။
၄။ "ရက်ရှည်အထူးတရားစခန်း"........................................................................
"အင်္ဂလန်နိုင်ငံ၏ Holidays အများဆုံးရရှိသော
April,August,December လတို့၌ ရက်ရှည်
အထူးတရားစခန်းအဖြစ်
1.April လ၌ (၄)ရက်တရားစခန်း
2.August လ၌ (၃)ရက်တရားစခန်း
3.December လ၌ (၇)ရက်တရားစခန်းတို့ကို
မနက်(၈)နာရီမှ ညနေ(၆)နာရီထိ ကျင်းပပြုလုပ်
လျှက်ရှိပါသည်။"
သို့ဖြစ်ပါ၍ အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့၊
လန်ဒန်ဝိဟာရ၊မဟာစည်သာသနာ့ရိပ်သာ၌
တစ်နှစ်တာပတ်လုံး တရားစခန်းများဖွင့်လှစ်လျက်ဗုဒ္ဓသာသနာထွန်းကားရေး၊မဟာစည်ဝိပဿနာ
ပြန့်ပွားရေး သာသနာပြုလုပ်ငန်းများကို
လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါကြောင်း
ဝေနေယျများစွာ သာဓုခေါ်ဆိုနိုင်ရန်
အသိပေးတင်ပြအပ်ပါသတည်း။ "
"အားလုံးသတ္တဝါ ဘေးရန်ကွာ ကျန်းမာချမ်းသာကြပါစေ။
သတ္တဝါခပ်သိမ်း တရားကိန်း အေးငြိမ်းသာယာရှိပါစေ။
မဟာစည်လမင်း ကြယ်ခပင်း အလင်းကမ္ဘာပြန့်ပါစေ။
ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့လင်းပါစေ ။"
(13.1.2026)